" ႐ွင္...အခု ကြၽန္မကို ကူညီေစခ်င္လား....?''
သူ႔ရဲ႕ မ်က္ခံုးအစံု ျမင့္တက္သြားရသည္။ ခ်င္းယီ... ဘာေတြၾကံေနတာလဲ..?
သူမရယ္လိုက္ကာ မီတင္ စားပြဲဆီကိုသြားလိုက္၏။ ထို႔ေနာက္ စားပြဲေပၚကို ခုန္တက္လိုက္ကာ အစြန္းအဖ်ားနားမွာ ထိုင္လိုက္သည္။
" ဒီကိုလာ...!''
လုခ်င္းယီ... သူ႔ကို ေခၚလိုက္၏။
သူကေတာ့ ဘုမသိ ဘမသိနဲ႔ သူမဆီေလ်ွာက္လွမ္းေနမိသည္။ သူမကလည္း မူမမွန္ ျဖစ္ေနတာကိုး.....
' ငါ သူမကို ဆြဲေဆာင္မိသလိုမ်ား ျဖစ္သြားတာလား....?'
သူမကို ဘာေၾကာင့္ လက္ထပ္ဖို႔ ေရြးခ်ယ္မိလဲဆိုၿပီး သူကေတာ့ အံ ့ျသေနေခ်၏။ သူမနဲ႔ ေနရတာက ေပ်ာ္စရာေကာင္းသား....၊ ေနာက္ၿပီး သူမကို အဖိုးတန္ပစၥည္းေတြ ေပးရင္လည္း ျငင္းပယ္တတ္ေသးသည္။
ဒီမိန္းကေလးကေတာ့ သူ႔ကို ႐ူးေအာင္ လုပ္ေနေလၿပီ...၊ အရင္တုန္းက အျမဲ တစ္ကိုယ္ေကာင္းဆန္တတ္ၿပီး ဘယ္မိန္းကေလးကိုမွ စိတ္မဝင္စားတဲ့သူက သူမေၾကာင့္ ခံစားခ်က္ေတြ ေျပာင္းလဲလာခဲ့သည္။ သူမကို အျမဲ ျပံဳးေနေစခ်င္သည္ေလ....
" မင္း...ကိုယ့္ကို သဝန္တိုလို႔ အဲ့လိုေတြ လုပ္ေနတာလား...?''
သူ႔ရဲ႕ လက္ေခ်ာင္းေလးေတြက သူ႔ရဲ႕ ဆံသားေလးေတြဆီ ေရာက္လာေခ်၏။
" ႐ွင္က ကြၽန္မအပိုင္ ျဖစ္ေနၿပီပဲ.....သဝန္တိုေနစရာ လိုေသးလို႔လား....!''
သူ...ရပ္တန္႔သြားရသည္။ အို.? သူမက အခိုင္အမာ ေျပာေနပါလား....! အရင္တုန္းက ဘယ္မိန္းကေလးမွ သူ႔ကို အဲ့လို ေျပာရဲဆိုရဲ မ႐ွိခဲ့ေပ။
( ေျပာရဲဆိုရဲ ရပ္ကြက္ကလာတာ😎😎)
" မဟုတ္ဘူး..! ကြၽန္မက ဘာမွ သဝန္တိုစရာအေၾကာင္းကိုမ႐ွိတာ...၊ ႐ွင္းလား...''
သူမ ျပန္ျပင္ေျပာလာသည္။
သူမ၊ စကားလံုးေတြကို ျပန္ျပင္ေျပာလိုက္ေပမယ့္ အသံုးမဝင္မွန္း သိသြားေခ်ၿပီ.....
" ေနာက္ေနတာမဟုတ္ဘူးေနာ္...! ကြၽန္မ ႐ွင့္ကို ကူညီမယ္... ေနာက္ၿပီး ခဲတစ္လံုးနဲ႔ ငွက္ႏွစ္ေကာင္ပစ္သလိုမ်ိဳးပါ လုပ္ဦးမွာ....!''
" အဲ့လိုလုပ္ရင္ တြမ္ယံုလည္း ႐ွင့္ကို ဆြဲေဆာင္ေတာ့မွာ မဟုတ္သလို ႐ွင့္ရဲ႕ ေကာလဟာလည္း ေပ်ာက္ကြယ္သြားမယ္ေလ....''
