" ခ်င္းယီ...၊ နင္ အရမ္း ကံေကာင္းတာပဲ...''
လု႐ႈလန္ ေျပာၿပီး ခါးသီးစြာ ျပံဳးလိုက္သည္။
လုခ်င္းယီ...သူ႔အစ္မကို လွည့္ ၾကည့္လိုက္၏။ ႐ႈလန္ကို ၾကည့္ရတာ ဝမ္းနည္းေနသလိုပဲ....
သူမမွာ ဘာျပႆနာ ႐ွိေနတာလဲ...?
႐ွန္းရီက သူမနဲ႔ ႐ႈလန္ကို အိမ္ကို ျပန္ပို႔ေပးၿပီး ကုမၸဏီကို ျပန္သြား၏၊ သူမရဲ႕ကားကိုလည္း အလုပ္သမားတစ္ေယာက္ကို လာပို႔ခိုင္းထား၏။
"ဘာျဖစ္လို႔လဲ...?''
လုခ်င္းယီ ေမးလိုက္၏။ သူမက ၾကမ္းျပင္မွာထိုင္ကာ ေခြးႏွစ္ေကာင္နဲ႔ေဆာ့ေနၿပီး ႐ႈလန္ကေတာ့ ဆိုဖာမွာ ထိုင္ကာ လက္ဖက္ရည္ေသာက္ေန၏။
" ႐ွန္းရီက နင့္ကို အရမ္းဂ႐ုစိုက္တယ္ေလ...၊
ငါလည္း အဲ့လိုျဖစ္ခ်င္လိုက္တာ....''
႐ႈလန္ သက္ျပင္းခ်လိုက္သည္။
" ငါ့ရဲ႕ မင္းသားေလးကို ဘယ္ေတာ့မ်ားမွ ေတြ႔ရမွာလဲ...!''
" ႏိုင္ငံD မွာ ဘာျဖစ္ခဲ့လို႔လဲ....''
လုခ်င္းယီက Mallowရဲ႕ ေခါင္းကို ပြတ္သပ္ရင္းေျပာလိုက္၏။
" မဟုတ္ပါဘူး....ငါတို႔ အတူမ႐ွိခဲ့ဘူး....''
႐ႈလန္က စားပြဲေပၚမွာ ဖန္ခြက္ခ်ရင္း ရယ္လိုက္သည္။
" ဒါေပမယ့္ အစ္မတို႔ အလုပ္အတူတူ လုပ္ေနတယ္မလား...''
႐ႈလန္က အလုပ္မွာ တစ္ေယာက္ေယာက္ကို
ႀကိတ္ခ်စ္ေနတယ္လို႔ ေျပာတာ ၾကားဖူးသည္။
"ခ်င္းယီ....၊ေယာက်ၤားေတြကေနာ္ တကယ္ကို ဥာဏ္မ်ားတယ္.....''
႐ႈလန္က ၾကမ္းျပင္ေပၚမွာ လာထိုင္ၿပီး Milkteaနဲ႔ လာေဆာ့၏။ (ခ်င္းခ်င္းရဲ႕ ေဘဘီေလးေတြနာမည္က မိုက္တယ္ေနာ္...
Milktea နဲ႔ Mallowတဲ့)
" ဘာလဲ...? သူက အစ္မကို လွည့္စားသြားလို႔လား....?''
" ဟဲ့... ဘာဇာတ္လမ္းမွေတာင္ မျဖစ္ရေသးဘူး... ဘာကို လွည့္စားမွာလဲ...?''
႐ႈလန္က ခ်င္းယီဆီကို ေရပုလင္းကမ္းေပးလိုက္သည္။ ထို႔ေနာက္ ခ်င္းယီက ေခြးေလးေတြရဲ႕ ပန္းကန္လံုးထဲကို ေရထည့္ေပးလိုက္၏။
" သူ ဖြင့္ေျပာဖို႔ အဆင္မေျပေသးလို႔ ျဖစ္မွာေပါ့.. ...''
