....."Xiao Oo Oo".....{{ COMP...

By Sanaymoeswe

727K 63.3K 4.8K

(Unicode +Zawgyi) ♥Fanfic တစ်ခုမျှသာ၊ မည်သူကိုမှ ထိခိုက်လိုစိတ်မရှိ♥ လွဲမှားနေသော ချစ်ခြင်းများနှင့်အတူ ကျွန်... More

Chapter...(1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter(23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
🙏🙏🙏
Chapter (41)
Chapter (42)
Chapter (43)
Extra(1)
Extra(2)
Extra(3) (Ending)

Chapter (14)

14.6K 1.4K 42
By Sanaymoeswe

###Unicode###

"Sir....အိမ်ထဲဝင်သင့်ပြီ.."

"......."

ခြံနောက်ဘက်ကအုတ်ဂူရှေ့မှာဒူးထောက်နေသော..Sirဖြစ်သူကြောင့် ယွမ်ရှုသတိပေးလိုက်သော်လည်း...တုန့်ပြန်သံကကင်းမဲ့
နေသလို..အကြည့်လေးတစ်ချက်တောင်မိမိဆီကိုရောက်မလာခဲ့..။

ညနေစောင်းကတည်းက..ဒူးထောက်နေကာ
ယခုဆို..ဆည်းဆာလဲနှောက်..၊ အလင်းလဲပျောက်နေပြီ..။

လေအဝှေ့မှာ.ခပ်သဲ့သဲ့ရှိုက်သံလေးများက  မ တိုး မကျယ်ထွက်ပေါ်လာကာ..တစ်ဆတ်ဆတ်တုန်နေသော ကိုယ်လုံးလေးက.
ငါငိုနေတယ်လို့..ထောက်ပြနေသလို..။

ရှောင်းကျန့်ဆိုသောသူက..သူ့မိခင်ရဲ့နှစ်ပတ်လည်နေ့မှာသာ မျက်ရည်ကိုဖောဖောသီသီကျပြီး..လှိုက်လှိုက်လှဲလှဲနဲ့ကိုငိုသည်..။ သို့သော်..နှစ်တိုင်းဒီလိုမြင်ကွင်းမျိုးကို ယွမ်ရှု မမြင်ရ..။

အဘယ်ကြောင့်ဆိုသော်..လူတစ်ရပ်နီးပါးရှိသော..မြက်ရိုင်းများကပိတ်ကွယ်တားဆီးနေ၍ဖြစ်သည်..။ သို့သော်..ဒီနှစ်မှာတော့
ရီပေါ်လေး.ကောင်းမှုကြောင့်..ယခုလိုမြင်ကွင်းမျိုးကို..တွေ့ရခြင်း..။

အတော်ကြာမှ...နေရာမှခပ်ဖြည်းဖြည်းထရပ်တာမို့..ယွမ်ရှုအလျင်အမြန်ပင်ထိန်းကိုင်ပေးလိုက်ရသည်..။ ခပ်ပါးပါးခြုံလွှာတစ်ခုကို..Sir ပေါ်လွှမ်းခြုံပေးပြီး..

"အေးတယ်...
အိမ်ထဲဝင်ရအောင်.."

ယိုင်တိုင်တိုင်ခြေလှမ်းများနဲ့..ရှောင်းကျန့်ပုံစံက..အစွယ်ကျိုးနေသောမြွေတစ်ကောင်နှယ်..။ အရင်က..ရှောင်းကျန့်ပုံစံနဲ့လုံးဝကိုကွဲပြားနေကာ...ဒီနေ့ဟာ..ငယ်ငယ်ကသူ့ရဲ့..သခင်လေးရှောင်းကျန့်အဖြစ်သာ။

"အင့်...ယွမ်ရှု...
ငါ..အရမ်းပင်ပန်းတယ်..
*Sob * sob မား..ကိုအရမ်း
သတိရတာပဲ..၊ ငါ..ငါလေ..."

