....."Xiao Oo Oo".....{{ COMP...
By Sanaymoeswe
732K 63.4K 4.8K
(Unicode +Zawgyi) ♥Fanfic တစ်ခုမျှသာ၊ မည်သူကိုမှ ထိခိုက်လိုစိတ်မရှိ♥ လွဲမှားနေသော ချစ်ခြင်းများနှင့်အတူ ကျွန်... More
Chapter...(1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (20)
Chapter (21)
Chapter (22)
Chapter(23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
🙏🙏🙏
Chapter (41)
Chapter (42)
Chapter (43)
Extra(1)
Extra(2)
Extra(3) (Ending)
Chapter (19)
12.1K 1.3K 38
By Sanaymoeswe
///// Unicode /////
"အာ...ဦးလေးယွမ်ရှုအခန်းက ရှုပ်ပွနေတာပဲ ၊ ကျွန်တော်က အဲ့ File ကို ဘယ်လိုရှာရမှာလဲ.."
ပါးစပ်ကလဲပွစိပွစိရွတ်ကာ..Phone ပြောပြီး စွာတေးလန်နေတယ့် ဝမ်ရီပေါ် ။ တစ်ဖက်က ဘာပြန်ပြောလိုက်လဲမသိ ၊ ခေါင်းတစ်ဆတ်ဆတ်ညိမ့်ကာ Phone ချပစ်လိုက်သည် ။
ထို့နောက်..ဟိုလှန် ဒီလှန်နဲ့..ကုတင်အောက်ကိုမှောက်ကြည့်လိုက်သောအခါ..
အနက်ရောင်စာအုပ်လေးတစ်အုပ် ၊
"ဟင်...ဒီစာအုပ်က..ဘာလို့ကုတင်အောက်ရောက်နေတာလဲ..."
စာရွက်များကို တစ်ဖျပ်ဖျပ်လှန်ကြည့်လိုက်စဥ်..သိလိုက်ရသည်က..ဦးလေးယွမ်ရှုရဲ့
ဒိုင်ယာရီစာအုပ်ဆိုတာပင် ။
ကုတင်ပေါ်မှာ ကျကျနနထိုင်ရင်း..ပထမဆုံးစာမျက်နှာမှာတစ်ဆင့်..နောက်ထပ်တစ်ရွက် ၊ နောက်ထပ်တစ်ရွက်သို့..
ဦး နဲ့ စတွေ့ကြပုံနှင့် အလိုမတူပဲ..အစေခံဖြစ်လာပုံ ။
နောက်ပိုင်း သိလိုက်ရတာက...
သနားစရာ​ ကောင်းတယ့်သခင်လေးဘဝ၊ ကျတော့်အပေါ်အရမ်းကောင်းတယ့် သခင်လေးကို အမြဲစောင့်ရှောက်ပါ့မယ် ။
အသေးစိတ်မရေးထားပေမယ့် ဒီလောက်ကတော့ ကျွန်တော်ခန့်မှန်းလို့ရသည်။
^^သခင်လေးကိုအတော်ကြာမှ နားလည်နိုင်ခဲ့တယ် ၊ကတိသစ္စာပြုပါတယ် ၊ ကျွန်တော် အန်းယွမ်ရှုသည် ရှောင်းကျန့်ကို အသက်နဲ့လဲ၍ကာကွယ်ပါမည် ။^^^
ရီပေါ် ခေါင်းညိမ့်ပြီးထောက်ခံသမှုပြုလိုက်သည်။ ထို့နောက် စာရွက်နောက်တစ်ရွက်လှန်လိုက်စဥ်...ရင်ထဲအေးခနဲဖြစ်ကာ..အသားပင်တစ်ဆတ်ဆတ်တုန်လာသည်။
^^^တောင်းပန်ပါတယ်
သခင်လေးကို...မကာကွယ်နိုင်ခဲ့လို့တောင်းပန်ပါတယ် ၊
ကျတော့် မျက်စိရှေ့မှာ Rape ခံနေရတာ
မြင်ရက်သားနဲ့..မကာကွယ်ပေးနိုင်ခဲ့ဘူး
အရမ်းနာကျင်ခဲ့မှာပဲ ၊
၁၅ နှစ်အရွယ်မှာ..စိတ်ဒဏ်ရာရခဲ့မှာပဲ^^
Rape!!!
