သူမက တိုးတိုးေလးေျပာလိုက္ေပမယ့္ သူ...႐ွင္း႐ွင္းလင္းလင္းၾကားလိုက္ရသည္။ သူကေတာ့ အံ ့ျသလြန္းလို႔ မ်က္လံုးေတြ ျပဴးက်ယ္လ်က္ .....
သူမ... တကယ္ေျပာတာလား...? သူက အရင္ကတည္းက သူမကို ခ်စ္ေနတဲ့အတြက္ ....သူမကသာ သူ႔ကိုျပန္ခ်စ္ရင္ အရာအားလံုးဟာ အဆင္ေျပၿပီ......
ထို႔ေနာက္ သူမ....ၿငိမ္ေနတယ္ဆိုၿပီး ၾကည့္လိုက္ေတာ့....သူမ အိပ္ေပ်ာ္သြားေလၿပီ....
သူ႔ရဲ႕ အေျဖကိုေတာင္ မေစာင့္ဘဲ ဘယ္လိုေတာင္အိပ္ႏိုင္ရတာလဲ...?
႐ွန္းရီ ေခါင္းခါလိုက္၏။ အင္းေလ.... သူမလည္း ပင္ပန္းေနၿပီ မဟုတ္ပါလား.....
သူမကိုႏိႈးဖို႔ျပင္လိုက္ေပမယ့္ အိပ္ေမာက်ေနသည့္အတြက္ သူ႔ရဲ႕ အလွေလးကို မႏိႈးရက္ေတာ့ေပ။ ထို႔ေနာက္ သူမကို ေပြ႔ခ်ီၿပီး ဟိုတယ္ကို ျပန္လာခဲ့ေတာ့သည္။
လုခ်င္းယီက သူ႔လက္ေမာင္းကို ဖက္တြယ္ထားၿပီး အိပ္ခန္းေရာက္လို႔ အိပ္ယာေပၚေရာက္တဲ့အထိ မႏိုးခဲ့ေပ။ ႐ွန္းရီလည္း ေခါင္းအံုးေပၚလွဲခ်ၿပီး နာရီကို ၾကည့္လိုက္ေတာ့ ည၈နာရီ ပဲ ႐ွိေသးသည္။
သူ အိပ္ဖို႔ကလည္း အရမ္းေစာေသးသည္။
ထို႔ေနာက္ သူ႔ရဲ႕အာရံုက သူ႔ေဘးမွာ ၿငိမ္သက္စြာ အိပ္စက္ေနတဲ့ ဇနီးေခ်ာေလးဆီကို ေရာက္သြား၏။
လုခ်င္းယီက သူ႔ဘက္ကို လွည့္အိပ္ေနၿပီး သူမရဲ႕ဆံႏြယ္ေလးေတြက ေဘးတေစာင္းက်ၿပီး ကပိုက႐ို ျဖစ္လ်က္....
႐ွန္းရီက သူမရဲ႕ ဆံႏြယ္ေလးကို လက္နဲ႔ထိကိုင္လိုက္ေတာ့ အံ ့ျသ သြားရသည္။ ႏူးညံ့လိုက္တာ....
ေနာက္ၿပီး သူ႔ရဲ႕အၾကည့္ေတြက သူမရဲ႕ ႏႈတ္ခမ္းသားေလးအေပၚသို႔.....
အဲ့ဒီႏႈတ္ခမ္းသားေလးကလည္း ဘယ္ေလာက္ေတာင္ ခ်ိဳၿမိန္လိုက္လဲ...
တစ္ခါနမ္းၿပီးရင္ အျမဲနမ္းခ်င္ေနေရာ.....
႐ုတ္တရက္ သူ႔ရဲ႕ေခါင္းကိုခါလိုက္ၿပီး အလုပ္လုပ္ဖို႔ စဥ္းစားလိုက္၏။ သူ..အခန္းထဲက မထြက္ခင္ သူမကို တစ္ခ်က္ၾကည့္လိုက္၏။ သူမကို ဟန္ေဆာင္လက္ထက္တာမ်ိဳးမဟုတ္ဘဲ တကယ့္ ဇနီးမယားတစ္ေယာက္သာ ျဖစ္လိုက္ေစခ်င္ေတာ့သည္။
႐ွန္းရီ..၊ မီးဖိုေခ်ာင္ထဲသြားၿပီး ေရေသာက္ေနတုန္း ဆိုဖာေပၚမွာ႐ွိတဲ့ သူမရဲ႕ ပိုက္ဆံအိတ္ထဲကေန ဖုန္းသံၾကားလိုက္၏။
အရင္ေန႔ေတြတုန္းက ခ်င္းယီ...သူမအစ္မကို ဖုန္းဆက္ဖို႔ ေမ့သြားတယ္ဆိုၿပီး ေျပာခဲ့တဲ့အတြက္
႐ႈလန္ဆီက ဆိုၿပီး သူထင္လိုက္၏။
ဖုန္း screenကို ၾကည့္လိုက္ေတာ့ ႐ႈလန္မဟုတ္ေပ။ သူမကလည္း အိပ္ေနသည့္အတြက္ သူဖုန္းကိုင္လိုက္ေတာ့......
