MARS

By Candycho4

408K 41.1K 2.2K

တချို့လူတွေက နူးညံ့တယ် ထင်ရပေမယ့် တကယ်တမ်းကျ ကြံ့ခိုင်တယ်။ တချို့တွေကတော့ ကြံ့ခိုင်တယ် ထင်ရပေမယ့် တကယ်တမ်းကျ... More

Intro
MARS 1 (Zawgyi)
MARS 1 (Unicode)
MARS 2 (Zawgyi)
MARS 2 (Unicode)
MARS 3 (Zawgyi)
MARS 3 (Unicode)
MARS 4 (Zawgyi)
MARS 4 (Unicode)
MARS 5 (Zawgyi)
MARS 5 (Unicode)
MARS 6 (Zawgyi)
MARS 6 (Unicode)
MARS 7 (Zawgyi)
MARS 7 (Unicode)
MARS 8 (Zawgyi)
MARS 9 (Zawgyi)
MARS 9 (Unicode)
MARS 10 (Zawgyi)
MARS 10 (Unicode)
MARS 11 (Zawgyi)
MARS 11 (Unicode)
MARS 12 (Zawgyi)
MARS 12 (Unicode)
MARS 13 (Zawgyi)
MARS 13 (Unicode)
MARS 14 (Zawgyi)
MARS 14 (Unicode)
MARS 15 (Zawgyi)
MARS 15 (Unicode)
MARS 16 (Zawgyi)
MARS 16 (Unicode)
MARS 17 (Zawgyi)
MARS 17 (Unicode)
MARS 18 (Zawgyi)
MARS 18 (Unicode)
MARS 19 (Zawgyi)
MARS 19 (Unicode)
MARS 20 (Zawgyi)
MARS 20 (Unicode)
MARS 21 (Zawgyi)
MARS 21 (Unicode)
MARS Finale (Zawgyi)
MARS Finale (Unicode)
MARS Extra (Zawgyi)
MARS Extra (Unicode)

MARS 8 (Unicode)

8.2K 985 38
By Candycho4

နွေရာသီပိတ်ရက်အပြီး ကျောင်းပြန်ဖွင့်တော့ ကျောင်းသားအားလုံးက နွေဦးပွဲတော်အတွက် တက်ကြွနေကြတယ်။ အတန်းတစ်တန်းချင်းစီကလဲ ကိုယ့်အစီစဉ်နဲ့ကိုယ် ရှိသလို ကျောင်းသားကလပ်တွေကလဲ ကိုယ့် သက်ဆိုင်ရာ ကလပ် လှုပ်ရှားမှုတွေနဲ့ အားလုံးအလုပ်ရှုပ်လို့်။

"ငါတို့ ဘတ်စကတ်ဘောအသင်းရန်ပုံငွေအတွက် ဘာလုပ်ကြမှာလဲဟ"

ကျောင်းဆင်းချိန်ဆို ဘာလုပ်ကြမယ်ဟေ့ဆိုတဲ့အသံတွေနဲ့ ဆူညံလို့. .

"ရိပေါ် ဆိုင်ကယ်နောက်ကနေ လိုက်စီးခွင့်ကွာ။ ကျောင်းတပတ် ပတ်ရင်ဘယ်လောက်"

ဟွိုင်ဆန်းက ဘတ်စကတ်ဘောပုတ်ရင်သာ ဘိတ်ချီးက ဉာဏ်နီဉာဏ်နက်ဆို မျိုးစုံထွက်တဲ့သူပီပီ တစ်ကျောင်းလုံးက မိန်းကလေးတွေ စိတ်ဝင်စားကြမှာကို တန်းအကြံပေးတယ်။

ရိပေါ်ကတော့ ခါးခါးသီးသီးပဲ

"ဆိုင်ကယ်ဘီး ဖက်လိုက်ချင်တောင်မရဘူး။ ငါ့ဆိုင်ကယ်ပေါ် ဘယ်သူမှမတင်ဘူး"

"ဒါဆို ဝမ်ရိပေါ်နဲ့ တနေ့ ဒိတ်ခွင့်ဆိုရင်ကော"

ဝမ်းချင်က အကြံဆိုးကြီးနဲ့ ဝင်ပြောတယ်။ "မင်းတို့တခြားလုပ်စရာမရှိဘူးလား"

ကျန်တဲ့သူတွေက သူတို့ကိုယ်ပိုင် ပစ္စည်းတွေလေလံတင်ဖို့ လှူပေမယ့် ဝမ်ရိပေါ်မှာ အဖိုးတန်ဆုံးက ဝမ်ရိပေါ်ဆိုတော့ အားလုံးရဲ့ ပစ်မှတ်က ဒါပဲ။

"မရဘူး။ ငါ့ရည်းစားက အူတိုတတ်တယ်"

