....."Xiao Oo Oo".....{{ COMP...

By Sanaymoeswe

727K 63.3K 4.8K

(Unicode +Zawgyi) ♥Fanfic တစ်ခုမျှသာ၊ မည်သူကိုမှ ထိခိုက်လိုစိတ်မရှိ♥ လွဲမှားနေသော ချစ်ခြင်းများနှင့်အတူ ကျွန်... More

Chapter...(1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter(23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
🙏🙏🙏
Chapter (41)
Chapter (42)
Chapter (43)
Extra(1)
Extra(2)
Extra(3) (Ending)

Chapter (17)

13.4K 1.3K 60
By Sanaymoeswe


( ဝါသနာအရ စာရေးတာမို့လို့ ကိုယ့်ကိုမတိုက်ခိုက်ကြပါနဲ့..အနူးအညွှန့်တောင်းပန်နေတာပါ ၊ မဖတ်ချင်ရင်ကျော်သွားပါ ၊ မမြင်ချင်ရင် Unfollowလုပ်လိုက်ပါ Ok..ပင်ပန်းတယ့်ကြားထဲ..စိတ်ဆင်းရဲအောင်မလုပ်ကြပါနဲ့၊ အတင်းလဲမဖတ်ခိုင်းပါဘူးနော် ၊စာရေးလို့ပိုက်ဆံလဲမရပါဘူး၊ဘေကုန်သလို အချိန်လဲကုန်ပါတယ် ၊ကိုယ်က ဝါသနာပါလို့သာရေးနေတာ၊ ခု.တင်တယ့် အပိုင်းဆို ၂ နာရီကျော်ရိုက်ထားရတာပါ၊ ဘာရယ်မဟုတ်ပါဘူး ။
တစ်ချို့...
တစ်ချို့သော...သူတွေကိုသိစေချင်တာပါ၊
ဘယ်သူတွေဘာပြောပြော...
ကိုယ် လုပ်ချင်တာဆက်လုပ်မှာမို့...
So Sad ပါနော်။

(အရည်ရ..အဖက်ရချင်ရင်..မုန့်ဟင်းခါးဝယ်စားပါ ၊
ပေါ့နေရင်ဆားထည့်စားပါ၊ဟုတ်တယ်ဟုတ်
နောက်ပြီး Seme...
Uke....ကိစ္စပါ ၊
ဒါကတော့ ကိုယ့်အမြင်နဲ့ကိုယ်ပါ ၊
လူတိုင်းက အမြင်ချင်းမတူနိုင်ပါဘူး၊
Zhan Ge ကို T ထားလို့..၊
Yi Bo ကို B ထားလို့ ၊
ကြံဖန်ပြီး War မရှာပါနဲ့နော် ၊
ကိုယ် Mood ဝင်သလိုရေးတာမို့ စိတ်မရှိပပါနဲ့ ၊ Fan Fic ဆိုတာကိုလဲသတိရပေးပါ ၊ တစ်ဖက်စောင်းနင်းမလုပ်ကြပါနဲ့၊
ကိုယ်သည်းခံခဲ့တာ တော်တော်ကြာပါပြီ၊
ခုတော့ အမုန်းခံပြီးပေါက်ကွဲလိုက်တာ..၊
ရင်ထဲပေါ့သွားတာပဲ ။
အားလုံးကိုစိတ်အနှောင့်အယှက်ပေးမိရင်တော့..ကိုယ်တကယ်တောင်းပန်ပါတယ်။
ဟုတ်ကဲ့..ကျေးဇူးပါ ။

____><____><____><____><____><

####Unicode#### Chapter (17)

"ဦးလေးယွမ်ရှု,...."

တုံ့ပြန်သံမကြားရသော်လည်း Back မှန်မှသူ့ကိုကြည့်ကာမေးဆတ်ပြသည်။ ဘာလဲဆိုသည့်သဘော ။ ရီပေါ် မျက်နှာကို ဇီးစေ့လောက်ငယ်ပြလိုက်ရင်း...

"ဦးလေးယွမ်ရှု ဆို....."

"ဘာလဲကွာ ဘာလဲ...ကျွီ..."

အသံနှင့်အတူ ကားကပါတုံ့ခနဲရပ်သွားသည်။ ယွမ်ရှုက နောက်ခန်းမှ ရီပေါ့်ကိုမှင်သေသေပြန်ကြည့်ပြီး...

"ပြော...၊ ဘာပြောမှာလဲ "

ရီပေါ်က မျက်နှာချိုသွေးကာ ဟီးခနဲရယ်ပြလိုက်သည်။ပြီးမှ...

"ဟိုလေ ၊ ကျတော့် ကိုစိတ်ဆိုးနေတာလား၊ နောက်တစ်ခါ ဦးအခန်းကိုခိုးမဝင်တော့ဘူးလို့ကတိပေးပါတယ် နော် နော် ၊
ကျတော် မှားမှန်းသိပါပြီ..."

ယွမ်ရှုသက်ပြင်းကို ဟူးခနဲမှုတ်ထုတ်ကာ..

"မင်း...မွှေချက်ကတော့ကမ်းကုန်းပဲ၊
တစ်အိမ်လုံး ၊ တစ်ခြံလုံးပြဲပြဲစင်အောင်သွားလို့ရတယ် ၊ Sir အခန်းကိုတော့ဝေးဝေးရှောင်လို့ ငါမပြောထားဘူးလား "

လေသံအရဆို ဦးလေးယွမ်ရှုအမှန်တကယ်စိတ်တိုနေမှန်း ရီပေါ်သိလိုက်သည် ၊ ဦး အခန်းကိုခိုးဝင်တယ့်နေ့မှ စပြီးမိမိကို မခေါ်မပြောလုပ်တာ အတော်ကြာပြီ ၊ ခုလဲ ကျောင်းအပ်ရမှာမို့သာ...မဖြစ်မနေလိုက်ပို့ခြင်း ၊

"ဝမ် ရီ ပေါ် "

"ဗျာ ....."

"ဘာတွေ့လဲဟမ် ၊ Sir အခန်းထဲမှာမင်းဘာတွေတွေ့ခဲ့လဲ "

မိမိကို ပလိပ်စစ်စစ်နေတာမို့ ရီပေါ်ငိုချင်လာမိသည်။ ဦလေးယွမ်ရှုက အမြဲတမ်းကျတော့်အပေါ်နားလည်ခဲ့တာ ၊ ဒါပေမယ့် ခုအခြေအနေကြီးက နည်းနည်းတော့ကြောက်ဖို့ကောင်းတယ် ၊

ယွမ်ရှုလဲ...လေသံခပ်မာမာဖြင့်သာမေးလိုက်မိသည် ။ ဒီကောင်လေးကို ခုလိုဆတ်ဆံမှရလိမ့်မည် ။ ဒီထက့်အတင့်ရဲလာလျှင်စိတ်ဆတ်သော ရှောင်းကျန့်က တစ်ခုခုလုပ်လိုက်လျှင်မခက်ပေဘူးလား ၊

"ငါ မေးနေတာမကြားဘူးလား ရီပေါ် ၊
ဘာတွေတွေ့ခဲ့ရလဲ ပြောပြစမ်းပါအုံး"

ရွဲ့မေးနေမှန်းသိပေမယ့် ရီပေါ်ခေါင်းညိမ့်ပြရင်း...

"ဟို ကျတော်တွေ့တာက ကုတင်တစ်လုံးရယ် ၊ ရေချိုးခန်းနဲ့အိမ်သာ ၊ ပြီးတော့ စက်ရုပ်လိုအသံအက်အက်ကြီး အဲ့ဒါပဲတွေ့တယ် "

"အေ...ထူးခြားတယ်လို့မင်းထင်မှာပဲ ၊
အဲ့ဒါ Sir အခန်းပေမယ့် အဲ့အခန်းထဲမှာမှ
လျှို့ဝှက်ခန်းရှိသေးတယ် ၊ Sir က အဲ့အခန်းထဲမှာနေတာ ရှင်းပြီလား ၊ ဘာထပ်သိချင်သေးလဲ..."

