" စိန်ခေါ်တာလား...?''
" ဟေး....၊အရမ်းမကပ်နဲ့လေ....''
............
သူမက ဒီနေရာနဲ့မရင်းနှီးဘူးလေ....ဟုတ်တယ်မလား....ဒါပေမယ့် သူမရဲ့ယောင်္ကျားကတော့ သူ့ရဲ့ ပိုင်ဆိုင်မှုကို ကြွားချင်လို့ထင်ပါတယ်....အတင်းသာ လျှောက်သွားခိုင်းနေတော့သည်။
" ဘာဖြစ်လို့လဲ....?''
သူ ဘာပြောလိုက်တာလဲ....?
" ဒိတ်....?''
" ဒါပေမယ့် ရှင် ကျွန်မကို ပြောထားတယ်လေ...ဘာတဲ့ မင်းတစ်ခြားတစ်ယောက်နဲ့ ဘယ်အချိန်ပဲဖြစ်ဖြစ် ဒိတ်လုပ်နိုင်တယ်တဲ့လေ.....''
" ကိုယ်က မင်းနဲ့ ဒိတ်မလုပ်ရဘူးလို့ ဘယ်သူကပြောလဲ...?ကိုယ်က မင်းယောင်္ကျားပဲ.....မင်းရင်ထဲမှာ နံပါတ်၁ ဖြစ်နေရမှာပေါ့....!''
ဖြေပေးကြပါအုံး.....😂😂
16.6.2020💚💚
Unicode........
၄၆။ မင်း ရင်ထဲမှာ နံပါတ်၁......
့ြ ့ွ " ဝါး...ဝိုး... ဒီနေရာက အရမ်းကြီးတာပဲ... အရမ်းလည်းလှတယ်....'' သူမတို့ငှါးလာတဲ့ ကားလေးက မြို့တော် Hမှာရှိတဲ့ ရှန်းရီ ရဲ့ကုမ္ပဏီ ရုံးခွဲလေးထဲကို ဝင်လာတော့ သူမအံ့အားသင့်ပြီး အသံထွက်လာ၏။ ထို့နောက်သူမက ကားထဲကနေ အပြင်က ရှုခင်းကို ပြူးပြဲ ကြည့်လျက်.....
" ကျွန်မ..ဒီလိုနေရာမျိုးကို တစ်ခါမှ မရောက်ဖူးဘူး....''
သူမလို လူမျိုးက ဒီလိုခမ်းနားတဲ့ နေရာကို ရောက်လာရမယ်လို့ ဘယ်လိုထင်မိမှာလဲ...?
" ခဏနေကျရင် သွားကြည့်လေ....''
ရှန်းရီ ပြန်ဖြေလိုက်ပြီး ကားပါကင်ထိုးဖို့ ပြင်လိုက်၏။
" ရှေ့နားလေးမှာ ဝင်္ကဘာလေးတစ်ခုရှိတယ်...
သတ်မှတ်ထားတဲ့ အချိန်ထဲမှာ မင်း...ထွက်ပေါက်ကို ရှာတွေ့နိုင်မယ်လို့ ထင်လား...?''
" စိန်ခေါ်တာလား...?''
ရှန်းရီ... ကားစက်ပိတ်လိုက်ပြီး....
" မှန်တာပေါ့... ၊ ဒီလောင်းကြေးကို မင်းနိုင်ရင် မင်းတောင်းတာ ဘာပဲဖြစ်ဖြစ်ပေးမယ်....''
လုချင်းယီ...သူမရဲ့ မေးစေ့ကို ပွတ်သပ်လိုက်ပြီး..ဘာတောင်းရင်ကောင်းမလဲ စဉ်းစားနေသည်။
" ကောင်းပြီလေ...ကတိနော်...၊ ကျွန်မကို ဘာတောင်းရမလဲဆိုတာ စဉ်းစားရမယ့် အချိန်ပေးအုံး....''
" ဒါပေမယ့် အစားအသောက်လို့တော့ ထပ်မပြောပါနဲ့...''
ရှန်းရီ တီးတိုးပြောလိုက်ပေမယ့် လုချင်းယီ ကြားသွား၏။
" ရှင်...အဲ့လိုပြောလိုက်တာက ကျွန်မကို အကြံပေးလိုက်သလိုပဲ....''