Rape!!!
Rape!!!
ရီပေါ့်ခေါင်းထဲ ထိုစကားလုံးကသာ ပဲ့တင်မြည်ဟီးလျက် ။
ဦး..က Rape ခံလိုက်ရတယ် ၊
ဘာလို့လဲ..ဒီလောက်ဖြူစင်တယ့် ဦး ကို အရောင်ဆိုးပစ်လိုက်တာ ဘယ်သူလဲ??
^^^သတိမမေ့ခင်ပြောသွားတယ့်စကားတစ်ခွန်း၊ ငါ့အတွက် ကျူးယဲ့ကို သတ်ပေးရမယ် ယွမ်ရှုတယ့် ၊
ကျတော် မျက်ရည်များကြားထဲ..ခေါင်းညိမ့်ပြမိတယ် ၊ ဘယ်ဆီဘယ်ဝယ်ကမှန်းမသိတယ့် အင်းအားတွေက ထုနဲ့ထည်နဲ့ ကျတော့်ဆီရောက်လာတယ် ၊ လက်တွေကြိုးတုပ်ခံထားရပေမယ့် ကျတော့်ခြေထောက်တွေက..သန်မာနေတုန်းပဲ ။^^^^
***Sob...*Sob...
ထိန်းနေသည့်ကြားထဲမှ ရီပေါ် ရှိုက်ငိုမိသည်။ ကျူးယဲ့ ဆိုသည့်လူအားသတ်ပစ်ချင်စိတ်သာကြီးစိုးနေတော့သည် ။ ဦးလေးယွမ်ရှုကရော အဲ့လူကိုသတ်ပစ်လိုက်လား?
^^^သခင်လေးပေါင်ရင်းတစ်လျောက်စီးကျနေတယ့်..သွေးစိမ်းရှင်ရှင်ကိုကြည့်ပြီး ကျတော်သည်းထန်စွာရှိုက်ငိုနေမိတယ် ၊
သတိလစ်နေတယ့် သခင်လေးကိုကြည့်ပြီး
ကိုယ့်ဘာသာအပြစ်တင်မိတယ် ၊
ငါ အသုံးမကျလို့ သခင်လေးဘဝ ဖျက်ဆီးခံလိုက်ရတာ ။ ကျူးယဲ့..ခင်ဗျားကသေဖို့ထိုက်တန်တယ် ၊^^^
"အား....ဘာလို့လဲ ဘာလို့လဲဗျာ *Sob...ဘာလို့..ကျတော့်ရဲ့ ဦး ကိုစိတ်ဒဏ်ရာတွေပေးရတာလဲ..** Sob... "
ထိုစဥ်...ခပ်ဆွေးဆွေးလွင့်ပျံလာတယ့်..
ဖုန်း Raingtone သံ ၊ ရီပေါ် အလျင်အမြန်ကောင်ကိုင်လိုက်ကာ...
"ကျတော်..ခုချက်ချင်း Company ကိုလာခဲ့မယ် "
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"ဦးလေး..ယွမ်ရှု..."
ငိုကြီးချက်မနဲ့...အပူသည်ရုပ်ပေါက်နေတယ့်..ရီပေါ်ကိုကြည့်ကာ...ယွမ်ရှု ထိုင်နေရာမှ ဆတ်ခနဲထရပ်လိုက်မိသည် ။ အခန်းထဲက File တစ်ခုရှာခိုင်းလိုက်ပါတယ် ၊ ခုပုံစံက ဘာဖြစ်တာလဲ???