႐ႈလန္ ပုခံုးတြန္႔လိုက္ၿပီး ဆိုဖာေအာက္ေျခကို မွီလိုက္သည္။
"တစ္ေယာက္ေယာက္ကို ေစာင့္ရတာ အရမ္းကို ခက္ခဲတာပဲ.....ဒါေပမယ့္ ေစာင့္ရမလား...
ေမ့ပစ္ရမလား မသိတာက ပိုနာက်င္တယ္...!''
လုခ်င္းယီ ....ၾကမ္းျပင္ေပၚလွဲခ်လိုက္ၿပီး သူမရဲ႕ ေခါင္းကို ႐ႈလန္ရဲ႕ ေပါင္ေပၚတင္လိုက္သည္။
႐ႈလန္ကို မေတြ႔ရတာ လနဲ႔ခ်ီၾကာၿပီပဲ.....
ရွုလန္ အခုလို ဝမ္းနည္းေနတာကို ျမင္ရတာ သူမအတြက္ ပထမဆံုး အႀကိမ္ပင္။
" အခ်စ္နာ က်ေနတာ...! '' လုခ်င္းရီ ေျပာလာ၏။
" အင္း....၊အခ်စ္နာ က်ေနတယ္...'' ႐ႈလန္ ေထာက္ခံလာသည္။
" ေဟး... ၊ကုန္းယီကြၽင္းက အန္ကယ္ရဲ႕ စာအုပ္ကို ျပန္မေပးေတာ့ဘူးလို႔ ထင္လား...?''
လုခ်င္းယီ..မ်က္ႏွာမဲ့လာသည္။ ျပန္ေပးမယ္လို႔လည္း သူမလံုးဝ မေမ်ွာ္လင့္ထားဘူးေလ။
အခု....ယီကြၽင္း အေမရဲ႕ဆိုင္လည္း ေရာင္းမေကာင္းေတာ့ၿပီ...၊
အရင္တုန္းက လုခ်င္းယီရဲ႕ အခန္းထဲမွာ သူမအေဖရဲ႕ စာအုပ္ကို ကုန္းယီကြၽင္းေတြ႔သြားျပီး သူမမွာ ခြင့္ျပဳခ်က္ မေတာင္းဘဲ ယူသြားခဲ့သည္။
သူမျပန္ေတာင္းေပမယ့္ သူကမေပးခဲ့ေပ။
အဲ့ဒီအစား သူ႔အေမရဲ႕ ဆိုင္မွာ အလုပ္အပ္ခဲ့သည္ေလ။
" ညီမေတာ့ မထင္ဘူး...၊ သူယူသြားတာ သံုးႏွစ္ေတာင္႐ွိၿပီ....အဲ့ဒီကတည္းက စာအုပ္ကို ျပန္မေတြ႔ရေတာ့ဘူး....''
လုခ်င္းယီ ျပန္ေျဖလာ၏။
"ဘာ...၊ စိတ္ပ်က္စရာေကာင္းလိုက္တာ...
ငါက အန္ကယ့္ရဲ႕ လက္ရာ အခ်ိဳပြဲကို စားခ်င္ေနတာ...မစားရတာေတာင္ၾကာၿပီ...''
႐ႈလန္က Milktea ရဲ႕ အေမြးေလးေတြကိုကိုင္ထားၿပီး ႏႈတ္ခမ္းစူေန၏။
" ငါတို႔ကို အုန္းႏို႔နဲ႔ ငွက္ေပ်ာသီးေရာက်ိဳတဲ့ အခ်ိဳပြဲ ကို သင္ေပးထားတယ္မလား...?''
လုခ်င္းယီ ေမးလာ၏။
" အဲ့တာက အေျခ ခံပဲေလ...ခ်င္းယီ...
ဒါေပမယ့္ နင္နဲ႔ အန္ကယ္ရဲ႕ လက္ရာကိုေတာ့
ဘယ္ယွဥ္ႏိုင္မလဲ...! အခု ငါ့ကို တစ္ခုခု လုပ္ေကြၽးပါလား...''
႐ႈလန္က ခ်င္းယီရဲ႕ ပုခံုးကို ခါလိုက္ၿပီး ထဖို႔ေတာင္းဆိုေနသည္။
"ဘာ..? အခုလား..? ဒါေပမယ့္ အခုပဲ ပီဇာ တစ္ဘူး စားၿပီးၿပီေလ....''
