....."Xiao Oo Oo".....{{ COMP...
By Sanaymoeswe
727K 63.3K 4.8K
(Unicode +Zawgyi) ♥Fanfic တစ်ခုမျှသာ၊ မည်သူကိုမှ ထိခိုက်လိုစိတ်မရှိ♥ လွဲမှားနေသော ချစ်ခြင်းများနှင့်အတူ ကျွန်... More
Chapter...(1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
🙏🙏🙏
Chapter (41)
Chapter (42)
Chapter (43)
Extra(1)
Extra(2)
Extra(3) (Ending)
Chapter(23)
12.3K 1.2K 87
By Sanaymoeswe
#####Unicode#####
" ကျွန်တော် ရောက်ပြီ ဦးးး "
"အင်း..တံခါးကို Lock ချခဲ့ "
ထုံးစံအတိုင်း ကျွန်​တော့်ရဲ့ ဦးးက စာဖတ်ခန်းထဲသို့လာခိုင်းခြင်း ၊ မျက်မှန်လဲ ပင့်ကာပင့်ကာနှင့် သူ့ကိုတစ်ချက်ကြည့်သည်။
ထို့နောက် ကော့တတ်သွားသောနှုတ်ခမ်းထောင့်စွန်းနဲ့အတူ..ခပ်ရှရှခေါ်သံလေး
"ကောင်လေး..."
"ဗျာ..."
ခုမှ သိပ်ကို ရိုသေပြနေတယ်ပေါ့ ဝမ်ရီပေါ်၊
ငါ့ ကွယ်ရာမှာမင်း ဘာတွေလုပ်ထားလဲဆိုတာ ငါမသိဘူးထင်နေတာလား ၊ မျက်မှန်ဝိုင်းကိုဆွဲချွတ်လိုက်ပြီး...
"ဒီနေ့ ဘာနေ့လဲ "
တုံ့ဆိုင်းမရှိပါပဲ..ပက်ခနဲပြန်​ဖြေသံက ရှောရှောရှူရှူပင်...။
"ဦးးးမွေ့နေ့လေ ၊
ဒီနေ့ 31 ပြည့်တာ "
ရှောင်းကျန့်ထိုင်ရာမှ ထရပ်ကာ ရီပေါ်နားသို့ဖြေးညှင်းစွာလျှောက်လာသည် ၊ မျက်နှာချင်းဆိုင်မှာ ပိတ်ရပ်လိုက်တော့ ပြူကြောင်ကြောင်လေး ပြန်မော့ကြည်သော ဝမ်ရီပေါ် ။
"ဦးး ကျွန်တော်..
ဘာအပြစ်လုပ်မိလို့လဲဟင် "
မေးစရာက ဒါပဲရှိတာမဟုတ်လား ၊
သို့ပေမယ့် ဦးးး ဆီက ခပ်သဲ့သဲ့ရယ်မောသံနှင့်အတူ..
" ငါ့ မွေးနေ့မှာ..လိုချင်တာတောင်းလို့ရတယ်ဆိုတာ မင်းမမေ့ပါဘူးနော် "
မထင်မှတ်သောစကားမို့..ရီပေါ့်ရင်ခုန်သံတွေက..မိုးချိမ်းသံလို့ တစ်ဂျိန်းဂျိန်း။
ဦးး က ဘာကိုဆိုလိုတာလဲ..၊ သူ စဥ်းစား၍ မဆုံးသေးခင်...မြင်လိုက်ရတယ့်မြင်ကွင်းကြောင့်..ရီပေါ် ရူးခါသွားကာ..
"ဦးး ဘာလုပ်နေတာလဲ..၊
ဘာလို့ ဦးးး အကျီတွေကိုချွတ်နေတာလဲ "
ရှောင်းကျန့်က Shirt အကျီကြယ်သီးများကို ကိုယ်တိုင်ကိုယ်ကျတစ်လုံးချင်း ဆွဲဖြုတ်နေရင်း တဟက်ဟက်ထရယ်သည်။
မင်း က ငါ့ကိုလိုချင်နေတာလေ ၊ ခုမှ ဘာလို့ဟန်ဆောင်နေတာလဲ မင်းလဲ အတူတူပဲ ၊ အားလုံးအတူတူပဲ ၊ ငါ့ခန္ဓာကိုယ်ကိုလိုချင်နေကြတာ ၊
"ဦးး ဘာဖြစ်နေတာလဲ..."