"*** Sob...ဦးလေးယွမ်ရှု..ဒီစာအုပ်မှာရေးထားတာအမှန်တွေလား "
ရီပေါ် လက်ထဲမှစာအုပ်အနက်လေးကိုကြည့်ကာ..ယွမ်ရှု ခေါင်းထဲချာချာလည်သွားသည်။ ခါးသီးတယ့်..အတိတ်တွေကိုမှ..ရီပေါ် က ရှာတွေ့ခဲ့လေသလား? ?
"ဦးလေး ယွမ်ရှု..ကျွန်တော်မေးနေတာကြားလား.."
ယွမ်ရှု...မျက်တောင်တစ်ဖျတ်ဖျတ်ခတ်ကာ..အံကိုသာတင်းတင်းကြိတ်ထားမိသည်။ ထို့နောက် ရီပေါ် အား ခေါင်းညိမ့်ပြပြီး...
"ဒိုင်ယာရီပါဆို ၊
မဟုတ်တာတွေ ရေးမလား "
Office ခန်းထဲ ရီပေါ့် အသံကကျယ်လောင်စွာနှင့်..
"ဘယ်မှာလဲ...???
အဲ့..ကျူးယဲ့ဆိုတယ့်သူ..ဘယ်မှာလဲ ၊
ကျတော့်ကိုပြော * Sob...ဘာလို့ ဦးကို
အဲ့လိုလုပ်ခဲ့ရတာလဲဗျာ...***Sob.."
ငိုရှိုက်ရင်း မိမိရှေ့မှာ ဒူးထောက်ကျသွားတယ့် ရီပေါ်လေး ၊ယွမ်ရှု နှစ်သိမ့်စကားမဆိုမိခဲ့ ၊ ကိုယ်တောင်မျက်ရည်အနိုင်နိုင် ထိန်းနေရတာမဟုတ်လား ၊ ဒိုင်ယာရီဖတ်ပြီး..ဒီလောက်ခံစားနေရရင် ၊ မိမိရှေ့မှာ...Rapeခံနေရပြီး မကယ်တင်နိုင်ခြင်းက ပို၍ရင်နာဖို့ကောင်းလှသည် ။
"အဲ့စာအုပ်ကိုပေး ၊
အိမ်ပြန်တော့..."
ရီပေါ်က.ခေါင်းတွင်တွင်ခါသည်။
"မပြန်ဘူး ၊
အဲ့လူကြီး ဘယ်မှာလဲ ၊
ကျွန်တော့်ကိုပြောပြ "
ယွမ်ရှုက ရီပေါ်ကိုဆွဲထူကာ...မျက်ရည်များသုတ်ပေးလိုက်သည်။ ပြီးမှလေသံတိုးလေးနှင့်...
"Sir အမိန့်အတိုင်းသတ်ပစ်လိုက်တယ်၊
အဲ့ ဂိုထောင်ထဲမှာပဲ..သူ့ကိုမီးရှို့ပစ်လိုက်တယ်၊ နောက်ထပ်ဘာ့မှ မမေးနဲ့တော့၊ ဦးလေး မဖြေနိုင်ဘူး.."
ပြတ်ရှရှစကားသံတွေက..အနည်းငယ်မာထန်နေမှန်း..ရီပေါ်သိသည်။ စာအုပ်ကို ဦးလေးယွမ်ရှု လက်ထဲထည့်ပေးလိုက်ပြီး..
"ဦးးး China က အပြီးအပိုင်ထွက်သွားတာတော့ မဟုတ်ပါဘူးနော် "
ယွမ်ရှု ဟက်ခနဲတစ်ချက်ရယ်ကာ..သူ့လောက်နီးနီး..အရပ်ရှည်လာတယ့် ရီပေါ့် ပုခုံးကိုဆုပ်ညစ်လိုက်ရင်း စကားဆိုမိသည်။
"အဲ့ဒါကို ဦးလေးလဲမသိဘူး ၊
ဟိုနေ့က ပြောတာတော့...Canadaမှာနေရတာ အရမ်းပျော်ဖို့ကောင်းတယ်တယ့် ၊Sirလေသံအရဆိုတော်တော်ပျော်နေပုံပဲ "
ရီပေါ်..သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ကာ..
