....."Xiao Oo Oo".....{{ COMP...

By Sanaymoeswe

727K 63.3K 4.8K

(Unicode +Zawgyi) ♥Fanfic တစ်ခုမျှသာ၊ မည်သူကိုမှ ထိခိုက်လိုစိတ်မရှိ♥ လွဲမှားနေသော ချစ်ခြင်းများနှင့်အတူ ကျွန်... More

Chapter...(1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter(23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
🙏🙏🙏
Chapter (41)
Chapter (42)
Chapter (43)
Extra(1)
Extra(2)
Extra(3) (Ending)

Chapter (16)

12.7K 1.4K 35
By Sanaymoeswe

####Unicode####

တစ်ဒေါက်ဒေါက် ဖိနပ်သံနှင့်အတူ မိမိစားပွဲပေါ်ရောက်ရှိလာတယ့် Fileတွဲတစ်တွဲကြောင့်..ရှောင်းကျန့်ခေါင်းမော့ကြည့်လိုက်သည် ။ နှုတ်ခမ်းထက်အပြုံးတစ်ခု ချိတ်ဆွဲလိုက်ရင်း

"Sisဂျက်ဆီ...Leo နေမကောင်းဘူးဆို၊
ဘာလို့ အလုပ်လာတာလဲ ၊ နားလိုက်တာမဟုတ်ဘူး"

ဂျက်ဆီ က ခပ်ဖျော့ဖျော့ပြုံးပြီးခေါင်းယမ်းပြလိုက်သည်။ ပြီးမှစိတ်ရှုပ်နေဟန်ဖြင့်..

"Leo က နေကောင်းပါတယ် ၊ စာမေးပွဲရှိလို့နည်းနည်း ဂျီချင်နေတာ ၊ ဖတဆိုး မို့ အလိုလိုက်ထားတော့ သခင်လေးသိတယ့်အတိုင်းပဲ..."

ရှောင်းကျန့်က သဘောတကျရယ်မောလိုက်ပြီး...

"အသက်ဘယ်လောက်ရှိပြီလဲ ၊ကျနော်တွက်ကြည့်လိုက်တော့ ၁၀နှစ်ကျော်ပြီထင်တယ်"

"၁၂ နှစ်ပါသခင်လေး..."

"Oh...ဟုတ်လား ၊ အချိန်တွေတောင် ဒီလောက်ကြာနေပြီလား မြန်လိုက်တာ.."

တစ်ယောက်တည်းရေရွတ်လိုက်ကာ..ခပ်တွေတွေ အဝေးကိုငေးမောနေတယ့် သခင်လေးကြောင့်..ဂျက်ဆီအခန်းထဲမှအလိုက်တသိထွက်လာလိုက်သည် ။

ရှောင်းကျန့် စိတ်အာရုံတို့ကအလုပ်မှာရှိမနေတော့ ၊ အလုပ်စားပွဲမှထရပ်လိုက်ကာ...
အခန်းအပြင်ဘက်ကိုသာငေးကြည့်နေမိသည်။ မှန်အကြည်တွေ ကာထားတာမို့ မြင်ကွင်းအားလုံးကိုပြတ်သားစွာ မြင်နေရဆဲ ။ သက်ပြင်းကို ဟင်း ခနဲ ချရင်း ပါးစပ်ကရေရွတ်မိတာက....

"ငါ ၁၂ နှစ်အရွယ်တုန်းက...
ဘယ်သူမှ ငါ့အနားမရှိခဲဲ့ကြဘူး "

ပေါက်ခနဲကြွေကျသွားတယ့် မျက်ရည်တစ်စက်က ကျိန်းသေခါးသက်နေလိမ့်မည်။
ကျနော် ငိုတာမဟုတ်ဘူး ။ ဘယ်တော့မှရှောင်းကျန့်က မပျော့ညံ့ဘူး ။

လက်သီးကိုတင်းတင်းဆုပ်ရင်း ခေါင်းကိုမော့ထားလိုက်သည် ။
ပါး နဲ့ မားး...ကောင်းကင်ဘုံကစောင့်ကြည့်နေပါ။ကျနော် ကျိန်းသေ လက်စားချေပေးမယ် ။

.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"ရော့...ဦးလေးယွမ်ရှုအတွက် ပေါင်မုန့်ကြက်ဥကြော် နဲ့ Coffee "

ရီပေါ်က မုန့်ပန်းကန်များကို ရှေ့သို့တိုးပေးကာ ပြုံးလျက်ဆိုလာတာမို့ ယွမ်ရှု ခေါင်းညိမ့်အသိအမှတ်ပြရင်း...Coffeeတစ်ငုံသောက်သည် ။ ပြီးမှ...ရီပေါ့်ကိုအကဲခတ်သလိုကြည့်ပြန်ကြည့်ကာ...

