ပွေလီငရှုပ်လေးရဲ့ချစ်ရသူ

By naneikhin

85.5K 8.6K 462

PCY-တော်တော်လည်တဲ့ငရှုပ် BBH-သဲ လည်တာချစ်ဖို့မကောင်းဘူးလားလို့ ဟင် ဘဲကြီး More

ချစ်ရပါသော မောင်မောင်ဗိုက် Fic Book Announcement 💌
Intro
Intro
1 zaw
🙋✨
2 zaw
2 uni
3 zaw
3 uni
4 zaw
4 uni
5 zaw
5 uni
6 Zaw+Uni
7 Zaw+Uni
8 Zaw + Uni
9 Zaw+Uni
10 Zaw+Uni
11 Zaw+Uni
12 Zaw+Uni
13 Zaw+Uni
14 Zaw+Uni
15 Zaw+Uni
16 Zaw+Uni
17 (1) Zaw+Uni
17(2)Zaw+Uni
18 Zaw+Uni
19 Zaw+Uni
20 Zaw+Uni
21 Zaw+Uni
22(1)Zaw+Uni
22(2)Zaw+Uni
23 Zaw+Uni
24 Zaw+Uni
25 Zaw+Uni
26(1)Zaw+Uni
26(2) Zaw+Uni
27 Zaw+Uni
28 Zaw+Uni
29 Zaw+Uni
30 Zaw+Uni
Final ❤️
Extra✨

1 uni

2.3K 166 11
By naneikhin

"ငါက ဒီစာချုပ်မှာ လက်မှတ်ထိုးရမယ်ပေါ့"

"အင်းလေ ဘဲကြီးကလည်းသိရက်နဲ့"

ဘေးကနေ ကိုယ့်လက်မောင်းကိုမှီကာ လာချွဲနေတဲ့ ငရှုပ်ကို အသာတွန်းလွှတ်လိုက်သည်

အခုကျနော်ရောက်နေတာက သူ့ရဲ့ကားပေါ် ကားကလည်းနဲနဲနောနောမဟုတ်ဘူးအတော်ကျယ်တာဗျ ဘာအမျိုးအစားလဲတော့ ကျနော်လည်းမသိပါဘူး

စားပွဲလိုမျိုးအရာလေးပေါ်တင်ထားတဲ့လက်ထပ်စာချုပ်ပေါ်အတင်းလက်မှတ်ထိုးခိုင်းနေပြန်သည် ရှေ့နေကလည်းသူ့ကားပေါ်ပါလာတာအဆင်သင့် ဘယ်ကတည်းကကြိတ်ကြံထားလဲမသိဘူး

"ထိုးလေ မောင်ရယ် ရှေ့နေကြီးအားနာစရာ"

"မထိုးနိုင်ပါဘူးကွာ ငါမှ မင်းမချစ်တာ"

"ထိုးပါကွာနော်"

ရှေ့နေဆိုသူနဲ့ ကားမောင်းသမားကော သူ့ဘော်ဒီဂတ်ဆိုသူကတော့ သူ့ဆန္ဒအတိုင်း လိုက်လုပ်ပေးနေရသည့်ပုံ မျက်နှာတွေကအီလည်လည်နဲ့သာ

"မထိုးဘူး ငါမင်းကိုလုံးဝမယူနိုင်ဘူး"

"ဘာ!"

ကိုယ်တော်က အထိတ်တလန့်အော်ပြီးကားတံခါးဖွင့်ကာပြေးဆင်းသွားတာမို့ နောက်က သူ့လူတွေပါလိုက်ထိန်းရပြန်သည်

"သေမယ် သေမယ် မောင် မချစ်တဲ့ဘ၀မှာမနေဘူး"

သရုပ်ဆောင်နေတာလား အတည်လားမသဲကွဲ မျက်ရည်ပေါက်ကြီးငယ်ကျပြီး ကားလမ်းပေါ် တက်တက်ပြေးလွန်းလို့ သူ့ကို ခွေးပေါက်လေးလို သူနဲ့ပါလာတဲ့သူတွေကလိုက်ထိန်းထားရသေးသည်

"ဖယ် ဖယ်ဆို သေမှာပါဆို ဖယ်နော်"