" ခ်င္းယီ... ၊ ေကာင္းလိုက္တာ..! ေနာက္ဆံုးေတာ့ နင္ ဖုန္းကိုင္ၿပီေပါ့.....''
လုခ်င္းယီက ကုန္းယီကြၽင္း ဖုန္းနံပါတ္ကို blockထားတယ္မလား....သူ အခုထိ သူမကို ေႏွာင့္ယွက္ေနတုန္းလား....
" ဘယ္သူလဲ...? "
႐ွန္းရီ ...မသိခ်င္ေယာင္ေဆာင္ၿပီးေတာ့ ေမးလိုက္၏။
" ငါက လုခ်င္းယီရဲ႕ ရည္းစားပဲ...!''
ကုန္းယီကြၽင္းက ႐ွန္းရီ မသိေလာက္ဘူးထင္ၿပီး အ႐ွက္မ႐ွိစြားနဲ႔ ျပန္ေျဖ၏။
" ေအာ္...ရည္းစားေဟာင္းလား....? သူမက အခု ငါ့မိန္းမ ျဖစ္ေနၿပီ....''
႐ွန္းရီ...ေအးစက္စြာနဲ႔ ျပန္ေျပာ၏။
ကုန္းယီကြၽင္း ေဒါသထြက္လာၿပီး......
" လိမ္ေနတာ...! ခ်င္းယီက ငါ့ကိုထားၿပီး အဲ့လိုလုပ္မွာ မဟုတ္ဘူး....၊ ငါတို႔ၾကားမွာ ဝင္စြက္ဖက္တာကို ရပ္လိုက္ၿပီး ခ်င္းယီကို ငါ့ ျပန္ေပး...!''
" အဲ့တာ လွည့္စားခံရတာ...၊ ေဟ့ေရာင္...မင္းက ခ်င္းယီကို နာက်င္ေအာင္ လုပ္ၿပီးမွ သူမကို ျပန္လိုခ်င္တာလား....သူမက မင္းဆီကို ျပန္လာရမတဲ့လား...? "
" ခ်င္းယီနားက ထြက္သြားစမ္း...!''
႐ွန္းရီ ေဒါသထြက္လာ၏။ဒီေကာင္က ဘာအ႐ူးလာထၿပီး ခ်င္းယီကို သူ႔အပိုင္လို႔ လာေျပာေနရတာလဲ...?
" မင္းက ဘာေကာင္မို႔လို႔ ဒီလိုမ်ိဳး အမိန္႔လာေပးေနရတာလဲ...၊ ခ်င္းယီနားကို မကပ္ဖို႔ တကယ္တမ္း အမိန္႔ေပးရမွာက ငါကြ....
ခ်င္းယီက ငါ့မိန္းမ ျဖစ္ေနၿပီ....ခ်င္းယီက ေယာက်ၤား႐ွိတာကို သိလ်က္နဲ႔ မင္းက ေၾကာင္ေတာင္ႏိႈက္ခ်င္တာလား...''
႐ွန္းရီ သည္းမခံႏိုင္ေတာ့ၿပီ။
" ခ်င္းယီနားက ထြက္သြားဆို ထြက္သြားလိုက္ေနာ္...မဟုတ္ရင္ မင္း..ေနာင္တရလိမ့္မယ္....!''
"ဆုေတာင္းေလ....!''
ထို႔ေနာက္ ႐ွန္းရီရဲ႕ ေခါင္းထဲမွာ အေတြးတစ္ခုဝင္သြားေတာ့ သူ႔မ်က္ႏွာမွာ ျပံဳးရိပ္သန္းသြားခဲ့သည္။
သူမက သူ႔ကို ဝန္ခံထားၿပီးၿပီမလား....
သူမရဲ႕ဖုန္းကို ပိုက္ဆံအိတ္ထဲ ျပန္ထည့္လိုက္၏။ အခုအခ်ိန္က သူ႔အတြက္ စိတ္အေႏွာင့္အယွက္ ျဖစ္ေနေပမယ့္ .....
