"ဟူးးးးးး ပျင်းတာကွာ"
"ပျင်းရင် ဂျုံအင့်အိမ်ရှေ့သွားရအောင်လေ ယောက်ဖကြီး"
ချန်းယောလ်တို့ ဘူချွန်ရောက်တာ ၃လကျော်လောက်ရှိခဲ့ပြီ တရွာလုံးက ကလေးတွေနဲ့လဲငယ်ပေါင်းကြီးဖော်တွေလိုပင် ငယ်ငယ်ကတည်းကတယောက်ထဲဆိုတော့ အင်းးးအဖေ့နောက်မိန်းမနဲ့ရတဲ့ညီမလေး ကိုယ်ကသာညီမလေးလို့သတ်မှတ်တာပါ သူရှိပေမဲ့လဲ ကိုယ်ကအိမ်မှာဆို တယောက်တည်းအဖော်မဲ့နေခဲ့ရတော့ အခုချန်းယောလ်ကအိမ်မှာလဲဘာမှမလုပ်ခိုင်း သူ့လယ်လဲမလိုက်ခိုင်းနဲ့ ကိုယ့်မှာဆယ်ဟွန်းနဲ့အလေလိုက်ရင်း အတော်ကိုကလေးတွေနဲ့အပြိုင်ကမျဉ်းတတ်နေပြီ အရင်ကပွေလီရှုပ်တဲ့ပါရမီနဲ့ပေါင်းလိုက်တော့ပိုဆိုး
"ဟာ မသွားချင်ပါဘူးကွာ သူ့မြင်ရင်ငါပိုပျင်းတယ် မင်းကောင်ကအချိန်တိုင်းအိပ်နေတာ"
"ဟာဗျာ အာ့တာချစ်ဖို့ကောင်းတာဗျ မျက်လုံးလေးဖောင်းပြီး နှုတ်ခမ်းလေးစူနေတာ ဘယ်လောက်ချစ်ဖို့ကောင်းလဲ"
အာ့ဆယ်ဟွန်းဆိုတဲ့ကောင်ကလည်း တကယ့်ဘယ်လိုကောင်လဲမသိ တနေ့တနေ့မနက်မောင်လယ်ထဲသွားရင်သူကလာခေါ်ပြီ ရွာထဲကလေးတွေနဲ့စုံအောင်ကစား ကစားလို့ဝရင်ကိုယ်တော်က သူ့ချစ်ချစ်ကြီးအိမ်ရှေ့မယောင်မလည်သွားသွားလုပ်ချင်တာ ဟိုကလည်းသိပ်နိုးကြားတာ သူ့ပွေ့ပြေးတောင်သိမှာမဟုတ်ဘူး သွားလိုက်တိုင်းသူတို့ခြံထဲကအပင်အောက်ကကွပ်ပျစ်မှာ ကုလားသေ ကုလားမော အိပ်နေလိုက်တာ မသိရင် ဘဝအဆက်ဆက်က မအိပ်ခဲ့ရတဲ့လူလိုမျိုး
ဒါကိုဒီကောင်က သွားသွားချောင်းနေတာ ကြာတော့ ကိုယ်ကပါ သူ့ကောင်အိပ်တာလိုက်လိုက်ကြည့်နေရသလိုပင်
"ချစ်ဖို့ကောင်းလဲ ဒီနေ့တော့မသွားကြပါနဲ့စို့ကွာနော်"
"ဟုတ်ပါပြီ ဒါဆိုဘာလုပ်ကြမလဲ ကျနော်တို့ ကလေးတွေကလည်းပြန်သွားပြီ ဟူးးးး ကလေးမကျလူကြီးမကျနဲ့ ဘဝကြီးကဗျာ"
"အမလေး ငါ့လည်းညည်းဖို့ထားပါဦး"
ဟုတ်တယ်လေ ၁၅နှစ်ကညည်းနေ ဒီက၂၀ကျော်ကြီးက ကလေးတွေနဲ့ပြိုင်ဆော့နေရတာကို သဘောကျနေတာကို
"ကိုကြီးဘတ် ကိုကြီးဆယ် ကူပါဦးဗျ ကိုကြီးဘတ်"
"ဟေ့ ခွေးပေါက် ဘာလဲ"
