MARS
By Candycho4
408K 41.1K 2.2K
တချို့လူတွေက နူးညံ့တယ် ထင်ရပေမယ့် တကယ်တမ်းကျ ကြံ့ခိုင်တယ်။ တချို့တွေကတော့ ကြံ့ခိုင်တယ် ထင်ရပေမယ့် တကယ်တမ်းကျ... More
Intro
MARS 1 (Zawgyi)
MARS 1 (Unicode)
MARS 2 (Zawgyi)
MARS 2 (Unicode)
MARS 3 (Zawgyi)
MARS 3 (Unicode)
MARS 4 (Zawgyi)
MARS 4 (Unicode)
MARS 5 (Zawgyi)
MARS 5 (Unicode)
MARS 6 (Zawgyi)
MARS 6 (Unicode)
MARS 7 (Zawgyi)
MARS 7 (Unicode)
MARS 8 (Zawgyi)
MARS 8 (Unicode)
MARS 9 (Zawgyi)
MARS 9 (Unicode)
MARS 10 (Zawgyi)
MARS 10 (Unicode)
MARS 11 (Zawgyi)
MARS 11 (Unicode)
MARS 12 (Zawgyi)
MARS 12 (Unicode)
MARS 13 (Zawgyi)
MARS 13 (Unicode)
MARS 14 (Zawgyi)
MARS 14 (Unicode)
MARS 15 (Zawgyi)
MARS 16 (Zawgyi)
MARS 16 (Unicode)
MARS 17 (Zawgyi)
MARS 17 (Unicode)
MARS 18 (Zawgyi)
MARS 18 (Unicode)
MARS 19 (Zawgyi)
MARS 19 (Unicode)
MARS 20 (Zawgyi)
MARS 20 (Unicode)
MARS 21 (Zawgyi)
MARS 21 (Unicode)
MARS Finale (Zawgyi)
MARS Finale (Unicode)
MARS Extra (Zawgyi)
MARS Extra (Unicode)
MARS 15 (Unicode)
7.9K 930 40
By Candycho4
ရိပေါ်က တကယ်ပဲ သူထင်ထားသလို အလေးအနက်မဟုတ်ခဲ့ဘူးလား။ သူ့ကိုလူတိုင်းရှေ့မှာ ကျွန်တော့်ကောင်လေးလို့ ရဲရဲဝံ့ဝံ့ လက်ဆွဲပြီးမိတ်ဆက်ပေးခဲ့တာတွေ။ ပွေပါတယ် ရှုပ်ပါတယ်လို့ နာမည်ကြီးလှတဲ့ကောင်လေးက သူ့ဘက်က သဘောတူညီမှုမပါရင် လက်ဖျားနဲ့တောင် မတို့မထိ နဲ့ တန်ဖိုးထားပြတာတွေ။ အမြဲတမ်းလိုလို သူ့အတွက် ရှောင်းကျန့်က ကံကောင်းခြင်း ဆုလာဘ်တခုလို ပြောခဲ့တာတွေ။ ဒါတွေ ဘယ်နေရာကမှ အပျော်သဘောလို့ သက်ရောက်မနေခဲ့တာ။
အခုလို အစိမ်းသက်သက်ဖြတ်လိုက်ဖို့ဆိုတာ ရိပေါ်ဘက်က အကြောင်းမရှိပဲနဲ့လို့ လက်မခံနိုင်။ သူရိပေါ်နဲ့ နှစ်ယောက်ထဲစကားပြောချင်သည်။ တကယ်လို့ ဆွန်းယွန်းက သူ့အကြောင်း ရိပေါ်ကို ပြောပြခဲ့တယ်ဆိုရင်တောင် သူကိုယ်တိုင် ဖြစ်သမျှ အကြောင်းစုံ ရိပေါ်ကို ရှင်းပြပြီး ရိပေါ်ဆုံးဖြတ်ချက်ကို ခံယူချင်သည်။
ဒါပေမယ့် ရိပေါ်က အခုဘယ်မှာလဲ. . .
စန်းလီထွမ်လမ်းထဲက ကော်ဖီဆိုင်မှာ ဟို ပိန်ပိန်သေးသေးကောင်မလေးနဲ့ ပြုံးရယ်ပြီး စကားတွေပြောနေမလား။ ဒါက ရိပေါ်ပုံစံမဟုတ်။ သူသိခဲ့တဲ့ အရင်ရိပေါ်ဆိုရင် ကောင်မလေးနဲ့ လူရှင်းရာ တစ်နေရာရာကို သွားပြီး. . . . 
ရှောင်းကျန့် ဆက်မတွေးရဲတော့။ ရိပေါ်ကို ယုံကြည်ချင်နေသေးသည်။
သူသိတဲ့ ဝမ်ရိပေါ်
သူချစ်တဲ့ ဝမ်ရိပေါ်
သူ့ကိုချစ်တဲ့ ဝမ်ရိပေါ်က ဒီအိမ်ကို ပြန်လာမယ်မလား။ သော့ခတ်ထားတဲ့ ရိပေါ်အခန်းတံခါးက ကွာကျနေတဲ့ ဆေးသားတွေကို လက်နဲ့ထိုင်ခွာနေမိသည်။ အောက်ခံ ဆေးသားက တစ်ရောင်။ နောက်မှ ထပ်သုတ်ထားဟန်ရှိတဲ့ အပြာတောက်တောက်က တစ်ရောင်။
ရိပေါ်ရယ် ပြန်လာခဲ့ပါ။ ငါ့ရဲ့ အကြောင်းတွေအကုန် မင်းကို ဖွင့်ဟပြောပြပါ့မယ်လို့ သူ စာပို့ထားပေမယ့် ရိပေါ်က သူ့ မတ်ဆေ့ချ်ကို ဖွင့်တောင်မကြည့်ခဲ့ပါ။
"ရှောင်းကျန့်မလား"
သူ့ကိုနှုတ်ဆက်သံကြားလို့ လှည့်ကြည့်တော့ ရိပေါ်ဘေးအခန်းက ကျိုးချန်ဆိုတဲ့ကောင်လေး။ လက်ထဲမှာ အထုပ်တွေနဲ့ အလုပ်က ပြန်လာဟန် တူသည်။