"ပြောပါဦး ၊
ဘာတွေအူမြူးနေတာလဲ "

ရီပေါ် က Cakeကို ပလုတ်ပလောင်းစားနေရင်း ဟီးခနဲရယ်ပြသည်။

"ဦးလေး ကတော့လုပ်ပြီဗျာ ၊
အူမြူးတယ်လို့တော့ မဟုတ်ပါဘူး ၊
အလယ်တန်းပြီးသွားလို့ပျော်နေတာ "

ယွမ်ရှု သောက်လက်စ Coffeeတောင်သီးမတတ်ဖြစ်သွားရသည် ။ အလယ်တန်းပြီးတာကိုများရေးကြီးခွင်ကျယ်လုပ်နေတယ် ၊
ဖြစ်ပျက်နေတယ့်ရုပ်က နိုင်ငံခြားမှ ပညာတော်သင်ပြန်လာသော လူတစ်ယောက်လို။

"ဟုတ်ပါပြီ ၊ မကြာခင်အထက်တန်းကျောင်းသားဖြစ်တော့မှာမို့လို့
Congratulations နော် ရီပေါ်လေး၊
ဦးလေး Company သွားတော့မယ် Ok "

ရီပေါ့်...က ခေါင်းညိမ့်ပြရင်းမျက်နှာငယ်လေးနဲ့ပြန်ကြည့်နေတာမို့...

"ဘာဖြစ်လို့လဲ ရီပေါ် ၊
မုန့်ဖိုးမရှိတော့လို့လား "

ရီပေါ်က ခေါင်းခါပြရင်း..

"မဟုတ်ပါဘူး ၊
ဟိုလေ ဦးက ဦးလေးယွမ်ရှုဆီ Phone ဆတ်လားဟင် "

"ဟမ် "

ယွမ်ရှု ကြောင် အ သွားတာအမှန်ပင် ၊
Sir ဒီမှာမရှိတာက သူ့အတွက် နေရ ၊စားရ ချောင်တယ်မဟုတ်ဘူးလား ။

"ဦးလေး "

"ဟင်...ဪ....
ညတိုင်းလိုလိုတော့ Chatingထိုင်ဖြစ်တယ်လေ ၊ အလုပ်အကြောင်း ပြန်တင်ပြရတာပေါ့ ၊ မင်းကဘာလုပ်မလို့လဲ "

ရီပေါ်က မျက်တောင်ကိုတစ်ဖျတ်ဖျတ်ခတ်ကာ ထိုင်ရာမှထရပ်သည်။ နောက်ပြီးခေါင်းကိုသွက်သွက်ခါကာ...

"ဟင့်အင်း ၊
ဘာ့မှမဖြစ်ပါဘူး "

"အဲ့ဒါဆို ဦးလေးသွားမယ်နော် "

"ဟုတ် "

ခြံထဲက ကားလေးထွက်သွားတော့မှ ရီပေါ်
သက်ပြင်းသဲ့သဲ့ချကာ...

"ဦး ကို အရမ်းလွမ်းတာပဲ "

ဆွေးမြေ့စွာ ထွက်လာတယ့်တယ့် ခပ်အက်အက်စကားသံလေးက အသက်နဲ့တောင်လိုက်ဖက်မှုမရှိ ။ ခြေထောက်အစုံကတော့ နှလုံးသားရဲ့စေညွှန်းရာအတိုင်း အပေါ်ထပ်သို့ ဦးတည်နေကြသည်။

ဦး အငွေ့အသက်တွေကို ခဏလောက်တော့ခံစားပါရစေ ။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
အခန်းရှေ့မှာ ခြေစုံရပ်ရင်း...
ဝင်သင့်၊ မဝင်သင့် စဥ်းစားနေမိသည်။
ဦး အခန်းထဲကိုတစ်ခါမှမရောက်ဖူးဘူး ။
ဟိုတစ်ခါ အကျီတောင်းတုန်းကလဲ အခန်းရှေ့မှာခုလိုမတ်တပ်ရနေရတာလေ ။

