MARS
By Candycho4
408K 41.1K 2.2K
တချို့လူတွေက နူးညံ့တယ် ထင်ရပေမယ့် တကယ်တမ်းကျ ကြံ့ခိုင်တယ်။ တချို့တွေကတော့ ကြံ့ခိုင်တယ် ထင်ရပေမယ့် တကယ်တမ်းကျ... More
Intro
MARS 1 (Zawgyi)
MARS 1 (Unicode)
MARS 2 (Zawgyi)
MARS 2 (Unicode)
MARS 3 (Zawgyi)
MARS 3 (Unicode)
MARS 4 (Zawgyi)
MARS 4 (Unicode)
MARS 5 (Zawgyi)
MARS 5 (Unicode)
MARS 6 (Zawgyi)
MARS 6 (Unicode)
MARS 7 (Zawgyi)
MARS 7 (Unicode)
MARS 8 (Zawgyi)
MARS 8 (Unicode)
MARS 9 (Zawgyi)
MARS 10 (Zawgyi)
MARS 10 (Unicode)
MARS 11 (Zawgyi)
MARS 11 (Unicode)
MARS 12 (Zawgyi)
MARS 12 (Unicode)
MARS 13 (Zawgyi)
MARS 13 (Unicode)
MARS 14 (Zawgyi)
MARS 14 (Unicode)
MARS 15 (Zawgyi)
MARS 15 (Unicode)
MARS 16 (Zawgyi)
MARS 16 (Unicode)
MARS 17 (Zawgyi)
MARS 17 (Unicode)
MARS 18 (Zawgyi)
MARS 18 (Unicode)
MARS 19 (Zawgyi)
MARS 19 (Unicode)
MARS 20 (Zawgyi)
MARS 20 (Unicode)
MARS 21 (Zawgyi)
MARS 21 (Unicode)
MARS Finale (Zawgyi)
MARS Finale (Unicode)
MARS Extra (Zawgyi)
MARS Extra (Unicode)
MARS 9 (Unicode)
7.7K 946 52
By Candycho4
"ကျွန်တော့်မှာ အခု ယွမ် ၁၅၀၀ အထိတော့ပါမလာဘူး။ ဒါပေမယ့် ကျွန်တော့်နာရီကို ပေးမယ်လေရလား။ ဒါက ယွမ် ၁၅၀၀ မက တန်ပါတယ်"
လေလံအဖွဲ့ကို ဈေးဆစ်ပြီး ဈေးကြီးမှန်းသိသာလွန်းလှတဲ့ နာရီကို ထိုးပေးနေတဲ့ သူတို့ကျောင်းကမဟုတ်တဲ့ ကောင်လေးကို အားလုံးက စိတ်ဝင်တစားဝိုင်းကြည့်နေကြချိန်မှာ ရှောင်းကျန့်ကတော့ စင်ပေါ်ကနေ ဆင်းပြီး ဖြေးဖြေးချင်းလျှောက်လာတဲ့ ရိပေါ်ကို ကြည့်ပြီး အတွေးတွေများနေမိသည်။
ရိပေါ်ရဲ့ မျက်နှာပေါ်မှာ ဝေခွဲမရခြင်းတွေ အံ့သြခြင်းတွေက သူငယ်ချင်းတစ်ယောက်ကို ပြန်တွေ့လို့မြင်ရမယ့် ခံစားချက်မျိုးမဟုတ်ဘူးလေ။
"ကျိရှန့်ခုံး မင်းဘယ်လိုလုပ်ဒီရောက်လာတာလဲ"
ရိပေါ်က ပုခုံးကိုဆွဲလှည့်လိုက်ချိန် အဲ့ကောင်လေးက လှည့်လာပြီး ရိပေါ်ကို သိမ်းကြုံးဖက်ထားလိုက်သည်။ သူ့ပုံစံက ရိပေါ်က ထွက်ပြေးသွားတော့မယ့် လူတစ်ယောက်လို။ သူလွှတ်ပေးလိုက်တာနဲ့ ရိပေါ်က သူ့ရှေ့က ပျောက်ကွယ်တော့မှာလို။
"ရိပေါ်. . ငါမင်းကို တွေ့ရပြီ. . . မင်းကိုငါပြန်တွေ့ရပြီ"
ဒီစကားကိုပဲ အထပ်ထပ်ပြောနေရင်း သူ့မျက်ဝန်းထဲက မျက်ရည်တွေက ပါးပေါ်စီးကျလာသည်။  ပုခုံးပေါ် မျက်နှာဝှက်ရင်း ရှိုက်ကြီးတငင်နဲ့ငိုနေတဲ့ သူ့လက်ထဲကနေ ရိပေါ်က ရုန်းထွက်လိုက်ပြီး ကြည့်နေတဲ့ မျက်ဝန်းတွေက အခုထိ မယုံကြည်နိုင်သေးသလို။ ခဏနေတော့ ရိပေါ်က သက်ပြင်းချလိုက်ပြီး ပါးပေါ်က မျက်ရည်တွေကို သုတ်ပေးတော့ အဲ့ကောင်လေးက အူကြောင်ကြောင်နဲ့ ရီပြန်သည်။
"မင်းက ကလေးလဲမဟုတ်ဘူး မငိုနဲ့တော့"
"ဒီလောက်အကြာကြီးနေပြီးမှ မင်းကိုပြန်တွေ့ရတာ မငိုပဲဘယ်လိုနေရမလဲ"
ရိပေါ်က သူတို့ကိုဝိုင်းကြည့်နေတဲ့ ပတ်ဝန်းကျင်ကို အနေရခက်သလို အဲ့ကောင်လေးလက်ကိုဆွဲ ပြီး လူအုပ်နဲ့ဝေးရာကိုထွက်သွားသည်။ ရှောင်းကျန့်ကလိုက်သွားရမလား၊ နေခဲ့ရမလား ဝေခွဲမရတော့။
"အဲ့ဒါဘယ်သူလဲ"
"ရိပေါ် ငယ်သူငယ်ချင်းထင်တယ်"
ဒီလူ့ကို ဘယ်မှာမြင်ဖူးခဲ့တာလဲဆိုတဲ့အတွေးက ရိပေါ်ပြခဲ့ဖူးတဲ့ ဓာတ်ပုံလေးကို အမှတ်ရသွားသည်။ ရိပေါ်ကို ပြုံးပြနေပုံက အဲ့ဒီပုံထဲက အပြုံးနဲ့တထပ်ထဲလေ။
သူ စိတ်ရှုပ်ထွေးစွာနဲ့ပဲ ပန်းချီအသင်း booth ကိုပြန်လာပြီးထိုင်နေလိုက်သည်။ တခြားကျောင်းသားကျောင်းသူတွေပျော်နေကြပေမယ့် သူကတော့ တိတ်ဆိတ်နေမိဆဲ။ ရှောင်းကျန့်က နဂိုတည်းက အများနဲ့မရောတတ်တော့ ကျောင်းပွဲတွေမှာ မပျော်တတ်တာ အဆန်းမဟုတ်ပေမယ့် အခုတခါကတော့ရိပေါ်များပြန်လာမလားလို့ တိတ်ဆိတ်ခြင်းတွေနဲ့ မျှော်လင့်နေမိတာမို့ ပျော်ဖို့မေ့နေခဲ့တာ။
ရိပေါ်က ပြန်တော့လာပါသည်။ ခုနက သူနဲ့ထွက်သွားတဲ့ကောင်လေးနဲ့ ပုခုံးခြင်းဖက်လို့။ ရိပေါ်ရဲ့ မျက်နှာအမူအယာက ခုနကနဲ့မတူပဲ ပေါ့ပါးနေသည်။
"ကျန့်ကော မိတ်ဆက်ပေးမလို့။ ဒါကျွန်တော့် ငယ်သူငယ်ချင်း ကျိရှန့်ခုံး။ ကျန့်ကောကို တခါပြောဖူးတယ်မလား"
