Beloved Hyung [Own Creation]

Von AnnaLynn666

582K 76.6K 2.4K

I love you so much. All you need to do is accept me. Mature content on just because of a few chapters. I don... Mehr

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
25
26
27
28
29
30
31
32
33
34
35
36
37
38
AnnaLynn has something to say
Extra - 1
Extra - 2
Book Order
Audio Drama Adaption
Book 2nd Edition

24

11K 1.7K 28
Von AnnaLynn666

Zawgyi

အပိုင္း - ၂၄ : ရင္ေလးစရာေကာင္းတဲ့ေရွ႕ေရး

"ျမတ္ႏိုး မင္းရွင္းျပလုိက္..."

ဇြဲမင္းထက္၏ ဆြဲေခၚလာမႈကို ခံလာရသည့္ ထူးေဝေအာင္တစ္ေယာက္ ယက္ကန္ကန္ျဖင့္။ ခ်စ္ျမတ္ႏိုးကို မ်က္ေမွာင္ၾကဳတ္ကာ သူ ၾကည့္သည္။ ခ်စ္ျမတ္ႏိုးကို သူ ျမင္ဖူးေနတာပဲ။ ဘာရွင္းျပစရာရွိလုိ႔လဲ။

ခ်စ္ျမတ္ႏိုးသည္ ဒီေကာင္ေလးနဲ႔သာ ျပတ္သြားမယ္ဆုိရင္ သူ႔ကို ေကာင္းေကာင္းသမမည့္ပံုျဖင့္ ၾကည့္ေနသည့္ ဇြဲမင္းထက္ကို စိတ္မၾကည္သလုိ တစ္ခ်က္ၾကည့္၏။ ထို႔ေနာက္ သူ႔ဖုန္းကို ထုတ္ကာ...

"မင္း မေန႔ကျမင္ခဲ့တာ ဒီေကာင္မေလးမဟုတ္လား..."

သူ႔မ်က္ႏွာတည့္တည့္သို႔ ခြပ္ခနဲမထိုးမိရံုတမယ္ေရာက္လာသည့္ ဖုန္းေၾကာင့္ ထူးေဝေအာင္ကိုယ္ကို အေနာက္သို႔ပင္ ရို႕လုိက္ေသးသည္။ ခ်စ္ျမတ္ႏိုးျပသည့္ ပံုကိုၾကည့္ၿပီးေနာက္ သူ ေခါင္းညိတ္၏။

"အဲ့ဒါ ငါပဲ..."

သူ႔ကိုယ္သူ လက္မျဖင့္ထိုးျပကေျပာလာသည့္ ခ်စ္ျမတ္ႏိုးေၾကာင့္ ထူးေဝေအာင္ မ်က္လံုးမ်ားဝိုင္းစက္သြားေတာ့သည္။ ထူးေဝေအာင္က သူ႔ကိုလာေနာက္ေနတာလား? မယံုသကၤာျဖစ္ေနဟန္ရွိသည့္ ထူးေဝေအာင္ကို ခ်စ္ျမတ္ႏိုးသည္ ဗီြဒီယိုအတုိေလးတစ္ခု သူ႔ဖုန္းမွဖြင့္ျပေလ၏။ သူျပတဲ့ဗီြဒီယိုကို ဇြဲမင္းထက္ လိုက္ၾကည့္မည္စိုး၍ ထူးေဝေအာင္ကို ခ်စ္ျမတ္ႏိုးသည္ ဆြဲေခၚလိုက္ေလသည္။ ထူးပဲေစ့ေလးကို ျပန္ဆြဲရန္လက္ျပင္ေနသည့္ ဇြဲမင္းထက္ကို ခ်စ္ျမတ္ႏိုးသည္ မ်က္ေစာင္းျဖင့္ ၿခိမ္းေျခာက္စကားဆုိ၏။

"မင္း လာျဖစ္ေနရင္ ငါက ဆက္မရွင္းျပရံုပဲရွိေတာ့တာေနာ္..."

ထိုအခါက်ေတာ့မွ ဇြဲမင္းထက္တစ္ေယာက္ လက္မလွမ္းေတာ့။ ထူးေဝေအာင္သည္ လိမၼာသြားသည့္ ဇြဲမင္းထက္ကို တစ္ခ်က္ၾကည့္ၿပီးေနာက္ ခ်စ္ျမတ္ႏိုးျပသည့္ ဗီြဒီယိုအတုိေလးကိုသာ လုိက္ၾကည့္ျဖစ္ခဲ့သည္။ ထိုဗီြဒီယိုေလးက ဇြဲမင္းထက္အိမ္တြင္ သူေတြ႔ခဲ့သည့္ေကာင္မေလးႏွင့္လင္းထင္တုိ႔၏ နမ္းရိႈက္ေနသည့္ ဗီြဒီယိုျဖစ္ေလ၏။ သူ ျမင္ခဲ့သည့္အဝတ္အစားကိုပဲ ဝတ္ထားျခင္းျဖစ္သည္။

ဒီမိန္းကေလးက ဘယ္လုိႀကီးလဲ... ဇြဲမင္းထက္အိမ္ကို သြားၿပီးတာနဲ႔လင္းထင္နဲ႔အခုလို ျဖစ္ေနတာလား။

လင္းထင္၏ လက္တစ္ဖက္သည္ ထိုမိန္းကေလး၏ ဆံပင္ရွည္ကို ဆြဲခ်လုိက္ေလ၏။ ဆံပင္ရွည္သည္ လင္းထင္လက္တြင္ အလုိက္သင့္ပါလာခဲ့ၿပီး ေယာက်ာ္းေလးတစ္ဦး၏ ဆံပင္တုိသည္ ေပၚထြက္လာေတာ့သည္။

ဆံပင္တုလား...

အစပိုင္းတြင္ အနမ္းဖလွယ္ေနၾကသည့္ ျမင္ကြင္းကို ရွက္သလုိလုိရွိေသာ္လည္း ထူးေဝေအာင္တစ္ေယာက္ စိတ္ဝင္တစားၾကည့္ျဖစ္သြားေတာ့သည္။ စကပ္ျဖင့္ ေကာင္မေလးကို လင္းထင္သည္ သူ႔ေပါင္ေပၚသို႔ဆြဲတင္ေလ၏။

"ျမတ္ႏိုး မင္းရိုက္ထားတာရပ္လုိက္ေတာ့..."

အသံကို ရွင္းလင္းစြာျဖင့္ သူ ၾကားလုိက္ရခ်ိန္တြင္ ထူးေဝေအာင္တစ္ေယာက္ ခ်စ္ျမတ္ႏိုးဘက္သို႔ ဆတ္ခနဲေခါင္းေထာင္ကာ လွည့္ၾကည့္ေလသည္။ ခ်စ္ျမတ္ႏိုးသည္ သူ႔ကို ရႈတည္တည္သာ ၾကည့္ေနခဲ့၏။

"ဒါ... ဒါက..."

ထူးေဝေအာင္ကို ခ်စ္ျမတ္ႏိုးသည္ မယံုေသးဘူးလားဆုိသည့္ မ်က္ႏွာေပးျဖင့္သာ ၾကည့္ခဲ့သည္။ ကမၻာသစ္တစ္ခုကို ျမင္လုိက္ပံုရသည့္ ထူးေဝေအာင္သည္ ေတာ္ေတာ္ႏွင့္ ယခုကမၻာသို႔ ျပန္မေရာက္ႏိုင္ေသး။ ခ်စ္ျမတ္ႏိုးသည္ ၾကက္ေသေသေနဆဲျဖစ္သည့္ ထူးေဝေအာင္လက္ထဲမွ ဖုန္းကို ဆတ္ခနဲဆြဲလုကာ သူ႔ေဘာင္းဘီအိတ္ထဲျပန္ထည့္၏။ ထုိ႔ေနာက္ ဇြဲမင္းထက္ဘက္သို႔ လွည့္ကာ...

"ငါ့တာဝန္ေက်ၿပီမဟုတ္လား..."