ဒီတစ်ခါတော့ ဦးအခန်းထဲဝင်ချင်တယ် ၊
အပြစ်ပေးချင်တယ်ဆို Canada က အမြန်ဆုံးပြန်လာခဲ့ပါ ဦးးးးးးး။

အခန်းတံခါးကိုအသာတွန်းဖွင့်လိုက်စဥ် ပိတ်ပိတ်မှောင်နေသော အမှောင်ထုကြီးကသာ သူ့ကို ဆီးကြိုနေသည်။

ခြေတစ်လှမ်း လှမ်းလိုက်တော့ ကြမ်းပေါ် ကတစ်ခုခုကိုနင်းမိသွားသလိုပင် ။ မီးများရုတ်ချည်လင်းလာကာ တစ်ခန်းလုံးလင်းထိန်သွားတော့သည်။

မျက်လုံးကိုအသာဝေ့ကြည့်လိုက်တော့...

အခန်းထောင့်စွန်းမှာ ကုတင်ကိုနေရာချထားပြီး...ဝရံတာနဲ့တွဲဆက်ထားတာမို့..ရိုးရိုးရှင်းရှင်းမဟုတ်ပဲတစ်မျိုးဆန်းသစ်နေသည်။

ခြေရင်းဘက်မှာတော့ ရေချိုးခန်းနှင့်အိမ်သာရှိနေကာ​ ရီပေါ်အခန်းထဲလှည့်လည်ကြည့်ရှုလိုက်သော်လည်း အဝတ်ဗီဒိုနဲ့
နောက်ထပ် အခြားဘာပစ္စည်းကိုမှမတွေ့ရတော့ ။

သေချာခြုံငုံကြည့်လျှင်..ကုတင်တစ်လုံးနှင့် ရေချိုးခန်းသာရှိသော အခန်းတစ်ခုဖြစ်သည်။ ဘာပစ္စည်းမှ အလှဆင်ထားခြင်းမရှိပဲ သာမန်အခန်းတစ်ခုလိုပင် ။

"ဦး က ရေချိုးပြီးအဝတ်မလဲဘူးလား ၊
မှန်ရောမကြည့်ဘူးလား ၊
အဲ့တာတွေ ဘာလို့မရှိရတာလဲ"

ရီပေါ် တွေးတောရင်း ကုတင်ပေါ်အသာတတ်ထိုင်လိုက်မိသည် ။

တစ်ခုခု ထူးဆန်းနေတာအမှန်ပင် ၊
ဦး အခန်းဆိုတာတော့ကျိန်းသေတယ် ၊
ဒါပေမယ့် ဒီအခန်းထဲမှာ လျှို့ဝှက်ချက်တစ်
ခုခုရှိရမယ် ။

ရီပေါ် တွေးတော၍မဆုံးခင်မှာ...
စီခနဲထွက်လာတယ့် အသံစူးစူးကြီး..ကအခန်းထဲမှာ ပဲ့တင်ထွက်စွာ...

"မိတ်ဆွေ သင် ဒီအခန်းထဲရောက်နေတာ
၁၅ မိနစ်ရှိနေပါပြီ ၊ကျေးဇူးပြု၍ အမြန်ထွက်သွားပေးပါ "

စက်ရုပ်သံလိုလို ထွက်လာတယ့် အသံဆာဆာလေးက ရီပေါ့်ကိုလန့်ဖျန့်သွားစေကာ..ထိုင်ရာမှ ထရပ်မိသည်အထိ ၊ လူမဟုတ်မှန်းသိသော်လည်း ကြောက်အားလန့်အားဖြင့် မေးမိသည်က...

"ဘယ်....သူ....လဲ...
ဦး အခန်းထဲဘယ်သူရောက်နေတာလဲ "

သို့သော်များလည်း ပြန်ဖြေသံမကြားရ၊
ထိုအသံကြီးက ထပ်မံ၍...

"မိတ်ဆွေ ကျွန်ုပ်သတိပေးနေပါသည်၊
အမြန်ဆုံးထွက်သွားပေးပါ ၊ မဟုတ်ရင်..
ထောင်ချောက်များ သင့်ဆီရောက်လာပါလိမ့်မည် "

"ဘာ...ထောင်ချောက် "

ရီပေါ် အံ့သြလွန်း၍ပြေးဖို့တောင်မေ့နေသည် ။ မိမိ ဘယ်ဘဝရောက်နေတာတောင်မသိပဲနဲ့..စိတ်ထဲရောက်လာမိတာ
ဦးးးအကြောင်း ၊ ကိုယ့်အခန်းဖြစ်ပါရက်နဲ့ဘာလို့ ဒီလိုဆန်းကြယ်တယ့်ပစ္စည်းတွေအသုံးပြုနေရတာလဲ?

