MARS
By Candycho4
408K 41.1K 2.2K
တချို့လူတွေက နူးညံ့တယ် ထင်ရပေမယ့် တကယ်တမ်းကျ ကြံ့ခိုင်တယ်။ တချို့တွေကတော့ ကြံ့ခိုင်တယ် ထင်ရပေမယ့် တကယ်တမ်းကျ... More
Intro
MARS 1 (Zawgyi)
MARS 1 (Unicode)
MARS 2 (Zawgyi)
MARS 2 (Unicode)
MARS 3 (Zawgyi)
MARS 3 (Unicode)
MARS 4 (Zawgyi)
MARS 4 (Unicode)
MARS 5 (Zawgyi)
MARS 5 (Unicode)
MARS 6 (Zawgyi)
MARS 6 (Unicode)
MARS 7 (Zawgyi)
MARS 7 (Unicode)
MARS 8 (Zawgyi)
MARS 8 (Unicode)
MARS 9 (Zawgyi)
MARS 9 (Unicode)
MARS 10 (Unicode)
MARS 11 (Zawgyi)
MARS 11 (Unicode)
MARS 12 (Zawgyi)
MARS 12 (Unicode)
MARS 13 (Zawgyi)
MARS 13 (Unicode)
MARS 14 (Zawgyi)
MARS 14 (Unicode)
MARS 15 (Zawgyi)
MARS 15 (Unicode)
MARS 16 (Zawgyi)
MARS 16 (Unicode)
MARS 17 (Zawgyi)
MARS 17 (Unicode)
MARS 18 (Zawgyi)
MARS 18 (Unicode)
MARS 19 (Zawgyi)
MARS 19 (Unicode)
MARS 20 (Zawgyi)
MARS 20 (Unicode)
MARS 21 (Zawgyi)
MARS 21 (Unicode)
MARS Finale (Zawgyi)
MARS Finale (Unicode)
MARS Extra (Zawgyi)
MARS Extra (Unicode)
MARS 10 (Zawgyi)
6.5K 656 37
By Candycho4
"မင်း ဘာတွေမွှေနေတာလဲ"
ရိပေါ်က ခြိမ်းခြောက်သံနဲ့ပြောလဲ ရှန့်ခုံးကအရယ်မပျက်။ ရိပေါ်ပုခုံးကို တွန်းလိုက်ရင်း
"မင်းကလဲ သူတို့က တကယ်ယုံမလား။ ငါက အာရုံနောက်လာလို့ ပြီးပြီးရော ပြောလိုက်တာ။ ကျောင်းမှာလဲ ငါသိတာ မင်းတစ်ယောက်ရှိတာကိုး"
ရှောင်းကျန့်ကတော့ အသံတိတ်ပြီး ဘေးမှာပဲရပ်နေလိုက်သည်။ ရှန့်ခုံးပြောတဲ့ စကားတွေကို သူမယုံပါ။ ရှန့်ခုံးမှာ တခြားရည်ရွယ်ချက်ရှိသည်လို့ပဲထင်သည်။ ခုနက မျက်လုံးတွေကို သူသတိမထားပဲ မနေနိုင်။
"ဒီကျောင်းမှာ မင်း တခြားစိတ်ဝင်စားတာလေးဘာလေး မရှိဘူးလား"
"ရှိတာပေါ့"
ရိပေါ်တက်ကြွသွားသည်။ ဘာပဲဖြစ်ဖြစ် ရှန့်ခုံးကို ရည်းစားရှာပေးလိုက်နိုင်ရင် အခုထက်ပိုပြီး ပြဿ နာကင်းသွားမည် ထင်သည်။
"ဘယ်သူလဲ"
"ရှောင်းကျန့်ကို စိတ်ဝင်စားတယ်"
သူ့ကိုတည့်တည့်လက်ညှိုးထိုးပြီး ပြောလာတဲ့ ရှန့်ခုံးကြောင့် ရှောင်းကျန့် လန့်သွားသည်။ စတာလိုလိုနောက်တာလိုလိုနဲ့ ဆဲ ပြီးလိုက်ကန်နေတဲ့ ရိပေါ်ကို ရှောင်ပြေးရင်း ရယ်နေတဲ့ ရှန့်ခုံးရယ်သံတွေက ရှောင်းကျန့်ကိုလှောင်ရယ်နေသလို။
ရှောင်းကျန့်အတွက် နေ့ရက်တွေက အရင်ကလောက်တော့ လွယ်ကူမနေခဲ့။ သူ့နောက်မှာ ရှန့်ရဲ့အရိပ်က ကပ်နေတယ်လို့ ခံစားရသည်။ မီနာ့အကြောင်း ခေါင်းထဲဝင်လာတိုင်းလဲ ရှောင်းကျန့်ဘက်က စိတ်မသက်မသာခံစားနေရသည်။ တချိန်မှာ မီနာ့ကို ရိပေါ်အထင်လွဲသလို ရှောင်းကျန့်ကိုလဲ အလကားနေရင်း တွယ်ကပ်နေတဲ့ သူတပါးအာရုံစိုက်တာ လိုချင်နေတဲ့သူလို့ထင်ရအောင် ရှန့်ခုံးက မပြောဘူးလို့ အာမမခံနိုင်။
"ရှောင်းရှောင်ကျန့်. . . ဘာတွေတွေးနေလို့ ငါ့ကိုတောင်မမြင်ရတာလဲ"
အတွေးတွေနဲ့ ဘေးဘယ်ညာမကြည့်ပဲ လျှောက်လာတဲ့ ရှောင်းကျန့်ကို ဝမ်းချင်က လှုပ်နှိုးလိုက်မှ စိတ်နဲ့လူပြန်ကပ်သွားသည်။
"နင့်ကြည့်ရတာ နည်းနည်းလေးမှ ပုံမမှန်ဘူး"
သူက ဘာမှမဖြစ်ဘူးပြောလဲ ဝမ်းချင်က လွယ်လွယ်ယုံမယ့်သူမှမဟုတ်တာ။ ရှောင်းကျန့်က ပြန်မဖြေပဲငိုင်နေလေ ဝမ်းချင်က မသကာင်္လေ။
"ကျန့်ကော နင်အဲ့လိုဖြစ်နေတာကြီးက အရင်ကဆို ပုံမှန်လို့ ငါသဘောထားပေးလို့ရပေမယ့် အခုနင်က မတူတော့ဘူးလေ။ အရမ်းကို တက်ကြွပျော်ရွှက်လာပြီးမှ အခုကျ စိတ်နဲ့လူမကပ်သလိုကြီး။ ဟိုကျိရှန့်ခုံးဆိုတဲ့တယောက်ကြောင့်လား"
ဝမ်းချင်ရဲ့အမေးကို ရှောင်းကျန့်က ယဲ့ယဲ့ပဲ ပြုံးပြလိုက်တော့ ဝမ်းချင်က တကယ်ပါပဲဆိုပြီး စိတ်ပျက်တဲ့အကြည့်နဲ့ တချက်ကြည့်ပြီး ရှောင်းကျန့်ကို ကျောင်းကန်တင်းဘက်ဆွဲခေါ်လာသည်။
နို့ဘူးတွေ ပေါင်မုန့်တွေဝယ်လာပြီး သူ့ကိုဇွတ်စားခိုင်းနေတဲ့ ဝမ်းချင်ရဲ့ စေတနာတွေကို ဘယ်လို ငြင်းလို့ငြင်းရမှန်းတောင်မသိတော့။
"ရှောင်းကျန့်. . နင်ဖြစ်နေတာကိုမပြောရင် ငါက နင့်ကို ဘယ်လို ကူညီရမှာလဲ"