တတန်းလုံးက ဝေါင်းကနဲအော် လေချွန်တဲ့သူကချွန်နဲ့ အတန်းထောင့်မှာ ကုတ်ကုတ်လေးထိုင်နေတဲ့ ရှောင်းကျန့်ကိုလှည့်ကြည့်တယ်။ အခုက ရှောင်းကျန့်နဲ့ ရိပေါ်က ဘာမှန်းမသိသေးဘူး သူတို့တတန်းလုံးကတော့ သူတို့နှစ်ယောက်ကို ပေးစားနေကြပြီ။ အထူးသဖြင့် မိန်းကလေးတွေလအဆိုးဆုံး။

"ကျန့်ကော ရိပေါ်ကို အူတိုလား"

ခုနက အိမ်စာတွေပြန်ကြည့်နေလို့ ဘာမှန်းမသိလိုက်တဲ့ ရှောင်းကျန့်က အူလည်လည်နဲ့ခေါင်းခါပြတယ်။

"ဒါဆို ရိပေါ်ကို လေလံတင်မယ်နော် ရတယ်မလား"

ဘာပြောမှန်းမသိတာနဲ့ ရှောင်းကျန့်က ခေါင်းငြိတ်ပြလိုက်တယ်။ ရိပေါ်တို့ အော်ဟစ် ခုန်ပေါက်ပြီးပေါက်ကွဲတော့တာပဲ။

"ကျန့်ကော မင်းက ငါ့ကိုရောင်းစားတာလား။ မင်းတို့တွေ ငါ့ခန္ဓာကိုယ်ကို ရင်းပြီးမှ ငွေရှာကြတော့မှာလား"

ရိပေါ် ဘယ်လိုပေါက်ကွဲကွဲ ဘယ်သူမှအဖက်မလုပ်ဘူး။ ဝမ်ရိပေါ်က တသက်မှာ အကျွမ်းကျင်ဆုံးက ကောင်မလေးတွေနဲ့ ဒိတ်တာဆိုရင် အဲ့ဒါကို အသုံးချရမယ်မလား။

နွေဦးပွဲအတွက် ပြင်ဆင်စရာတွေကများပေမယ့် ရှောင်းကျန့်ကတော့ ပျော်နေပါတယ်။ ရိပေါ်က သူ့ ဘတ်စကတ်ဘောအသင်းတွေ စကိတ်အသင်းတွေ အကုန်ပလစ်ထားပြီး ရှောင်းကျန့်နားပဲတဝဲလည်လည်။ ပန်းချီအသင်းကတော့ ပုံတူဆွဲပေးတဲ့ ဟာနဲ့ နာမည်ကြီးပန်းချီဆရာတွေရဲ့ နာမည်ကျော်လက်ရာပုံစံမျိုးနဲ့ ဓာတ်ပုံရိုက်လို့ရမယ့် photo booth တွေလုပ်မယ်ဆိုတော့ ရှောင်းကျန့်က နည်းနည်းပိုပင်ပန်းတယ်။ ရိပေါ်ကတော့ သူ့ကိုယ်သူ လေလံတင်ရုံဆိုတော့ဘယ်ပင်ပန်းမလဲ။

ရိပေါ်က သူ့ဘာသာ ရှောင်းကျန့်နားကပ်နေရတာ အားမရတော့ ရန်လီကျဲကိုပါချောဆွဲလာသေးသည်။ ရှောင်းကျန့် လိုအပ်တဲ့ ပန်းချီပစ္စည်းတွေသွားဝယ်တဲ့အခါ ကားလိုက်မောင်းပေးဖို့တဲ့။ အားမနာတတ်တဲ့ ကလေးဆိုး ရိပေါ်အစား ရှောင်းကျန့်က ကြားထဲက အားတွေနာလို့။

"အမလေး ရှောင်းကျန့်အားမနာနဲ့။ ရိပေါ်က အဲ့လိုပဲ ကျဲတို့ဆီမှာ မွေးစားသားမဖြစ်ရုံတမယ်"

"ဒါဆို မွေးစားလိုက်လေ"

ရိပေါ်က ကားရှေ့ခန်းမှာ ခြေချိတ်ထိုင်ပြီး fm က လာတဲ့ သီချင်းအလိုက်နဲ့ ဒူးနန့်နေတယ်။

"ဟင့်အင်း ငါ့မှာ ကိုယ်ပိုင်သားလေးရတော့မှာ "

ရှောင်းကျန့်ရော ရိပေါ်ရော ပါးစပ်အဟောင်းသားနဲ့ ကားထဲမှာ ထခုန်မိတယ်။ "တကယ်ကြီး ဘယ်နှစ်လရှိပြီလဲ"

ရိပေါ် လက်က ရန်လီကျဲ ဗိုက်ပေါ်အော်တိုရောက်သွားတယ်။ သူနည်းနည်းလဲ စိတ်လှုပ်ရှားပြီးပျော်နေတယ်။

"အင်း နှစ်နာရီလောက်ပဲ ရှိသေးတယ်။ အခု ထွက်မလာခင်လေးတင်"

"အား"

ရိပေါ်က သူ့လက်အပူလောင်သွားသလို ချက်ချင်းပြန်ရုတ်ပြီး အော်တယ်။ "ကျွန်တော့် ကျန့်ကောရှေ့ ညစ်တီးညစ်ပတ်တွေမပြောနဲ့"