"ရိပေါ်မရှိဘူးလား။ ကျွန်တော့်အခန်းထဲ ဝင်ထိုင်ပြီးစောင့်မလား။ အဲ့မှာ လေအရမ်းတိုက်တယ်။ မိုးရွာမယ်ထင်တယ်"
ကျိုးချန်ရဲ့ စေတနာကို သူအားနာနာနဲ့ပဲ ငြင်းလိုက်ရသည်။ ရိပေါ်ပြန်လာတာကို သူမသိလိုက်မှာကြောက်သည်။ ရိပေါ် အတွက်ပြောစရာတွေကို သူနည်းနည်းလေးတောင် ထပ်မစောင့်ချင်တော့။
--------------------------------------
"ဝမ်းနင် ကောင်မလေးတွေက ကာရာအိုကေ သွားရအောင်တဲ့"
ဟွိုင်စန်းက ပြောတော့ ဝမ်းနင်တို့ကောင်တွေ မျက်လုံးထဲ အရောင်တွေ လင်းလက်သွားသည်။ ဒီလိုအစွမ်းတွေကြောင့်လဲ ဟွိုင်စန်းဆိုတဲ့ကောင် ဘတ်စကတ်ဘောကို ချီးထွက်အောင်ပုတ်နေရလဲ သူတို့အသင်းထဲက မထုတ်နိုင်တာပဲ။ ခုပဲ ကြည့်စမ်း။ သူတို့ကောင်တွေနဲ့ ညစာအတူတူထွက်စားဖို့ နန်ယန်း မိန်းကလေးကျောင်းက ကောင်မလေးတွေကိုချိန်းတယ်။ အခုကျ ကာရာအိုကေပါ အတူတူသွားမယ်တဲ့။ ကာရာအိုကေဆိုရင် ကာရာမှာ အိုကေပြီလေ။
"သွားမယ် သွားမယ်"
သူတို့ထဲက တစ်ကောင်က ထိန်းမနိုင်သိမ်းမရ ရင်ခေါင်းသံကြီးနဲ့ ထအော်တော့ ဟိုဘက်က မိန်းကလေးတွေ နည်းနည်းတွန့်သွားသည်။
နွားသိုးကြိုးပြတ်ကောင်တွေကို ကြည့်ပြီး ဝမ်းနင်နဲ့ ဟွိုင်စန်း ကိုယ့်မျက်ခွက်ကိုယ် ပြန်ရိုက်ပစ်ချင်စိတ်တွေတဖွားဖွား။ ဒီလိုနေရာမျိုးမှာ ရိပေါ်သာရှိရင် အေးဆေး။ ကောင်မလေးတွေကို ဘာတော်ကီနဲ့မှတောင် ချုပ်နေစရာမလို သူရှိနေတာကိုက ချုပ်ဆေး။
အခုတော့ သူတို့အဖွဲ့ရဲ့ ချုပ်ဆေးက ဘဲထားပြီး ပျောက်နေတာကြာပြီ။ ဘဲနဲ့ပြတ်တော့လည်း စော်တစ်ယောက်နောက်ကောက်ကောက်ပါသွားတယ်ဆိုတော့. . . .
"ဟျောင့်တွေ"
ကာရာအိုကေဆိုင်ရှေ့ယောင်နေတဲ့ သူတို့ဘေးကို ဝုန်းကနဲဆိုက်လာတဲ့ ဆိုင်ကယ်ပေါ်မှာ ကားယားကြီးခွထိုင်နေရင်း လေတိုက်လို့ ရှုပ်ပွနေတဲ့ ဆံပင်တွေကို ခါနေတဲ့ ဝမ်ရိပေါ်က ဝမ်းနင်တို့အတွက်ဆို ကွမ်ရင်မယ်တော်၊ မိန်းကလေးတွေအတွက်တော့ မိုးကျရွှေကိုယ် နတ်သားလေးပေါ့လေ။
"မင်း ဟိုကောင်မလေးနဲ့ ချိန်းထားတယ်မလား"
ဝမ်းနင်က ခပ်တိုးတိုးကပ်မေးတော့ ရိပေါ်က သူ့ကိုတောင်မကြည့်ပဲ
"အဲ့ကောင်မလေးက ဟိုတယ်သွားရအောင်ခေါ်တာနဲ့ စငိုတော့တာပဲ။ ငါက အဲ့လောက်စိတ်ရှည်မနေဘူး။ သူက ငါနဲ့ ဒိတ်ပါတယ်ဆိုမှ ဘာတွေးနေတာလဲ။ ကုလားကားတွေထဲကလို လက်ကိုင်ပြီး ပန်းခြံထဲ ပတ်ပြေးချင်တာလား. . . ဟေး"
ရိပေါ်လေသံက ဘာမှမဖြစ်သလိုပေမယ့် ပုံမှန်ဟုတ်မနေဘူးလို့ ဝမ်းနင်ခံစားနေရသည်။ အရင်ရိပေါ်က ဒီလိုကောင်ပေမယ့် ရှောင်းကျန့်နဲ့တုန်းက အခြားလူတစ်ယောက်လို ပြောင်းလဲခဲ့တော့ ဟိုမိန်းကလေးက လက်ချင်းချိတ်ပြီး ပန်းခြံထဲ ပတ်ပြေးဖို့ မျှော်လင့်ရင်လဲ သူ့အလွန်တော့မဟုတ်။
ရိပေါ်အကြည့်တွေက သူတို့နဲ့လာတဲ့ မိန်းကလေးတွေထဲက ဆံပင်အနီနဲ့ ခပ်ဟော့ဟော့ကောင်မလေးဆီရပ်သွားတာကိုတွေ့တော့ ဝမ်းနင် စိတ်ထဲ ရိပေါ်ကို ဒီမှာ လက်ခံလိုက်ရတာ ရှောင်းကျန့်အပေါ် အပြစ်လုပ်မိသလို ခံစားရသည်။
ကာရာအိုကေခန်းထဲရောက်တော့ ရိပေါ်နဲ့ ဆံနီမလေးက ကပ်ရပ်။ တခြားကောင်မလေးတွေကလဲ ရိပေါ်နားဝဲနေကြသည်။
ဘီယာတွေမှာ သီချင်းတွေဆိုနဲ့ ဆူညံနေကြတဲ့အထဲ ရိပေါ်နဲ့ ဟိုကောင်မလေး ပူးကပ်လာတာ။ သူတို့လက်မောင်းချင်း ပွတ်သပ်နေတာ။ ရိပေါ် လက်တွေက ကောင်မလေး ပုခုံးပေါ်ရောက်သွားတာတွေ တစ်ယောက်နဲ့ တစ်ယောက် နားနားကပ်ပြီး တီးတိုး တီးတိုးသဖန်းပိုးလုပ်ရင်း ရယ်မောနေကြတာ တဆင့်ချင်းစောင့်ကြည့်ပြီး စိတ်မသက်မသာဖြစ်နေရသူက ဝမ်းနင်။