ရီပေါ် မျက်နှာခပ်လွဲလွဲဖြင့်ထပ်အော်မိသည်။ ရှောင်းကျန့်က Shirt အကျီကိုအဝေးသို့ လွှင့်ပစ်လိုက်ပြီး....
"ငါ့ကိုမမေးနဲ့လေ ၊
မင်း ငါ့ကိုလုပ်ချင်နေတာမလား ၊
လာလုပ်လေ ၊ ၁၄ နှစ်အရွယ်ကတည်းက
ငါ့နာမည် ရွတ် ပြီး စိတ်ဖြေခဲ့တယ်မလား၊
ခု လူအကောင်လိုက်ကြီး မင်းရှေ့ရောက်နေပြီ လာလုပ်လိုက်တော့..."
"ဟင်...ဦးး ဦးး ကဘယ်လိုလုပ်ပြီး..."
ရီပေါ်...ပါးတွေ နားတွေပူလာပြီး ဦးးးကိုစေ့စေ့မကြည့်နိုင်တော့ ၊ ဦးးး က ကျွန်တော့်အခန်းထဲ အသံဖမ်းစက်တပ်ထားတာလား?
"အဟွန်း..ခုမှရှက်နေတာလား ၊
ယွမ်ရှု နဲ့ Leo ကကုန်တိုက်သွားတယ်လေ၊
မင်း..ငါ့ကိုစိတ်ကျေနပ်တယ့်အထိ လုပ်လို့ရတယ်..၊ ဒါပေမယ့် နောက်ထပ် ငါမကြားချင်တာက ဦးးးကိုသိပ်ချစ်တယ် ၊ ဦးးးရင်ခွင်ထဲမှာနေချင်တယ် ၊ ဦးးးနဲ့ရေအတူချိုးချင်တယ်...နောက်ပြီး..ဦးးးနဲ့ညတိုင်း...."
ရီပေါ်..ခေါင်းသွက်သွက်ခါရင်းကျယ်လောင်စွာအော်ဟစ်မိသည်။
"တော်ပါတော့...
ဆတ်မပြောပါနဲ့တော့..ဦးးရယ် ၊
ကျွန်တော် တောင်းပန်ပါတယ်..."
ရီပေါ် က တအီးအီး ငိုရှိုက်ရင်း နောက်သို့သာဆုတ်နေမိသည်။ ဒီလို ရှက်စရာစကားတွေကို ဦးးး က ကြားနေခဲ့တာလား ၊
မျက်ရည်များကို ကြမ်းတမ်းစွာဖိပွတ်လိုက်မှ..သူ သတိထားလိုက်မိသည် ။
ဦးး ဆီက ကြာပွတ်ရာ ၅ ချက်နဲ့အလဲအလှယ်လုပ်ခဲ့တယ့်နာရီလေး ၊ နေ့ရော ၊ ညရော ပတ်ထားတယ့်အပြင် ရေချိုးတာတောင်မချွတ်ခဲ့တယ့် ဒီနာရီလေးကများ..
ရှောင်းကျန့် က ရီပေါ်ဖြစ်ပျက်နေပုံကိုကြည့်ပြီး ဟက်ဟက်ပက်ပက်ရယ်သည်။ပြီးမှ..
"ဟုတ်တယ် ၊ အဲ့နာရီက ငါကိုယ်တိုင်တီထွင်ထားတယ့် နာရီပဲ ၊အဲ့နာရီပတ်ထားတယ့်သူရဲ့အသံလဲကြားနိုင်သလို ဘယ်မှာရှိလဲဆိုတာ ငါသိနိုင်တယ် ၊ မင်းတောင်းလို့ငါပေးလိုက်တာလေ မှတ်မိတယ်မလား "
ရီပေါ်..ရင်ထဲလှပ်ခနဲ ။
ကျတော်က မြွေပွေးခါးပိုက်ပိုက်မိတာပေါ့ ဦးးရယ် ။
ဒါဆို မမဖေးရန်တို့ကိစ္စကိုရော..
