တဏွာ႐ူး... ၊ ဟုတ္လား..?
တကယ္ေတာ့ သူက တစ္ကိုယ္ေကာင္းသမားပင္။ အခုလို ေျပာခံရေတာ့ သူ နည္းနည္း ခံျပင္းမိသည္။ ထို႔ေနာက္ သူ႔ရဲ႕ ႏႈတ္ခမ္းတို႔ ေကြးၫြတ္သြားေခ်၏။
" မင္း...ခုနတုန္းကလို ၾကည့္ရတာကို ႀကိဳက္တယ္လို႔ ဝန္ခံလိုက္စမ္းပါ...''
သူမရဲ႕ နား အနားကို ကပ္လိုက္ၿပီး သူတို႔ ႏွစ္ေယာက္သာၾကားႏိုင္တဲ့ ေလသံ မ်ိဳးႏွင့္ေျပာလိုက္၏။
" မဟုတ္ဘူး..!''
သူမ.. ေဒါသထြက္စြာ ေျပာလာေခ်၏။
" ကိုယ့္ ရဲ႕ အရသာ႐ွိတဲ့ ခႏၶာကိုယ္ေလး အေပၚေရာ...?''
".....''
" ႐ွင္ အ႐ွက္မ႐ွိဘူးလား..?''
" အာ..အခ်စ္ကေလးကလည္း...''
ထို႔ေနာက္.. သူက သူမရဲ ့ႏွာေခါင္းထိပ္ကို ဖမ္းညႇစ္လိုက္သည္။
သူ..အခုဘာလုပ္လိုက္တာလဲ..?
ၿပီးေနာက္...သူရဲ႕ ႀကီးမားတဲ့ လက္ေတြနဲ႔ သူမေခါင္းကို ႐ႈပ္ပြေအာင္လုပ္လိုက္ၿပီး ႐ွဴး႐ွဴး ႐ွဲ႐ွဲဖစ္ေနတဲ့ သူ႔မိန္းမကို ေပးသြားလိုက္ေတာ့သည္။
" ေရသြားခ်ိဳးေတာ့...၊ မနက္စာစားရေအာင္..
ကိုယ္ေအာက္ထပ္မွာ ေစာင့္ေနမယ္ေနာ္..''
❤💛💚💙💜
မီးဖိုေခ်ာင္မွာ ေတာ့ တစ္ေယာက္ေယာက္က ခ်က္ျပဳတ္ေနၿပီး...အနံ ့ေလးက...ဧည့္ခန္းအထိ
ေမႊးပ်ံ ့ေန၏။ ႐ွန္းရီက အလုပ္သြားဖို႔ ျပင္ဆင္ၿပီးတာနဲ႔ သူတို႔ႏွစ္ေယာက္အတြက္ မနက္စာ ျပင္ေနတဲ့ သူ႔ရဲ႕ ဇနီးေလးဆီကို လွမ္းလာခဲ့သည္။
သူမက အျဖဴေရာင္ ႐ွပ္အက်ႌ နဲ႔ ဂ်င္း ေဘာင္းဘီကို ဝတ္ဆင္ထားၿပီး သူမရဲ႕ ေကာက္ေၾကာင္းနဲ႔ လိုက္ဖက္စြာ။ သူရဲ႕ ေခြးႏွစ္ေကာင္က ၾကမ္းျပင္မွာ လွဲလ်က္ လုခ်င္းရီကို ၾကည့္ေနၿပီး သူ႔ကိုေတာ့ ေမ့ေနဟန္တူသည္။
" ဘာေၾကာ္ေနတာလဲ? "
သူက အက်ႌေကာ္လံကို ျပင္ကာ နက္ကတိုင္ကို ခ်ည္ရင္း ေျပာလိုက္၏။
" ထမင္းကို ဒီအတိုင္းပဲ ႐ိုး႐ိုး႐ွင္း႐ွင္းေလး ေၾကာ္လိုက္တာ...''
" မင္း...ခ်က္ျပဳတ္တတ္မွန္း ကိုယ္မသိခဲ့ဘူး..''