ဝမ်းချင်ရဲ့ စိတ်ရင်းက အဖြူနဲ့အမဲ သဲသဲကွဲကွဲရှိသည်။ သူမှန်တယ်ထင်ရင် မှန်တယ်လို့ပြောရဲသလို သူမမှန်ဘူးထင်တာဆိုလဲ ပွင့်ပွင့်လင်းလင်းထောက်ပြရဲတာမို့ ရှောင်းကျန့် ခံစားနေရတာကို ဖွင့်ပြောရင် အရှေ့မှာတော့ တမျိုးနှစ်သိမ့်ပြီး ကွယ်ရာကျမှ ဝေဖန်မယ့်သူမျိုးတော့မဟုတ်။
"ဟုတ်တယ်။ ရှန့်ခုံးကြောင့်"
ဘေးလူတွေကြားရင်အထင်လွဲမှာစိုးတာကြောင့် သူဝမ်းချင်ဘက်ကို ပိုကုန်းပြီး ခပ်တိုးတိုးနဲ့ပြောလိုက်သည်။
"သူနဲ့ရိပေါ်က ငယ်သူငယ်ချင်း အရမ်းခင်ကြတယ်ဆိုတာ ငါနားလည်ပါတယ်။ အခုဟာက သူ့ကို မနာလိုတာမဟုတ်ဘူး။ ငါ သူ့ကိုမြင်ရင်ကို စိတ်ထဲနေရတာတမျိုးကြီး ကြောက်နေတယ်။ သူက ပြုံးရယ်ပြီး ခင်ခင်မင်မင် ဆက်ဆံပြနေပေမယ့် တမျိုးပဲ ဟန်ဆောင်နေတယ်လို့ ထင်ရတယ်။"
ဝမ်းချင်က သူ့အပြောကို ခေါင်းတဆတ်ဆတ်ငြိမ့်ပြီး ထောက်ခံနေတော့ နည်းနည်းအားတက်သွားသည်။
"ဒါပေမယ့် ငါကပဲ စိတ်ထားသေးသိမ်နေတာလား။ အထင်လွဲနေတာ. . "
ရှောင်းကျန့်ကိုဆုံးအောင်တောင်ပေးမပြောပဲ ဝမ်းချင်က သူ့နှုတ်ခမ်းပေါ် လက်ချောင်းကန့်လန့်ဖြတ်တင်လိုက်ပြီး
"ငါပြောမယ် ရှောင်းကျန့်။ လူတစ်ယောက်မှာ ကိုယ့်ချစ်သူနဲ့ ပတ်သတ်လာရင် ဆဋ္ဌမ အာရုံဆိုတာရှိတယ်။ ကိုယ့်ချစ်သူရယ် သူ့ပတ်ဝန်းကျင်ကလူတွေရယ် ဘာလုပ်ဘာတွေးနေတယ်ဆိုတာ သူတို့ အပြုအမူအပြောအဆို.. ကုန်ကုန်ပြောရရင် သူတို့်အသက်ရှူသံ ကြားရတာနဲ့တင်တောင် ခန့်မှန်းလို့ရတယ်။"
ဝမ်းချင်စကားကြောင့် ရှောင်းကျန့်မျက်လုံးပြူးသွားသည်။ ဒီလိုကိစ္စမျိုးက တကယ်ရှိတာလား။ ဝမ်းချင်က ပြူးကြောင်ကြောင် ရှောင်းကျန့်ရှေ့မှာ ဆရာမကြီးစတိုင်နဲ့ မေးကိုပွတ်ရင်း
"အဲ့ဒါကြောင့် ရိပေါ်ကို ငါအသေအလဲ ကြိုက်နေတုန်းကလဲ နင်တို့နှစ်ယောက်က ဘာရယ်ညာရယ်မသိ အူလည်လည်ရှိနေကတည်းက ငါက နင်တို့နှစ်ယောက် တော်တော်ဖြစ်နေကြပြီဆိုတာ တန်းသိတာပေါ့။"
ဒါတော့ ရှောင်းကျန့်တကယ် လက်ဖျားခါသွားသည်။ အဲ့ဒီတုန်းက သူ့ကိုယ်သူတောင် ရိပေါ်ကို သူငယ်ချင်းလို ရိုးရိုးခင်တယ်ထင်မိနေတုန်း။ ဝမ်းချင်က သိနေတယ်ဆိုတာ ဆဋ္ဌမ အာရုံပဲလား။
"အခုတော့ ရိပေါ်ကို မကြိုက်တော့ မသိတော့ဘူး။ အဲ့ဒီတော့ ရှောင်းကျန့် နင့်စိတ်ထဲ ရှန့်ခုံးနဲ့ဘပတ်သတ်ပြီး ဖြစ်နေတာ နင်မမှားဘူး။ အဲ့ကျိရှန့်ခုံးဆိုတာကိုက မူမမှန်နေတာ"
"ငါဘာလုပ်သင့်လဲ"
ရှောင်းကျန့်က အားကိုးတကြီး အကူအညီတောင်းတော့ ဝမ်းချင်က ခေါင်းကုတ်ရင်း
"အာ့တော့ ငါလဲမသိဘူး။ ငါက အဲ့လိုမျိုးကျ မကျွမ်းဘူးလေ။ ကြည့်ပါလား ငါလုပ်လိုက်တာ ငါ့ crush တောင် နင်နဲ့ဖြစ်သွားတဲ့ ကိစ္စ"
ဝမ်းချင်က အဲ့လို ဒဲ့ဒိုးကြီးပြောတာ့ ရှောင်းကျန့် အားနာသွားသည်။ ဝမ်းချင်က ရိပေါ်ကို ဘယ်လိုပဲ မကြိုက်တော့ဘူးဆိုဆို သူက နေရခက်နေတုန်း။
"ဘာလဲ အားနာနေတာလား အားမနာနဲ့ ငါ crush တဲ့လူပြောင်းသွားပြီရယ်။ ဝမ်ရိပေါ်ကို စာရင်းတောင် မသွင်းတော့ဘူး"
ဝမ်းချင်က မဲ့ပြီးပြောတော့ ရှောင်းကျန့်က ဇက်လေးပုပြီး သွားအဖြဲသားနဲ့ ရီပြလိုက်ရသည်။ သူ့မှာ ဝမ်းချင်ရှိလို့သာ ရင်ဖွင့်စရာရှိတာမို့ ဝမ်းချင်လို ရှားရှားပါးပါး သူငယ်ချင်းကို စိတ်ကွက်သွားမှာလဲ စိုးမိပြန်သည်။
"အား. . ရိပေါ်ကို ငါနဲ့မရရင် ကျိရှန့်ခုံးနဲ့ရကွာ"
"အေးလေ. .ရှောင်းကျန့်နဲ့က မလိုက်ပါဘူး။ ရှောင်းကျန့်က မတန်မရာလိုက်ကပ်နေတာ"
"ရှန့်ခုံးနဲ့ကမှ ရှေ့သွားနောက်လိုက်ညီတာ။ ပြီးတော့ သူတို့ရဲ့ သံယောဇဉ်ထုထည်ကကြီးမားတယ်"
"ငါကတော့ ရိပေါ်နဲ့ရှန့်ခုံးပဲ ship မယ်။ ရှောင်းကျန့်က လစ်လိုက်တော့"
သူကျောပေးထားတဲ့ဝိုင်းမှာထိုင်နေကြတဲ့ ကျောင်းသူတစ်အုပ်ဆီက စကားသံတွေကြောင့် ရှောင်းကျန့်စားလက်စ ပေါင်မုန့်ကိုပြန်ချထားလိုက်မိသည်။ သူ့ကိုမမြင်လို့ပြောနေကြတာလဲ ဖြစ်နိုင်သလို မြင်ရက်သိသိရက်နဲ့ပြောတာလဲ ဖြစ်နိုင်သည်။ သူ့ဝမ်းဗိုက်ထဲမှာ အစာအိမ်တစ်ခုလုံးထုံးသွားသလို ရှောင်းကျန့်နေလို့မကောင်းတော့။
"ဒီခွေးမတွေ သေချင်လို့"
သူမတားလိုက်နိုင်ခင် ဝမ်းချင်က အဲ့ဒီဘက်ဝိုင်းကို ခုန်ကူးသွားပြီး အသံအကျယ်ဆုံးတစ်ယောက် ဆံပင်ကို နောက်ကနေ ဆောင့်ဆွဲလိုက်သည်။ ကျန်တဲ့ ကောင်မလေးတွေ ရုတ်ရုတ်သဲသဲနဲ့ထလာပြီး ဝမ်းချင်ကို ပြန်လုပ်ဖို့ကြိုးစားပေမယ့် သူတို့အတန်းဖော် ဝမ်းချင် သူငယ်ချင်းအုပ်လိုက်ရောက်လာပြီး ရန်ပွဲက ကြီးသွားသည်။
