MARS
By Candycho4
408K 41.1K 2.2K
တချို့လူတွေက နူးညံ့တယ် ထင်ရပေမယ့် တကယ်တမ်းကျ ကြံ့ခိုင်တယ်။ တချို့တွေကတော့ ကြံ့ခိုင်တယ် ထင်ရပေမယ့် တကယ်တမ်းကျ... More
Intro
MARS 1 (Zawgyi)
MARS 1 (Unicode)
MARS 2 (Zawgyi)
MARS 2 (Unicode)
MARS 3 (Zawgyi)
MARS 3 (Unicode)
MARS 4 (Zawgyi)
MARS 4 (Unicode)
MARS 5 (Unicode)
MARS 6 (Zawgyi)
MARS 6 (Unicode)
MARS 7 (Zawgyi)
MARS 7 (Unicode)
MARS 8 (Zawgyi)
MARS 8 (Unicode)
MARS 9 (Zawgyi)
MARS 9 (Unicode)
MARS 10 (Zawgyi)
MARS 10 (Unicode)
MARS 11 (Zawgyi)
MARS 11 (Unicode)
MARS 12 (Zawgyi)
MARS 12 (Unicode)
MARS 13 (Zawgyi)
MARS 13 (Unicode)
MARS 14 (Zawgyi)
MARS 14 (Unicode)
MARS 15 (Zawgyi)
MARS 15 (Unicode)
MARS 16 (Zawgyi)
MARS 16 (Unicode)
MARS 17 (Zawgyi)
MARS 17 (Unicode)
MARS 18 (Zawgyi)
MARS 18 (Unicode)
MARS 19 (Zawgyi)
MARS 19 (Unicode)
MARS 20 (Zawgyi)
MARS 20 (Unicode)
MARS 21 (Zawgyi)
MARS 21 (Unicode)
MARS Finale (Zawgyi)
MARS Finale (Unicode)
MARS Extra (Zawgyi)
MARS Extra (Unicode)
MARS 5 (Zawgyi)
7.5K 826 31
By Candycho4
"လာကြပါဦး. . ကယ်ကြပါဦး. . ဒီမှာ လူတစ်ယောက်မေ့နေလို့. . "
ရှောင်းကျန့်ပြာယာတွေခတ်ပြီး ရိပေါ်ကိုပဲ ပွေ့ချီပြီး အနီးဆုံးဆေးရုံကို ပြေးရမလိုလို။ လူနာတင်ကားပဲ ပြေးခေါ်ရမလိုလိုနဲ့။ တကယ်တမ်းကျ လက်တွေ့မှာ ဒီတိုက်အဟောင်းရဲ့ ပြိုကျလုလု စင်္ကြံလမ်းမှာ လျှောက်ပြေးနေမိတာပဲ။
ဘေးအခန်းက တံခါးပွင့်လာပြီး လူတစ်ယောက်က ခေါင်းပြူကြည့်သည်။ ပြီးတော့ အတောင်ကျွတ်နေတဲ့ ကြက်လို လျှောက်ပြေးနေတဲ့ ရှောင်းကျန့်ကို လက်ကဆွဲပြီးရိပေါ်အခန်းကို ပြန်လာခဲ့သည်။
ကြမ်းပြင်ပေါ်မှာ လဲကျနေဆဲ ရိပေါ်ကို ပုခုံးကနေကိုင်ပြီး ဆေးဘူးလှုပ်သလို အားရပါးရ လေးငါးဆယ်ချက် ဆောင့်ဆွဲလှုပ်ပြီး "ဝမ်ရိပေါ် မင်းသူငယ်ချင်းလာတယ်" နားနားကပ်ပြီး မိုးကြိုးပစ်ချသလို ဆောင့်ကြီးအောင့်ကြီး အော်လိုက်တာ ရှောင်းကျန့်ပါ နားတွေအူသွားသည်။
ဒီလူရဲ့ ရှေးဦးသူနာပြုနည်းအသစ်ကျု တအံ့တသြဖြစ်နေတုန်းမှာပဲ ရိပေါ် မျက်လုံးက ဖြေးဖြေးချင်းပွင့်လာ၏။
"ကျန့်ကော"