ဦး...က လူတိုင်းကိုမယုံကြည်တာလား၊
ဦး...ကိုလုပ်ကြံမယ့်သူတွေ အဲ့လောက်ထိများနေလို့လား ။

ထိုစဥ်...ရှူးခနဲမြည်သံနှင့်အတူ..အခန်းထဲလွင့်ပျံ့လာသောမြူခိုးလိုလိုအငွေ့များ၊
ရီပေါ့်...အကြောများရုတ်ချည်တောင့်တင်းကုန်ကာ...လူကအရုပ်တစ်ရုပ်လို..
ဗုန်းခနဲပစ်လဲသွားတော့သည်။

သတိမမေ့ခင် ရီပေါ်ပြုံးလိုက်မိသည်။
ဦးးးးးက အရမ်းတော်တာပဲနော် ၊
သားကိုအပြစ်ပေးဖို့အတွက်..Canadaကပြန်လာစရာတောင်မလိုဘူး ။

_____________________________

1270 Words (28.11.2019)7:50PM

Thank you for Reading

Sanay Moe Swe

_____________________________

#####Zawgyi#####

တစ္ေဒါက္ေဒါက္ ဖိနပ္သံႏွင့္အတူ မိမိစားပြဲေပၚေရာက္ရွိလာတယ့္ Fileတြဲတစ္တြဲေၾကာင့္..ေရွာင္းက်န့္ေခါင္းေမာ့ၾကည့္လိုက္သည္ ။ ႏႈတ္ခမ္းထက္အၿပဳံးတစ္ခု ခ်ိတ္ဆြဲလိုက္ရင္း

"Sisဂ်က္ဆီ...Leo ေနမေကာင္းဘူးဆို၊
ဘာလို႔ အလုပ္လာတာလဲ ၊ နားလိုက္တာမဟုတ္ဘူး"

ဂ်က္ဆီ က ခပ္ေဖ်ာ့ေဖ်ာ့ၿပဳံးၿပီးေခါင္းယမ္းျပလိုက္သည္။ ၿပီးမွစိတ္ရႈပ္ေနဟန္ျဖင့္..

"Leo က ေနေကာင္းပါတယ္ ၊ စာေမးပြဲရွိလို႔နည္းနည္း ဂ်ီခ်င္ေနတာ ၊ ဖတဆိုး မို႔ အလိုလိုက္ထားေတာ့ သခင္ေလးသိတယ့္အတိုင္းပဲ..."

ေရွာင္းက်န့္က သေဘာတက်ရယ္ေမာလိုက္ၿပီး...

"အသက္ဘယ္ေလာက္ရွိၿပီလဲ ၊က်ေနာ္တြက္ၾကည့္လိုက္ေတာ့ ၁၀ႏွစ္ေက်ာ္ၿပီထင္တယ္"

"၁၂ ႏွစ္ပါသခင္ေလး..."

"Oh...ဟုတ္လား ၊ အခ်ိန္ေတြေတာင္ ဒီေလာက္ၾကာေနၿပီလား ျမန္လိုက္တာ.."

တစ္ေယာက္တည္းေရ႐ြတ္လိုက္ကာ..ခပ္ေတြေတြ အေဝးကိုေငးေမာေနတယ့္ သခင္ေလးေၾကာင့္..ဂ်က္ဆီအခန္းထဲမွအလိုက္တသိထြက္လာလိုက္သည္ ။

ေရွာင္းက်န့္ စိတ္အာ႐ုံတို႔ကအလုပ္မွာရွိမေနေတာ့ ၊ အလုပ္စားပြဲမွထရပ္လိုက္ကာ...
အခန္းအျပင္ဘက္ကိုသာေငးၾကည့္ေနမိသည္။ မွန္အၾကည္ေတြ ကာထားတာမို႔ ျမင္ကြင္းအားလုံးကိုျပတ္သားစြာ ျမင္ေနရဆဲ ။ သက္ျပင္းကို ဟင္း ခနဲ ခ်ရင္း ပါးစပ္ကေရ႐ြတ္မိတာက....