႐ႈလန္က ခ်င္းယီကို အတင္း မီးဖိုေခ်ာင္ဆီ ေခၚလာခဲ့သည္။ သူမတို႔ ႏွစ္ေယာက္လံုး လက္ကို ေဆးလိုက္ၿပီး စတင္ ျပင္ဆင္ေတာ့သည္။
"ေတာ္ေသးတယ္... မဒမ္ဂ်င္ ေစ်းသြားထားလို႔
ေရခဲေသတၱာထဲမွာ အုန္းႏို႔ဘူးေတြ ႐ွိေနတယ္...''
လုခ်င္းယီေျပာၿပီး ခ်က္ဖို႔ လုပ္ေနတုန္း...
႐ႈလန္က ေရခဲေသတၱာဖြင့္ၿပီး ငွက္ေပ်ာသီးေတြ စားေန၏။
" ငါ..နင့္ကို ကူညီမယ္ေလ... နင္ အုန္းႏို႔အိုးတည္ထားတုန္း ငါ... ငွက္ေပ်ာသီး လွီးထားလိုက္မယ္..၊ နင္ သၾကားထည့္ခါနီး ေျပာအံုး...နင္ဘယ္ေလာက္ထည့္လဲဆိုတာ ၾကည့္မလို႔...''
" ငွက္ေပ်ာသီးက ႏွစ္လံုးပဲလိုတယ္...
႐ႈလန္ ......အဲ့ႏွစ္လံုးကို မစားလိုက္နဲ႔အံုး...''
လုခ်င္းယီ....ဒယ္အိုးထဲကို အုန္းႏို႔တစ္ခြက္ ေလာင္းထည့္လိုက္ၿပီး ဆူေအာင္တည္ထား၏။
အုန္းႏို႔ဆူေတာ့ ႐ႈလန္ကို ေခၚလိုက္ၿပီး သၾကားထည့္ဖို႔ ျပင္လိုက္သည္။
" ဘယ္ႏွစ္ဇြန္း ထည့္ရမလဲ မသိဘူး... ၊႐ႈလန္..
အေဖေျပာတာေတာ့ အုန္းႏို႔ တစ္ပန္းကန္ဆိုရင္
သၾကားႏွစ္ဇြန္းေလာက္ ထည့္ရမယ္တဲ့...
အစ္မေရာ သိလား..?''
လု႐ႈလန္ ေခါင္းကုပ္လိုက္ၿပီး ရယ္လာ၏။
သူမခ်က္ရင္ ဘယ္ေတာ့မွ မတိုင္းတာဘဲ ဒီတိုင္းထည့္လိုက္တာပဲ...
" ငါလည္း မသိဘူး...''
..........
လုခ်င္းယီ..... အုန္းႏို႔ပူပူထဲကို ငွက္ေပ်ာသီး ထည့္လိုက္ၿပီး သၾကားႏွစ္ဇြန္းထည့္ကာ ေမႊေန၏။
လု႐ႈလန္က ပန္းကန္လံုးေလးေတြကို ကမ္းေပးလိုက္ၿပီး...
" ဟိတ္..ခ်င္းယီ...၊ ငါ..အံျသေနတာကေလ..
နင္....ေစ႔စပ္ထားတဲ႔သူနဲ႔ အျမဲ ေတြ႔ေနခဲ့တာလား...''လု႐ႈလန္ ေမးလာ၏။
ခ်င္းယီက မီးဖိုကိုပိတ္ၿပီး ႐ႈလန္ဆီကို ၾကည့္လိုက္သည္။ ႐ႈလန္ကေတာ့ သူမရဲ႕အႀကိဳက္ဆံုး အခ်ိဳပြဲကို ၿမိန္ေရ႐ွက္ေရ စားေန၏။ အေဖ႐ွိတုန္းက ႐ႈလန္ကို အျမဲလုပ္ေကြၽးသည္ေလ။
" ဘယ္သူနဲ႔ ေစ့စပ္ထားတဲ့သူလဲ...?''