"အင်း..ဦးး ပျော်တယ်ဆိုတော့ကောင်း
တာပေါ့ ၊ ကျတော် ပြန်တော့မယ် "
လှည့်ထွက်ရန်ပြင်လိုက်သော်လည်း..မိမိလက်ကိုလှမ်းဆွဲထားတယ့် ဦးလေးယွမ်ရှုကြောင့်..ရီပေါ် မှင်သေသေနဲ့ပြန်ကြည့်လိုက်ပြီး...
"ဘာဖြစ်လို့လဲ..ဦးလေး.."
ယွမ်ရှု မမေးသင့် ၊ မေးသင့်အကြိမ်ကြိမ်စဥ်းစားနေကာ နောက်ဆုံးတွင်တော့...စိတ်ဒုံးဒုံးချလိုက်ပြီး..
"ခုမေးတယ့်မေးခွန်းက..ဦးလေးအတွေးလွန်တာလဲဖြစ် နိုင်တာမို့..ရီပေါ်လေးက စိတ်ထဲသိပ်မထားပါနဲ့..."
"ဟုတ်..ဘာမေးမလို့လဲ..."
ယွမ်ရှု အသံက အနည်းငယ်တုန်ယင်နေမှာအသေအချာပင်..၊ အသံကို အတတ်နိုင်ဆုံးတိုးလိုက်ကာ..လေသံသဲ့သဲ့နှင့်..
"ရီပေါ်လေးစိတ်တွေက
Sir အပေါ်မှာ မရိုးသားသလိုပဲ ၊ အာ Sorry ဦးလေးအထင်မှားတာနေမှာ......"
"အမှန်ပဲ.ကျွန်တော် ဦး ကို ချစ်တယ်"
ပြောလက်စ စကားများထပ်မထွက်လာပဲ..ပါးစပ်ကြီး ဟ ပြီး အံသြမင်သက်နေသော ယွမ်ရှုနှင့်ကြမ်းပြင်ကို..ပေါက်ထွက်လု မတတ်စိုက်ကြည့်နေတယ့် ရီပေါ်၊
နှစ်ယောက်ကြား လေထုက တော်တော်လေးကိုတိတ်ဆိတ်သွားကာ..အန္တရာယ်အငွေ့အသက်များလဲ ရနေသလိုပင် ။ ရီပေါ်က ပဲ တိတ်ဆိတ်မှုကို ဖြိုခွင်ပစ်လိုက်သည်။
"ကျွန်တော် ဦးးး ကို အရမ်းချစ်တယ် "
ဟာသ မဟုတ်ပါပဲ ယွမ်ရှုက တစ်ဟားဟားအော်ရယ်ကာ..
"အာ..ချစ်လို့ရတာပေါ့ ၊
Sir က မင်းကိုငယ်ငယ်လေးထဲက မွေးစားခဲ့တာ ၊ ဘာပဲဖြစ်ဖြစ် အနေနီးတော့ သံယောဇဥ်ဖြစ်တာ မဆန်းပါဘူး "
ရီပေါ်က..ခေါင်းတွင်တွင်ခါရင်း..
"ကျွန်တော်ချစ်တာ...ဦးလေးထင်သလိုမဟုတ်ဘူး ၊ ချစ်သူလိုချစ်တာ ၊ အိမ်ထောင်ဖက်လို သဘောထားတာ ၊ ဦးအနားမှာ အမြဲနေချင်​တာ ၊ ဦးးးကိုကာကွယ်ပေးပြီး...သေဆုံးတယ့်အထိအတူနေသွားချင်တာ...နောက်ပြီး......."
"တော်စမ်း..၊
ရီပေါ် မင်းပါးစပ်ပိတ်ထားတော့ "
ရီပေါ်..အယောင်ယောင်အမှားမှားနှင့်..ခြေလှမ်းတို့ကိုနောက်ပြန်ဆုတ်ကာ..
