ျဖန္း း....
" အား...!''
႐ွန္းရီ....သူ႔ရဲ႕ပါးကို ပြတ္လိုက္ၿပီး....
" ကိုယ့္ပါးကို ဘာလို႔႐ိုက္တာလဲ....?''
လုခ်င္းယီတစ္ေယာက္ လူျမင္ကြင္းမွာ အနမ္းခံလိုက္ရတဲ့ အတြက္ ေဒါသထြက္ေနဟန္တူသည္။ ထို႔ေနာက္ သူမက သူ႔နားကေန ထြက္လာလိုက္ၿပီး အေဝးမွာ ရပ္ေနလိုက္သည္။
႐ွန္းရီကေတာ့ သူ႔ရဲ႕ႏႈတ္ခမ္းထက္မွာ သရက္သီးနံ ့ေလးစြဲက်န္ေနေတာ့ ရယ္လိုက္မိသည္။
ၿပီးေနာက္ လုခ်င္းယီနားကို သြားလိုက္ေတာ့.....
သူမက ေျခေဆာင့္ၿပီး သူ႔လက္ေမာင္းကို ႐ိုက္လိုက္၏။
" ႐ွင္....! "
"ၾကည့္ပါဦး.... ကြၽန္မရဲ႕ ေရခဲမုန္႔ေလး...ေျမႀကီးေပၚျပဳတ္က်သြားၿပီ....!''
သူမ ၿငီးျငဴ လိုက္သည္။ သူမအႀကိဳက္ဆံုး ေရခဲမုန္႔က ဒီလိုျပဳတ္က်သြားေတာ့ ႏွေျမာစိတ္နဲ႔ မ်က္ရည္ေတြပါ ဝဲလာသည္။
ဒါက အရမ္းေကာင္းတာ....
အနမ္းေတာ့ မဟုတ္ဘူး...ေရခဲမုန္႔...!
"ဟင္...?''
သူက ငါ့ကို တကယ္နမ္းလိုက္တာပဲ....!
ထို႔ေနာက္ သူမရဲ႕ လက္ေခ်ာင္းေလးက ႏႈတ္ခမ္းသားေလး အေပၚသို႔....
႐ုတ္တရက္ သူမရဲ႕စူး႐ွတဲ့ အၾကည့္ေတြက သူ႔ရဲ႕ မ်က္ႏွာေပၚသို႔ ေရာက္သြား၏။ ႐ွန္းရီ တစ္ေယာက္ သူမရဲ႕အၾကည့္ေတြကို မခံႏိုင္ဘဲ မ်က္ႏွာကို တစ္ျခားဘက္လွည့္လိုက္ရေတာ့သည္။
႐ွန္းရီ ေခ်ာင္းဟန္႔လိုက္ၿပီး သူမကို ဖိနပ္ျပန္ေပးလိုက္၏။
" ညစာစားဖို႔ အခ်ိန္ေရာက္ၿပီ....သြားၾကစို႔..!
မင္းကို ေရခဲမုန္႔ျပန္ဝယ္ေပးပါ့မယ္....''
သူေျပာၿပီး ေ႐ွ႕ကေန ေလ်ွာက္သြား၏။ သူမက မသြားဘဲ သူ႔ေက်ာကိုပဲ ၾကည့္ေနေတာ့..
" မလာေသးဘူးလား...!''
လုခ်င္းယီတစ္ေယာက္ ႐ွက္ေနၿပီး ေၾကာက္စိတ္ေတြလည္း ျဖစ္ေပၚေန၏။ သူမကိုယ္သူမ ႐ွက္ေနမွန္းသိေပမယ့္ သူမစိတ္ကို ျပင္ဆင္ၿပီး....