"ငါ ၁၂ ႏွစ္အ႐ြယ္တုန္းက...
ဘယ္သူမွ ငါ့အနားမရွိခဲဲ့ၾကဘူး "

ေပါက္ခနဲေႂကြက်သြားတယ့္ မ်က္ရည္တစ္စက္က က်ိန္းေသခါးသက္ေနလိမ့္မည္။
က်ေနာ္ ငိုတာမဟုတ္ဘူး ။ ဘယ္ေတာ့မွေရွာင္းက်န့္က မေပ်ာ့ညံ့ဘူး ။

လက္သီးကိုတင္းတင္းဆုပ္ရင္း ေခါင္းကိုေမာ့ထားလိုက္သည္ ။
ပါး နဲ႕ မားး...ေကာင္းကင္ဘုံကေစာင့္ၾကည့္ေနပါ။က်ေနာ္ က်ိန္းေသ လက္စားေခ်ေပးမယ္ ။

.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"ေရာ့...ဦးေလးယြမ္ရႈအတြက္ ေပါင္မုန့္ၾကက္ဥေၾကာ္ နဲ႕ Coffee "

ရီေပၚက မုန့္ပန္းကန္မ်ားကို ေရွ႕သို႔တိုးေပးကာ ၿပဳံးလ်က္ဆိုလာတာမို႔ ယြမ္ရႈ ေခါင္းညိမ့္အသိအမွတ္ျပရင္း...Coffeeတစ္ငုံေသာက္သည္ ။ ၿပီးမွ...ရီေပၚ့ကိုအကဲခတ္သလိုၾကည့္ျပန္ၾကည့္ကာ...

"ေျပာပါအုံး ၊
ဘာေတြအူျမဴးေနတာလဲ "

ရီေပၚ က Cakeကို ပလုတ္ပေလာင္းစားေနရင္း ဟီးခနဲရယ္ျပသည္။

"ဦးေလး ကေတာ့လုပ္ၿပီဗ်ာ ၊
အူျမဴးတယ္လို႔ေတာ့ မဟုတ္ပါဘူး ၊
အလယ္တန္းၿပီးသြားလို႔ေပ်ာ္ေနတာ "

ယြမ္ရႈ ေသာက္လက္စ Coffeeေတာင္သီးမတတ္ျဖစ္သြားရသည္ ။ အလယ္တန္းၿပီးတာကိုမ်ားေရးႀကီးခြင္က်ယ္လုပ္ေနတယ္ ၊
ျဖစ္ပ်က္ေနတယ့္႐ုပ္က နိုင္ငံျခားမွ ပညာေတာ္သင္ျပန္လာေသာ လူတစ္ေယာက္လို။

"ဟုတ္ပါၿပီ ၊ မၾကာခင္အထက္တန္းေက်ာင္းသားျဖစ္ေတာ့မွာမို႔လို႔
Congratulations ေနာ္ ရီေပၚေလး၊
ဦးေလး Company သြားေတာ့မယ္ Ok "

ရီေပၚ့...က ေခါင္းညိမ့္ျပရင္းမ်က္ႏွာငယ္ေလးနဲ႕ျပန္ၾကည့္ေနတာမို႔...

"ဘာျဖစ္လို႔လဲ ရီေပၚ ၊
မုန့္ဖိုးမရွိေတာ့လို႔လား "

ရီေပၚက ေခါင္းခါျပရင္း..

"မဟုတ္ပါဘူး ၊
ဟိုေလ ဦးက ဦးေလးယြမ္ရႈဆီ Phone ဆတ္လားဟင္ "

"ဟမ္ "

ယြမ္ရႈ ေၾကာင္ အ သြားတာအမွန္ပင္ ၊
Sir ဒီမွာမရွိတာက သူ႕အတြက္ ေနရ ၊စားရ ေခ်ာင္တယ္မဟုတ္ဘူးလား ။

"ဦးေလး "

"ဟင္...ဪ....
ညတိုင္းလိုလိုေတာ့ Chatingထိုင္ျဖစ္တယ္ေလ ၊ အလုပ္အေၾကာင္း ျပန္တင္ျပရတာေပါ့ ၊ မင္းကဘာလုပ္မလို႔လဲ "

ရီေပၚက မ်က္ေတာင္ကိုတစ္ဖ်တ္ဖ်တ္ခတ္ကာ ထိုင္ရာမွထရပ္သည္။ ေနာက္ၿပီးေခါင္းကိုသြက္သြက္ခါကာ...