႐ွန္းရီက နက္ကတိုင္ကို ျဖည္ရင္း မီးဖိုေခ်ာင္ထဲ
ဝင္လာသည္။ မီးဖိုေခ်ာင္ထဲက အုန္းႏို႔နံ ့ေတြက သူ႔ကို ဆြဲေဆာင္ေနေလ၏။ သူ႔ရဲ႕ ဇနီးေလးကေတာ့ အရသာ႐ွိတာေတြ ခ်က္ထားျပန္ၿပီ......
Unicode.........
၃၆။ ရှုလန် အကြိုက်ဆုံး အချိုပွဲ...
" ချင်းယီ...၊ နင် အရမ်း ကံကောင်းတာပဲ...''
လုရှုလန် ပြောပြီး ခါးသီးစွာ ပြုံးလိုက်သည်။
လုချင်းယီ...သူ့အစ်မကို လှည့် ကြည့်လိုက်၏။ ရှုလန်ကို ကြည့်ရတာ ဝမ်းနည်းနေသလိုပဲ....
သူမမှာ ဘာပြဿနာ ရှိနေတာလဲ...?
ရှန်းရီက သူမနဲ့ ရှုလန်ကို အိမ်ကို ပြန်ပို့ပေးပြီး ကုမ္ပဏီကို ပြန်သွား၏၊ သူမရဲ့ကားကိုလည်း အလုပ်သမားတစ်ယောက်ကို လာပို့ခိုင်းထား၏။
"ဘာဖြစ်လို့လဲ...?''
လုချင်းယီ မေးလိုက်၏။ သူမက ကြမ်းပြင်မှာထိုင်ကာ ခွေးနှစ်ကောင်နဲ့ဆော့နေပြီး ရှုလန်ကတော့ ဆိုဖာမှာ ထိုင်ကာ လက်ဖက်ရည်သောက်နေ၏။
" ရှန်းရီက နင့်ကို အရမ်းဂရုစိုက်တယ်လေ...၊
ငါလည်း အဲ့လိုဖြစ်ချင်လိုက်တာ....''
ရှုလန် သက်ပြင်းချလိုက်သည်။
" ငါ့ရဲ့ မင်းသားလေးကို ဘယ်တော့များမှ တွေ့ရမှာလဲ...!''
" နိုင်ငံD မှာ ဘာဖြစ်ခဲ့လို့လဲ....''
လုချင်းယီက Mallowရဲ့ ခေါင်းကို ပွတ်သပ်ရင်းပြောလိုက်၏။
" မဟုတ်ပါဘူး....ငါတို့ အတူမရှိခဲ့ဘူး....''
ရှုလန်က စားပွဲပေါ်မှာ ဖန်ခွက်ချရင်း ရယ်လိုက်သည်။
" ဒါပေမယ့် အစ်မတို့ အလုပ်အတူတူ လုပ်နေတယ်မလား...''
ရှုလန်က အလုပ်မှာ တစ်ယောက်ယောက်ကို
ကြိတ်ချစ်နေတယ်လို့ ပြောတာ ကြားဖူးသည်။
"ချင်းယီ....၊ယောကျၤားတွေကနော် တကယ်ကို ဉာဏ်များတယ်.....''
ရှုလန်က ကြမ်းပြင်ပေါ်မှာ လာထိုင်ပြီး Milkteaနဲ့ လာဆော့၏။ (ချင်းချင်းရဲ့ ဘေဘီလေးတွေနာမည်က မိုက်တယ်နော်...
Milktea နဲ့ Mallowတဲ့)
" ဘာလဲ...? သူက အစ်မကို လှည့်စားသွားလို့လား....?''
" ဟဲ့... ဘာဇာတ်လမ်းမှတောင် မဖြစ်ရသေးဘူး... ဘာကို လှည့်စားမှာလဲ...?''
ရှုလန်က ချင်းယီဆီကို ရေပုလင်းကမ်းပေးလိုက်သည်။ ထို့နောက် ချင်းယီက ခွေးလေးတွေရဲ့ ပန်းကန်လုံးထဲကို ရေထည့်ပေးလိုက်၏။
" သူ ဖွင့်ပြောဖို့ အဆင်မပြေသေးလို့ ဖြစ်မှာပေါ့.. ...''