ရီပေါ်က မျက်လုံးများဝိုင်းစက်ကာ အာရုံစိုက်စွာနားထောင်နေပြီး...

"ကျတော့် ထပ်သိချင်တာကလေ ၊
အဲ့ လျှို့ဝှက်ခန်းကိုဘယ်လိုသွားရတာလဲလို့"

အတင့်ရဲသော ဝမ်ရီပေါ်ကိုကြည့်ကာ ယွမ်ရှုမှာတော့ ငိုရခက်ခက် ၊ ရယ်ရခက်ခက်။
အဲ့ဒီလူကြီးပေါက်စရဲ့ နားရင်းကိုတစ်ချက်ပိတ်ရိုက်လိုက်ကာ...

"ပြောလေ ကဲလေပါလား ၊
ဘာ လျှို့ဝှက်ခန်းကိုသိချင်တာလဲ ၊
အသက်ငယ်ငယ်နဲ့ စပ်စုလွန်းတယ် "

မနာပေမယ့်...ရီပေါ်မျက်ရည်လေးတစ်စမ်းစမ်းလုပ်ကာ..ဟန်ဆောင်ကာမူပိုလိုက်သည် ၊ပြီးမှ ငိုမဲ့မဲ့မျက်နှာပေးနှင့်...

"ဘာလို့လဲဗျ ၊
ကျတော်က ဒီအတိုင်းသိချင်လို့ပါဆို..."

ယွမ်ရှုက ရီပေါ့်ခေါင်းကိုခပ်ဖွဖွပုတ်ကာ...

"မသိချင်နဲ့ ၊
ကားပေါ်ကဆင်း ၊
ကျောင်းအပ်ရမှာမလား "

"အင်း...ဦးလေးလိုက်ပေးစရာမလိုဘူး ၊
ဟိုဘက်ကျောင်းက ထွက်စာရှိနေတာပဲ ၊
ကျတော့် ဘာသာအပ်လိုက်မယ် ၊
ကားပေါ်မှာပဲ စောင့်နေပေး..."

လူကြီးစတိုင်ဖမ်းနေတယ့် ရီပေါ်ကြောင့်
ယွမ်ရှု တစ်အုန်းအုန်းနဲ့သာအော်ရယ်မိသည်။ ပြီးမှ ထိုလူကြီးပေါက်စအား အစုံအဆန်ကြည့်လိုက်ကာ...

"ကလေးက ကလေးလိုနေစမ်းပါ ရီပေါ်ရာ၊
ဘာဖြစ်လို့ နေရာတိုင်းမှာ ကိုယ့်လက်၊ ကိုယ့်ခြေလုပ်ချင်ရတာလဲ "

သို့သော် သူ့အမေးကိုထိုကောင်လေးက..
တစ်ခွန်းတည်းနဲ့သာတုန့်ပြန်သည် ။

"ကျတော် ကလေးမဟုတ်တော့ဘူးတယ့်"

ရီပေါ့်သဘောအတိုင်း ယွမ်ရှုကားပေါ်မှာနေရစ်ခဲ့သည်။ File တွဲပိုက်ကာ ခပ်သော့သော့လမ်းလျှောက်သွားတယ့်ကောင်လေးကိုကြည့်ရင်းနဲ့ပေါ့ ။
.
.
.
.
.
ကျောင်းအပ်ချိန်မို့ ကျောင်းဝန်းထဲမှာ
လူစုံနေတာအမှန် ၊ ယွမ်ရှု ကျောင်းကြီးကိုလှည့်ပတ်ကြည့်ရှုရင်း ပြုံးလိုက်မိသည်။
ကျောင်းနောက်ဘက်ကိုလမ်းလျှောက်လာရင်း သူ့အမြင်ကိုဖမ်းစားသွားသော အပင်ကြီး ။

နှစ်တွေသာကြာသွားတယ် ။ ကျောင်းနှစ်ကျောင်းအလယ်မှာ ပေါက်နေတယ့် မိုးမခပင်ကြီးကတော့ အရင်ကလိုလှပနေဆဲ၊

ကျောင်း ​အနောက်ဘက်မှာမို့ ဒီနေရာဟာလူအရောက်အပေါက်နည်းသည် ၊ အပင်ကြီးအောက်မှာ ပတ်ပတ်လည်ရိုက်ထားတယ့် ပျဥ်းကတိုးကွပ်ပျစ်မှာ ထိုင်လိုက်ရင်း ယွမ်ရှုတစ်ချက်ရယ်လိုက်မိသည် ။

ဒီနေရာက သူနဲ့သခင်လေးတို့စတွေ့တယ့် နေရာမဟုတ်လား ၊
သခင်လေးက International Schoolကဖြစ်ကာ...မိမိက ထိုကျောင်းနဲ့ကပ်ရက် ရိုးရိုးအထက်တန်းကျောင်းက။

မိဘမဲ့ဖြစ်တယ့် ကျတော်က ဂေဟာမှူးရဲ့အကူအညီကြောင့်ကျောင်းတတ်ခွင့်ရခ့ဲတယ် ၊ သို့သော် နှစ်အောက်ခဲ့တာမို့ သာမန်ကျောင်းသားတွေထက် အသက်ကြီးကာ လူကောင်းလဲပိုထွားတယ်။
သို့ပေမယ့် ထိုလူကောင်နဲ့ မလိုက်ဖက်စွာပင်...ကျောင်းမှာဘိတ်ချေး ဖြစ်ကာ အမြဲအနိုင်ကျင့်ခံရခြင်း ။

အဲ့ဒါကြောင့် မုန့်စားဆင်းချိန်ရောက်တိုင်း..ဒီသစ်ပင်ကြီးပေါ်တတ်ပုန်းနေကြ။
ကျတော်အပင်ပေါ်ရောက်တိုင်း သိပ်မကြာဘူး ၊ မျက်မှန်ဝိုင်းလေးနဲ့ကောင်လေးတစ်ယောက်က...ကွပ်ပျစ်မှာလာထိုင်ပြီးစာဖတ်နေကျ ၊  Bell တီးတာနဲ့ခပ်သော့သော့ထွက်သွားကာ...သူစားလက်စ စားစရာတွေကို ဒီအတိုင်းထားခဲ့လေ့ရှိတယ်။

ဘယ်ပြောကောင်းမလဲ? ?
အဲ့ မုန့်တွေကိုယူစားပစ်တာပေါ့ ။
ကျတော့်လို ဂေဟာမှာနေတယ့် သူအတွက်က ထမင်းသုံးနပ်တောင်အနိုင်နိုင်ရယ် ၊
ကိုယ်က ဂေဟာမှာအကြီးဆုံးမို့ အောက်ကအငယ်တွေကိုလဲညှာရသေးတယ် ၊ ဒီကြားထဲ ကျောင်းကကောင်တွေဝိုင်း အနိုင်ကျင့်တာလဲခံရတယ် ၊ ဆရာမနဲ့လဲမတိုင်ရဲဘူး၊ သူတို့ကကျတော့်ထက် 3 နှစ်လောက်ငယ်တယ့်အပြင် လူကောင်ကလဲသေးသေးလေးတွေ ။

ကျတော့်ကို အနိုင်ကျင့်ပါတယ်လို့ပြောရင်
ဆရာမကယုံမှာမဟုတ်ဘူး ။
ဂေဟာမှူးကလဲ ပြောတယ် ၊ ရန်ဖြစ်ရင်ကျောင်းဆတ်မထားတော့ဘူးတယ့် ၊ ခုတောင် အထက်တန်းတတ်ရမယ့်အရွယ်မှာ
အလယ်တန်းတတ်နေရတာ ၊ ပညာမတတ်တယ့်သူမဖြစ်ချင်ဘူး ၊ ဒါကြောင့် သည်းခံပြီးနေခဲ့တယ် ။

