"အမေ သားလုပ်လိုက်ပါ့မယ် ဖယ်ဖယ်"
ဘယ်ကတည်းကချောင်းနေလည်းမသိ မနက်အစောကြီး ထပြီးချက်ပြုတ်နေတာကို မနေ့ကသားနဲ့ပါလာတဲ့အကောင်ပေါက်လေးက လာကူနေပြန်သည်
"အမေ သွားပါ သားကြက်ဥတော့ကြော်တတ်ပါတယ် အိမ်ရှေ့မှာအေးဆေးထိုင်နေ အမေကထမင်းကြော်ထားတော့ပင်ပန်းနေမှာကို သားပဲကြက်ဥကြော်လိုက်မယ်"
ရမ်းခါနေအောင်စကားကိုသွက်သွက်ပြောပြီး ကြက်ဥကြော်ဖို့လုပ်နေတဲ့ကောင်လေးကြောင့် ကိုယ်ကပဲအိမ်ရှေ့ထွက်ကာသူ့သဘောအတိုင်းထိုင်နေလိုက်ရတော့သည်
"ရပြီအမေရပြီ ဟီးဟီးးး"
ပြုံးနေကြအပြုံးနဲ့ သမက်ဖြစ်သူက ကြက်ဥကြော်ပန်းကန်ကိုလာချပေးလို့ကြည့်လိုက်တော့
ကြက်ဥကြော်ကသာမန်မဟုတ် ဟိုတစဒီတစနဲ့မသိရင်အဝါရောင်အ၀တ်စတွေကိုက်ထားသလိုလိုပင်
"အမေ မြည်းကြည့်လေ ဘယ်လိုလဲ"
"ဟမ် အင်းပါသားလေးရယ်"
ကြက်ဥကိုဘယ်လိုလုပ်လိုက်လဲမသိ ဖော့တုံးဝါးနေရတာလိုလို ပေါ့ပျက်ပျက်နဲ့
"ကောင်းတယ်မို့လား ဟင် အမေ အမေလို့"
"ကောင်း ကောင်းတာပေါ့ သားလေးရဲ့ ကောင်းတယ်"
အိမ်ကရေခဲတုံး ပတ်ကြီးနိုးလာရင် အအော်ခံရမယ့် ကလေးအဖြစ်ကိုတွေးကာပူမိသည် သားကကြက်ဥဆိုသေချာအရသာခံကာကိုယ်အမေဖြစ်တဲ့သူတောင်တခါတခါပွစိပွစိပြောတတ်တဲ့သူမျိုး
"ဟီးးတော်သေးတယ် အမေကြိုက်လို့ နောက်နေ့တွေ သားက အလန်းစားပုံစံအသစ်တွေနဲ့ထပ်ကြော်ပြမယ်နော်"
"အေး အေးပါကွယ်"
"အာ့ဆို အမေစားနှင့်လေ သားကမောင့်ကိုသွားနှိုးလိုက်ဦးမယ်"
"အေးအေး သား"
အိမ်ပေါ်ထပ်ကိုချော်လဲကျမတတ် အမြန်ကြီးပြေးတက်သွားပြီး ခနနေပြန်တော့လည်းအမြန်ကြီးပြေးဆင်းလာပြန်သည်
"မောင် မောင် မရှိတော့ဘူး အမေရေ ဟင့် ဘယ်လိုလုပ်ကြမလဲလို့ ဟင့်"
"ရှိမှာပါသားရယ်"
"ဟင့်အမေကလည်းမရှိပါဘူးဆိုနေ မောင် ထွက်သွားပြီထင်တယ် အမေရဲ့လုပ်ပါဦး ဟီးအီးးးးးဟင့်"
မနက်စောစော ဘယ်မှမသွားတတ်တဲ့ကိုယ့်သားပဲစိတ်ပူပြီးလိုက်ရှာရမလား တအိအိနဲ့ငိုနေတဲ့ကလေးပေါက်ပဲချော့ရမလားဗျာများနေတုန်း
"မနက်စောစောစီးစီးကွာ တအိအိနဲ့ ဘာလို့ငိုနေရတာလဲ ကျက်သရေမရှိအောင်"
"ဟင့် အင့် မောင် မောင် ပျောက်သွားတယ်ထင်နေတာ ဟင့်"
အိမ်နောက်ဖေးကထွက်လာတဲ့သားတော်မောင်ကို အတင်းပြေးဖက်ကာငိုရင်းပြောနေတာကို သားတော်မောင်ကတွန်းထုတ်ပြီးမနက်စာစားပွဲဝိုင်းကိုပဲလာတာမို့နောက်ကနေတရှုံ့ရှုံ့နဲ့ လိုက်လာတဲ့ကလေးကို ကိုယ်ပင်သနားမိတယ် သူ့ခမျာ တကယ်ဖီးလ်အပြည့်နဲ့ငိုနေရှာတာ