"ဘာလို့လဲ...ကျွန်တော်က ဦးးးး ကို "
"ဆတ်မပြောနဲ့ ရီပေါ် ၊
မင်း Sir အရိပ်အောက်မှာဆက်နေချင်သေးရင်..ဒီစကားတွေကို ဒီမှာရပ်ပါ ၊ကြားလား..."
ရီပေါ် ခေါင်းလဲ မခါမိသလို ၊ ခေါင်းလဲမညိမ့်မိ ၊ ထိုအခန်းထဲမှ ကတိုက်ကရိုက်ပြေးထွက်လာမိသည်။
ရင်ထဲ ပဲ့တင်ထပ်အောင် မြည်ဟီးနေတာက
"ကျွန်တော်က ဦးးးကိုချစ်လို့မရဘူးလား
ကျွန်တော်က ဦးးးးနဲ့မထိုက်တန်ဘူးလား
ဘာကြောင့်လဲ ဘာကြောင့်လဲ "
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"ဆိုင်ကယ် ဝယ်ပေးထားတာပဲ ဘာလို့လမ်းလျှောက်မှာလဲ..."
ယွမ်ရှုရဲ့..စူပွပွအပြောကို..ရီပေါ်ကမျက်ကွယ်ပြုပြီး..
"ရတယ်..ဦးလေး..၊
လမ်းထိပ်တင်ပဲဟာ ၊
ကျွန်တော် လမ်းပဲလျှောက်တော့မယ် "
"အင်း...ပုဇွန်များများ၊ ဂဏာန်းများများနဲ့နော် ရီပေါ်လေး..."
"ဟုတ်...."
ခြံထဲမှ တစ်လှုပ်လှုပ်ထွက်သွားတယ့်ရီပေါ့်ကိုကြည့်ကာ..ယွမ်ရှု သက်ပြင်းသာချလိုက်မိသည် ။ အရင်ကလို သွက်သွက်လက်လက်မဟုတ်ပဲ..အမြဲထိုင်းမှိုင်းနေတယ့် ရီပေါ်ကြောင့်..အနည်းငယ်တော့စိတ်ညစ်ရသည် ။
ဘာလို့..Sir ကို ချစ်ရတာလဲ??
ရှောင်းကျန့် ဆိုတာက သူ့အတ္တနဲ့သူ မင်းမူနေသောလူတစ်ယောက်၊
အခုလိုအခြေအနေဖြစ်မှာစိုးလို့..ဓားစာခံဆိုတယ့်စကားလုံးကို နားဝင်အောင်ရိုက်သွင်းပေးခဲ့တယ် ၊
ဒါပေမယ့်..မှန်းချက်နှင့် နှမ်းထွက်က မကိုက်ပါပဲ...ဦးးးကိုချစ်တယ်တယ့် ။
ရှောင်းကျန့်သာ..ဒီစကားကိုကြားရင် ဘယ်လိုမျိုးတုန်ပြန့်မလဲ?
ကောင်းမွန်တယ့် တုန့်ပြန်မှုတော့ ကျိန်းသေမဖြစ်နိုင် ။
"ဟူးးးးး....ရီပေါ်လေးကို..
နယ်ပြန်ပို့လိုက်ရင်ရော...အာ...မသိတော့ဘူးကွာ "
ခေါင်းကိုတစ်ဗျင်းဗျင်းကုပ်ကာ ယွမ်ရှုတစ်ယောက်အိမ်ထဲဝင်သွားတော့သည်။
"ဦးးး ကို ချစ်မိတာအပြစ်လား..???"
"ဘာလို့လဲ..."