လေသံက အားပျော့ပေမယ့် မျက်လုံးကတော့ ပြူးလာပါပြီ။ မေ့နေတာမဟုတ်ပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ကောင်လေးအတွက် ပြာယာတွေခတ်ခဲ့တဲ့ သူ့အကြောင်းသူပြန်တွေးမိပြီး ရှောင်းကျန့် ရှက်ယမ်းတွေယမ်းတော့သည်။
"အဲ့လောက်တောင် အိပ်ရလား"
ရိပေါ်က သမ်းနေရင်းနဲ့ကို ရေချိုးခန်းထဲဝင်သွားသည်။ ပြန်အိပ်ပျော်သွားမှာစိုးလို့ဆိုပြီး ရေချိုးနေတဲ့ရိပေါ်ကို စောင့်ရင်း အခန်းထဲမှာ တခုတည်းသော ထိုင်စရာ ကုတင်ပေါ်မှာ ကုပ်ကုပ်လေးထိုင်နေလိုက်သည်။
ရိပေါ်အခန်းက တကယ့်ကို ဘုရားစူးလူနေတယ်လို့ပြောလို့ရရုံအခန်းလေး။ ကုတင်တလုံးနဲ့ စားပွဲတလုံးပဲရှိသည်။ ထိုင်ခုံလေးတောင် အပိုမရှိ။ အခန်းထောင့်နားလေးက မီးဖိုနဲ့ နံရံကပ်စင်လေးထဲတော့ အိုးတလုံးနဲ့ ပန်းကန်နည်းနည်းတွေ့ရသည်။ ရိပေါ်ပိုင်တဲ့ ပစ္စည်းရယ်ဆိုလို့လဲ ဖုန်းတလုံး၊ သူ့ကျောင်းကျောပိုးအိတ်နဲ့ အခန်းထောင့်မှာ အိတ်ထဲကတောင်မထုတ်ရသေးတဲ့ အဝတ်အစားနည်းနည်း။
"ကော. . . အဝတ်အိတ်ထဲက တဘက်လေး"
ရေချိုးခန်းထဲကနေ ကိုယ်တပိုင်းပြူလာပြီး စပ်ဖြဲဖြဲနဲ့ပြောတော့ သူလဲ မျက်နှာပူပူနဲ့ပဲ တဘက်ယူပေးလိုက်ရသည်။ ခဏနေတော့ ရိပေါ်က တဘက်ကို ခါးပတ်ပြီး ဆံပင် ရေစက်လက်နဲ့ ရေချိုးခန်းထဲကထွက်လာသည်။ ရိပေါ်ခန္ဓာကိုယ်ကို ခပ်ပိန်ပိန်လို့ပဲ ထင်ခဲ့ပေမယ့် အခုလိုကျတော့လည်း ပိန်တာမဟုတ်ပဲ ကြွက်သားတွေနဲ့ ကျစ်ကျစ်လစ်လစ်ရှိပြီး ကြည့်ကောင်းတာကို သိလိုက်ရသည်။
"တိုက်စရာလဲ ဘာမှမရှိဘူး ကျန့်ကော ဆေးလိပ်သောက်မလား"
ရိပေါ်က ဘောင်းဘီပဲ ဝတ်ထားပြီး အပေါ်တပိုင်း ဗလာနဲ့ သူ့ဘာသာလည်း ဆေးလိပ်တလိပ်ခဲရင်း ရှောင်းကျန့်ကို ဆေးလိပ်ဘူးကမ်းပေးသည်။
"ငါ. .မသောက်တတ်ဘူး။ ဒါပေမယ့် မင်းသောက်ပါ ရတယ်"
ရိပေါ်က အားနာသွားသလို သူ့ပါးစပ်က ဆေးလိပ်ကိုပါ ပြန်ဖြုတ်မလိုလုပ်လို့ ရှောင်းကျန့်က ပြာပြာသလဲရှင်းပြလိုက်ရသည်။ ကောင်လေးကလဲ နှစ်ခါပြောစရာတောင်မလိုလိုက် ဆေးလိပ်က နှုတ်ခမ်းပေါ်ပြန်ရောက်ပြီး မီးညှိနေပြီ။
"မင်း ရန်ဖြစ်လာတာလား"
အင်္ကျီမဝတ်ရသေးသည့် ရိပေါ်ကိုယ်အပေါ်ပိုင်း ကျောနဲ့ လက်မောင်းရဲ့ ဖြူဖွေးတဲ့အသားအရေပေါ်မှာ ခြစ်မိရှမိထားတဲ့အရာတွေနဲ့ အညိုအမည်းကွက် ဒဏ်ရာတချိုကြောင့် ရှောင်းကျန့်စိတ်ပူသွားသည်။
"ဟင်.မဖြစ်ပါဘူး"
ရိပေါ်က အူကြောင်ကြောင်နဲ့ဖြေပြီးမှ သူ့ဒဏ်ရာတွေကို ရှောင်းကျန့်မြင်သွားမှန်းသိတော့ တီရှပ်တစ်ထည်ကောက်ဝတ်လိုက်သည်။