ကျိရှန့်ခုံး သူ့ကိုပြုံးပြနေပုံက ရိပေါ်ပြခဲ့ဖူးတဲ့ ပုံတွေထဲကအတိုင်း။ မျက်လုံးတွေပိတ်သွားအောင် လှိုက်လှိုက်လှဲလှဲရယ် ပြနေသည်။ ဒါပေမယ့် အဲ့ဒီအပြုံးတွေက ရှောင်းကျန့်ရင်ထဲအထိတော့ရောက်မလာ။ သူတို့နှစ်ယောက်ကြားထဲက မမြင်ရတဲ့လေဟာနယ်ထဲမှာ အဲ့ဒီအပြုံးတွေရဲ့ အဓိပ္ပါယ်က ပျောက်ဆုံးသွားသလိုပင်။
"တွေ့ရတာဝမ်းသာပါတယ်။ ရှောင်းကျန့်ကြောင့်သာ ကျွန်တော်နဲ့ ရိပေါ်ပြန်ဆုံရတာ"
ရှန့်ခုံးကမ်းလာတဲ့လက်ကို ရှောင်းကျန့်က ယောင်နန နဲ့ ဆွဲယူနှုတ်ဆက်လိုက်သည်။
"ရှောင်းကျန့်ရဲ့ Mars ပန်းချီကားက လူငယ်ပြိုင်ပွဲမှာ ပထမရတဲ့အကြောင်း ပန်းချီအသင်းဂျာနယ်ထဲပါလာတာ ဖတ်လိုက်ရတော့ ကျွန်တော်လဲ ရှောင်းကျန့်တက်နေတဲ့ကျောင်းကိုစုံစမ်း။ အဲ့မှာ ရိပေါ်လဲ ရှိလောက်တယ်ဆိုပြီး စုံစမ်းပြီးလာခဲ့တာ။ ကျွန်တော့်ရဲ့ ရိပေါ်ကို အရမ်းလှအောင်ဆွဲပေးတာ တကယ်ကျေးဇူးတင်ပါတယ်"
"ငါက လှပြီးသား"
ရှန့်ခုံးရဲ့ စကားအရှည်ကြီးကိုရော ရိပေါ်ပြောနေတာတွေရော ရှောင်းကျန့်နားထဲမှာ ကြားတစ်ချက်မကြားတစ်ချက်။ သူ့အာရုံက ရှန့်ခုံးလက်ကောက်ဝတ်ပေါ်က နာရီပေါ်ရောက်သွားသည်။
ခုနကမှ ဘတ်စကတ်ဘောပြိုင်ပွဲကနေ ရိပေါ်နိုင်လာတဲ့ နာရီလေး။ သူငေးကြည့်နေတာကို ရှန့်ခုံးရော ရိပေါ်ရောက သတိပြုမိသွားသည်။
"ရှန့်ခုံးနာရီက ခုနကပေးလိုက်ပြီ သူက နာရီမရှိရင်မနေတတ်လို့"
"မဟုတ်ပါဘူး ကောက ဒီတိုင်းကြည့်တာပါ"
သူ့စိတ်ထဲ နည်းနည်းတော့ ထိခိုက်သွားပါသည်။ ရိပေါ်က သူ့ကိုပေးမလို့ ရည်ရွယ်ခဲ့တာလို့ ထင်ခဲ့မိတာကိုး။ သူ့အတွေးကို ရိပေါ်က ရိပ်မိသလိုပဲ
"ကောကို ကျွန်တော်နောက်ကျ နာရီအသစ်တစ်လုံးသပ်သပ်ဝယ်ပေးပါ့မယ်"
"ဟာ..ဒါ ရှောင်းကျန့်ကိုပေးဖို့လား. . ငါမသိပဲတောင်းမိတာ ဆောရီး"
ရှန့်ခုံးက ပြောပြောဆိုဆိုနဲ့ သူ့လက်ကောက်ဝတ်ကနာရီကို ချွတ်ဖို့ပြင်တော့ ရှောင်းကျန့်က အမြန်တားလိုက်ရသည်။
"အာ. .မဟုတ်ပါဘူး။ ကောက ဒီတိုင်းသတိထားမိတာပါ။ ကောကနာရီပတ်နေကျမှ မဟုတ်တာ မလိုပါဘူး"
ဒါပေမယ့် ရှန့်ခုံးလက်က လွတ်မသွားပဲ ရှောင်းကျန့်လက်ကို ခပ်တင်းတင်းဆွဲထားမြဲ။ သူ့လက်ကောက်ဝတ်ပေါ်က ကြိုးနက်လေးမှာ ရှန့်ခုံးအကြည့်တွေက ရပ်တန့်နေသည်။
သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားတဲ့ ရှန့်ခုံးလက်ချောင်းတွေကလွှတ်ပေးလိုက်မှ ရှောင်းကျန့်လဲလက်ကိုပြန်ရုတ်ဖို့သတိရတယ်။
"ရိပေါ် ငါတို့ တစ်ခုခုသွားစားရအောင်။ မင်းကြိုက်တဲ့ Ramen သွားစားမယ်လေ"
"ဟော့ပေါ့ စားရအောင်။ ကျန့်ကောက ဟော့ပေါ့ကြိုက်တယ်။ ဆိုင်ကလဲဒီနားနီးတယ်"
ဒါရှောင်းကျန့်ကိုပါ အပါခေါ်တဲ့စကားမှန်းသိလိုက်သည်။ ရှောင်းကျန့်က သူတို့ချည်းပဲသွားပါပြောမယ်ပြင်လိုက်ပေမယ့် ရှန့်ခုံးရဲ့ ပျက်သွားတဲ့မျက်နှာနဲ့ ချက်ချင်းပြန်ဖုံးပြီး ဟန်လုပ်ပြုံးတဲ့အမူအယာကို သဘောမကျတာကြောင့် လိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်။
ရှန့်ခုံးဟာ ရိပေါ်ရဲ့ ငယ်သူငယ်ချင်းဆိုသလောက် မရိုးရှင်းဘူးလို့ သူခံစားနေရသည်။
ကျွန်တော့်ရဲ့ ရိပေါ်ဆိုတဲ့ ရှန့်ခုံးရဲ့စကားလုံးအသုံးအနှုန်းဟာ တကယ်အမှန်ပဲလို့ ရှောင်းကျန့်တဖြည်းဖြည်းသဘောပေါက်လာသည်။ ဟော့ပေါ့စားရင်း စကားတွေဖောင်ဖွဲ့နေအောင် ပြောနေတဲ့ ရိပေါ်ဆီက တက်ကြွမှုမျိုးနဲ့ စိတ်အားထက်သန်မှုမျိုးက တကယ်ရှားပါးသည်။
"အန်တီမေလင်းကို တွေ့သေးတယ်။ သူတရုတ်ပြည် ဘာလာလုပ်လဲမသိဘူး"
"ဟုတ်လား။ ငါလဲ သူ့ကျောင်းကို သိပ်မရောက်ဖြစ်ဘူး။ မင်းလဲမရှိတော့ အရင်လို မဟုတ်ဘူး ငါတစ်ယောက်ထဲ သွားရတာ အဓိပ္ပါယ်မရှိသလိုပဲ။"
သူတို့နှစ်ယောက်ပြောနေတဲ့အကြောင်းအရာတွေ လူပုဂ္ဂိုလ်တွေအကြောင်းက ရှောင်းကျန့်နဲ့ နည်းနည်းလေးမှသက်ဆိုင်မနေတာကြောင့် စည်းအပြင်ကလူတစ်ယောက်လို နှုတ်ဆိတ်ပြီး ဟော့ပေါ့ကိုပဲ မဲစားနေလိုက်သည်။
"မင်းကကော ဘယ်လိုလုပ် တရုတ်ပြည်ထိရောက်လာတာလဲ"
"မင်းကိုလိုက်ရှာတာလေ။ မင်းဦးလေးအိမ်ကိုမေးတော့လည်း သေချာမပြောတော့ ငါ့နည်းငါ့ဟန်နဲ့ရှာရတာပေါ့"
ရှန့်ခုံးက မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ရှောင်းကျန့်ကို တူနဲ့လှမ်းညွှန်ပြပြီး
"မင်းသူငယ်ချင်း ရှောင်းကျန့်ကျေးဇူးနဲ့ ရှာတွေ့တာပဲ"
ရိပေါ်က ရီလိုက်ပြီး ရှောင်းကျန့်ရဲ့ လွတ်နေတဲ့ ဘယ်ဘက်လက်ကို သူ့လက်ချောင်းတွေနဲ့ ယှက်ပြီးကိုင်လိုက်သည်။
"ကျန့်ကောနဲ့ ငါက တွဲနေတာ"