ဇြဲမင္းထက္သည္ သူ႔ကို ေၾကာင္ေတာင္ေတာင္ေလးၾကည့္ေနသည့္ ထူးေဝေအာင္ကို ျငင္သာစြာလွမ္းဆြဲကာ...

"ဘာျဖစ္လုိ႔လဲ..."

ထူးေဝေအာင္၏ မ်က္ေတာင္မ်ားသည္ တျဖတ္ျဖတ္ခတ္သြား၏။ ထုိ႔ေနာက္ ပါးစပ္ေလးဟကာ ခ်စ္ျမတ္ႏုိးကို လက္ညိွဳးထိုးျပ၍...

"အဲ့ဒီမိန္းကေလးက ကို... ကိုခ်စ္ျမတ္ႏုိးလား..."

"ငါ ခုနတုန္းကတည္းက မင္းကို ေျပာေနသားပဲ..."

ခ်စ္ျမတ္ႏိုးသည္ စိတ္မရွည္ဟန္ျဖင့္ ဝင္ေျပာေလ၏။ ထူးေဝေအာင္သည္ ေခါင္းညိတ္ကာ...

"ဒါေပမဲ့..."

ကမၻာသစ္ဆီသို႔ တံခါးဖြင့္ခံလုိက္ရသည့္ ထူးေဝေအာင္၏ အူလည္လည္ပံုေၾကာင့္ ခ်စ္ျမတ္ႏိုးသည္ ဇြဲမင္းထက္ကိုသာ လွမ္းၾကည့္ေလ၏။

"ငါ့တာဝန္ၿပီးသြားၿပီမုိ႔ ငါသြားလို႔ရၿပီမဟုတ္လား..."

ေျပာၿပီးသည္ႏွင့္ ခ်က္ခ်င္းလွည့္ထြက္သြားသည့္ ခ်စ္ျမတ္ႏိုးကို ထူးေဝေအာင္တစ္ေယာက္ လွမ္းေခၚရန္ လက္လွမ္းခ်ိန္တြင္ အျခားေသာ လက္တစ္ဖက္သည္ပို၍ျမန္ခဲ့သည္။

သူ႔လက္ေခ်ာင္းမ်ားကို ယွက္သြယ္ဆုတ္ကိုင္လာသည့္ ဇြဲမင္းထက္ကို ထူးေဝေအာင္ ေမာ့ၾကည့္၏။ ဇြဲမင္းထက္သည္ သူ႔ကို ငံု႔ၾကည့္ေနခဲ့သည္။

"အာ... ဘာ... ဘာလဲ ကိုခ်စ္ျမတ္ႏုိးကို..."

ဒီတိုင္းပဲသြားခုိင္းလုိက္ရမွာလား??? သူဆက္မေမးျဖစ္။ ဇြဲမင္းထက္၏ အဖ်ားတက္ရွိန္အလား တေငြ႔ေငြ႔ပူေလာင္ေနသည့္ အၾကည့္မ်ားက သူ႔မ်က္ႏွာကို တရွိန္းရွိန္းပူသြားေစသည္။

မ်က္လႊာကုိခ်ၿပီးေနာက္ ထူးေဝေအာင္သည္ ဇြဲမင္းထက္ လက္ကိုအသာအယာရုန္းေလ၏။

"ဘာလုိ႔ ကိုယ့္ကို မင္းမယံုခဲ့တာလဲ..."

တစ္စံုတစ္ေယာက္သည္ သူ႔လက္ကုိ အရုန္းမခံ။ သူ႔ကိုယ္လံုးကို ဆြဲလွည့္ကာပင္ သူ႔ဘက္ဆြဲလွည့္လာေသးသည္။ လမ္းၾကားထဲသို႔ အျပင္လမ္းမႀကီးမွ ျမင္ႏုိင္ေသာ္လည္း သူတုိ႔ကိုေပၚေပၚထင္ထင္ ျမင္ႏုိင္သည္မဟုတ္တာက ေတာ္ပါေသးရဲ႕ဟု ထူးေဝေအာင္သည္ ေတြးျဖစ္ခဲ့သည္။ မလိမၼာသည့္ ေကာင္ဆိုးေလးတစ္ေယာက္သဖြယ္ သူ အသံတစ္ခ်က္မျပဳ။

ၿငိမ္ေနသည့္ ပဲေစ့ေလး၏ မ်က္ႏွာကို ဇြဲမင္းထက္သည္ ဆြဲမေမာ့၏။ မလိမၼာသည့္ေကာင္စုတ္ကေလးက မ်က္ႏွာခ်င္းဆုိင္ပစ္ျခင္းခံရသည္ေတာင္မွ အၾကည့္ခ်င္းအဆံုမခံ။ ေဘးဘက္သို႔သာ ၾကည့္ေနသည့္ ထူးေဝေအာင္ကို ဇြဲမင္းထက္ၾကည့္သည္။

"မင္းအခုလိုပဲ လုပ္ေနမယ္ဆုိရင္ ကိုယ္ ဒီေနရာမွာတင္ ဆြဲနမ္းပစ္မွာေနာ္..."

ထိုအခါက်ေတာ့မွ အၾကည့္လႊဲေနသူေကာင္ကေလးသည္ သူ႔ကို ၾကည့္လာေတာ့၏။

"ဘာလု႔ိ ကိုယ့္ကိုမယံုတာလဲ..."

သူ ထပ္ေမး၏။ ထူးေဝေအာင္သည္ ႏႈတ္ခမ္းမ်ားကိုသာ တင္းတင္းေစ့ထားဆဲ။ ေကာင္ဆုိးေလးေတြကို ၿခိမ္းေျခာက္ဖို႔အတြက္ သူ႔တြင္ နည္းလမ္းေပါင္းေျမာက္ျမားစြာရွိသည္။ သို႔ေသာ္ ဒီေကာင္ကေလးကိုေတာ့ သူသည္ အၿမဲတမ္း အသားယူ၍သာ ၿခိမ္းေျခာက္ခ်င္သည္။ ခါးကိုဆြဲကိုင္ကာ သူ႔ဘက္သို႔ ထုိကေလးကို အတင္းဆြဲကပ္၏။

"တကယ္ပဲ နမ္းရမလား အနမ္းခံခ်င္တာေၾကာင့္ ဥာဏ္ဆင္တာလား..."

နားအနားသို႔ကပ္ကာ သူ ခပ္တုိးတိုးေမးေလ၏။ လူခ်င္းျပန္မခြာမီ ထိုေကာင္ေလး၏ နားရြက္ထိပ္ကို အသာကိုက္ခဲ့ဖို႔ သူ မေမ့။

"ခင္ဗ်ား!"

နားရြက္ကို လက္တစ္ဖက္ျဖင့္အုပ္ကာ သူ႔ကို စူးစူးရဲရဲၾကည့္လာသည့္ ေကာင္ေလးကို ဇြဲမင္းထက္ စိုက္ၾကည့္သည္။ ထိုေကာင္ေလး၏ ႏႈတ္ခမ္းမ်ားသည္ စကားတစ္ခြန္းဆုိေသာ္လည္း မဆိုႏိုင္စြာျဖင့္ တတြန္႔တြန္႔ျဖစ္လာ၏။

"တကယ္ပဲ ဥာဏ္ဆင္ေနတာေပါ့..."

ထိုေကာင္ေလး၏ ပခံုးႏွစ္ဖက္ကို အသာကိုင္ၿပီး ေခါင္းကိုသူညႊတ္ေတာ့ သူ႔ေမးေစ့တည့္တည့္သို႔ ပင့္ဝင္လာသည့္ လက္သီးခ်က္။

"ထူးထူး!"