႐ွန္းရီ အိပ္ယာေပၚလဲေလ်ာင္းလိုက္ကာ သူမနဲ႔ နီးနီးကပ္ကပ္ေနၿပီး သူမကို ေပြ႔ဖက္ထားလိုက္၏။ သူတို႔ လင္မယားၾကားမွာ ဘယ္သူမွ လာဝင္႐ႈပ္လို႔ မရဘူး....!
22.6.2020💝💝
Unicode.....
၅၂။ ဆုတောင်းနေလိုက်...!
သူမက တိုးတိုးလေးပြောလိုက်ပေမယ့် သူ...ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။ သူကတော့ အံ ့သြလွန်းလို့ မျက်လုံးတွေ ပြူးကျယ်လျက် .....
သူမ... တကယ်ပြောတာလား...? သူက အရင်ကတည်းက သူမကို ချစ်နေတဲ့အတွက် ....သူမကသာ သူ့ကိုပြန်ချစ်ရင် အရာအားလုံးဟာ အဆင်ပြေပြီ......
ထို့နောက် သူမ....ငြိမ်နေတယ်ဆိုပြီး ကြည့်လိုက်တော့....သူမ အိပ်ပျော်သွားလေပြီ....
သူ့ရဲ့ အဖြေကိုတောင် မစောင့်ဘဲ ဘယ်လိုတောင်အိပ်နိုင်ရတာလဲ...?
ရှန်းရီ ခေါင်းခါလိုက်၏။ အင်းလေ.... သူမလည်း ပင်ပန်းနေပြီ မဟုတ်ပါလား.....
သူမကိုနှိုးဖို့ပြင်လိုက်ပေမယ့် အိပ်မောကျနေသည့်အတွက် သူ့ရဲ့ အလှလေးကို မနှိုးရက်တော့ပေ။ ထို့နောက် သူမကို ပွေ့ချီပြီး ဟိုတယ်ကို ပြန်လာခဲ့တော့သည်။
လုချင်းယီက သူ့လက်မောင်းကို ဖက်တွယ်ထားပြီး အိပ်ခန်းရောက်လို့ အိပ်ယာပေါ်ရောက်တဲ့အထိ မနိုးခဲ့ပေ။ ရှန်းရီလည်း ခေါင်းအုံးပေါ်လှဲချပြီး နာရီကို ကြည့်လိုက်တော့ ည၈နာရီ ပဲ ရှိသေးသည်။
သူ အိပ်ဖို့ကလည်း အရမ်းစောသေးသည်။
ထို့နောက် သူ့ရဲ့အာရုံက သူ့ဘေးမှာ ငြိမ်သက်စွာ အိပ်စက်နေတဲ့ ဇနီးချောလေးဆီကို ရောက်သွား၏။
လုချင်းယီက သူ့ဘက်ကို လှည့်အိပ်နေပြီး သူမရဲ့ဆံနွယ်လေးတွေက ဘေးတစောင်းကျပြီး ကပိုကရို ဖြစ်လျက်....
ရှန်းရီက သူမရဲ့ ဆံနွယ်လေးကို လက်နဲ့ထိကိုင်လိုက်တော့ အံ ့သြ သွားရသည်။ နူးညံ့လိုက်တာ....
နောက်ပြီး သူ့ရဲ့အကြည့်တွေက သူမရဲ့ နှုတ်ခမ်းသားလေးအပေါ်သို့.....
အဲ့ဒီနှုတ်ခမ်းသားလေးကလည်း ဘယ်လောက်တောင် ချိုမြိန်လိုက်လဲ...
တစ်ခါနမ်းပြီးရင် အမြဲနမ်းချင်နေရော.....
ရုတ်တရက် သူ့ရဲ့ခေါင်းကိုခါလိုက်ပြီး အလုပ်လုပ်ဖို့ စဉ်းစားလိုက်၏။ သူ..အခန်းထဲက မထွက်ခင် သူမကို တစ်ချက်ကြည့်လိုက်၏။ သူမကို ဟန်ဆောင်လက်ထက်တာမျိုးမဟုတ်ဘဲ တကယ့် ဇနီးမယားတစ်ယောက်သာ ဖြစ်လိုက်စေချင်တော့သည်။
ရှန်းရီ..၊ မီးဖိုချောင်ထဲသွားပြီး ရေသောက်နေတုန်း ဆိုဖာပေါ်မှာရှိတဲ့ သူမရဲ့ ပိုက်ဆံအိတ်ထဲကနေ ဖုန်းသံကြားလိုက်၏။
အရင်နေ့တွေတုန်းက ချင်းယီ...သူမအစ်မကို ဖုန်းဆက်ဖို့ မေ့သွားတယ်ဆိုပြီး ပြောခဲ့တဲ့အတွက်
ရှုလန်ဆီက ဆိုပြီး သူထင်လိုက်၏။
ဖုန်း screenကို ကြည့်လိုက်တော့ ရှုလန်မဟုတ်ပေ။ သူမကလည်း အိပ်နေသည့်အတွက် သူဖုန်းကိုင်လိုက်တော့......