"ကောင်မတွေ နင်တို့ နောက်တစ်ခါ ပါးစပ်သရမ်းလို့ကတော့ သွားတွေအကုန်ရိုက်ချိုးပစ်မယ်"
ဝမ်းနင်တို့ရောက်လာပြီးဆွဲလို့ လူစုကွဲတဲ့အထိ ဝမ်းချင်ဒေါသက မပြေသေး။ ရှောင်းကျန့်လက်ကို ဆွဲပီး ကန်တင်းက ပြန်လာတဲ့တလမ်းလုံး အဲ့ဒီကောင်မလေးတွေကို အော်ဆဲနေသည်။
"အဲ့ဒီ ကျိရှန့်ခုံးကို စမြင်ကတည်းက နိမိတ်မကောင်းတာ။ ဘာကောင်မှန်းမသိဘူး"
"ငါဘာလုပ်မိလို့လဲ"
အတန်းထဲဝင်ခါနီးအထိ ပွစိပွစိပြောနေတဲ့ ဝမ်းချင်နဲ့ သူတို့အတန်းထဲက ထွက်လာတဲ့ ရှန့်ခုံးထိပ်တိုက်တိုးသည်။ ဝမ်းချင်ကို မျက်နှာချင်းဆိုင် တည့်တည့်မေးလာတော့ ဝမ်းချင်ကတော့ ဘယ်လိုနေတယ်မသိ ရှောင်းကျန့်က မျက်နှာပူလာသည်။ ရှောင်းကျန့်နဲ့ ဝမ်းချင်က သူ့ကိုစကားမပြန်တော့ နောက်ပြန်လှည့်ပြီး ရိပေါ်ကိုနှုတ်ဆက်လို့ပြန်သွားသည်။
"ဘာဖြစ်ကြတာလဲ"
ရိပေါ်က အခုမှကျောင်းရောက်လာပုံရသည်။သူတို့ရန်ဖြစ်ကြတာကို သိလိုက်ပုံမပေါ်။
"ဘာဖြစ်ရမှာလဲ။ ရန်ဖြစ်လာတာလေ အဲ့ဒီနင့်သူငယ်ချင်း. . "
"ဝမ်းချင် ထားလိုက်ပါတော့။ သူနဲ့မဆိုင်ပါဘူး"
ရှောင်းကျန့်က ဝမ်းချင်ကို တားလိုက်လို့သာ ဆက်မပြောပဲနေရပေမယ့် ဝမ်းချင်က မကျေနပ်။ သူ့စားပွဲတွေ ခုံတွေကို ကန်ပြီး ဆဲနေသည်။
ရှောင်းကျန့်ကတော့ ရှန့်ခုံးရဲ့ ငါဘာလုပ်လို့လဲဆိုတဲ့ စကားနဲ့ ရိပေါ်ကိုပြန်လှည့်ပြုံးပြတဲ့ ခပ်ဖျော့ဖျော့အပြုံးကို သတိထားမိသည်။ တကယ်လဲ အခုကိစ္စက ရှန့်ခုံးက တိုက်ရိုက် ဘာမှ မလုပ်ခဲ့။ ကျောင်းသူတွေ သူတို့ဘာသာပြောချင်ရာပြောတာကို ရှန့်ခုံးကြောင့်ပါ။ ရှန့်ခုံးအမှားလို့ဘစွပ်စွဲရင် ရှောင်းကျန့်က မီနာ့ကို အပြစ်ပုံချခဲ့တဲ့ ရှန့်ခုံးနေရာ ပြန်ရောက်သွားမည်ထင်သည်။ သူ သတိကြီးကြီးထားရမယ်လို့ သိနေခဲ့သည်။
အခြေအနေက ဘာတွေကို ဦးတည်နေလဲဆိုတာ ရိပေါ် မသိတာတော့မဟုတ်။ ရှောင်းကျန့်က စကားများများပြောတတ်တဲ့လူမဟုတ်လို့ သူ့ကို ဘာမှမပြောပေမယ့် ရှောင်းကျန့်စိတ်အနှောင့်အယှက်ဖြစ်နေတာ ခံစားနေရတာတွေကို ရိပေါ်က မြင်နေရပါသည်။
သူ ရှန့်ခုံးကို စကားပြောဖို့ ပန်းချီခန်းမှာ သွားစောင့်နေပေမယ့် outdoor သွားဆွဲကြတယ်ဆိုလို့ ပန်းချီခန်းထဲက ခုံရှည်မှာ ခဏလှဲပြီးစောင့်လိုက်ရာက နေ တမှေးအိပ်ပျော်သွားသည်။ ညဆိုင်းအလုပ်နဲ့ လေ့ကျင့်ရေးတွေအပြင် ရှောင်းကျန့်နဲ့သူ့ကြားက လေထုက ရိပေါ်ကို ပိုပင်ပန်းစေသည်။
သူ့နှုတ်ခမ်းပေါ်ကို စိုစွတ်တဲ့အထိအတွေ့သက်ရောက်လာလို့ ရိပေါ်မျက်လုံးဖွင့်ကြည့်လိုက်မိတော့ ရှန့်ခုံးရဲ့မျက်နှာက သူနဲ့အရမ်းနီးကပ်နေတဲ့အနေအထားမှာ။ ရိပေါ်ရဲ့ လက်တွေက အလိုလျောက်တုန့်ပြန်မှုနဲ့ ရှန့်ခုံးကို ဆောင့်တွန်းလိုက်သည်။ ရှန့်ခုံးက ရင်ဘတ်ကို ပွတ်ရင်းရယ်နေပေမယ့် ရိပေါ်စိတ်ထဲ သူစနောက်နေတယ်မထင်တော့။
"မင်းသမီးလေးက အိပ်ပျော်နေလို့လဲ နှိုးပေးရသေးတယ်။ ရက်စက်လိုက်တာ"
"ရှန့်ခုံး မင်း ကျန့်ကောကို ဘာတွေပြောလိုက်တာလဲ"
"ငါဘာပြောလိုက်တယ်လို့ ကျန့်ကောက မင်းကိုပြန်ပြောလို့လဲ"
ရှန့်ခုံးမျက်နှာက အပြုံးကပျက်မသွား။ ရိပေါ် ပုခုံးပေါ်လက်လာတင်ပြီး သူ့ပုခုံးကို နှိပ်နေသည်။
"ကျန့်ကောက ငါ့ကို ဘာမှမပြောလို့ မင်းကိုမေးနေရတာပေါ့"
ရှန့်ခုံးက ပုခုံးတွန့်လိုက်ပြီး
"သူက ဘာမှမပြောဘူးဆို ငါကလဲ ဘာမှမပြောဘူးပေါ့"
"ကျိရှန့်ခုံး"
ဝေ့လည်ကြောင်ပတ်နဲ့ စကားကိုလှည့်နေတဲ့ ရှန့်ခုံးကို ရိပေါ်က စိတ်တိုတိုနဲ့ အသံမာမာနဲ့အော်တော့ ရှန့်ခုံးက ထိုင်နေရာကနေ ခုန်ထပြီး ရိပေါ်ကို ပြန်အော်သည်။
"ဘာလဲ ဝမ်ရိပေါ်။ ထစ်ခနဲရှိ ကျန့်ကော ကျန့်ကောနဲ့ ငါသိတဲ့ ဝမ်ရိပေါ်က ဘယ်မှာလဲ။"
ရိပေါ်က ရှန့်ခုံးအဲ့လိုတွေပြောတော့မယ်လို့ ထင်နေတာမို့ စိတ်ပျက်တာထက်ဘာမှမပို။
"မင်းဘာတွေပြောနေတာလဲ"
ရိပေါ်ဆီက အေးတိအေးစက်တုန့်ပြန်တာကို ရှန့်ခုံးက ခေါင်းမော့ပြီးရယ်နေသည်။
"အဲ့ဒါပဲ တွေ့လား။ မင်းကို အဲ့ကောင်က အကုန်ပြောင်းလဲပစ်လိုက်တာ။ မင်းက ဝမ်ရိပေါ်ဆိုတာနဲ့ကို မတူတော့ဘူး။ ရှောင်းကျန့်နားမှာ သူကျေနပ်အောင် အမြှီးနန့်နေတဲ့ ခွေးလိုပဲ"
ရိပေါ် ဒေါသနဲ့ နေရာကနေ ခုန်ထပြီး ရှန့်ခုံးအင်္ကျီရင်ဘတ်ကို ဆောင့်ဆွဲလိုက်သည်။ ရှန့်ခုံးကရယ်နေတာ မရပ်။ ရိပေါ် မျက်နှာ တည့်တည့်ကိုကြည့်ပြီး ဆက်ရယ်နေသည်။