ေမးေစ့နာသြားမႈေၾကာင့္ ေမးေစ့ကို သူ ပြတ္ေနခ်ိန္တြင္ ထူးေဝေအာင္သည္ သူ႔ကုိ ေဒါသထြက္ထြက္ျဖင့္ ေအာ္လာေတာ့သည္။

"ခင္ဗ်ားဟာ ကြ်န္ေတာ့္ကိုဆုိ အၿမဲတမ္း ဒီလုိပဲ... ကြ်န္ေတာ္က ခင္ဗ်ားအတြက္ နည္းနည္းေလးေတာင္ အေရးမပါတာလား... ခင္ဗ်ားက... ခင္ဗ်ားက ကြ်န္ေတာ့္ကိုဆုိ အတူအိပ္ဖို႔ေလာက္နဲ႔ ထိကိုင္ဖို႔ေလာက္ပဲ ေတြးေနတာ! ကြ်န္ေတာ္က ခင္ဗ်ားရဲ႕... အု"

အုခနဲအသံသည္ ရပ္သြားရ၏။ ဇြဲမင္းထက္သည္ လက္ဖဝါးျဖင့္ ထိုေကာင္ေလးကို ပါးစပ္ပိတ္ၿပီးေနာက္ အျခားလက္တစ္ဖက္ျဖင့္ ထူးေဝေအာင္၏ ပခံုးကို ကိုင္ထားေလသည္။ လက္အားေနသည့္ ေကာင္ကေလးက သူ႔ကို ထုရိုက္ဖို႔ လုပ္ေနေခ်၏။

"ေန... ေနဦး... ခဏ... အဲ့ဒါက..."

ဇြဲမင္းထက္တစ္ေယာက္ ထူးေဝေအာင္ကို အတင္းရင္ထဲဆြဲထည့္ရေတာ့သည္။ သူ႔ကို ထုရိုက္မည့္ကိစၥကို တားျခင္းဆုိသည္ထက္ သူ႔မ်က္ႏွာကို ထိုေကာင္ေလး မျမင္ေစရန္ျဖစ္သည္။ ထိုေကာင္ေလး၏ ေခါင္းတြင္မ်က္ႏွာအပ္၍

"ေဟး ခဏနားေထာင္ပါဦး... အရမ္းေဒါသမႀကီးပါနဲ႔..."

တိုးလွ်ိဳးသည့္အသံျဖင့္ သူ ေျပာေတာ့ ေဒါသႀကီးေနသည့္ ေကာင္ကေလးသည္ ရုန္းကန္ျခင္းကို ရပ္သြား၏။

"ကိုယ္ ေပြခဲ့တာဟုတ္တယ္... ဒါေပမဲ့ အခုမဟုတ္ေတာ့ဘူးေလ... မင္းကို စလိုက္ကတည္းက ကိုယ္ဘယ္သူနဲ႔မွ အဆက္အသြယ္မလုပ္ေတာ့ဘူး... ေနာက္ၿပီး..."

ေခါင္းငံု႔ေန၍သာ သူ႔မ်က္ႏွာနီေနျခင္းသည္ မသိသာ။ သို႔ေသာ္ နားရြက္ထိပ္မ်ားသည္ ရွက္စိတ္ျဖင့္ နီေနခဲ့သည္။

"မထိန္းႏိုင္မသိမ္းႏုိင္နဲ႔ ထိခ်င္ေနတာ မင္းကိုပဲရွိတာပါ... မင္းမယံုရင္ အကုန္လံုးကို လုိက္ေမးလုိ႔ရတယ္..."

ထူးေဝေအာင္၏ ရုန္းကန္ျခင္းသည္ ရာႏႈန္းျပည့္ၿငိမ္သက္သြား၏။ ဒါက ဘယ္လုိႀကီးလဲ။ အာ...

တစ္ကိုယ္လံုးရွိေသြးမ်ားသည္ သူ႔မ်က္ႏွာထက္သို႔ တက္လာေတာ့သည္။ သူ ရုန္းကန္ျခင္းရပ္သြားသည္မုိ႔ ဇြဲမင္းထက္သည္ အတင္းဖက္ထားရာမွ သူ႔ပခံုးႏွစ္ဖက္ကိုကိုင္ကာ လူခ်င္းဆြဲခြာ၏။

ဒီလူကလဲ ရွက္ေနတာလား။

မ်က္ႏွာခပ္ရဲရဲဲျဖစ္ေနသည့္ ဇြဲမင္းထက္ကိုၾကည့္ကာ သူ ေတြးျဖစ္သည္။ ဒီလူက တကယ္ပဲ သူ႔ကို ခ်စ္တာလား။ တစ္ခ်ိန္လံုးေပြရႈပ္ေနတဲ့ဒီလူကေလ။

"မင္း ဒီလိုၾကည့္ေနရင္ ကိုယ္က မင္းကို မနမ္းဘဲ ဘယ္ေနႏိုင္မွာလဲ..."

ကိုင္းညႊတ္လာသည့္ ထိုသူကို သူ မတြန္းမိေတာ့။ အလုိက္သင့္ မ်က္လံုးမ်ားပင္ မိွတ္ထားလုိက္မိေသးသည္။ တကယ္ပဲ... ဒီလူတစ္ေယာက္နဲ႔ေတာ့ သူ ရူးေတာ့မွာပဲ။

"ထူးထူး?"

အေနာက္မွအသံေၾကာင့္ ထူးေဝေအာင္၏ ကိုယ္ေလးသည္ ဆတ္ခနဲျဖစ္သြား၏။ သူ႔ေရွ႕မွမ်က္ႏွာကို လက္ျဖင့္တြန္းထုတ္ကာ အသံလာရာဆီသို႔ ခ်ာခနဲလွည့္သည္။ လမ္းၾကားထဲသို႔ ဝင္လာသည္က မင္းဆုျမတ္ႏွင့္ အေနာက္တုိင္းဝတ္စံုျပည့္ျဖင့္ ထြဋ္ေတဇ။ ေနရာခ်င္းတြင္ပင္ လွ်ာကိုက္၍ သတ္ေသခ်င္စိတ္တဖြားဖြား သူ ေပါက္သြားရေတာ့သည္။

မင္းဆုျမတ္၏ မ်က္ႏွာကစပ္ၿဖဲၿဖဲ...

"ေၾသာ္ ေဆာရီး ေဆာရီး... အိမ္အျပန္ဒီလမ္းကျဖတ္ၿပီး ကိုကို႔ကို အသားယူမလို႔... လမ္းမွာ လူရွိေနတာပဲ..."

ဇြဲမင္းထက္၏ ဟက္ေကာ့ျဖစ္ေနသည့္ မ်က္ႏွာကိုၾကည့္ကာ မင္းဆုျမတ္ဆုိ၏။ ထြဋ္ေတဇကေတာ့ မည္သည့္စကားမွ်မဆုိ သူႏွင့္မဆုိင္သလုိပင္ ၿငိမ္ၿငိမ္သက္သက္ရွိေနဆဲ။

"ေမြးေန႔ဒိတ္က ေပ်ာ္စရာေကာင္းရဲ႕လား..."

အဖ်က္သမားေကာင္စုတ္ေလးကို ေခါင္းပိတ္ေခါက္လုိက္ခ်င္ေသာ္လည္း ထုိအဖ်က္သမားေကာင္စုတ္ေလးက သူ႔ကို ထူးေဝေအာင္တစ္ေယာက္ ညထြက္မည့္အစီအစဥ္ကို ေျပာျပသူမို႔ ေက်းဇူးရွင္အဖ်က္သမားေလးကို ေက်းဇူးမကန္းခ်င္စြာျဖင့္ ဇြဲမင္းထက္သည္ စကားလမ္းေၾကာင္းလႊဲေလ၏။

"အင္း ေမြးေန႔ဒိတ္က ေပ်ာ္ဖုိ႔ေကာင္းတယ္..."

ထိုေကာင္ေလးသည္ ခပ္ျမဴးျမဴးေျဖသည္။ ဇြဲမင္းထက္သည္ ေခါင္းစိမ္းေကာင္စုတ္ေလးကို ထထုခ်င္ေနသည့္ စိတ္ကို အတင္းၿမိဳခ်ကာ...

"အင္း ေမြးေန႔မွာ ေပ်ာ္ရႊင္တာက ေကာင္းတာေပါ့..."