"ဦးးး ကို ချစ်ဖို့ကျွန်တော်က မထိုက်တန်တာလား? "
နေပူပူမှာ မိမိအရိပ်ကိုကြည့်ပြီးမေးခွန်းထုတ်နေတယ့် ကောင်လေးတစ်ယောက်။ လမ်းလျှောက်ရင်း..တစ်တွတ်တွတ်ရေရွတ်နေပုံက အရူးတစ်ယောက်လိုပင် ၊
"ဘာကြောင့်လဲလို့...ကျွန်တော့်ကိုပြောပြ"
လမ်းဘေး ပလက်ဖောင်းပေါ်ငုတ်တုတ်ထိုင်ချလိုက်ပြီး တစ်သိမ့်သိမ့်ရှိုက်ငိုနေသော ဝမ်ရီပေါ် ၊ လက်ထဲမှာတော့ Hotpot ဝယ်ဖို့ပိုက်ဆံကိုတင်းတင်းဆုပ်လို့ ။
မည်သူကိုမှ ဂရုမစိုက်နိုင် ၊
ကိုယ့် ဝမ်း နာ ၊ ကိုယ် သာ အသိဆုံး ။
မိမိဘက်က..အမြဲရပ်တည်ခဲ့သော ဦးလေးယွမ်ရှုကတောင် ဒီလောက်ထိခါးခါးသီးသီးတုန်ပြန့်နေလျှင်....ဦးးးး ကရောဘယ်လို တုန့်ပြန်မလဲ? ?
ဖြူစင်တယ့် အချစ်တစ်ခုမှာ ပညတ်ချက်တွေ လိုလို့လား ဦးရယ် ။
"ရီပေါ်..."
"ရီပေါ်..."
မျက်ရည်များနှင့် ခေါင်းမော့ကြည့်လိုက်စဥ်..မမျှော်လင့်သောသူက ဆီးကြိုနေတာမို့..ရီပေါ်..ထိုင်ရာမှ ထလိုက်မိသည်။
ထို့နောက်..ပါးစပ်မှ..ခုန်ထွက်သွားသောနာမ်စားတစ်ခုက....
"မမ...မမဖေးရန်"
"အင်း...ရီပေါ်..မမ နဲ့အီတလီလိုက်ခဲ့နော် "
"ဗျာ...."
ပြသာနာဆိုတာ..အပေါင်းအပါနဲ့လာတတ်လေသလား..။
နားထဲထပ်တလဲလဲ ကြားနေမိတယ့်.. သြရှရှအသံလေးက အမိန့်ဆန်စွာ...
" ဘယ်တော့မှ China ကိုပြန်မလာခဲ့နဲ့ ၊
မင်းတို့နှစ်ယောက China ကိုခြေချတယ့်နေ့ ဒီကောင်လေးတစ်ခုခုဖြစ်ရင်ဖြစ် မဟုတ်ရင် မင်းတို့တစ်ခုခု ဖြစ်ဖို့ ငါအာမခံတယ် ၊ "
ခုမှ နားလည်လိုက်တယ် ၊
ဓားစာခံ ရဲ့ အဓိပ္ပါယ်ကို..။
_____________________________
1988 Words (10.12.2019)
Thank you for Reading
Sanay Moe Swe
______________________________
&&&&& Zawgyi &&&&&
"အာ...ဦးလေးယွမ်ရှုအခန်းက ရှုပ်ပွနေတာပဲ ၊ ကျတော်က အဲ့ File ကို ဘယ်လိုရှာရမှာလဲ.."
ဒိုယ်ယာရီစာအုပ်ဆိုတာပင် ။
ကုတင်ပေါ် ကျကျနနထိုင်ရင်း..ပထမဆုံးစာမျက်နှာမှာတစ်ဆင့်..နောက်ထပ်တစ်ရွက် ၊ နောက်ထပ်တစ်ရွက်သို့..
အသေးစိတ်မရေးထားပေမယ့် ဒီလောက်ကတော့ ကျတော်ခန့်မှန်းလို့ရသည်။
ကတိသစ္စာပြုပါတယ် ၊ ကျတော် အန်းယွမ်ရှုသည် ရှောင်းကျန့်ကို အသက်နဲ့လဲ၍ကာကွယ်ပါမည် ။""
""တောင်းပန်ပါတယ် ၊
အရမ်းနာကျင်ခဲ့မှာပဲ ၊
Rape!
Rape!
Rape!