တစ်လလောက်ကြာတယ့်အထိ...
ကျတော်က အဲ့ဒီမျက်မှန်နဲ့ကောင်လေးထားခဲ့တယ့်မုန့်တွေကိုယူစားတုန်းပဲ ။
ပြောရမယ်ဆိုရင်...တကူးတကကြီးကိုစောင့်နေမိတာ ၊ ကျတော်တို့ မုန့်စားဆင်းချိန်က သူတို့ထက် 15 စောလွှတ်တယ်လေ ၊

သူ့မုန့်တွေက တော်တော်အရသာရှိတော့ ကျတော့်အတွက်တော့ နတ်သုဒ္ဓပဲ။ အဲ့နေ့ကလဲထုံးစံအတိုင်းသစ်ပင်ပေါ်မှာ ကျတော် ထိုင်နေတာပေါ့ ၊ စာအုပ်လေးကိုင်ပြီး မုန့်ထုပ်လေးပိုက်ကာ သူရောက်လာတယ် ။

ဒါပေမယ့် ...သူကကွပ်ပျစ်ပေါ်ထိုင်ရင်း
လေသံမာမာနဲ့...

"အပင်ပေါ်ကတစ်ယောက် ဆင်းလာခဲ့ "

ယွမ်ရှု တစ်ယောက်တည်းတွေးနေရင်း ဟက်ခနဲထရယ်လိုက်မိသည် ။ အဲ့ဒီအချိန်ကတည်းက Sir အသံတွေက သြဇာညောင်းတာ ၊ မျက်မှန်အောက်က မျက်ဝန်းနက်နက်လေးတွေက အမြဲခက်ထန်နေတာ ၊ အဲ့တုန်းကဆို သစ်ပင်ပေါ်ကဆင်းမလာရဲဘူး ၊

ဒါပေမယ့် ထပ်ထွက်လာတယ့်စကားသံအဆုံးမှာတော့..ယွမ်ရှုသစ်ပင်ပေါ်က လန့်ဖျန့်ကာဆင်းလာမိသည် ။ သူပြောလိုက်တာက....

"အန်း ယွမ် ရှု
အသက် (16) နှစ်
.......ဂေဟာမှာနေတယ် ၊
ကျောင်းမှာစာအရမ်းညံ့ပြီး...
လူတိုင်းရဲ့ခိုင်းဖက် ၊
အသက် 4 နှစ်ကတည်းက..
ဂေဟာကိုရောက်လာတယ်..၊
နောက်ပြီး......"

"တော်တော့...."

ယွမ်ရှု ကြောက်အားလန့်အားနဲ့ပိတ်အော်လိုက်မိသည် ။ထိုအခါ ထိုလူသားအသံက
အမိန့်ဆန်စွာဖြင့်...

"ငါ့ကိုများပြန်အော်နေသေးတယ် ၊
အမြန်ဆင်းလာခဲ့စမ်း ၊ အချိန်မရှိဘူး "

ဟိုဘက်ကျောင်းက ယွမ်ရှာမှာအပြစ်သားတစ်ယောက်လို ကွပ်ပျစ်ပေါ်ထိုင်နေတယ့်ကောင်လေးရှေ့မှာ ခပ်ယို့ယို့ရပ်နေလျှက်ရှိသည်။

"အန်းယွမ်ရှု
တစ်လုပ်စားဖူး သူ့ကျေးဇူးဆိုတယ့်စကား
ကိုကြားဖူးတယ်မလား ၊ မင်းငါ့အပေါ်အကြွေးတင်နေပြီ "

ယွမ်ရှု ခေါင်းတွင်တွင်ငုံ့ကာ...

"အင်း ၊ ငါက...မင်းပစ်ထားခဲ့တယ်ထင်လို့စားလိုက်မိတာ ၊ ကျေးဇူးကိုဘယ်လိုဆပ်ရမှာလဲ..."

မျက်ဝန်းနှစ်ခုအားပြိုင်မှုတွင် ယွမ်ရှုကပဲအရှုံးပေးလိုက်ရသည် ။ ထိုလူသားက မျက်မှန်လေးကိုတစ်ချက်ပင့်တင်ကာ...မတ်တပ်ထရပ်လိုက်သည် ။ သို့ပေမယ့် ကျတော့် အရပ်လောက်မရှည်ပဲ နားရွက်ဖျားလောက်သာရှိလိမ့်မည် ။

ထိုလူသားဆီမှာ..အရှိန်အဝါတစ်ခုရှိနေသလိုပင် ၊ ယွမ်ရှု ခြေဖျားလက်ဖျားတွေအေးလာကာ..ချွေးစေးများပါထွက်လာသည် ။

"မင်း..ငါ့ရဲ့အစေခံလုပ်ရမယ် "

"ဘာ...."

"ဘာဖြစ်တာလဲ ၊ မင်းတို့ကျောင်းမှာမင်းကလူတိုင်းရဲ့ခိုင်းဖက်ပဲလေ ၊ အားလုံးရဲ့ခိုင်းဖက်ဖြစ်ချင်လား ၊ ငါ့လို သခင်လေးတစ်ယောက်ရဲ့ အစေခံဖြစ်ချင်လား "

ယွမ်ရှု လက်သီးကိုတင်းတင်းဆုပ်ကာ...

"မင်း..အရမ်းလွန်နေပြီနော် ၊
ငါ မင်းမုန့်တွေယူစားမိတာနဲ့..
မင်းအစေခံဖြစ်ရောလား.."

ရှောင်းကျန့်က တစ်ဟက်ဟက်ရယ်ကာ..

"ငါက..Sunshine Groupရဲ့ဆတ်ခံသူ၊
ငါ့နာမည်က ရှောင်းကျန့်..IQ 170 ကျော်ရှိပြီး International ကျောင်းရဲ့အတော်ဆုံးကျောင်းသား ၊ ငါ့ ကမ်းလှမ်းမှုကိုလက်မခံရင် မင်းကိုကျောင်းထွက်ရအောင်လုပ်ပစ်မယ် ၊ ဪ...ဒါနဲ့ မင်းနေတယ့် ဂေဟာကို ငါ့ ပါးပါးက လစဥ်ထောက်ပံကြေးပေးနေတာနော် ၊"

"ဘာ.....ရှောင်း...
ရှောင်းကျန့်.မင်း...အ..နာ..နာတယ်"

ယွမ်ရှု လက်ညှိုးငေါက်ငေါက်ထိုးကာ တစ်ခုခုပြောရန်ပြင်လိုက်သော်လည်း.ထိုလက်က လိမ်ချိုးခံလိုက်ရကာ...ခပ်ပြတ်ပြတ်အသံတစ်ခုက...နားထဲတိုးဝင်လာသည် ။

"ငါ့နာမည်ကို...မင်းခေါ်ခွင့်မရှိဘူးယွမ်ရှု ၊
ငါ့ကို သခင်လေးလို့ခေါ်ရမယ် ကြားလား"

ယွမ်ရှု မျက်ရည်များဝဲကာ ခေါင်းညိမ့်ပြတော့...ရှောင်းကျန့်မျက်နှာက မဲ့ရွဲ့သွားပြီး..

"ယောကျ်ားတန်မဲ့ ဘာလို့မျက်ရည်ကျနေတာလဲ ၊ ပျော့ညံ့လိုက်တာ...ငိုရဲငိုကြည့်၊
မင်းလက်ကိုငါချိုးပစ်မယ် "

"မငိုဘူး မငိုတော့ဘူး ၊
လွှတ်ပေးပါ..."