သူတို့ရောက်တာနဲ့ ပထမဆုံးအစည်းအဝေးပွဲကိုစတင်ခဲ့ပြီး ....ထို့နောက် အမှားမရှိဘဲ ပြီးဆုံးသွားခဲ့သည်။ သူမက သူ့နောက်ကနေ တကောက်ကောက်လိုက်ရင်း လိုက်နှုတ်ဆက်နေရသည်။ အရမ်းလည်း ကြောက်နေပြီး သက်တောင့်သက်သာ မဖြစ်သလိုပါ ခံစားနေရသည်။
သူကရုတ်တရက် လမ်းလျှောက်နေရင်း ရပ်လိုက်ပြီး သူမကို စောင့်ကာ.... သူမ...သူ့ဘေးရောက်လာမှ သူမလက်ကို ဖမ်းဆွဲလိုက်၏။
" ဟေး....၊အရမ်းမကပ်နဲ့လေ....''
သူမက နှုတ်ခမ်းစူပြီး မကျေမနပ်ပြောလာ၏။
" မင်းက ကိုယ့်ဇနီးပဲလေ....၊ကိုယ့်နားက လျှောက်ရမှာပေါ့.....''
ထို့နောက် သူတို့ ထပ်ပြီး တွေ့ဆုံမှုလုပ်ရမယ့် အခန်းကို လျှောက်လှမ်းလာခဲ့သည်။
............
" ကျွန်မ ဘယ်ကိုမှ မသွားဘူး....!''
သူမက ဒီနေရာနဲ့မရင်းနှီးဘူးလေ....ဟုတ်တယ်မလား....ဒါပေမယ့် သူမရဲ့ယောကျၤားကတော့ သူ့ရဲ့ ပိုင်ဆိုင်မှုကို ကြွားချင်လို့ထင်ပါတယ်....အတင်းသာ လျှောက်သွားခိုင်းနေတော့သည်။
" ဒါဆို...မင်းဗိုက်ဆာရင်ရော ကိုယ့်ကို ထားသွားအုံးမှာလား....?''
အို...၊ သူသိသားပဲ....ဒါပေမယ့် သူ့ကို အဲ့လိုထားသွားတာတော့ အကြိမ်မနည်းတော့ပေ။
" ကောင်းပြီလေ.....ကျွန်မ ရှင့်အနားမှာပဲနေမယ်....''
ပြီးနောက် ရှန်းရီရဲ့လက်က သူ့ရဲ့ နက်ကတိုင်ဆီကို ရောက်သွားတော့ သူမဖမ်းဆွဲလိုက်သည်။
" မဖြုတ်နဲ့....! အစည်းအဝေးတွေအားလုံး ပြီးမှ ဖြုတ်....''
" ကိုယ် ဒါကို မကြိုက်ဖူး....ခွေးလည်ပတ်လိုပဲ...''
လုချင်းယီ ရယ်လိုက်မိသည်။
" မရယ်နဲ့....၊ဒါ ရယ်စရာ မဟုတ်ဘူး...''
ဒါပေမယ့် ချင်းယီကတော့ တခစ်ခစ်နဲ့ ရယ်လို့ကောင်းနေ၏။
ရှန်းရီ အခန်းထဲကို ဝင်လာတော့ ရင်းနှီးတဲ့ ဝန်ထမ်းတွေရဲ့ မျက်နှာကို မြင်လိုက်ရသည်။ ထို့နောက် ချင်းယီက သူဘေးမှာထိုင်နေ၏။ ချင်းယီက အခုတော့ အစားထက် သူ့ကို ရွေးချယ်သွားပြီပဲ.....
သူ့ရဲ့ဝန်ထမ်းတွေကတော့ သူတို့သူဌေး မိန်းကလေးတစ်ယောက်နဲ့ အတူယှဉ်ပြီးဝင်လာတာကို အံ ့အားသင့်နေကြသည်။ သူဌေးရဲ့ ရည်းစားများလား....? ဒါပေမယ့် မီဒီယာတွေက သူ့ကို ဂေးလို့ ပြောထားကြတယ်မလား.....? သူဌေးနဲ့ ဒီမိန်းကလေးက အရမ်းကို နီးနီးကပ်ကပ်နေပြီး အကျွမ်းတဝင်ရှိလှသည်။ သူတို့ရဲ့ အာရုံတွေကို အဲ့ဆီမရောက်ဖို့ ကြိုးစားလိုက်ပေမယ့် ဒီစုံတွဲရဲ့ ညင်သာတဲ့ အသံတွေကြောင့် လုံးဝ အာရုံမစိုက်လို့ မရနိုင်တော့...။
လုချင်းယီကတော့ ထိုင်ပြီးတာနဲ့ သူ့လက်တော့ပ်ကိုယူကာ တစ်နေ့တာ အချိန်ဇယားကို ကြည့်လိုက်၏။ လုချင်းယီက တက္ကသိုလ်ကနေ ဘွဲ့မရထားပေမယ့် သူ့ရဲ့ အလုပ်အချိန်ဇယားတွေကိုတော့ နားလည်လေသည်။ ချောင်ဟဲက သူမကို အရင်ကတည်းက အချိန်ဇယားအတွက် သေချာပြင်ဆင်ပေးထားခဲ့သည်လေ.....