ထို႔ေနာက္ သူမက သူရဲ႕အက်ႌေကာ္လံကို ဆြဲလိုက္ကာ သူ႔ကို သူမရဲ႕ ဒူးေခါင္းၾကားမွာ ေနေစလိုက္သည္။
(😲😵 )
" မင္း... ဘာလုပ္ေနတာလဲ...?''
သူမ သက္ျပင္းခ်လိုက္၏။
" ကြၽန္မရဲ႕ ေယာက်ၤားက အရမ္းကို ဆြဲေဆာင္အားျပင္းလြန္းေနတယ္ေလ....အဲ့တာေၾကာင့္ ျပႆနာ ေတြ ျဖစ္တာေပါ့....၊အဲ့ဒီျပႆ နာ ကို ေျဖ႐ွင္းေပးမလို႔....!'' သူမျပံဳးလိုက္၏။
လုခ်င္းယီ၊ ပထမဦးဆံုး ဆံပင္စည္းႀကိဳးကို ျဖည္လိုက္၏။ ထို႔ေနာက္ သူမရဲ႕ ကုတ္ကို ခြၽတ္လိုက္ၿပီး အထဲက ဘေလာက္အက်ႌရဲ႕ ၾကယ္သီး တစ္လံုးကိုပါ ျဖဳတ္လိုက္သည္။
႐ွန္းရီကေတာ့ သူမ ဘာလုပ္ေနလဲဆိုျပီး မ်က္လံုး အျပဴးသားနဲ႔ပင္ ၾကည့္ေန၏။
" လုခ်င္းယီ...! မင္း...မိန္းမပ်က္လို ျဖစ္ေနၿပီ...''
လုခ်င္းယီ..၊ သူ႔နားကပ္လိုက္ၿပီး သူ..မဝတ္ခ်င္ေနတဲ့ နက္ကတိုင္ကိုဆြဲျဖဳတ္လိုက္ၿပီး ၾကယ္သီးကိုပါ ျဖဳတ္လိုက္၏။
သူကေတာ့ သူမကို ၾကည္႔ရင္း တျဖည္းျဖည္းနဲ႔ နားလည္လာေခ်၏။
ဒါေပမယ့္ သူက မရည္ရြယ္ပဲနဲ႔ သူမရဲ႕ ဘေလာက္ထဲက ျဖဴစင္ဝင္းပတဲ့ ျမင္ကြင္းကို ျမင္သြားေလၿပီ...။တစ္ခါမွမျမင္ဖူးတဲ့ ျမင္ကြင္းမ်ိဳး......
" ဒီျမင္ကြင္းကို ႀကိဳက္လား...?''
လုခ်င္းယီ...ေမးလာ၏။
( ဘာေတြလဲ...😁)
" အင္း...''
သူကေျဖရင္း ရယ္မိသည္။
သူ႔ဇနီးေလးက တစ္ျခားမိန္းကေလးတစ္ေယာက္ရဲ႕ ေမ်ွာ္လင့္ခ်က္ကို ႐ိုက္ခ်ိဳးဖို႔ ဒီေလာက္ေတာင္ အားတက္သေရာ ျဖစ္ေနပါလား....
သူမကေတာ့ တကယ္ကို မလြယ္ဘူးပဲ။ထို႔ေနာက္ သူ....ကုတ္ကိုခြၽတ္ၿပီး ပစ္ထုတ္လိုက္ေတာ့သည္။
႐ွန္းရီက သူမရဲ႕လက္ကို သူ႔ပုခံုးေပၚတင္ေစၿပီး သူ႔ရဲ႕ လက္ေမာင္းေတြကေတာ့ သူမရဲ႕ ခါးသိမ္သိမ္ေလးကို ဖက္တြယ္လ်က္....