အားလုံး ဘီယာလေး နှစ်ဗူး သုံးဗူးလောက်သောက်ပြီး ရီဝေဝေနဲ့ သီချင်းဆိုနေကြပြီဆိုတော့ ဆံပင်အနီနဲ့ကောင်မလေးက ထ ထွက်သွားသည်။ ရိပေါ်က ယောင်မလည်နဲ့ အနောက်က ထလိုက်သွားတာမြင်တော့ ဝမ်းနင်မှာ ဘီယာလဲမသောက်နိုင် သီချင်းလဲ မဆိုနိုင်တော့။ သူတို့မြန်မြန်ပြန်လာပါစေ ဆုတောင်းရင်း ရှောင်းကျန့်မျက်နှာက အတွေးထဲ ဝင်ဝင်လာသည်။
နာရီဝက်လောက်ကြာတဲ့အထိ သည်းမခံနိုင်တဲ့အဆုံး သူထွက်လိုက်လာခဲ့သည်။ သူတို့ဘာသာ ပြတ်ပြီပဲဆိုဆို ဝမ်ရိပေါ် မဟုတ်တရုတ်တွေလုပ်လို့ ရှောင်းကျန့် မျက်ရည်ကျတာ သူမမြင်ချင်။
အိမ်သာဘက်လှမ်းသွားတဲ့ ဝမ်းနင်ခြေလှမ်းတွေက ကာရာအိုကေဆိုင်အပြင်ဘက် ပလက်ဖောင်းမှာ ဆိုင်ပေါက်ဝကိုကျောပေးထိုင်နေတဲ့ ရိပေါ်ရဲ့အရိပ်ကြောင့် လမ်းကြောင်းပြောင်းသွားသည်။ မထင်မှတ်ထားပါပဲ ဝမ်ရိပေါ်က လမ်းဘေးမှာထိုင် ဆေးလိပ်သောက်နေတာမြင်ရတော့ သူစိတ်အေးသွားတယ်ဆိုတာ ဝန်ခံပါသည်။
"မင်းက ဒီမှာထိုင်နေတာလား။ ဟိုကောင်မလေးနဲ့ ပါသွားပြီထင်တာ"
ရိပေါ်ဘေးမှာဝင်ထိုင်ရင်း သူ့လက်ထဲက စီးကရက်ဗူးထဲက တစ်လိပ်ယူပြိး ပါးစပ်မှာ ကိုက်လိုက်သည်။ မီးညှိမလို့ ရိပေါ်ဘက်လှည့်လိုက်တော့ ရိပေါ်ပါးပေါ်က မျက်ရည်စီးကြောင်းကြီးကြောင့် ဝမ်းနင် နှုတ်ခမ်းကြားက စီးကရက်က မြေပေါ်ပြုတ်ကျသွားရသည်။
"ဝမ်ရိပေါ်. . မင်းဘာဖြစ်တာလဲ"
ရိပေါ်က အခုမှ သူ့ကို သတိထားမိသွားဟန်တူသည်။ သူ့ပါးပေါ်က မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်ပြီး လက်ထဲမှာ ဘယ်အချိန်ကတည်းက ကိုင်ထားမှန်းမသိ။ ဖင်စီခံနားထိ မီးကျွမ်းနေတဲ့ စီးကရက်ကို ပစ်ချလိုက်သည်။
"မင်း အဆင်ပြေရဲ့လား"
"ဟင့်အင်း. . အဆင်မပြေဘူး"
ရိပေါ်က မျက်ရည်တွေကြားထဲက ခေါင်းကိုမော့ပြီး ရယ်တယ်။ သူ့ရယ်သံက အက်ကွဲလို့။ သူ့ကိုယ်သူပြန်လှောင်ရယ်နေတာလား။
"ငါ အဆင်ပြေမယ်လို့ ထင်ခဲ့တာ။ ရှောင်းကျန့်နဲ့ တစ်ခန်းရပ်လိုက်ရင်လဲ ပြဿ     နာမရှိလောက်ပါဘူးလို့ ထင်ခဲ့တာ။"
"ဟိုကောင်မလေးကော. . "
ဝမ်းနင်က စကားလွှဲချင်လို့ မေးခွန်းပြောင်းတော့ ရိပေါ်က ပိုရယ်သည်၊
"ပြန်သွားပြီ၊ ငါ့ကောင်က ဘယ်လိုမှ ထမလာဘူး၊ ဘယ်လိုကြိုးစားကြိုးစား နိုးမလာဘူး။ ရှောင်းကျန့်နဲ့ ပြတ်တာ ပန်းသေသွားပြီထင်ပါရဲ့ကွာ. . ဟားဟား"
ရိပေါ်က စိတ်ပျက်လက်ပျက်နဲ့ သူ့မျက်နှာကိုပွတ်နေတာကို ကြည့်ရင်း ဝမ်းနင်ရင်ထဲမှာ တင်းကြပ်လာသည်။ အရင်တုန်းက ဝမ်းချင်ဆီက ရိပေါ်က ရှောင်းကျန့်ကို သိပ်ချစ်တာလို့ပြောတာကြားတိုင်း သူလှောင်ရယ်ခဲ့တာ။ ဝမ်ရိပေါ်လို လူရှုပ်က တစ်စုံတစ်ယောက်ကို ချစ်သွားတယ်ဆိုရင်တောင် အဲ့ဒါက သိပ်ကြာကြာတည်မြဲမယ်လို့ မထင်ခဲ့။ အထူးသဖြင့် တဖက်လူက ယောကျာ်းလေးဖြစ်နေတော့ အသစ်အဆန်းကို စမ်းကြည့်ချင်တယ်လို့ပဲ ထင်ခဲ့မိတာ။ ဒါကြောင့်လဲ ရိပေါ်က ရှောင်းကျန့်ကို ဖြတ်လိုက်ပြီဆိုတော့ သူသိပ်မအံ့သြမိ။
ဒါပေမယ့် အခုတော့ ရိပေါ်ရဲ့ အပူလှိုင်းက သူ့ဆီပါကူးစက်လာသည်။ စုတ်ပြတ်နေတဲ့ ရိပေါ်ကိုမြင်ရတာ အဆင်မပြေလိုက်တာ။
"မင်း. . ကျန့်ကောကိုဘာလို့်ဖြတ်ခဲ့လဲ"
ရိပေါ်က သူ့ဆံပင်တွေသူ ဆွဲဆုပ်ပြီး ဖွနေသည်။
"ငါလဲ ရူးသွားတယ် ထင်ပါရဲ့"
"ရှောင်းကျန့်က မင်းကို ချစ်ပါတယ်"
"ဒါပေမယ့် ငါက သူချစ်တာထက် ပိုချစ်နေမိတယ်ထင်တယ်"