"ငါ့မှာ ပရုတ်ဆီတော့ပါတယ်"
ရှောင်းကျန့်ကျောပိုးအိတ်ထဲပ ပရုတ်ဆီဘူး ထုတ်လာတော့ ရိပေါ်က ငြင်းမနေပဲ အင်္ကျီကျေ၊ာဘက်ကိုလှန်ပေးသည်။ ပရုတ်ဆီနည်းနည်းယူပြီး သူ့ကျောပေါ်က ဒဏ်ရာကိုပွတ်ပေးရင်း ရိပေါ်အသားကိုထိနေရတော့ ရှောင်းကျန့် လက်ဖျားတွေက အေးစက်ချင်လာသည်။
"ပြိုင်ပွဲအတွက် ဆိုင်ကယ်ပြင်ဖို့ ပိုက်ဆံလိုတာနဲ့ ဆောက်လုပ်ရေးမှာ ဝင်လုပ်နေရင်း နည်းနည်းထိမိတာ။ ပိုက်ဆံလိုတာနဲ့ ညဆိုင်းပါဆင်းနေတာ။ အဲ့ကပြန်လာရင် လူက လှုပ်တောင်မလှုပ်ချင်ဘူး အသေလိုအိပ်တာပဲ။ အဲ့ဒါကြောင့် ကျောင်းမလာတာ"
ရိပေါ်ကတော့ သူ့ကိုကျောပေးရင်း ဆေးလိပ်လေးဖွာရင်းပြောနေပုံက ဘာမှမဟုတ်သလိုပင်။
"အိမ်နဲ့ မနေဘူးလား"
အိမ်ပြေးလေးမှန်းသိသာတဲ့ ရိပေါ်ကို မေးသင့်လားမမေးသင့်လားမသိ မေးမိသည်။
"ဘိုးတော်က ငါ ဆိုင်ကယ်မောင်းတာကို လုံးဝမကြိုက်ဘူး။ အဲ့ဒါကြောင့် ဆင်းလာတာ။ အခုကျောင်းက ရန်ဖြစ်တယ်တိုင်စာပို့လိုက်တော့ ပို့နေကျပိုက်ဆံလေးတောင် ပို့မပေးတော့ဘူး။ ငတ်ပြတ်ပြီး အိမ်ပေါ်ပြန်တက်လာပါစေ ဆုတောင်းနေတယ်ထင်တယ်"
ရိပေါ်က ရယ်ကျဲကျဲနဲ့ ခပ်ပေါ့ပေါ့ပြောပေမယ့် ရှောင်းကျန့်က မရယ်နိုင်ပါ။
"ရိပေါ်ရယ် မိဘဆိုတာက. . . "
"တရားဟောမယ်ဆိုရင် တော်လိုက်ပါ ကျန့်ကောရာ။ မိဘတွေထဲ ကောင်းတာလဲရှိတယ် ဆိုးတာလဲရှိတယ်။ ဒါပေမယ့် ကိုယ့်သားကိုယ် အရူးလို့သတ်မှတ်ပြီး ဆေးရုံမှာပစ်ထားတဲ့အဖေမျိုးလောက်တော့ ဘယ်သူမှမဆိုးဘူး။ သူ့ကိုငါကလဲ ပတ်သတ်ချင်မနေဘူး"
ရိပေါ်အိမ်တွင်းရေးကို သူလဲမသိနိုင်ပါ။ ဒါပေမယ့် ချက်ချင်းတည်သွားတဲ့ ရိပေါ်မျက်နှာအရိပ်အကဲကိုကြည့်ပြီး ဆက်မပြောသင့်တော့ဘူးလို့ သူဆုံးဖြတ်လိုက်သည်။
"သြော် ဒါနဲ့ ဒါလေးပေးချင်လို့ လာခဲ့တာ"
ရှောင်းကျန့်က သူ့ကျောပိုးအိတ်ထဲက ပလက်စတစ်ဖိုင်တွဲအုပ်ထားတဲ့ sketch ပန်းချီလေးကို ရိပေါ်လက်ထဲကမ်းပေးလိုက်သည်။ ရိပေါ်က ပန်းချီကားလေးကို လက်ကကိုင်ထားရင်း ငြိမ်သက်နေ၏။
"အဲ့ဒီပန်းချီကို မင်းယွီဆွဲတာ ငါ့အမှားတွေလဲပါလို့ တောင်းပန်ပါတယ်။ ငါ့ကြောင့် မင်းပန်းချီကားပျောက်ခဲ့ရလို့"
"ဒါက ကျန့်ကောဆွဲတဲ့ ပန်းချီပါ"
"ဟင့်အင်း မဟုတ်ဘူး ဒါက မင်းပန်းချီကား။ မင်းတစ်ယောက်ပဲ ဒီပန်းချီကို သက်ဝင်ခံစားနိုင်တယ်။ ဒီပန်းချီက မင်းအပိုင်ပဲ ငါလဲမပိုင်သလို မင်းယွီလဲမင်းဆီကလုယူလို့မရဘူး"
ရိပေါ်က ရှောင်းကျန့်ကို တွေတွေလေးငေးနေသည်။ ပြီးတော့ ပန်းချီကားလေးကို သု့ကုတင်လေးက စားပွဲပေါ်မှာ နံရံကိုမှီပြီးထောင်လိုက်ရင်း
"တကယ်ကလေ ဒီပန်းချီကို ပထမဆုံးစမြင်တဲ့အချိန်မှာ ငါ့စိတ်ထဲမှာ အမေဆိုတာကိုသတိရသွားတယ်။ ငါ့မာမားက ငါငယ်ငယ်လေးကတည်းကဆုံးသွားတာ။ အဲ့မတိုင်ခင်က မှတ်မိသလောက်ဆိုတာကလဲ မာမားကို အမြဲတမ်းဆေးရုံမှာသွားတွေ့ရတယ်။ ပါပါးက မာမားနား ငါကပ်ရင်မကြိုက်ဘူး။ ဆေးရုံမှာ သွားတွေ့ရင်တောင် အဝေးကပဲ စကားပြောရတယ်။ ငါ့ကို အမေကပွေ့ဖက်တယ်ဆိုတာမျိုး တခါမှမခံစားရဖူးတော့ ဒီပန်းချီကားကို မြင်တဲ့အချိန်မှာ မာမားသာ ငါ့ကိုပွေ့ဖက်ခဲ့ရင် လို့.... "
ရိပေါ်အသံက တိုးတိမ်သွားသည်။ စကားမဆက်တော့ပဲ ခေါင်းငုံ့သွားတဲ့ ရိပေါ်ကိုကြည့်ပြီး ရှောင်းကျန့်က ငိုချင်လာသည်။ သူလဲ မိဘတွေဆုံးရှုံးလိုက်ရတယ်ဆိုပေမယ့် အနည်းဆုံးတော့ သူ့မိဘတွေနဲ့အတူ ပျော်ရွှင်ခဲ့တဲ့ နွေးထွေးတဲ့ အမှတ်တရတွေရှိနေသေးသည်လေ။ ရိပေါ်ရဲ့ ငယ်ဘဝက ဘယ်လောက်တောင် အေးစက်အထီးကျန်ပြီး ကြောက်စရာကောင်းနေခဲ့လဲ။
"အဲ့ဒီတော့ ဒီနေ့ ကျန့်ကော ကျောင်းလစ်လာတာမလား။ မထူးပါဘူး ကျွန်တော်တို့ နှစ်ယောက် ဒိတ်ရအောင်လေ"
ရိပေါ်က ခေါင်းမော့လာပြီး ပေါ့ပေါ့ပါးပါးပြောတာပဲ။ ရှောင်းကျန့်မှာ ရင်ခုန်သံက ကမောက်ကမနဲ့ မျက်နှာတွေပါထူပူလာသည်။
"မင်း ပင်ပန်းနေတာဆို မအိပ်တော့ဘူးလား"
"ကျန့်ကောက အတူတူအိပ်ပေးမလို့လား"
"အာ. . . "
သူရှက်ပြီး ဘာပြောရမှန်းမသိဖြစ်နေတာကို ရိပေါ်ကရီသည်။ အမှန်က ယောကျာ်းလေးနှစ်ယောက်အတူတူအိပ်တာပဲ သူလဲရှက်စရာမလိုသလို ရိပေါ်ကလဲ အဲ့လောက်ရယ်နေစရာမလိုဘူးလေ။ ဒါပေမယ့် သူတို့ကြားထဲမှာ အခြေအနေက တမျိုးလေးမလား။
"စတာပါ ကျန့်ကောရဲ့ အဲ့လောက်ရှက်မနေနဲ့။ ငါအိပ်ထားတာ လေးနာရီလောက်ရှိပြီ အဲ့လောက်ဆိုရပြီ။ ခုက အိမ်မှာလဲ စားစရာဘာမှမရှိဘူး အပြင်ထွက်စားမှရမယ်"
စားစရာဆိုတဲ့အသံကြားမှ ရှောင်းကျန့်ဗိုက်က အလိုက်မသိ ဂွီကနဲထမြည်၏။ ရှက်ဖို့ကောင်းလိုက်ပုံများ။
သူတို့နှစ်ယောက်ရဲ့ ဒိတ်အစက လမ်းဘေးခေါက်ဆွဲဆိုင်ကစသည်။ ရိပေါ်က အစပ်လဲမစားနိုင်ပဲ ရှောင်းကျန့်စားသလို အစပ်တွေလိုက်မှာစားပြီး ထူအမ်းလာတဲ့ သူ့နှုတ်ခမ်းလေးတကိုင်ကိုင်နဲ့။
"ကျန့်ကော ငါ့နှုတ်ခမ်းကိုကြည့်စမ်းပါ"
ရှောင်းကျန့်မှာ နီစွေးဖူးယောင်နေတဲ့ နှုတ်ခမ်းကိုအယောင်ယောင်အမှားမှားငေးလို့. .
"ပေါက်ထွက်တော့မယ်။ အဲ့ဒါ ရေခဲမုန့်စားမှရတော့မယ်"
သူက တော့ ရေခဲမုန့်စားချင်လို့ ဉာဏ်ဆင်တာပဲ ရှောင်းကျန့်မှာ စတော်ဘယ်ရီရေခဲမုန့်လေးကိုင်ပြီး မျက်လုံးက နှုတ်ခမ်းရဲရဲလေးဆီမရောက်အောင် စိတ်ထိန်းထားရသည်။ လူဆိုးလေးဝမ်ရိပေါ်ဟာ ဘယ်လိုတောင်ချောရတာလဲ။
"ကျန့်ကော ငါတို့ဘယ်သွားကြမလဲ"
စားသောက်ပြီးပြီဆိုတော့ ဒိတ်တယ်ဆိုတာ ပီပြင်အောင်တခုခုတော့သွားသင့်တာပေါ့။ ရုပ်ရှင်ရုံအမှောင်ထဲလဲ ရှောင်းကျန့်ကမသွားရဲ။ ရိပေါ်ကလဲ လူကသာ ပေတေတေ သရဲကားကကြောက်လို့မကြည့်ဘူးတဲ့။ ကစားကွင်းကျ ပိုက်ဆံကုန်မယ့်အလုပ်မို့ ငမွဲနှစ်ယောက်က ယောင်လို့တောင်မစဉ်းစားချင်ပါ။ ဒါနဲ့ တခါမှဒိတ်မလုပ်ဖူးတဲ့ ရှောင်းကျန့်ရွေးလိုက်တာက ဝင်ခွင့်လဲမပေးရ လူလဲမများတဲ့ အနုပညာပြတိုက်တဲ့။
ပြတိုက်ခေါ်လာပြီးမှ ရှောင်းကျန့်နောင်တရသလိုလို ရိပေါ်ကို အားနာသလိုလို ဖြစ်လာသည်။ သူကကျ ဒီကို လေးငါးခေါက်ထက်မနည်း ရောက်ဖူးနေတော့ ကြည့်စရာထူးထူးထွေထွေမရှိ။ ရိပေါ်ကျတော့လည်း ပျင်းများနေမလားမသိ။ သူက အနုပညာကျောင်းသားမှမဟုတ်တာ။
"ရိပေါ် ပျင်းနေပြီလား"
ခေတ်စမ်းပန်းချီပြခန်းအလယ်မှာ ချထားတဲ့ ခုံရှည်မှာ အညောင်းပြေထိုင်ကြရင်း ရှောင်းကျန့်က အားနာသမှုနဲ့မေးတော့ ရိပေါ်က ရုပ်တည်လေးနဲ့ခေါင်းခါပြရင်း
"ဟင့်အင်း. . မပျင်းပါဘူး ဒီမှာ ကြည့်စရာတွေအများကြီးပဲဟာ"
မထင်ထားတဲ့အဖြေကြောင့် မျက်လုံးအပြူးသားနဲ့ လှည့်ကြည့်တဲ့ ရှောင်းကျန့်ကို ရိပေါ်က ပြောင်ပြရင်း
"ဟောဟိုထောင့်က အိပ်ငိုက်နေတဲ့ အစောင့်ဦးလေးကြီးတို့၊ ဟိုနားမှာ ပန်းချီကားကြီးကြည့်ချင်ယောင်ဆောင်ပြီး အတင်းတုပ်နေတဲ့ အန်တီကြီးတွေတို့၊ ပြီးတော့ ဟိုပန်းချီကားထဲက ဂွကြားက သစ်ရွက်တို့။ ကျန့်ကော အဲ့သစ်ရွက်က ဘာလို့ ဂွကြားမှာတင်နေတာလဲ။ သူက ကော်နဲ့ကပ်ထားတာလား။ အောက်ကနေထောက်ပြီးထိန်းထားတာလား"
"ရိပေါ်. . ခွီးးးးး "
အဟုတ်ကို ဝေဖန်ရေးဆရာလေသံနဲ့ မျက်မှောင်ကြီးကျုတ်ပြောနေတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့် ရယ်ချင်စိတ်ကိုဘယ်လိုမှမထိန်းနိုင်တော့။ အသံမထွက်အောင် ရိပေါ် ပုခုံးပေါ်မှာ မျက်နှာအပ်ရင်း ရယ်တာတောင် ပန်းချီကားတွေကို နာမည်လျှောက်ပေးရင်း ဆက်ခွီနေတဲ့ ရိပေါ်ကြောင့် ထိန်းပြီးရယ်ရတာ ဗိုက်တွေပါနာလာသည်။
နောက်ဆုံးတော့လည်း ပန်းချီကားတွေကို ထင်ရာမြင်ရာ နာမည်တွေပေး အဓိပ္ပါယ်တွေလျှောက်ဖွင့်ကြရင်း သူနဲ့ရိပေါ်ရဲ့ ပြတိုက်ဒိတ်ကလေးဟာ ကျိတ်ရယ်ရခြင်းတွေနဲ့ ပျော်စရာလေးဖြစ်နေခဲ့သည်။
ပျော်စရာကောင်းတဲ့နေ့အမှတ်တရအဖြစ် မပြန်ခင်လေးမှာ ရိပေါ်ကို အမှတ်တရလေးတစ်ခု ဝယ်ပေးချင်လာတာကြောင့် ပြတိုက်အမှတ်တရဆိုင်လေးထဲဝင်လိုက်ဖြစ်သည်။ သူ့ဟာက ဘာမှထူးထူးဆန်းဆန်းမဟုတ်။ ပြတိုက်တံဆိပ်ပါတဲ့ သော့ချိတ်လေး။ ဒါပေမယ့် သူပိုက်ဆံရှင်းပြီးချိန် ရိပေါ်ကို မတွေ့ရတော့။
အဲ့ဒီခဏလေးမှာ ရှောင်းကျန့်အရမ်းစိတ်ပူသွားခဲ့သည်။ သူ့ရင်ထဲက ထိတ်ထိတ်ပျာပျာခံစားချက်တွေက အခုအချိန် ရိပေါ်ကို ပြန်မတွေ့ရတော့ရင် သူ့ဘဝထဲက ရိပေါ်အပြီးထွက်သွားတော့မလို တသက်လုံးပြန်မတွေ့ရတော့သလို ခံစားချက်မျိုး။
အမှတ်တရ အရောင်းဆိုင်ထဲကနေ ခြေလှမ်းကျဲတွေနဲ့ အမြန်ပြေးထွက်လာပြီး ရိပေါ်နာမည်ကို တကျော်ကျော်ခေါ်မိသည်။ ရိပေါ်များ အောက်ဆင်းသွားပြီလားဆိုတဲ့ အတွေးနဲ့ စက်လှေကားကနေ ဆင်းလာတော့ သူ့မျက်နှာချင်းဆိုင် စက်လှေကားက တက်လာတဲ့ရိပေါ်။
"ကျန့်ကော"
"ရိပေါ်"
အတက်နဲ့အဆင်း ဟိုဘက်ဒီဘက် တယောက်နာမည်တယောက်ခေါ်ရင်း ပြန်တွေ့လိုက်ရတာ သူ့အတွက် ပျော်ရွှင်မှုအာမခံချက်တစ်ခုလို။
"ကော မပြေးနဲ့လေ"
အောက်ဆင်းမယ့် စက်လှေကားကို ပြောင်းပြန်ပြန်ပြေးတက်လာတဲ့ သူ့ကို ရိပေါ်က လှမ်းအော်သည်။ သူ့ကိုသာအော်နေတာ ရိပေါ်ကလည်း အပေါ်တက်နေတဲ့စက်လှေကားတွေကို ဆန့်ကျင်ပြီး ပြောင်းပြန် ပြန်ပြေးနေတာပဲ။
"ရိပေါ် မင်းရပ်လိုက်တော့ အဲ့ဒါဆို ငါတို့ မဆုံရပဲနေမယ်"
ရိပေါ်ခြေလှမ်းတွေကိုရပ်လိုက်ပေမယ့် သူကတော့ အားသွန်ခွန်စိုက်နဲ့ စက်လှေကားထိပ်ကိုရောက်အောင်ပြေးတက်လာခဲ့သည်။ လှေကားထိပ်မှာ ရပ်စောင့်နေတဲ့ ရိပေါ်က သူ့ကို တာဝေးအပြေးမှာ ပန်းဝင်လာတဲ့ သူတစ်ယောက်လို ပွေ့ချီလို့။ ဘာကြောင့်မှန်းမသိ သူတို့နှစ်ယောက်လုံး တစ်ခုခုကိုအောင်မြင်လိုက်သလို ခံစားချက်တွေနဲ့ တယောက်ကို တယောက်မလွတ်တမ်းဖက်ထားပြီးရီနေမိသည်။
"တကောကောတို့က ရည်းစားတွေလား"
သူတို့နှစ်ယောက်ဘယ်လောက်တောင် အူကြောင်ကြောင်နဲ့ ရယ်နေမိတယ် မသိ။ ဘေးက ခပ်စွာစွာအသံထွက်လာလို့ လှည့်ကြည့်တော့ ငါးနှစ် ခြောက်နှစ်အရွယ်လောက်ချာတိတ်တစ်ကောင်။ ရှောင်းကျန့်က ရှက်ပြီး မျက်နှာကြီးရဲသွားပေမယ့်
"သိပ်စပ်စုတာပဲ စောက်ကလေး။ မင်းအရွယ်ရောက်လာရင် သိလိမ့်မယ်"
ရိပေါ်က လျှာထုတ်ပြောင်ပြလိုက်ပြီး ရှောင်းကျန့်လက်ကိုဆွဲလို့ စက်လှေကားအတိုင်းပြေးဆင်းလာခဲ့ကြသည်။
လူတွေဝိုင်းကြည့်နေကြတယ်ဆိုပေမယ့် သူတို့နှစ်ယောက်လုံး ပတ်ဝန်းကျင်နဲ့ လူတွေကို မေ့ထားနိုင်ခဲ့သည်လေ။
"မောပြီလား"
တော်တော်ပြေးပြီးမှ အသက်လုရှူနေရတဲ့ ရှောင်းကျန့်ကို ရိပေါ်က ကျောကနေဖိပေးရင်းမေးသည်။ ရှောင်းကျန့်က မောတော့မောတယ် ဒါပေမယ့် မမောဘူးဆိုသလို ရိပေါ်က ထပ်ပြေးချင်သေးရင် သူက ကမ္ဘာဆုံးတဲ့အထိလိုက်ခဲ့ချင်သေးသည်။
"အအေးသောက်မလား ကျန့်ကော"
ရိပေါ်က သူ့အိတ်ကပ်ထဲက လက်ကျန်အကြွေလေးနဲ့ အအေးတစ်ဗူးဝယ်ပြီး နှစ်ယောက်သား တစ်ယောက်တစ်ဝက်သောက်ကြရင်း ပြတိုက်ရှေ့က ပန်းခြံခုံတန်းလေးမှာ တစ်ယောက်ပုခုံးတစ်ယောက်မှီပြီးထိုင်နေမိသည်။ လူတွေအမြင်မှာတော့ ဒီယောကျာ်းလေးနှစ်ယောက်ဟာ တစ်ဆိတ်ပူးကပ်လွန်းတယ်ထင်မှာပဲ။
"ကော. . ငါတို့ အတင်းလဲတုပ်ပြီးပြီ တူတူပုန်းတမ်းလဲဆော့ပြီးပြီ စိန်ပြေးလိုက်တမ်းလဲဆော့ပြီးပြီ ဘာထပ်ဆော့ရင်ကောင်းမလဲ။ အာဘွားပေးတမ်းဆော့မလား"
ရိပေါ်က ပြောရင်း နှာခေါင်းကြီးက ရှောင်းကျန့်ပါးနား ဝဲလာလို့ ရင်ဘတ်ကနေတွန်းထားရသည်။ ဒါပေမယ့် ရှောင်းကျန့်စိတ်မဆိုးပဲ တွန်းနေရင်းကို အော်ရယ်နေမိသည်။
"ရိပေါ်.. ဒါ ဝမ်ရိပေါ်မလား"
သူတို့ရှေ့က ဖြတ်သွားတဲ့ အမျိုးသမီးကြီးက ကျော်သွားပြီးမှ ရုတ်တရက် ပြန်လှည့်လာပြီး နှုတ်ဆက်တော့ ရှောင်းကျန့်ရော ရိပေါ်ရော ဆော့နေရာက ရပ်သွားကြသည်။
"အန်တီမေလင်းလေ မှတ်မိလား။ မင်းတို့ LA မှာတုန်းက လာလုပ်အားပေးနေကျ စိန့်မေရီ ဂေဟာကလေ"
ရိပေါ်ရဲ့ ဂျစ်တစ်တစ်အမူအယာလေးက ချက်ချင်းကို တမျိုးပြောင်းပြီး ရိုကျိုးသွားတယ်လို့ထင်ရသည်။ အန်တီကြီးကို နှုတ်ဆက်နေပုံလေးက မွန်မွန်ရည်ရည်ရှိလှတာမို့ မြင်ရခဲတဲ့ ဒီပုံလေးကို ရှောင်းကျန့်ငေးနေမိသည်။
"ဒါက ရှန့်လား။ မတွေ့တာကြာတော့ ရုပ်ကပြောင်းသွားလိုက်တာ"
အန်တီကြီးက ရှောင်းကျန့်လက်ကိုကိုင်ပြီးပြောတော့ ရိပေါ်ကပဲ ကြားကဖြတ်ပြီး
"မဟုတ်ဘူး အန်တီ။ ဒါက ကျွန်တော့် သူငယ်ချင်းပါ"
"ဒါဆို ရှန့်ခုံးရော အဲ့ကောင်လေးမတွေ့တာ ကြာပြီ"
"ရှန့်ခုံးက ကျွန်တော်လဲ မတွေ့တာကြာပြီ အန်တီ"
"ဟုတ်လား မင်းတို့ နှစ်ယောက်က အဲ့ဒီတုန်းကဆို အမွှာလေးကျလို့ တတွဲတွဲနဲ့ ချစ်စရာလေးတွေ။ အေးလေ အသက်တွေလဲ ကြီးလာတော့ ဘယ်တွေ့ဖို့်လွယ်ကူတော့မလဲ"
အန်တီကြီးက စကားစမြည်ပြောပြီး LA ရောက်ရင် လာလည်ဖို့ နှုတ်ဆက်ပြီးထွက်သွားပေမယ့် ရိပေါ်က ထူးထူးဆန်းဆန်းငြိမ်ပြီး ကျန်ရစ်ခဲ့သည်။
"ရှန့်ခုံးဆိုတာ ငါ့သူငယ်ချင်း"
ရှောင်းကျန့်ကမမေးပေမယ့် ရိပေါ်က သူသိချင်နေမယ်ထင်လို့ ရှင်းပြနေသည်။ ရိပေါ်က သူ့ဖုန်းကို ဖွင့်ပြီး Gallery ထဲက ဓာတ်ပုံတွေထဲမှာ အောက်ဆုံးက တပုံကို ဖွင့်ပြသည်။ ဓာတ်ပုံတစ်ပုံကို ဖုန်းကင်မရာနဲ့ ပြန်ရိုက်ထားတာ သိပ်အကြည်ကြီးမဟုတ်ပေမယ့် ပုံထဲမှာ မျက်လုံးတွေမှိတ်ပြီး သွားတွေပေါ်အောင်ရယ်လို့ ပုခုံးဖက်ထားကြတဲ့ ကောင်လေးနှစ်ယောက်က သိပ်ရင်းနှီးကြတယ်ဆိုတာ သိသာသည်။
"ရှန့်ခုံးက ငါ့ထက်တစ်နှစ်ကြီးတယ် ကျန့်ကောလိုပဲ။ သူလဲ ကျန့်ကောလိုပဲ လူတကာက ဝိုင်းအနိုင်ကျင့်တော့ ငါပဲကာကွယ်ပေးရတာ။ သူ့ကိုလွှတ်ထားလို့မရဘူး။ အမြဲဘေးနားကနေ စောင့်ကြည့်ပေးနေမှ"
အခုကောလို့ သူမေးလိုက်ချင်ပေမယ့် ရိပေါ်ပြောခဲ့တဲ့ အဆက်အသွယ်မရှိကြတော့ဘူးဆိုတဲ့စကားကို ပြန်သတိရသွားသည်။ ရိပေါ်ကို ဆိုးတဲ့အမှတ်တရတွေအစား ကောင်းတဲ့အမှတ်တရတွေကိုပဲ ပြန်လည်သတိရစေချင်ပါသည်။
"အရမ်းပျော်စရာကောင်းခဲ့မှာပေါ့"
"အင်း. . . ပျော်စရာကောင်းခဲ့ပါတယ်"
ရိပေါ်က ထိုင်နေရာကနေ ဆတ်ကနဲထလိုက်ပြီး သူ့ကိုလက်ကမ်းပေးလိုက်သည်။ "ပြန်ကြမလား" တဲ့။
ရိပေါ်ကမ်းတဲ့လက်ကို လှမ်းဆွဲရမလား။ သူ့ဘာသာပဲ ထရမလား ရှောင်းကျန့်တစ်ချက်တွေဝေသွားသည်။ တကယ်ဆို သူတို့ကယောကျာ်းလေးတွေမလား အဲ့လို တစ်ယောက်နဲ့တစ်ယောက် လက်တွဲနေဖို့ လိုလို့လား။
ဒါပေမယ့် ရှောင်းကျန့်ရင်ထဲက ရိပေါ်လက်ကို ဖမ်းဆွဲလိုက်ဖို့ တိုက်တွန်းနေသည်။ ရိပေါ်လက်ကိုဆုပ်ကိုင်လိုက်တာနဲ့ ရိပေါ်က သူ့ကို အနားထိပူးကပ်သွားအောင် ဆွဲခေါ်လိုက်သည်။ သူ့မျက်ဝန်းထဲကို ငေးနေတဲ့ ရိပေါ် မျက်ဝန်းညိုညိုတွေက ညနေခင်းရဲ့ လိမ္မော်ရောင်ဖျော့ဖျော့ဆည်းဆာထဲမှာ တောက်ပလို့. . .
"ကျန့်ကော ကျွန်တော့်ကို နောက်တစ်ခါ ပေးနမ်းပါလား"
အမြဲတမ်း သူ့ကိုယ်သူ ငါလို့ သုံးနှုန်းတတ်တဲ့ အရိုင်းတုံးလေးက မထင်မှတ်ထားပဲ ယဉ်ကျေးလိုက်တဲ့အခါ ရှောင်းကျန့် နှလုံးသားတခုလုံး လေဟာနယ်ထဲကိုမြောက်တက်သွားသည်။
သူ့ကို အခုလိုတောင်းဆိုလာတဲ့အခါ ရှောင်းကျန့်ဘယ်လိုငြင်းရမှာလဲ။ မျက်လွှာချလိုက်တဲ့ ရှောင်းကျန့်ရဲ့ ခွင့်ပြုချက်မှာ ရိပေါ်က သူ့မျက်နှာကို ညင်ညင်သာသာလေးအုပ်ကိုင်ပြီး နှုတ်ခမ်းကို ဖွဖွလေးနမ်းသည်။
လေပြည်တွေနဲ့ ညနေခင်းကြောင့်ရယ် ပိတ်ချိန်နီးလို့ လူရှင်းနေတဲ့ ပြတိုက် ပန်းခြံကြောင့်ရယ် သူတို့နှစ်ယောက်အနမ်းက ပိုပြီး ဂန္တဝင်ဆန်နေသလားလို့်။ ရိပေါ်က ဖွဖွလေးပဲ နမ်းပြီး ရှေ့ဆက်မတိုးပေမယ့် ရှောင်းကျန့်ရင်ခုန်သံတွေကတော့ စည်းချက်မမှန်တော့ပါ။
Continue Reading
You'll Also Like
260K 26.6K 109
337K 35.2K 32
You are my sunshine Start date-14.12.2020
268K 30.4K 33
[ YiZhan ] crd: cover photo from Pinterest.
93.6K 10.9K 51