ရှန့်ခုံးမျက်နှာပေါ်က အပြုံးက ရေခဲတောင်တစ်ခုလိုပြိုကျလာပြီး အေးစက်စက်အမူအယာဖြစ်သွားသည်။ ချက်ချင်းပြန်ပြုံးနိုင်ဖို့ သူကြိုးစားပေမယ့် မပီပြင်တော့။
"မင်းက ဘယ်တုန်းက ယောကျာ်းလေးချင်းစိတ်ဝင်စားသွားတာလဲ"
"ကျန့်ကောနဲ့တွေ့တော့ စိတ်ဝင်စားသွားတာပဲ"
ပုံမှန်ဆို ရိပေါ်က အဲ့လိုတွေ မဏ္ဍပ်တိုင်တက်ပြီး မိတ်ဆက်ပေးရင် ရှောင်းကျန့်က ပူထူလာအောင် ရှက်တတ်ပေမယ့် အခုတခါကတော့ ထူးခြားစွာပဲ ရှက်ခြင်းကြောက်ခြင်းထက် သူ့ရဲ့ဖြစ်တည်မှုကို အလေးထားတဲ့ ရိပေါ်ကိုစိတ်ထဲကျိတ်ပြီး ကျေးဇူးတင်မိသည်။ ရှန့်ခုံးရဲ့ တည်ရှိမှုက ရှောင်းကျန့်ကို နေရာပျောက်နေသလို ခံစားနေစေရသည်လေ။
"ရိပေါ်. . . ငါ ယားလာတယ်"
ရုတ်တရက် ရှန့်ခုံးက သူ့လက်ဖျံနဲ့လည်ပင်းတွေကို ကုတ်ရင်း ပြောလာသည်။ ရိပေါ်ရဲ့လက်ချောင်းတွေက ရှောင်းကျန့်လက်တွေကိုလွှတ်ပြီး နီရဲနေအောင် ကုတ်ခြစ်နေတဲ့ ရှန့်ခုံးလက်ဖျံကိုဆွဲကြည့်၏။
"ရှန့်ခုံး မကုတ်နဲ့"
ရိပေါ်က ပြောမှ ရှန့်ခုံးကုတ်တာက ပိုဆိုးလာပြီး လက်ဖျံမှာ အနီအစင်းလိုက်တွေက သွေးစို့မတတ်။
"ဟော့ပေါ့ထဲ ပင်လယ်စာမပါအောင် ငါသေချာကြည့်ထားတယ်"
ရိပေါ်က ရှန့်ခုံးပန်းကန်နဲ့ ဟော့ပေါ့အိုးကို မွှေနှောက်ပြီး ကြည့်နေ၏။
"ရိပေါ် ရှန့်ခုံးကို ဆေးခန်းပို့မှထင်တယ်"
"ငါမူးလာပြီ။ အိမ်ပဲ ပြန်ချင်တယ်"
"အင်း အိမ်လိုက်ပို့ပေးမယ်။ ကျန့်ကော ကိုယ့်ဘာသာပြန်လို့ရတယ်မလား"
ရှောင်းကျန့်ပြောတာတွေကို ရိပေါ်ကကြားပုံမပေါ်။ ရှန့်ခုံးလက်တွေ သူ့ကိုယ်သူပြန်မကုတ်အောင် ချုပ်ရင်း အလုပ်များနေသည်။
"ရပါတယ်"
သူ့ကိုတောင် နှုတ်မဆက်အားတော့ပဲ ရှန့်ခုံးကိုတွဲပြီးအမြန်ပြေးထွက်သွားတဲ့ ရိပေါ်ရဲ့ ကျောပြင်ကိုကြည့်ရင်း ရှောင်းကျန့် ရင်ထဲမှာ စိုးရွံ့လာသည်။ ဘာလို့ သူမလုံခြုံတော့သလို ခံစားနေရတာလဲ။
-------------------------------------------------
ကျင်းရှန်းပန်းခြံက ပေကျင်းရဲ့အကြီးဆုံးပန်းခြံပေမယ့် သူထိုင်နေတဲ့ ရေကန်နားကတော့ လူရှင်းနေသည်။ သူနဲ့ထပ်လှမ်းလှမ်း ရေကန်စပ်မှာ ခုန်ဆွ ခုန်ဆွနဲ့ ဘဲတစ်အုပ်နောက် ဓာတ်ပုံလိုက်ရိုက်နေတဲ့ ရှန့်ခုံးက အခုကျတော့လည်း ဓာတ်မတည့်တဲ့ လက္ခဏာတွေအကုန်ပျောက်လို့ အကောင်းကြီး။
သူနောက်တခါ အလိမ်ခံထိပြန်ပြီလို့ တွေးပြီး စိတ်ပဲတိုရမလို။ ဒါပေမယ့်အခုမှပြန်တွေ့ရတဲ့ ရှန့်ခုံးကိုဒေါသမထွက်ချင်ပါ။ ပြီးတော့ ဘာမှမသိပဲ ကျန်ရစ်ခဲ့တဲ့ ကျန့်ကောရော အဆင်ပြေပါ့မလား။
"ရိပေါ် ရိပေါ်. . ကြည့်စမ်း ဒီဘဲပေါက်လေးက ချစ်စရာလေး"
ရှန့်ခုံးက ဘဲပေါက်စတစ်ကောင်ကို ကောက်ချီလာပြီး ငူငူကြီးထိုင်နေတဲ့ ရိပေါ်မျက်နှာရှေ့ထိုးပြသည်။
"မင်းကို ဘဲအမေကြီးလိုက်ကိုက်လိမ့်မယ် ပြန်လွှတ်လိုက်" ဆိုမှ ဘဲပေါက်ကို ရေကန်နားပြန်သွားချပေးသည်။
"အဲ့ ဘဲပေါက်က မင်းနဲ့တူတယ်"
"မင်း အလာ့ဂျစ်ကကော ကောင်းသွားပြီလား"
"အင်း "
ရှန့်ခုံးက သု့လက်ဖျံကို လှန်ပြသည်။ ကုတ်ထားလို့ သွေးစို့နေတဲ့ အနီစင်းတွေနဲ့ တကယ် မယားလာပဲနဲ့တော့ သူဒီလိုမကုတ်လောက်ပါဘူးလို့ပဲ ရိပေါ်တွေးပေးလိုက်သည်။
"ဘာလို့ဆေးခန်းမသွားချင်တာလဲ"
ရိပေါ်က ရှန့်ခုံးလက်ကိုဆွဲထားတာမလွှတ်ပဲမေးတော့ရှန့်ခုံးက ယဲ့ယဲ့လေးပြုံးသည်။
"မင်းကိုငါ ဒီတနေ့ပဲ အပိုင်ရတာ။ နောက်နေ့ဆိုတာမသေချာတဲ့အချိန်မှာ ဆေးခန်းမှာအချိန်တွေမဖြုန်းလိုက်ချင်ဘူး"
တခါတလေ ဒရမ်မာတွေချိုးတတ်တဲ့ ရှန့်ခုံးအကြောင်းသိနေတော့ ရိပေါ်ဘာမှထပ်မပြောတော့။ "ဒါဆိုမင်းဘာလုပ်ချင်လဲ"
"ငါ ပေကျင်းမှာ ဘယ်မှမရောက်ဖူးသေးဘူး။ မင်းနဲ့လျှောက်လည်မယ်။ အခုတော့ ရေခဲမုန့်စားမယ်"
ပြောရင်း ရေခဲမုန့်ရောင်းတဲ့ကားဆီ ပြေးသွားတဲ့ ရှန့်ခုံးနောက်သူပါ ပြေးလိုက်ခဲ့သည်။ သူတို့နှစ်ယောက် ငယ်ငယ်ကတည်းက ဒီလိုပဲဟာ။ အဲ့လိုတွေးလိုက်တော့ ရိပေါ် နည်းနည်းအသက်ရှူချောင်သွားသည်။
ကျိရှန့်ခုံး သူတို့ကျောင်းကိုပြောင်းလာတာ လူတော်တော်များများအတွက် အံ့အားသင့်စရာသတင်းတစ်ခုဖြစ်နေတယ်။ ဝမ်ရိပေါ်ကို ယွမ် ၁၅၀၀ တောင်ပေးပြီးလေလံဆွဲတာရယ်။ သူအပေါင်ထားခဲ့တဲ့နာရီက အဲ့ထက်ဆယ်ဆမက တန်နေတာရယ်။ နှစ်တစ်ဝက်လောက်နေမှ ကျောင်းပြောင်းလာတာရယ်။ ဒါက ကျိရှန့်ခုံးက အသိုင်းအဝိုင်းခပ်ကြီးကြီးက လာတယ်ဆိုတာ ငြင်းစရာမရှိဘူး။