"အချစ်ဆိုတာ အဲ့လိုတိုင်းတာလို့ရလို့လား။ မင်းဘက်က မင်းခံစားချက်အရ ပိုချစ်တယ် ထင်တာလေ။ သူ့ဘက်ကလည်း မင်းကိုချစ်တာတွေ မပြောသာတာ ရှိမှာပဲ"
သူတကယ်နားမလည်လို့ပြောလိုက်တာပေမယ့် ရိပေါ်က သူ့ကို ငေးစိုက်ကြည့်နေတော့ ဝမ်းနင်ပါလန့်သွားသည်။ ရိပေါ်ငေးနေပုံက သူ့ဘက်ကိုဦးတည်နေပေမယ့် ရိပေါ်ရဲ့ အညိုရောင် မျက်ဝန်း မှိုင်းမှိုင်းတွေက သူ့ကိုမြင်ပုံမပေါ်။
"ငါပြန်တော့မယ်။ မိုးရွာတော့မယ် ထင်တယ်"
ရိပေါ်က ထိုင်နေရာကနေ ထပြီး သူ့ဘောင်းဘီမှာ ကပ်နေတဲ့ ဖုန်တွေကိုခါချသည်။ ဝမ်းနင် က ရိပေါ်ကို ဘာမှမပြောပဲ လက်ပဲပြလိုက်သည်။ သူ့စကားက ရိပေါ် နဲ့ ရှောင်းကျန့်အတွက် အထောက်အပံ့တစ်ခုခုတော့ဖြစ်သွားရင်ကောင်းမည်လို့ တွေးမိသည်။ မဟုတ်ရင် ဝမ်းချင်က သူ့ကို ကြက်အရေခွံစုတ်သလို အရေစုတ်လိမ့်မည်ထင်သည်။
--------–--–----------–---------------------------
ရိပေါ်ဆိုင်ကယ်ကို သူ့ယာယီ ဂိုထောင်ထဲသေချာသွင်းလိုက်သည်။ ဆိုင်ကယ် နှစ်စီးက ယာယီဂိုထောင်လုပ်ထားသည့် သစ်သားပုံး ထဲမှာ ကြပ်နေပေမယ့် သူ့ဟာနဲ့သူတော့အဆင်ပြေနေတာပါပဲ။ သူ့ဆိုင်ကယ်တွေ မိုးမစိုရင် သူခိုးမခိုးရင်ကို တော်လှပြီဆိုတော့ ဒီ့ထက်ကောင်းတာတော့မရနိုင်။
ဂိုထောင် တံခါးကိုသော့ခတ်ပြီး တိုက်တန်းလျားအပေါ်ကို တက်လာတဲ့ ရိပေါ်အတွက် သူ့အခန်းတံခါးဝမှာ ခွေခွေလေးလဲနေတဲ့ ပုံရိပ်ကြောင့် အနားကိုအမြန်ပြေးသွားလိုက်သည်။
"ကျန့်ကော"
ကြမ်းပြင်ပေါ်မှာ ဒူးလေးပိုက်ပြီးလဲကျနေတဲ့ ရှောင်းကျန့်က ရိပေါ်လှုပ်နှိုးနေတာတောင် တချက်ပဲ အသံထွက်ညည်းနိုင်ပြီး မျက်လုံးကဖွင့်မလာ။ လက်ဖျားခြေဖျားတွေကိုင်ကြည့်တော့ အေးစက်လို့။ ဘယ်အချိန်ကတည်းက သူ့အခန်းရှေ့လာစောင့်ပြီး မေ့လဲနေတာလဲ။ မိုးရွာကာနီး လေပြင်းပြင်းကြောင့်ပဲ အအေးမိသွားတာလား။
ရှောင်းကျန့်ကိုယ်လုံးပိန်ပိန်ပါးပါးကို အခန်းထဲ ပွေ့ချီလာခဲ့ပြီး ကုတင်ပေါ်ချပေးလိုက်သည်။ ပြီးတော့ ဘာဆက်လုပ်ရမှန်းမသိတော့။ ဆေးရုံပဲခေါ်သွားရမလား။ သူပဲဆေးတိုက် ရေပတ်တိုက်ရမလား။
သူမဆုံးဖြတ်နိုင်ခင် ရှောင်းကျန့်မျက်လုံးတွေက ဖြည်းဖြည်းချင်းပွင့်လာသည်။
"ရိပေါ်.. ."
သူ့ကိုမြင်တာနဲ့ ရှောင်းကျန့်က လှဲနေရာကနေ ကုန်းရုန်းထလာပြီး ရိပေါ်ကို တင်းကြပ်နေအောင်ဖက်ထားသည်။
"ကောကို ထားမသွားပါနဲ့။ ကော ရိပေါ်ကိုအကုန်ပြောပြပါ့မယ်။ ဖြစ်ခဲ့တာအားလုံး ဘာမှမချန်ပဲ ရိပေါ်ကို ပြောမှာပါ. . "
ရှောင်းကျန့်ကျောကိုပြန်ဖက်ထားပြီး ရိပေါ်ငြိမ်သက်ပေးနေလိုက်သည်။ သူက တိတ်ဆိတ်နေပြီး တုံ့ပြန်သံမလာတော့ ရှောင်းကျန့်က သူ့ကိုဖက်ထားရာကနေ လူချင်းခွာပြီး ရိပေါ်ကို ကြည့်သည်။
"ရိပေါ်. . .ငါ့ကိုမယုံလို့လား. . "
ရိပေါ်ခေါင်းခါပြပြီး ရှောင်းကျန့်လက်တွေကို ဆွဲယူကာ သူ့ရင်ဘတ်ပေါ်တင်ထားလိုက်သည်။ သူ့ရင်ခုန်သံကို ရှောင်းကျန့်ကြားနိုင်မလား။ သူ့ရင်ခုန်သံက ရှောင်းကျန့်နဲ့မှ ပုံမှန်ဖြစ်တာကို သိနိုင်မလား။
"ကျန့်ကော ငါဘာလို့ စိတ်ဆိုးလဲသိလား"
"မင်းကိုငါ မယုံကြည်လို့လား"
ရိပေါ်က ခေါင်းငြိမ့်ပြတော့ ရှောင်းကျန့်က တောင်းပန်ပါတယ် ဆိုတဲ့စကားကိုပဲ ထပ်ကာ ရေရွတ်ပြန်သည်။