အတင်းတွေရုန်းရင်းဆန်ခတ်ဖြစ်လာကာ ရှေ့နေတွေကော သူ့ဘော်ဒီဂတ်ကပါ ကိုယ့်ဆီ အကူအညီတောင်းခံသလိုကြည့်လာတာမို့

"အေးး အေးး လက်ထပ်မယ် ယူမယ် မင်းကိုငါ"

ချန်းယောလ်ကားဘေးနားကနေ ရပ်ကြည့်နေရာက ဆံပင်ကိုလက်၂ဖက်လုံးနဲ့စုံနှစ်ကာ ကုတ်လိုက်ပြီး စိတ်ရှုပ်ထွေးခြင်းများစွာနဲ့သာပြောလိုက်ရတော့သည်

"တကယ် တကယ်လားဟင် "

"အေး အေးကွာ ပြန်တက်တော့ ကားပေါ်"

ချုပ်ထားရာကနေရုန်းလိုက်ပြီးမျက်နှာပေါ်ကမျက်ရည်စီးကြောင်းတွေကိုဝတ်ထားတဲ့အင်္ကျီနဲ့ပဲကုန်းသုတ်လိုက်တဲ့ ညစ်ပေတူးက ခုနကမျက်နှာနဲ့မတူ စပ်ဖြဲဖြဲနဲ့ကားပေါ်ပြန်တက်လာသည်

အခုမှပဲ ရှေ့နေကြီးဆိုသူနဲ့သူ့လူတွေကအသက်ရှူချောင်သွားကြသည့်ပုံ

"ကဲ ရပြီလား "

လက်မှတ်ထိုးကာ သူ့ရှေ့ချပေးလိုက်တော့ သူကပါ လက်မှတ်ယူထိုးပြီး အမြဲပြောင်နေတဲ့အခွက်နဲ့ပဲကိုယ့်လက်မောင်းကိုမှီတွယ်ကာ

" ချစ်လိုက်တာ မောင်ရယ် တကယ်ချစ်တယ်"

"ဟူးးးးး"

ချန်းယောလ် စိတ်ရောကိုယ်ပါ သက်ပြင်းနဲ့အတူ လျှော့ချလိုက်မိတော့သည် ဇွတ်တရွတ်နဲ့ လုပ်ပုံတွေက ဘယ်တော့မှပျောက်ကွယ်မသွားမယ့်သူ့ပုံစံပင်

"အိမ်ပြန်မယ် ဘာလုပ်နေကြတာလဲ မောင်းတော့လေ"

"ဘာ ဘယ် ကိုပြန်မှာလဲ"

ကိုယ့်ကိုမှီနေရင်းကပဲပြောလာသူကြောင့်ကိုယ်ကပြာပြာသလဲမေးလိုက်သလ်ို ကားဆရာကလည်းကားစက်နှိုးပြီးသားဖြစ်နေပြီ

"အိမ်ပြန်မှာလေ ဖေဖေ့ကိုသူ့သမက်နဲ့မိတ်ဆက်ပေးရအောင်လို့ အိမ်ပြန်မှာ"

"မသွားပါဘူး ငါ့အမေဆီငါပြန်မှာ ဘူချွန်ပြန်မှာအခု "

"ဟာ မောင်ကလည်း"

"မင်းအဖေဆီပြန်ချင်ပြန်လေ ငါတော့ငါ့အမေဆီပဲငါပြန်မှာ"

"ဟာ ခနခနနေပါဦး "

"မနေဘူး ငါ့အမေက ဟိုမှာတယောက်တည်းနေရတာ "

"ဘယ်လိုလုပ်မှာလဲဒါဆိုဟင်"

ကလေးလိုမျက်နှာဘေးနဲ့လာမေးနေတာမို့ တကယ်သူ့ဆန္ဒလိုက်လျောလို့လဲမဖြစ် ဟိုမှာက ကိုယ့်အမေတယောက်တည်း ကိုယ့်ဇာတိမှာပဲပြန်အခြေချဖို့ကလည်းဆုံးဖြတ်ပြီးသားမို့

"ဒီလိုလုပ်လေ ငါကငါ့အမေဆီပြန်မယ် မင်းကမင်းအဖေဆီပြန်"