"အမလေး တချိန်လုံးညစ်တီးညစ်ပတ်တွေပဲပြောတဲ့ကောင်က"

"ဘာဖြစ်ဖြစ် ကျွန်တော့်ကျန့်ကောရှေ့မပြောဘူး"

ရန်လီကျဲက တကယ်ကိုပဲ ဆိုင်ကယ်လောက က အနားယူပြီး ကလေးယူတော့မလို့ ဆုံးဖြတ်ထားတယ်တဲ့။ ရှန်ဟိုင်းပွဲမှာ ရိပေါ်ပါမယ်ဆိုလို့ တကူးတကကို လာကြည့်ကြတဲ့ အားကစားသတင်းထောက်တွေကျွမ်းကျင်သူတွေရှိတယ်။ အခု ရိပေါ်ကို Grand Prix မှာ ပြိုင်ဖို့ လာဆက်သွယ်နေကြပြီ။

"ဇီရွှမ်းကတော့ အရမ်းတက်ကြွနေတယ်။ ရိပေါ်ကျေးဇူးပါပဲ။ အစက သူပြန်ပြီး နာလန်ထူနိုင်ပါ့မလားစိတ်ပူနေတာ။ တသက်လုံး သူအမြတ်နိုးဆုံးအားကစားကို စွန့်လွှတ်ရမယ်ဆိုပြီး။ အခုကျ ရိပေါ်က သူ့ကို ဘဝအသစ်တစ်ခုပေးလိုက်သလိုပဲ"

ရန်လီကျဲရဲ့ မျက်နှာလေးက တကယ်ပျော်ရွှင်နေမှန်းသိသာသည်။ ရိပေါ်ကတော့ မျက်နှာက သိပ်မသာယာ။

"ကျွန်တော် Grand prix သာဝင်ပြိုင်မယ်ဆို အရင်ကထက်ပိုပြီး ပြင်းပြင်းထန်ထန်လေ့ကျင့်ရတော့မှာ။ အဲ့ကျ ကျန့်ကောအနား ကပ်ဖို့အချိန်နည်းတော့မှာပဲ"

ရိပေါ်က သူ့အိမ်ရောက်မှ ရှောင်းကျန့်ကို တိုးတိုး တိုးတိုးနဲ့ ကပ်ချွဲတယ်။ ရိပေါ်ကို အရင်က ဒီလိုတွေ ချွဲတတ်လိမ့်မယ်လို့ ရှောင်းကျန့် အိပ်မက်တောင် မမက်ဖူးဘူး၊ ကျောင်းကို ဆံပင်ရှည် ဆိုင်ကယ်တဗြင်းဗြင်းနဲ့ လာပြီး ကောင်မလေးတွေ ထည်လဲတွဲတဲ့ ခပ်မိုက်မိုက်ကောင်လေးက ခုနောက်ပိုင်းကျ ရှောင်းကျန့်နဲ့ဆို ကလေးပေါက်စလေးတွေလိုပဲ အနားကပ်ပြီး တတွတ်တွတ်တွေပြောတတ်တယ်။

သူ့ခါးကိုဖက်ပြီး နားနားကပ်ကာ တတွတ်တွတ်ပြောနေတဲ့ ရိပေါ်ဆီက ထွက်သက်ငွေ့နွေးနွေးတင်မကတော့ပဲ နှုတ်ခမ်းထူထူလေးတွေကပါ ရှောင်းကျန့် နားသယ်စပ်နဲ့ လည်ပင်းပေါ်ကိုထိကပ်လာသည်။

ယားလို့ရှောင်းကျန့်ကရှောင်လဲ ရိပေါ်က မလွှတ်ပေးပဲ ခါးကိုပိုတင်းတင်းဖက်ပြီး အနမ်းတွေက ပိုပိုနက်ရှိုင်းလာသည်။ ရိပေါ်ရဲ့ လက်ချောင်းရှည်ရှည်တွေက ရှောင်းကျန့်ရှပ်အင်္ကျီအောက်ကနေ သူ့ခါးပေါ်ကို ခိုးဝင်လာပြီး ဝမ်းဗိုက်ချပ်ချပ်ကို လက်ဖဝါးနဲ့ပွတ်နေ၏။

ရှောင်းကျန့်ရိပေါ်နဲ့ နမ်းခဲ့ဖူးတာမှန်ပေမယ့် အခုလောက်တော့ တစ်ခါမှမနီးကပ်ခဲ့ဖူး။ သူ့ရဲ့ လည်ပင်းတလျှောက် ရိပေါ်ရဲ့ နှုတ်ခမ်းတွေနဲ့ သူ့ခန္ဓာကိုာ်ပေါ်မှာ ပြေးလွှားနေတဲ့လက်ချောင်းတွေ။ ရိပေါ်ကဘအားမရသလို တချက်ညည်းပြီး သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်လို့ ခန္ဓာကိုယ်အောက်ပိုင်းချင်း ထိကပ်သွားတဲ့အခါ ရှောင်းကျန့် တကိုယ်လုံးတုန်ယင်လာသည်။