ထိုအခါမှ..သူ့လက်ကိုလွှတ်ပေးပြီးကွပ်ပျစ်ပေါ်က မုန့်ထုပ်ကိုမေးဆတ်ပြသည် ။

"စားလိုက်အုံး ၊
မနက်ဖြန် ဒီနေရာမှာပဲစောင့်နေ "

ကျောခိုင်းသွားတယ့် ထိုလူသားကိုကြည့်ကာ ယွမ်ရှု အမှန်ပင်ကြောက်နေမိသည်။
အစားတစ်လုပ်ကြောင့်..အစေခံဖြစ်ရတော့မည့် မိမိဘဝ ၊ ခြိမ်းခြောက်သွားတာကလဲ မိုးလား ကဲလားနဲ့ ၊ ငါ ငါ ဘာဆတ်လုပ်သင့်လဲ? ?

"ဦးလေးယွမ်ရှု ၊
ဝေ့....ဦးလေး ယွမ်ရှု..."

ပုခုံးကို ခက်ဆတ်ဆတ်အရိုက်ခံရတော့မှ..
ယွမ်ရှုတစ်ယောက်အသိပြန်ကပ်တော့သည်။
ရီပေါ် က ပတ်ဝန်းကျင်ကိုစူးစမ်းသလိုကြည့်လိုက်ရင်း..

" ဒီမှာထိုင်ပြီးဘာလုပ်နေတာလဲဟင် ၊
နောက်ပြီး မျက်နှာလဲ မကောင်းဘူး "

ယွမ်ရှုက..နေရာမှထရပ်ရင်းခေါင်းအသာယမ်းပြကာ...

"ဘာရယ်မဟုတ်ပါဘူး ၊
အတိတ်ကိုသတိရသွားလို့ ၊
မင်း..ကျောင်းအပ်ပြီးပြီမလား "

"အင်း. ဟာ..ကျတော့်ကိုစောင့်အုံးလေ ၊
ဘာလို့ ကျားလိုက်သလိုအမြန်သွားနေရတာလဲ?"

ဦးလေးယွမ်ရှုနောက်ကိုပြေးလိုက်ရင်း..ရီပေါ် စိတ်ထဲတေးထားလိုက်သည် ။
တစ်နေ့ အဲ့အတိတ်တွေကိုကျနော် ဖော်ထုတ်ပြမယ်...ဦးးးးးးးးးးးးး
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"ဒီတစ်ခါတော့...ခွင့်..ခွင့်လွှတ်ပေးပါ"

"အဟက်...ဟက်...ဟားဟား.."

တောင်းပန်သံနှင့်..တစ်ဟားဟားအော်ရယ်သံက တစ်ဆတ်တည်းဆိုသလိုထွက်လာပြီး ပိတ်ပိတ်မှောင်နေသော အခန်းထဲမှာ ဝါကျင့်ကျင့်နီယွန်မီးလုံးလေးက အထီးကျန်ဆန်စွာနဲ့ ဟိုယမ်းဒီယမ်း ၊

မီးခိုးမှိုင်းအချို့နှင့် နံရံမှာကပ်ငြိနေတယ့် ပင့်ကူအိမ်များကိုကြည့်ခြင်းအားဖြင့်...ဂိုထောင်ဟောင်း (သို့) စတိုခန်းတစ်ခန်းဖြစ်လိမ့်မည်။

ရှောင်းကျန့် ခါးကြားထဲမှသေနတ်ကိုထုတ်ကာ..ထိုလူ နားထင်အားထောက်ထားလိုက်သည် ။ ထို့နောက် ..ယတိပြတ်ထွက်လာတယ့်စကားသံက...ကျောချမ်းဖွယ်ရာအတိ ။

"ငါ့ကိုသစ္စာဖောက်လို့ကတော့....
ဘယ်တော့မှ..ခွင့်မလွှတ်ဘူး "

"ကျ...ကျတော့်ကို..."

"ဒိုင်းးးးးးးးးးးးးးး........."

ပြီးမြောက်ခြင်းမရှိတယ့် စကားလုံးများနဲ့အတူ..ထိုလူက ခုံပေါ်မှ အရုပ်ကြိုးပြတ်ပြုတ်ကျသွားခဲ့သည် ။

သေနတ်ကိုကြမ်းပြင်ပေါ်ပစ်ချလိုက်ရင်း..ခပ်ဖွဖွပြုံးလိုက်မိသည် ။ ထို့နောက်တစ်ဟက်ဟက်ထရယ်ရင်း...ခပ်တိုးတိုးရေရွတ်မိတာက....

" Game Over.......
ဒီပွဲမှာ...မင်းရှုံးတယ်.......
ငါ နိုင်သွားပြီ......"

ထိုစဥ်...တစ်ခန်းလုံးလင်းထိန်သွားကာ..ခပ်သဲ့သဲ့ထွက်လာတယ့်အသံတစ်ခု။

"သခင်လေး..."

ရှောင်းကျန့်မျက်နှာထက် နူးညံ့မှုသေးသေးလေးပေါ်ပေါက်လာကာ.သမင်လည်ပြန်လှည့်ကြည့်ရင်း....

"Sis ဂျက်ဆီ...၊
ကျန်တယ့်ကိစ္စတွေကို Sis ဘဲရှင်းလိုက်ပါ၊ ကျတော်က Leo နဲ့အဖော်ပြု​ပေးမယ်လေ၊ ဖြစ်တယ်မလား..."

ဂျက်ဆီက ခေါင်းညိမ့်ပြပြီး...

"သခင်လေးသဘောပါပဲ..."

"Thanks..... "

မြေအောက်ခန်းထဲမှ...ထွက်သွားတယ့်သခင်လေးကိုတစ်လှည့် ၊
သွေးအိုင်ထဲလဲကျနေသူကိုတစ်လှည့်ကြည့်ကာ...ဂျက်ဆီသက်ပြင်းသာချလိုက်မိသည်။

"ဘယ်အချိန်မှ..အေးအေးချမ်းချမ်းနေမှာလဲ...သခင်လေးရယ် "

_____________________________

2386 Words (3.12.2019) 8:50PM

Thank you for Reading

Sanay Moe Swe
_____________________________






( ဝါသနာအရ စာေရးတာမို႔လို႔ ကိုယ့္ကိုမတိုက္ခိုက္ၾကပါနဲ႕..အႏူးအၫႊန့္ေတာင္းပန္ေနတာပါ ၊ မဖတ္ခ်င္ရင္ေက်ာ္သြားပါ ၊ မျမင္ခ်င္ရင္ Unfollowလုပ္လိုက္ပါ Ok..ပင္ပန္းတယ့္ၾကားထဲ..စိတ္ဆင္းရဲေအာင္မလုပ္ၾကပါနဲ႕၊ အတင္းလဲမဖတ္ခိုင္းပါဘူးေနာ္ ၊စာေရးလို႔ပိုက္ဆံလဲမရပါဘူး၊ေဘကုန္သလို အခ်ိန္လဲကုန္ပါတယ္ ၊ကိုယ္က ဝါသနာပါလို႔သာေရးေနတာ၊ ခု.တင္တယ့္ အပိုင္းဆို ၂ နာရီေက်ာ္ရိုက္ထားရတာပါ၊ ဘာရယ္မဟုတ္ပါဘူး ။
တစ္ခ်ိဳ႕...
တစ္ခ်ိဳ႕ေသာ...သူေတြကိုသိေစခ်င္တာပါ၊
ဘယ္သူေတြဘာေျပာေျပာ...
ကိုယ္ လုပ္ခ်င္တာဆက္လုပ္မွာမို႔...
So Sad ပါေနာ္။