စကားတွေဆက်မပြောနိုင်ဘဲ..ရင်ဘတ်ကိုဖိဆုပ်ကာ..သည်းထန်းစွာရှိုက်ငိုနေသောရှောင်းကျန့်ကို..ယွမ်ရှုမတားမိ..။
ဒီလိုနေ့မျိုးမှာ..ဒီလူသားဟာသေလောက်အောင်ငိုလိမ့်မည်..။
သေလောက်အောင်..ပေါက်ကွဲလိမ့်မည်..။
ဒါဟာ..အဆန်းမဟုတ်တော့..။
နှစ်ပတ်လည်နေ့တိုင်း..ဒီလိုဖြစ်နေကျပင်၊
နောက်နေ့တွင်တော့..အရာအားလုံးဟာပုံ
မှန်အတိုင်း..လည်ပတ်နေလိမ့်မည်..။

"လမ်းလျှောက်နိုင်လား...
ငါ့..ကျောပေါ်တတ်.."

"မင်းကို..မနေ့က..ကြာပွတ်နဲ့ရိုက်မိသေးတယ်လေ..၊ ကျောတွေနာနေမှာပေါ့.."

"ရတယ်..တက်လိုက်.."

ငြင်းဆန်မှုမရှိ..၊ လွယ်လင်တကူသူ့ကျောပေါ်ကုန်းတတ်သောရှောင်းကျန့်ကြောင့်..
ယွမ်ရှု ပြုံးလိုက်ရင်း...စိတ်ထဲတွင်တော့

ငါက..တစ်ချက်တည်းအရိုက်ခံရတယ့်သူလေ..၊ ငါးချက်တောင်အရိုက်ခံရတယ့်..
ရီပေါ်လေးအတွက်ရော..မင်းမတွေးမိဘူးလား...။

"ကောင်လေး..ရောအဆင်ပြေရဲ့လား..၊
ငါ့..စိတ်တွေနည်းနည်းလွတ်သွားတယ်ကွာ၊
သူက..ငါ့ကိုဒေါသထွက်အောင်အရမ်းလုပ်တာပဲ..၊ မနေ့ကမင်းရောက်တာမြန်လို့..
မဟုတ်ရင်ဘာဆတ်ဖြစ်မလဲ..ငါ့ကိုယ်ငါ​တောင်မသိနိုင်ဘူး.."

ထိုသို့တစ်ရှည်တစ်လျားရှင်းပြကာ..မိမိပုခုံးပေါ်..မေးတင်ပြီး..သိုင်းဖက်လာသောရှောင်းကျန့်လက်များကြောင့်..ယွမ်ရှုမတိုးမကျယ်လေသံနှင့်...

"လသာဆောင်ကို..သွားမှာမလား??"

"အင်း..."

တစ်ခြံလုံး မာကျူရီမီးတိုင်များထိန်းလင်းနေတာမို့..လမ်းကိုတော့ကောင်းစွာမြင်နေရသည်။ တစ်ဆတ်ဆတ်တုန်နေသော..
ခန္ဓာကိုယ်နှင့်..ပုခုံးပေါ်စွန်းပေလာသောမျက်ရည်ပူများက..နာကျင်ခြင်းရဲ့..ပြယုဒ်တစ်ခုပေလား..ယွမ်ရှု မသိ..။

"မင်း..အဆင်ပြေရဲ့လား"

"အင့်...."

ပြန်ဖြေသံမဟုတ်ပဲ..အင့်ခနဲ..ရှိုက်သံကသာအဖြေတစ်ခုလို..။ ယွမ်ရှုခြေလှမ်းများကိုအရှိန်ထပ်တင်လိုက်ပြီး..အိမ်ကြီးဆီသို့
ခပ်မြန်မြန်လျှောက်နေမိသည်..။

အိမ်ထဲ...ခြေချလိုက်တာနဲ့..ရီပေါ်လေးနဲ့
တန်းတိုးတာမို့...ယွမ်ရှု နှုတ်ခမ်းရှေ့လက်ညှိုးထောင်ပြကာ..ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ရသည်..။