ရိပေါ်နှုတ်ခမ်းတွေက ရှောင်းကျန့်နှုတ်ခမ်းတွေပေါ်ရောက်လာပြန်ပြီး သူ့နှုတ်ခမ်းတွေကို တတိတိနဲ့ စုပ်ယူနမ်းရှိုက်နေရာကနေ ရိပေါ်ရဲ့ လျှာလေးက ရှောင်းကျန့် လျှာကို ရစ်ပတ်သိမ်းပိုက်လိုက်၏။

အသက်ရှုသံခပ်လေးလေးနဲ့ ငြီးသံတွေကြားမှာ ရှောင်းကျန့်သတိလက်လွတ်နဲ့ ရိပေါ်လက်မောင်းတွေကိုပဲ အားကိုးရာတစ်ခုလို ဖက်တွယ်ထားဆဲ။

ရိပေါ်က သူ့ကို ဆွဲလှဲလိုက်ပြီး ရှောင်းကျန့်အပေါ်ကိုရောက်လာသည်။ နှုတ်ခမ်းခြင်းခွာမသွားပဲဘအနမ်းတွေဆက်တိုက်ပေးနေရာကနေ ရှောင်းကျန့် ခန္ဓာကိုယ်အောက်ပိုင်းက အေးကနဲ ခံစားလိုက်ရသည်။ သူ့ဘောင်းဘီကို ရိပေါ်က ဘယ်အချိန်က ကြယ်သီးဖြုတ်ပြီး ဆွဲချွတ်လိုက်တာလဲ။

ရိပေါ်ရဲ့လက်ဖဝါးခပ်ကြမ်းကြမ်းက ရှောင်းကျန့်ရဲ့ အောက်ခံဘောင်းဘီပေါ်က အုပ်ကိုင်လိုက်တဲ့အခါ ရှောင်းကျန့် မူးလာသည်။ ယစ်မူးတာမဟုတ်ပဲ သူတကယ် မးူဝေလာသည်။ ဟင့်အင်း. . . သူ့ကိုယ်ပေါ်က လက်တွေက ရေခဲလို အေးစက်နေတာလား။ သူ့လည်ပင်းပေါ်က နှုတ်ခမ်းတွေကြောင့် အသက်ရှူမဝတော့။

ဒီလိုအခြေအနေ. . . ဒီလိုမျိုး သူ့အပေါ် လူတစ်ယောက် စီးမိုးနေတာ. .

"မလုပ်နဲ့"

ချက်ချင်းပြောင်းလဲသွားတဲ့အခြေအနေနဲ့ ရှောင်းကျန့်ဆီက အာခေါင်ခြစ် အော်သံကြောင့် ရိပေါ် လန့်ပြီး လွှတ်ပေးလိုက်သည်။ ဆိုဖာပေါ်မှာ ကွေးကွေးလေး ထိုင်နေတဲ့ရှောင်းကျန့်တကိုယ်လုံးက တုန်ယင်နေသည်။

"ကျန့်ကော. ကျန့်ကော သတိထားပါဦး"

ရင်ဘတ်ကိုဖိပြီး အသက်လုရှူနေရတဲ့ ရှောင်းကျန့်ကို ရိပေါ်က ဖက်ဖို့ ကြိုးစားတော့ ရှောင်းကျန့်က ချက်ချင်းသူ့ကို တွန်းထုတ်သည်။

"မထိနဲ့"

ရိပေါ် ဘာလုပ်ရမှန်းမသိ ကြောင်အ အ နဲ့ ခြေမကိုင်မ လက်မကိုင်မိ ရပ်နေပြီး ရှောင်းကျန့် ငိုနေတာကို ရပ်ကြည့်နေရသည်။

"ငါသွားတော့မယ်။ ဆောရီး"

ခဏနေတည်ငြိမ်လာတော့ ရှောင်းကျန့်က ရိပေါ်ကို မကြည့်ပဲ ထွက်သွားဖို့ ပြင်သည်။

"ကော.. ခဏလေး ဘောင်းဘီဝတ်ရဦးမယ်"

ဒီတော့မှ ရှောင်းကျန့် သူ့ကိုယ်ခန္ဓာအောက်ပိုင်းက ဗလာဖြစ်နေတာကို ပြန်သတိပြုမိသွားသည်။  ရှက်တာရယ် ကြောက်တာရယ်နဲ့ လက်ကတုန်နေတော့ ဘောင်းဘီကြယ်သီးတပ်ဖို့တောင် တော်တော်ကြာသည်။ ရိပေါ်က ကူပေးချင်လို့ အနားကပ်လာပေမယ့် ပုံမှန်မဟုတ်တဲ့ ရှောင်းကျန့်က အော်ထုတ်တာကြောင့် သူနောက်ပြန်ဆုတ်လိုက်ရသည်။

"ကျွန်တော်လိုက်ပို့ခွင့်တော့ပေးပါ"