ထိတ်ထိတ်ပြာပြာ နဲ့ ဦးး ကိုမော့ကြည့်လိုက်တော့ ပိုဆိုးသည့်အခြေအနေက ဆီးကြိုနေသည်။
"ဦးးး ဦးးး အဲ့လိုမလုပ်ပါနဲ့ ၊
ကျွန်တော် မှားမှန်းသိပါပြီ..*Sob"
ရှောင်းကျန့် က ခါးပတ်ကိုအကြမ်းပတမ်းဖြုတ်ပစ်ကာ ဘောင်းဘီရှည်ကိုပါ ဆွဲချွတ်လိုက်သည်။ထို့နောက် အရူးတစ်ယောက်လို ဟားတိုက်ရယ်မောရင်း...
" မင်းလဲ ကျူးယဲ့ တို့ ရှိုစစ်ဝေ တို့လို့ပဲ၊
ငါ့ကိုအယုံသွင်းပြီး..လုပ်ချင်နေတာ ၊
လာလုပ်လေ ဘယ်လိုအနေအထားနဲ့လုပ်ချင်တာလဲ..မင်းပြောကြည့်..."
ရီပေါ် ဘာစကားမှမဆိုမိ..၊
ကြမ်းပြင်ပေါ် ဒူးထောက်ရင်း သေလုအောင်ရှိုက်ငိုနေမိသည် ၊ ပါးစပ်က ထပ်တလဲလဲရေရွတ်မိသည်က...
"ကျွန်တော် တောင်းပန်ပါတယ် *Sob၊
ကျွန်တော် တောင်းပန်ပါတယ် ဦးးရယ်၊
ကျေးဇူးပြုပြီး အဝတ်အစားတွေပြန်ဝတ်ပါနော် "
ရှောင်းကျန့်...နံရံကိုမှီရင်း တဟက်ဟက်ရယ်သည် ။ ရယ်သံတွေက ရှိုက်သံစွက်နေသော်လည်း မျက်ရည်တော့ထွက်မလာ ၊.
ဘာလို့ ဘာလို့များ ငါ့အပေါ်ဒီလိုတွေတွေးနိုင်ရတာလဲ?
အတိတ်တွေကို မေ့ပျောက်ဖို့ ဘယ်လောက်တောင်ကြိုးစားခဲ့ရသလဲ?
"အသက်အရွယ်နဲ့မှ မလိုက် ဦးနှောက်ထဲသုတ်ပိုးတွေ ရောက်နေတယ့်ကောင် ၊
သားရေပေါ် အိပ်၊ သားရေနားစားပြီး..ငါ့
_င်ကိုချဖို့တောင်တွေးလိုက်သေးတယ်ပေါ့"
" *Sob *Sob တောင်းပန်ပါတယ် "
ငိုရှိုက်ရင်း ခေါင်းညိမ့်လိုက်တော့ ကြမ်းပြင်ပေါ် မျက်ရည်ဥတွေက တစ်ဖြောဖြောကြွေကျသည် ။ ထို့နောက် ဦးးဘောင်းဘီကိုဆွဲကောက်ရင်း...
"ကျွန်တော် ပြန်ဝတ်ပေးမယ်နော်..."
ရီပေါ်က ဘောင်းဘီလေးကိုင်ကာ ကုန်းကုန်းကွကွထလာသော်လည်း ရှောင်းကျန့်မျက်လုံးထဲ မြင်နေရသည်က မဲ့ပြုံးတစ်ခုနဲ့ ရှိုစစ်ဝေ...
"မလာနဲ့..စစ်ဝေ တောင်းပန်ပါတယ် ၊
ငါ့ကို မလုပ်ပါနဲ့...နော် ၊ စစ်..ဝေ..အား..မလာနဲ့..မလာနဲ့နော်.."
"ဦးးး....."
ရီပေါ် က ရှေ့တိုးလေ ရှောင်းကျန့်က​ နော က်ဆုတ်လေ ၊
ခုနက ခက်ထန်နေသော ဦးး အသွင်ပျောက်ကာ..တိုးလျှိုသောမျက်ဝန်းများနှင့်ကြည့်နေသော ဦးး ၊ မျက်ရည်များ တွင်တွင်စီးကျရင်း...