(အရည္ရ..အဖက္ရခ်င္ရင္..မုန့္ဟင္းခါးဝယ္စားပါ ၊
ေပါ့ေနရင္ဆားထည့္စားပါ၊ဟုတ္တယ္ဟုတ္
ေနာက္ၿပီး Seme...
Uke....ကိစၥပါ ၊
ဒါကေတာ့ ကိုယ့္အျမင္နဲ႕ကိုယ္ပါ ၊
လူတိုင္းက အျမင္ခ်င္းမတူနိုင္ပါဘူး၊
Zhan Ge ကို T ထားလို႔..၊
Yi Bo ကို B ထားလို႔ ၊
ႀကံဖန္ၿပီး War မရွာပါနဲ႕ေနာ္ ၊
ကိုယ္ Mood ဝင္သလိုေရးတာမို႔ စိတ္မရွိပပါနဲ႕ ၊ Fan Fic ဆိုတာကိုလဲသတိရေပးပါ ၊ တစ္ဖက္ေစာင္းနင္းမလုပ္ၾကပါနဲ႕၊
ကိုယ္သည္းခံခဲ့တာ ေတာ္ေတာ္ၾကာပါၿပီ၊
ခုေတာ့ အမုန္းခံၿပီးေပါက္ကြဲလိုက္တာ..၊
ရင္ထဲေပါ့သြားတာပဲ ။
အားလုံးကိုစိတ္အႏွောင့္အယွက္ေပးမိရင္ေတာ့..ကိုယ္တကယ္ေတာင္းပန္ပါတယ္။
ဟုတ္ကဲ့..ေက်းဇူးပါ ။

____><____><____><____><____><

####Zawgyi#### Chapter  (17)

"ဦးေလးယြမ္ရႈ,...."

တုံ႕ျပန္သံမၾကားရေသာ္လည္း Back မွန္မွသူ႕ကိုၾကည့္ကာေမးဆတ္ျပသည္။ ဘာလဲဆိုသည့္သေဘာ ။ ရီေပၚ မ်က္ႏွာကို ဇီးေစ့ေလာက္ငယ္ျပလိုက္ရင္း...

"ဦးေလးယြမ္ရႈ ဆို....."

"ဘာလဲကြာ ဘာလဲ...ကြၽီ..."

အသံႏွင့္အတူ ကားကပါတုံ႕ခနဲရပ္သြားသည္။ ယြမ္ရႈက ေနာက္ခန္းမွ ရီေပၚ့ကိုမွင္ေသေသျပန္ၾကည့္ၿပီး...

"ေျပာ...၊ ဘာေျပာမွာလဲ "

ရီေပၚက မ်က္ႏွာခ်ိဳေသြးကာ ဟီးခနဲရယ္ျပလိုက္သည္။ၿပီးမွ...

"ဟိုေလ ၊ က်ေတာ့္ ကိုစိတ္ဆိုးေနတာလား၊ ေနာက္တစ္ခါ ဦးအခန္းကိုခိုးမဝင္ေတာ့ဘူးလို႔ကတိေပးပါတယ္ ေနာ္ ေနာ္ ၊
က်ေတာ္ မွားမွန္းသိပါၿပီ..."

ယြမ္ရႈသက္ျပင္းကို ဟူးခနဲမႈတ္ထုတ္ကာ..

"မင္း...ေမႊခ်က္ကေတာ့ကမ္းကုန္းပဲ၊
တစ္အိမ္လုံး ၊ တစ္ၿခံလုံးၿပဲၿပဲစင္ေအာင္သြားလို႔ရတယ္ ၊ Sir အခန္းကိုေတာ့ေဝးေဝးေရွာင္လို႔ ငါမေျပာထားဘူးလား "

ေလသံအရဆို ဦးေလးယြမ္ရႈအမွန္တကယ္စိတ္တိုေနမွန္း ရီေပၚသိလိုက္သည္ ၊ ဦး အခန္းကိုခိုးဝင္တယ့္ေန႕မွ စၿပီးမိမိကို မေခၚမေျပာလုပ္တာ အေတာ္ၾကာၿပီ ၊ ခုလဲ ေက်ာင္းအပ္ရမွာမို႔သာ...မျဖစ္မေနလိုက္ပို႔ျခင္း ၊

"ဝမ္ ရီ ေပၚ "

"ဗ်ာ ....."

"ဘာေတြ႕လဲဟမ္ ၊ Sir အခန္းထဲမွာမင္းဘာေတြေတြ႕ခဲ့လဲ "

မိမိကို ပလိပ္စစ္စစ္ေနတာမို႔ ရီေပၚငိုခ်င္လာမိသည္။ ဦေလးယြမ္ရႈက အၿမဲတမ္းက်ေတာ့္အေပၚနားလည္ခဲ့တာ ၊ ဒါေပမယ့္ ခုအေျခအေနႀကီးက နည္းနည္းေတာ့ေၾကာက္ဖို႔ေကာင္းတယ္ ၊

ယြမ္ရႈလဲ...ေလသံခပ္မာမာျဖင့္သာေမးလိုက္မိသည္ ။ ဒီေကာင္ေလးကို ခုလိုဆတ္ဆံမွရလိမ့္မည္ ။ ဒီထက့္အတင့္ရဲလာလွ်င္စိတ္ဆတ္ေသာ ေရွာင္းက်န့္က တစ္ခုခုလုပ္လိုက္လွ်င္မခက္ေပဘူးလား ၊

"ငါ ေမးေနတာမၾကားဘူးလား ရီေပၚ ၊
ဘာေတြေတြ႕ခဲ့ရလဲ ေျပာျပစမ္းပါအုံး"

႐ြဲ႕ေမးေနမွန္းသိေပမယ့္ ရီေပၚေခါင္းညိမ့္ျပရင္း...

"ဟို က်ေတာ္ေတြ႕တာက ကုတင္တစ္လုံးရယ္ ၊ ေရခ်ိဳးခန္းနဲ႕အိမ္သာ ၊ ၿပီးေတာ့ စက္႐ုပ္လိုအသံအက္အက္ႀကီး အဲ့ဒါပဲေတြ႕တယ္ "

"ေအ...ထူးျခားတယ္လို႔မင္းထင္မွာပဲ ၊
အဲ့ဒါ Sir အခန္းေပမယ့္ အဲ့အခန္းထဲမွာမွ
လွ်ို႔ဝွက္ခန္းရွိေသးတယ္ ၊ Sir က အဲ့အခန္းထဲမွာေနတာ ရွင္းၿပီလား ၊ ဘာထပ္သိခ်င္ေသးလဲ..."

ရီေပၚက မ်က္လုံးမ်ားဝိုင္းစက္ကာ အာ႐ုံစိုက္စြာနားေထာင္ေနၿပီး...

"က်ေတာ့္ ထပ္သိခ်င္တာကေလ ၊
အဲ့ လွ်ို႔ဝွက္ခန္းကိုဘယ္လိုသြားရတာလဲလို႔"

အတင့္ရဲေသာ ဝမ္ရီေပၚကိုၾကည့္ကာ ယြမ္ရႈမွာေတာ့ ငိုရခက္ခက္ ၊ ရယ္ရခက္ခက္။
အဲ့ဒီလူႀကီးေပါက္စရဲ႕ နားရင္းကိုတစ္ခ်က္ပိတ္ရိုက္လိုက္ကာ...

"ေျပာေလ ကဲေလပါလား ၊
ဘာ လွ်ို႔ဝွက္ခန္းကိုသိခ်င္တာလဲ ၊
အသက္ငယ္ငယ္နဲ႕ စပ္စုလြန္းတယ္ "

မနာေပမယ့္...ရီေပၚမ်က္ရည္ေလးတစ္စမ္းစမ္းလုပ္ကာ..ဟန္ေဆာင္ကာမူပိုလိုက္သည္ ၊ၿပီးမွ ငိုမဲ့မဲ့မ်က္ႏွာေပးႏွင့္...