ချန်းယောလ် ခပ်တည်တည်နဲ့ပြောပြီးကားထဲကထွက်လိုက်တော့ ချက်ချင်းပဲ ငရှုပ်ကလက်ကိုလာဆွဲကာ

"လိုက်ခဲ့မယ် မောင်နဲ့အတူလိုက်နေမယ်နော် ယူပြီးခွဲနေတဲ့လင်လင်ကိုမြင်ဖူးလို့လား"

"ဆန္ဒရှိရင်လိုက်ခဲ့ ပြီးမှပြန်ချင်တယ်ဆို တခါတည်းကွာပစ်မယ်မှတ်"

"ဟင့်အင် ဟင့်အင် မကွာဘူးနော်လုံးဝ "

"ငါကဆင်းရဲတယ်နော်ကြိုပြောထားတာ မင်းအလုပ်လဲလုပ်ရမှာ"

"လုပ်မယ် လုပ်မယ်နော် လိုက်ခဲ့မယ်နော်လို့ ဦးလေးမြန်မြန်မောင်းတော့ မောင့်ဇာတိဘူချွန်ကို ယောက္ခမကြီးနဲ့တွေ့ချင်လှပြီ ဟီးးး"

"ဟုတ်အကိုလေး"

ကားပေါ်က လူတွေရှေ့လဲရှက်ရကောင်းမှန်းမသိ အေးလေ သူလုပ်ချင်တာပဲသူသိတဲ့ကောင်လေးကို ကားပေါ်ရောက်ကတည်းကပီကေနဲ့ကပ်ခံထားရသလိုပူးကပ်ပြီးထိုင်နေတဲ့ကောင်လေးကြောင့်ချန်းယောလ်တကယ်ပင်စိတ်ကျဉ်းကြပ်မိပါသည်

**********************

"ယေးးးး ရောက်ပြီကွ"

အိမ်အ၀င်လမ်းက ကျဉ်းတာမို့လမ်းထိပ်တင် ရပ်ခိုင်းလိုက်တော့ ကားပေါ်ကနေ ကိုယ့်ထက်အရင်ဆင်းကာခုန်ပေါက်နေပြန်သည်

"အကိုလေး ကျနော်တို့ဘယ်တော့လာခေါ်"

ကိုယ်ပါကားပေါ်ကဆင်းပြီးနောက်ရှေ့နေကြီးကလှမ်းမေးတော့

"မခေါ်နဲ့နော် လာမခေါ်နဲ့တော့ မောင်နဲ့ပဲနေမှာ အဖေကမေးလည်းပြောလိုက်တော့ လင်နောက်လိုက်သွားပြီလို့ နော် စိတ်မပူနဲ့လို့ လာချင်တဲ့အချိန် ချစ်လင်နှင့်တကွပြန်လာပါမယ်လို့ပြောပေးနော် အော်ပြီးတော့ ကျေးဇူးနော် ဦး သားကိုလင်ရအောင် လိုက်လုပ်ပေးလို့ ဟီး"

ရှေ့နေကြီးကတော့ ခေါင်းပေါ်မိုးကြိုးပစ်ချခံရတော့မယ်အရေးကြို မြင်နေသည့်ပုံ ငရှုပ်ဘတ်ဟျွန်းစကားဆုံးသည့်နောက် ခေါင်းတညိတ်ညိတ်နဲ့သာ

ဘော်ဒီဂတ်ဆိုတဲ့အနက်ဝမ်းဆက်နဲ့ကောင်လေးကလည်း ကားပေါ်က ဆင်းပြီးနေခဲ့ရမှာလိုလို ပြန်တက်ရမှာလိုလိုနဲ့ ဖြစ်နေတော့

"အကိုကော ပြန်လိုက်သွား ဒီမှာကျနော့်ဘယ်သူမှဒုက္ခမပေးနိုင်ဘူး"

အမယ် ပြောရတယ်ရှိသေး ဟိုမှာဆိုလည်း သူကပဲလိုက်ရှုပ်ပြီး ဒုက္ခပေးတာပဲ ကိုယ်မြင်ဖူးတာကို ဟာသတွေသိပ်ပြောတဲ့ငရှုပ်ရယ်

"တာ့တာ တာ့တာ "