"ဒါပေမယ့် ကျန့်ကော က အရင်ကအကြောင်းတွေကို ကျွန်တော့်ကို ဖုံးကွယ်ထားလို့စိတ်ဆိုးတာမဟုတ်ဘူး။ ကျွန်တော် တစ်ယောက်လုံးရှိနေတာတောင် ကျန့်ကောက အဲ့ဒီလူယုတ်မာနဲ့အတူ ပြန်နေဖို့ ဆုံးဖြတ်တာ။ ကျွန်တော်က ကောကို ကာကွယ်ပေးပါ့မယ်လို့ သစ္စာဆိုထားတဲ့လူပါ။ အခုတော့ ကျွန်တော်က ဘာဖြစ်သွားလဲ။ ကျွန်တော့်ကိုယ် ကျွန်တော် အသုံးမကျတဲ့ကောင်လို့ ခံစားရတယ်။"
သူနဲ့ ရိပေါ်တို့နှစ်ယောက်ကြားမှာ အကွာအဝေးက ဘာမှရယ်မရှိ။ တစ်ယောက်ထွက်သက်ကို တစ်ယောက်ခံစားသိနေရအောင်ကို နီးစပ်နေသည်။ ဒါကို ရှောင်းကျန့်က ဘာလို့ တွန့်ဆုတ်နေမိလဲ။
သူ အရှေ့ကိုအနည်းငယ်တိုးပြီး ရိပေါ်ရဲ့ နှုတ်ခမ်းကို တုန်ရီစွာနမ်းလိုက်သည်။ ရိပေါ်များ သူ့ကို တွန်းထုတ်လိုက်မလားလို့ ကြောက်ရွံ့ခြင်းတွေကြောင့် အနမ်းက တိုတောင်းလွန်းလှသည်။
"ရှန့်ခုံး မင်းကိုပြောခဲ့သလို ငါ မတရားအကျင့်ခံရခဲ့တဲ့ အခြေအနေထိမဟုတ်ပေမယ့် ငါ့ကို သူက လိင်ပိုင်းဆိုင်ရာ ကျူးလွန်ဖို့ကြိုးစားတယ် ဆိုတာ မှန်ပါတယ်။ ယောကျာ်းလေးချင်းပဲ ဦးလေးလဲ ဦးလေးမို့ ဆိုပြီး သူထိတွေ့တာတွေ ကိုင်တွယ်တာတွေကို ငါ ငြင်းရမှာ အားနာခဲ့ကြောက်ခဲ့တာ။ အဲ့ဒီကာလက အကြာကြီးပဲ။ ငါးနှစ်ကျော်လောက် ကာလမှာ ငါ့ကိုယ်ငါပဲ အပြစ်တင်နေခဲ့မိတာ။ သူ့ဘက်က ရိုးရိုးသားသားဖြစ်နိုင်ရက်သားနဲ့ ငါကိုက အတွေးမှားနေတာ အထင်လွဲနေတာဆိုပြီး။ ဒါပေမယ့် သူငါ့ကို ကျူးလွန်ဖို့ ကြိုးစားတဲ့အချိန် ငါအလွတ်ရုန်းနိုင်ခဲ့တယ်။ ဒါပေမယ့် ငါမင်းကို အဲ့ဒီကိစ္စကို ဘယ်လိုပြောရမှန်းမသိဘူး။ အထူးသဖြင့်ငါက ယောကျာ်းတစ်ယောက်ဖြစ်နေတော့ပိုရှက်တယ်။
ငါကျေနပ်လို့ ငြိမ်နေခဲ့တာမဟုတ်ဘူး။ ငွေရလို့မတိုင်ခဲ့ဘူးဆိုတာလဲမဟုတ်ဘူး။ တခြားလူတွေပြောနေသလို တခုမှမဟုတ်ပါဘူး"
သူ့ကိုယ်သူ အပြစ်တင်တော့မယ့် ရှောင်းကျန့် နှုတ်ခမ်းကထွက်လာမယ့် စကားတွေကို ရိပေါ်က နားထောင်နိုင်စွမ်းမရှိသလိုမျိုး လက်ဖဝါးနဲ့ ပိတ်ထားလိုက်သည်။
"မဟုတ်ဘူး ကျန့်ကော။ ဒါက ကောအမှားမဟုတ်ဘူးလေ။ ကောကို မတရားကျင့်တဲ့ ဟိုခွေးတိရစ္ဆာန်ရဲ့အမှား"
ရှောင်းကျန့်မျက်နှာပေါ်မှာ နာကြည်းတဲ့အရိပ်အယောင်တွေ ယှက်သန်းသွားသည်။
"ဒါပေမယ့် ငါတိုင်ချက်ဖွင့်ဖို့ ကြိုးစားချိန်မှာ အားလုံးရဲ့အမေးက ယောကျာ်းလေးချင်း ဒီလောက်က ဘာဖြစ်လို့လဲတဲ့။ ငါမကြိုက်ရင် ငါ့ကိုယ်ငါ ကာကွယ်ဖို့ ကြိုးစားလေတဲ့ ။ ငါကြိုးစားခဲ့တာပေါ့၊ ငါ့ကိုယ်ငါ ကာကွယ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့တာပေါ့။ အဲ့ဒီတုန်းက ငါငယ်လဲငယ်သေးတော့ ဘာမှတောင် သေချာနားမလည်တဲ့အချိန် ငါဘာမှမတတ်နိုင်ခဲ့ဘူး။. . . .
ပြီးတော့ အာရီးကကျ သူ့အပေါ်ကျ အရမ်းကောင်းတဲ့သူ အပြစ်ရှာစရာမရှိတဲ့ ခင်ပွန်းပုံစံဆိုတော့ သူ့ဘက်က တွေဝေနေမှာပေါ့။ နောက်ဆုံး ငါ့ဘက်ကိုယုံကြည်ပြီး အဲ့ဒီအိမ်ကထွက်လာခဲ့ဖို့ ဆုံးဖြတ်ပေးတာကို ငါကျေးဇူးတင်လှပါပြီ။"
ရိပေါ်က ရှောင်းကျန့်ကိုယ်ကို တိုးလို့ဖက်ထားလိုက်သည်။ သူကရောဘာကြောင့် ဒီကိစ္စကိုသိသိချင်း ရှောင်းကျန့်ကိုစိတ်ဆိုးခဲ့ရတာလဲ။ ရှောင်းကျန့်ရဲ့ ဘေးကြပ်နံကြပ်အခြေအနေတွေ၊ တခြားအခက်အခဲတွေကို မြင်အောင်မကြည့်ခဲ့ပဲ အဲ့ဒီလူနဲ့ တမိုးအောက်ပြန်နေတာကိုပဲ အပြစ်မြင်ကာ စိတ်တိုခဲ့တာ။
"ကျန့်ကော ကျွန်တော့်ကိုကြည့်"
ရိပေါ်က ရှောင်းကျန့် ပါးနှစ်ဖက်ကို သူ့လက်နဲ့ထိန်းကိုင်ပြီး ရှောင်းကျန့် ကို သူ့မျက်နှာတည့်တည့်ကြည့်ခိုင်းသည်။
"ကောဘက်က ခက်ခဲနေမယ်ဆိုရင် ပြောစရာမလိုဘူး။ တကယ်ပြောတာပါ. . ."