"ဘာလို႔လဲဗ် ၊
က်ေတာ္က ဒီအတိုင္းသိခ်င္လို႔ပါဆို..."

ယြမ္ရႈက ရီေပၚ့ေခါင္းကိုခပ္ဖြဖြပုတ္ကာ...

"မသိခ်င္နဲ႕ ၊
ကားေပၚကဆင္း ၊
ေက်ာင္းအပ္ရမွာမလား "

"အင္း...ဦးေလးလိုက္ေပးစရာမလိုဘူး ၊
ဟိုဘက္ေက်ာင္းက ထြက္စာရွိေနတာပဲ ၊
က်ေတာ့္ ဘာသာအပ္လိုက္မယ္ ၊
ကားေပၚမွာပဲ ေစာင့္ေနေပး..."

လူႀကီးစတိုင္ဖမ္းေနတယ့္ ရီေပၚေၾကာင့္
ယြမ္ရႈ တစ္အုန္းအုန္းနဲ႕သာေအာ္ရယ္မိသည္။ ၿပီးမွ ထိုလူႀကီးေပါက္စအား အစုံအဆန္ၾကည့္လိုက္ကာ...

"ကေလးက ကေလးလိုေနစမ္းပါ ရီေပၚရာ၊
ဘာျဖစ္လို႔ ေနရာတိုင္းမွာ ကိုယ့္လက္၊ ကိုယ့္ေျခလုပ္ခ်င္ရတာလဲ "

သို႔ေသာ္ သူ႕အေမးကိုထိုေကာင္ေလးက..
တစ္ခြန္းတည္းနဲ႕သာတုန့္ျပန္သည္ ။

"က်ေတာ္ ကေလးမဟုတ္ေတာ့ဘူးတယ့္"

ရီေပၚ့သေဘာအတိုင္း ယြမ္ရႈကားေပၚမွာေနရစ္ခဲ့သည္။ File တြဲပိုက္ကာ ခပ္ေသာ့ေသာ့လမ္းေလွ်ာက္သြားတယ့္ေကာင္ေလးကိုၾကည့္ရင္းနဲ႕ေပါ့ ။
.
.
.
.
.
ေက်ာင္းအပ္ခ်ိန္မို႔ ေက်ာင္းဝန္းထဲမွာ
လူစုံေနတာအမွန္ ၊ ယြမ္ရႈ ေက်ာင္းႀကီးကိုလွည့္ပတ္ၾကည့္ရႈရင္း ၿပဳံးလိုက္မိသည္။
ေက်ာင္းေနာက္ဘက္ကိုလမ္းေလွ်ာက္လာရင္း သူ႕အျမင္ကိုဖမ္းစားသြားေသာ အပင္ႀကီး ။

ႏွစ္ေတြသာၾကာသြားတယ္ ။ ေက်ာင္းႏွစ္ေက်ာင္းအလယ္မွာ ေပါက္ေနတယ့္ မိုးမခပင္ႀကီးကေတာ့ အရင္ကလိုလွပေနဆဲ၊

ေက်ာင္း ​အေနာက္ဘက္မွာမို႔ ဒီေနရာဟာလူအေရာက္အေပါက္နည္းသည္ ၊ အပင္ႀကီးေအာက္မွာ ပတ္ပတ္လည္ရိုက္ထားတယ့္ ပ်ဥ္းကတိုးကြပ္ပ်စ္မွာ ထိုင္လိုက္ရင္း ယြမ္ရႈတစ္ခ်က္ရယ္လိုက္မိသည္ ။

ဒီေနရာက သူနဲ႕သခင္ေလးတို႔စေတြ႕တယ့္ ေနရာမဟုတ္လား ၊
သခင္ေလးက International Schoolကျဖစ္ကာ...မိမိက ထိုေက်ာင္းနဲ႕ကပ္ရက္ ရိုးရိုးအထက္တန္းေက်ာင္းက။

မိဘမဲ့ျဖစ္တယ့္ က်ေတာ္က ေဂဟာမႉးရဲ႕အကူအညီေၾကာင့္ေက်ာင္းတတ္ခြင့္ရခ့ဲတယ္ ၊ သို႔ေသာ္ ႏွစ္ေအာက္ခဲ့တာမို႔ သာမန္ေက်ာင္းသားေတြထက္ အသက္ႀကီးကာ လူေကာင္းလဲပိုထြားတယ္။
သို႔ေပမယ့္ ထိုလူေကာင္နဲ႕ မလိုက္ဖက္စြာပင္...ေက်ာင္းမွာဘိတ္ေခ်း ျဖစ္ကာ အၿမဲအနိုင္က်င့္ခံရျခင္း ။

အဲ့ဒါေၾကာင့္ မုန့္စားဆင္းခ်ိန္ေရာက္တိုင္း..ဒီသစ္ပင္ႀကီးေပၚတတ္ပုန္းေနၾက။
က်ေတာ္အပင္ေပၚေရာက္တိုင္း သိပ္မၾကာဘူး ၊ မ်က္မွန္ဝိုင္းေလးနဲ႕ေကာင္ေလးတစ္ေယာက္က...ကြပ္ပ်စ္မွာလာထိုင္ၿပီးစာဖတ္ေနက် ၊  Bell တီးတာနဲ႕ခပ္ေသာ့ေသာ့ထြက္သြားကာ...သူစားလက္စ စားစရာေတြကို ဒီအတိုင္းထားခဲ့ေလ့ရွိတယ္။

ဘယ္ေျပာေကာင္းမလဲ? ?
အဲ့ မုန့္ေတြကိုယူစားပစ္တာေပါ့ ။
က်ေတာ့္လို ေဂဟာမွာေနတယ့္ သူအတြက္က ထမင္းသုံးနပ္ေတာင္အနိုင္နိုင္ရယ္ ၊
ကိုယ္က ေဂဟာမွာအႀကီးဆုံးမို႔ ေအာက္ကအငယ္ေတြကိုလဲညွာရေသးတယ္ ၊ ဒီၾကားထဲ ေက်ာင္းကေကာင္ေတြဝိုင္း အနိုင္က်င့္တာလဲခံရတယ္ ၊ ဆရာမနဲ႕လဲမတိုင္ရဲဘူး၊ သူတို႔ကက်ေတာ့္ထက္ 3 ႏွစ္ေလာက္ငယ္တယ့္အျပင္ လူေကာင္ကလဲေသးေသးေလးေတြ ။

က်ေတာ့္ကို အနိုင္က်င့္ပါတယ္လို႔ေျပာရင္
ဆရာမကယုံမွာမဟုတ္ဘူး ။
ေဂဟာမႉးကလဲ ေျပာတယ္ ၊ ရန္ျဖစ္ရင္ေက်ာင္းဆတ္မထားေတာ့ဘူးတယ့္ ၊ ခုေတာင္ အထက္တန္းတတ္ရမယ့္အ႐ြယ္မွာ
အလယ္တန္းတတ္ေနရတာ ၊ ပညာမတတ္တယ့္သူမျဖစ္ခ်င္ဘူး ၊ ဒါေၾကာင့္ သည္းခံၿပီးေနခဲ့တယ္ ။

တစ္လေလာက္ၾကာတယ့္အထိ...
က်ေတာ္က အဲ့ဒီမ်က္မွန္နဲ႕ေကာင္ေလးထားခဲ့တယ့္မုန့္ေတြကိုယူစားတုန္းပဲ ။
ေျပာရမယ္ဆိုရင္...တကူးတကႀကီးကိုေစာင့္ေနမိတာ ၊ က်ေတာ္တို႔ မုန့္စားဆင္းခ်ိန္က သူတို႔ထက္ 15 ေစာလႊတ္တယ္ေလ ၊

သူ႕မုန့္ေတြက ေတာ္ေတာ္အရသာရွိေတာ့ က်ေတာ့္အတြက္ေတာ့ နတ္သုဒၶပဲ။ အဲ့ေန႕ကလဲထုံးစံအတိုင္းသစ္ပင္ေပၚမွာ က်ေတာ္ ထိုင္ေနတာေပါ့ ၊ စာအုပ္ေလးကိုင္ၿပီး မုန့္ထုပ္ေလးပိုက္ကာ သူေရာက္လာတယ္ ။

ဒါေပမယ့္ ...သူကကြပ္ပ်စ္ေပၚထိုင္ရင္း
ေလသံမာမာနဲ႕...