"မင်းကို သူက အမြတ်ထုတ်နေတာ သိရဲ့လား။ မင်းရဲ့ တကယ့်အစစ်အမှန်ကို သူက နားလည်တယ် လက်ခံတယ်များ ထင်လား စောက်ရူးရဲ့။ မင်းကို သူ့အကျိုးအတွက် အသုံးချနေတာ။ သူလူရာဝင်အောင်. . သူ့မှာ အကာအကွယ်ရှိအောင်. . "
"ကျန့်ကောက မင်းလိုမဟုတ်ဘူး"
ရှန့်ခုံးပြောနေတာတွေကို သူမကြားချင်တော့။ ရိပေါ်လက်ချောင်းတွေက ဆွန်ယွန်းလည်ပင်းကို တင်းတင်းညှစ်ထားသည်။ ရှန့်ခုံးဆီက ဘာသံမှ ထပ်ထွက်မလာရင်ကောင်းမယ်။
"ငါပြောတာ အမှန်တွေဆိုတာ မင်းသိပါတယ်။ မင်းဘာသာမင်း ဖုံးကွယ်ပြီး အရမ်းအဆင်ပြေချင်ယောင်ဆောင်နေတာ. . .အစ်"
"မင်းစောက်ပါးစပ်ပိတ်ထား"
သူ ရှန့်ခုံး လည်မြိုကို ရိုက်ချိုးပစ်ချင်လာသည်။ မျက်နှာတစ်ပြင်လုံး နီရဲလာရာကနေ ပြာနှမ်းလာတဲ့အထိ ရှန့်ခုံးက နည်းနည်းမှမရုန်း။ ရိပေါ်ကလဲ လွှတ်ပေးဖို့ မရှိ။ သူတကယ် ရှန့်ခုံးကို အဆုံးသတ်ပစ်ချင်သည်။
"ရိပေါ် တော်တော့"
ပန်းချီခန်းထဲ တခြားကျောင်းသားတွေနဲ့ ရှောင်းကျန့် ဝင်လာပြီး ဖြစ်ပျက်နေတာကို မြင်တော့ အလန့်တကြားနဲ့ ဝိုင်းဆွဲကြသည်။ ရိပေါ်က အသိလွတ်နေသလို သူတို့အော်တာတွေ တားတာတွေကိုလဲ လက်မခံပဲ ရှန့်ခုံးလည်ပင်းကို အသေညှစ်ထားသည်။ ဒီအတိုင်းဆို ရှန့်ခုံးသေသွားနိုင်တယ်ဆိုတဲ့အသိနဲ့ ရှောင်းကျန့် ရိပေါ်လက်တွေကို အတင်းဝင်ဖြည် ဝင်ဆွဲရသည်။
"မင်းတို့ ဝင်မပါနဲ့လို့ပြောနေတယ်မလား"
ရိပေါ်က ငေါက်လိုက်ပြီး လက်ပြန်ရိုက်ချက်က ရှောင်းကျန့်ကို လွင့်ထွက်သွားစေသည်။ အရှိန်နဲ့မို့ ကင်းဗတ်တင်တဲ့စင်ကို ဝင်တိုက်မိပြီး ရှောင်းကျန့်လဲပြိုကျသွားသည်။ ဆူညံသံတွေအဆုံးမှာ မုန်တိုင်းကရုတ်ချည်းရပ်တန့်သွားသလို။ ရှန့်ခုံးကိုရိပေါ် က လွှတ်ပေးလိုက်သည်။
ကြမ်းပြင်ပေါ်မှာ လဲကျနေတဲ့ ရှောင်းကျန့်နဲ့ သစ်သားစင်တွေ အားလုံးကို တချက်ဝေ့ကြည့်ပြီး အခန်းထဲကနေ အမြန်ထွက်ခွာသွားတဲ့ ရိပေါ်မျက်ဝန်းတွေက နာကြင်ရှက်ရွံ့လို့။
သစ်သားစင်နဲ့ တိုက်မိလို့ ပေါက်သွားတဲ့ နဖူးနဲ့ လက်ဖျံက သွေးစတွေကို လျစ်လျှူရှုပြီး ရိပေါ်နောက်ကို ပြေးလိုက်ဖို့ ထလိုက်တဲ့အချိန် ရှန့်ခုံးဆီကဘအက်ကွဲကွဲရယ်သံထွက်လာသည်။
"ရိပေါ်မှာ ဒေါသတွေရှိတယ်။ နာကြင်မှုတွေရှိတယ်။ အဲ့ဒါတွေကို မင်းရှေ့မှာ ထိန်းချုပ်ထားရတာ သူ့အတွက်ခက်မှာပဲ။ ငါနဲ့သာဆို သူပွင့်ပွင့်လင်းလင်း ဒေါသထွက်လို့ရတယ်။ ပေါက်ကွဲလို့ရတယ်"
ရှောင်းကျန့် ရှန့်ခုံးရှေ့ကို လျှောက်သွားလိုက်တယ်။ သူတသက်မှာ တခါမှမလုပ်ဖူးတဲ့အရာကို ပထမဆုံးလုပ်ခဲ့မိတာ။ ရှန့်ခုံး ပါးပေါ်ကို လက်သီးတစ်ချက် ကျွေးလိုက်တာပဲ။ သူတစ်ခါမှ လက်သီးမထိုးဘူးတော့ အရှိန်ကမပျင်းဘူး။ ရှန့်ခုံးလဲ သိပ်ထူးထူးခြားခြားနာသွားမှာမဟုတ်ပေမယ့် ရှောင်းကျန့်ရင်ထဲမှာ ကျေနပ်သွားတယ်။ သူက မီနာလိုမဟုတ်ဘူး။ ပြန်ပြီးတိုက်ခိုက်မယ့်သူဆိုတာ ရှန့်ခုံးသိစေချင်တယ်။
"ငါနဲ့ရိပေါ်ကို ထပ်မနှောင့်ယှက်ပါနဲ့"
ရှန့်ခုံးက တစ်ချက်ရယ်လိုက်ရင်း ရှောင်းကျန့်ထိုးလိုက်တဲ့ သူ့ပါးသူစမ်းနေသည်။ ပြီးတော့ မျက်လုံးလှန်ကြည့်လာတဲ့ ရှန့်ခုံးမျက်ဝန်းထဲမှာ ရှောင်းကျန့်ကို လှောင်ပြောင်ရိပ်တွေ အပြည့်
"မင်းနဲ့ ရိပေါ်ကို မနှောင့်ယှက်ပါနဲ့ ဟုတ်လား"
ပြောရင်း ရှန့်ခုံးရယ်သံက ပိုပိုကျယ်လာ၏။ သူက ဒယီးဒယိုင်နဲ့ထလာပြီးရှောင်းကျန့်နားကပ်လာတာမို့ သူ့ကိုပြန်ထိုးတော့မှာလားရယ်လို့ ကာကွယ်ဖို့ လက်သီးပြင်ထားပေမယ့် ရှန့်ခုံးက သူ့နားနားကို ကပ်လာပြီး ဘေးက တခြားသူတွေမကြားရအောင်လေသံနဲ့
"အဲ့ဒါ မင်းရိပေါ်မဟုတ်ဘူး။ ငါ့ရိပေါ်။ ငါ့ရဲ့ ရိပေါ်။ ငါတို့နှစ်ယောက်က ရန်ဖြစ်လဲ ပြီးရင် ပြန်တည့်သွားမှာ"
အညှစ်ခံထားရလို့ နာကြင်နေတဲ့ လည်ချောင်းက ထွက်လာတဲ့ စကားသံက ပိုပြီး အက်ရှကြမ်းတမ်းနေသည်။
"ငါတို့ နှစ်ယောက်က အမြဲ အဲ့လိုပဲ။ ကျန်တဲ့သူတွေ ရိပေါ်ဘဝထဲ ဝင်လာလိုက် ပြန်ထွက်သွားလိုက် လုပ်နေပေမယ့် ငါက အမြဲတမ်းသူ့ဘေးမှာ ရှိနေပေးမယ့်သူမို့။ အဲ့ဒါကို ရိပေါ်လဲသိတယ်. . . ဟား. .ဟား"
ရှန့်ခုံးရယ်သံက သူ့နားထဲ ကျယ်ကျယ်လောင်လောင် ပဲ့တင်လာသည်။ ရှန့်ခုံးက သူ့နားကနေခွာပြီး ဘေးလူတွေကို တချက်ဝေ့ကြည့်လိုက်ပြီး. .