"ဟင့္အင္း ၊
ဘာ့မွမျဖစ္ပါဘူး "

"အဲ့ဒါဆို ဦးေလးသြားမယ္ေနာ္ "

"ဟုတ္ "

ၿခံထဲက ကားေလးထြက္သြားေတာ့မွ ရီေပၚ
သက္ျပင္းသဲ့သဲ့ခ်ကာ...

"ဦး ကို အရမ္းလြမ္းတာပဲ "

ေဆြးေျမ့စြာ ထြက္လာတယ့္တယ့္ ခပ္အက္အက္စကားသံေလးက အသက္နဲ႕ေတာင္လိုက္ဖက္မႈမရွိ ။ ေျခေထာက္အစုံကေတာ့ ႏွလုံးသားရဲ႕ေစၫႊန္းရာအတိုင္း အေပၚထပ္သို႔ ဦးတည္ေနၾကသည္။

ဦး အေငြ႕အသက္ေတြကို ခဏေလာက္ေတာ့ခံစားပါရေစ ။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
အခန္းေရွ႕မွာ ေျခစုံရပ္ရင္း...
ဝင္သင့္၊ မဝင္သင့္ စဥ္းစားေနမိသည္။
ဦး အခန္းထဲကိုတစ္ခါမွမေရာက္ဖူးဘူး ။
ဟိုတစ္ခါ အက်ီေတာင္းတုန္းကလဲ အခန္းေရွ႕မွာခုလိုမတ္တပ္ရေနရတာေလ ။

ဒီတစ္ခါေတာ့ ဦးအခန္းထဲဝင္ခ်င္တယ္ ၊
အျပစ္ေပးခ်င္တယ္ဆို Canada က အျမန္ဆုံးျပန္လာခဲ့ပါ ဦးးးးးးး။

အခန္းတံခါးကိုအသာတြန္းဖြင့္လိုက္စဥ္ ပိတ္ပိတ္ေမွာင္ေနေသာ အေမွာင္ထုႀကီးကသာ သူ႕ကို ဆီးႀကိဳေနသည္။

ေျခတစ္လွမ္း လွမ္းလိုက္ေတာ့ ၾကမ္းေပၚ ကတစ္ခုခုကိုနင္းမိသြားသလိုပင္ ။ မီးမ်ား႐ုတ္ခ်ည္လင္းလာကာ တစ္ခန္းလုံးလင္းထိန္သြားေတာ့သည္။

မ်က္လုံးကိုအသာေဝ့ၾကည့္လိုက္ေတာ့...

အခန္းေထာင့္စြန္းမွာ ကုတင္ကိုေနရာခ်ထားၿပီး...ဝရံတာနဲ႕တြဲဆက္ထားတာမို႔..ရိုးရိုးရွင္းရွင္းမဟုတ္ပဲတစ္မ်ိဳးဆန္းသစ္ေနသည္။

ေျခရင္းဘက္မွာေတာ့ ေရခ်ိဳးခန္းႏွင့္အိမ္သာရွိေနကာ​ ရီေပၚအခန္းထဲလွည့္လည္ၾကည့္ရႈလိုက္ေသာ္လည္း အဝတ္ဗီဒိုနဲ႕
ေနာက္ထပ္ အျခားဘာပစၥည္းကိုမွမေတြ႕ရေတာ့ ။

ေသခ်ာၿခဳံငုံၾကည့္လွ်င္..ကုတင္တစ္လုံးႏွင့္ ေရခ်ိဳးခန္းသာရွိေသာ အခန္းတစ္ခုျဖစ္သည္။ ဘာပစၥည္းမွ အလွဆင္ထားျခင္းမရွိပဲ သာမန္အခန္းတစ္ခုလိုပင္ ။

"ဦး က ေရခ်ိဳးၿပီးအဝတ္မလဲဘူးလား ၊
မွန္ေရာမၾကည့္ဘူးလား ၊
အဲ့တာေတြ ဘာလို႔မရွိရတာလဲ"

ရီေပၚ ေတြးေတာရင္း ကုတင္ေပၚအသာတတ္ထိုင္လိုက္မိသည္ ။

တစ္ခုခု ထူးဆန္းေနတာအမွန္ပင္ ၊
ဦး အခန္းဆိုတာေတာ့က်ိန္းေသတယ္ ၊
ဒါေပမယ့္ ဒီအခန္းထဲမွာ လွ်ို႔ဝွက္ခ်က္တစ္
ခုခုရွိရမယ္ ။

ရီေပၚ ေတြးေတာ၍မဆုံးခင္မွာ...
စီခနဲထြက္လာတယ့္ အသံစူးစူးႀကီး..ကအခန္းထဲမွာ ပဲ့တင္ထြက္စြာ...