"ပျောက်ရအောင်ကလေးလားကွ အဓိပ္ပါယ်မရှိတာ "
"ဟင့် သိပါ့မလားလို့ ဟင့် အိပ်ခန်းထဲမှာမှမရှိတော့တာ"
"သားက ဘယ်သွားနေတာလဲ"
"ဒီငရှုပ်လေ ညက အတင်းရင်ခွင်ထဲတိုးဝှေ့အိပ်တာ လူတကိုယ်လုံးသရေတွေချည်းပဲ နံတာ "
သားကပြောတော့ သမက်လေးက သူ့ကိုယ်သူပင်ပြန်အနံ့ခံကြည့်နေပြန်သည်
"ဟားဟားး သားရယ် ကလေးကို"
"နံပါဘူး မောင်ကလည်း"
"ဘာကမနံရမှာလည်း အာ့အနံ့ကြီးသည်းမခံနိုင်လွန်းလို့ရေထချိုးရတာပဲ"
"ဟွန့်"
နှုတ်ခမ်းကြီးထော်ကာ ရှေ့မှာရှိတဲ့မနက်စာကောက်ဝါးနေတဲ့သူကိုကြည့်ပြီ နဲနဲတော့ရယ်ချင်မိသည် ကလေးလည်းမဟုတ် တညလုံးအအိပ်ဆော့တာ ဗြောင်းကိုဆန်လို့ တကုတင်လုံးသူ့နေရာအပြည့်မို့နောက်ဆုံးရင်ခွင်ထဲအတင်းချုပ်ပြီးအိပ်လိုက်ရတာ ငရှုပ်ကတော့သိပုံမပေါ်အိပ်ယာဝင်ကာစ ကိုယ့်ရင်ခွင်ထဲအတင်းတိုးတာပဲသတိရလောက်တယ်
"ဟ့"
ပါးစပ်ထဲဝင်လာတာက ဘာလဲ စားလို့မှရရဲ့လား မေးမလို့ အမေ့ကိုကြည့်လိုက်တော့ အမေကလည်းငရှုပ်ကိုပြန်ကြည့်နေသည်မို့ သေချာတယ်ဒါ ဒင်းလက်ချက်ပဲ
"ဘာဖြစ်လို့လဲ ဟင်"
သနားကမားမျက်နှာနဲ့မေးလာတာမို့ ဟင်းဟင်းးဒီတခါတော့ ခွင့်လွှတ်ပေးတာပေါ့ကွာ
"စားပါ ကိုယ့်ဘာသာ ပြီးရင်ရေချိုး မင်းဆီကနံနေပြီ"
"အင်းပါ ဟို ခုမှသတိရတယ် မနေ့ကလင်နောက်သာလိုက်ခဲ့တာ ဘာတခုမှမပါဘူး"
"ဘာ"
ဟုတ်သား ဒီအကောင်ပေါက်တကိုယ်တည်းခုန်ပေါက်ပြီးကိုယ့်နောက်လိုက်ခဲ့တာကိုမေ့နေတာ
"၀ယ်ပေးမယ်လေ အာ့ဆိုလည်း အခုတော့ အမေသင့်တော်တာလေရှိရင်ငှားပေးလိုက်ပါလား"
"သင့်တော်တာ အေးဟုတ်ပြီ ဟိုတခေါက်ဆယ်ဟွန်း နောက်ချေးပုံထဲချော်ကျတော့သူ့အမေငေါက်မှာဆိုးတာနဲ့အာ့အ၀တ်တွေအိမ်မှာလာထားသွားသေးတယ်"
"ဟင် အမေ သားအာ့အင်္ကျီကြီးဝတ်ရမှာလား ဟင်"
"လျှော်ထားပါတယ်ကွယ် ကဲပါ စားတော့သားတို့ အော်သားပြီးရင်သမက်လေးကိုရေလှုပ်ပေးလိုက်နော် ရေဘုံဘိုင်ကကြပ်နေတော့ သမက်လေးအားနဲ့ရေထွက်မှာမဟုတ်ဘူး"
"ဟုတ်ကဲ့ပါ ဖြီးကြည့်မနေနဲ့ စားမြန်မြန်"
အားရကျေနပ်ဝမ်းသာနေတဲ့မျက်နှာနဲ့လာကြည့်နေတာမို့ ပိတ်ဟောက်လိုက်တော့လည်း ဒုံ့ရင်းသာ အမြင်ကပ်ချင်စရာကောင်းတဲ့အပြုံးကြီးနဲ့ပဲ လာလာခိုးကြည့်နေပြန်သည်
ဒီတကောင်နဲ့တော့ ငါလည်း ဒုက္ခပဲ
******************
TBC
Love u all💛
တိုတာသိတယ်နော် အရမ်းအိပ်ချင်နေလို့ ညနေကလည်းမအားတာနဲ့ ပြီးသလောက်လေးရေးတင်ပေးလိုက်ပါတယ်💛