ရိပေါ်က ရှောင်းကျန့်ပါးပေါ် လိမ့်ဆင်းလာတဲ့ မျက်ရည်တွေကို လက်မနဲ့ ဖွဖွလေး သုတ်ပေးလိုက်သည်။
"ဒါပေမယ့် အဲ့ဒီလူနဲ့တော့ တစ်အိမ်ထဲ ပြန်မနေပါနဲ့။ကျွန်တော် ဘယ်လောက် စိတ်ပူနေမယ်။ ရင်ထဲဘယ်လိုဖြစ်နေမယ်ဆိုတာ ကော သိရဲ့လား။ ကျွန်တော် လက်မခံနိုင်တော့တဲ့ အတိုင်းအတာအထိ စိတ်ပူနေခဲ့လို့ စိတ်သက်သာနိုင်မလားလို့ လမ်းခွဲဖို့ ကြိုးစားကြည့်ခဲ့တာ"
ရိပေါ် တစ်ချက်ရယ်လိုက်မိသည်။ ရှန့်ခုံးဆီက ဒီအကြောင်း ကြားကြားချင်း ရှောင်းကျန့်ကို စိတ်ဆိုးသည်။ သူ့ကိုမပြောရကောင်းလားရယ်လို့ စိတ်တိုတိုနဲ့ သတိရတဲ့အထိမစောင့်ပဲ ပြန်လာပြီးမှ ရှောင်းကျန့်သာ အဲ့ဒီအိမ်ပြန်သွားနေရရင်ဆိုတဲ့ အတွေးနဲ့ ပူပန်တာလဲ သူပါပဲ။
အရင်ရည်းစားတွေနဲ့တောင် မခံစားရဖူးခဲ့တဲ့ ပူပန်မှုမျိုးကို ရှောင်းကျန့်ကရော နားလည်နိုင်ပါ့မလား။ အဲ့လို လောင်မြိုက်မှုမျိုးကို သူမခံစားနိုင်တာကို ရှောင်းကျန့်ကို ဘယ်လိုပြောရမလဲ။
"ကျွန်တော်မှားသွားတယ် ကျန့်ကောရယ်။ ကျွန်တော် မခွဲနိုင်ဘူး။ အဲ့ဒီလူနဲ့ တစ်အိမ်ထဲမှာတော့ မနေပါနဲ့တော့. . "
"အဲ့ဒီမှာ မနေရင် ငါက ဘယ်သွားနေရမလဲ"
"ကျွန်တော်တာဝန်ယူမယ်။ ကျွန်တော်နဲ့နေ. . "
စိတ်အားထက်သန်မှုအပြည့်နဲ့ ရိပေါ်ရဲ့ အရောင်လက်နေတဲ့ မျက်လုံးတောက်တောက်လေးတွေကို ကြည့်ပြီး ရှောင်းကျန့်က ငိုရမလို ရယ်ရမလိုနဲ့။
"အဲ့ဒါကြောင့် မင်းကိုငါ မပြောချင်ခဲ့တာ"
"ဘယ်လို"
ရိပေါ် မျက်ခုံးတွေက အလိုမကျစွာ ကွေးညွတ်သွားသည်။ ရှောင်းကျန့်က ရိပေါ်ကို ထွက်ပြေးသွားမှာကြောက်သလို လက်တွေကို သေချာဆုပ်ကိုင်ထားပြီးမှ. .
"ငါက အခု အရွယ်ရောက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေပြီ။ ငါ့ကိုယ်ငါ ကာကွယ်နိုင်ပါတယ်။ ဟိုလူလဲ ငါ့ကို ထပ်မထိရဲပါဘူး"
ရိပေါ်က လက်မခံချင်သေးပဲ ရှောင်းကျန့်အပြောကို ငြင်းဖို့ ပါးစပ်ပြင်ပေမယ့် ရှောင်းကျန့်က ရိပေါ်ကို အပြောမခံပဲ ပါးစပ်ကိုလက်နဲ့အုပ်လိုက်ပြီး. .
"ငါ့ကို ယုံပေးပါရိပေါ်ရယ်။ မင်းငါ့ကို ကာကွယ်ပေးချင်တယ်ဆိုတာသိပေမယ့် အခု အနေအထားနဲ့ ငါ အိမ်ပေါ်ကနေ ဆင်းလာပြီဆိုပါတော့။ တို့နှစ်ယောက်လုံး ရုန်းကန်နိုင်တယ်ဆိုရင်တောင်  မင်းလဲ မင်းအိပ်မက်ဖြစ်တဲ့ Grand prix မှာပြိုင်ဖို့အခွင့်အလမ်းကို စွန့်လွှတ်ရမယ်။ ငါလဲ ကျောင်းဆက်တက်နိုင်ပါ့မလား။ ဒါကြောင့် ခဏလေးပဲ. . ခဏလေး သည်းခံပြီး ငါတို့ နှစ်ယောက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့ အနေအထားတစ်ခုကိုရောက်အောင် ကြိုးစားကြမယ်လေ။ အဲ့ဒီအချိန်မတိုင်ခင် ခဏလေးပဲ ငါ့ကို ယုံကြည်ပေးပါ။"
ရှောင်းကျန့်က ဒီစကားတွေကို ရိပေါ်ဖြတ်မပြောနိုင်သေးခင် အမြန်ပြောချလိုက်ပြီးမှ တောင်းဆိုသလို တောင်းပန်သလို မျက်လုံးအဝိုင်းသားနှင့်ကြည့်နေတော့ ရိပေါ်သက်ပြင်းတွေသာ ချမိသည်။
"ကျွန်တော် နေ့တိုင်းစိတ်ပူနေရတော့မှာပဲ။ ညတွေမှာ ဘယ်လိုစိတ်နဲ့ အိပ်ရမလဲဆိုတာ ကျန့်ကောစဉ်းစားမိရဲ့လား "
"ရိပေါ်.. . ငါပြောပြီးပြီပဲ။ ငါက ယောကျာ်းတစ်ယောက်ပါ။ ငါ့ကိုယ်ငါ ကာကွယ်နိုင်တယ်ဆိုတာ"