"အပင္ေပၚကတစ္ေယာက္ ဆင္းလာခဲ့ "

ယြမ္ရႈ တစ္ေယာက္တည္းေတြးေနရင္း ဟက္ခနဲထရယ္လိုက္မိသည္ ။ အဲ့ဒီအခ်ိန္ကတည္းက Sir အသံေတြက ၾသဇာေညာင္းတာ ၊ မ်က္မွန္ေအာက္က မ်က္ဝန္းနက္နက္ေလးေတြက အၿမဲခက္ထန္ေနတာ ၊ အဲ့တုန္းကဆို သစ္ပင္ေပၚကဆင္းမလာရဲဘူး ၊

ဒါေပမယ့္ ထပ္ထြက္လာတယ့္စကားသံအဆုံးမွာေတာ့..ယြမ္ရႈသစ္ပင္ေပၚက လန့္ဖ်န့္ကာဆင္းလာမိသည္ ။ သူေျပာလိုက္တာက....

"အန္း ယြမ္ ရႈ
အသက္ (16) ႏွစ္
.......ေဂဟာမွာေနတယ္ ၊
ေက်ာင္းမွာစာအရမ္းညံ့ၿပီး...
လူတိုင္းရဲ႕ခိုင္းဖက္ ၊
အသက္ 4 ႏွစ္ကတည္းက..
ေဂဟာကိုေရာက္လာတယ္..၊
ေနာက္ၿပီး......"

"ေတာ္ေတာ့...."

ယြမ္ရႈ ေၾကာက္အားလန့္အားနဲ႕ပိတ္ေအာ္လိုက္မိသည္ ။ထိုအခါ ထိုလူသားအသံက
အမိန့္ဆန္စြာျဖင့္...

"ငါ့ကိုမ်ားျပန္ေအာ္ေနေသးတယ္ ၊
အျမန္ဆင္းလာခဲ့စမ္း ၊ အခ်ိန္မရွိဘူး "

ဟိုဘက္ေက်ာင္းက ယြမ္ရွာမွာအျပစ္သားတစ္ေယာက္လို ကြပ္ပ်စ္ေပၚထိုင္ေနတယ့္ေကာင္ေလးေရွ႕မွာ ခပ္ယို႔ယို႔ရပ္ေနလွ်က္ရွိသည္။

"အန္းယြမ္ရႈ
တစ္လုပ္စားဖူး သူ႕ေက်းဇူးဆိုတယ့္စကား
ကိုၾကားဖူးတယ္မလား ၊ မင္းငါ့အေပၚအေႂကြးတင္ေနၿပီ "

ယြမ္ရႈ ေခါင္းတြင္တြင္ငုံ႕ကာ...

"အင္း ၊ ငါက...မင္းပစ္ထားခဲ့တယ္ထင္လို႔စားလိုက္မိတာ ၊ ေက်းဇူးကိုဘယ္လိုဆပ္ရမွာလဲ..."

မ်က္ဝန္းႏွစ္ခုအားၿပိဳင္မႈတြင္ ယြမ္ရႈကပဲအရႈံးေပးလိုက္ရသည္ ။ ထိုလူသားက မ်က္မွန္ေလးကိုတစ္ခ်က္ပင့္တင္ကာ...မတ္တပ္ထရပ္လိုက္သည္ ။ သို႔ေပမယ့္ က်ေတာ့္ အရပ္ေလာက္မရွည္ပဲ နား႐ြက္ဖ်ားေလာက္သာရွိလိမ့္မည္ ။

ထိုလူသားဆီမွာ..အရွိန္အဝါတစ္ခုရွိေနသလိုပင္ ၊ ယြမ္ရႈ ေျခဖ်ားလက္ဖ်ားေတြေအးလာကာ..ေခြၽးေစးမ်ားပါထြက္လာသည္ ။

"မင္း..ငါ့ရဲ႕အေစခံလုပ္ရမယ္ "

"ဘာ...."

"ဘာျဖစ္တာလဲ ၊ မင္းတို႔ေက်ာင္းမွာမင္းကလူတိုင္းရဲ႕ခိုင္းဖက္ပဲေလ ၊ အားလုံးရဲ႕ခိုင္းဖက္ျဖစ္ခ်င္လား ၊ ငါ့လို သခင္ေလးတစ္ေယာက္ရဲ႕ အေစခံျဖစ္ခ်င္လား "

ယြမ္ရႈ လက္သီးကိုတင္းတင္းဆုပ္ကာ...

"မင္း..အရမ္းလြန္ေနၿပီေနာ္ ၊
ငါ မင္းမုန့္ေတြယူစားမိတာနဲ႕..
မင္းအေစခံျဖစ္ေရာလား.."

ေရွာင္းက်န့္က တစ္ဟက္ဟက္ရယ္ကာ..

"ငါက..Sunshine Groupရဲ႕ဆတ္ခံသူ၊
ငါ့နာမည္က ေရွာင္းက်န့္..IQ 170 ေက်ာ္ရွိၿပီး International ေက်ာင္းရဲ႕အေတာ္ဆုံးေက်ာင္းသား ၊ ငါ့ ကမ္းလွမ္းမႈကိုလက္မခံရင္ မင္းကိုေက်ာင္းထြက္ရေအာင္လုပ္ပစ္မယ္ ၊ ဪ...ဒါနဲ႕ မင္းေနတယ့္ ေဂဟာကို ငါ့ ပါးပါးက လစဥ္ေထာက္ပံေၾကးေပးေနတာေနာ္ ၊"

"ဘာ.....ေရွာင္း...
ေရွာင္းက်န့္.မင္း...အ..နာ..နာတယ္"

ယြမ္ရႈ လက္ညွိုးေငါက္ေငါက္ထိုးကာ တစ္ခုခုေျပာရန္ျပင္လိုက္ေသာ္လည္း.ထိုလက္က လိမ္ခ်ိဳးခံလိုက္ရကာ...ခပ္ျပတ္ျပတ္အသံတစ္ခုက...နားထဲတိုးဝင္လာသည္ ။

"ငါ့နာမည္ကို...မင္းေခၚခြင့္မရွိဘူးယြမ္ရႈ ၊
ငါ့ကို သခင္ေလးလို႔ေခၚရမယ္ ၾကားလား"

ယြမ္ရႈ မ်က္ရည္မ်ားဝဲကာ ေခါင္းညိမ့္ျပေတာ့...ေရွာင္းက်န့္မ်က္ႏွာက မဲ့႐ြဲ႕သြားၿပီး..

"ေယာက်္ားတန္မဲ့ ဘာလို႔မ်က္ရည္က်ေနတာလဲ ၊ ေပ်ာ့ညံလိုက္တာ...ငိုရဲငိုၾကည့္၊
မင္းလက္ကိုငါခ်ိဳးပစ္မယ္ "

"မငိုဘူး မငိုေတာ့ဘူး ၊
လႊတ္ေပးပါ..."