ရီပေါ်..ကြောင်တောင်တောင်ဖြစ်ကာနေရာမှာရပ်နေဆဲ..။ ကျောပြင်က..ဒဏ်ရာများကြောင့်တစ်ညနဲ့တစ်မနက်လုံး..အခန်းထဲကမထွက်နိုင်ခဲ့တယ့်မိမိဘဝ...။

ထွက်လာပြန်တော့လည်း..မြင်လိုက်ရတာက...ဦးလေးယွမ်ရှုက..ဦးကို..ကျောပိုးလာသည်တယ့်..။

ထူးဆန်းတာက..ဦး..ပုံစံကနွမ်းဖက်နေကာ..မျက်လုံးများကိုစေ့ပိတ်ထားသေးသည်..။သို့သော်..မျက်ခမ်းစပ်များယောင်ကာ..မျက်ရည်စက်များက..စီးကျနေဆဲမို့..ရီပေါ့်ရင်ထဲ..ပုရွတ်ဆိတ်ကိုက်ခံရသလို..စစ်ခနဲ..စစ်ခနဲ..။

"ယွမ်ရှု...မရောက်သေးဘူးလား..၊
ငါမအိပ်ဘူးနော်..ရိုးရာမဖျက်နဲ့.."

"အေးပါ..လသာဆောင်ကိုပို့ပေးပါ့မယ်၊
လှေကားပေါ်တတ်နေတာမို့..ငြိမ်ငြိမ်နေစမ်းပါ..၊အရင်ကလို 13နှစ်သားမှတ်နေလား"

ရှောင်းကျန့်ခွန်းတုန့်မပြန်ပဲ..မျက်လုံးတွေပြန်မှိတ်ထားမိသည်..။ ပင်ပန်းတယ်..။
ကျနော်အရမ်းကို..ပင်ပန်းနေပြီ မားရယ်။

"ရောက်ပြီ...ဆင်းတော့..."

နှစ်စဥ်နှစ်တိုင်း..မရိုးသောအစီအစဥ်တစ်ခုပင်..။ လသာဆောင်မှာ..Wine ပုလင်းနဲ့
ခွက်နှစ်ခွက်က...ပနံသင့်စွာ..။
ရှောင်းကျန့်..ထိုင်ခုံမှာပျင်းတွဲတွဲမှီထိုင်လိုက်ပြီး...

"Wine ငှဲ့ပေး..."

ယွမ်ရှုလဲ..Wine တစ်ခွက်ငှဲ့ပေးလိုက်ကာ
ရှောင်းကျန့်ရှေ့မှ..ထ်ိုင်ခုံမှာဝင်ထိုင်လိုက်ပြီး မမူးဘဲရစ်မည့်စကားများကိုနားထောင်ရန်..အဆင်သင့်..။

လေအသော့မှာ..ရှောင်းကျန့်စိတ်တွေက..မီးလောင်ရာလေပင့်သလို ။ချက်ချင်းပင်အသံတိတ်မျက်ရည်များစီးကျနေကာ..အဝေးကိုသာငေးကြည့်ရင်း...

"ငါ...ပျော့ညံ့နေလား...
အဟင်း.Ha Ha..No no မပျော့ညံ့ဘူး..
ရှောင်းကျန့်ဆိုတယ့်..ငါက..အရမ်းကိုသန်မာတယ်..ဟုတ်တယ်မလား..."

ကိုယ့်ဘာသာမေးကာ..ကိုယ့်ဘာသာဖြေသည်..။နောက်ပြီးသူ့ဘက်လှည့်ကာ..
ထောက်ခံမဲတောင်းနေသေးသည်..။
ယွမ်ရှု ခေါင်းကိုတစ်ဆတ်ဆတ်ငြိမ့်ပြလိုက်ကာ....

"ဟုတ်တယ်...
မင်းက..အသန်မာဆုံးပဲ.."