ထွက်သွားတဲ့ကားကို တာ့တာတွေပြကာ ခုန်ပေါက်နေတဲ့သူကိုဘာမှ ပြောမနေတော့ဘဲကိုယ့်ဟာကိုသာ အိမ်ဆီလမ်းလျှောက်လာခဲ့တော့ လည်းနောက်ကနေ အသံပေါင်းစုံနဲ့အော်ဟစ်လို့လိုက်ခဲ့ပြန်လေသည်

*********************

"ဟယ် ငါ့သားပြန်လာပြီ "

ခြံထဲဝင်လိုက်တာနဲ့ အမေကဆီးလာကြိုသည်

"ဟုတ်အမေ နေကောင်းတယ်မို့လား"

"အေးကွယ် အော် သူငယ်ချင်းကော ပါလာတာကို"

ကိုယ့်နောက်ကကပ်ပါလာတဲ့သူ့ကိုအမေကမြင်တော့ သူငယ်ချင်းအထင်နဲ့ပြောလာသည်

"မင်္ဂလာပါ အမေ"

"အေးသားရေ အလည်လိုက်ခဲ့တာလားကွဲ့ ပျော်သလောက်နေနော်"

"ဟုတ်အမေ တသက်လုံးနေဖို့လိုက်ခဲ့တာရယ် ဟဲဟဲ"

"ဟမ်"

"ဟိုသားက အမေ့သားရဲ့ လင် ယောက်ျားပါ ဟီးး"

"ဘုရားရေ"

ချန်းယောလ်ဘာမှ ၀င်မပြောပဲ ငရှုပ်နဲ့အမေရဲ့အပြောတွေကိုသာ ငြိမ်နားထောင်နေရင်းနဲ့မှ လွှတ်ထားလို့မဖြစ်တဲ့အခြေအနေမို့

"လာအမေ အထဲခန သားရှင်းပြမယ်"

ကိုယ့်ကိုကြောင်ကြည့်ကြည့်ကာ အံ့သြနေတဲ့အမေ အေးလေ ဘယ်သူကကျောင်းပြီးပြီးချင်းလင်ယူပြီးအိမ်ပြန်မတုန်း

"ဟေး မင်းနေခဲ့ ငါတို့သားအမိပဲပြောစရာရှိတာ"

ကြောင်နေတဲ့ အမေ့ကိုထိန်းကာ အိမ်ထဲတွဲအခေါ် နောက်ကကပ်ပါလာပြန်တဲ့သူကြောင့်လှည့်အော်လိုက်တော့ ခြေလေးဆောင့်ကာ အနားကတန်းလျားမှာထိုင်ကျန်နေရစ်ခဲ့ရှာသည်

"ဘယ်လိုဖြစ်တာလဲ ဟမ် သား"

အ်ိမ်ရှေ့ကနှုတ်ခမ်းတလှုပ်လှုပ်နဲ့ မြေကြီးကိုခြေနဲ့ထိုးဆွနေတဲ့ကောင်လေးကိုကြည့်လိုက် ကိုယ့်ကိုကြည့်လိုက်နဲ့ မေးလာတဲ့အမေ့ကိုသေချာရှင်းပြရတော့မည်

"သားလည်း ရုတ်တရက်ကြီးလင်တယောက်ရလိုက်တာပဲအမေရာ"

"ဟဲ ဘယ်သူဘယ်ဝါကောသိလို့လား နင်က"

"ဒီနိုင်ငံရဲ့Top 3သူဋ္ဌေးကြီး ဗြောင်ဘတ်ဝမ်ရဲ့တဦးတည်းသော သားအမေရေ "

"ဟယ်တော် အမေတို့အခြေအနေနဲ့ ဒီကောင်လေးက မိုးနဲ့မြေနော်သား မင်းဘယ်လိုဖြစ်ပြီး"

"ဘယ်လိုဖြစ်ဆို အမေရေ ကျောင်းစတက်တဲ့နေ့ကစပြီးချစ်လို့ပါဆိုပြီးနောက်ကတကောက်ကောက်လိုက်တော့တာပဲ ဒီနေ့လည်း သားကတမင်သူ့ကြောက်လို့စောပြန်လာတာပဲ အမြန်လမ်းထိလ်ိုက်လာပြီ ရှေ့နေတွေပါတခါတည်းခေါ်လာတာ သတ်သေမယ်လုပ်လို့သူ့ယူလိုက်ရတာပဲ "