"စစ်ဝေ...*Sob ငါတောင်းပန်ပါတယ်"
ရီပေါ်...ဘာဆတ်လုပ်ရမလဲမသိတော့ ။
ဦးး နဲ့အတူလိုက်ငိုရန်သာ တတ်နိုင်တော့သည်။ ပထမ က ကျူးယဲ့ ၊ ခုနောက်တစ်ယောက်ပေါ်လာပြီ ရှိုစစ်ဝေတယ့်၊
"ဦးးးး ရယ် ကျတော်ပါ
ရီပေါ်ပါ ၊ ဦးးရဲ့ ရီပေါ်ပါဗျာ "
"အား..မလာနဲ့...၊
မလုပ်နဲ့ စစ်ဝေ..."
"ဦးးးး...."
စိုးရိမ်တကြီးအော်ဟစ်သံအဆုံးမှာ..ထိုလူသားက ကြမ်းပြင်ပေါ် ခွေခွေလေးလဲကျသွားသည်။
ရီပေါ် ဆွဲပွေ့လိုက်ရင်း...
"ဦးးး..*Sob..သတိထားပါဦး ၊ ဦးးးကို
ကယ်ကြပါဦး ဗျာ..."
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"ကိုကို က အရင်လိုပြန်ဖြစ်တာလား "
ယွမ်ရှုက ဆေးထိုးအပ်ကိုင်ရင်း မျက်စိမျက်နှာပျက်နေသလို ၊ Leo ကလဲ မျက်ရည်များစီးကျလျက် ။
ကုန်တိုက်က ပြန်အလာမှာ ဆီးကြိုနေသည့်မြင်ကွင်းက ထိန့်လန့်ဖွယ်၊
Sir ဖြစ်သူက အတွင်းခံလေးတစ်ထည်နှင့် သတိမေ့နေပြီ ဖြစ်ကာ..ရီပေါ်ကတော့ ကြူကြူပါအောင် ရှိုက်ငိုလို့..။
အကြောင်းစုံကိုမေးကြည့်လိုက်တော့ ရီပေါ်လေးက အမှန်အတိုင်းဖြေရှာသည် ။သေချာတာက ရောဂါဟောင်းပြန်ဖောက်ခြင်းပင် ၊ ဘယ်သူကို အပြစ်တင်ရမလဲမသိပေမယ့်...ရီပေါ့်ကိုတော့ လောလောဆယ် ကိုယ့်အခန်းထဲကိုယ်နေရန်သာ မှာကြားထားသည်။
"ကိုကို..သတိရပါတော့...
Leo တောင်းပန်ပါတယ် *Sob၊
ဒီနေ့ ကိုကို့မွေးနေ့လေ ၊ Leo တောင်ဘာ့မှမတောင်းရသေးဘူး ၊ မွေးနေ့ကိတ်ဝယ်ပြီးပြန်လာတာ ခုလိုဆီးကြိုရလား *Sob"
ယွမ်ရှုက...ရှောင်းကျန့်လက်ဖျံကိုဆေးတစ်လုံးထိုးပေးရင်း...
"Lion က မငိုနဲ့လေ ၊
ခဏ နေရင် သတိရလာမှာ "
Leo က ခေါင်းညိမ့်ပြပြီးကုတင်ပေါ်မှဆင်းသည် ၊
"ကျွန်တော် အောက်ထပ်ခဏသွားအုံးမယ်"
ယွမ်ရှု ခေါင်းညိမ့်ပြလိုက်သည်။ သို့သော် သူ သတိမထားမိတာက စူးရဲနေသော Lionမျက်လုံးတွေကိုပင်...
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"*Sob ကျွန်တော့်ကြောင့်ပါ..ဦးးးရယ်၊
တောင်းပန်ပါတယ် *Sob "
စာကြည့်စားပွဲပေါ် ခေါင်းမှောက်ရင်း..ငိုရှိုက်နေရုံမှလွဲ၍ ဘာ့မှမလုပ်ပေးနိုင်သော မိမိဘဝ ၊ ဒဏ်ရာဟောင်းတွေက ကျတော့်ကြောင့်အသစ်ဖြစ်စေခဲ့သလား ။
"*Sob.... "
"ဝမ်ရီပေါ်..တံခါးဖွင့်ပေး.."