"မိတ္ေဆြ သင္ ဒီအခန္းထဲေရာက္ေနတာ
၁၅ မိနစ္ရွိေနပါၿပီ ၊ေက်းဇူးျပဳ၍ အျမန္ထြက္သြားေပးပါ "

စက္႐ုပ္သံလိုလို ထြက္လာတယ့္ အသံဆာဆာေလးက ရီေပၚ့ကိုလန့္ဖ်န့္သြားေစကာ..ထိုင္ရာမွ ထရပ္မိသည္အထိ ၊ လူမဟုတ္မွန္းသိေသာ္လည္း ေၾကာက္အားလန့္အားျဖင့္ ေမးမိသည္က...

"ဘယ္....သူ....လဲ...
ဦး အခန္းထဲဘယ္သူေရာက္ေနတာလဲ "

သို႔ေသာ္မ်ားလည္း ျပန္ေျဖသံမၾကားရ၊
ထိုအသံႀကီးက ထပ္မံ၍...

"မိတ္ေဆြ ကြၽန္ုပ္သတိေပးေနပါသည္၊
အျမန္ဆုံးထြက္သြားေပးပါ ၊ မဟုတ္ရင္..
ေထာင္ေခ်ာက္မ်ား သင့္ဆီေရာက္လာပါလိမ့္မည္ "

"ဘာ...ေထာင္ေခ်ာက္ "

ရီေပၚ အံ့ၾသလြန္း၍ေျပးဖို႔ေတာင္ေမ့ေနသည္ ။ မိမိ ဘယ္ဘဝေရာက္ေနတာေတာင္မသိပဲနဲ႕..စိတ္ထဲေရာက္လာမိတာ
ဦးးးအေၾကာင္း ၊ ကိုယ့္အခန္းျဖစ္ပါရက္နဲ႕ဘာလို႔ ဒီလိုဆန္းၾကယ္တယ့္ပစၥည္းေတြအသုံးျပဳေနရတာလဲ?

ဦး...က လူတိုင္းကိုမယုံၾကည္တာလား၊
ဦး...ကိုလုပ္ႀကံမယ့္သူေတြ အဲ့ေလာက္ထိမ်ားေနလို႔လား ။

ထိုစဥ္...ရႉးခနဲျမည္သံႏွင့္အတူ..အခန္းထဲလြင့္ပ်ံ့လာေသာျမဴခိုးလိုလိုအေငြ႕မ်ား၊
ရီေပၚ့...အေၾကာမ်ား႐ုတ္ခ်ည္ေတာင့္တင္းကုန္ကာ...လူကအ႐ုပ္တစ္႐ုပ္လို..
ဗုန္းခနဲပစ္လဲသြားေတာ့သည္။

သတိမေမ့ခင္ ရီေပၚၿပဳံးလိုက္မိသည္။
ဦးးးးးက အရမ္းေတာ္တာပဲေနာ္ ၊
သားကိုအျပစ္ေပးဖို႔အတြက္..Canadaကျပန္လာစရာေတာင္မလိုဘူး ။

_____________________________

1270 Words (28.11.2019)7:50PM

Thank you for Reading

Sanay Moe Swe

_____________________________

Continue Reading

You'll Also Like

236K 23.1K 70
ដោយសារតែគុំនំបានធ្វើអោយក្មេងប្រុសដែលមានបេះដូងបរិសុទ្ធស្រស់ស្អាតប្រែក្លាយជាក្មេងពឹសពុលពោពេញដោយល្បិចកល់ គេហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែនាមជាប្រពន្ធចុងបុរសច...
230K 13.2K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
25K 853 29
အခ်စ္နဲ႔ ေယာကၡမၾကားက အခက္အခဲနဲ႔ေမတၱာတရားေတြကို ဟာသဆန္ဆန္ခံစားရမယ့္ fictionေလးပါ #Yizhan
155K 9.2K 19
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။