ရှောင်းကျန့် အသံက လဲ နည်းနည်းတင်းမာလာသည်။ ရိပေါ်ရဲ့ အခန်းကျဉ်းလေးက အသက်ရှူကြပ်ချင်စရာ။ အပြင်မှာ လေတွေ တဖြူးဖြူးတိုက်ပြီစ မိုးစက်တွေကျနေပေမယ့် ဒီတိုက်ခန်းထဲမှာတော့ ပူလောင် အိုက်စပ်နေသည်။
"ကျိရှန့်ခုံးက ကောကို ဘာလုပ်လဲ တွေးကြည့်ဦး အဲ့ဒီတုန်းကကော ကျန့်ကော ခုခံနိုင်လို့လား။ အခုနေ ကျွန်တော်က ကောကို တစ်ခုခုလုပ်မယ်ဆိုရင်ကော. . . . "
ရိပေါ်က ပြောရင်း သူ့ကိုကုတင်ပေါ်တွန်းလှဲလိုက်သည်။ ရုတ်တရက်မို့ ရှောင်းကျန့်လန့်သွားပြီး ပြန်ထမယ်လုပ်တော့ ရိပေါ်က သူ့အပေါ်က ဖိထားပြီး ထခွင့်မပြု။
"ပြောလေ . . "
ရိပေါ်ရဲ့ လက်က ရှောင်းကျန့် တီရှပ်အောက်က ဝမ်းဗိုက်သားတွေနဲ့ ရင်ဘတ်ဆီ ဦးတည်လာသည်။ ရှောင်းကျန့် ခန္ဓာကိုယ်အောက်ပိုင်းကို သူ့ခြေနှစ်ချောင်းကြား ဖိကပ်ထားပေမယ့် မလှုပ်နိုင်လောက်အောင်တော့ ချုပ်မထား။
ရှောင်းကျန့် ရုန်းလေမလားလို့ သူစောင့်ကြည့်နေပေမယ့် ရှောင်းကျန့်က မျက်လုံးစုံမှိတ်ထားတာကလွဲလို့ သူ့ကို ခုခံမယ့်ပုံမပေါ်။ ရိပေါ် လက်တွေက ရှောင်းကျန့် ရင်ဘတ်က အဖုလေးနှစ်ခုကို ဖိချေလိုက်တဲ့အခါ ရှောင်းကျန့် ကိုယ်က တွန့်သွားပြီး ကျူံ့သွားသည်။ မျက်စိမှိတ်ပြီး အံကြိတ်ထားတဲ့ ရှောင်းကျန့်ကို စိတ်မရှည်စွာနဲ့ သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ရှောင်းကျန့် ရဲ့ အောက်ပိုင်းနဲ့ ပွတ်တိုက်လိုက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ စိတ်ဆန္ဒက ရိပေါ် ပါးစပ်က အားမလိုအားမရ ညည်းသံတစ်ချက် လွတ်ထွက်သွားစေသည်။ ဒါပေမယ့် ဆန့်ကျင်ဘက်ပဲ စုံမှိတ်ထားတဲ့ ရှောင်းကျန့်ရဲ့ မျက်ဝန်းထောင့်စွန်းက မျက်ရည်တစ်စက်လိမ့်ဆင်းကျလာတာကို မြင်လိုက်ရတဲ့ အခါ ရိပေါ် လက်တွေကို ရုတ်လိုက်ပြီး လူချင်းအမြန်ခွာလိုက်သည်။ တင်းနေအောင်ဆုပ်ထားတဲ့ ရှောင်းကျန့်ရဲ့ လက်သီးဆုပ်တွေကို ဆွဲဖြေကာ သူ့လက်တဖက်နဲ့ ယှက်လိုက်သလို တဖက်က လဲ ရှောင်းကျန့်ကိုခပ်တင်းတင်း ပွေ့ဖက်ထားလိုက်မိသည်။
"ဘာလို့မရုန်းတာလဲ..ဘာလို့လဲ ကျန့်ကောရာ"
သူ့ လက်မောင်းထဲမှာ တုန်ယင်နေတဲ့ ရှောင်းကျန့်က သူ့ကို ပြန်ပြီး တင်းနေအောင်ဖက်ထားရင်း
"ရိပေါ်တဲ့ တခြားလူတွေနဲ့က မတူဘူးလေ။ ကောက ရိပေါ်နဲ့ အတူတူနေချင်တယ်။ ကောကို အချိန်လေးပဲပေးပါ"
ရှောင်းကျန့် စိတ်ဆန္ဒက လိုက်လျောချင်ပေမယ့် မသိစိတ်ရဲ့ ခြောက်လှန့်မှုနဲ့ သူ့ခန္ဓာကိုယ်က တုံ့ပြန်မှုက တခြားအဓိပ္ပါယ်ကို ဖော်ဆောင်နေတာ သူလဲဘယ်လိုမှထိန်းချုပ်မရခဲ့။
"ကျန့်ကောရာ"
ရိပေါ်က မချင့်မရဲနဲ့ ရေရွတ်ရင်း ရှောင်းကျန့်တစ်ကိုယ်လုံး သူ့လက်မောင်းထဲမှာ နစ်ဝင်နေအောင် တိုးဖက်ထားလိုက်သည်။ ရှောင်းကျန့်ရဲ့ ဝိဉာဉ်ထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ အကြောက်တရားကို ဝမ်ရိပေါ်က ဖြေဖျောက်ဖို့ ကြိုးစားပုံက လက်ချည်းဗလာနဲ့ အစိမ်းသက်သက်ဆွဲနှုတိသလိုများဖြစ်နေပြီလား။ တုန်ယင်နေတဲ့ ရှောင်းကျန့်ရဲ့ ကျောကို သူဖြည်းဖြည်းချင်းပုတ်ပေးလို့ နှစ်သိမ့်ရင်း.