တံခါးဝကိုဦးတည်နေတဲ့ ရှောင်းကျန့်ခြေလှမ်းတွေ တုံ့သွားပြီး ရိပေါ်ကို ပြန်လှည့်ကြည့်သည်။ ရိပေါ်ရ၌့မျက်နှာပေါ်မှာ စိတ်မကောင်းခြင်း၊ စိတ်ပူခြင်း၊ ဝမ်းနည်းခြင်းအရိပ်တွေကိုမြင်ရတေ့ာ ဒါက ရိပေါ်အမှားမဟုတ်ဘူး သူ့အမှားပါဆိုတာကိုပြောဖို့ သတ္တိကမရှိခဲ့။

"ရတယ်။ ကော ရထားနဲ့ပဲ ပြန်လိုက်တော့မယ်"

တားမရမယ့်အတူတူ ရိပေါ်ပေးသွားလိုက်တော့သည်။ ရုတ်တရက်ပြောင်းလဲ သွားတဲ့အခြေအနေကို သူနားမလည်နိုင်။ ရှောင်းကျန့်ရဲ့ အမူအယာက ကြောက်လန့်သွားတာ ကျိန်းသေသည်။ ဒါပေမယ့် မပြန်ခင် သူ့အကြည့်တွေက ရိပေါ်ကို ရွံမုန်းတာမျိုးမဟုတ်လို့တော်သေးသည်။ ရှောင်းကျန့်ရဲ့ မျက်ဝန်းတွေက ရှက်ခြင်း ကြောက်ခြင်းထက် ဝမ်းနည်းခြင်းက ပိုများမည်ထင်သည်။

အဲ့ဒီညက ရိပေါ် အိပ်မပျော်ပဲ အိပ်ယာပေါ် လူးလူးလှိမ့်လှိမ့်နဲ့။ ဆေးလိပ်ထသောက်လိုက် ဖုန်းပွတ်လိုက်နဲ့ပဲ မိုးလင်းလို့ ကျောင်းရောက်တဲ့အခါ ရှောင်းကျန့်နဲ့ တွေ့ရဖို့ကိုပဲ မျှော်လင့်နေမိဆဲ။

"ရိပေါ်"

တကယ်တမ်းကျ ရိပေါ်က ရှာစရာတောင်မလို။ ကျောင်းစောစောလာတဲ့ သူ့ထက် ရှောင်းကျန့်က ပိုစောရောက်နေပြီး ကျောင်းရှေ့မှာ သူ့ကိုစောင့်နေသည်။

"ပေါက်စီနဲ့ ပဲနို့ ဝယ်ခဲ့တယ်။ မနက်စာ စားရအောင်"

သူတို့နှစ်ယောက် ကျောင်းရှေ့အုတ်ခံမှာထိုင်ပြီး ရှောင်းကျန့်ဝယ်လာတဲ့ ပေါက်စီပူပူကို ပဲနို့နဲ့မျှောချကြသည်။

"ကျန့်ကော မနေ့က"

"တောင်းပန်ပါတယ်။"

ရှောင်းကျန့်က သူ့ကိုအရင်တောင်းပန်တော့ ရိပေယ်အံ့သြသွားသည်။ သူကြည့်လိုက်တော့ ရှောင်းကျန့်ခေါင်းငုံ့နေ၏။ ရှောင်းကျန့်ငိုမှာစိုးလို့ မေးကနေအတင်းကိုင်ပြီးသူ့ကိုမော့ကြည့်ခိုင်းရသည်။

"ကျန့်ကောက တောင်းပန်စရာမလိုပါဘူး။ ကျွန်တော်က ဇွတ်လုပ်သလိုများဖြစ်သွားသလားလို့"

"မဟုတ်ပါဘူး၊ ကောက အဆင်သင့်မဖြစ်သေးတာပါ။"

ဝမ်ရိပေါ် ဘာလို့ ဒီလိုတွေပြောနေမိလဲ သူ့ကိုယ်သူတောင် နားမလည်။ အရင်မိန်းကလေးတွေနဲ့တုန်းကတော့ နှစ်ဦးသဘောတူရင် ဂျိမ်း၊ သဘောမတူဘူး ကလန်ကဆန်လုပ်ရင် ပဲများပြီး ကြိုးရှည်ရှည်နဲ့လာလှန်ဖို့ကြိုးစားရင် ပစ်ထားခဲ့တာပဲ။ ရှောင်းကျန့်ကျ အဲ့လိုမလုပ်ရက်။ ရှောင်းကျန့်က ပဲများပြီး သူ့ကို ငြင်းမယ့်သူလဲမဟုတ်။ သူတကယ် အဆင်သင့်မဖြစ်သေးတာ နေပါမယ်လေ။

"အင်းပါ. . ကျွန်တော်က ကိုယ့်ကိုယ်ကို နှာဘူးကြီးလိုပဲ ခံစားရတယ်။"

ရှောင်းကျန့်က မျက်နှာပျက်သွားပြီး တကယ်စိတ်မကောင်းဖြစ်သွားပုံရသည်။

"အဲ့လို မဟုတ်ပါဘူး။ ရိပေါ် အမှားမဟုတ်ပါဘူး။ ကောမှာက. . "

"အေး မင်းက နှာဘူးမဟုတ်လို့လား"