"ဟုတ္... ကိုထြဋ္က ဒီေန႔သူ႔အလုပ္ကေန အိမ္ေတာင္ အဝတ္ျပန္မလဲဘဲ လိုက္လာတာဆိုေတာ့..."

ဝတ္စံုျပည့္ျဖင့္ မပူမအိုက္ ရံုးဆင္းသည္ႏွင့္ မင္းဆုျမတ္ထံသို႔ တန္းသြားေပးသည့္ ထြဋ္ေတဇသည္ သူက မင္းဆုျမတ္ကို မႀကိဳက္ေနဆုိသည့္ ရုပ္ျဖင့္ ေပေပေတေတ ပန္းျခံထဲရွိ ေၾကးရုပ္တုမ်ားလို ရပ္ေနေသးဆဲ။

"သြားေတာ့မယ္... အစ္ကို ထူးထူးကို အိမ္ျပန္ပို႔ေပးလုိက္ဦးမယ္..."

ေျမႀကီးထဲဝင္ေတာ့မတတ္ ေခါင္းငံု႔ထားသည့္ ထူးေဝေအာင္လက္ကို ဆြဲကာ ထြက္သြားသည့္ ဇြဲမင္းထက္တစ္ေယာက္ သူတုိ႔ႏွစ္ဦးကို ျဖတ္သြားၿပီးသည္အထိ ေစာင့္ၿပီးမွ မင္းဆုျမတ္သည္ လွည့္ၾကည့္၏။ ဆံပင္အစိမ္းေရာင္ျဖင့္ပဲေစ့ေလး၏ မ်က္လံုးမ်ားသည္ လျခမ္းေကြးမ်ားအလား ပိတ္က်သည္အထိပင္ သူ ရယ္ေတာ့သည္။

"မင္းေတာ္ေတာ္ေပ်ာ္ေနတာလား..."

မည္သူမွ်မရွိေတာ့ကာမွ ေၾကးရုပ္တုထြဋ္ေတဇထံမွ အသံသည္ ထြက္လာေတာ့၏။

"ဟီးဟီး ကိုယ့္သူငယ္ခ်င္းရည္းစားနဲ႔အေျခအေနကို ေတြ႔တာဘယ္ေလာက္ေကာင္းတယ္ထင္လဲ..."

မင္းဆုျမတ္သည္ သူ႔ကိုၾကည့္ကာ သူ႔လက္ကိုလွမ္းတြဲေလ၏။ သူ႔လက္ေခ်ာင္းမ်ားၾကားထဲသို႔ ယွက္ဝင္လာသည့္ ထိုေကာင္ေလး၏ လက္အပူအခ်ိန္ကို သူ ေကာင္းေကာင္းခံစား၍ရသည္။

ဒီေကာင္ေလးက ပိုင္စိုးပိုင္နင္းေကာင္ေလးပဲ။ ဒီေကာင္ေလးကို မႀကိဳက္ပါဘူးဆိုေန။ ဒါေပမဲ့လည္း ဒီေကာင္ေလး သူ႔ကို လုပ္ခ်င္တုိင္းလုပ္ေနတာကိုလည္း ခြင့္ျပဳေပးထားတယ္။

ငါ... တအားလြယ္ေနတာမ်ားလား??

ထြဋ္ေတဇအေတြးကို မင္းဆုျမတ္သာ ၾကားပါက...

ကိုကိုရယ္... ကိုကို႔ကိုလုိက္တာ ကြ်န္ေတာ္ ႏွစ္ႏွစ္ေလာက္ ရွိေနၿပီေလ... ဟုသာ ညည္းတြားေပလိမ့္မည္။

သူ လြယ္လားမလြယ္လားစဥ္းစားေနခ်ိန္တြင္ အခြင့္အေရးယူဖို႔လက္မေႏွးသည့္ ေကာင္စုတ္ေလးသည္ သူ႔ခါးကို ဖက္လာေခ်၏။

"ဘာလဲ?"

သူ႔တစ္ေယာက္သာ တစ္ကမၻာဟူသည့္ မ်က္လံုးမ်ားျဖင့္ ရႊန္းရႊန္းစားစားၾကည့္ေနသည့္ ေခါင္းစိမ္းေကာင္ေလးထံမွ ထြဋ္ေတဇအၾကည့္လႊဲသည္။ သူ႔လက္မ်ားကေတာ့ သူ႔ကိုဖက္ထားသည့္ ထိုေကာင္ေလးထံသို႔ တံု႔ျပန္ဖက္ရန္အလို႔ငွာ သူ႔စိတ္ကို အသိမေပးၾကဘဲ ေရာက္သြားၾက၏။

"ဒီလမ္းက ကြ်န္ေတာ္တုိ႔ရပ္ကြက္မွာ အတြဲလမ္းလို႔ေခၚတယ္... ညဘက္ဆုိ လူမရွိလုိ႔..."

မင္းဆုျမတ္သည္ မဟုတ္တာလုပ္ေတာ့မည့္ ေကာင္ကေလး၏ ဟန္မ်ိဳးျဖင့္ေျပာ၏။

"မင္းဆုျမတ္ လမ္းမွာ မင္းမဟုတ္တာမလုပ္နဲ႔..."

"နမ္းတာပဲကို... ခုနကဆုိ ကိုဇြဲက ထူးထူးကိုနမ္းေတာ့မွာ..."

ဇြဲမင္းထက္အမည္သံၾကားခ်ိန္တြင္ ထြဋ္ေတဇတစ္ေယာက္ မင္းဆုျမတ္ကို ၾကည့္လာေတာ့၏။ ထုိေကာင္ေလးက ညစ္က်ယ္က်ယ္ခ်စ္စဖြယ္အျပံဳးျဖင့္ သူ႔ကိုၾကည့္ကာ...

"မဟုတ္တာက ကိုကိုလုပ္တာမဟုတ္ဘဲ ကြ်န္ေတာ္ လုပ္တာဆုိရင္ေရာ... ကိုကိုက ခံရသူပါေပါ့..."

ထြဋ္ေတဇ၏ မ်က္ခံုးမ်ားသည္ တြန္႔ခ်ိဳးသြား၏။

"မင္းဘာလုပ္မလို႔လဲ..."

စကားဆုိရန္ပါးစပ္အဟ ေျခဖ်ားကိုေထာက္၍ ထိုေကာင္ေလးသည္ ႏႈတ္ခမ္းခ်င္းထပ္လာေတာ့သည္။ ထို႔ေနာက္ ႏႈတ္ခမ္းခ်င္း၊လွ်ာခ်င္း၊ကိုယ္လံုးတို႔သည္ တစ္ထပ္တည္းက်လုေအာင္ သူတုိ႔သည္ ပူးကပ္သြားျဖစ္၏။ ဒီေကာင္ေလးက သူ႔ကို တကယ္ပဲ ရူးေအာင္လုပ္ေနတာပဲ။ အခုက လမ္းႀကီးမွာ... သူတုိ႔ရုပ္ရွင္ရံုထဲမွာလည္း နမ္းၿပီးသြားၾကၿပီမဟုတ္ဘူးလား။ လမ္းႀကီးမွာ... ဒါက လမ္းၾကားဆုိေပမဲ့လည္း လမ္းပဲ!

ခံတြင္းအပူခ်ိန္သည္ သူ႔သိစိတ္ကို တုိက္စားသြားျဖစ္၏။ သူ႔ေက်ာသည္ နံရံတြင္ကပ္လ်က္။ ထိုေကာင္ေလးသည္ ေျခဖ်ားကိုေထာက္၍ သူ႔ကိုသာ တစိုက္မတ္မတ္နမ္းေနခဲ့သည္။ သူ႔လက္မ်ားက ထိုေကာင္ေလးခႏၶာကိုယ္သည္ သူ႔ထံသို႔ နစ္ဝင္၍မရေတာ့သည္အထိ နစ္ဝင္လာေအာင္သာ တင္းတင္းဖက္ထားျဖစ္ခဲ့၏။

သိစိတ္နဲ႔လုပ္သင့္လုပ္ထိုက္တဲ့အေတြးေတြက ဒီေကာင္ေလးနဲ႔ဆုိရင္ အလုပ္မျဖစ္ဘူးဘဲ။ ထြဋ္ေတဇသည္ မ်က္လံုးမ်ားကို မိွတ္ထားရင္းသာ ေတြးေနခဲ့သည္။

"ဒီႏွစ္ေမြးေန႔က ကြ်န္ေတာ့္ရဲ႕အေပ်ာ္ဆံုးေမြးေန႔ပါပဲ... အရင္ႏွစ္ေတြထက္ ကိုကိုက ကြ်န္ေတာ့္ကို ပိုအေရးေပးလာတယ္ေလ..."