ကျိရှန့်ခုံးက  ကိုရီးယားသွေးစပ်သည့် တရုတ်လူမျိုး ဖြစ်နေတာရယ် သူ့ရဲ့ ရုပ်ရည်ကလဲ မိန်းကလေးတွေ ကြွေကျချင်စရာမို့ ရိပေါ်နဲ့ တတွဲတွဲဖြစ်နေတဲ့အခါ သူတို့ကျောင်းက မိန်းကလေးတွေတင်မက တခြားကျောင်းတွေကပါ တကူးတကလာကြည့်ကြရတဲ့အထိ။
တကျောင်းလုံးမှာ ဒီကိစ္စတွေအတွက် ထူးပြီးမခံစားရတာ ရှောင်းကျန့်ပဲရှိမယ်ထင်တယ်။ ဘာကြောင့်ရယ်မသိ ရှန့်ခုံးသူတို့်ကျောင်းကိုပြောင်းလာနိုင်တယ်လို့ ရှောင်းကျန့်က ထင်နေပြီးသား။ သူက လူလည်တစ်ယောက်မဟုတ်ပေမယ့် ငတုံးတစ်ယောက်တော့မဟုတ်တဲ့အတွက် မှန်းဆလိုက်နိုင်တယ်ထင်ပါရဲ့။
သူတို့တန်းခွဲခြင်းမတူတော့ အမြဲတွေ့နေရစရာမလိုပေမယ့် အားလပ်ချိန်တိုင်း ရှန့်ခုံးက သူတို့အတန်းကိုရောက်လာသည်။ နေ့လယ်စာစားချိန်ဆို သူတို့နဲ့အတူတူလာစားသည်။ ပြီးရင် ဆေးလိပ်မသောက်တတ်တဲ့ ရှောင်းကျန့်က ကျန်နေရစ်ပြီး သူနဲ့ရိပေါ်က ဆေးလိပ်ခိုးသောက်ဖို့ ထွက်သွားတတ်ကြသည်။ ညနေဆို ရိပေါ်က ရှောင်းကျန့်ကို မစောင့်တော့ပဲ စောစောပြန်တတ်လာသည်။
ရှောင်းကျန့်က တဖြည်းဖြည်းချင်း ဖယ်ထုတ်ခံနေရသလိုပဲ။ ဒါကိုလဲ သူမအံ့သြမိပါဘူး။ သူနဲ့ရိပေါ်ကြားမှာ သိကျွမ်းတဲ့ကာလဆိုတာ ဆယ်နှစ်တောင် ခင်မင်ရင်းနှီးခဲ့တဲ့ ရှန့်ခုံးနဲ့ ရိပေါ်ကြားက အတိုင်းအတာနဲ့ ယှဉ်လို့မရနိုင်လောက်ဘူးလေ။
ဒါပေမယ့် ပန်းချီခန်းအထိ ရှန့်ခုံးရောက်လာတာကိုတော့ ရှောင်းကျန့် အံ့သြမိသည်။ ရှန့်ခုံးက ရှောင်းကျန့်ဘေးက နေရာလွတ်မှာ ထိုင်ရင်း သူ့ပန်းချီပစ္စည်းတွေကို နေရာချသည်။
"ရှန့်ခုံး ပန်းချီဆွဲတတ်မှန်း ကျွန်တော်မသိဘူး"
ရှန့်ခုံးက ရှောင်းကျန့်အပြောကို နှုတ်လမ်းတစ်ဖက်ထဲ တွန့်တယ်ဆိုရုံပြုံးသည်။ ပြီးတော့ ရှောင်းကျန့်ဘက် တကိုယ်လုံးလှည့်လာပြီး
"ကျွန်တော်က အများကြီးမဆွဲတတ်ပါဘူး။ မီနာ့ဆီက သင်ထားတာနည်းနည်းပါ။ အဲ့တုန်းက ရိပေါ်လဲ သင်သေးတယ်။ သူက လုံးဝကို စိတ်မဝင်စားခဲ့တာ။ အခုမှ ရှောင်းကျန့်ကိုကြည့်ပြီး ပြန်ဆွဲချင်စိတ်ပေါ်သွားလို့"
"သြော်" တခွန်းနဲ့ ရှောင်းကျန့်ငြိမ်သက်သွားရသည်။ သူတို့ငယ်ဘဝကို ရှောင်းကျန့်မှ အသေချာမသိခဲ့တာ။ ရှန့်ခုံးကို မယုံသလိုမေးမိတဲ့ ကိုယ့်ကိုယ်ကို မကျေနပ်သလို စပ်စုမိသလိုလဲ ဖြစ်သွားလို့ အားနာသွားသည်။
ရှောင်းကျန့် ခေါင်းငုံ့ပြီး ဆေးစပ်နေရာကနေ မော့ကြည့်တော့ ရှန့်ခုံးက သူ့ဘက်လှည့်ပြီး ငေးစိုက်ကြည့်နေဆဲ။
"ရှောင်းကျန့်က မီနာနဲ့ တော်တော်တူတယ်နော်။ အဲ့ဒါကြောင့် ရိပေါ်က ခင်တွယ်တာလားမသိဘူး"
စုတ်တံကိုလှည့်နေတဲ့ ရှောင်းကျန့်လက်ချောင်းတွေရပ်သွားသည်။ မီနာဆိုတဲ့ နာမည်ကို ရိပေါ်က သူ့ကို တခါမှမပြောခဲ့ဖူး။
"ကျွန်တော်ရယ်၊ ရိပေါ်ရယ်၊ မီနာရယ် သုံးယောက်က ရုပ်ရှင်တွေ ဝတ္ထုတွေထဲကလို အရမ်းခင်တဲ့ သူငယ်ချင်းတွေဆိုပါတော့။"
ရှောင်းကျန့် အလိုက်သင့်ပဲ နားထောင်နေလိုက်သည်။ သူတို့ကြားမှာ ပြဿ     နာတစ်ခုခုများ ဖြစ်ခဲ့လို့လားလို့တော့ သံသယရှိမိသည်။ ရိပေါ်ပြောတဲ့အထဲ ရှန့်ခုံးသာပါခဲ့ပြီး မီနာဆိုတဲ့မိန်းကလေးအကြောင်းကမပါခဲ့။
"ကျန့်ကောက မီနာနဲ့ ကြည့်လေတူလေပဲ။ မီနာ မိန်းကလေးဗားရှင်းလိုပဲ"
ရှောင်းကျန့်က ဖြတ်ခနဲ မော့ကြည့်တော့ ရှန့်ခုံးက ပြုံးနေသည်။ သူ့သွားစွယ်တွေ မြင်နေရတဲ့အထိ လှိုက်လှိုက်လှဲလှဲပြုံးနေသည်။
"ရုပ်ကိုပြောတာမဟုတ်ပါဘူး။ကျန့်ကောက ယောကျာ်းလေးပေမယ့် မီနာထက်တောင်ချောသေးသလိုပဲ။ ကျွန်တော်က အမူအကျင့်ကိုပြောတာ။ မီနာက ကျန့်ကောလိုပဲ ပန်းချီဆွဲတယ်။ အားငယ်တတ်တယ်။ ခံစားရသမျှ မြိုသိပ်ထားတတ်ပြီး ရိပေါ်ကို အရိပ်တကြည့်ကြည့်နေတတ်တာမျိုး"
ရှန့်ခုံးက တစ်ခုခုကို ဦးတည်ပြောနေပုံရသည်။ ဒါပေမယ့် ရှောင်းကျန့်ဘယ်လိုတုန့်ပြန်ရမှန်းမသိ။ ရှန့်ခုံးက ခန့်မှန်းရခက်လွန်းသည်။
"သူ့ကို ကျွန်တော်က ချစ်ပါတယ်။ ရိပေါ်ကလဲ တော်တော်ချစ်တယ်။ ဒါပေမယ့် စိတ်မကောင်းစရာပဲ သူဆုံးသွားပြီ"
ရှောင်းကျန့် ကြောက်လာသည်။ ရှန့်ခုံးရဲ့အပြုံးတွေက ပိုပိုပြုံးလာလေ ရှောင်းကျန့်ကြောက်လာလေ။ သူ့သူငယ်ချင်းကောင်မလေး သေတဲ့ကိစ္စကို ဘာလို့ ပြုံးပြုံးကြီးပြောနေရတာလဲ။
"သူ့ကိုယ်သူ သတ်သေသွားတာ ကျောင်းဆောင်ပေါ်က ခုန်ချပြီးတော့လေ"
ရှောင်းကျန့် နှလုံးခုန်သံရပ်သွားသည်။ ရိပေါ်. . .