ရီပေါ် အငိုရပ်သွားကာ ဟက်ခနဲရယ်လိုက်မိသည်။ ကိုကို့ ကို ငါပြုစုခွင့်ရတယ်ဆိုပြီး
ဂုဏ်ဆာ ပြမလို့လား Leo ရယ် ။
စုတ်ပြတ်သတ်နေတယ့် ငါ့နှလုံးသားက ထပ်နာကျင်ဖို့လဲမရှိတော့ပါဘူး ။
မင်းက ဦးးရင်ခွင်ထဲကလူဆို...
ငါ့လိုကောင်က ဦးးနောက်ကျောကိုတောင်
ဖက်ခွင့်မရှိတယ့်ကောင်ပါ။
တံခါးကိုခပ်ဟဟဖွင့်လိုက်စဥ်...
ပါးပြင်ပေါ် ကျရောက်လာသော ဝိုက်လက်သီးတစ်ချက်နဲ့ အတူ လူကကြမ်းပြင်ပေါ်သို့နောက်ပြန် ။
"ခွပ်....."
ထို့နောက် မိမိကိုယ်ပေါ်ဖိထိုင်လိုက်တယ့် Leo ။မျက်လုံးအစုံက မီးတောက်တွေလိုနီရဲနေကာ...သူ့ပါးပြင်ထက်မှမျက်ရည်များက မိိမိမျက်နှာပေါ် တစ်စက်ချင်းကြွေကျသည်။
ထို့နောက် ရှိုက်ငိုလျက်ပင်...
"ဘာလို့လဲ...၊
ကိုကို့ ကိုဒီလို ပုံစံမမြင်တွေ့ရဖို့
ငါ ဘယ်လောက်တောင်ဆုတောင်းလိုက်ရလဲ.."
"ငါတောင်းပန်ပါတယ် Leo ရာ ၊
ငါ့ကြောင့်ပါ "
"ဟုတ်တယ်၊ မင်းကြောင့်...
ကိုကို့ ခုလိုဖြစ်တာ မင်းကြောင့် ၊
အရူးလို ချစ်ပြမနေနဲ့ ၊ ကိုကို့ကိုနားလည်ဖို့ကြိုးစားပါလား ဝမ်ရီပေါ်ရဲ့..."
မိမိကိုယ်ပေါ်မှ ဆင်းသွားကာ ဒူးခေါင်း ပေါ်ခေါင်းမှောက်ပြီး ငိုရှိုက်နေတယ့် Leo ။
ထို့နောက် လက်ညှိုးငေါက်ငေါက်ထိုးပြီးကြိမ်းဝါးလိုက်တာက..ကြောက်ခမန်းလိလိ.
"ကိုကို တစ်ခုခုဖြစ်ရင် မင်းကိုသတ်ပစ်မယ်..ဝမ်ရီပေါ် * Sob..."
နှုတ်ခမ်းထောင့်မှ သွေးစကိုသုတ်ရင်း ရီပေါ်ဟက်ခနဲရယ်လိုက်မိသည်။ ပြီးမှ Leo ကိုစေ့စေ့ကြည့်ရင်း...
"မင်းသတ်စရာမလိုဘူး ၊
ငါ ဘာသာသတ်သေပစ်မှာ.."
စကားသံတွေတိတ်ကျသွားသော်လည်း...
တစ်စ တစ်စ ကျယ်လောင်လာသော ရှိုက်ငိုသံနှစ်ခုသည် ရီပေါ့်အခန်းထဲမှာ ပဲ့တင်ထပ်နေတော့သည်။
အချစ်ဆိုတာ တစ်ချို့သောသူတွေအတွက်မျက်ရည်ပင်လယ်ဝေသေ သော်လည်း...
အချစ်ခံလူသား ရှောင်းကျန့်မှာတော့ အပူအပင်ကင်းမဲ့စွာ အိပ်ယာထက်မေ့မျောနေလျက်..။
_____________________________
1815 Words (14.12.2019)7:45PM
Thanks you for Reading
Sanay Moe Swe
_____________________________
#####Zawgyi#####
" ကျတော် ရောက်ပြီ ဦးးး "
ထုံးစံအတိုင်း ကျတော့်ရဲ့ ဦးးက စာဖတ်ခန်းထဲသို့လာခိုင်းခြင်း ၊ မျက်မှန်လဲ ပင့်ကာပင့်ကာနှင့် သူ့ကိုတစ်ချက်ကြည့်သည်။
"ကောင်လေး..."