"ဒါပေမယ့် မင်းက သိပ်ချစ်ဖို့ကောင်းတယ်။"
ရုတ်တရက်ကြီး ရှောင်းကျန့်ပါးပေါ်ကို ရှန့်ခုံးဆီက အနမ်းတပွင့်ကျလာသည်။ မမျှော်လင့်ထားခဲ့မိတာမို့ ရှောင်းကျန့် ရှောင်ချိန်မရလိုက်။
"ရိပေါ်ကို မင်းအပိုင်လို့ ထင်နေပုံက သိပ်ချစ်ဖို့ကောင်းတယ်"
ရှန့်ခုံးရဲ့ အံကြိတ်သံအရ သူ့ကို အစိမ်းလိုက်ဝါးစားချင်လောက်အောင် မုန်းတီးနေမှန်းသိသာလှသည်။
ဘေးက ဝိုင်းကြည့်နေသည့် လူတွေဆီက အာမေဋိတ်သံတွေထွက်လာပေမယ့် ဘေးလူတွေဘယ်လိုတွေးမယ် ဘယ်ဝါတွေးမယ်ဆိုတာတွေ ရှောင်းကျန့်ဂရုမစိုက်ချင်တော့ဘူး။ ရှန့်ခုံးက ခန့်မှန်းရခက်ပြီး ကြောက်စရာကောင်းပေမယ့် ရိပေါ်နာကြင်နေတာ ပေါက်ကွဲနေတာတွေအတွက် သူရပ်ကြည့်မနေနိုင်တော့။ ရှန့်ခုံးက ရိပေါ်ရဲ့အနာကို အပ်တစ်ချောင်းနဲ့ ဆွပေးနေတာမျိုးကို သူခွင့်မပြုနိုင်။ သူက ရိပေါ်ကို ကာကွယ်ပေးမယ့်သူ။ ဒီ့အတွက် ရှန့်ခုံးကို မားမားမတ်မတ်ရင်ဆိုင်နိုင်လောက်အောင် ကြံ့ခိုင်ဖို့လိုသည်။
"ရှောင်းကျန့်က ကြောက်စရာကောင်းလိုက်တာ။ ရိပေါ်ကိုကြောက်ပေမယ့် ရှောင်းကျန့်က ပိုကြောက်ဖို့ကောင်းတယ်"
"ရိပေါ်က နဂိုတည်းက ဆိုးတာထားလိုက်တော့။ ရှောင်းကျန့်က မျက်နှာဖုံးစွပ်ထားတာ"
"ရိပေါ်ဘယ်လောက်ဆိုးဆိုး သူ့ငယ်သူငယ်ချင်းကိုထိုးရက်တာ"
"ရှောင်းကျန့်ကို ဝိုင်းလုကြတာလား။ ငါ့ CP လေးတော့ပျက်ပါပြီ"
"ရှောင်းကျန့်က ပျော့ပျော့လေးနဲ့နံတဲ့ ကြောင်ချေး။ သူငယ်ချင်း နှစ်ယောက်လုံးနဲ့ ခလောက်ဆန်တာ"
"ငါ့ရှန့်ခုံးလေး သနားပါတယ်။ ငါ့ပဲ ကြိုက်လိုက်ပါတော့"
"ဒီ ဖေ. . ."
"ထားလိုက်ပါ ဝမ်းချင်။ သူတို့ဘာသာပြောချင်ရာပြောကြပစေ"
ကျောင်းမှာ ရှောင်းကျန့်ဖြတ်သွားရင် တိုးတိုးတမျိုး ကျယ်ကျယ်တမျိုးနဲ့ မကြားကြားအောင်ပြောနေကြတဲ့ စကားသံတွေကို ရှောင်းကျန့်က ဥပေက္ခာပြုနိုင်ပေမယ့် ဝမ်းချင်ကတော့မရ။ ရှောင်းကျန့်မှာ လူတိုင်းကို ပါးရိုက်မယ် တကဲကဲ ဖြစ်နေတဲ့ ဝမ်းချင်ကို လိုက်ဆွဲရတာကိုက အလုပ်ကြီးတလုပ်။
ပန်းချီခန်းထဲမှာ ဖြစ်ကြတဲ့ ပြဿ နာက လူတွေပါးစပ်ဖြားရောက်တော့ ရှောင်းကျန့်က ရိပေါ်ရှိနေရက်နဲ့ ရှန့်ခုံးကို မြှူဆွယ်ပြီး ရိပေါ်က မွှန်ကာ ရှန့်ခုံးကို ဝိုင်းထိုးကြသလို အနိုင်ကျင့်ကြသလိုဖြစ်သွားသည်။ အတိတ်တွေပါပြန်ဖော်ပြီး မင်းယွီတုန်းကလဲ ရှောင်းကျန့်က မြှောက်ပေးသလို ရှန့်ခုံးကိစ္စမှာလဲ ရှောင်းကျန့်က ရိပေါ်ကို သွေးထိုးလို့ ရိပေါ်က သူ့ချစ်လှစွာသော သူငယ်ချင်းကိုတောင် ဆွဲထိုးတယ်ဆိုတာမျိုး။ သူတို့အမြင်မှာ အရင်က ရိုးကုပ်ကုပ်နဲ့ လူရာတောင်မသွင်းခဲ့တဲ့ ရှောင်းကျန့်က နေ့ချင်းညချင်း ယောကျာ်းလေးအချင်းချင်းကိုတောင် မြှူဆွယ်နိုင်တဲ့ ဆရာကြီးတစ်ဆူဘဝရောက်သွားပြန်သည်။
ရိပေါ်ကလဲ အဲ့နေ့ညနေက ကိစ္စဖြစ်ပြီး အိမ်လဲ ပြန်လာတာမတွေ့ရ။ ရှောင်းကျန့်ဖုန်းဆက်တော့လဲ မကိုင်။ သူ့အလုပ်နေရာလဲ ရှောင်းကျန့်က မသိရ။ နောက်နေ့အထိ ကျောင်းပါရောက်မလာပေမယ့် ရှန့်ခုံးကတော့ရောက်လာပါသည်။
ရှောင်းကျန့်တို့ အတန်းပေါက်ဝမှာ အထိုးခံထားရလို့ ကွဲနေတဲ့ နှုတ်ခမ်းထောင့်ကို ပလာစတာကပ်ထားပြီး ရိပေါ်ကိုလာရှာ၏။
"လာရှာမနေနဲ့ မရှိဘူး"
ဝမ်းချင်က ဒေါသတကြီးနဲ့ လှမ်းအော်တော့ အားလုံးဝိုင်းကြည့်နေကြတဲ့ အမြင်မှာ ခေါင်းငုံ့ပြီး ထွက်သွားတဲ့ပုံက ကျောင်းမှာထပ်ပြီးအပြောခံရစရာဖြစ်တော့မယ်ဆိုတာ ရှောင်းကျန့်သိနေသည်။
"ကောင်လေး ချောချောမြင်တိုင်းကြိုက်တတ်တဲ့ ငါ့အမတောင် လုံးဝကြည့်မရဘူးဆိုရင် ဒီကောင်က တကယ်မကောင်းတဲ့ကောင်ပဲ ဖြစ်ရမယ်"
ဝမ်းနင်က သူ့ဘေးမှာလာထိုင်ရင်း ဝမ်းချင်ကိုစနေသည်။ ဝမ်းနင် ကလွဲရင် ကျန်တဲ့ အတန်းသားတွေရဲ့ သူတို့အပေါ် အထင်အမြင်က ကွဲပြားနိုင်ပါတယ်။
"ရိပေါ်ရဲ့ ညနေအလုပ်က ဘယ်နားမှာလဲ"
ဝမ်းနင်က ပြောချင်ပုံမပေါ်ဘူး။ သူ့ကိုရိပေါ်က မပြောနဲ့လို့ ပိတ်ထားပုံရတယ်။