ဆယ်ဟွန်းနဲ့အတူ ထိုင်စကားပေါနေတဲ့ညောင်ပင်အောက်ကို ခုန ပြန်မယ်လို့ပြောပြီးနှုတ်ဆက်သွားတဲ့ထဲက ခွေးပေါက်နဲ့တူလို့ ခွေးပေါက်လို့နာမည်ပေးထားတဲ့ကောင်လေးက အော်လို့ပြေးလာသည်
"ဟူးးးတော်သေးတယ် ကိုကြီးတို့မရှိတော့ဘူးလားလို့"
"ဘာလဲ မင်းကအလန့်တကြားနဲ့"
"ဟိုဗျာ ကျနော်ဟိုဘက်ရပ်ကွက်က ကွက်ကျော်မလေ သူ့ကိုကြိုက်နေတာ"
ကလေးက ရှိလှမှ၁၂နှစ်သာသာ ကိုချစ်တာတွေကြိုက်တာတွေလာပြောနေတော့ ဘတ်ဟျွန်းတောင်အကြောင်သားနဲ့ပင်
"ဆက်ပြောပါဦး"
ဆယ်ဟွန်းကတော့ စိတ်ဝင်တစားနဲ့မေးနေသည်
"အာ့ သူကဒီနေ့သူ့အမေနဲ့ရွာကိုလာမှာ သူ့အမေနဲ့ဒီလာတုန်းလေး ကျနော်စာပေးချင်လို့ "
"အာ့တော့ "
"အာ့တော့ ကျနော်ကစာမရေးတတ်ဘူးလေ အာ့တာ ကိုကြီးတို့ရေးပေးပါလားလို့"
"အာ့ဆို ယောက်ဖကြီး ယောက်ဖကြီးရေးပေးလိုက်"
"ဟမ်"
"ယောက်ဖကြီးက ဘွဲ့ရတော့မှာမို့လား တော်မှာပါ ရေးပေးလိုက်စမ်းပါ့ "
"ရေးပေးတာတော့ ဟုတ်ပါပြီ မိသွားရင်ကော"
"အမလေး ကျနော့်တာဝန်ထား ရေးပေးလိုက်ပါ"
ကျောင်းတုန်းကလည်းသူများအချစ်ရေးမြှားနတ်မောင်လုပ်ဝင်ရှုပ် ကြုံရင်ကြုံသလိုကြားကနေပေးခဲ့ပေမယ့် အခုဟာက ကလေးတွေ အသက်ကလည်းမပြည့်ကြသေးဘူး
"အေးလေ မုန်းတာမှမဟုတ်တာ ချစ်တာပဲအကိုအားပေးတယ် ရေးပေးမယ် ပေးး"
အခုမှ ခွေးပေါက်က မျက်လုံးတွေအရောင်လဲ့ကာ စာရွက်နဲ့ဘောပင်ကိုထိုးပေးလာသည်
"ကဲ ရေးပြီနော် အကို့စိတ်ကြိုက်ပဲရေးပေးလိုက်မယ်"
"ဟုတ် ကျေးဇူးကိုကြီးတို့"
*********************
"ချန်းယောလ် ပတ်ချန်းယောလ် "
ညနေစောင်း ရေချိုးပြီးကာစ မောင်နဲ့အတူ ထမင်းစားအပြီး အကြမ်းရည် ထိုင်သောက်နေကြတုန်း အော်ကြီးဟစ်ကျယ်နဲ့ခြံထဲဝင်လာသောမိန်းမကြီး
"ဟာ အရီးယောင် ညနေစောင်းကြီး ဘာလာလုပ်တာလဲဗျ"
"ဒီမှာ ဒီကိစ္စလာရှင်းတာ"
ထိုးပေးလာတဲ့စာရွက်ခေါက်ကိုချန်းယောလ်က မသိသလိုနဲ့ယူကြည့်နေပေမဲ့
သိပြီးသားဘတ်ဟျွန်းတို့ကတော့ တုန်လှုပ်နေပြီ
မိန်းမကြီးကလဲ ခါးထောက်ကာ စာရွက်ကိုဖြေဖတ်နေတဲ့ချန်းယောလ်ထက် ဘတ်ဟျွန်းကိုသာ စူးစိုက်ကြည့်နေသည်
"ဒါ ဒါက"