"ဗျာ..."
ငါ့ ကွယ်ရာမှာမင်း ဘာတွေလုပ်ထားလဲဆိုတာ ငါမသိဘူးထင်နေတာလား ၊ မျက်မှန်ဝိုက်းကိုဆွဲချွတ်လိုက်ပြီး...
"ဒီနေ့ ဘာနေ့လဲ "
"ဦးးးမွေ့နေ့လေ ၊
ဒီနေ့ 31 ပြည့်တာ "
"ဦးး ကျတော်..
မထင်မှတ်သောစကားမို့..ရီပေါ့်ရင်ခုန်သံတွေက..မိုးချုန်းသံလို့ တစ်ဂျိန်းဂျိန်း။
"ဦးး ဘာလုပ်နေတာလဲ..၊
"ဦးး ဘာဖြစ်နေတာလဲ..."
"ငါ့ကိုမမေးနဲ့လေ ၊
ရီပေါ်...ပါးတွေ နားတွေပူလာပြီး ဦးးးကိုစေ့စေ့မကြည့်နိုင်တော့ ၊ ဦးးး က ကျတော့်အခန်းထဲ အသံဖမ်းစက်တပ်ထားတာလား?
"တော်ပါတော့...
ကျတော် တောင်းပန်ပါတယ်..."
ရီပေါ်..ရင်ထဲလှပ်ခနဲ ။
ကျတော် မှားမှန်းသိပါပြီ.."
"ကျတော် တောင်းပန်ပါတယ် ၊
ကျတော် တောင်းပန်ပါတယ် ဦးးရယ်၊
"ကျတော် ပြန်ဝတ်ပေးမယ်နော်..."
"ဦးးး....."
"စစ်ဝေ...*Sob ငါတောင်းပါတယ်..."
"ဦးးးး ရယ် ကျတော်ပါ
"အား..မလာနဲ့...၊
မလုပ်နဲ့ စစ်ဝေ..."
"ဦးးးး...."
"ဦးးး..*Sob..သတိထားပါအုံး ၊ ဦးးးကို
ကယ်ကြပါအုံး ဗျာ..."
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"ကိုကို..သတိရပါတော့...
"Lion က မငိုနဲ့လေ ၊
ခဏ နေရင် သတိရလာမှာ "
"ကျတော် အောက်ထပ်ခဏသွားအုံးမယ်"
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"*Sob ကျတော့်ကြောင့်ပါ..ဦးးးရယ်၊
တောင်းပန်ပါတယ် *Sob "
"*Sob.... "
"ခွပ်....."
"ဘာလို့လဲ...၊
ငါ့ကြောင့်ပါ "
"ဟုတ်တယ်၊ မင်းကြောင့်...
"မင်းသတ်စရာမလိုဘူး ၊
ငါ ဘာသာသတ်သေပစ်မှာ.."
_____________________________
Thanks you for Reading
Sanay Moe Swe
_____________________________
Continue Reading
You'll Also Like
43K 6.2K 39
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
7.3K 1K 24
Treasure OTPတွေထဲက ကိုယ်အကြိုက်ဆုံး OTPသုံးခုကို inspired ယူပြီး ‌ရေးချင်လို့ပါ ကိုယ်ဖန်တီးထားတဲ့ ကမ္ဘာထဲက မတူညီတဲ့ ‌အချစ်တွေကိုအကောင်းဆုံးပုံဖော်ကြ...
31.7K 2.6K 20
Zawgyi / Unicode wattpadမှာ ပထမဦးဆုံး စ ရေးဖြစ်တဲ့ficလေးပါပဲ။ ကျောင်းသားလေးနှစ်ယောက်ရဲ့ ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးပေါ့။ wattpadမှာ ပထမဦးဆုံး စ...
25.8K 1.7K 39
ဝတ္ထုထဲရောက်လာရင်လည်း ကောင်းကောင်းရောက်လာပါလား.. ချီးမို့ ငါဝင်လာမှ အကုန်ပြောင်းလဲကုန်ကြတာလဲ။