သူ႔ဆီ သြားလိုက္ကာ သူ႔လက္ကို ဆုပ္ကိုင္လိုက္ေတာ့သည္။ သူတို႔ ဟိုတယ္ကို ျပန္ေလ်ွာက္လာတဲ့ အခ်ိန္မွာလည္း သူမက စကားတစ္ခြန္းမွ မေျပာခဲ့ေပ။ ဒါေပမယ့္ သူမရဲ႕ စိတ္ထဲမွာေတာ့ အရမ္းေႏြးေထြးသလို ခံစားေနရသည္။
ဟိုတယ္ကို ျပန္ေလ်ွာက္လာတဲ့ လမ္းတစ္ေလ်ွာက္မွာေတာ့ စားေသာက္ဆိုင္ေတြ ၊ ေဒသထြက္ပစၥည္းေတြကို ေရာင္းခ်တဲ့ ဆိုင္ေတြနဲ႔ျပည့္ေန၏။လုခ်င္းယီက ေဒသထြက္ အစားအေသာက္ေတြ...၊ လက္မႈပစၥည္းေတြကို ျမင္ေတာ့ အရမ္းစိတ္ဝင္စားေနသည္။ သူမက အဲ့ဒီပစၥည္းေတြကို အရမ္းစိတ္ဝင္စားေပမယ့္ သူ႔ကို ဝယ္ေပးဖို႔ လံုးဝ ေတာင္းဆိုလိမ့္မွာ မဟုတ္ေပ။ ထို႔ေနာက္ သူတို႔က ဟိုတယ္နဲ႔ နီးတဲ့ ဆိုင္ေလးတစ္ဆိုင္ကို ေတြ႔သြားၾကေတာ့သည္။ အဲ့ဒီဆိုင္ေလးက တိတ္ဆိတ္ေအးခ်မ္းၿပီး ပန္းျခံေလးရဲ႕ ျမင္ကြင္းကိုလည္း ႐ႈစားႏိုင္သည္။
ေစာေစာကသာ ဘာမွမျဖစ္ခဲ့ရင္ လုခ်င္းယီတစ္ေယာက္ မီႏူးေတြကို ေပ်ာ္ရႊင္စြာနဲ႔ ဖတ္ေနလိမ့္မည္။ ႐ွန္းရီ..သူမကို ၾကည့္လိုက္၏။ သူမက အစားကို မေရြးဘဲ ဒီလို ၿငိမ္ေနတဲ့အခ်ိန္လည္း ႐ွိပါလား....?
သံသယျဖစ္စရာေတာ့ ေကာင္းေနၿပီ....
သူမနဲ႔ အခ်ိန္အၾကာႀကီး မရင္းႏွီးခဲ့ရေပမယ့္သူမက သန္မာ... အားႀကီးသည္။ ဒါေပမယ့္ အဲ့တာက သူ႔ကို ေတာ္ေတာ္ေခါင္းကိုက္ေစသည္။ သူ႔ရဲ႕ ေခြးေလး...အာ...မဟုတ္ဘူး...သူမရဲ႕ ေဘ ဘီေလးေတြနဲ႔ ကစားတာက သူမကို နည္းနည္းပင္ပန္းေစေတာ့ သူ႔ကို သိပ္မတံု ့ျပန္ႏိုင္ေပ။ သူမနဲ႔ေနရတာ တကယ္ကို ေပ်ာ္စရာေကာင္းတာပဲ....
သူမက တစ္ျခားနည္းလမ္းေတြနဲ႔ သူ႔ကို ေပ်ာ္ရြွင္ေအာင္လုပ္ေနတာကိုး.....
သူမက အမဲသားကင္ကို စားေနၿပီး သူက ပါစတာကို စားေနတုန္း......
" ဟိုေကာင္က မင္းကို အခုထိ ဆက္သြယ္ေနတုန္းလား....?''
လုခ်င္းယီ ႐ုတ္တရက္ ေအးခဲသြားၿပီး မ်က္ေမွာင္ၾကဳတ္လိုက္၏။ ကုန္းယီကြၽင္းက သူမဆီကို ဖုန္းဆက္တိုက္ေခၚေနေပမယ့္ သူမက လံုးဝမကိုင္ခဲ့ေပ။
" ဟုတ္တယ္...သူ..ကြၽန္မဆီကေန ဘာလိုခ်င္ေနမွန္းမသိဘူး...၊ ကြၽန္မကလည္း ကိစၥေတြကို ႐ွင္း႐ွင္းလင္းလင္း လုပ္ၿပီးၿပီေနာ္...''
" အဲ့ေကာင္က အခုမွ တန္ဖိုးထားရေကာင္းမွန္းသိေနတာလား...?''
လုခ်င္းယီ ျပံဳးလိုက္ၿပီး ....
" ကြၽန္မ ဖုန္းနံပါတ္ကို လဲလိုက္ရင္ ေကာင္းမလား....? သူကေတာ္ရံုနဲ႔ ရပ္မယ္ မထင္ဘူး...''
သူမ ျပန္ေျဖလာ၏။
" ကိုယ္... ေခ်ာင္ဟဲကို ဖုန္းနံပါတ္အသစ္မွာခိုင္းလိုက္မယ္...ေနာက္ၿပီး သူ႔ဖုန္းနံပါတ္ကို block လိုက္...သူ႐ွိႏိုင္တဲ့ေနရာေတြကိုလည္း မသြားနဲ႔..... ''
ဘယ္လိုပဲျဖစ္ျဖစ္ သူမကို တကယ္ စိတ္မခ်ႏိုင္ေပ။ ကုန္းယီကြၽင္းက သူမအေဖ ပိုင္ဆိုင္တဲ့စာအုပ္ကို အသံုးခ်တာမဝလို႔ သူမကိုပါ ခိုးယူဖို႔လုပ္ေနတာလား...? လုခ်င္းယီအေပၚ လုပ္ခဲ့တာေတြ အတြက္ ျပန္ခံစားေစရမယ္...!