ဦး..က Rape ခံလိုက်ရတယ် ၊
***Sob...*Sob...
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"ဦးလေး..ယွမ်ရှု..."
"ဦးလေး ယွမ်ရှု..ကျတော်မေးနေတာကြားလား.."
"ဒိုင်ယာရီပါဆို ၊
မဟုတ်တာတွေ ရေးမလား "
"ဘယ်မှာလဲ...
"အဲ့စာအုပ်ကိုပေး ၊
အိမ်ပြန်တော့..."
"မပြန်ဘူး ၊
အဲ့လူကြီး ဘယ်မှာလဲ ၊
ကျတော့်ကိုပြောပြ "
"ဘာဖြစ်လို့လဲ..ဦးလေး.."
"ဟုတ်..ဘာမေးမလို့လဲ..."
"ရီပေါ်လေးစိတ်တွေက
"အမှန်ပဲ.ကျတော် ဦး ကို ချစ်တယ်"
"ကျတော် ဦးးး ကို အရမ်းချစ်တယ် "
"အာ..ချစ်လို့ရတာပေါ့ ၊
"ကျတော်ချစ်တာ...ဦးလေးထင်သလိုမဟုတ်ဘူး ၊ ချစ်သူလိုချစ်တာ ၊ အိမ်ထောင်ဖက်လို သဘောထားတာ ၊ ဦးအနားမှာ အမြဲနေချင်​တာ ၊ ဦးးးကိုကာကွယ်ပေးပြီး...သေဆုံးတယ့်အထိအတူနေသွားချင်တာ...နောက်ပြီး......."
"တော်စမ်း..၊
"ဘာလို့လဲ...ကျတော်က ဦးးးး ကို "
"ဆတ်မပြောနဲ့ ရီပေါ် ၊
"ကျတော်က ဦးးး ကိုချစ်လို့မရဘူးလား ၊
ကျတော်က ဦးးးးနဲ့မထိုက်တန်ဘူးလား
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"ရတယ်..ဦးလေး..၊
လမ်းထိပ်တင်ပဲဟာ ၊
ကျတော် လမ်းပဲလျှောက်တော့မယ် "
"ဟုတ်...."
အခုလိုအခြေအနေဖြစ်မှာစိုးလို့..ဓားစားခံဆိုတယ့်စကားလုံးကို နားဝင်အောင်ရိုက်သွင်းပေးခဲ့တယ် ၊
"ဟူးးးးး....ရီပေါ်လေးကို..
"ဘာလို့လဲ..."
"ဦးးး ကို ချစ်ဖို့ကျတော်က မထိုက်တန်တာလား? "
"ဘာကြောင့်လဲလို့...ကျတော့်ကိုပြောပြ"
"ရီပေါ်..."
"ရီပေါ်..."
"မမ...မမဖေးရန်..."
"ဗျာ...."
မင်းတို့နှစ်ယောက် China ကိုခြေချတယ့်နေ့ ဒီကောင်လေးတစ်ခုခုဖြစ်ရင်ဖြစ် မဟုတ်ရင် မင်းတို့တစ်ခုခု ဖြစ်ဖို့ ငါအာမခံတယ် ၊ """
ခုမှ နားလည်လိုက်တယ် ၊
ဓားစားခံ ရဲ့ အဓိပ္ပါယ်ကို..။
_____________________________
1988 Words (10.12.2019)6:55PM
Thank you for Reading
Sanay Moe Swe
______________________________
Continue Reading
You'll Also Like
2K 306 6
Could you give me 100% ? ≧∀≦ _Completed_ Park Gunwook & Zhang Hao | Fanfiction |
439K 19.5K 47
ပထမဆုံး Yizhan fan fic လေးပါ သူတို့နှစ်ယောက်ကိုချစ်လွန်းလို့သာရေးရတာ သိပ်တော့မရေးတတ်ဘူးရယ်😁
721K 122K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
23.4K 1K 20
YiZhan ပါ ပထမဆုံး Ficမို့အမှားပါရင် သည်းခံပေးပါ Started 11.11.2022 Ended 29.11.2022