"ဟော်တော်ဟယ်"

"စိတ်မှမှန်ရဲ့လားမသိပါဘူး သားကအဆင့်မတူတဲ့သူမို့ရှောင်လေ သူကလိုက်လေနဲ့ သူ့အဖေဆီလည်းသားကျောင်းမော်ကွန်းထိန်းဆီကနေတဆင့်စာတွေပို့တာပဲ မိတဆိုး ဆိုတော့အလိုလိုက်တာနေမှာပေါ့"

"ဘုရားရေ အမေမရှိရှာတော့ဘူးလား"

"သူများပြောတာတော့ ငယ်ငယ်ကတည်းကဆိုပဲ မိထွေးလည်းရှိတယ်တဲ့သူအမေဆုံးပြီမကြာဘူးယူထားတာတဲ့"

"ကလေး ခက်ခဲရှာမှာ အမေရင်းမဟုတ်တော့"

"အခုတော့ သူအရူးထနေတုန်းခန နေရမှာပဲအမေရေ နောက်တော့သူလည်းသားတို့လို မနေနိုင်ပါဘူး ဒီကောင်လေးလည်း အမြန်ပြန်ပြေးလောက်ပါတယ်"

"အေးပါ"

"အမေကလည်းအလိုက်အထိုက်နေပေးနော်"

"နင်ဆိုသည်မှာလည်းလေ ငါကအကျင့်ယုတ်တဲ့ယောက္ခမပုံပေါက်နေလို့လားဟဲ့"

"မဟုတ်ပါဘူးး သားကသဘောပြောတာ သူကရွှတ်နောက်နောက်နဲ့မို့တကယ့်ပွေလီငရှုပ်ကောင်"

"ရုပ်လေးကတော့ တကယ့်ချစ်စရာလေးပဲ အဆင့်အတန်းဆိုတာကြီးသာမခြားထားရင်အမေတော့တကယ့်သမက်တော်ရလဲအဆင်ပြေပါတယ်"

"ဟာဗျာ"

အမေနဲ့ညှိနှိုင်းလို့ပြီးတော့ အိမ်ပြင်ပြန်ထွက်လာကြတော့

"မောင်တို့ကဗျာ ဘာတွေပြောနေတာလဲ ဟင်အမေ ဘာတွေပြောနေတာလဲ"

တအိမ်လုံးကိုသူ့အသံကြီးပဲ

"ဘာမှမဟုတ်ဘူး မင်းသိချင်မနေနဲ့"

"ဘာမှမဟုတ်ပါဘူးသားလေးရယ် ပင်ပန်းနေမှာပေါ့ ညနေရောက်နေပြီဆိုတော့ ရေမချိုးကြနဲ့တော့အေးနေပြီ အမေညနေစာပြင်ပေးမယ် စားပြီးနားလိုက်ကြတော့"

"ဟုတ်အမေ "

"သားလည်းဗိုက်ဆာနေပြီရယ် ဟီးးးး"

ဗိုက်လေးပွတ်ကာပြောနေတဲ့ကောင်လေးကတော့ တည်ငြိမ်လွန်းလှတဲ့ သူမသားနဲ့မတူ တမျိုးလေး ချစ်ဖို့ကောင်းလွန်းသည်

"သားအထုပ်တွေ သားအခန်းထဲထည့်လိုက်တော့လေ အမေ အိပ်ယာကောပြင်ပြီးသား"

"ဟုတ် အမေ အာ့ဆိုသားသွားထားလိုက်ဦးမယ်"

ချန်းယောလ်က အပေါ်ထပ်ကသူ့အခန်းဆီသွားသည့်တလျှောက် ဟိုပီကေကကပ်မလိုက်လာတော့နဲနဲပင် ထူးဆန်းနေတာမို့လှေကားတ၀က်ကပင်လှည့်ကြည့်လိုက်တော့ အမေ့ခါးကိုအသေဖက်ကာတိုးတိုး တိုးတိုးနဲ့ဘာတွေပြောနေလဲမသိ ခေါင်းသာအသာခါယမ်းလိုက်မိတော့သည် အချွဲခံရတာကြိုက်တဲ့အမေကတော့ မကြာပါဘူးဒီကောင်လေးဘက်တော်သားဖြစ်မှာ မြင်ယောင်နေတယ်