မင်းယွီသေကြောင်းကြံတာ ကြုံရတုန်းက သွေးပျက်သွားတဲ့ ရိပေါ်။ ထိတ်လန့်တကြားနဲ့ သတိမေ့သွားတဲ့အထိ ခံစားလိုက်ရတဲ့ ရိပေါ်ကို ချက်ချင်းသတိရသွားသည်။ ရှောင်းကျန့် နေရာက ခုန်ထလိုက်ပြီး အော်မေးမိသည်။
"ကျိရှန့်ခုံး... မင်းဘာကို ဆိုလိုချင်နေတာလဲ"
သူ့ရှေ့မှာ ပြုံးပြုံးလေးထိုင်နေတဲ့ မျက်နှာချိုချိုဟာ နတ်ဆိုးတစ်ကောင်လို မြင်လာရသည်။
"ကျန့်ကော အသံအကျယ်ကြီးမပြောနဲ့လေ သူများတွေနဲ့"
ရှန့်ခုံးက တည်တည်ငြိမ်ငြိမ်ပဲပြောတော့မှ ပန်းချီခန်းထဲမှာ တခြားလူတွေလဲ ရှိပြီး အားလုံးက ရှောင်းကျန့်ကို ဝိုင်းကြည့်နေကြတာ သတိပြုမိတော့သည်။ ရှောင်းကျန့် အသက်ရှူလို့ မဝတော့ပဲ ခေါင်းထဲမှာပါ ချာချာလည်လာတာနဲ့ သူ့ပစ္စည်းတွေအမြန်သိမ်းပြီး ပန်းချီခန်းကနေ ပြေးထွက်လာခဲ့သည်။
"ကျန့်ကော ဘယ်လဲ"
ကျောင်းဆောင် ကော်ရစ်ဒါမှာ ဦးတည်ချက်မရှိ လျှောက်သွားနေတဲ့ ရှောင်းကျန့်လက်ကို လှမ်းဆွဲတာခံရမှ သတိဝင်ပြီး ကြည့်လိုက်တော့ ရိပေါ် ဖြစ်နေသည်။
ရိပေါ်က ရှောင်းကျန့်လက်ကိုဆွဲပြီး ခေါင်မိုးထပ်ကိုခေါ်သွားသည်။ ကျောင်းတက်ချိန်မို့ ဘယ်သူမှမရှိ။ဘပုံမှန် ဆေးလိပ်လာခိုးသောက်နေကျ ကျောင်းသားတွေတောင် မရှိတော့မှ ရှောင်းကျန့် ရိပေါ်ကို တင်းနေအောင် ဖက်ထားမိသည်။
"ကျန့်ကော ဘာဖြစ်လာတာလဲ ပြောပါဦး"
"ဟင့်အင်း. . . "
"ရှန့်ခုံး ကောကို တခုခုပြောလိုက်တာလား"
ရှန့်ခုံးက သူ့ကိုတခုခုပြောလိုက်သလားဆိုတော့ ရှန့်ခုံးပြောတဲ့အထဲ သူ့ကို ထိခိုက်တာတစ်ခုမှမပါ။ သူ့ကိုရည်ရွယ်တာဘာမှမပါ။ ဒါပေမယ့် သူ့ရဲ့အမူအယာနဲ့ ဘာမှန်းထောက်ပြလို့မရတဲ့အရာတွေက ရှောင်းကျန့်ကို စိတ်ဒုက္ခပေးနေသည်။
"မပြောပါဘူး"
သူငြင်းပေမယ့် ရိပေါ်က ယုံပုံမပေါ်။ သူ့ပုခုံးကနေကိုင်ထားပြီး မျက်နှာကို သေသေချာချာ စူးစမ်းနေသည်။
"ကော တစ်ခုခုဆို မြိုသိပ်မထားနဲ့။ ကွယ်ဝှက်မထားနဲ့ ကျွန်တောွကိုပြော"
မြိုသိပ်ထားတယ်။ ကွယ်ဝှက်ထားတယ်။ မီနာ နဲ့ သိပ်တူတာပဲ ဆိုတဲ့ ရှန့်ခုံးစကားက သူ့နားထဲ ပြန်ကြားယောင်လာသည်။
"မီနာဆိုတာ ဘယ်သူလဲ"
သူ့အမေးကို ရိပေါ်က ဖြေရခက်သွားသလို ကျစ်သချက်သပ်လိုက်ပြီး သူ့နားထင်ကိုကုတ်နေသည်။
"ကောကို ကျွန်တော် ဖုံးကွယ်ထားတာမဟုတ်ဘူး။ ကျွန်တော်ကိုယ်တိုင် သတိမရချင်လို့ မေ့ထားတာ"
ဒီလိုဆိုတော့ မေးမိတဲ့ရှောင်းကျန့်က အပြစ်ရှိသလို ခံစားလိုက်ရသည်။ ရိပေါ်အတွက် ဒဏ်ရာတခုလိုဖြစ်နေလို့ မေ့ဖျောက်ထားတာကို ပြန်တွေးဖို့ သူက အစဖော်လိုက်မိပြီ။
"ဆောရီး. . ရိပေါ်မပြောလို့ရတယ်။ ကောက ဒီတိုင်းမေးမိတာပါ။ ကောမသိရလို့လဲ ဘာမှမဖြစ်ပါဘူး"
ရိပေါ်ကို စိတ်ရင်းနဲ့တောင်းပန်မိသည်။ လူတိုင်းမှာ ပြန်မတွေးချင် ပြန်မပြောချင်တဲ့အတိတ်တစ်ခုက ရှိမှာပဲ။ ဒါကို အတင်းဖိအားပေးပြီး မေးတာမျိုး ရှောင်းကျန့်က ရက်စက်သည်ထင်သည်။
"ကိစ္စမရှိဘူး။ ကျွန်တော်ကောကို ပြောပြလို့ရတယ်။ ရှန့်ခုံးပြောမှ ကောသိရရင် အဓိပ္ပါယ်တစ်မျိုးဖြစ်သွားလိမ့်မယ်"
ရိပေါ်က နေအရိပ်ရတဲ့ နေရာရှာပြီး တံတိုင်းကိုမှီထိုင်လိုက်သည်။ သူ့ကိုလဲ မျက်နှာချင်းဆိုင်မှာ ထိုင်စေပြီး ရှောင်းကျန့်လက်နှစ်ဖက်ကို သူ့လက်နှစ်ဖက်နဲ့ အုပ်ကိုင်ထားသည်။
"ကျွန်တော့်အသက် ၅နှစ်မှာ မာမားဆုံးပြီးတော့ ပါပါးက ကျွန်တော့်ကို LA မှာရှိတဲ့ သူ့ညီမဝမ်းကွဲဆီပို့လိုက်တယ်။ သူတို့က သားသမီးမရှိလို့ ကျွန်တော့်ကို ဂရုစိုက်ပေမယ့် တကယ့်မိဘလိုတော့ ဖြစ်မလာဘူးပေါ့။ အဲ့အချိန်မှာ ကျွန်တော်နဲ့ ရှန့်ခုံးနဲ့ စတွေ့တာပဲ။"
LA က အင်္ဂလိပ်လိုမတောက်တခေါက်ပဲ တတ်တဲ့ ၅နှစ်သား တရုတ်လေး ရိပေါ်အတွက် စိမ်းသက်နေသည်။ သူ့အဒေါ်နဲ့ ဦးလေးဆိုတာကလဲ အမြဲအလုပ်ရှုပ်နေကြတဲ့လူတွေ။ ဒီတော့ ရိပေါ်က အေးရာအေးကြောင်း လမ်းပေါ်မှာပဲ အချိန်ဖြုန်းနေမိသည်။
အဲ့ဒီနေ့ကလဲ ရိပေါ်က လမ်းထဲက ကလေးကစားကွင်းရဲ့ ဒါန်းပေါ်မှာထိုင်ရင်း ပျင်းပျင်းနဲ့ရေခဲမုန့်စားနေခဲ့တာ။ ခပ်လှမ်းလှမ်းမှာ သူနဲ့ရွယ်တူ ကလေးတွေက ကြောင်လေးတစ်ကောင်ကို ခဲနဲ့ဝိုင်းပစ်နေကြသည်ထင်သည်။ သူတို့ပြောတဲ့ အင်္ဂလိပ်လိုတွေ ရိပေါ် နားမလည်။ သူကြားတဲ့ တစိတ်တပိုင်းက ပူစီ ဆိုလို့ ကြောင်လို့ နားလည်လိုက်တာ။
ရိပေါ်က ဘာမှ များများစားစားမတွေးပဲ အိမ်ပြန်ဖို့ အဲ့နားက ဖြတ်တော့ သူတို့ဂဲနဲ့ဝိုင်းပစ်နေတာ ကြောင်လေးမဟုတ်ပဲ ကောင်လေးတစ်ယောက်ဖြစ်နေတယ်ဆိုတာ သတိထားလိုက်မိသည်။
"ဟေး. . မင်းတို့. ."