သူ႔ရဲ႕ အနမ္းေလးေတြကို သူမရဲ႕ လည္တိုင္ေပၚ...၊ ႏွာေခါင္းေလးေပၚကို ညင္သာစြာ ျဖန္႔ၾကန္လိုက္၏။ ဒါေပမယ့္ သူမက လက္မခံခ်င္တဲ့ သေဘာနဲ႔ မ်က္ႏွာလႊဲလိုက္ေတာ့ သူ ျပံဳးလိုက္မိ၏။
" ခ်င္းယီ...၊ မင္းက ဘာလို႔ တကယ္လုပ္ႏိုင္ဟန္ေဆာင္ေနတာလဲ...?''
" ဟမ္...! အဲ့ေလာက္ထိ လုပ္စရာလိုလို႔လား....႐ွင္က...ကဲကိုကဲလြန္းတယ္....''
"....''
" ကိုယ့္ကို အနမ္းေလး ငွါးေပးလို႔ရမလား...ကိုယ္ ျပန္ဆပ္မယ္လို ့ကတိေပးပါတယ္...''
လုခ်င္းယီ..ျပန္မေျပာခင္မွာပဲ သူက အနမ္းကို စတင္လိုက္ေခ်၏။ သူက ညင္သာၿပီး ခ်ိဳၿမိန္တဲ့ အနမ္းေလးကို ျပဳလုပ္ေနေတာ့ သူမလည္း ျပန္တံု ့ျပန္မိသည္။ သူမရဲ႕ လက္ေတြက သူ႔ရဲ႕ လည္တိုင္မွာ ဖက္တြယ္လ်က္.......
" ခြမ္း း....''
တစ္ခုခုျပဳတ္က်သံေၾကာင့္ ႐ွန္းရီနဲ႔ လုခ်င္းယီပါ နမ္းေနရာက ရပ္လိုက္ၿပီး အသံလာရာကို ၾကည့္လိုက္၏။
တံခါးဝမွာေတာ့ တြမ္ယံုနဲ႔ စီမံခန္႔ခြဲေရးဌာနက လူေတြက မ်က္လံုးအျပဴးသားနဲ႔ ထိုစံုတြဲကို ၾကည့္ေန၏။ ဒါေပမယ့္ လုခ်င္းယီက တြမ္ယံုရဲ႕ လန္႔ေနတဲ့ မ်က္ႏွာကို ၾကည့္ျဖစ္ေအာင္ ၾကည့္လိုက္သည္။ ထိုဆံပင္အမဲေရာင္နဲ႔ မိန္းကေလးက ေက်ာက္႐ုပ္လိုရပ္ေနၿပီး ဒီလက္ထပ္ထားတဲ့စံုတြဲဆီကေန အၾကည့္မလႊဲေတာ့ေပ။ၾကည့္ရတာ ဒီျမင္ကြင္းကို သူမ မယံုႏိုင္ျဖစ္ေနဟန္တူသည္။
17.6.2020💜💜
Unicode........
၄၈။ ကိုယ့်ကို အနမ်းလေး ငှါးပေးပါလား....?
" ရှင်...အခု ကျွန်မကို ကူညီစေချင်လား....?''
သူ့ရဲ့ မျက်ခုံးအစုံ မြင့်တက်သွားရသည်။ ချင်းယီ... ဘာတွေကြံနေတာလဲ..?
သူမရယ်လိုက်ကာ မီတင် စားပွဲဆီကိုသွားလိုက်၏။ ထို့နောက် စားပွဲပေါ်ကို ခုန်တက်လိုက်ကာ အစွန်းအဖျားနားမှာ ထိုင်လိုက်သည်။
" ဒီကိုလာ...!''
လုချင်းယီ... သူ့ကို ခေါ်လိုက်၏။
သူကတော့ ဘုမသိ ဘမသိနဲ့ သူမဆီလျှောက်လှမ်းနေမိသည်။ သူမကလည်း မူမမှန် ဖြစ်နေတာကိုး.....
' ငါ သူမကို ဆွဲဆောင်မိသလိုများ ဖြစ်သွားတာလား....?'