"အမေ အမေ သားကိုလက်ခံတယ်မို့လားဟင်"

"ဟမ် အော်လက်ခံရမှာပေါ့သားရယ်"

"ဟီးးဟီးးကျေးဇူးတင်ပါတယ်အမေ အမေဟိုလေ သားက မောင်နဲ့အတူမအိပ်ရဘူးလားဟင်"

"ဟမ်"

"ဟင် အမေဘဲပြောတာလေ မောင့်အတွက်ကပြင်ပေးထားပြီးသားဆိုတော့ သားကသပ်သပ်နေရမှာလား လို့"

"သားရဲ့မောင်က တယောက်ထဲကုတင်အကျယ်ကြီးနဲ့အိပ်တာပါရှင် တခါတည်းသားပါအတူအိပ်လို့ရပါတယ်တော်"

"ဟေးးးးးးတကယ်ပြောတာနော်အမေ ချစ်တယ် မွ"

ကလေးသကြားလုံးရသလိုပျော်သွားတဲ့ကောင်လေး ပါးကိုတောင်လာနမ်းလိုက်သေးသည် တကယ့်အချွဲတုံးလေး ကိုယ့်သားကရေခဲတုံးမို့လားမသိ ခံစားချက်ကကြည်နူးတာလိုလိုနဲ့ တမျိုးလေး

"ဟ အကိုချန်းယောလ် ပြန်ရောက်နေတာလားအရီး ဟင် အကိုချန်းယောလ်က ပုသွားလိုက်တာ"

လေးဂွကိုလက်ကကိုင်ကာ လောက်စလုံးထည့်ထားတဲ့အိတ်နဲ့ ခြံထဲဝင်လာတဲ့ကောင်လေးက အော်လို့မေးရင်းလာနေသည်

"ဟင်အကိုချန်းယောလ်လည်းမဟုတ်ဘူး"

ဘတ်ဟျွန်းပါ အမေ့ကိုဖက်ထားရင်းကနေ လှည့်ပြီးကြည့်လိုက်တော့ ကြက်ပေါက်ရုပ်နဲ့ကလေးပေါက်စ

"နင့်အကိုအိမ်ပေါ်မှာ ဆယ်ဟွန်းရဲ့ နင်ကလည်းမိုးချုပ်နေပြီကိုအိမ်မပြန်သေးဘူးလားဟမ် ဘယ်တွေသဝေထိုးနေတာလဲ"

"ဟာဗျာ အရီးကလည်းကျနေ့ာ်မြင်ရင်ငေါက်ဖို့ပဲ အပြန်အရီးဝင်နှုတ်ဆက်တာပါဗျ ဒါနဲ့ သူကဘယ်သူလဲ "

"သားလေး မှတ်ထား ဒါကအမေ့တူ ဒီမှာတော့သူ့လောက်စလုံးကြက်ပေါက်လို့နောက်ခေါ်ကြတာပဲ နာမည်အရင်းက ဆယ်ဟွန်းတဲ့"

"ဟုတ်အမေ တွေ့ရတာဝမ်းသာတယ်ညီလေး အကိုက ပွေလီငရှုပ်လို့ သူငယ်ချင်းတွေကခေါ်တာပဲ နာမည်ကတော့ဘတ်ဟျွန်း"

ဘတ်ဟျွန်းက သူ့ကိုယ်သူမိတ်ဆက်လိုက်တော့ ကောင်လေးကသူ့ကိုလက်ညိုးတထိုးထိုးနဲ့တဟားဟားအော်ရယ်ကာ

"အကိုတဲ့ သူ့ရုပ်ကဖြင့်ကလေးသာသာကို အသက်လည်းမကွာလောက်ပါဘူး ကျနော်က ၁၅ ဒီကကော"

"ဟားးဟားးးးးးမင်းငယ်ပါသေးတယ်ကွာ ညီလေးရာ "

"ညီလေးမခေါ်ပါနဲ့ဆို ကလေးရုပ်နဲ့လူကိုညီလေးတဲ့"