ရိပေါ်က အင်္ဂလိပ်လိုမတတ်တော့ စကားက အဲ့မှာ ရပ်သွားသည်။ ဟိုကလေးတွေအာရုံက ရိပေါ်ဆီရောက်လာသည်။ ရိပေါ်ကို ဘာတွေမှန်းမသိပြောပြီး ဂဲနဲ့ လှမ်းပေါက်သည်။ ရိပေါ်က စိတ်တိုလွယ်သည်။ ဒီတော့ အနားတွေ့တဲ့ဂဲနဲ့ ပြန်ပေါက်ရုံမက အဲ့ဒီကောင်လေးတွေဆီပြေးသွားပြီး တစ်ယောက်ကို မြေကြီးပေါ် လဲကျသွားအောင် တွန်းချလိုက်သည်။ အဖြူကောင်လေးတွေက သူ့ထက် လူကောင်ကြီးပေမယ့် ရိပေါ်က မကြောက်။ သူခုနက ကောက်လာတဲ့ ဂဲနဲ့ နောက်တစ်ယောက်ကို ထုချလိုက်သည်။ သူတို့ထဲက တစ်ယောက်သွေးထွက်ပြီး အော်ငိုတော့ ကျန်တဲ့ကလေးတွေပါ ထွက်ပြေးသွားကြသည်။
ဒီတော့မှ ရိပေါ်က ပိုက်လုံးလိုလုပ်ထားတဲ့ လျှောထဲပုန်းနေသည့်ကောင်လေးကို သွားခေါ်ထုတ်လာသည်။ ကောင်လေးက သူ့လိုပဲ အသားဝါ ဆံပင်အနက်နဲ့ အာရှသားလေး။ ဒါပေမယ့် သူပြောတဲ့ စကားကိုရိပေါ်တလုံးမှ နားမလည်။
"ရှန့်ခုံးအဖေက တရုတ်ပြည်ရဲ့ အမေရိကန်ဆိုင်ရာ ကောင်စစ်ဝန်။ ရှန့်ခုံးက သူ့အဖေနဲ့ ကိုရီးယားအမျိုးသမီးနဲ့ ရတာမို့ သူ့ကို တရားဝင်အသိတ်အမှတ်မပြုဘူး။ အိမ်မှာခေါ်ပြီး ကျွေးမွေးထားပေမယ့် သူ့ကိုဂရုမစိုက်ဘူး။ အိမ်ကနေ ခိုးထွက်ပြီး လမ်းပေါ်လျှောက်သွားနေတဲ့ ရှန့်ခုံးနဲ့ ကျွန်တော်က ချက်ချင်းပဲ သူငယ်ချင်းဖြစ်သွားတယ်။ အဖြူတွေကြားထဲမှာ Asian ကလေးလေးနှစ်ယောက်ဆိုတော့ အနိုင်ကျင့်ချင်တာတွေ နှိမ်ချင်ကြတာတွေကြားထဲ ရှန့်ခုံးအတွက်က ကျွန်တော်ပဲရှိတာ"
ရိပေါ်ပြခဲ့ဖူးတဲ့ ဓာတ်ပုံထဲက နုနုနယ်နယ်ရုပ်ကလေးတွေကို ပြန်မြင်လာမိသည်။ သူစိမ်းနယ်မှာ မိဘရဲ့ဂရုစိုက်မှုလဲ မရတဲ့ ကလေးနှစ်ယောက် တစ်ယောက်ကို တစ်ယောက် အရမ်းခင်တွယ်ကြတာ သဘာဝကျပါသည်။
ရှန့်ခုံးနဲ့ သူနဲ့ တယောက်ကို တယောက်ဆက်သွယ်နိုင်ဖို့ အင်္ဂလိပ်စကားကလိုအပ်သည်။ ရှန့်ခုံးက သူ့အမေနှင့်ခွဲပြီးကိုရီးယားကနေ ဒီကိုရောက်လာတာမကြာသေးသလို သူ့အဖေကလဲ ဂရုစိုက်တော့ တရုတ်လိုကမကျွမ်းကျင်။ သူတို့နှစ်ယောက်တူတူပြောကြတော့ အင်္ဂလိပ်လိုက တတ်တာမြန်ပါသည်။ အင်္ဂလိပ်လို ပြောတတ်လာတော့ ကျောင်းမှာလဲ နေသားကျလာသည်။ ရိပေါ်က အပေါင်းအသင်းများပေမယ့် ရှန့်ခုံးကတော့ အေးပြီး ရိပေါ်တစ်ယောက်ထဲကိုသာ တွယ်ကပ်ခင်မင်တတ်သည်။
အပေါင်းအသင်းများတော့ ရိပေါ်က အတတ်စုံသည်။ သူ့အသက် ရှစ်နှစ်မှာ ဦးလေးလုပ်တဲ့သူဝယ်ပေးတဲ့ ဆိုင်ကယ်အသေးလေးကို အမျိုးစုံစတန့်ထွင် စီးတတ်ပြီ။ ကိုးနှစ်မှာ သူဘောက်ဆင်စထိုးသည်။ အသက်ဆယ့်နှစ်နှစ်မှာ ဆေးလိပ်စသောက်တတ်ပြီ။
အဲ့ဒီနေ့က ရိပေါ်က ဆေးလိပ်ခိုးဝယ်ဖို့မကြိုးစားရင် ရှန့်ခုံးကလဲ ရိပေါ်နဲ့ အတင်းလိုက်လာဖို့ မကြိုးစားရင် သူတို့ မီနာနဲ့ ဆုံရမှာမဟုတ်။
LA က ဂျပန်ရပ်ကွက်မှာ စတိုးဆိုင်အစုတ်တစ်ခုရှိပြီး အဲ့ဒီမှာ အသက်မပြည့်သေးလဲ ဆေးလိပ်နဲ့ တခြားလူကြီးပစ္စည်းတွေ ဝယ်လို့ရတယ်လို့ သူတို့အတန်းထဲက ချာတိတ်တကောင်က သတင်းသယ်လာသည်။ နေရာတကာစမ်းချင်တဲ့ ရိပေါ်က အဲ့ဒီကိုသွားချင်သည်။ ရှန့်ခုံးက သူ့အဖေသိရင် ရိုက်ခံရမှာကြောက်သည်လို့ တဖွဖွပြောနေပေမယ့် ရိပေါ် သွားတဲ့နောက် မလိုက်ပဲလဲ မနေနိုင်။
တကယ်တမ်းကျ စတိုးဆိုင်က သူတို့ချာတိတ်နှစ်ကောင်ကို ကန်ထုတ်လိုက်သည်။ သူတို့ပြောတဲ့အသက်မပြည့်သေးတာဆိုတာက ဆယ့်ခြောက်နှစ်တစ်ရက်လျော့တွေ။ ရိပေါ်တို့က ငယ်လွန်းသေးသည်။
ဒါနဲ့ ဂျပန်ရပ်ကွက်က ခပ်စုတ်စုတ်လမ်းကြားတွေထဲ သူတို့လျှောက်လာရင်း တနေရာမှာ သူတို့ထက်နည်းနည်းကြီးမည့် ဆယ်ကျော်သက်တသိုက်ကိုတွေ့ရသည်။ လွန်ခဲ့တဲ့ခုနစ်နှစ် ရိပေါ် ရှန့်ခုံးကို တွေ့ရတုန်းကလိုပဲ သူတို့က ကောင်မလေးတစ်ယောက်ကို ဝိုင်းအနိုင်ကျင့်နေကြတာ။
"ဟေ့. . "
ရှန့်ခုံး ဆွဲထားတဲ့ကြားက ရိပေါ်က လှမ်းဟန့်လိုက်တော့ သူတို့အာရုံက ရိပေါ်တို့ဆီရောက်လာသည်။ လေးယောက် နှစ်ယောက် ပေမယ့် ရှန့်ခုံးက ဘာမှမလုပ်တတ်။ ရိပေါ်ကပဲ အားလုံးနဲ့ နှဉ်ထိုးနေရချိန် တစ်ယောက်က ရှန့်ခုံးကို ဂျောင်မှာ သိပ်ပြီး စုတ်ပြတ်နေအောင် ထိုးသည်။
"ရိပေါ် ငါ့ကိုကယ်ပါ"
ရှန့်ခုံးရဲ့ လက်ကျန်အားကိုသုံးပြီး အကူအညီတောင်းတဲ့အသံနဲ့ စုတ်ပြတ်နေအောင် အထိုးခံထားရတဲ့ မြင်ကွင်းက ရိပေါ်သွေးတွေကို ဆူပွက်သွားစေသည်။ အနားမှာတွေ့တဲ့ ဒုတ်တချောင်းကိုကောက်ပြီး မြင်ရာကိုရိုက်ပစ်သလို ရှန့်ခုံးကို ထိုးတဲ့ကောင်ကို ကျိုးသွားတဲ့ ဒုတ်ချွန်အစနဲ့ ထိုးပစ်သည်။ တဖက်က လဲကျသွားတဲ့အထိ မရပ်တန့်ပဲ အပေါ်စီးကနေ ထပ်ခါထပ်ခါထိုးနေတဲ့ ရိပေါ်ကိုရှန့်ခုံးကပဲ ပြန်ဆွဲရတဲ့အထိ။
သူတို့ရဲစခန်းရောက်သွားခဲ့ပေမယ့် အနိုင်ကျင့်ခံရတဲ့ကောင်မလေး မီနာရဲ့ သက်သေခံချက် ရိပေါ်ဦးလေး၊ ရှန့်ခုံးအဖေတို့ရဲ့ ပါဝါနဲ့ လွတ်လာခဲ့သည်။
ကောင်မလေးက မီနာ။ ဂျပန် အမေရိကန် ကပြား။ သူ့အဖေ အမေရိကန်ကောင်က သူတို့သားအမိကို ပစ်သွားသည်တဲ့။ အမှန်က အားတိုင်းငိုတဲ့ ဒီကောင်မလေးက ထုံလွန်း အလွန်းသည်လို့ ရိပေါ်ကထင်သည်။ ရှန့်ခုံးကလဲ သူ့လိုထင်တာပဲ။ ဒါပေမယ့် ရှန့်ခုံးက စိတ်ထားကောင်းတော့ မီနာငိုတိုင်း စိတ်ချမ်းသာအောင် ပြောပြီးချော့ရှာသည်။
"မီနာက အရမ်းကြောက်တတ် အားငယ်တတ်တယ်။ ပြီးတော့ စိတ်ဓာတ်ကျလွယ်တယ်။ ပြောရရင် မီနာက ကျွန်တော့်ထက် ရှန့်ခုံးနဲ့တောင် ပိုရင်းနှီးသေးတယ်။"
ရိပေါ်က ပြုံးဖို့ကြိုးစားသည်လို့ထင်သည်။ ဒါပေမယ့် သူ့အပြုံးကမပီပြင်