လိႈက္ေမာသံတုိးတုိးေလးျဖင့္ အနမ္းဆံုးခ်ိန္တြင္ သူ႔ပခံုးထက္တြင္ နဖူးကိုအပ္၍ ထုိေကာင္ေလးသည္ ဆုိခဲ့သည္။ ထြဋ္ေတဇသည္ အနည္းငယ္နီေနသည့္ မ်က္ႏွာျဖင့္သာ မင္းဆုျမတ္၏ ေခါင္းကိုအသာဖိကိုင္ထားေပးျဖစ္ခဲ့၏။ အေႏွးနဲ႔အျမန္၊ သူက ဒီေကာင္ေလးဆီက ရုန္းထြက္ရေတာ့မွာ မဟုတ္ဘူး။ ထြဋ္ေတဇသည္ သူ႔ေရွ႕ေရးကိုသူ စိတ္ေလးစြာသာ ေတြးေနျဖစ္ခဲ့သည္။

----------

Unicode

အပိုင်း - ၂၄ : ရင်လေးစရာကောင်းတဲ့ရှေ့ရေး

"မြတ်နိုး မင်းရှင်းပြလိုက်..."

ဇွဲမင်းထက်၏ ဆွဲခေါ်လာမှုကို ခံလာရသည့် ထူးဝေအောင်တစ်ယောက် ယက်ကန်ကန်ဖြင့်။ ချစ်မြတ်နိုးကို မျက်မှောင်ကြုတ်ကာ သူ ကြည့်သည်။ ချစ်မြတ်နိုးကို သူ မြင်ဖူးနေတာပဲ။ ဘာရှင်းပြစရာရှိလို့လဲ။

ချစ်မြတ်နိုးသည် ဒီကောင်လေးနဲ့သာ ပြတ်သွားမယ်ဆိုရင် သူ့ကို ကောင်းကောင်းသမမည့်ပုံဖြင့် ကြည့်နေသည့် ဇွဲမင်းထက်ကို စိတ်မကြည်သလို တစ်ချက်ကြည့်၏။ ထို့နောက် သူ့ဖုန်းကို ထုတ်ကာ...

"မင်း မနေ့ကမြင်ခဲ့တာ ဒီကောင်မလေးမဟုတ်လား..."

သူ့မျက်နှာတည့်တည့်သို့ ခွပ်ခနဲမထိုးမိရုံတမယ်ရောက်လာသည့် ဖုန်းကြောင့် ထူးဝေအောင်ကိုယ်ကို အနောက်သို့ပင် ရို့လိုက်သေးသည်။ ချစ်မြတ်နိုးပြသည့် ပုံကိုကြည့်ပြီးနောက် သူ ခေါင်းညိတ်၏။

"အဲ့ဒါ ငါပဲ..."

သူ့ကိုယ်သူ လက်မဖြင့်ထိုးပြကပြောလာသည့် ချစ်မြတ်နိုးကြောင့် ထူးဝေအောင် မျက်လုံးများဝိုင်းစက်သွားတော့သည်။ ထူးဝေအောင်က သူ့ကိုလာနောက်နေတာလား? မယုံသင်္ကာဖြစ်နေဟန်ရှိသည့် ထူးဝေအောင်ကို ချစ်မြတ်နိုးသည် ဗွီဒီယိုအတိုလေးတစ်ခု သူ့ဖုန်းမှဖွင့်ပြလေ၏။ သူပြတဲ့ဗွီဒီယိုကို ဇွဲမင်းထက် လိုက်ကြည့်မည်စိုး၍ ထူးဝေအောင်ကို ချစ်မြတ်နိုးသည် ဆွဲခေါ်လိုက်လေသည်။ ထူးပဲစေ့လေးကို ပြန်ဆွဲရန်လက်ပြင်နေသည့် ဇွဲမင်းထက်ကို ချစ်မြတ်နိုးသည် မျက်စောင်းဖြင့် ခြိမ်းခြောက်စကားဆို၏။

"မင်း လာဖြစ်နေရင် ငါက ဆက်မရှင်းပြရုံပဲရှိတော့တာနော်..."

ထိုအခါကျတော့မှ ဇွဲမင်းထက်တစ်ယောက် လက်မလှမ်းတော့။ ထူးဝေအောင်သည် လိမ္မာသွားသည့် ဇွဲမင်းထက်ကို တစ်ချက်ကြည့်ပြီးနောက် ချစ်မြတ်နိုးပြသည့် ဗွီဒီယိုအတိုလေးကိုသာ လိုက်ကြည့်ဖြစ်ခဲ့သည်။ ထိုဗွီဒီယိုလေးက ဇွဲမင်းထက်အိမ်တွင် သူတွေ့ခဲ့သည့်ကောင်မလေးနှင့်လင်းထင်တို့၏ နမ်းရှိုက်နေသည့် ဗွီဒီယိုဖြစ်လေ၏။ သူ မြင်ခဲ့သည့်အဝတ်အစားကိုပဲ ဝတ်ထားခြင်းဖြစ်သည်။

ဒီမိန်းကလေးက ဘယ်လိုကြီးလဲ... ဇွဲမင်းထက်အိမ်ကို သွားပြီးတာနဲ့လင်းထင်နဲ့အခုလို ဖြစ်နေတာလား။

လင်းထင်၏ လက်တစ်ဖက်သည် ထိုမိန်းကလေး၏ ဆံပင်ရှည်ကို ဆွဲချလိုက်လေ၏။ ဆံပင်ရှည်သည် လင်းထင်လက်တွင် အလိုက်သင့်ပါလာခဲ့ပြီး ယောကျာ်းလေးတစ်ဦး၏ ဆံပင်တိုသည် ပေါ်ထွက်လာတော့သည်။

ဆံပင်တုလား...

အစပိုင်းတွင် အနမ်းဖလှယ်နေကြသည့် မြင်ကွင်းကို ရှက်သလိုလိုရှိသော်လည်း ထူးဝေအောင်တစ်ယောက် စိတ်ဝင်တစားကြည့်ဖြစ်သွားတော့သည်။ စကပ်ဖြင့် ကောင်မလေးကို လင်းထင်သည် သူ့ပေါင်ပေါ်သို့ဆွဲတင်လေ၏။

"မြတ်နိုး မင်းရိုက်ထားတာရပ်လိုက်တော့..."

အသံကို ရှင်းလင်းစွာဖြင့် သူ ကြားလိုက်ရချိန်တွင် ထူးဝေအောင်တစ်ယောက် ချစ်မြတ်နိုးဘက်သို့ ဆတ်ခနဲခေါင်းထောင်ကာ လှည့်ကြည့်လေသည်။ ချစ်မြတ်နိုးသည် သူ့ကို ရှုတည်တည်သာ ကြည့်နေခဲ့၏။

"ဒါ... ဒါက..."

ထူးဝေအောင်ကို ချစ်မြတ်နိုးသည် မယုံသေးဘူးလားဆိုသည့် မျက်နှာပေးဖြင့်သာ ကြည့်ခဲ့သည်။ ကမ္ဘာသစ်တစ်ခုကို မြင်လိုက်ပုံရသည့် ထူးဝေအောင်သည် တော်တော်နှင့် ယခုကမ္ဘာသို့ ပြန်မရောက်နိုင်သေး။ ချစ်မြတ်နိုးသည် ကြက်သေသေနေဆဲဖြစ်သည့် ထူးဝေအောင်လက်ထဲမှ ဖုန်းကို ဆတ်ခနဲဆွဲလုကာ သူ့ဘောင်းဘီအိတ်ထဲပြန်ထည့်၏။ ထို့နောက် ဇွဲမင်းထက်ဘက်သို့ လှည့်ကာ...