ဒီနေ့တော့ ရိပေါ်ကို တွေ့ရမှ ဖြစ်မှာမို့ အာရီးကို ဝမ်းနင်တို့အိမ်သွားအိပ်မယ်လို့ လိမ်လိုက်တယ်။ ရှောင်းကျန့်မှာ သူငယ်ချင်းရသွားပြီဆိုပြီး အာရီးကတော့ ဝမ်းသာအားရခွင့်ပြုပါတယ်။ ဝမ်းနင်က ကူလိမ်ပေးတာလဲ ပါတာပေါ့။
ရိပေါ် အခန်းတံခါးကို ခေါက်မယ်ပြင်ပြီးမှ တံခါးက စေ့ရုံပဲ စေ့ထားတာမို့ အသာလေးတွန်းပြီးချောင်းကြည့်လိုက်တော့ ကုတင်ပေါ်မှာ အိပ်နေတဲ့ ရိပေါ်ကို မြင်လိုက်ရသည်။
ရှောင်းကျန့် ခြေဖွနင်းပြီး သူ့အနားချည်းကပ်လာခဲ့သည်။ အိပ်မောကျနေတဲ့ ရိပေါ်မျက်နှာကိုကြည့်မိတော့ ရှောင်းကျန့် လန့်ပြီးအော်မိတော့မတတ် ထိတ်လန့်သွားသည်။ ရိပေါ်မျက်နှာတစ်ခုလုံးက အထိုးခံထားရတဲ့ဒဏ်ရာတွေနဲ့ ညိုမည်းလို့။
ညည်းသံသဲ့သဲ့ကြောင့် ရိပေါ်နာမည်ကိုတိုးတိုးခေါ်ပေမယ့် သူသတိပြုမိဟန်မတူ။ စောင်ကိုလှပ်ပြီး အိပ်နေတဲ့ ရိပေါ် ကိုယ်ခန္ဓာကို ကြည့်လိုက်တော့ လက်မောင်း ဝမ်းဗိုက် အရှိုက်တွေမှာလဲ ညိုမည်းလို့ လက်ဆစ်တွေဆိုတာ သွေးစတွေခြောက်ကပ်နေသည်။ ကိုယ်ပူချိန်လဲရှိတာမို့ ရှောင်းကျန့် တဘတ် တထည်ကို ရေစွတ်ပြီး ရိပေါ် တကိုယ်လုံးကို ရေပတ်တိုက်ပေးလိုက်သည်။ ရိပေါ်က မျက်လုံးနည်းနည်းဖွင့်ကြည့်ပြီး ရှောင်းကျန့်မှန်းသိသွားတော့ ပြန်အိပ်နေ၏။ သူ့နဖူးပေါ် ရေခဲဝတ်တင်ပြီး လမ်းထိပ်က ဆေးဆိုင်ဆီပြေးလာခဲ့သည်။
ဘယ်လိုဖြစ်လို့ ရိပေါ်က ဒီအခြေအနေအထိဖြစ်လာရတာလဲ။ ဘယ်သူတွေ သူ့ကိုဒုက္ခပေးခဲ့လဲ။ ရှောင်းကျန့်အတွေးထဲ ကြောက်စိတ်တွေရယ် စိုးရိမ်စိတ်တွေရယ်နဲ့၊ ဒဏ်ရာတွေက အခုမြင်ရတဲ့ အပေါ်ယံတွေတင်မက အတွင်းကလီဆာတွေပါထိထားရင်ကော။ ရိပေါ်ကို ဆေးရုံခေါ်သွားရမလား။ လိုအပ်မယ်ထင်တဲ့ဆေးတွေဝယ်ပြီး ပြန်လာတဲ့အထိ ရှောင်းကျန့်အတွေးတွေက ယောက်ယက်ခတ်နေတုန်း။
နမော်နမဲ့နဲ့ ခလုတ်တိုက်ပြီး ဆေးထုပ်လဲလွတ်ကျကာ ဆေးတွေက မီးရောင်တောင် ကောင်းကောင်းမမြင်ရတဲ့ လမ်းကြားထဲမှာ ပြန့်ကျဲကုန်သည်။ ရှောင်းကျန့် တုန်တုန်ရီရီနဲ့ပဲ သူ့မျက်စိရှေ့မြင်သမျှကို အိတ်ထဲကောက်ထည့်နေမိသည်။ ဒီလမ်းကြားတွေက အန္တရာယ်ရှိတယ်။ အခုလို မှောင်နေတဲ့အချိန် ကြာကြာမနေသင့်ဆိုတဲ့ အသိကလဲ သူ့ကိုပိုကြောက်လန့်စေသည်။
မဟုတ်သေးဘူး။ သူဘာလို့အဲ့လောက် တုန်လှုပ်နေရတာလဲ။ သူပဲ ရိပေါ်ကို ကာကွယ်ပေးချင်တာဆို ရိပေါ်အတွက် အမိုးအကာတစ်ခုအနေနဲ့ ဖြစ်တည်ချင်တာဆို။ နံရံကိုလက်ထောက်ရင်း အသက်ကို ပုံမှန်ဖြစ်အောင်ပြန်ရှူပြီး စိတ်ငြိမ်အောင်စောင့်လိုက်သည်။
ဒီလိုအခြေအနေလေးကိုတောင် အဆင်ပြေပြေဖြစ်အောင် အားမွေးပြီး ဖြေရှင်းနေရတာက ရှောင်းကျန့်အတွက် မလွယ်ကူဘူးဆိုတာ ရိပေါ်သိနိုင်ပါ့မလား။
ရိပေါ်နိုးလာတော့ ပထမဆုံးသတိထားမိတာ သူ့လက်တဖက်ကို တင်းတင်းဆုပ်ကိုင်ခံထားရတာ။ သူ့ကုတင်ဘေးက ကြမ်းပြင်ပေါ်မှာ ဘယ်အချိန်ကတည်းက အိပ်ပျော်နေမှန်းမသိတဲ့ရှောင်းကျန့်။ လူကသာ ကြမ်းပြင်ပေါ် ခွေခွေလေးလှဲနေပေမယ့် လက်တဖက်ကတော့ သူ့ လက်ကို လှမ်းကိုင်ထားတာမလွှတ်။
အေးနေရှာမယ့် ရှောင်းကျန့်ကို ကြမ်းပြင်ပေါ်က အသာပွေ့ပြီး သူ့ကုတင်ပေါ်တင်လိုက်သည်။ အအိပ်မက်တဲ့ ယုန်ကလေးက တကိုယ်လုံးပွေ့ချီပြီး ကုတင်ပေါ်တင်ပေးလိုက်တာတောင်မနိုး။
စားပွဲပေါ်မှာဆေးတွေတင်ထားတာတွေ့တော့ ရိပေါ်ယူကြည့်ပြီး ဘီစကစ်တထုပ်စားပြီးအဖျားကျဆေးနဲ့ အကိုက်အခဲပျောက်ဆေး ထပ်သောက်လိုက်သည်။ အဖျားကတော့ ရှိမနေတော့။ ဒဏ်ရာတွေကတော့ နည်းနည်းနာနေသေးသည်။ သူ့တကိုယ်လုံးကို ရှောင်းကျန့်က သန့်ရှင်းပြီး ဆေးထည့်ပေးထားသည် ။ လက်ဆစ်က ဒဏ်ရာတွေလဲ ဆေးကြောပြီး ပတ်တီးစည်းထားပေးသည်။
သူဆေးသောက်နေတုန်း ရှောင်းကျန့်က အိပ်မှုံစုံမွှားနဲ့ထလာသည်။ "ရိပေါ် နိုးနေပြီလား" လို့ မေးရင် အိပ်ချင်မူးတူးနဲ့ သူ့ပုခုံးပေါ်ခေါင်းလာတင်တဲ့ ရှောင်းကျန့် ပါးကို တစ်ချက်နမ်းလိုက်တော့ ချက်ချင်းမျက်လုံးပြူးပြီး ရေချိုးခန်းထဲပြေးဝင်သွားသည်။
"ရိပေါ် မနက်စာ ဘာစားမလဲ ပြော"