သူမကို ဘာကြောင့် လက်ထပ်ဖို့ ရွေးချယ်မိလဲဆိုပြီး သူကတော့ အံ ့သြနေချေ၏။ သူမနဲ့ နေရတာက ပျော်စရာကောင်းသား....၊ နောက်ပြီး သူမကို အဖိုးတန်ပစ္စည်းတွေ ပေးရင်လည်း ငြင်းပယ်တတ်သေးသည်။
ဒီမိန်းကလေးကတော့ သူ့ကို ရူးအောင် လုပ်နေလေပြီ...၊ အရင်တုန်းက အမြဲ တစ်ကိုယ်ကောင်းဆန်တတ်ပြီး ဘယ်မိန်းကလေးကိုမှ စိတ်မဝင်စားတဲ့သူက သူမကြောင့် ခံစားချက်တွေ ပြောင်းလဲလာခဲ့သည်။ သူမကို အမြဲ ပြုံးနေစေချင်သည်လေ....
" မင်း...ကိုယ့်ကို သဝန်တိုလို့ အဲ့လိုတွေ လုပ်နေတာလား...?''
သူ့ရဲ့ လက်ချောင်းလေးတွေက သူ့ရဲ့ ဆံသားလေးတွေဆီ ရောက်လာချေ၏။
" ရှင်က ကျွန်မအပိုင် ဖြစ်နေပြီပဲ.....သဝန်တိုနေစရာ လိုသေးလို့လား....!''
သူ...ရပ်တန့်သွားရသည်။ အို.? သူမက အခိုင်အမာ ပြောနေပါလား....! အရင်တုန်းက ဘယ်မိန်းကလေးမှ သူ့ကို အဲ့လို ပြောရဲဆိုရဲ မရှိခဲ့ပေ။
( ပြောရဲဆိုရဲ ရပ်ကွက်ကလာတာ😎😎)
" မဟုတ်ဘူး..! ကျွန်မက ဘာမှ သဝန်တိုစရာအကြောင်းကိုမရှိတာ...၊ ရှင်းလား...''
သူမ ပြန်ပြင်ပြောလာသည်။
သူမ၊ စကားလုံးတွေကို ပြန်ပြင်ပြောလိုက်ပေမယ့် အသုံးမဝင်မှန်း သိသွားချေပြီ.....
" နောက်နေတာမဟုတ်ဘူးနော်...! ကျွန်မ ရှင့်ကို ကူညီမယ်... နောက်ပြီး ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်သလိုမျိုးပါ လုပ်ဦးမှာ....!''
" အဲ့လိုလုပ်ရင် တွမ်ယုံလည်း ရှင့်ကို ဆွဲဆောင်တော့မှာ မဟုတ်သလို ရှင့်ရဲ့ ကောလဟာလည်း ပျောက်ကွယ်သွားမယ်လေ....''
ထို့နောက် သူမက သူရဲ့အကျႌကော်လံကို ဆွဲလိုက်ကာ သူ့ကို သူမရဲ့ ဒူးခေါင်းကြားမှာ နေစေလိုက်သည်။
(😲😵 )
" မင်း... ဘာလုပ်နေတာလဲ...?''
သူမ သက်ပြင်းချလိုက်၏။
" ကျွန်မရဲ့ ယောကျၤားက အရမ်းကို ဆွဲဆောင်အားပြင်းလွန်းနေတယ်လေ....အဲ့တာကြောင့် ပြဿနာ တွေ ဖြစ်တာပေါ့....၊အဲ့ဒီပြဿ နာ ကို ဖြေရှင်းပေးမလို့....!'' သူမပြုံးလိုက်၏။
လုချင်းယီ၊ ပထမဦးဆုံး ဆံပင်စည်းကြိုးကို ဖြည်လိုက်၏။ ထို့နောက် သူမရဲ့ ကုတ်ကို ချွတ်လိုက်ပြီး အထဲက ဘလောက်အကျႌရဲ့ ကြယ်သီး တစ်လုံးကိုပါ ဖြုတ်လိုက်သည်။
ရှန်းရီကတော့ သူမ ဘာလုပ်နေလဲဆိုပြီး မျက်လုံး အပြူးသားနဲ့ပင် ကြည့်နေ၏။
" လုချင်းယီ...! မင်း...မိန်းမပျက်လို ဖြစ်နေပြီ...''