"ကျန့်ကောလဲ သိတာပဲ ကျွန်တော်က ဝုန်းဒိုင်းသမား။ မိန်းကလေးတစ်ယောက်အတွက် ကြမ်းတမ်းလွန်းတယ်။ ရှန့်ခုံးက အဲ့လိုမဟုတ်ဘူး။ သူက နားလည်ပေးတတ်တယ်။ စာနာတတ်တယ်။"
ရိပေါ်လက်ချောင်းတွေကို ဖျစ်ညှစ်ပြီးရှောင်းကျန့် အားပေးမိသည်။
တရုတ်ကလေး ရိပေါ်ရယ်၊ ရှန့်ခုံးရယ် နဲ့ ဂျပန်မလေး မီနာ သုံးယောက်တတွဲက သူတို့ကျောင်းမှာ လူတိုင်းသတိပြုမိတဲ့အတွဲ ဖြစ်လာသည်။
ဒါပေမယ့် အသက်အရွယ်ရလာတာနဲ့အမျှ သူတို့ကြားက ကွာခြားချက်နဲ့ ပဋိပက္ခတွေပေါက်ဖွားလာရသည်။ ရိပေါ်က ဆိုင်ကယ်စီးတာကို ဝါသနာကနေ တကယ့်အားကစားတခုအနေအထိ လေ့ကျင့်လာပြီးပြိုင်ပွဲဝင်ဖို့ ကြိုးစားလာသည်။
ရှန့်ခုံးက ဒါကို အန္တရာယ်များလွန်းတယ်ထင်ပြီး မကြိုက်။ ရိပေါ်ကိုတားသည်။ ပြီးတော့ ရိပေါ်က လေ့ကျင့်ကွင်းမှာ အချိန်ကုန်တာများသည့်အပြင် ရည်းစားတွေကလည်း ထားလာပြီမို့ အရင်လိုရှန့်ခုံးကိုအချိန်မပေးနိုင်တော့။
ဒါပေမယ့် ရနိုင်သမျှအချိန်မှာတော့ ရှန့်ခုံးမီနာတို့နဲ့ အတူရှိနေနိုင်ဖို့ သူကြိုးစားပါသည်။ မီနာကလဲ ရှန့်ခုံးနဲ့ ပိုလို့ရင်းနှီးလာသည်လို့ထင်သည်။ ရိပေါ်ရှိနေတဲ့ တချို့အချိန်တွေမှာတောင် မီနာက ရိပေါ်အစား ရှန့်ခုံးကိုပဲ စကားပြောနေတတ်ပြီး သူတို့ပြောတဲ့အကြောင်းတွေက ရိပေါ်မသိတာတွေများနေသည်။ ဒီတော့ ရိပေါ် မပျော်တော့။
"ဆယ့်ငါးနှစ်ဆိုတဲ့ အရွယ်က စိတ်ကစားတတ်တာပဲ။ အခုလဲ ကျွန်တော်က မရင့်ကျက်သေးပါဘူး။ ဒါပေမယ့် အဲ့ဒီတုန်းက ပိုပြီးငယ်တယ်။ မီနာ့ကို ကျွန်တော်က ချစ်တယ်လို့ပြောမိတယ်။ ဒါပေမယ့် မီနာက အဲ့ဒီတုန်းက ရှန့်ခုံးနဲ့ တွဲနေပြီ။ ကျွန်တော် ဘာလို့ အဲ့လိုတွေ လုပ်မိလဲမသိဘူး။ သူတို့နှစ်ယောက်ထဲပျော်နေတာကို ကျွန်တော်မမြင်ချင်ဘူး။ မနာလိုတာဖြစ်မယ်။"
မထင်မှတ်ထားတဲ့ အချိုးအကွေ့ကြောင့် ရှောင်းကျန့်အံ့သြသွားသည်။
"ငါနဲ့ ရှန့်ခုံးနဲ့ ချစ်သူဖြစ်သွားကြပြီ" လို့ မီနာတစ်ယောက်ထဲလာပြီး သူ့ကိုပြောတဲ့နေ့က ရုတ်တရက်ကြီး သစ္စာဖောက်ခံလိုက်ရသလို ရိပေါ်ခံစားလိုက်ရသည်။ သူက အချိန်မပေးနိုင်တာ မှန်ပေမယ့် အခုလိုကျ သူကဖယ်ထုတ်ခံလိုက်ရတဲ့လူလို။
အထူးသဖြင့် ရှန့်ခုံး။ ရိပေါ်ဘက်က သူနဲ့ပတ်သတ်တဲ့ မိန်းကလေးတွေအကြောင်း အူမချေးခါးကအစ အကုန်ပြောပေမယ့်ရှန့်ခုံးက မီနာနဲ့ ပတ်သတ်တာ တစ်ခွန်းမှ သူ့ကိုမပြောခဲ့ဖူးတာ သတိရလိုက်သည်။ အခုရည်းစားဖြစ်သွားကြတာတောင် မီနာပြောမှသိရတာဆိုတော့  ဒီလိုဆို သူနဲ့ ရှန့်ခုံးရဲ့ ဆယ်နှစ်တာ သူငယ်ချင်းသက်တမ်းက ဘာမှအဓိပ္ပါယ်မရှိဘူးလား။
"မီနာ. . နင့်ကို ငါလဲချစ်တယ်ဆိုရင် နင်ရှန့်ခုံးကိုဖြတ်ပြီး ငါနဲ့တွဲမလား"
အဲ့အချိန်က ရိပေါ်ခေါင်းထဲ ဘာမှမတွေး။ မီနာက သူ့ဆီက ရှန့်ခုံးကိုလုသွားသည်လို့ပဲ ခံစားရသည်။ သူတို့နှစ်ယောက်ကို စိတ်အနှောင့်အယှက်နည်းနည်းပေးချင်သည်။ ဒါပါပဲ။
ဘာကြောင့်မှန်းမသိ မီနာက သူ့ကိုကြိုက်နေသည်လို့ ရိပေါ်ထင်သည်။ အဲ့ဒါကို ရှန့်ခုံးကို သက်သေပြချင်တာလဲ ပါသည်။ ဆယ်ကျော်သက်မို့ သူ့အတွေးတွေက အဆင်ခြင်မဲ့လွန်းလှသည်။
"ငါနင့်ကို ချစ်နေခဲ့တာ။ ဒါပေမယ့် နင်က ငါ့ကိုမချစ်ဘူးထင်လို့ ရှန့်ခုံးကို လက်ခံလိုက်တာ" တဲ့။ မီနာရဲ့ ခံစားချက်အစစ်အမှန်ဆိုတာကို မြင်ဖို့် လက်ခံဖို့ထက် ဒါကို ရှန့်ခုံးအပေါ် လက်စားချေဖို့ပဲ ရိပေါ်က စိတ်ဝင်စားခဲ့တာ။
မီနာက သူ့ကိုဖြတ်ပြီး ရိပေါ်နဲ့ တွဲသွားတာကို ရှန့်ခုံးက ဘာမှမပြောပါ။ ဒါပေမယ့် ရိပေါ်ကိုလဲ စကားမပြောတော့။ အရမ်းရင်းနှီးခဲ့ နားလည်ခဲ့ကြပြီး တစ်ယောက်မရှိရင် တစ်ယောက်မရှင်သန်နိုင်ဘူးလို့ ထင်ခဲ့တဲ့ သူတို့နှစ်ယောက်ဟာ ထူးထူးဆန်းဆန်းပဲ မိန်းကလေးတစ်ယောက်ကြောင့် စိမ်းသက်သွားရသည်။
"ကျွန်တော့်ကြောင့် မီနာနဲ့ ရှန့်ခုံးနဲ့ ပြတ်သွားတယ်။ ဒါပေမယ့် မီနာ့ကို တကယ်တွဲဖို့ကျ ကျွန်တော်လိပ်ပြာမလုံဘူး။ အဲ့တုန်းက ပထမဆုံးဆိုင်ကယ်ပြိုင်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့အချိန်ဆိုတော့ ထူးရှောင်စရာမလိုပဲ နှစ်ယောက်လုံးကိုရှောင်နေမိတယ်။"
ရိပေါ်အသံတိတ်သွားသည်။ ရှောင်းကျန့်ရဲ့ခပ်တင်းတင်းဆုပ်ထားတဲ့ လက်ချောင်းတွေကို ပြန်ဆုပ်ကိုင်ရင်း ဆက်ပြောဖို့ သူအားယူနေသည်။
ဆိုင်ကယ်ပြိုင်ပွဲကို အကြောင်းပြပြီး မီနာ့ကိုရော ရှန့်ခုံးကိုရော ရှောင်နေတဲ့ ရိပေါ်ဆီ ရှန့်ခုံးလိုက်လာခဲ့သေးသည်။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ကြားက ဆက်ဆံရေးက ပိုကောင်းမလာပဲဆိုးရွားသွားသည်။ ရှန့်ခုံးနဲ့ သူနဲ့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် စွပ်စွဲကြသည်။ အမှန်ကတော့ ရိပေါ်ဘက်ကပဲ ပြောခဲ့တာတွေများတာပါ။ ရိပေါ်ကရှန့်ခုံးကို သရဲဘောကြောင်သည်လို့ ပြောသည်။ အမှန်က ရိပေါ်ကျာင်းလဲဆက်မတက်ချင်တော့ ဆိုင်ကယ်ပြိုင်တဲ့ဘက်ကိုပဲ အာရုံစိုက်ချင်တော့တာ။ သူ့အနာဂတ်ကို အဲ့ဒီမှာတွေ့နေပြီ။ သူထွက်မသွားခင်အချိန်ထိ ရှန့်ခုံးကို သူနဲ့ရှိနေစေချင်ခဲ့တာ။ ရှန့်ခုံးက ရိပေါ်ကို အဖျက်သမား။ တကိုယ်ကောင်းဆန်သည်လို့ စွပ်စွဲတော့ ရိပေါ် ရှန့်ခုံးကို ထိုးမိသည်။
သူတို့နှစ်ယောက် ရန်ဖြစ်သည့် အဓိက ဇစ်မြစ်မှာ မီနာလုံးဝပါမနေခဲ့။ တကယ့်အဓိက ပြဿနာက သူတို့နှစ်ယောက်သာဖြစ်သည်။ ဒါပေမယ့်. .