"ဒီမှာ မင်းအကိုချန်းယောလ်နဲ့၆လပဲကွာတာ နားလည်လား"

"ဟုတ်လို့လားဗျာ "

"တကယ်ပါဆိုနေ ယုံလိုက်ငါ့ညီလေးရဲ့"

"ညီလေးတော့မခေါ်နဲ့ဗျာ အောက်တယ် အကို့ရုပ်ကကျနော့်ထက်တောင်ကလေးနဲ့တူတာကို"

"အမလေး ကြက်ပေါက်ရယ် သူများကိုရစ်နေပြန်ပြီ"

သူ့ကိုယ်သူအကိုဆိုတဲ့လူကတော့မေးစေ့တပွတ်ပွတ်နဲ့စဉ်းစားနေပေမယ့် အရီးကတော့ မကြည်သလိုပြောကာ အိမ်ရှေ့ခုံတန်းပေါ်ကလျှော်ပြီးသားအ၀တ်တွေကိုခေါက်နေသည်

"အမေ သူက မောင့်ရဲ့ညီနော်"

"အင်း ဟုတ်တယ်"

"အာ့ဆ်ို လည်းယောက်ဖပေါ့ ကွာ ဟဟမောင့်ရဲ့ ညီဆိုတော့"

"ဘာ မောင် ယောက်ဖ ဘာတွေလဲ"

မျက်ကလူးဆန်ပြာနဲ့မေးလာတာမို့ ဘတ်ဟျွန်းသူ့မူပိုင်ပြောင်စပ်စပ်အနေအထားနဲ့

"ဘာတွေလဲဆို မင်းအကိုက ငါ့ယောက်ျား အာ့တော့ညီဖြစ်တဲ့မင်းက ငါ့ယောက်ဖ အိုကေ"

"တကယ် အရီး ဟုတ်လား အကိုချန်းယောလ်က ယောက်ျားယူတာလားး"

အမေ့နားကိုပင်သွားကာအတင်းမေးနေတော့ အမေက ဆယ်ဟွန်းထိပ်ကိုခေါက်လိုက်ပြီး

"အေးဟေ့ ဒီနေ့ ပဲ ယူလိုက်ကြတာ ရှင်းပြီလားး"

"ဟာတကယ်ကြီး လာဗျာ ဟာ အရီး တာ့တာနော်တာ့တာ နောက်နေ့အကိုချန်းယောလ်ကိုလာတွေ့မယ်လို့ အခုကျနော်ပြန်ပြီ ဟိုယောက်ဖလည်းတာ့တာနော်"

သုတ်တီးသုတ်ပြာနဲ့ပြန်ပြေးထွက်သွားတဲ့ကောင်လေးကြောင့်အမေကလည်းခေါင်းတယမ်းယမ်းနဲ့ဘတ်ဟျွန်းကလည်းသူ့ကိုယောက်ဖခေါ်ဖို့သဘောတူလားမတူလားမသဲကွဲလိုက်သလိုဖြစ်နေကြတုန်း

ခြံပေါက်ဝရောက်မှ လိပ်ခေါင်းထွက်မတတ်အော်ကာပြေးသွားတဲ့ဆယ်ဟွန်းအော်သံကြားမှပဲ အမေနဲ့ပြိုင်တူရယ်လိုက်ကြရတော့သည် သူအော်တာကလည်း

"အမေရေ!!!!!အမေ အကိုချန်းယောလ်ကယောက်ျားယူတာတဲ့ အမေ ယောက်ျားယူတာတဲ့ သားလည်း ဂျုံအင့်လိုက်တောင်းပေးလို့ အမေ အမေလို့ လိုက်တောင်းပေးသားလည်းယောက်ျားယူမယ်လို့ အမေ!!!!"

********************

TBC

LOVE U ALL💛







Continue Reading

You'll Also Like

178K 3.2K 6
ကြယ်စုံတဲ့ညတွေဟာ သိပ်ကိုလှပတာ Stephi နင်ပြောသလို ငါ့လောက်တော့ မဟုတ်ပေမယ့်ပေါ့ ⚡
103K 4.7K 45
တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
295K 28.9K 30
A sunflower said she found love where she saw the brave daisy.
182K 12.9K 72
"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt