....."Xiao Oo Oo".....{{ COMP...
By Sanaymoeswe
727K 63.3K 4.8K
(Unicode +Zawgyi) ♥Fanfic တစ်ခုမျှသာ၊ မည်သူကိုမှ ထိခိုက်လိုစိတ်မရှိ♥ လွဲမှားနေသော ချစ်ခြင်းများနှင့်အတူ ကျွန်... More
Chapter...(1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter(23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (40)
🙏🙏🙏
Chapter (41)
Chapter (42)
Chapter (43)
Extra(1)
Extra(2)
Extra(3) (Ending)
Chapter (39)
12K 1.1K 47
By Sanaymoeswe
#####Unicode#####
Meeting ခန်းထဲမှာ ရှောင်းကျန့်က ထိပ်ဆုံးခုံမှာထိုင်နေရင်းးမျက်လုံးကိုစုံမှိတ်ထားသည်။ ထုံးစံအတိုင်း လက်တွေက ခုံကိုတစ်ဒေါက်ဒေါက်ခေါက်လို့။
Project အကြောင်းပြောနေသူရဲ့ အသံအနိမ့်အမြင့်ကိုလိုက်ကာ...သူ့ခုံခေါက်သံက ကျယ်လာလိုက်၊ တိုးသွားလိုက်။
သူ့နောက်တွင်တော့ စက္ကထရီအသစ်လေးက
မယုံကြည်သောမျက်ဝန်းများနှင့်ကြည့်ကာ စက်ရုပ်တစ်ရုပ်လိုမတ်တပ်ရပ်နေသည်။
သူတစ်ခုတည်းးတွေးနေတာက...
ဒီ CEO က Meetingထဲမှာအာရုံရှိ​နေရဲ့လား ၊ ထိုစဥ်...ခုံခေါက်နေတယ့်လက်က..ရုတ်တရတ်ရပ်တန့်သွားကာ..လက်ကာပြလိုက်တာမို့...အခန်းထဲမှာ စကားသံများတိတ်ဆိတ်ကုန်ပြန်သည်။
ရှောင်းကျန့်က...ရှေ့မှာထောင်ထားသော
Laptopကိုပိတ်ပြီး စားပွဲရှည်ကြီးပေါ်တတ်ထိုင်လိုက်သည်။ သူများတွေအတွက် ဒီမြင်ကွင်းဟာ မထူးဆန်းတော့ပေမယ့် သူ့နောက်က စက္ကထရီမှန်ကြောင်ကောင်ရဲ့ မျက်လုံးများက ဇီးကွက်တစ်ကောင်လိုပြူးကျယ်သွားတာအမှန်။
ထိုအချိန် ခပ်ရှရှ ထွက်လာသော အသံဆာဆာလေးက ရေခဲသွားတွေလိုအေးစက်စွာ။
" ခု Project က...
တကယ် Perfect ဖြစ်ပြီပေါ့၊
တစ်ပတ် အချိန်ပေးထားပေမယ့်...
နောက်ဆုံးရလာဒ်က ဒါပဲလား "
အေးစက်စက်စကားသံတွေက ဒေါသသံစွက်နေတာ သိသိသာသာ။
အခန်းထဲတွင်...အပူချိန်များရုတ်တရတ်တိုးမြှင့်လာကာ..တစ်ချို့ဆို နဖူးမှာချွေးစို့နေပြီ။
🎶🎼🎼🎶🎵🎵🎶Baby....Baby...
Baby...Oh...🎶🎼🎶🎼🎶🎶
🎶🎼🎼Baby.....🎶🎶🎶Baby....
Oh....Baby..🎵🎵🎵🎵
ဂျက်စတင်ဘီဘာရဲ့..Baby သီချင်းက ကျယ်လောင်စွာထွက်လာတာမို့ ရှောင်းကျန့်ဒေါသတို့က ရမ်းပုံမီးကျသလို၊
"ဘယ်သူလဲ...Meeting ခန်းးးထဲ
Silent လုပ်ထားရမယ်ဆိုတာမသိဘူးလားးးး"
သူ့စကားလဲအဆုံး...
နောက်ပါးဆီက တုံချိချိထွက်လာတယ့်..
အသံလေးး...
"ဟို ဟိုလေ..ဖုန်းးလာနေတာက...
Boss..ရဲ့ဖုန်းပါ"
"ဘာရယ် "
ရှောင်းကျန့် နဝေတိမ်တောင်ဖြစ်သွားပြီးးဖုန်းကိုအမြန်ဆွဲလုလိုက်တော့...ဆီးကြိုနေသော Phone Contactနှင့်စပ်ဖြဲဖြဲနဲ့ပေါ်နေသော ကောင်လေးရုပ်လွှာကြောင့် လူကယောင်ယမ်းကာ နောက်ဆုတ်မိသည်အထိ။
ပြီးတော့ ဒီ Raingtone သံကသူထည့်တာကျိန်းသေမဟုတ်၊ ထိုစဥ်..ဖုန်းကျသွားပြီးနောက်တစ်ကြိမ်ထွက်လာတယ့် ဘီဘာ့အသံကြောင့် ရှောင်းကျန့်ဖုန်းကို နားနားကပ်ကာ...
"Hello..."
ငိုရှိုက်သံကြားနေရတာမို့ ရှောင်းကျန့်ကျောက မတ်ခနဲဖြစ်သည်။
"Hello..ကောင်လေးး
ကြားလားး..."
"**Sob ဦးးး...ရေ ကျတော် ဗိုက်အောင့်လို့သေတော့မယ်ထင်တယ် ၊ အီးးဟီးးး အ..ပြောရင်းးးနဲ့အောင့်လာပြန်ပြီ ၊ ကယ်ပါဦးး၊ ကျတော် မသေချင်သေးဘူး "
အလုံပိတ်အခန်းထဲမှာမို့..ဖုန်းထဲမှ စကားသံသဲ့သဲ့က အပြင်သို့လျှံကျနေမှာအသေအချာ။ ရှောင်းကျန့်တစ်ယောက် မိမိကိုယ်ကို Meeting ခန်းထဲရောက်နေသည်ကိုမေ့လျော့သွားကာ...ခုံရှည်ကြီးပေါ်မှလွှားခနဲခုန်ဆင်းလိုက်သည်။
ပြီးနောက် အလောတကြီးအသံနှင့်...
"မင်းး ဘယ်မှာလဲ..၊
ကောင်လေးး"
"ကျတော်...အိမ်မှာ...
***Sob...အမြန်လာနော်၊
ဦးးမရောက်ခင်..ကျတော်
အသက်မထွက်ချင်ဘူး "
အလုပ်က အဆင်မပြေတယ့်ကြားထဲ၊
ပေါက်ကရ ပြောနေတယ့် ထိုကောင်လေးအား ဖုန်းထဲကနေဆွဲထုတ်ကာ ကိုင်ပေါက်ပစ်လိုက်ချင်သည်။ ဘာလို့ သေစကား..
ချည်းပဲပြောနေလဲ...။ သို့သော်လဲလက်တွေ့တွင်တော့...
"မငိုနဲ့နော်...တိတ်တော့၊
ဆရာဝန်ခေါ်ပြီး လာခဲ့မယ်၊
ဟုတ်ပြီလား "
"အင်းး"
Phone ပြောလို့ပြီးမှ Metting ခန်းထဲတစ်ချက်ဝေ့ကြည့်လိုက်ရင်း ထွက်လာတယ့်သြရှရှအသံလေးက ခုနကနဲ့တစ်ခြားစီ။
"ဒီနေ့တော့...
Metting ကိုဒီလောက်နဲ့ပဲ..
အဆုံးသတ်မယ် "
ထို့နောက် လှစ်လှစ်ပါအောင်ထွက်သွားသော..ထိုလူသားသည် တာတိုအပြေးသမားတစ်ယောက်လို။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"Dr...အခြေအနေက "
ရှောင်းကျန့်စကားအဆုံး Dr က ရီပေါ့်ဝမ်းဗိုက်ကို အသာဖိကိုင်ပြီးခေါင်းညိမ့်ပြသည်။
"အစာအိမ်ယောင်ချင်တာ...
စိုးရိမ်စရာ မရှိပါဘူး၊
မာတယ့် အစားအစာတွေ ခုတလော
ရှောင်ပေးပါ..."
ထို့နောက် ဆေးသေတ္တာထဲမှ ဆေးထိုးအပ်နှင့် ဆေးပုလင်းသေးသေးလေးနှစ်လုံးကို ဆွဲထုတ်နေတာမို့..
ရီပေါ့်မှာ မျက်ရည်လေး တစ်စမ်းစမ်း ၊ နှပ်လေးတစ်ရှုပ်ရှုပ်ဖြင့် ရှောင်းကျန့်လက်ကိုဆွဲကိုင်ထားသည်။ ပြီးနောက် သနားစဖွယ်အသံလေးနှင့်...
"ဦးးးး..."
မျက်ရည်စီးကြောင်းနှစ်သွယ်က မီးအလင်းရောင်အောက်မှာ တလက်လက်ဖြစ်ကာ မျက်နှာကလဲမကြာခင်ပြိုတော့မယ် မိုးသားတွေလို မဲ့တဲ့တဲ့။
ဆေးထိုးခံရမှာကြောက်သော ကလေးငယ်ဆိုတာ ဒါမျိုးပင်ဖြစ်လိမ့်မည်။
ရှောင်းကျန့် က ခပ်ဖွဖွပြုံးကာ ရီပေါ်ဆံပင်များကိုဆွဲဖွလိုက်ရင်းး..
"မကြောက်နဲ့..
ငါ ရှိတယ်"
"အင်းး"
ထိုသို့ဖြင့် ဝမ်ရီပေါ်ဆိုတယ့်ကောင်လေးက
သူ့လက်ကို ဆုပ်ကိုင်ရင်းပြဲပြဲစင်အောင်အော်ဟစ်နေသည်။ ဘာ့မှမကြောက်တတ်သောထိုကောင်လေးက ဆေးထိုးအပ်ကိုတော့ကြောက်ရသလား???
ရှောင်းကျန့်...Dr ကိုလိုက်ပို့ပြီးပြန်လာသည့်အထိ...ထိုကောင်လေးကတော့ နှာခေါင်းပွတုန်း၊ မျက်ရည်သုတ်တုန်း။
"တော်တော့....
မငိုနဲ့တော့၊
မင်းငိုတာ ငါမကြိုက်ဘူး"
ရီပေါ်က ခေါင်းတွင်တွင်ညိမ့်ကာ...
"ကျတော့်ကြောင့် ဦးးးအလုပ်ပျက်သွား
လားဟင် "
ရှောင်းကျန့်က...ဟင်းးခနဲသက်ပြင်းချကာကုတင် စွန်းမှာဝင်ထိုင်လိုက်သည်။ ထို့နောက်...ပွနေသောနှာခေါင်းလေးကိုလိမ်ဆွဲလိုက်ကာ...
"ရတယ်၊
မင်းလောက်အရေးမပါပါဘူး ၊
ဘာ့မှ တွေးမနေနဲ့၊
အိပ်လိုက်တော့..."
"အင်းး"
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"ဟေ့....ဘယ်အချိန်ရှိနေပြီလဲ
ထ တော့ "
"ဒေါင်...ဂွမ်းး...ဒေါင်...ဒေါင် "
ခေါ်သံတစ်ခုတည်းမဟုတ်၊
ဘာပစ္စည်းတွေကို ခေါက်မှန်းမသိတယ့်..
မြည်သံတစ်ဒေါင်ဒေါင် ကပါ နားထဲတစ်ဆတ်တည်းလိုက်ပါလာသည်။
"ဦးးးး..ရေ..
ထသင့်ပြီနော် "
ရှောင်းကျန့်က တစ်ဖက်သို့လှည့်သွားကာ..
"တောင်းပန်ပါတယ်၊
ဒီနေ့တော့ မင်းနဲ့အတူ
ဘောလုံးကန်နိုင်မယ်မထင်ဘူး "
ရီပေါ်က..သူ ခြုံထဲသောစောင်ကို အတင်းပင်ဆွဲလှန်ပစ်ကာ...အသံကလဲဒေါကြီးမောကြီးနှင့်...
"မရဘူးးး၊
မနက်စောစော...Exercise
လုပ်ရမယ်ဆိုတာ နားမလည်ဘူးလား"
သူကသာ ပြောနေတာ ၊
တစ်ဖက်က ဘာတုန့်ပြန်မှုမှမရှိတာကြောင့်
စိတ်ပိုတိုလာရသည်။
ထို့ကြောင့်..ဝမ်ရီပေါ်ရဲ့နောက်ဆုံးလက်နက်သည်ကား..အသံကုန်အော်ကာ ငိုယိုခြင်းပင်...
"ဦးးး မထဘူးဆိုတာ ကျိန်းသေလား၊
ကျတော် ငိုလိုက်မှာနော် 1...2..."
"မငိုနဲ့...
မငိုနဲ့...ငါထပြီ "
အပြောထက်လူကပိုမြန်သော ဦးးးက ကုတင်ပေါ်ငုတ်တုတ်အနေအထားဖြစ်နေပြီ။
ရီပေါ် က တဟဲဟဲထရယ်ရင်းး...
"ဒီလိုမှပေါ့..အဟီးး"
ထိုသို့ဖြင့်...အာကစားဝတ်စုံနှင့် ကျတော့်နောက်ကို မှုန်သုန်သုန်နဲ့လိုက်လာတယ့် ဦးးကြောင့်...ပျော်ရွှင်မှုကထိန်းချုပ်မရ။
ထို့နောက် စတင်ခဲ့သောကစားပွဲနှင့်အတူ၊
မာကျူရီ မီးရောင်အောက်မှာ ပြေးလွှားနေသောလူနှစ်ယောက်။
"ဟာ...ကျတော့် ခြေထောက်က
လိုက်လုလေ..."
"လု နေတာပဲ ၊
မင်းက အရမ်းသွက်တာကို၊
ငါမှ ဘောလုံးမကန်တတ်တာ..."
တစ်ခါတစ်လေ ထိုသို့အသံများကြားရပြီးးတစ်ခါတစ်လေတွင်တော့...
"ဦးးးနော်...
သက်သက်အရှုံးပေးနေမှန်း..
သိသာတယ်၊ ဘာလဲ ကျတော်နဲ့
ဆော့ရတာ အဖက်မတန်လို့လား "
" ကလေးတွေက ရှုံးရင်..
ငိုတတ်တယ်တယ့် ၊တော်ကြာ မျက်ရည်တွေ ဘူးသီးလုံးလောက်ကျလာရင်..."
"ဟာ....ဦးး..ဆို "
"အဟွန်းးဟွန်းး"
ရောင်နီထွက်လာချိန်မှာတော့ နှစ်ယောက်လုံး မောဟိုက်နေပြီဖြစ်သည်။ရှောင်းကျန့်က မြက်ခင်းစိမ်းပေါ် အရိုးကြိုးပြတ်ထိုင်ချလိုက်ပြီးး...
"ကောင်လေးး...
ငါ အရမ်းမောနေပြီ၊
မင်းလဲ လာနားတော့ "
ရီပေါ်က ဘောလုံးကို ဟိုကန် ၊ ဒီကန် လုပ်နေကာ မကြားချင်ယောင်ဆောင်နေလိုက်သည်။ ခေါ်မရတယ့်အဆုံး..မြက်ခင်းပြင်ပေါ် ကျောဆန့်လိုက်ပြီးးး...မိုးမလင်းတလင်း ကောင်းကင် မှိုင်အုံ့အုံ့ကိုသာ အကြောင်းမဲ့စိုက်ကြည့်နေမိသည်။
ကျေးငှက်တို့ရဲ့ ကျီကျီကျာကျာအသံနှင့်အတူ...ကောင်လေးရဲ့ တစ်ဖျပ်ဖျပ်သွားလာနေသောခြေသံများက နီးသွားလိုက်၊ ဝေးသွားလိုက်။မျက်လုံးများကို မှေးမှိတ်ထားစဥ်...
လက်မောင်းပေါ်...ဝိတ်တစ်ခုရောက်လာကာ ပါးတစ်ဖက်ကဖြန်းခနဲနွေးသည်။
ထို့နောက် အသံဆာဆာလေးက မောဟိုက်နေပုံနှင့်...
"ဦးးးး..."
"အင်း ပြောလေ "
ရီပေါ် က ဦးးးလက်မောင်းပေါ် ကျကျနနခေါင်းအုံးလိုက်ပြီး ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ ပြီးနောက် လေသံတိုးလေးနှင့်....
"ချစ်ရတယ့် သူ နဲ့...
အချစ်ခံရတယ့် သူ၊
ဘယ်သူပိုကံကောင်းလဲ "
ရှောင်းကျန့်မျက်ခုံးအစုံက အနည်းငယ်တွန့်ကြုတ်သွားသော်လည်း...ပက်ခနဲပြန်မေးလိုက်တာက...
"မင်းးဆိုရင်ရော..
ဘယ်လိုဖြေမလဲ.."
"ဟွန်းးး...
ကျတော့် အဖြေက ကျိန်းသေတာပေါ့၊
အချစ်ခံရတယ့်သူလေ၊
ဘယ်လောက်ပျော်ဖို့ကောင်းလဲ၊
ဟုတ်ဘူးလားး.."
ကိုယ်က ထောက်ခံမဲလှည့်တောင်းလိုက်သော်လည်းး ဦး..ကတော့ ခပ်သဲ့သဲ့ရယ်မောလိုက်ကာ..ကျတော့်ကိုစောင်းကြည့်သည်။
"အချစ်ခံရတယ့်သူက..
ပျော်စရာကောင်းတယ်လို့ မင်းထင်တယ်ပေါ့၊ ဒါပေမယ့် မင်းတွေးကြည့်လေ၊
ကိုယ်မှ သူ့ကိုမချစ်တာ သူ့ပေးတယ့် အချစ်တွေက..ကိုယ့်ကိုပျော်ရွှင်စေပါ့မလား.."
"ဟင် "
ရီပေါ် ဘာ့မှပြန်မပြောနိုင်ပေ၊
ဟုတ်သလို ရှိတာတော့အမှန်ပဲ၊
ရှောင်းကျန့်က ဆတ်ပြီးး...
"ချစ်ရတယ့် သူကလဲ ပျော်စရာမကောင်းဘူး၊ ကိုယ်က ဘယ်လောက်ချစ်ချစ် သူကအသိအမှတ်မပြုတော့ ၊ ကိုယ့်အချစ်တွေက အပေါစားဆန်သွားတာပေါ့ "
ဒါလဲ ဟုတ်တာပဲ၊
ဦးးပြောတာတွေအကုန်မှန်တယ်၊
ရှောင်းကျန့်က ကိုယ့်မေးခွန်းနဲ့ ကိုယ် တိုင်ပတ်နေသော ကောင်းလေးကိုကြည့်ကာ..ခပ်ဖွဖွပြုံးလိုက်ပြီးးး...
"ငါက လက်တွေ့ခံစားဖူးတယ်၊
တစ်စုံတစ်ယောက်ကို အရူးလိုတွယ်ကပ်ပြီးချစ်ဖူးသလို ၊ တစ်စုံတစ်ယောက်ဆီကလဲ..အများကြီးအချစ်ခံရဖူးတယ်"
ထိုစကားရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရီပေါ်နားမလည်နိုင်စရာ အကြောင်းမရှိ။
ဦးလေးယွမ်ရှု နှင့် မိမိကို ရည်ညွှန်းပြီးးပြောခြင်းးပင်။
ရီပေါ် ဟက်ခနဲရယ်လိုက်ရင်းး...
"အဲ့ဒါဆို ဦးးးက...
ကံအကောင်းဆုံးသူပေါ့နော်၊
အချစ်နှစ်မျိုးလုံးကိုခံစားဖူးတယ် "
"အဟွန်းးးဟွန်းး
ဟုတ်လား၊
ငါ့ကို ငါတောင်မသိဘူး ၊
မင်းရော အချစ်ခံခဲ့ဖူးတယ်မလား"
တစ်ခါတစ်လေ ဦးးးက ကျတော်နားမလည်သော စကားများကိုထိုသို့ပြောတတ်သည်။
ရီပေါ် တစ်ခုခုပြောရန်ပြင်လိုက်သော်လည်း
ခြေသလုံးက စစ်ခနဲနာကျင်မှုကြောင့် လူကလှဲအိပ်နေရာမှ ငုတ်တုတ်အနေအထားသို့။
"အ...စူးခနဲပဲ၊ ဘာလဲသိဘူး "
ကောင်လေး အသံကြောင့် ရှောင်းကျန့်လဲ..လှဲနေရာမှလူးလဲထကာကြည့်လိုက်တော့...
"ဘာဖြစ်တာလဲ...ဟင်..
မြွေ...မြွေပေါက်တာ.."
မြက်ခင်းစိမ်းပေါ် တွန့်လိမ်နေသောမြွေတစ်ကောင်နဲ့ ခြေသလုံးဖွေးဖွေးမှ စီးကျနေတယ့် သွေးစက်တစ်ချို့ကြောင့်...ရှောင်းကျန့်မျက်လုံးများပြူးကျယ်သွားတာအမှန်။
သွေးစို့နေတယ့် ဒဏ်ရာကိုအာရုံစိုက်နေတာမို့ ပတ်ဝန်းကျင်ကို ရီပေါ် သတိမထားမိ။ ဦးး..ထအော်မှသိတယ့်အဖြစ်။
မြွေ တယ့်လားး၊
စိတ်ထဲ ဝမ်းနည်းစိတ်သာကြီးစိုးလာပြီးးမျက်ရည်များက တွင်တွင်စီးကျလာသည်။
"ဦးးး.***Sob..."
"မကြောက်နဲ့...၊
မင်းး ဘာ့မှမဖြစ်ဘူးနော်.."
"**Sob...ဦးးးဘာလုပ်တာလဲ၊
ဟင့်အင်း.. မလုပ်နဲ့..."
ရီပေါ် ကြောက်အားလန့်အားနဲ့ခြေထောက်ကိုသာရုန်းကန်နေမိသည်။ ဦးးက သူ့ခြေထောက်က သွေးတွေကို စုပ်ထုတ်နေသည်ကို၊ ကျတော့်ရဲ့ ဦးးက အရမ်းအသန့်ကြိုက်တာလေ။ခုတော့.....
"ထွီးးး....မလှုပ်နဲ့၊
ငြိမ်ငြိမ်နေ ကောင်လေး"
သွေးများကိုထွေးထုတ်ရင်း..မိမိကိုလဲ လှမ်းအမိန့်ပေးတာမို့ ရီပေါ် ရင်ထဲလှိုင်းတံပိုးများက တစ်လိမ့်လိမ့်၊ ထို့နောက်ခေါင်းထဲ တစ်ရိပ်ရိပ်မူးဝေလာကာ..အသိစိတ်အစုံက အမှောင်ထဲသို့တစ်ဖြည်းဖြည်း...၊
နောက်ဆုံးကြားလိုက်ရတာက..."ကောင်လေး" ဟူသော စိုးရိမ်တကြီးခေါ်သံပင်။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"ကျွတ်...အဲ့ လေလံပွဲထက်ဒီမှာအရေးကြီးတယ်၊ ဖျက်လိုက်တော့..."
"........"
"အင်းး...
ညနေ...Italy က ဧည့်သည့်တွေကို
တစ်ခုခုအကြောင်းပြထားလိုက်၊ ငါလာဖြစ်မယ်မထင်ဘူး..."
"........."
"Ok....ငါစိတ်ချမယ်.."
Phone ကိုစိတ်ညစ်ညစ်နဲ့စားပွဲပေါ်ပစ်တင်ရင်း ကုတင်စွန်းမှာဝင်ထိုင်လိုက်သည်။
ကောင်လေးကတော့ ခုချိန်ထိသတိမရသေး၊
အဆိပ်ပြင်းတယ့်မြွေ မဟုတ်ပေမယ့်...ကြောက်စိတ်များပြီး Shockဖြစ်သွားတာလို့ Dr က ပြောသည်။
ခုတလော ကျန်းမာရေးချူချူနေတာသိသိသာသာပင်၊ အသက်ကြီးတယ့်မိမိက ဘာ့မှမဖြစ်ရ ၊ ဟူး.....
သက်ပြင်းရှည်တစ်ချက်ကိုမှုတ်ထုတ်ရင်းး
နဖူးပေါ်ပြေကျနေတယ့် ဆံပင်အိအိလေးကိုသပ်တင်ပေးမိသည်။ ထိုစဥ်..ခြေထောက်တစ်ဖက်က ဆတ်ခနဲလှုပ်လာကာ ပါးစပ်ကလဲ...
" မြွေ...မြွေ..."
"ကောင်လေးး..."
သူ့ကိုမြင်ခါမှ ပိုဆိုးသွားကာ အိပ်ရာပေါ်ကလူးလဲထနေတာမို့ အသာထိန်းပေးလိုက်ရသည်။ ထို့နောက် သူ့လည်ပင်းကိုသိုင်းဖက်လိုက်ရင်းး အော်ဟစ်ငိုသောထိုကောင်လေးး
18 နှစ်မပြည့်သေးဟု ပြောစရာပင်မလို။
"ဦးးး...**Sob...
**Sob..."
"ဟုတ်ပြီ ၊ ဟုတ်ပြီ၊
မငိုနဲ့တော့ ၊ မင်းအသက်အန္တရာယ်မစိုးရိမ်ရသလိုဘာ့မှလဲ မဖြစ်တော့ဘူး "
ရီပေါ်က ထိုရင်ခွင်ကျယ်ထဲ ဝင်အောင်းနေကာ ဘာစကားမှမဆို၊ ကျတော် ကြောက်နေခဲ့တာ ၊ ဦးးရဲ့ ဂရုစိုက်မှုတွေရနေခါမှ သေဆုံးသွားမှာကြောက်နေခဲ့တာ။
"ဦးးးဒီနေ့ကျတော့်အနားမှာ...
ရှိနေပေးပါလား..."
မဝံမရဲတောင်းဆိုနေသောထိုကောင်လေးက..မျက်ရည်နဲ့နှပ်ရည်များလူးကာ ကြောင်ချီးရုပ်ပေါက်နေသည်။ ရင်ခွင်ထဲကမော့ကြည့်ပြီးး...Puppy Eyeလုပ်ပြနေသော ကောင်လေးကြောင့် ရှောင်းကျန့်ခေါင်းညိမ့်ပြပြီးး...
"မင်း တောင်းဆိုစရာမလိုပါဘူး၊
Company ကို ဖုန်းဆတ်ပြီးသား၊
ဒီနေ့မလာနိုင်ဘူးလို့ "
အေးစက်စက်စကားစုဆိုပေမယ့် နွေးထွေးမှုပါနေတာတော့ ကျိန်းသေသည်။ သူများအတွဲတွေလို...အခေါ်အဝေါ်တွေမပြောင်းပဲ...ဦးးနဲ့ ကျတော်၊ ငါနဲ့ ကောင်လေးဟူသော အသုံးအနှုန်းတွေကြားမှာသာ ကျတော် ပျော်မွေ့နေခဲ့သည်။
တကယ်ဆို...ဒီလူသားက ကိုယ့်အနားမှာရှိနေပေမယ့် တစ်ခါတစ်လေ အိပ်မက်ဆန်နေသလို၊ သို့သော် ကျတော်ကလဲ သူဘာပြောပြော ယုံမယ့်လူစားမျိုးလေ၊
အကြောင်းပြချက်က ရိုးရှင်းပါသည်။
ထိုလူသားဟာ...ကျတော့်အချစ်ဦးးဖြစ်နေလို့ပင်...။
_________________________®®®®®
2612 Words(14.1.2020)7:45AM
Thanks you for Reading
Sanay Moe Swe
_____________________________
#####Zawgyi#####
" ခု Project က...
🎶🎼🎼🎶🎵🎵🎶Baby....Baby...
Baby...Oh...🎶🎼🎶🎼🎶🎶
🎶🎼🎼Baby.....🎶🎶🎶Baby....
Oh....Baby..🎵🎵🎵🎵
သူ့စကားလဲအဆုံး...
အသံလေးး...
Boss..ရဲ့ဖုန်းပါ"
"ဘာရယ် "
"Hello..."
"Hello..ကောင်လေးး
ကြားလားး..."
"မင်းး ဘယ်မှာလဲ..၊
ကောင်လေးး"
"ကျတော်...အိမ်မှာ...
***Sob...အမြန်လာနော်၊
ဦးးမရောက်ခင်..ကျတော်
အသက်မထွက်ချင်ဘူး "
"မငိုနဲ့နော်...တိတ်တော့၊
ဟုတ်ပြီလား "
"အင်းး"
"ဒီနေ့တော့...
အဆုံးသတ်မယ် "
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"Dr...အခြေအနေက "
"အစာအိမ်ယောင်ချင်တာ...
ရှောင်ပေးပါ..."
"ဦးးးး..."
"မကြောက်နဲ့..
ငါ ရှိတယ်"
"အင်းး"
"တော်တော့....
မငိုနဲ့တော့၊
လားဟင် "
"ရတယ်၊
ဘာ့မှ တွေးမနေနဲ့၊
အိပ်လိုက်တော့..."
"အင်းး"
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ထ တော့ "
"ဦးးးး..ရေ..
ထသင့်ပြီနော် "
"တောင်းပန်ပါတယ်၊
ဒီနေ့တော့ မင်းနဲ့အတူ
"မရဘူးးး၊
မနက်စောစော...Exercise
သူကသာ ပြောနေတာ ၊
စိတ်ပိုတိုလာရသည်။
"မငိုနဲ့...
မငိုနဲ့...ငါထပြီ "
"ဒီလိုမှပေါ့..အဟီးး"
"ဟာ...ကျတော့် ခြေထောက်က
လိုက်လုလေ..."
"လု နေတာပဲ ၊
မင်းက အရမ်းသွက်တာကို၊
"ဦးးးနော်...
" ကလေးတွေက ရှုံးရင်..
"ဟာ....ဦးး..ဆို "
"အဟွန်းးဟွန်းး"
"ကောင်လေးး...
ငါ အရမ်းမောနေပြီ၊
မင်းလဲ လာနားတော့ "
"ဦးးးး..."
"အင်း ပြောလေ "
"ချစ်ရတယ့် သူ နဲ့...
အချစ်ခံရတယ့် သူ၊
ဘယ်သူပိုကံကောင်းလဲ "
"မင်းးဆိုရင်ရော..
ဘယ်လိုဖြေမလဲ.."
"ဟွန်းးး...
အချစ်ခံရတယ့်သူလေ၊
ဟုတ်ဘူးလားး.."
"အချစ်ခံရတယ့်သူက..
"ဟင် "
ဒါလဲ ဟုတ်တာပဲ၊
"အဲ့ဒါဆို ဦးးးက...
"အဟွန်းးးဟွန်းး
ဟုတ်လား၊
ငါ့ကို ငါတောင်မသိဘူး ၊
"အ...စူးခနဲပဲ၊ ဘာလဲသိဘူး "
"ဘာဖြစ်တာလဲ...ဟင်..
မြွေ...မြွေပေါက်တာ.."
မြွေ တယ့်လားး၊
"ဦးးး.***Sob..."
"မကြောက်နဲ့...၊
"**Sob...ဦးးးဘာလုပ်တာလဲ၊
ဟင့်အင်း.. မလုပ်နဲ့..."
"ထွီးးး....မလှုပ်နဲ့၊
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"........"
"အင်းး...
"........."
"Ok....ငါစိတ်ချမယ်.."
" မြွေ...မြွေ..."
"ကောင်လေးး..."
"ဦးးး...**Sob...
**Sob..."
"ဟုတ်ပြီ ၊ ဟုတ်ပြီ၊
ရှိနေပေးပါလား..."
_________________________®®®®®
Thanks you for Reading
Sanay Moe Swe
_____________________________
Continue Reading
You'll Also Like
156K 9.8K 20
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။
127K 10K 30
ဂျစ်တူးရဲ့ ဘာကိုပဲကြည့်ကြည့် ကိုယ့်အတွက် ချစ်စရာချည်းပဲ...💕💕(Completed) ဂျစ်တူးရဲ့ ဘာကိုပဲကြည့်ကြည့် ကိုယ့်အတွက် ချစ်စရာချည်းပဲ💕💕(Completed)
109K 6.4K 19
BJYX Fanfiction! Written by Author-May Type - Especially Romance, Fantasy, Comedy Yizhan 💚 Both Zawji & Unicode
974 115 6
ရက်စက်ကြမ်းတမ်းလှပါသော ဘ၀တံတားရယ် အကျွန်ုပ်၏ စိတ်ဝိဉာဉ်အစုံကိုလွတ်မြောက်ခွင့် ပေးလိုက်ပါလော့။ OTP-HOONKI The Devil's bridge ဆိုတာလေးကိုဖတ်မိပြီး စိ...