"မှန်တယ်..မှန်တယ်..
သစ္စာဖောက်တွေကိုဘာလုပ်သင့်လဲ"

"မင်းသဘောအတိုင်းလေ...၊
မင်းပါးစပ်က ထွက်တယ့်စကားအတိုင်း
ငါက လုပ်ပေးမယ်"

"အဟွန်း...တော်တယ်..၊
မင်းက အတော်ဆုံးပဲ..ယွမ်ရှု.."

ပြောလဲပြော..၊ လက်ထဲကမှ..Wine ခွက်ကို..ဇောက်ထိုးလုပ်ပြနေသော..ရှောင်းကျန့်အမူအရာကြောင့်..ယွမ်ရှုတောင်ရယ်ချင်သွားသည်..။ Wine လေးတစ်ခွက်ဝင်သွားပါတယ်..။ ဘဝတွေပျက်ပြီး..အာလေးလျှာ​လေးတွေဖြစ်လို့။

"အမ်...ဘာရီတာလဲ..ဂျစ်ပစီလေး..၊
သခင်လေး..ကိုလှောင်နေတာလား..၊
ခု..ချက်ချင်းထ.."

"ငါ..က..."

ရှောင်းကျန့်ကလက်ညှိုးတစ်ရမ်းရမ်းနဲ့..

"မလိုချင်ဘူး...ငါက..တွေ ဘာတွေလုပ်မနေနဲ့..ခုချက်ချင်းထ.."

ယွမ်ရှုခေါင်းကိုတစ်ဗျင်းဗျင်းကုပ်ကာ..နေရာမှထရပ်လိုက်ရသည်..။ရှောင်းကျန့်က..ညှင်းသွဲ့သွဲ့ရယ်လိုက်ကာ..Wine
ပုလင်းကို..တစ်ကျိုက်တည်းကောက်မော့
လိုက်တာမို့...

"ဟာ..ဟေ့..အဲ့လိုမသောက်နဲ့လေ..၊
အဲ့တာရေမဟုတ်ဘူး...."

"သိသယ်..သိသယ်...ငါ့ကို အရူးထင်နေတာလား..ပေါစမ်း.."

ပြောနေတယ့်စကားသံတွေက..မပီသတော့၊
ဒီနေ့ဟာ..ရှောင်းကျန့်..အတွက်တော့လူစားထိုးခံရသော..နေ့ဆိုလျှင်မမှား..။

ယမကာ...မသောက်နိုင်တယ့်လူမို့..ပါးတွေ နားတွေ က..ရဲရဲနီနေကာ..၊ လည်ပင်းနဲ့..အကျီရင်ဘတ်တွေမှာလည်း
Wine တို့ဖြင့်စွန်းပေနေလျက်..။

"အဲ့လိုပြူးကြည့်မနေနဲ့...
ခုနက..ရယ် နေတယ်ဆိုတာ..
ဝန်ခံလ်ိုက်စမ်း..."

"ဟုတ်ပါတယ်ကွာ..
ငါရယ်မိပါတယ်..."

သူ့ ဝန်ခံစကားကြောင့်..ရှောင်းကျန့်က..လက်ခုပ်လက်ဝါးတီးကာ..တဟီးဟီး ထရယ်လိုက်တော့..လက်ထဲမှ Wine ပုလင်းဟာလဲ..ကြမ်းပြင်ပေါ်ဂွမ်းခနဲ...

"ဂွမ်း..."

ထိုတင်မကသေး..။
ပုလင်းကွဲစများကို..တတ်နင်းရန်ပြင်နေသောရှောင်းကျန့်ကြောင့်..ယွမ်ရှုတစ်ယောက်ပြာယာခတ်သွားကာ...ထိုကလေးဆိုးကြီးအား..အမြန်ပွေ့ချီလိုက်ရသည်..။

"တော်ပါတော့ရှောင်းကျန့်ရာ...
ကလေးလဲ မဟုတ်တော့ဘူး၊
မနက်ဖြန်..သွားစရာလဲရှိသေးတယ်"

ယွမ်ရှုရင်ခွင်ထဲမှ..ရှောင်းကျန့်မှာတော့မျက်လုံးမှိတ်လျက်ခေါင်းတဆတ်ဆတ်ငြိမ့်နေကာ..