သူမက ဝက္သားဆားနယ္ေျခာက္ကို ယူ၍ ဒယ္အိုးထဲ ထည့္ကာ ထမင္းႏွင့္ေရာ ေမႊလိုက္၏။
သူမက ေယာက္မကို မယူဘဲ တူႏွစ္ေခ်ာင္းနဲ႔ ေမႊေနတာကို သူ..သတိထားမိ၏။ ထို႔ေနာက္... အရြက္အနည္းငယ္၊ ဆားနည္းနည္းႏွင့္ ပဲငံျပာရည္ထည့္ကာ ေမႊေနျပန္သည္။
ေနာက္ဆံုးေတာ့ သူမရဲ႕ ထမင္းေၾကာ္ေလးဟာ ၿပီးစီးသြားခဲ့ေလၿပီ။ လုခ်င္းရီ...ပန္းကန္လံုးႏွစ္ခုထဲ ထည့္လိုက္ၿပီး...
"ျပီးၿပီ....စားၾကရေအာင္..!''
သူ...ထိုင္ခံုမွာ ထိုင္လိုက္ၿပီး သူမရဲ႕ လက္ရာကို ျမည္းစမ္းေန၏။
လုခ်င္းရီက ခ်က္ျပဳတ္တတ္တာလား?
သူမကို လက္ထပ္လိုက္တာက သူ႔အတြက္ ထီထိုးလိုက္သလိုပင္။ အရင္တုန္းက ဒီလို ထမင္းေၾကာ္မ်ိဳးကို စားခဲ့ဖူးၿပီး ႀကိဳက္လည္း မႀကိဳက္ေပ။
အရင္က စားခဲ့ဖူးတဲ့ ထမင္းေၾကာ္က အရမ္းငံ ၊အရမ္း ေစး ၿပီး မလတ္ဆတ္တဲ့ အသီးအရြက္ေတြနဲ႔ ခဲဖ်က္လို မာတဲ့ အသားေတြေျကာင့္ သူ.... မစားႏိုင္ျဖစ္ခဲ့ရသည္။
" ႐ွင္ ...မႀကိဳက္ဖူးလား..?''
သူက မစားဘဲ ရပ္ေနေတာ့ သူမေမးလိုက္ျခင္းပင္။ ႐ွန္းရီ...ေတြေဝေနရာက ရပ္လိုက္ၿပီး တူကိုယူကာ စားလိုက္၏။ သူ ဝါးေနတဲ့ အခ်ိန္မွာ လုခ်င္းရီကေတာ့ အသက္ေတာင္မ႐ွဴႏိုင္ဘဲ စိတ္ဝင္တစား ၾကည့္ေန၏။ သူ႔ရဲ႕ မ်က္ႏွာကို တကယ္ဖတ္လို႔ မလြယ္ဘူးပဲ။
႐ွန္းရီ...သူမရဲ႕ လက္ရာကို ျမည္းၾကည့္ေတာ့ အရမ္းေကာင္းလြန္းေနသည္။ အရင္က သူ..စားဖူးတာနဲ႔လံုးဝ...လံုးဝ ကြာလြန္းေနသည္။
လုခ်င္းရီရဲ႕ ထမင္းေၾကာ္က ၾကည့္လိုက္ရင္ ႐ိုး႐ွင္းေပမယ့္ စားၾကည့္မွ ထူးျခားမွန္းသိရသည္။
"ဘယ္လိုလဲ..?စားေကာင္းလား..?''
သူမ ေမးလိုက္၏။ သူမရဲ႕ ထမင္းေၾကာ္က အရမ္း႐ိုး႐ွင္းေနတဲ့အတြက္ သူ... မႀကိဳက္မွာစိုး၍ ေမးလိုက္ျခင္းပင္။
" အရမ္းအံျသဖို႔ေကာင္းတယ္....၊ ႐ိုး႐ွင္းေပမယ့္ အရမ္းေကာင္းတယ္...!''