ရှောင်းကျန့်စကားပြီးအောင်တောင် မပြောရသေး သူတို့ကြားထဲကို ဝမ်းနင်က ဝုန်းဆိုရောက်လာပြီး ရိပေါ်လက်ထဲက ပေါက်စီကို ကိုက်ပြီးထွက်ပြေးသည်။ ဝမ်ရိပေါ်လဲ ခုနက ဒရမ်မာတွေအကုန်မေ့ ဆဲရင်းဆိုရင်း ဝမ်းနင်နောက်ကိုပြေးလိုက်ပြီး သူ့ပေါက်စီကို ပြန်လိုက်လုနေသည်။

နွေဦးပွဲတော်မှာ ရှောင်းကျန့်တို့ ပန်းချီအသင်းရဲ့ booth လေးကလဲ စည်ကားလှသည်။ ပုံတူပန်းချီဆွဲချင်တာတွေထက် သူ့ ဘတ်စကတ်ဘောအသင်း booth မှာမနေပဲ ရှောင်းကျန့်နားပဲ ဝဲနေတဲ့ ရိပေါ်ကိုလာပြီး ရှိုးကြတဲ့ ကောင်မလေးတွေကိုက မနည်း။ ကျောင်းပွဲဆိုပေမယ့် ရိပေါ်က ဒီနေ့ နဲနဲပိုပြီး ပဲများတယ်လို့ ရှောင်းကျန့်ကထင်သည်။

"ဟေ့ကောင် ရိပေါ် မင်း ကိုယ့်နေရာကိုယ်ပြန်လာစမ်း"

ဝမ်းနင်တို့က ဂုတ်ကနေလာဆွဲခေါ်မှ ကန့်လန့် ကန့်လန့်နဲ့ ပါသွားသည်။ ရိပေါ်မရှိမှ ရှောင်းကျန့်တို့ booth လဲ အသက်ရှုချောင်တော့သည်။ မဟုတ်ရင် ပန်းချီဆွဲချင်တဲ့သူကနည်းနည်း ရိပေါ်ကိုလာငမ်းတဲ့သူက များများ။

နောက်ဆယ်မိနစ်နေတော့ လူပါတော်တော်ရှင်းသွားလို့ ရှောင်းကျန့်လဲ အားသွားတာနဲ့ ဝမ်းချင်နဲ့အတူ ရိပေါ်တို့ ဘတ်စကတ်ဘောအသင်း booth ရှိတဲ့ဖက် လိုက်သွားကြသည်။

ရိပေါ်တို့ Booth မှာက ယောကျာ်းလေးတွေများသည်။ သူတို့က ဘတ်စကတ်ဘော ဂိုးသွင်းတဲ့ ဂိမ်းလုပ်ထားပြီး တစ်လုံးဝင်ရင် ဘီစကစ်တစ်ထုပ်၊ နှစ်လုံးဆက်တိုက်တို အချိုရည်ပုလင်း အဲ့လိုနည်းနဲ့ ငါးလုံးဆက်တိုက်ဝင်ရင် နာရီ ဆိုပြီး ဆုအနေနဲ့သတ်မှတ်ထားသည်။

ရှောင်းကျန့်တို့ ရောက်တဲ့အချိန် ဘီစကစ်စား၊ အချိုရည်သောက်နေရတဲ့သူချည်းပဲ။

"ကော လိုက်လာတာလား"

ရှောင်းကျန့်ကိုမြင်တာနဲ့ ဝမ်းနင်တို့က ဘီစကစ်ရယ် အချိုရည်ရယ်နဲ့ ဧည့်ခံကြတော့တာပဲ။

"ရိပေါ်မရှိတော့ ငါတို့ဆီမှာ လူကိုမရှိတော့ဘူး"

ရိပေါ်က ဘာမပြောညာမပြောနဲ့ ရှောင်းကျန့်လက်ကောက်ဝတ်ကို ဆွဲပြီး ထောင်ကြည့်သည်။ ဖြူဖြူသေးသေး လက်ကောက်ဝတ်လေးမှာက ရိပေါ်ပေးထားတဲ့ လက်ပတ်ကြိုးအမဲလေးကလွဲလို့မရှိ။

ရှောင်းကျန့်ရဲ့ ဘာလဲဆိုတဲ့အမေးကို ရိပေါ်ကမဖြေပဲ သူ့ဘောင်းဘီထဲက တွန့်လိမ်ကြေမွနေတဲ့ ပိုက်ဆံအကြွေတွေကိုထုတ်ပြီး ကောင်တာပေါ်ပစ်တင်လိုက်သည်။

"ငါ လဲ ဆော့မယ်"

ရိပေါ်က ဘတ်စကတ်ဘောအသင်းမှာ အကောင်းဆုံးဆိုပေမယ့် သူတို့အခုလုပ်ထားတဲ့ ဂိုးတိုင်နဲ့ ပစ်ရမယ့် အကွာအဝေးက တော်တော်လှမ်းသည်။ တတိယတစ်လုံးဝင်ပြီးတော့ ကျောင်းသားတွေက အော်နေကြပြီ။ စတုတ္ထတစ်လုံးဝင်ပြီးမှာ စီစဉ်သူ ဟွိုင်ဆန်းတို့တစ်သိုက်က ဒီနားမှာရပ်ရင် ဆုကြေးအနေနဲ့ ကင်တင်းမှာ တစ်ပတ် ထမင်းစားခွင့်ရမယ် လို့အော်နေပေမယ့် ရိပေါ်က နောက်ဆုံးတစ်လုံးကိုပါ လှလှပပသွင်းလိုက်သည်။