"အေး အာ့တာ နင်းယောကျ်ားက ရေးပေးတာတဲ့ဟဲ့ နင့်ယောကျ်ားရေးထားတာ"
"ဟို ဟို မဟုတ်ပါဘူး အာ့ ဆယ်ဟွန်းနဲ့ခွေးပေါက်ရေးခိုင်းလို့"
"ငါဘာမှမသိချင်ဘူး ဒီမယ် နင်အသက်ကြီးနေပြီ ဦးနှောက်မရှိဘူးလား ဟမ် ကလေးတွေငယ်သေးတာကို နင်ကမြှောက်ပေးနေတာလား ဟမ်"
တော်တော်စိတ်တိုနေတဲ့မိန်းမကြီးက လက်ညိုးငေါက်ငေါက်ထိုးကာအော်ဟစ်နေတာမို့ အိမ်နီးချင်းတွေကပါ ဝိုင်းကြည့်လာကြသည် ချန်းယောလ်ကလည်းမျက်မှောင်ကြီးကုပ်ကာ ကြည့်လာတာမို့ ဘာကိုရှင်းပြပြီးပြောရမလဲတောင်မသိ
အမေကလည်း မီးဖိုခန်းထဲနောက်ရက်အတွက်ပြင်နေရင်းကနေ ထွက်လာကာ ကိုယ့်ကို ဘေးကနေအသာလေးထွေးဖက်ထားပေးပြီး
"ယောင် ရယ် ညည်းမလည်း အချင်းချင်းကို ဒီလိုအော်ဟစ်နေစရာမလိုပါဘူးအေ ငါ့သမက်လေးမှားတယ်ဆိုရင်လည်းတောင်းပန်တယ် ဟုတ်ပြီလား"
"တကယ်ပဲ ဘယ်လိုလူတွေလဲမသိဘူး ဒီမယ် အမသမက်က ကျပ်ကောပြည့်ရဲ့လားဟမ် နောက်ခါဆိုကျမအဆိုးမဆိုနဲ့နော် ဆယ်ဟွန်းနဲ့သူ့ကို နောက်တကြိမ်ရှိလာရင် ရွာလူကြီးနဲ့ကိုတိုင်မယ်"
"အေးပါအေ ငါပဲတောင်းပန်ပါတယ် ငါ့သမက်လေးက မသိလို့ပါ ကျေနပ်လိုက်ပါတော့ ဟုတ်ပြီလား"
"တကယ်ပဲ ဘယ်လိုကောင်မျိုးတွေနဲ့လာတွေ့နေမှန်းကိုမသိဘူး"
မကျေမနပ်ပြောကာထွက်သွားတဲ့မိန်းမကြီးကိုကြည့်ရင်းနဲ့မှပဲ သက်ပြင်းချလိုက်မိသည် တကယ်ပဲအာ့လိုသူစိမ်းကအော်တာမခံဘူးတော့လက်ဖျားတွေကိုအေးစိမ့်သွားတာပဲ
"ရှင်းစမ်းပါ့ဦး ဒါက"
တယောက်ပြီးသွားပြန်တော့လည်း လင်တော်မောင်က စာရွက်ခေါက်ကိုစားပွဲပေါ်ပစ်လိုက်ကာ မျက်နှာတည်ကြီးနဲ့မေးလာတော့ အမေက
"သားရယ် ကလေးပဲ"
"ဘာကလေးလဲအမေရာ သားနဲ့ရွယ်တူပဲကို"
"မတူဘူးလေ သားရယ် သမက်လေးက"
"အမေ ဒါက သားတို့လင်လင်ပဲပြောရမယ့်ကိစ္စဖြစ်သွားပြီ အာ့တော့အမေသွားနားလိုက်တော့စောစော"
ချန်းယောလ်အပြောကြောင့် အမေကလည်းကျနော့်လက်ကိုအသာဆုပ်ကာ သက်ပြင်းချပြီး ထွက်သွားတော့သည်
"ကဲပြော "
"ဟိုလေ မောင်ရယ် ဒီလိုပါ"
ဆက်ပြောဆိုတဲ့ပုံစံမျိုးနဲ့ကြည့်နေတဲ့ချန်းယောလ်ကြောင့် ဘတ်ဟျွန်းတံတွေးပင်မျိုချမိသည်