ထို့နောက် သူမက ရှန်းရီ ကြည့်နေတာကို သတိပြုမိသွားသည်။
" ဘာဖြစ်လို့လဲ....?''
ရှန်းရီ ခေါင်းခါလိုက်ပြီး ရုံးခွဲမန်နေဂျာက ဘာလို့ အခုထိမရောက်သေးလဲဆိုတာကို စဉ်းစားနေ၏။ မန်နေဂျာက သူ့ထက်အရင်ရောက်နေရမှာ ဖြစ်ပြီး အခုတော့ သူ စိတ်အနှောင့်အယှက် ဖြစ်နေရသည်။ သူ....ဒေါသထွက်လိုက်ချင်ပေမယ့် သူဇနီးလေးရှိနေသည်။ ဒါကြောင့် သူ့ရဲ့ အာရုံကို သူ့ဇနီးလေးဆီကိုသာ ပို့ထားလိုက်တော့သည်။ မနက်ခင်းရဲ့ ချိုမြိန်တဲ့ အနမ်းလေးကလည်း သူ့ရင်ထဲမှာ စွဲကျန်နေလေသည်။
" ညနေကျရင် တွေ ့ဆုံမှုတွေရှိသေးလား....''
လုချင်းယီ...သူ့ရဲ့ အချိန်ဇယားကို မြန်မြန်ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။
" မရှိတော့ဘူး......နေ့လည်စာစားရင်း တိတ်တဆိတ်တွေ့ဆုံရမယ့် မီတင်ပြီးရင် ပြီးပြီ.... ''
ထို့နောက် ချင်းယီက ရေပုလင်းယူကာ ရေသောက်နေတုန်း......
" အာ...၊ကောင်းသားပဲ....ဒါဆိုလည်း ကိုယ်တို့ရဲ့ ပထမဆုံးဒိတ်ကို စလိုက်ကြတာပေါ့...''
ရေသောက်နေတဲ့ ချင်းယီက ရေသီးသွားရသည်။
သူ ဘာပြောလိုက်တာလဲ....?
" ဒိတ်....?''
သူမ စိတ်လှုပ်ရှားလာပြီး ကြောက်လည်းကြောက်လာရသည်။
" ကိုယ်တို့ လျှောက်လည်မယ်လို့ ပြောထားတယ်လေ....၊ ဘာလဲ... ကိုယ့်ဇနီးနဲ့ ဒိတ်လုပ်တာပဲ....ခွင့်မပြုဘူးလား.....?''
" ဒါပေမယ့် ရှင် ကျွန်မကို ပြောထားတယ်လေ...ဘာတဲ့ မင်းတစ်ခြားတစ်ယောက်နဲ့ ဘယ္အချိန်ပဲဖြစ်ဖြစ် ဒိတ်လုပ်နိုင်တယ်တဲ့လေ.....''
ဒီစကားတွေကို လက်မထပ်ခင်တုန်းက သူပြောထားခဲ့သည်။
ရှန်းရီရဲ့ စူးရှတဲ့ အကြည့်တွေက သူမဆီရောက်လာချေပြီ....
" ကိုယ်က မင်းနဲ့ ဒိတ်မလုပ်ရဘူးလို့ ဘယ်သူကပြောလဲ...?ကိုယ်က မင်းယောကျၤားပဲ.....မင်းရင်ထဲမှာ နံပါတ်၁ ဖြစ်နေရမှာပေါ့....!''
ချင်းချင်းရဲ့ ရင်ထဲမှာ နံပါတ်၁က ဘာလဲ... ?
ဖြေပေးကြပါအုံး.....😂😂
16.6.2020💚💚