ရှုလန် ပုခုံးတွန့်လိုက်ပြီး ဆိုဖာအောက်ခြေကို မှီလိုက်သည်။
"တစ်ယောက်ယောက်ကို စောင့်ရတာ အရမ်းကို ခက်ခဲတာပဲ.....ဒါပေမယ့် စောင့်ရမလား...
မေ့ပစ်ရမလား မသိတာက ပိုနာကျင်တယ်...!''
လုချင်းယီ ....ကြမ်းပြင်ပေါ်လှဲချလိုက်ပြီး သူမရဲ့ ခေါင်းကို ရှုလန်ရဲ့ ပေါင်ပေါ်တင်လိုက်သည်။
ရှုလန်ကို မတွေ့ရတာ လနဲ့ချီကြာပြီပဲ.....
ရှုလန် အခုလို ဝမ်းနည်းနေတာကို မြင်ရတာ သူမအတွက် ပထမဆုံး အကြိမ်ပင်။
" အချစ်နာ ကျနေတာ...! '' လုချင်းယီ ပြောလာ၏။
" အင်း....၊အချစ်နာ ကျနေတယ်...'' ရှုလန် ထောက်ခံလာသည်။
" ဟေး... ၊ကုန်းယီကျွင်းက အန်ကယ်ရဲ့ စာအုပ်ကို ပြန်မပေးတော့ဘူးလို့ ထင်လား...?''
လုချင်းယီ..မျက်နှာမဲ့လာသည်။ ပြန်ပေးမယ်လို့လည်း သူမလုံးဝ မမျှော်လင့်ထားဘူးလေ။
အခု....ယီကျွင်း အမေရဲ့ဆိုင်လည်း ရောင်းမကောင်းတော့ပြီ...၊
အရင်တုန်းက လုချင်းယီရဲ့ အခန်းထဲမှာ သူမအဖေရဲ့ စာအုပ်ကို ကုန်းယီကျွင်းတွေ့သွားပြီး သူမမှာ ခွင့်ပြုချက် မတောင်းဘဲ ယူသွားခဲ့သည်။
သူမပြန်တောင်းပေမယ့် သူကမပေးခဲ့ပေ။
အဲ့ဒီအစား သူ့အမေရဲ့ ဆိုင်မှာ အလုပ်အပ်ခဲ့သည်လေ။
" ညီမတော့ မထင်ဘူး...၊ သူယူသွားတာ သုံးနှစ်တောင်ရှိပြီ....အဲ့ဒီကတည်းက စာအုပ်ကို ပြန်မတွေ့ရတော့ဘူး....''
လုချင်းယီ ပြန်ဖြေလာ၏။
"ဘာ...၊ စိတ်ပျက်စရာကောင်းလိုက်တာ...
ငါက အန်ကယ့်ရဲ့ လက်ရာ အချိုပွဲကို စားချင်နေတာ...မစားရတာတောင်ကြာပြီ...''
ရှုလန်က Milktea ရဲ့ အမွေးလေးတွေကိုကိုင်ထားပြီး နှုတ်ခမ်းစူနေ၏။
" ငါတို့ကို အုန်းနို့နဲ့ ငှက်ပျောသီးရောကျိုတဲ့ အချိုပွဲ ကို သင်ပေးထားတယ်မလား...?''
လုချင်းယီ မေးလာ၏။
" အဲ့တာက အခြေ ခံပဲလေ...ချင်းယီ...
ဒါပေမယ့် နင်နဲ့ အန်ကယ်ရဲ့ လက်ရာကိုတော့
ဘယ်ယှဉ်နိုင်မလဲ...! အခု ငါ့ကို တစ်ခုခု လုပ်ကျွေးပါလား...''
ရှုလန်က ချင်းယီရဲ့ ပုခုံးကို ခါလိုက်ပြီး ထဖို့တောင်းဆိုနေသည်။
"ဘာ..? အခုလား..? ဒါပေမယ့် အခုပဲ ပီဇာ တစ်ဘူး စားပြီးပြီလေ....''