"ဟို သူက ရေးခိုင်းလို့ အာ့"
"ရေးပေးလိုက်တယ်ပေါ့ ဟုတ်လား"
"အွမ်း"
"ဘာတဲ့ ရေးထားတာလေးက ပန်းကလေးလိုလှတဲ့ကွက်ကျော်မရယ် နင်ရယ်ငါရယ်အိမ်ထောင်ပြုရင် ငါကအိမ်ထောင်ဦးစီးလုပ်မယ်နော် နင်က ကလေးမွေး ထမင်းချက် အာ့ဆို ငါတို့ကမိသားစုဖြစ်သွားပြီ ဘဝကြီးကပျော်စရာကောင်းအောင် ငါလုပ်ပေးမယ် အယ်လဲ့ တယ်ဆိုတဲ့စာပါလားဟမ်"
"တော် တော်ပါတော့ ထပ်မဖတ်ပါနဲ့တော့နော် မောင်"
"ကြားရတာတောင် နားကလောတဲ့စာတွေ ဘယ်လိုဦးနှောက်ကြီးနဲ့ရေးပေးလိုက်တာလဲဟမ်"
"ဟို ဒီဒီလိုပဲ ရေးလိုက်တာ တောင်းပန်ပါတယ်နော် မောင် နော် တောင်းပန်ပါတယ်"
ကိုယ်ထိုင်နေတဲ့အနားကို အတင်းအပြေးလာတိုးထိုင်ကာ ပါပီမျက်လုံးတွေနဲ့တောင်းပန်နေတဲ့ ငရှုပ်ကို တွန်းလွှတ်လိုက်ကာ
"တနေ့တနေ့ ကလေးတွေနဲ့ကစားမယ် ဒါတွေငါမပြောဘူး မင်းကအားနေတာပဲဆော့ပေါ့ ဒါပေမဲ့အခုလိုကိစ္စကတော်တော်လွန်သွားပြီ ကလေးတွေကိုမင်းကလမ်းလွဲအောင်လုပ်နေတာပဲ မင်းမှာဦးနှောက်မရှိတာပဲ "
"တောင်းပန်ပါတယ် မောင်ရယ် နောက်အာ့လိုတွေမှာဝင်မရှုပ်မိအောင်နေပါ့မယ်နော်"
"တော်ပြီ ဘာမှမကြားချင်ဘူး နောက်ရက် မင်းအားယားနေမဲ့အစား လယ်လိုက်လုပ်ရမယ် သနားလို့လွှတ်ပေးထားတာကို"
ချန်းယောလ်က လယ်လိုက်ရမယ်ပြောတော့ ဘတ်ဟျွန်းက ခုနကလို တောင်းပန်ကာချန်းယောလ်စိတ်ဆိုးမှာကြောက်နေတဲ့ပုံစံမဟုတ်တော့ မျက်လုံးတွေဆိုတာတောက်ထွက်လာလိုက်တာ
"တကယ်လိုက်ရမှာလား တကယ်လား ဟုတ်လား မောင်"
"ဟုတ်တယ် လိုက်ရမယ် အားအားယားယားလိုက်ခိုင်းတာမဟုတ်ဘူးနော် လယ်စိုက်လိုက်ရမှာ မလိုက်ချင်ရင်အခုချက်ချင်းအထုပ်ဆွဲပြီးမင်းအိမ်မင်းပြန်"
"ဟင့်အင် ဟင့်အင် လိုက်မှာနော် လိုက်မှာသိလား "
အပေါ်ထပ်ကအိပ်ခန်းဆီ ရှေ့ကနေတက်သွားတဲ့ချန်းယောလ်နောက်ကို ဘတ်ဟျွန်းနောက်ကနေထပ်ကြပ်မကွာလိုက်ကာ နက်ဖန် လယ်ထဲ လိုက်မယ့်အကြောင်းသာ ထပ်တလဲလဲလိုက်ပြောနေတော့သည်
***********************
TBC
Love u all💛