လုချင်းယီ..၊ သူ့နားကပ်လိုက်ပြီး သူ..မဝတ်ချင်နေတဲ့ နက်ကတိုင်ကိုဆွဲဖြုတ်လိုက်ပြီး ကြယ်သီးကိုပါ ဖြုတ်လိုက်၏။
သူကတော့ တဖြည်းဖြည်းနဲ့ နားလည်လာချေ၏။
ဒါပေမယ့် သူကတော့ မရည်ရွယ်ပဲနဲ့ သူမရဲ့ ဘလောက်ထဲက ဖြူစင်ဝင်းပတဲ့ မြင်ကွင်းကို မြင်သွားလေပြီ...။
" ဒီမြင်ကွင်းကို ကြိုက်လား...?''
လုချင်းယီ...မေးလာ၏။
( ဘာတွေလဲ...😁)
" အင်း...''
သူကဖြေရင်း ရယ်မိသည်။
သူ့ဇနီးလေးက တစ်ခြားမိန်းကလေးတစ်ယောက်ရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးဖို့ ဒီလောက်တောင် အားတက်သရော ဖြစ်နေပါလား....
သူမကတော့ တကယ်ကို မလွယ်ဘူးပဲ။ထို့နောက် သူ့ရဲ့ ကုတ်ကိုချွတ်ပြီး ပစ်ထုတ်လိုက်တော့သည်။
ရှန်းရီက သူမရဲ့လက်ကို သူ့ပုခုံးပေါ်တင်စေပြီး သူ့ရဲ့ လက်မောင်းတွေကတော့ သူမရဲ့ ခါးသိမ်သိမ်လေးကို ဖက်တွယ်လျက်....
သူ့ရဲ့ အနမ်းလေးတွေကို သူမရဲ့ လည်တိုင်ပေါ်...၊ နှာခေါင်းလေးပေါ်ကို ညင်သာစွာ ဖြန့်ကြန်လိုက်၏။ ဒါပေမယ့် သူမက လက်မခံချင်တဲ့ သဘောနဲ့ မျက်နှာလွှဲလိုက်တော့ သူ ပြုံးလိုက်မိ၏။
" ချင်းယီ...၊ မင်းက ဘာလို့ တကယ်လုပ်နိုင်ဟန်ဆောင်နေတာလဲ...?''
" ဟမ်...! အဲ့လောက်ထိ လုပ်စရာလိုလို့လား....ရှင်က...ကဲကိုကဲလွန်းတယ်....''
"....''
" ကိုယ့်ကို အနမ်းလေး ငှါးပေးလို့ရမလား...ကိုယ် ပြန်ဆပ်မယ်လို ့ကတိပေးပါတယ်...''
လုချင်းယီ..ပြန်မပြောခင်မှာပဲ သူက အနမ်းကို စတင်လိုက်ချေ၏။ သူက ညင်သာပြီး ချိုမြိန်တဲ့ အနမ်းလေးကို ပြုလုပ်နေတော့ သူမလည်း ပြန်တုံ ့ပြန်မိသည်။ သူမရဲ့ လက်ကတော့ သူ့ရဲ့ လည်တိုင်မှာ ဖက်တွယ်လျက်.......
" ခွမ်း း....''
တစ်ခုခုပြုတ်ကျသံကြောင့် ရှန်းရီနဲ့ လုချင်းယီပါ နမ်းနေရာက ရပ်လိုက်ပြီး အသံလာရာကို ကြည့်လိုက်၏။
တံခါးဝမှာတော့ တွမ်ယုံနဲ့ စီမံခန့်ခွဲရေးဌာနက လူတွေက မျက်လုံးအပြူးသားနဲ့ ထိုစုံတွဲကို ကြည့်နေ၏။ ဒါပေမယ့် လုချင်းယီက တွမ်ယုံရဲ့ လန့်နေတဲ့ မျက်နှာကို ကြည့်ဖြစ်အောင် ကြည့်လိုက်သည်။ ထိုဆံပင်အမဲရောင်နဲ့ မိန်းကလေးက ကျောက်ရုပ်လိုရပ်နေပြီး ဒီလက်ထပ်ထားတဲ့စုံတွဲဆီကနေ အကြည့်မလွှဲတော့ပေ။ကြည့်ရတာ ဒီမြင်ကွင်းကို သူမ မယုံနိုင်ဖြစ်နေဟန်တူသည်။
17.6.2020💜💜