"ကျန့်ကော ကျွန်တော့်ကိုယုံ။ ကျွန်တော့်ကြောင့် ကျန့်ကော မထိခိုက်မနာကြင်စေရဘူး။ အဲ့လိုပဲ ကောကလဲ ကိုယ့်ကိုယ်ကို ကာကွယ်ရမယ်နော်။ ကောက ယုံကြည်ပါဆို ကျွန်တော်ယုံကြည်ပေးမယ်။ ကျွန်တော် ကောကို စိတ်ချချင်တယ်"
ရှောင်းကျန့်က ရိပေါ်မျက်နှာကို ကြည့်ရင်း ခေါင်းကိုခပ်သွက်သွက်ငြိတ်ပြသည်။
"ကော ကြောင့်မင်း စိတ်မပူစေရဘူး"
"ကျွန်တော်က ဆိုးတယ်မလား ကျန့်ကော"
ရိပေါ်အသံလေးက သေးသေးလေး။ ဆိုးဆိုးတေတေ ဂျစ်တူးလေးဟာ ဒီလိုကျ အပြစ်လုပ်ထားမိတဲ့ ကလေးလေးကျနေတာပဲ။ ရှောင်းကျန့်က ရိပေါ်ကို အားတင်းပြုံးပြလိုက်ပြီး သူတို့နှစ်ယောက်ရဲ့ လက်ချောင်းတွေကို ယှက်ပြီး ဆုပ်ကိုင်ထားလိုက်တယ်။
"ဟင့်အင်း. . တကယ်က ကိုယ်တို့ နှစ်ယောက်လုံးဆိုးကြတာပါ။ နောက်ဆို အဲ့လိုထပ်မဖြစ်ကြရအောင်နော်"
သူခေါင်းစဉ်မတပ်ချင်ပေမယ့် သူတို့နှစ်ယောက်လုံး ရှန့်ခုံးရဲ့ စကားနဲ့ လွှမ်းမိုးခံခဲ့ကြလို့ အခုလို တစ်ယောက်အပေါ်တစ်ယောက် သံသယတွေ ပွားခဲ့ကြတာပဲ။ ရှောင်းကျန့်ကိုကျ ရိပေါ်က သူ့ကိုကာကွယ်ပေးနေရင်း မကြာခင်စိတ်ပျက်သွားလိမ့်မယ်ဆိုတဲ့ ခံစားချက်ကို မျိုးစေ့ချခဲ့သလို ရိပေါ်အတွက်ကျ ရှောင်းကျန့်က ရိပေါ်ကာကွယ်ပေးနေတာကိုမလိုလားဘူး။ ရိပေါ်ကိုအသုံးချချင်နေတာဆိုတဲ့ သံသယမျိုးကို ထည့်ခဲ့သည်။
ရှန့်ခုံးက အဆိပ်ရှိတယ်ဆိုပေမယ့် တကယ်မေတ္တာစစ်ရင် နွယ်မြက်သစ်ပင်တောင် ဆေးဘက်ဝင်ပြီး အဆိပ်ကို တွန်းလှန်နိုင်သေးတာပဲမလား။ အခုအခြေအနေမှာ သူနဲ့ရိပေါ်ရဲ့ စစ်မှန်တဲ့ခံစားချက်ကို ကိုယ်တိုင်နားလည်ဖို့ အခွင့်ကောင်းတစ်ခုရခဲ့တာလို့ ရှောင်းကျန့်ကတော့ အကောင်းဘက်က လှည့်တွေးသည်။ သူနဲ့ရိပေါ်က ဒီလိုအခြေအနေတွေကို ကျော်ဖြတ်နိုင်မှာပါ။
အပြင်မှာ မိုးတွေက ခပ်ဖွဲဖွဲရွာစပြုလို့။ အေးစက်စက်လေ တစ်ချက်တိုက်လိုက်တိုင်း ရှောင်းကျန့်က ရိပေါ်ရဲ့ လုံခြုံရာ ရင်ခွင်ရဲ့အနွေးဓာတ်ထဲကို ပိုလို့ တိုးဝင်သွားခဲ့သည်။
----------------------------------------------
မိုးစက်တွေက ရှေ့က ပလက်ဖောင်း မြေမာမာပေါ်ကျပြီး စင်ထွက်လာကာ ရှန့်ခုံးဖိနပ်အဖြူပေါ် လာစင်ကြသည်။ အဖြူဆွတ်ဆွတ်ဖိနပ်အပေါ် စွန်းထင်လာတဲ့ အမည်းစက်တွေကိုကြည့်ရင်း သူမျက်မှောင်ကျုတ်မိသည်။ ပြီးတော့ သုံးထပ်က မီးလင်းနေဆဲ ပြတင်းပေါက်ကို ပြန်မော့ကြည့်မိသည်။
ရိပေါ်အခန်းထဲမှာ အဲ့ဒီတစ်ယောက်ရှိနေတာ ဘယ်လောက်တောင်ကြာသွားပြီလဲ။
သူ့ရဲ့ ရိပေါ်က တဖြည်းဖြည်းချင်းတောင်မဟုတ် အရောင်ပြောင်းလာခဲ့တာ အခုဆို အစိမ်းရောင်သက်သက်ဖြစ်တော့မည်။
လက်ထဲမှာ အပျင်းပြေလှည့်ဆော့နေတဲ့ butterfly knife ပေါ်မှာ ထွင်းထားတဲ့ စာတန်းလေးကို သူ့လက်ချောင်းတွေက အလိုလို ပွတ်သပ်မိသွားသည်။ မင်းကိုအမြဲကာကွယ်ပေးမယ် တဲ့။
သူနဲ့ရိပေါ်ရဲ့ နောက်ဆုံးအတူတူရှိခဲ့တဲ့ မွေးနေ့မှာ အပြန်အလှန်လက်ဆောင်ပေးခဲ့တာ။ သူ့လက်ဆောင်ကတော့ အဓိပ္ပါယ်မရှိတော့တဲ့ လက်ပတ်ကြိုးသက်သက်ဖြစ်သွားခဲ့ပြီ။ ဒါပေမယ့် ရိပေါ်ရဲ့ လက်ဆောင်ကတော့ သူ့အတွက် အခုထိ ကာကွယ်ပေးနေတုန်းပဲ။ ဓားသွား အရင်းပေါ်က စာတန်းလေးကို သူ ခပ်ဖွဖွနမ်းလိုက်သည်။  အဲရစ် လက်ထဲကနေ ကာကွယ်ပေးသလို ရှောင်းကျန့်ဆီကနေလဲ ကာကွယ်ပေးမယ်မလား၊
Continue Reading
You'll Also Like
261K 26.6K 109
48.3K 4K 10
♥ငယ်ငယ်ထဲက ဝိညာဉ်တေကို မြင်နေလို့ စိတ်ညစ်နေတဲ့ ကောင်ငယ်လေး ကို အကူအညီပေးမဲ့ တစ်စုံတစ်ယောက်......သူက.....Psychopomp♥
701K 59.5K 20
သင် ငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကို အဖြောင့်ထင်ပြီး ငြင်းခဲ့တဲ့ အပေအတေလေးဟာ သင့်ကိုယ်သင် အကွေးမှန်းသိတဲ့အခါမှာ အထက်ပုဂ္ဂိုလ်လေးအဖြစ်နဲ့ ပြန်ရောက်လာနိုင်ပါ...
59.6K 8.1K 32
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...