ရှောင်းကျန့်က ဘီရိုကိုဖွင့်ပြရင်းမေးတော့ ရိပေါ်မျက်လုံးပြူးသွားသည်။ ဒီအကိုကြီးဟာ စားသောက်ဆိုင်များဖွင့်မလို့လား။ ဆန်တွေ၊ ကြက်ဥတွေ၊ ဝက်အူချောင်းတွေ၊ ခေါက်ဆွဲခြောက်တွေ မနည်းမနောပဲ။
"ကျန့်ကော အဲ့ဒါတွေဝယ်ဖို့ ပိုက်ဆံဘယ်ကရလဲ" ဆိုတော့ သူ့ ကျောပိုးအိတ်ကို ညွှန်ပြသည်။ တကယ်ကို သူ့ပိုက်ဆံအကုန်သုံးလိုက်တာပဲ။ တကယ်လို့ရှောင်းကျန့်နဲ့သာ အိမ်ထောင်ပြုရင်တော့ သူ့ယေကျာ်း အချောလေးကို အခုလို ဗြဲလရမ်းတွေမသုံးဖို့ ရိပေါ်တော်တော်ဆုံးမရမည်ထင်သည်။
"ကောက ရိပေါ်လဲနေမကောင်းတော့ နိုးလာရင်း ခံတွင်းလိုက်အောင် ဖွယ်ဖွယ်ရာရာလေး ချက်ကျွေးချင်လို့ပါ"
အဲ့လို မျက်နှာငယ်လေးနဲ့ ချွဲတော့ ဝမ်ရိပေါ်ဆိုတဲ့ကောင်ကဘာပြောစရာရှိတော့မှာလဲ။ ကောသဘောပေါ့။
"ရိပေါ်ဘာစားချင်လဲပြော စားချင်တာအကုန် ချက်ကျွေးမယ်"
"ပီဇာ"
အာ့ကတော့ မရဘူးလေ။
"ဘာဂါကော"
"ကြက်ဥနဲ့ ဝက်အူချောင်းပဲ ညှပ်ဆိုရင်တော့ရတယ်"
"နေပါစေတော့။ ကျန့်ကောသာ ဘာချက်လို့ရမလဲပြော"
"အမေရိကန် ဘရိတ်ဖတ်စ် လုပ်ကျွေးမယ်လေ"
"ပေါင်မုန့် ကြက်ဥနဲ့ ဝက်အူချောင်းကြော်ကို ပြောတာလား" ဆိုတော့ သွားဖြဲလေးနဲ့ခေါင်းငြိတ်ပြသည်။
ရှောင်းကျန့်က ချက်တတ်ပြုတ်တတ်တဲ့သူမဟုတ်ပေမယ့် ရိပေါ်အတွက် ကြိုးစားရှာပါသည်။ ဘေးကနေကြက်ဥကူခေါက်ပေးရတာရယ် ဝက်အူချောင်းလှီးပေးရတာရယ် ထည့်မတွက်ရင်ပေါ့လေ။
"ဒီဟာက ရေဘဝဲဝက်အူချောင်း. .ဟော့ဒါက ဂဏန်း"
ဝက်အူချောင်းကို တခြမ်းက ဖွာနေအောင်လှီးထားပြီး ကြော်ထားတာကို သူတို့ဘာသာ နာမည်စုံပေးလို့။ ကလေးတွေဟင်းချက်တိုင်းဆော့နေကြသလိုပဲ။ နောက်ဆုံးတော့လဲ မီးကျွမ်းနေတဲ့ ပေါင်မုန့်ရယ်၊ ဆားနည်းနည်းငံသွားတဲ့ ကြက်ဥကြော်ရယ်၊ အလယ်မှာ သိပ်ကျက်သေးပုံမရပေမယ့် အပြင်ပိုင်းမှာမည်းနေပြီး ခြေထောက် ၈ချောင်းမပြည့်တဲ့ ရေဘဝဲ ဝက်အူချောင်းရယ်ကို ပန်းကန် တစ်ချပ်ထဲထည့်ပြီး နှစ်ယောက်အတူတူ စားကြသည်။
"ဆောရီးပါ. .ကောက ဟင်းလဲကောင်းကောင်းမချက်တတ်တော့"
ပန်းကန်ပေါ်က လက်ကျန်ကြက်ဥဖတ်ကိုပြောင်အောင်စားနေတဲ့ ရိပေါ်က မျက်နှာငယ်လေးနဲ့တောင်းပန်နေတဲ့ ရှောင်းကျန့်ပါးကို နမ်းလိုက်သည်။
"ဟင့်အင်း. .ဒါ ကျွန်တော့်အတွက် အရသာအရှိဆုံးမနက်စာပဲ။ ကျွန်တော်လေ ဘဝမှာ ဒါပထမဆုံးအနေနဲ့ တစ်ယောက်ယောက်နဲ့ အတူတူချက်ပြီး အတူတူစားဖူးတာလိုပဲ။"
"ဆီတွေပေကုန်ပြီ"
ရှောင်းကျန့်က အော်ပြီး တွန်းထုတ်တော့ ရိပေါ်က ရယ်ပြီး ထပ်နမ်းမလိုပြင်သည်။ ဒီတခါ ရှောင်းကျန့် ရှက်ရှက်နဲ့ တွန်းလိုက်တာတော့ အရှိန်လွန်သွားသည် ထင်သည်။ ရိပေါ်က သူ့အရှိုက်ကို ဖိပြီး ရှုံ့မဲ့သွား၏။
"နာသွားတာလား"
ရိပေါ်က ပြန်မဖြေပဲ မချိသွားဖြဲလေးနဲ့။ ရိပေါ်ဒဏ်ရာတွေကို လှန်ကြည့်တော့ ညိုမည်းနေဆဲ။ ရှောင်းကျန့်က ရိပေါ် ဒဏ်ရာတွေကို ထပ်ပြီး ဆေးကြော ဆေးလိမ်းပြီး ပတ်တီးအသစ်စည်းပေးသည်။
ရှောင်းကျန့်က ရိပေါ် အရှိုက်နဲ့ ခါးတဝိုက်က ဒဏ်ရာတွေကို ဆေးလိမ်းပေးတော့ လက်တွေတောင် တုန်နေသည်။ ရိပေါ်က သူဆေးလိမ်းပေးနေတာကို ငြိမ်ပြီးငေးနေ၏။
"ဘယ်ကနေ ဒီလောက်တောင် ဒဏ်ရာတွေရလာတာလဲလို့ မေးလို့ရလား"
"လက်ဝှေ့ထိုးလာတာ"
"ဟင်"
"ညဘက်အလုပ်ဆင်းနေတယ်ဆိုတာလေ။ လက်ဝှေ့ထိုးတာပါတဲ့ ကလပ်မှာ အစောင့်လုပ်တာ။ တနေ့ကတော့ အရမ်းလဲ စိတ်တိုနေတာနဲ့ တက်ထိုးလိုက်တာ။ ဝိတ်ချင်းမညီတာကို အတင်းတက်ထိုးတော့. . . "
ရိပေါ် ဒဏ်ရာပေါ်ကို မျက်ရည်တစ်ပေါက်ကျလာသည်။ ထိတ်ထိတပျာပျာဖြစ်သွားပြီး ခေါင်းငုံ့လို့ ဆေးလိမ်းပေးနေတဲ့ ရှောင်းကျန့်ကို ဆွဲမော့လိုက်တော့ ပါးပြင်ပေါ်မှာ မျက်ရည် စီးကြောင်းလေးနဲ့။
"ကောရာ ဘာလို့ငိုတာလဲ"
"မသိဘူး။ ရိပေါ်က ယောကျာ်းလေး ဒါမျိုးခံနိုင်ရည်ရှိတယ်ဆိုပေမယ့် ကောကကျ ရိပေါ် ဒီလိုနာကြင်ရတာတွေမြင်ရတာ မခံနိုင်ဘူး"
ရိပေါ်က သူ့ပါးပေါ်က မျက်ရည်တွေကို လက်မနဲ့ ဖွဖွလေးသုတ်ပေးသည်။
"ကျန့်ကောရာ မငိုစမ်းပါနဲ့။ သူများတွေငိုရင် ကျွန်တော်က ချော့တတ်တယ်။ ကျန့်ကောငိုရင်ကျ ကျွန်တော်က လိုက်ပဲ ငိုချင်တော့တာပဲ. ."