သူ႔လို ေဂ်းမ်ားတဲ့ သူဆီကေန အခုလို အေျဖမ်ိဳးၾကားရန္ ခက္ခဲလွသည္။ လုခ်င္းယီ... သူ႔ဆီကေန ခ်ီးမြမ္းခံရေတာ့ ပိုေတာက္ပတဲ့ အျပံဳး ပန္ဆင္လိုက္ၿပီး သူမရဲ႕ပါးေလးတို႔ ပန္းေရာင္ သန္းသြားေတာ့သည္။
Unicode......
တဏှာရူး... ၊ ဟုတ်လား..?
တကယ်တော့ သူက တစ်ကိုယ်ကောင်းသမားပင်။ အခုလို ပြောခံရတော့ သူ နည်းနည်း ခံပြင်းမိသည်။ ထို့နောက် သူ့ရဲ့ နှုတ်ခမ်းတို့ ကွေးညွတ်သွားချေ၏။
" မင်း...ခုနတုန်းကလို ကြည့်ရတာကို ကြိုက်တယ်လို့ ဝန်ခံလိုက်စမ်းပါ...''
သူမရဲ့ နား အနားကို ကပ်လိုက်ပြီး သူတို့ နှစ်ယောက်သာကြားနိုင်တဲ့ လေသံ မျိုးနှင့်ပြောလိုက်၏။
" မဟုတ်ဘူး..!''
သူမ.. ဒေါသထွက်စွာ ပြောလာချေ၏။
" ကိုယ့် ရဲ့ အရသာရှိတဲ့ ခန္ဓာကိုယ်လေး အပေါ်ရော...?''
".....''
" ရှင် အရှက်မရှိဘူးလား..?''
" အာ..အချစ်ကလေးကလည်း...''
ထို့နောက်.. သူက သူမရဲ ့နှာခေါင်းထိပ်ကို ဖမ်းညှစ်လိုက်သည်။
သူ..အခုဘာလုပ်လိုက်တာလဲ..?
ပြီးနောက်...သူရဲ့ ကြီးမားတဲ့ လက်တွေနဲ့ သူမခေါင်းကို ရှုပ်ပွအောင်လုပ်လိုက်ပြီး ရှူးရှူး ရှဲရှဲဖစ်နေတဲ့ သူ့မိန်းမကို ပေးသွားလိုက်တော့သည်။
" ရေသွားချိုးတော့...၊ မနက်စာစားရအောင်..
ကိုယ်အောက်ထပ်မှာ စောင့်နေမယ်နော်..''
❤💛💚💙💜
မီးဖိုချောင်မှာ တော့ တစ်ယောက်ယောက်က ချက်ပြုတ်နေပြီး...အနံ ့လေးက...ဧည့်ခန်းအထိ
မွှေးပြန့်နေ၏။ ရှန်းရီက အလုပ်သွားဖို့ ပြင်ဆင်ပြီးတာနဲ့ သူတို့နှစ်ယောက်အတွက် မနက်စာ ပြင်နေတဲ့ သူ့ရဲ့ ဇနီးလေးဆီကို လှမ်းလာခဲ့သည်။
သူမက အဖြူရောင် ရှပ်အကျႌ နဲ့ ဂျင်း ဘောင်းဘီကို ဝတ်ဆင်ထားပြီး သူမရဲ့ ကောက်ကြောင်းနဲ့ လိုက်ဖက်စွာ။ သူရဲ့ ခွေးနှစ်ကောင်က ကြမ်းပြင်မှာ လှဲလျက် လုချင်းရီကို ကြည့်နေပြီး သူ့ကိုတော့ မေ့နေဟန်တူသည်။
" ဘာကြော်နေတာလဲ? "
သူက အကျႌကော်လံကို ပြင်ကာ နက်ကတိုင်ကို ချည်ရင်း ပြောလိုက်၏။
" ထမင်းကို ဒီအတိုင်းပဲ ရိုးရိုးရှင်းရှင်းလေး ကြော်လိုက်တာ...''
" မင်း...ချက်ပြုတ်တတ်မှန်း ကိုယ်မသိခဲ့ဘူး..''