သူမရဲ႕ ခင္ပြန္းတစ္ေယာက္အေနနဲ႔ သူ႔ဇနီးေလးကို ဘယ္သူ႔လက္ထဲကိုမွ အပါမခံႏိုင္ဘူး...
Unicode......
၄၂။ ပြန်ခံစားစေရမယ်.....!
ျဖြန်း း....
" အား...!''
ရှန်းရီ....သူ့ရဲ့ပါးကို ပွတ်လိုက်ပြီး....
" ကိုယ့်ပါးကို ဘာလို့ရိုက်တာလဲ....?''
လုချင်းယီတစ်ယောက် လူမြင်ကွင်းမှာ အနမ်းခံလိုက်ရတဲ့ အတွက် ဒေါသထွက်နေဟန်တူသည်။ ထို့နောက် သူမက သူ့နားကနေ ထွက်လာလိုက်ပြီး အဝေးမှာ ရပ်နေလိုက်သည်။
ရှန်းရီကတော့ သူ့ရဲ့နှုတ်ခမ်းထက်မှာ သရက်သီးနံ ့လေးစွဲကျန်နေတော့ ရယ်လိုက်မိသည်။
ပြီးနောက် လုချင်းယီနားကို သွားလိုက်တော့.....
သူမက ခြေဆောင့်ပြီး သူ့လက်မောင်းကို ရိုက်လိုက်၏။
" ရှင်....! "
"ကြည့်ပါဦး.... ကျွန်မရဲ့ ရေခဲမုန့်လေး...မြေကြီးပေါ်ပြုတ်ကျသွားပြီ....!''
သူမ ငြီးငြူ လိုက်သည်။ သူမအကြိုက်ဆုံး ရေခဲမုန့်က ဒီလိုပြုတ်ကျသွားတော့ နှမြောစိတ်နဲ့ မျက်ရည်တွေပါ ဝဲလာသည်။
ဒါက အရမ်းကောင်းတာ....
အနမ်းတော့ မဟုတ်ဘူး...ရေခဲမုန့်...!
"ဟင်...?''
သူက ငါ့ကို တကယ်နမ်းလိုက်တာပဲ....!
ထို့နောက် သူမရဲ့ လက်ချောင်းလေးက နှုတ်ခမ်းသားလေး အပေါ်သို့....
ရုတ်တရက် သူမရဲ့စူးရှတဲ့ အကြည့်တွေက သူ့ရဲ့ မျက်နှာပေါ်သို့ ရောက်သွား၏။ ရှန်းရီ တစ်ယောက် သူမရဲ့အကြည့်တွေကို မခံနိုင်ဘဲ မျက်နှာကို တစ်ခြားဘက်လှည့်လိုက်ရတော့သည်။
ရှန်းရီ ချောင်းဟန့်လိုက်ပြီး သူမကို ဖိနပ်ပြန်ပေးလိုက်၏။
" ညစာစားဖို့ အချိန်ရောက်ပြီ....သွားကြစို့..!
မင်းကို ရေခဲမုန့်ပြန်ဝယ်ပေးပါ့မယ်....''
သူပြောပြီး ရှေ့ကနေ လျှောက်သွား၏။ သူမက မသွားဘဲ သူ့ကျောကိုပဲ ကြည့်နေတော့..
" မလာသေးဘူးလား...!''
လုချင်းယီတစ်ယောက် ရှက်နေပြီး ကြောက်စိတ်တွေလည်း ဖြစ်ပေါ်နေ၏။ သူမကိုယ်သူမ ရှက်နေမှန်းသိပေမယ့် သူမစိတ်ကို ပြင်ဆင်ပြီး....
သူ့ဆီ သွားလိုက်ကာ သူ့လက်ကို ဆုပ်ကိုင်လိုက်တော့သည်။ သူတို့ ဟိုတယ်ကို ပြန်လျှောက်လာတဲ့ အချိန်မှာလည်း သူမက စကားတစ်ခွန်းမှ မပြောခဲ့ပေ။ ဒါပေမယ့် သူမရဲ့ စိတ်ထဲမှာတော့ အရမ်းနွေးထွေးသလို ခံစားနေရသည်။
ဟိုတယ်ကို ပြန်လျှောက်လာတဲ့ လမ်းတစ်လျှောက်မှာတော့ စားသောက်ဆိုင်တွေ ၊ ဒေသထွက်ပစ္စည်းတွေကို ရောင်းချတဲ့ ဆိုင်တွေနဲ့ပြည့်နေ၏။လုချင်းယီက ဒေသထွက် အစားအသောက်တွေ...၊ လက်မှုပစ္စည်းတွေကို မြင်တော့ အရမ်းစိတ်ဝင်စားနေသည်။ သူမက အဲ့ဒီပစ္စည်းတွေကို အရမ်းစိတ်ဝင်စားပေမယ့် သူ့ကို ဝယ်ပေးဖို့ လုံးဝ တောင်းဆိုလိမ့်မှာ မဟုတ်ပေ။ ထို့နောက် သူတို့က ဟိုတယ်နဲ့ နီးတဲ့ ဆိုင်လေးတစ်ဆိုင်ကို တွေ့သွားကြတော့သည်။ အဲ့ဒီဆိုင်လေးက တိတ်ဆိတ်အေးချမ်းပြီး ပန်းခြံလေးရဲ့ မြင်ကွင်းကိုလည်း ရှုစားနိုင်သည်။
စောစောကသာ ဘာမှမဖြစ်ခဲ့ရင် လုချင်းယီတစ်ယောက် မီနူးတွေကို ပျော်ရွှင်စွာနဲ့ ဖတ်နေလိမ့်မည်။ ရှန်းရီ..သူမကို ကြည့်လိုက်၏။ သူမက အစားကို မရွေးဘဲ ဒီလို ငြိမ်နေတဲ့အချိန်လည်း ရှိပါလား....?
သံသယဖြစ်စရာတော့ ကောင်းနေပြီ....
သူမနဲ့ အချိန်အကြာကြီး မရင်းနှီးခဲ့ရပေမယ့်သူမက သန်မာ... အားကြီးသည်။ ဒါပေမယ့် အဲ့တာက သူ့ကို တော်တော်ခေါင်းကိုက်စေသည်။ သူ့ရဲ့ ခွေးလေး...အာ...မဟုတ်ဘူး...သူမရဲ့ ဘေ ဘီလေးတွေနဲ့ ကစားတာက သူမကို နည်းနည်းပင်ပန်းစေတော့ သူ့ကို သိပ်မတုံ ့ပြန်နိုင်ပေ။ သူမနဲ့နေရတာ တကယ်ကို ပျော်စရာကောင်းတာပဲ....
သူမက တစ်ခြားနည်းလမ်းတွေနဲ့ သူ့ကို ပျော်ရွှင်အောင်လုပ်နေတာကိုး.....
သူမက အမဲသားကင်ကို စားနေပြီး သူက ပါစတာကို စားနေတုန်း......
" ဟိုကောင်က မင်းကို အခုထိ ဆက်သွယ်နေတုန်းလား....?''
လုချင်းယီ ရုတ်တရက် အေးခဲသွားပြီး မျက်မှောင်ကြုတ်လိုက်၏။ ကုန်းယီကျွင်းက သူမဆီကို ဖုန်းဆက်တိုက်ခေါ်နေပေမယ့် သူမက လုံးဝမကိုင်ခဲ့ပေ။
" ဟုတ်တယ်...သူ..ကျွန်မဆီကနေ ဘာလိုချင်နေမှန်းမသိဘူး...၊ ကျွန်မကလည်း ကိစ္စတွေကို ရှင်းရှင်းလင်းလင်း လုပ်ပြီးပြီနော်...''
" အဲ့ကောင်က အခုမှ တန်ဖိုးထားရကောင်းမှန်းသိနေတာလား...?''
လုချင်းယီ ပြုံးလိုက်ပြီး ....
" ကျွန်မ ဖုန်းနံပါတ်ကို လဲလိုက်ရင် ကောင်းမလား....? သူကတော်ရုံနဲ့ ရပ်မယ် မထင်ဘူး...''
သူမ ပြန်ဖြေလာ၏။
" ကိုယ်... ချောင်ဟဲကို ဖုန်းနံပါတ်အသစ်မှာခိုင်းလိုက်မယ်...နောက်ပြီး သူ့ဖုန်းနံပါတ်ကို block လိုက်...သူရှိနိုင်တဲ့နေရာတွေကိုလည်း မသွားနဲ့..... ''
ဘယ်လိုပဲဖြစ်ဖြစ် သူမကို တကယ် စိတ်မချနိုင်ပေ။ ကုန်းယီကျွင်းက သူမအဖေ ပိုင်ဆိုင်တဲ့စာအုပ်ကို အသုံးချတာမဝလို့ သူမကိုပါ ခိုးယူဖို့လုပ်နေတာလား...? လုချင်းယီအပေါ် လုပ်ခဲ့တာတွေ အတွက် ပြန်ခံစားစေရမယ်...!
သူမရဲ့ ခင်ပွန်းတစ်ယောက်အနေနဲ့ သူ့ဇနီးလေးကို ဘယ်သူ့လက်ထဲကိုမှ အပါမခံနိုင်ဘူး.....