"ငါ့တာဝန်ကျေပြီမဟုတ်လား..."

ဇွဲမင်းထက်သည် သူ့ကို ကြောင်တောင်တောင်လေးကြည့်နေသည့် ထူးဝေအောင်ကို ငြင်သာစွာလှမ်းဆွဲကာ...

"ဘာဖြစ်လို့လဲ..."

ထူးဝေအောင်၏ မျက်တောင်များသည် တဖြတ်ဖြတ်ခတ်သွား၏။ ထို့နောက် ပါးစပ်လေးဟကာ ချစ်မြတ်နိုးကို လက်ညှိုးထိုးပြ၍...

"အဲ့ဒီမိန်းကလေးက ကို... ကိုချစ်မြတ်နိုးလား..."

"ငါ ခုနတုန်းကတည်းက မင်းကို ပြောနေသားပဲ..."

ချစ်မြတ်နိုးသည် စိတ်မရှည်ဟန်ဖြင့် ဝင်ပြောလေ၏။ ထူးဝေအောင်သည် ခေါင်းညိတ်ကာ...

"ဒါပေမဲ့..."

ကမ္ဘာသစ်ဆီသို့ တံခါးဖွင့်ခံလိုက်ရသည့် ထူးဝေအောင်၏ အူလည်လည်ပုံကြောင့် ချစ်မြတ်နိုးသည် ဇွဲမင်းထက်ကိုသာ လှမ်းကြည့်လေ၏။

"ငါ့တာဝန်ပြီးသွားပြီမို့ ငါသွားလို့ရပြီမဟုတ်လား..."

ပြောပြီးသည်နှင့် ချက်ချင်းလှည့်ထွက်သွားသည့် ချစ်မြတ်နိုးကို ထူးဝေအောင်တစ်ယောက် လှမ်းခေါ်ရန် လက်လှမ်းချိန်တွင် အခြားသော လက်တစ်ဖက်သည်ပို၍မြန်ခဲ့သည်။

သူ့လက်ချောင်းများကို ယှက်သွယ်ဆုတ်ကိုင်လာသည့် ဇွဲမင်းထက်ကို ထူးဝေအောင် မော့ကြည့်၏။ ဇွဲမင်းထက်သည် သူ့ကို ငုံ့ကြည့်နေခဲ့သည်။

"အာ... ဘာ... ဘာလဲ ကိုချစ်မြတ်နိုးကို..."

ဒီတိုင်းပဲသွားခိုင်းလိုက်ရမှာလား??? သူဆက်မမေးဖြစ်။ ဇွဲမင်းထက်၏ အဖျားတက်ရှိန်အလား တငွေ့ငွေ့ပူလောင်နေသည့် အကြည့်များက သူ့မျက်နှာကို တရှိန်းရှိန်းပူသွားစေသည်။

မျက်လွှာကိုချပြီးနောက် ထူးဝေအောင်သည် ဇွဲမင်းထက် လက်ကိုအသာအယာရုန်းလေ၏။

"ဘာလို့ ကိုယ့်ကို မင်းမယုံခဲ့တာလဲ..."

တစ်စုံတစ်ယောက်သည် သူ့လက်ကို အရုန်းမခံ။ သူ့ကိုယ်လုံးကို ဆွဲလှည့်ကာပင် သူ့ဘက်ဆွဲလှည့်လာသေးသည်။ လမ်းကြားထဲသို့ အပြင်လမ်းမကြီးမှ မြင်နိုင်သော်လည်း သူတို့ကိုပေါ်ပေါ်ထင်ထင် မြင်နိုင်သည်မဟုတ်တာက တော်ပါသေးရဲ့ဟု ထူးဝေအောင်သည် တွေးဖြစ်ခဲ့သည်။ မလိမ္မာသည့် ကောင်ဆိုးလေးတစ်ယောက်သဖွယ် သူ အသံတစ်ချက်မပြု။

ငြိမ်နေသည့် ပဲစေ့လေး၏ မျက်နှာကို ဇွဲမင်းထက်သည် ဆွဲမမော့၏။ မလိမ္မာသည့်ကောင်စုတ်ကလေးက မျက်နှာချင်းဆိုင်ပစ်ခြင်းခံရသည်တောင်မှ အကြည့်ချင်းအဆုံမခံ။ ဘေးဘက်သို့သာ ကြည့်နေသည့် ထူးဝေအောင်ကို ဇွဲမင်းထက်ကြည့်သည်။

"မင်းအခုလိုပဲ လုပ်နေမယ်ဆိုရင် ကိုယ် ဒီနေရာမှာတင် ဆွဲနမ်းပစ်မှာနော်..."

ထိုအခါကျတော့မှ အကြည့်လွှဲနေသူကောင်ကလေးသည် သူ့ကို ကြည့်လာတော့၏။

"ဘာလု့ိ ကိုယ့်ကိုမယုံတာလဲ..."

သူ ထပ်မေး၏။ ထူးဝေအောင်သည် နှုတ်ခမ်းများကိုသာ တင်းတင်းစေ့ထားဆဲ။ ကောင်ဆိုးလေးတွေကို ခြိမ်းခြောက်ဖို့အတွက် သူ့တွင် နည်းလမ်းပေါင်းမြောက်မြားစွာရှိသည်။ သို့သော် ဒီကောင်ကလေးကိုတော့ သူသည် အမြဲတမ်း အသားယူ၍သာ ခြိမ်းခြောက်ချင်သည်။ ခါးကိုဆွဲကိုင်ကာ သူ့ဘက်သို့ ထိုကလေးကို အတင်းဆွဲကပ်၏။

"တကယ်ပဲ နမ်းရမလား အနမ်းခံချင်တာကြောင့် ဉာဏ်ဆင်တာလား..."

နားအနားသို့ကပ်ကာ သူ ခပ်တိုးတိုးမေးလေ၏။ လူချင်းပြန်မခွာမီ ထိုကောင်လေး၏ နားရွက်ထိပ်ကို အသာကိုက်ခဲ့ဖို့ သူ မမေ့။

"ခင်ဗျား!"

နားရွက်ကို လက်တစ်ဖက်ဖြင့်အုပ်ကာ သူ့ကို စူးစူးရဲရဲကြည့်လာသည့် ကောင်လေးကို ဇွဲမင်းထက် စိုက်ကြည့်သည်။ ထိုကောင်လေး၏ နှုတ်ခမ်းများသည် စကားတစ်ခွန်းဆိုသော်လည်း မဆိုနိုင်စွာဖြင့် တတွန့်တွန့်ဖြစ်လာ၏။

"တကယ်ပဲ ဉာဏ်ဆင်နေတာပေါ့..."

ထိုကောင်လေး၏ ပခုံးနှစ်ဖက်ကို အသာကိုင်ပြီး ခေါင်းကိုသူညွှတ်တော့ သူ့မေးစေ့တည့်တည့်သို့ ပင့်ဝင်လာသည့် လက်သီးချက်။

"ထူးထူး!"

မေးစေ့နာသွားမှုကြောင့် မေးစေ့ကို သူ ပွတ်နေချိန်တွင် ထူးဝေအောင်သည် သူ့ကို ဒေါသထွက်ထွက်ဖြင့် အော်လာတော့သည်။

"ခင်ဗျားဟာ ကျွန်တော့်ကိုဆို အမြဲတမ်း ဒီလိုပဲ... ကျွန်တော်က ခင်ဗျားအတွက် နည်းနည်းလေးတောင် အရေးမပါတာလား... ခင်ဗျားက... ခင်ဗျားက ကျွန်တော့်ကိုဆို အတူအိပ်ဖို့လောက်နဲ့ ထိကိုင်ဖို့လောက်ပဲ တွေးနေတာ! ကျွန်တော်က ခင်ဗျားရဲ့... အု"

အုခနဲအသံသည် ရပ်သွားရ၏။ ဇွဲမင်းထက်သည် လက်ဖဝါးဖြင့် ထိုကောင်လေးကို ပါးစပ်ပိတ်ပြီးနောက် အခြားလက်တစ်ဖက်ဖြင့် ထူးဝေအောင်၏ ပခုံးကို ကိုင်ထားလေသည်။ လက်အားနေသည့် ကောင်ကလေးက သူ့ကို ထုရိုက်ဖို့ လုပ်နေချေ၏။

"နေ... နေဦး... ခဏ... အဲ့ဒါက..."