ထိုအခါမွ..သူ႕လက္ကိုလႊတ္ေပးၿပီးကြပ္ပ်စ္ေပၚက မုန့္ထုပ္ကိုေမးဆတ္ျပသည္ ။

"စားလိုက္အုံး ၊
မနက္ျဖန္ ဒီေနရာမွာပဲေစာင့္ေန "

ေက်ာခိုင္းသြားတယ့္ ထိုလူသားကိုၾကည့္ကာ ယြမ္ရႈ အမွန္ပင္ေၾကာက္ေနမိသည္။
အစားတစ္လုပ္ေၾကာင့္..အေစခံျဖစ္ရေတာ့မည့္ မိမိဘဝ ၊ ၿခိမ္းေျခာက္သြားတာကလဲ မိုးလား ကဲလားနဲ႕ ၊ ငါ ငါ ဘာဆတ္လုပ္သင့္လဲ? ?

"ဦးေလးယြမ္ရႈ ၊
ေဝ့....ဦးေလး ယြမ္ရႈ..."

ပုခုံးကို ခက္ဆတ္ဆတ္အရိုက္ခံရေတာ့မွ..
ယြမ္ရႈတစ္ေယာက္အသိျပန္ကပ္ေတာ့သည္။
ရီေပၚ က ပတ္ဝန္းက်င္ကိုစူးစမ္းသလိုၾကည့္လိုက္ရင္း..

" ဒီမွာထိုင္ၿပီးဘာလုပ္ေနတာလဲဟင္ ၊
ေနာက္ၿပီး မ်က္ႏွာလဲ မေကာင္းဘူး "

ယြမ္ရႈက..ေနရာမွထရပ္ရင္းေခါင္းအသာယမ္းျပကာ...

"ဘာရယ္မဟုတ္ပါဘူး ၊
အတိတ္ကိုသတိရသြားလို႔ ၊
မင္း..ေက်ာင္းအပ္ၿပီးၿပီမလား "

"အင္း. ဟာ..က်ေတာ့္ကိုေစာင့္အုံးေလ ၊
ဘာလို႔ က်ားလိုက္သလိုအျမန္သြားေနရတာလဲ?"

ဦးေလးယြမ္ရႈေနာက္ကိုေျပးလိုက္ရင္း..ရီေပၚ စိတ္ထဲေတးထားလိုက္သည္ ။
တစ္ေန႕ အဲ့အတိတ္ေတြကိုက်ေနာ္ ေဖာ္ထုတ္ျပမယ္...ဦးးးးးးးးးးးးး
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"ဒီတစ္ခါေတာ့...ခြင့္..ခြင့္လႊတ္ေပးပါ"

"အဟက္...ဟက္...ဟားဟား.."

ေတာင္းပန္သံႏွင့္..တစ္ဟားဟားေအာ္ရယ္သံက တစ္ဆတ္တည္းဆိုသလိုထြက္လာၿပီး ပိတ္ပိတ္ေမွာင္ေနေသာ အခန္းထဲမွာ ဝါက်င့္က်င့္နီယြန္မီးလုံးေလးက အထီးက်န္ဆန္စြာနဲ႕ ဟိုယမ္းဒီယမ္း ၊

မီးခိုးမွိုင္းအခ်ိဳ႕ႏွင့္ နံရံမွာကပ္ၿငိေနတယ့္ ပင့္ကူအိမ္မ်ားကိုၾကည့္ျခင္းအားျဖင့္...ဂိုေထာင္ေဟာင္း (သို႔) စတိုခန္းတစ္ခန္းျဖစ္လိမ့္မည္။

ေရွာင္းက်န့္ ခါးၾကားထဲမွေသနတ္ကိုထုတ္ကာ..ထိုလူ နားထင္အားေထာက္ထားလိုက္သည္ ။ ထို႔ေနာက္ ..ယတိျပတ္ထြက္လာတယ့္စကားသံက...ေက်ာခ်မ္းဖြယ္ရာအတိ ။

"ငါ့ကိုသစၥာေဖာက္လို႔ကေတာ့....
ဘယ္ေတာ့မွ..ခြင့္မလႊတ္ဘူး "

"က်...က်ေတာ့္ကို..."

"ဒိုင္းးးးးးးးးးးးးးး........."

ၿပီးေျမာက္ျခင္းမရွိတယ့္ စကားလုံးမ်ားနဲ႕အတူ..ထိုလူက ခုံေပၚမွ အ႐ုပ္ႀကိဳးျပတ္ျပဳတ္က်သြားခဲ့သည္ ။

ေသနတ္ကိုၾကမ္းျပင္ေပၚပစ္ခ်လိဳက္ရင္း..ခပ္ဖြဖြၿပဳံးလိုက္မိသည္ ။ ထို႔ေနာက္တစ္ဟက္ဟက္ထရယ္ရင္း...ခပ္တိုးတိုးေရ႐ြတ္မိတာက....

" Game Over.......
ဒီပြဲမွာ...မင္းရႈံးတယ္.......
ငါ နိုင္သြားၿပီ......"

ထိုစဥ္...တစ္ခန္းလုံးလင္းထိန္သြားကာ..ခပ္သဲ့သဲ့ထြက္လာတယ့္အသံတစ္ခု။

"သခင္ေလး..."

ေရွာင္းက်န့္မ်က္ႏွာထက္ ႏူးညံ့မႈေသးေသးေလးေပၚေပါက္လာကာ.သမင္လည္ျပန္လွည့္ၾကည့္ရင္း....

"Sis ဂ်က္ဆီ...၊
က်န္တယ့္ကိစၥေတြကို Sis ဘဲရွင္းလိုက္ပါ၊ က်ေတာ္က Leo နဲ႕အေဖာ္ျပဳ​ေပးမယ္ေလ၊ ျဖစ္တယ္မလား..."

ဂ်က္ဆီက ေခါင္းညိမ့္ျပၿပီး...

"သခင္ေလးသေဘာပါပဲ..."

"Thanks..... "

ေျမေအာက္ခန္းထဲမွ...ထြက္သြားတယ့္သခင္ေလးကိုတစ္လွည့္ ၊
ေသြးအိုင္ထဲလဲက်ေနသူကိုတစ္လွည့္ၾကည့္ကာ...ဂ်က္ဆီသက္ျပင္းသာခ်လိဳက္မိသည္။

"ဘယ္အခ်ိန္မွ..ေအးေအးခ်မ္းခ်မ္းေနမွာလဲ...သခင္ေလးရယ္ "

_____________________________

2386 Words (3.12.2019) 8:50PM

Thank you for Reading

Sanay Moe Swe
_____________________________

Continue Reading

You'll Also Like

109K 6.4K 19
BJYX Fanfiction! Written by Author-May Type - Especially Romance, Fantasy, Comedy Yizhan 💚 Both Zawji & Unicode
25.8K 1.7K 39
ဝတ္ထုထဲရောက်လာရင်လည်း ကောင်းကောင်းရောက်လာပါလား.. ချီးမို့ ငါဝင်လာမှ အကုန်ပြောင်းလဲကုန်ကြတာလဲ။
209K 3.4K 33
ជាសាច់រឿងខ្នាតខ្លីៗបូកបញ្ចូលជាមួយពាក្យពេចន៍និងសម្តីមិនសមរម្យលើសលស់ជាច្រើន ហើយមួយទៀតអេតមីនក៏អត់ណែនាំឲ្យអ្នកក្រោមអាយុ១៨ឆ្នាំមកអានវាដែរ ព្រោះវាអាចបង្កជា...
7.3K 1K 24
Treasure OTPတွေထဲက ကိုယ်အကြိုက်ဆုံး OTPသုံးခုကို inspired ယူပြီး ‌ရေးချင်လို့ပါ ကိုယ်ဖန်တီးထားတဲ့ ကမ္ဘာထဲက မတူညီတဲ့ ‌အချစ်တွေကိုအကောင်းဆုံးပုံဖော်ကြ...