"ဟုတ်ဒယ်..သွားချာ..ရှိတယ်ရော်..၊
အိပ်ခန်းထဲ ရိုက်ပို့ပေး လွမ်ရှု.."

မူးနေသောရှောင်းကျန့် စကားများကြောင့်..ယွမ်ရှုတောင်ပြုံးစိစိဖြစ်သွားရသည်.။

မပြုံးနိုင်..မရယ်နိုင်ဖြစ်နေသူကတော့..
လှေကားထိပ်မှာ..ပုန်းကာ..ကွယ်ကာ​ဖြင့်ထိုမြင်ကွင်းကို..အစအဆုံးချောင်းကြည့်နေသောကောင်လေးတစ်ယောက်..။

ဦး..ကိုကျောပိုးတယ်..။
ခုလဲ..ပွေ့ချီထားပြန်ပြီ..။
ဦးကလဲ..ဦလေးယွမ်ရှုလည်ပင်းတွေကိုပြန်ဖက်ထားတယ်..။

ကလေးလေးရီပေါ်တစ်ယောက်..စိတ်အကြီးကြီးညစ်ကာ..အောက်ထပ်သို့ပြန်ဆင်းလာခ့ဲသည်..။စိတ်ပျက်ပျက်နဲ့ထပ်ခါတလဲလဲရေရွတ်နေသည်က...

"သား..အသက်အမြန်ကြီးချင်တယ်"ဟုသာ။
.
.
.
.
.
.
.
.
.
.
.
.
.

.
.
ဒီနေ့မနက်မှာတော့..နေအတော်မြင့်မှကလေးလေးရီပေါ်..နိုးလာသည်..။
ခါတိုင်းဆို..စောစောနိုးသော်လည်း..မနေ့က..မဟုတ်တာတွေရော..၊ ဟုတ်တာတွေရောတွေးနေကာ..ညဥ့်နက်မှအိပ်ပျော်သွားခ့ဲခြင်း..။

အခန်းထဲမှ..ထွက်လာတော့အိမ်ကြီးတစ်ခုလုံးတိတ်ဆိတ်နေတာကိုသတိပြုမိသည်။
မျက်လုံးတွေကလဲ ဟိုကြည့် ဒီကြည့် ။

"ရီပေါ်လေး..အိပ်လှချည်လားကွ.."

လှေကားပေါ်မှ..အလောတကြီးပြေးဆင်းလာသောဦးလေးယွမ်ရှုကြောင့်..ရီပေါ်စူးစမ်းသလိုကြည့်လိုက်ကာ..

"ဘယ်သွားမို့လဲ...ဦးလေးယွမ်ရှု.."

"Company မှာ..Meeting ရှိတယ်လေကွာ...၊ Sir ထွက်သွားတာနာရီပိုင်းပဲရှိသေးတယ်..၊ ပြသာနာတွေက တန်းစီနေတော့တာပဲ..."

"ထွက်သွားတယ်..၊
ဦး..က..ဘယ်သွားတာလဲ.."

ဦးလေးယွမ်ရှုက..လက်မှနာရီကိုတစ်ချက်ငုံ့ကြည့်လိုက်ပြီး..

"အာ...ဟုတ်သား..
ရီပေါ်လေးကိုမပြောရသေးဘူးပဲ..၊
Sir က..Canada ကိုအလုပ်ကိစ္စနဲ့..ခရီးထွက်သွားတယ်..."

"ဗျာ..."