ဆုကြေးအနေနဲ့က G-shock နာရီလေး။ ဟွိုင်ဆန်းက ဘယ်သူမှ ငါးလုံးအထိ မသွင်းနိုင်ဘူးလို့ အပိုင်တွက်ပြီး သူ့နာရီကို ငါးစာချလိုက်တာ အခုတော့ ဝမ်ရိပေါ်က ပျော်ပျော်ကြီးဟပ်သွားလေပြီ။

"အခုအားလုံးမျှော်လင့်နေကြတဲ့ လေလံပွဲစပါမယ် ခင်ဗျား"

Main stage ကနေ ကြော်ငြာတဲ့ အသံကြောင့် ကျောင်းသားတွေအကုန် အူယားဖားယား ပြေးသွားကြသည်။ တကယ့်ပျော်စရာက အခုမှစမယ်မလား။ ရိပေါ်ကလဲ ရှောင်းကျန့်လက်ကိုဆွဲပြီးပြေးသွားလို့ ရှောင်းကျန့်မှာ လူအုပ်ကြားထဲ ရိပေါ်နောက်ကနေ ဒရောသောပါး ပါသွားသည်။

လေလံအတင်ခံရမယ့် အသင်းအဖွဲ့ အသီးသီးက ကျောင်းသားတွေကတော့ စင်ပေါ်မှာ တန်းစီရပ်လို့။

"အခု မင်းတို့ ဘယ်လိုခံစားရတယ်ဆိုတာ ပြောပါဦး"

"ကျွန်ဈေးတန်းကမှာ အရောင်းခံရမယ့် ကျွန်လေးတွေလိုပါပဲ"

အစီစဉ်တင်ဆက်တဲ့ကျောင်းသားရဲ့အမေးကို ဟွိုင်ဆန်းကပြန်ဖြေတော့ အားလုံးခွက်ထိုးခွက်လန်ရယ်ကြသည်။ တကယ်လဲ သူတို့ခဏနေရင် ကျွန်ဘဝရောက်တော့မယ်လေ။ အသင်းအသီးသီးက လေလံဆွဲပြီး ပစ္စည်းသိမ်းတဲ့နေရာမှာ ခိုင်းကြတော့မယ်ဆိုတာ သိသာနေတာ။ ရုပ်ချောလို့ ကောင်မလေးတွေက တရက်လောက်ဖြစ်ဖြစ်တွဲရဖို့ လေလံပြိုက်ဆွဲခံရမယ့် ဝမ်ရိပေါ်လိုကောင်ကလွဲရင်ပေါ့။

လေလံတင်ခံရတဲ့ ကျောင်းသားတွေ တစ်ယောက်ပြီးတစ်ယောက် ယွမ်တစ်ရာ ပတ်ဝန်းကျင်ဈေးနဲ့ အသီးသီးပါသွားကြသည်။ ဒီ့ထက် ဈေးပေါတဲ့ အလုပ်ကြမ်းသမားလဲ မရှိတော့ဘူးထင်ပါရဲ့။

ဝမ်းနင် အလှည့်ကျ ဘယ်သူမှ မဆွဲရသေးခင် ဝမ်းချင်က ထအော်၏။ "Dance club က ယွမ်တစ်ရာ့ငါးဆယ်"

"ပိုပေးမယ့်လူရှိပါသလား"

"ယွမ်နှစ်ရာ"

ဘေးမှာ ကပ်နေတဲ့ ရှောင်းကျန့်ဆီက အသံထွက်လာတော့ ဝမ်းချင်မျက်လုံးပြူးသွားသည်။

"နှစ်ရာ့ငါးဆယ်"

"ယွမ်သုံးရာ"

"ရား. . ရှောင်းကျန့်. . နင်ငါ့မောင်ကို ဘာလုပ်ဖို့လဲ"

သူပေးသမျှဈေးလိုက်ပေးနေတဲ့ရှောင်းကျန့်ကြောင့် ဝမ်းချင်ဒေါသထွက်ပြီး ထအော်တော့သည်။

"မသိဘူး ဝမ်းနင်က နင်ဝယ်တာမခံချင်ဘူးဆိုပြီး ငါ့ကိုလိုက်ဝယ်ခိုင်းထားလို့"

ဝမ်းနင်တို့ Dance club ကသာ လေလံအောင်သွားရင် သူ့ကို အားမနာလျှာမကျိုး တစက်လေးမှ အညှာအတာမရှိပဲ စိတ်ကြိုက်အခိုင်းခံရမယ်ဆိုတာ သိနေတဲ့ ဝမ်းနင်က ရှောင်းကျန့်ကို ပိုက်ဆံကြိုပေးထားပြီးလေလံဆွဲခိုင်းထားတာ။