" ချင်းယီ... ၊ ကောင်းလိုက်တာ..! နောက်ဆုံးတော့ နင် ဖုန်းကိုင်ပြီပေါ့.....''
လုချင်းယီက ကုန်းယီကျွင်း ဖုန်းနံပါတ်ကို blockထားတယ်မလား....သူ အခုထိ သူမကို နှောင့်ယှက်နေတုန်းလား....
" ဘယ်သူလဲ...? "
ရှန်းရီ ...မသိချင်ယောင်ဆောင်ပြီးတော့ မေးလိုက်၏။
" ငါက လုချင်းယီရဲ့ ရည်းစားပဲ...!''
ကုန်းယီကျွင်းက ရှန်းရီ မသိလောက်ဘူးထင်ပြီး အရှက်မရှိစွားနဲ့ ပြန်ဖြေ၏။
" အော်...ရည်းစားဟောင်းလား....? သူမက အခု ငါ့မိန်းမ ဖြစ်နေပြီ....''
ရှန်းရီ...အေးစက်စွာနဲ့ ပြန်ပြော၏။
ကုန်းယီကျွင်း ဒေါသထွက်လာပြီး......
" လိမ်နေတာ...! ချင်းယီက ငါ့ကိုထားပြီး အဲ့လိုလုပ်မှာ မဟုတ်ဘူး....၊ ငါတို့ကြားမှာ ဝင်စွက်ဖက်တာကို ရပ်လိုက်ပြီး ချင်းယီကို ငါ့ ပြန်ပေး...!''
" အဲ့တာ လှည့်စားခံရတာ...၊ ဟေ့ရောင်...မင်းက ချင်းယီကို နာကျင်အောင် လုပ်ပြီးမှ သူမကို ပြန်လိုချင်တာလား....သူမက မင်းဆီကို ပြန်လာရမတဲ့လား...? "
" ချင်းယီနားက ထွက်သွားစမ်း...!''
ရှန်းရီ ဒေါသထွက်လာ၏။ဒီကောင်က ဘာအရူးလာထပြီး ချင်းယီကို သူ့အပိုင်လို့ လာပြောနေရတာလဲ...?
" မင်းက ဘာကောင်မို့လို့ ဒီလိုမျိုး အမိန့်လာပေးနေရတာလဲ...၊ ချင်းယီနားကို မကပ်ဖို့ တကယ်တမ်း အမိန့်ပေးရမှာက ငါကွ....
ချင်းယီက ငါ့မိန်းမ ဖြစ်နေပြီ....ချင်းယီက ယောကျၤားရှိတာကို သိလျက်နဲ့ မင်းက ကြောင်တောင်နှိုက်ချင်တာလား...''
ရှန်းရီ သည်းမခံနိုင်တော့ပြီ။
" ချင်းယီနားက ထွက်သွားဆို ထွက်သွားလိုက်နော်...မဟုတ်ရင် မင်း..နောင်တရလိမ့်မယ်....!''
"ဆုတောင်းလေ....!''
ထို့နောက် ရှန်းရီရဲ့ ခေါင်းထဲမှာ အတွေးတစ်ခုဝင်သွားတော့ သူ့မျက်နှာမှာ ပြုံးရိပ်သန်းသွားခဲ့သည်။
သူမက သူ့ကို ဝန်ခံထားပြီးပြီမလား....
သူမရဲ့ဖုန်းကို ပိုက်ဆံအိတ်ထဲ ပြန်ထည့်လိုက်၏။ အခုအချိန်က သူ့အတွက် စိတ်အနှောင့်အယှက် ဖြစ်နေပေမယ့် .....
ရှန်းရီ အိပ်ယာပေါ်လဲလျောင်းလိုက်ကာ သူမနဲ့ နီးနီးကပ်ကပ်နေပြီး သူမကို ပွေ့ဖက်ထားလိုက်၏။ သူတို့ လင်မယားကြားမှာ ဘယ်သူမှ လာဝင်ရှုပ်လို့ မရဘူး....!
22.6.2020💝💝