"ကျွန်တော်ပြောပါတယ်။ မီနာက အရမ်းတွေးတတ်တယ်။ စိတ်အားငယ်တတ်။ စိတ်ဓာတ်ကျတတ်တယ်လို့။ ကျွန်တော်ရှောင်နေတာနဲ့ ရန်ဖြစ်ကြတာကို သူက တမျိုး အဓိပ္ပါယ်ကောက်သွားတယ်။ ကျွန်တော်တို့ သုံးယောက်ရဲ့ သူငယ်ချင်းသံယောဇဉ်ဟာ သူ့ကြောင့် ပျက်စီးသွားရတယ်လို့ ကိုယ့်ကိုယ်ကို အပြစ်တင်တယ်။ သူသာမရှိတော့ရင် ကျွန်တော်နဲ့ ရှန့်ခုံးအရင်လို ပြန်ဖြစ်သွားလိမ့်မယ်လို့ထင်တယ်"
"ရိပေါ် မပြောပါနဲ့တော့"
သူ ရိပေါ်ကို ရင်ခွင်ထဲဆွဲပြီး ဖက်ထားလိုက်သည်။ ရိပေါ်က မျက်ရည်တစ်စက်မကျပါ။ ဒါပေမယ့် သူငယ်ငယ်တုန်းက မြင်ဖူးတဲ့ ဝက်သစ်ချပင်ခြောက်ကြီးလို ရိပေါ်ရဲ့ မျက်ဝန်းတွေက ခြောက်သွေ့ကာ စိမ်းလန်းခြင်း ကင်းမဲ့နေသည်။
"ကျန့်ကောရာ ကျွန်တော်တကယ် မကောင်းလိုက်တာ။ နောက်ဆုံးအချိန်ထိ ကျောင်းခေါင်မိုးပေါ်မှာ မီနာ့ကို တားဖို့အခွင့်ရှိပေမယ့် ကျွန်တော်မတားခဲ့ဘူး။ သူမခုန်ချလောက်ဘူးလို့ပဲထင်နေတယ်။ သူအားငယ်တတ်တာတွေ စိတ်ထိခိုက်လွယ်တာတွေ စိတ်ဓာတ်ကျတာတွေကို မမြင်တတ်ခဲ့ဘူး။ သူ့အပြုအမူအားလုံးဟာ ဂရုစိုက်ခံချင်လို့ ဟန်ဆောင်နေတာလို့ပဲ ထင်ခဲ့တာ"
"ရှန့်ခုံးက အဲ့လိုပြောလို့လား"
"ဟင်"
ရှောင်းကျန့်ရဲ့ မှတ်ချက်ကြောင့် ရိပေါ်က ကြောင်ပြီး ကြည့်နေသည်။ သူ့အတွေးထဲ အကုန်နောက်ပြန်ရစ်ပြီး တွေးနေပုံရသည်။ ရိပေါ်ရဲ့ မျက်တောင်တစ်ခတ်တိုင်းမှာ ရှောင်းကျန့်က သူစိတ်သက်သာပါစေလို့ ပူပန်နေမိသည်။
"ဟုတ်တယ်။ မီနာ ငိုတိုင်း ရှန့်ခုံးက အလကားနေရင်း ငိုနေတယ်လို့်ပြောတယ်။ ပြီးတော့ သူချော့ရင် ဂရုစိုက်လိုက်ရင် မီနာက ပျော်သွားတာမို့် ကျွန်တော်လဲ အဲ့လိုပဲ ထင်ခဲ့တာ။ ကောက ဘယ်လို. . . "
"ရှန့်ခုံးက တခြားလူတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေကို အသုံးချနိုင်တယ်လို့ ခံစားရလို့။ အဲ့လိုလူမျိုးမို့. . "
ရိပေါ်က ခဏတော့ ငြိမ်သက်နေသည်။ သက်ပြင်းရှည်တစ်ချက်မှုတ်ထုတ်လိုက်ရင်း
"ကျွန်တော်လဲ တခါတလေ အဲ့လိုခံစားရတယ်။ ဒါပေမယ့် မီနာတုန်းကလိုပဲ ကျွန်တော် အထင်မှားတာနေမယ်လို့ ထင်တုန်းပဲ။ ကျန့်ကောလဲ အဲ့လိုတွေးတယ်ဆိုရင် ကျွန်တော် လုံးလုံးလျားလျား အထင်မှားတာတော့ မဟုတ်ဘူးထင်ပါရဲ့။"
ကျောင်းဆင်းချိန်ရောက်ပြီမို့ သူနဲ့ရိပေါ်နဲ့ အဖြေရှာမရနိုင်သေးတဲ့ ပြဿ     နာတွေကို ခဏမေ့ထားပြီး ခေါင်မိုးထပ်ကနေ ပြန်ဆင်းလာခဲ့ကြသည်။
ရိပေါ်က ညနေဆို အချိန်ပိုင်းအလုပ်တစ်ခုလုပ်နေလို့ အရင်လို ရှောင်းကျန့်နဲ့ မပြန်နိုင်တော့တာဖြစ်ကြောင်း ရှင်းပြနေသည်။
"ကျိကော . . ကျွန်မသူငယ်ချင်းက ကောကို စတွေ့ကတည်းက စိတ်ဝင်စားတာပါ။ အဲ့ဒါ ကောအနေနဲ့ သူ့ကို နည်းနည်းလောက်ဖြစ်ဖြစ်စဉ်းစားပေးသင့်ပါတယ်"
လှေကားအဆုံး ကော်ရစ်တာအကွေ့မှာ ကျိရှန့်ခုံးနဲ့ အထက်တန်း ဂျူနီယာနှစ်က ကောင်မလေးသုံးယောက်စကားပြောနေကြတာတွေ့တော့ ရှောင်းကျန့်နဲ့ ရိပေါ် ခြေလှမ်းတွေတုံ့သွားသည်။
ရှန့်ခုံးက သူ့ထက်ငယ်တဲ့ ကောင်မလေးတွေကို ပြုံးပြုံးလေးပဲ ကြည့်နေပေမယ့် ငြင်းတော့မယ်ဆိုတာ ရှောင်းကျန့်က သိနေသည်။
"ဆောရီးပါ။ ကောကို သဘောကျပေးလို့ ကျေးဇူးတင်ပေမယ့် ကောမှာက သဘောကျတဲ့သူရှိပြီးသားမို့ မဖြစ်နိုင်လို့ပါ"
ကောင်မလေးတွေမျက်နှာက စိတ်ပျက်လက်ပျက်နဲ့ ဒါတောင် အားမလျော့ချင်သေးတဲ့ဟန်နဲ့တစ်ယောက်က. .
"ကံကောင်းလိုက်တာ။ ကောကခုမှ ကျောင်းပြောင်းလာတာတောင်မကြာသေးပဲ သဘောကျခံရတယ်ဆိုတော့ ဘယ်သူလဲဟင်"
ရှန့်ခုံးက သူ့သွားစွယ်တွေပေါ်အောင် အားရပါးရပြုံးပြီး ကောင်မလေးတွေကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။
"ခုမှတွေ့တာမဟုတ်ဘူး။ ကြာလှပြီ။ မင်းတို့ စီနီယာ ဝမ်ရိပေါ်လေ"
စကားအဆုံးမှာ သူတို့နှစ်ယောက်ကို ဦးတည်ကြည့်လာတဲ့ ရှန့်ခုံးမျက်လုံးတွေက သားကောင်ကိုကြည့်နေတဲ့ ကျားရဲတစ်ကောင်လို။
Continue Reading
You'll Also Like
570K 35.3K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
28.3K 2.3K 3
275K 48.2K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
701K 59.5K 20
သင် ငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကို အဖြောင့်ထင်ပြီး ငြင်းခဲ့တဲ့ အပေအတေလေးဟာ သင့်ကိုယ်သင် အကွေးမှန်းသိတဲ့အခါမှာ အထက်ပုဂ္ဂိုလ်လေးအဖြစ်နဲ့ ပြန်ရောက်လာနိုင်ပါ...