"ဝမ်းနင် နင်နဲ့ငါ အိမ်ကျတွေ့မယ်"

စင်ပေါ်စင်အောက် ရန်ဖြစ်နေကြတဲ့ မောင်နှမ နှစ်ယောက်ကြောင့် အားလုံးခွက်ထိုးခွက်လန် ရယ်နေရသည်။

"အခုအလှည့်ကျတာ ဝမ်ရိပေါ်ပါ ခင်ဗျာ"

"ဝမ်ရိပေါ်ရဲ့ ကြမ်းခင်းဈေးကတော့ ယွမ် နှစ်ဆယ်"

"နှစ်ရာပေးမယ်နှစ်ရာ"

"သုံးရာ"

"လေးရာ"

မိန်းကလေးတွေရဲ့ အရူးအမူး လေလံဆွဲတဲ့အထဲမှာ ရိပေါ်ရဲ့ဈေးက ကြောက်ခမန်းလိလိ မြင့်တက်လာသည်။ သူတို့ရဲ့ စိတ်အားထက်သန်မှုကို ရှောင်းကျန့်တောင် မျက်လုံးပြူးယူရတဲ့အထိ။ ရိပေါ်ကတော့ အများရှေ့မှာဆို သူ့မူပိုင် ခပ်တည်တည်ခပ်တင်းတင်းမျက်နှာပေးနဲ့ စင်ပေါ်မှာ ချေနေတုန်း။

"ယွမ် ၁၅၀၀"

အားလုံးတိတ်ဆိတ်သွားသည်။ မထင်မှတ်ထားတဲ့ဈေးနှုန်းမို့ အပြိုင်အဆိုင်ဈေးပေးနေကြတဲ့ ကျောင်းသူတွေ ပါးစပ်ပိတ်သွား၏။

"ယွမ် ၁၅၀၀ ထက်ပိုပေးမယ့်သူရှိပါသေးလား"

တီးတိုးပြောသံတွေက လွဲလို့ ဘယ်သူမှဈေးအပြိုင်မလိုက်ကြတော့။

"ဟုတ်ကဲ့ ဒါဆို ရိပေါ်ကို ယွမ် ၁၅၀၀ နဲ့ လေလံအောင်လိုက်ပါပြီ။ ဒါနဲ့ အမြင့်ဆုံးဈေးကိုပေးတဲ့သူက. . "

အားလုံးစိတ်ဝင်တစားနဲ့ ကွင်းပြင်ရဲ့ ထောင့်စွန်းကိုအကြည့်ရောက်သွားသည်။ ရှောင်းကျန့်လဲ အများနည်းတူ ရိပေါ်ကို လေလံအောင်တဲ့သူ ဘယ်သူလဲဆိုတဲ့ သိချင်စိတ်နဲ့ လိုက်ကြည့်မိသည်။

ကွင်းပြင်ထောင့် လူအုပ်နောက်ဆုံးမှာ ရပ်နေတဲ့သူက အများထင်ထားသလို မိန်းကလေးတစ်ယောက်ဟုတ်မနေခဲ့။
မျက်လုံးတွေပိတ်အောင် အားပါးတရပြုံးနေတဲ့ သူက အရပ်ရှည်ရှည် ဖြူဝင်းနေတဲ့အသားအရည်နဲ့ အလွန်တရာ ကြည့်ကောင်းတဲ့ ယောကျာ်းလေးတစ်ယောက်ဖြစ်နေခဲ့သည်။

"ဝမ်ရိပေါ် ငါတို့ ပြန်တွေ့ကြပြီ"

သူ့အသံထဲက ပျော်ရွှင်ခြင်းတွေနဲ့ တုန်ယင်နေသည်။

Continue Reading

You'll Also Like

184K 18.5K 34
၁၄ ရာစုကတည်းက ရှင်သန်နေသူတစ်ယောက်က ၂၁ ရာစုက ကောင်လေးတစ်ယောက်နှင့် ချစ်မိသွားတဲ့အခါ ----- _________ ၁၄ ရာစုကတည်းက ရှင်သန်နေသူတစ်ယောက်က ၂၁ ရာစုက ကောင်လ...
701K 59.5K 20
သင် ငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကို အဖြောင့်ထင်ပြီး ငြင်းခဲ့တဲ့ အပေအတေလေးဟာ သင့်ကိုယ်သင် အကွေးမှန်းသိတဲ့အခါမှာ အထက်ပုဂ္ဂိုလ်လေးအဖြစ်နဲ့ ပြန်ရောက်လာနိုင်ပါ...
330K 24.6K 52
"ဆုတောင်းတခု မှားခဲ့ရင် ဘဝအဆက်ဆက် ပြန်ပေးဆပ်ရတတ်တယ်တဲ့...... တကယ်လို့ မင်းနဲ့ချစ်ခွင့်ရဖို့ဆုတောင်းမိတဲ့ ငါ့ရဲ့တခုတည်းသောဆုတောင်းဟာ မှားခဲ့တယ်ဆိုရင်...
570K 35.3K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...