ရှုလန်က ချင်းယီကို အတင်း မီးဖိုချောင်ဆီ ခေါ်လာခဲ့သည်။ သူမတို့ နှစ်ယောက်လုံး လက်ကို ဆေးလိုက်ပြီး စတင် ပြင်ဆင်တော့သည်။
"တော်သေးတယ်... မဒမ်ဂျင် ဈေးသွားထားလို့
ရေခဲသေတ္တာထဲမှာ အုန်းနို့ဘူးတွေ ရှိနေတယ်...''
လုချင်းယီပြောပြီး ချက်ဖို့ လုပ်နေတုန်း...
ရှုလန်က ရေခဲသေတ္တာဖွင့်ပြီး ငှက်ပျောသီးတွေ စားနေ၏။
" ငါ..နင့်ကို ကူညီမယ်လေ... နင် အုန်းနို့အိုးတည်ထားတုန်း ငါ... ငှက်ပျောသီး လှီးထားလိုက်မယ်..၊ နင် သကြားထည့်ခါနီး ပြောအုံး...နင်ဘယ်လောက်ထည့်လဲဆိုတာ ကြည့်မလို့...''
" ငှက်ပျောသီးက နှစ်လုံးပဲလိုတယ်...
ရှုလန် ......အဲ့နှစ်လုံးကို မစားလိုက်နဲ့အုံး...''
လုချင်းယီ....ဒယ်အိုးထဲကို အုန်းနို့တစ်ခွက် လောင်းထည့်လိုက်ပြီး ဆူအောင်တည်ထား၏။
အုန်းနို့ဆူတော့ ရှုလန်ကို ခေါ်လိုက်ပြီး သကြားထည့်ဖို့ ပြင်လိုက်သည်။
" ဘယ်နှစ်ဇွန်း ထည့်ရမလဲ မသိဘူး... ၊ရှုလန်..
အဖေပြောတာတော့ အုန်းနို့ တစ်ပန်းကန်ဆိုရင်
သကြားနှစ်ဇွန်းလောက် ထည့်ရမယ်တဲ့...
အစ်မရော သိလား..?''
လုရှုလန် ခေါင်းကုပ်လိုက်ပြီး ရယ်လာ၏။
သူမချက်ရင် ဘယ်တော့မှ မတိုင်းတာဘဲ ဒီတိုင်းထည့်လိုက်တာပဲ...
" ငါလည်း မသိဘူး...''
..........
လုချင်းယီ..... အုန်းနို့ပူပူထဲကို ငှက်ပျောသီး ထည့်လိုက်ပြီး သကြားနှစ်ဇွန်းထည့်ကာ မွှေနေ၏။
လုရှုလန်က ပန်းကန်လုံးလေးတွေကို ကမ်းပေးလိုက်ပြီး...
" ဟိတ်..ချင်းယီ...၊ ငါ..အံသြနေတာကလေ..
နင်....စေ့စပ်ထားတဲ့သူနဲ့ အမြဲ တွေ့နေခဲ့တာလား...''လုရှုလန် မေးလာ၏။
ချင်းယီက မီးဖိုကိုပိတ်ပြီး ရှုလန်ဆီကို ကြည့်လိုက်သည်။ ရှုလန်ကတော့ သူမရဲ့အကြိုက်ဆုံး အချိုပွဲကို မြိန်ရေရှက်ရေ စားနေ၏။ အဖေရှိတုန်းက ရှုလန်ကို အမြဲလုပ်ကျွေးသည်လေ။
" ဘယ်သူနဲ့ စေ့စပ်ထားတဲ့သူလဲ...?''
ရှန်းရီက နက်ကတိုင်ကို ဖြည်ရင်း မီးဖိုချောင်ထဲ
ဝင်လာသည်။ မီးဖိုချောင်ထဲက အုန်းနို့နံ ့တွေက သူ့ကို ဆွဲဆောင်နေလေ၏။ သူ့ရဲ့ ဇနီးလေးကတော့ အရသာရှိတာတွေ ချက်ထားပြန်ပြီ......