ဇွဲမင်းထက်တစ်ယောက် ထူးဝေအောင်ကို အတင်းရင်ထဲဆွဲထည့်ရတော့သည်။ သူ့ကို ထုရိုက်မည့်ကိစ္စကို တားခြင်းဆိုသည်ထက် သူ့မျက်နှာကို ထိုကောင်လေး မမြင်စေရန်ဖြစ်သည်။ ထိုကောင်လေး၏ ခေါင်းတွင်မျက်နှာအပ်၍

"ဟေး ခဏနားထောင်ပါဦး... အရမ်းဒေါသမကြီးပါနဲ့..."

တိုးလျှိုးသည့်အသံဖြင့် သူ ပြောတော့ ဒေါသကြီးနေသည့် ကောင်ကလေးသည် ရုန်းကန်ခြင်းကို ရပ်သွား၏။

"ကိုယ် ပွေခဲ့တာဟုတ်တယ်... ဒါပေမဲ့ အခုမဟုတ်တော့ဘူးလေ... မင်းကို စလိုက်ကတည်းက ကိုယ်ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်တော့ဘူး... နောက်ပြီး..."

ခေါင်းငုံ့နေ၍သာ သူ့မျက်နှာနီနေခြင်းသည် မသိသာ။ သို့သော် နားရွက်ထိပ်များသည် ရှက်စိတ်ဖြင့် နီနေခဲ့သည်။

"မထိန်းနိုင်မသိမ်းနိုင်နဲ့ ထိချင်နေတာ မင်းကိုပဲရှိတာပါ... မင်းမယုံရင် အကုန်လုံးကို လိုက်မေးလို့ရတယ်..."

ထူးဝေအောင်၏ ရုန်းကန်ခြင်းသည် ရာနှုန်းပြည့်ငြိမ်သက်သွား၏။ ဒါက ဘယ်လိုကြီးလဲ။ အာ...

တစ်ကိုယ်လုံးရှိသွေးများသည် သူ့မျက်နှာထက်သို့ တက်လာတော့သည်။ သူ ရုန်းကန်ခြင်းရပ်သွားသည်မို့ ဇွဲမင်းထက်သည် အတင်းဖက်ထားရာမှ သူ့ပခုံးနှစ်ဖက်ကိုကိုင်ကာ လူချင်းဆွဲခွာ၏။

ဒီလူကလဲ ရှက်နေတာလား။

မျက်နှာခပ်ရဲရဲဖြစ်နေသည့် ဇွဲမင်းထက်ကိုကြည့်ကာ သူ တွေးဖြစ်သည်။ ဒီလူက တကယ်ပဲ သူ့ကို ချစ်တာလား။ တစ်ချိန်လုံးပွေရှုပ်နေတဲ့ဒီလူကလေ။

"မင်း ဒီလိုကြည့်နေရင် ကိုယ်က မင်းကို မနမ်းဘဲ ဘယ်နေနိုင်မှာလဲ..."

ကိုင်းညွှတ်လာသည့် ထိုသူကို သူ မတွန်းမိတော့။ အလိုက်သင့် မျက်လုံးများပင် မှိတ်ထားလိုက်မိသေးသည်။ တကယ်ပဲ... ဒီလူတစ်ယောက်နဲ့တော့ သူ ရူးတော့မှာပဲ။

"ထူးထူး?"

အနောက်မှအသံကြောင့် ထူးဝေအောင်၏ ကိုယ်လေးသည် ဆတ်ခနဲဖြစ်သွား၏။ သူ့ရှေ့မှမျက်နှာကို လက်ဖြင့်တွန်းထုတ်ကာ အသံလာရာဆီသို့ ချာခနဲလှည့်သည်။ လမ်းကြားထဲသို့ ဝင်လာသည်က မင်းဆုမြတ်နှင့် အနောက်တိုင်းဝတ်စုံပြည့်ဖြင့် ထွဋ်တေဇ။ နေရာချင်းတွင်ပင် လျှာကိုက်၍ သတ်သေချင်စိတ်တဖွားဖွား သူ ပေါက်သွားရတော့သည်။

မင်းဆုမြတ်၏ မျက်နှာကစပ်ဖြဲဖြဲ...

"သြော် ဆောရီး ဆောရီး... အိမ်အပြန်ဒီလမ်းကဖြတ်ပြီး ကိုကို့ကို အသားယူမလို့... လမ်းမှာ လူရှိနေတာပဲ..."

ဇွဲမင်းထက်၏ ဟက်ကော့ဖြစ်နေသည့် မျက်နှာကိုကြည့်ကာ မင်းဆုမြတ်ဆို၏။ ထွဋ်တေဇကတော့ မည်သည့်စကားမျှမဆို သူနှင့်မဆိုင်သလိုပင် ငြိမ်ငြိမ်သက်သက်ရှိနေဆဲ။

"မွေးနေ့ဒိတ်က ပျော်စရာကောင်းရဲ့လား..."

အဖျက်သမားကောင်စုတ်လေးကို ခေါင်းပိတ်ခေါက်လိုက်ချင်သော်လည်း ထိုအဖျက်သမားကောင်စုတ်လေးက သူ့ကို ထူးဝေအောင်တစ်ယောက် ညထွက်မည့်အစီအစဉ်ကို ပြောပြသူမို့ ကျေးဇူးရှင်အဖျက်သမားလေးကို ကျေးဇူးမကန်းချင်စွာဖြင့် ဇွဲမင်းထက်သည် စကားလမ်းကြောင်းလွှဲလေ၏။

"အင်း မွေးနေ့ဒိတ်က ပျော်ဖို့ကောင်းတယ်..."

ထိုကောင်လေးသည် ခပ်မြူးမြူးဖြေသည်။ ဇွဲမင်းထက်သည် ခေါင်းစိမ်းကောင်စုတ်လေးကို ထထုချင်နေသည့် စိတ်ကို အတင်းမြိုချကာ...

"အင်း မွေးနေ့မှာ ပျော်ရွှင်တာက ကောင်းတာပေါ့..."

"ဟုတ်... ကိုထွဋ်က ဒီနေ့သူ့အလုပ်ကနေ အိမ်တောင် အဝတ်ပြန်မလဲဘဲ လိုက်လာတာဆိုတော့..."

ဝတ်စုံပြည့်ဖြင့် မပူမအိုက် ရုံးဆင်းသည်နှင့် မင်းဆုမြတ်ထံသို့ တန်းသွားပေးသည့် ထွဋ်တေဇသည် သူက မင်းဆုမြတ်ကို မကြိုက်နေဆိုသည့် ရုပ်ဖြင့် ပေပေတေတေ ပန်းခြံထဲရှိ ကြေးရုပ်တုများလို ရပ်နေသေးဆဲ။

"သွားတော့မယ်... အစ်ကို ထူးထူးကို အိမ်ပြန်ပို့ပေးလိုက်ဦးမယ်..."

မြေကြီးထဲဝင်တော့မတတ် ခေါင်းငုံ့ထားသည့် ထူးဝေအောင်လက်ကို ဆွဲကာ ထွက်သွားသည့် ဇွဲမင်းထက်တစ်ယောက် သူတို့နှစ်ဦးကို ဖြတ်သွားပြီးသည်အထိ စောင့်ပြီးမှ မင်းဆုမြတ်သည် လှည့်ကြည့်၏။ ဆံပင်အစိမ်းရောင်ဖြင့်ပဲစေ့လေး၏ မျက်လုံးများသည် လခြမ်းကွေးများအလား ပိတ်ကျသည်အထိပင် သူ ရယ်တော့သည်။

"မင်းတော်တော်ပျော်နေတာလား..."