သူမက ဝက်သားဆားနယ်ခြောက်ကို ယူ၍ ဒယ်အိုးထဲ ထည့်ကာ ထမင်းနှင့်ရော မွှေလိုက်၏။
သူမက ယောက်မကို မယူဘဲ တူနှစ်ချောင်းနဲ့ မွှေနေတာကို သူ..သတိထားမိ၏။ ထို့နောက်... အရွက်အနည်းငယ်၊ ဆားနည်းနည်းနှင့် ပဲငံပြာရည်ထည့်ကာ မွှေနေပြန်သည်။
နောက်ဆုံးတော့ သူမရဲ့ ထမင်းကြော်လေးဟာ ပြီးစီးသွားခဲ့လေပြီ။ လုချင်းယီ...ပန်းကန်လုံးနှစ်ခုထဲ ထည့်လိုက်ပြီး...
"ပြီးပြီ....စားကြရအောင်..!''
သူ...ထိုင်ခုံမှာ ထိုင်လိုက်ပြီး သူမရဲ့ လက်ရာကို မြည်းစမ်းနေ၏။
လုချင်းယီက ချက်ပြုတ်တတ်တာလား?
သူမကို လက်ထပ်လိုက်တာက သူ့အတွက် ထီထိုးလိုက်သလိုပင်။ အရင်တုန်းက ဒီလို ထမင်းကြော်မျိုးကို စားခဲ့ဖူးပြီး ကြိုက်လည်း မကြိုက်ပေ။
အရင်က စားခဲ့ဖူးတဲ့ ထမင်းကြော်က အရမ်းငံ ၊အရမ်း စေး ပြီး မလတ်ဆတ်တဲ့ အသီးအရွက်တွေနဲ့ ခဲဖျက်လို မာတဲ့ အသားတွေကြောင့် သူ.... မစားနိုင်ဖြစ်ခဲ့ရသည်။
" ရှင် ...မကြိုက်ဖူးလား..?''
သူက မစားဘဲ ရပ်နေတော့ သူမမေးလိုက်ခြင်းပင်။ ရှန်းရီ...တွေဝေနေရာက ရပ်လိုက်ပြီး တူကိုယူကာ စားလိုက်၏။ သူ ဝါးနေတဲ့ အချိန်မှာ လုချင်းယီကတော့ အသက်တောင်မရှူနိုင်ဘဲ စိတ်ဝင်တစား ကြည့်နေ၏။ သူ့ရဲ့ မျက်နှာကို တကယ်ဖတ်လို့ မလွယ်ဘူးပဲ။
ရှန်းရီ...သူမရဲ့ လက်ရာကို မြည်းကြည့်တော့ အရမ်းကောင်းလွန်းနေသည်။ အရင်က သူ..စားဖူးတာနဲ့လုံးဝ...လုံးဝ ကွာလွန်းနေသည်။
လုချင်းယီရဲ့ ထမင်းကြော်က ကြည့်လိုက်ရင် ရိုးရှင်းပေမယ့် စားကြည့်မှ ထူးခြားမှန်းသိရသည်။
"ဘယ်လိုလဲ..?စားကောင်းလား..?''
သူမ မေးလိုက်၏။ သူမရဲ့ ထမင်းကြော်က အရမ်းရိုးရှင်းနေတဲ့အတွက် သူ... မကြိုက်မှာစိုး၍ မေးလိုက်ခြင်းပင်။
" အရမ်းအံသြဖို့ကောင်းတယ်....၊ ရိုးရှင်းပေမယ့် အရမ်းကောင်းတယ်...!''
သူ့လို ဂျေးများတဲ့ သူဆီကနေ အခုလို အဖြေမျိုးကြားရန် ခက်ခဲလှသည်။ လုချင်းယီ... သူ့ဆီကနေ ချီးမွမ်းခံရတော့ ပိုတောက်ပတဲ့ အပြုံး ပန်ဆင်လိုက်ပြီး သူမရဲ့ပါးလေးတို့ ပန်းရောင် သန်းသွားတော့သည်။
မှတ်ချက်။ Unicode နဲ့Zawgyiအပြောင်းအလဲတွေကြောင့်စာလုံးတစ်ချို့ မှားနေတတ်သည်။