ပြောရင်း ရိပေါ်က ရှောင်းကျန့်ပါးကို ထပ်နမ်းလိုက်၏။
"စိတ်မပူပါနဲ့ ကျန့်ကောရ။ ဒီအလုပ်က ပိုက်ဆံကောင်းကောင်းပေးတယ်။ ဒါလုပ်နေရင် စနေ တနင်္ဂနွေဆို အလုပ်လုပ်စရာမလိုဘူး။ အေးဆေး ထရိန်နင်ဆင်းလို့ ရသလို ကျန့်ကောနဲ့လဲ တွေ့လို့ရတယ်"
"မင်း ဒီဒဏ်ရာနဲ့ ဘယ်လိုဆိုင်ကယ်မောင်းမှာလဲ"
"အဲ့လိုပဲမောင်းရမှာပေါ့"
"မလုပ်ပါနဲ့ကွာ။ စနေတနင်္ဂနွေ ကောနဲ့ တွေ့ဖို့အချိန်မရှိလဲ လေ့ကျင့်တဲ့ ကွင်းကို လာခဲ့ပါ့မယ်။"
"ဟုတ်ပြီ ဟုတ်ပြီ။ ကျန့်ကော မလုပ်နဲ့ဆို ကျွန်တော် မလုပ်တော့ဘူး။ ဒါပေမယ့် အဲ့လိုဆို စနေ တနင်္ဂနွေ ကို ကျွန်တော်က ကျန့်ကောကို အများကြီးအချိန်ပေးနိုင်မှာမဟုတ်ဘူးနော်"
နှုတ်ခမ်းတထော်ထော်နဲ့ ပြောနေတဲ့ ရိပေါ်ခေါင်းလေးကိုပုတ်ရင်း ဆံပင်လေးကိုဖွပေးတော့ ရိပေါ်က ကျေနပ်နေသည်။
"ကျန့်ကောရဲ့ ရိပေါ်က လိမ္မာလိုက်တာ။ အဲ့ဒါကို ဘာလို့များ ဆိုးတယ်လို့ လူတိုင်းကပြောနေကြတာလဲ"
"သူတို့မှ ကျွန်တော့်ကို တခါမှ စိတ်မပူဖူးတာ"
ရှောင်းကျန့် က ရိပေါ်ကို ကြည့်လိုက်တော့ ရိပေါ်က ယဲ့ယဲ့လေးပြုံးပြသည်။ ရှောင်းကျန့်ခါးကိုဖက်ထားတဲ့ လက်တွေကို သူက ပိုတင်းကြပ်လိုက်သည်။
"ဒါ ကျန့်ကော ကျွန်တော့်ကို သနားအောင် ပြောနေတာမဟုတ်ဘူး။ တကယ်ကို ကျွန်တော့်ကို ဂရုစိုက်တယ်ဆိုတာ မခံခဲ့ရဖူးဘူး"
သူ့ဆံပင်ကို သပ်ပေးနေတဲ့ ရှောင်းကျန့်လက်ဖဝါးလေးတွေရဲ့ နူးညံ့ခြင်းထဲကို သူပိုတိုးဝင်ခဲ့သည်။ ရိပေါ်က ရှောင်းကျန့်ကို သူ့ရင်ထဲက အစိုင်အခဲတွေအားလုံးဖွင့်ချချင်မိတယ်။ ရှောင်းကျန့်က သူ့ကိုအပြစ်မတင်မယ့် လုံခြုံရာတစ်ခုလို့ထင်မိတယ်။ သူနောက်တစ်ခါ အထင်မှားမိရင်တောင်မှပေါ့။
"မာမားဆိုတာ ကျွန်တော့်မှတ်ဉာဏ်ထဲ မှုန်ဝါးဝါးပဲ။ ကျွန်တော်မှတ်မိသလောက် မာမားက ဆေးရုံပေါ်မှာချည်းပဲ။ ပါပါးက ကျွန်တော့်ကို မာမားနဲ့တွေ့တာမကြိုက်ဘူး။ တခါတလေ သွားတွေ့ခွင့်ရရင်တောင် ကြာကြာပေးမနေဘူး။"
ဒါပေမယ့် ရိပေါ်နဲ့ သူ့မာမားတွေ့ဆုံမှုတွေဟာ မှတ်မိသလောက်ကတော့ ပျော်ရွှင်စရာကောင်းမနေခဲ့။ မာမားကို အရမ်းလှတဲ့အမျိုးသမီးအနေနဲ့တော့ မှတ်မိနေသည်။ စက္ကူအဖြူရောင်တစ်ရွက်နီးနီးဖြူဖျော့ပါးလှပ်နေပြီး ဆေးရုံဝတ်စုံအဖြူနဲ့ ကုတင်ပေါ်လှဲနေရတာတောင် မာမားက ကြွေရုပ်လေးတစ်ရုပ်လို လှပနိုင်သေးသည်။
ရိပေါ်က မာမားအနားကို ကပ်ချင်ရင် သူ့နာနီတွေက အနားကပ်ခွင့်မပေး။ အဲ့ဒီအခါမျိုးမှာ မာမားဆီက ခြောက်ကပ်ကပ်ရယ်သံတွေကြားရသည်။ ပြီးတော့ ပါပါးကို ဆဲရေးသံတွေ။ အာခေါင်ခြစ်လို့ ငိုသံတွေ။
"မာမားအမြဲတမ်းပြောတာက ပါပါးက ကျွန်တော့်ကို မုန်းတယ်။ ကျွန်တော်နဲ့ မာမားကို အတူတူမနေစေချင်ဘူးတဲ့။ ကျွန်တော်က ပါပါးနဲ့အရမ်းတူတယ်ဆိုတာကောပဲ။ ကျွန်တော် သူ့ကိုတွေ့ရရင် တကယ်မပျော်ဘူး"
ရိပေါ်က ရှောင်းကျန့်ဆံပင်အဖျားလေးတွေကို ဆွဲနေရင်းပြောသည်။ ရိပေါ်က သူနဲ့ဆို ကလေးပြန်ဖြစ်သွားသည်လို့ ခံစားရသည်။ သူ့ရဲ့ ပုံမှန် မာကျောနေတဲ့ အရေခွံတွေကွာကျပြီး ရှောင်းကျန့်ရင်ခွင်ထဲတိုးဝင်ချင်သည်။ ရှောင်းကျန့်ရဲ့ ပျော့ညံ့ညံ့လက်ကို အားကိုးတကြီး ဆွဲထားချင်သည်။
"မာမားဆုံးတော့ ၄၅ ရက်တောင်မပြည့်သေးဘူး ပါပါးက ကျွန်တော့်ကို အမေရိကားပို့လိုက်တယ်။ ကျွန်တော့်မျက်နှာကိုမြင်ရတာ သူစိတ်ဆင်းရဲတယ်ထင်ပါရဲ့"
"ရိပေါ် ပါပါးနဲ့ အခုနောက်ပိုင်းကော တွေ့ဖြစ်သေးလား"
"ဟင့်အင်း. . ဟိုကိစ္စဖြစ်ပြီးတော့ ကျွန်တော် ကိုယ့်စိတ်ကိုယ်မထိန်းနိုင်တော့ဘူး။ နေ့ကောညပါ ကျွန်တော့်စိတ်ထဲ ဖိစီးနေတယ်။ ကျွန်တော်ကိုယ့်ကိုယ်ကို မှားတယ်ပဲ ထင်နေတယ်။ အိပ်မပျော်လို့ အိပ်ဆေးတွေသောက်တယ်။ panic attack တွေရတော့ ပါပါးက ဘာမှတောင်မေးမနေပဲ ကျွန်တော့်ကို ဒီပြန်ခေါ်လာပြီး ဆေးရုံမှာ ပိတ်ထားလိုက်တယ်။ အဖေတစ်ယောက်အနေနဲ့ သူကျွန်တော့်အပေါ် ဒီလို မျက်နှာလွှဲဂဲပစ်လုပ်ရက်တယ်။ ဆယ်နှစ်ကျော်ပစ်ထားပြီး ပြန်ခေါ်လာတာ စိတ်ရောဂါကုဆေးရုံမှာ ပိတ်ထားဖို့တဲ့. . . "
ရိပေါ်ရဲ့ အသံက အက်ကွဲနေသည်။ ရှောင်းကျန့် ရင်ဘတ်တဝိုက်မှာစိုစွတ်လာတာမို့ သူငိုနေမှန်း ရှောင်းကျန့်ရိပ်မိပါသည်။ ရှောင်းကျန့် ရိပေါ် ကျောကို ဖြည်းဖြည်းချင်းပုတ်ပေးလိုက်သည်။ သူရိပေါ်ခံစားရတာတွေကို လျော့သွားအောင် နှစ်သိမ့်ချင်သည်။
"ရိပေါ်ရယ် မီနာ့ကိစ္စက ရိပေါ်အမှားလို့လဲ ပြောမရပါဘူး။ ရိပေါ်ကြောင့်ဆိုတာ သူရင်ဆိုင်နေရတဲ့ ပြဿ နာမြောက်များစွာထဲက တစိတ်တပိုင်းပဲနေမှာပါ"
"မဟုတ်ဘူးကော.. .မဟုတ်ဘူး. .အဲ့နေ့က မီနာ ခုန်မချခင် ခေါင်မိုးမှာ ကျွန်တော်နဲ့ ရှန့်ခုံးပါ အတူတူရှိနေခဲ့တာ"
စကားအဆုံးမှာ တကိုယ်လုံးတုန်ယင်လာတဲ့ ရိပေါ်ကို ကြည့်ရင်း ရှောင်းကျန့် ပူပန်လာသည်။ သူတို့နှစ်ယောက်အတူတူ ဘာတွေကို ဘယ်လောက်တောင်မှားခဲ့လဲ။
Continue Reading
You'll Also Like
261K 26.6K 109
330K 24.6K 52
"ဆုတောင်းတခု မှားခဲ့ရင် ဘဝအဆက်ဆက် ပြန်ပေးဆပ်ရတတ်တယ်တဲ့...... တကယ်လို့ မင်းနဲ့ချစ်ခွင့်ရဖို့ဆုတောင်းမိတဲ့ ငါ့ရဲ့တခုတည်းသောဆုတောင်းဟာ မှားခဲ့တယ်ဆိုရင်...
81.9K 10.9K 40
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
93.6K 10.9K 51