မည်သူမျှမရှိတော့ကာမှ ကြေးရုပ်တုထွဋ်တေဇထံမှ အသံသည် ထွက်လာတော့၏။

"ဟီးဟီး ကိုယ့်သူငယ်ချင်းရည်းစားနဲ့အခြေအနေကို တွေ့တာဘယ်လောက်ကောင်းတယ်ထင်လဲ..."

မင်းဆုမြတ်သည် သူ့ကိုကြည့်ကာ သူ့လက်ကိုလှမ်းတွဲလေ၏။ သူ့လက်ချောင်းများကြားထဲသို့ ယှက်ဝင်လာသည့် ထိုကောင်လေး၏ လက်အပူအချိန်ကို သူ ကောင်းကောင်းခံစား၍ရသည်။

ဒီကောင်လေးက ပိုင်စိုးပိုင်နင်းကောင်လေးပဲ။ ဒီကောင်လေးကို မကြိုက်ပါဘူးဆိုနေ။ ဒါပေမဲ့လည်း ဒီကောင်လေး သူ့ကို လုပ်ချင်တိုင်းလုပ်နေတာကိုလည်း ခွင့်ပြုပေးထားတယ်။

ငါ... တအားလွယ်နေတာများလား??

ထွဋ်တေဇအတွေးကို မင်းဆုမြတ်သာ ကြားပါက...

ကိုကိုရယ်... ကိုကို့ကိုလိုက်တာ ကျွန်တော် နှစ်နှစ်လောက် ရှိနေပြီလေ... ဟုသာ ညည်းတွားပေလိမ့်မည်။

သူ လွယ်လားမလွယ်လားစဉ်းစားနေချိန်တွင် အခွင့်အရေးယူဖို့လက်မနှေးသည့် ကောင်စုတ်လေးသည် သူ့ခါးကို ဖက်လာချေ၏။

"ဘာလဲ?"

သူ့တစ်ယောက်သာ တစ်ကမ္ဘာဟူသည့် မျက်လုံးများဖြင့် ရွှန်းရွှန်းစားစားကြည့်နေသည့် ခေါင်းစိမ်းကောင်လေးထံမှ ထွဋ်တေဇအကြည့်လွှဲသည်။ သူ့လက်များကတော့ သူ့ကိုဖက်ထားသည့် ထိုကောင်လေးထံသို့ တုံ့ပြန်ဖက်ရန်အလို့ငှာ သူ့စိတ်ကို အသိမပေးကြဘဲ ရောက်သွားကြ၏။

"ဒီလမ်းက ကျွန်တော်တို့ရပ်ကွက်မှာ အတွဲလမ်းလို့ခေါ်တယ်... ညဘက်ဆို လူမရှိလို့..."

မင်းဆုမြတ်သည် မဟုတ်တာလုပ်တော့မည့် ကောင်ကလေး၏ ဟန်မျိုးဖြင့်ပြော၏။

"မင်းဆုမြတ် လမ်းမှာ မင်းမဟုတ်တာမလုပ်နဲ့..."

"နမ်းတာပဲကို... ခုနကဆို ကိုဇွဲက ထူးထူးကိုနမ်းတော့မှာ..."

ဇွဲမင်းထက်အမည်သံကြားချိန်တွင် ထွဋ်တေဇတစ်ယောက် မင်းဆုမြတ်ကို ကြည့်လာတော့၏။ ထိုကောင်လေးက ညစ်ကျယ်ကျယ်ချစ်စဖွယ်အပြုံးဖြင့် သူ့ကိုကြည့်ကာ...

"မဟုတ်တာက ကိုကိုလုပ်တာမဟုတ်ဘဲ ကျွန်တော် လုပ်တာဆိုရင်ရော... ကိုကိုက ခံရသူပါပေါ့..."

ထွဋ်တေဇ၏ မျက်ခုံးများသည် တွန့်ချိုးသွား၏။

"မင်းဘာလုပ်မလို့လဲ..."

စကားဆိုရန်ပါးစပ်အဟ ခြေဖျားကိုထောက်၍ ထိုကောင်လေးသည် နှုတ်ခမ်းချင်းထပ်လာတော့သည်။ ထို့နောက် နှုတ်ခမ်းချင်း၊လျှာချင်း၊ကိုယ်လုံးတို့သည် တစ်ထပ်တည်းကျလုအောင် သူတို့သည် ပူးကပ်သွားဖြစ်၏။ ဒီကောင်လေးက သူ့ကို တကယ်ပဲ ရူးအောင်လုပ်နေတာပဲ။ အခုက လမ်းကြီးမှာ... သူတို့ရုပ်ရှင်ရုံထဲမှာလည်း နမ်းပြီးသွားကြပြီမဟုတ်ဘူးလား။ လမ်းကြီးမှာ... ဒါက လမ်းကြားဆိုပေမဲ့လည်း လမ်းပဲ!

ခံတွင်းအပူချိန်သည် သူ့သိစိတ်ကို တိုက်စားသွားဖြစ်၏။ သူ့ကျောသည် နံရံတွင်ကပ်လျက်။ ထိုကောင်လေးသည် ခြေဖျားကိုထောက်၍ သူ့ကိုသာ တစိုက်မတ်မတ်နမ်းနေခဲ့သည်။ သူ့လက်များက ထိုကောင်လေးခန္ဓာကိုယ်သည် သူ့ထံသို့ နစ်ဝင်၍မရတော့သည်အထိ နစ်ဝင်လာအောင်သာ တင်းတင်းဖက်ထားဖြစ်ခဲ့၏။

သိစိတ်နဲ့လုပ်သင့်လုပ်ထိုက်တဲ့အတွေးတွေက ဒီကောင်လေးနဲ့ဆိုရင် အလုပ်မဖြစ်ဘူးဘဲ။ ထွဋ်တေဇသည် မျက်လုံးများကို မှိတ်ထားရင်းသာ တွေးနေခဲ့သည်။

"ဒီနှစ်မွေးနေ့က ကျွန်တော့်ရဲ့အပျော်ဆုံးမွေးနေ့ပါပဲ... အရင်နှစ်တွေထက် ကိုကိုက ကျွန်တော့်ကို ပိုအရေးပေးလာတယ်လေ..."

လှိုက်မောသံတိုးတိုးလေးဖြင့် အနမ်းဆုံးချိန်တွင် သူ့ပခုံးထက်တွင် နဖူးကိုအပ်၍ ထိုကောင်လေးသည် ဆိုခဲ့သည်။ ထွဋ်တေဇသည် အနည်းငယ်နီနေသည့် မျက်နှာဖြင့်သာ မင်းဆုမြတ်၏ ခေါင်းကိုအသာဖိကိုင်ထားပေးဖြစ်ခဲ့၏။ အနှေးနဲ့အမြန်၊ သူက ဒီကောင်လေးဆီက ရုန်းထွက်ရတော့မှာ မဟုတ်ဘူး။ ထွဋ်တေဇသည် သူ့ရှေ့ရေးကိုသူ စိတ်လေးစွာသာ တွေးနေဖြစ်ခဲ့သည်။

----------

Weiterlesen

Das wird dir gefallen

12.1K 1.7K 17
"ခင်ဗျားကလေ ပြစ်မှုတစ်ခုကိုလွယ်လွယ်လေးကျူးလွန်နိုင်တာပဲ...ကျွန်တော့်နှလုံးသားကို လွယ်လွယ်လေးခိုးယူသွားပြီး အခုထိတာဝန်မယူဘူး မကောင်းတဲ့လူ" "မင်း ရူးနေ...
386K 33.3K 62
About a guy who has WomenPhobia. Girl Allergic person. (Unicode & Zawgyi)
225K 37K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
1.7M 70.3K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...