ရီပေါ်...ဗျာ..ခနဲဖြစ်သွားကာ လူကကျောက်ရုပ်တစ်ရုပ်လို..။ မနေ့ကမှ.ကလေးတစ်ယောက်လို..Wine သောက်ပြီးမူးရူးနေတာလေ..။ ခုတော့..
Canada ကိုထွက်သွားပြီတယ့်..၊

"အီး...အင့်.."

"ဟာ...ဘာလို့..ငိုတာလဲ..ရီပေါ်.ရာ၊
စိတ်ရှုပ်ရတယ့်အထဲ..မင်းကတစ်မျိုး.."

ရီပေါ်က...ငိုရှိုက်ရင်းနှင့်ပင်...

"သား..သားကိုဒီအတိုင်းထားခဲ့တယ်..၊
နှုတ်တောင်မဆတ်သွားဘူး..."

ယွမ်ရှုက..ခေါင်းခါပြလိုက်ကာ..

" ရှောင်းကျန့်က..မင်းကိုဘယ်လိုသဘောထားလဲ မင်းအသိဆုံးပါ ၊ အဲ့လိုလူကမင်းကို တကူးတကနှုတ်ဆတ်ပါ့မလား"

ဦးလေးယွမ်ရှုက လိုရင်းတိုရှင်းကိုပြောကာ
သူ့ရှေ့မှခပ်သုတ်သုတ်ထွက်သွားတာမို့...
ဧည့်ခန်းထဲမှာ...ရီပေါ်တစ်ယောက်တည်း။

"သိတယ်...
အားအားရှိ..ဓားစာခံဆိုတယ့်စကားပဲ..
ဦး ပြောနေတာ..၊
သား က ဘာတွေလုပ်ပြမှ သာမန်လူတစ်
ယောက်လိုမြင်နိုင်မှာလဲ.."

ထိုသို့..ကျယ်လောင်စွာ အော်ဟစ်ပြီး အားရပါးရ ငိုရှိုက်သံတွေက အိမ်တော်ထဲတွင် ပဲ့တင်မြည်ဟီးလျက်..။

"ဦး က မုန်း ဖို့ ကောင်း တယ် ၊
ဦး က အရမ်း ရက် စက် တယ် ၊
ဦး တစ်ယောက်တည်း ဒေါသ ထွက်တတ်တာလား...??
ဦး စကားတွေကြောင့်..အကြိမ်ကြိမ်သေနေတယ့်..သား အဖြစ်ကိုလဲ တစ်ချက်လောက်ငဲ့ကြည့်ပါဦး..."

ရီပေါ့်မှာတော့...ထိုသို့တစ်ယောက်တည်းပေါက်ကွဲနေကာ...
လေယာဥ်ပေါ်က...ရှောင်းကျန့်မှာတော့..
စာအုပ်ဖတ်ပြီး..ငိုက်မြည်းနေလျက်..။

"ကျွတ်..ယွမ်ရှုကတော့ကွာ..။
ငါ့အကြောင်းပြောနေလားမသိဘူး..၊
အရမ်း အိပ်ငိုက်တာပဲ.."

_____________________________

1974 Words(16.10.2019)7:00PM

Thank you for Reading

Sanay Moe Swe


______________________________

###Zawgyi###

"Sir....အိမ္ထဲဝင္သင့္ၿပီ.."

"......."

ၿခံေနာက္ဘက္ကအုတ္ဂူေရွ႕မွာဒူးေထာက္ေနေသာ..Sirျဖစ္သူေၾကာင့္ ယြမ္ရႈသတိေပးလိုက္ေသာ္လည္း...တုန့္ျပန္သံကကင္းမဲ့
ေနသလို..အၾကည့္ေလးတစ္ခ်က္ေတာင္မိမိဆီကိုေရာက္မလာခဲ့..။

ညေနေစာင္းကတည္းက..ဒူးေထာက္ေနကာ
ယခုဆို..ဆည္းဆာလဲႏွောက္..၊ အလင္းလဲေပ်ာက္ေနၿပီ..။

ေလအေဝွ႕မွာ.ခပ္သဲ့သဲ့ရွိုက္သံေလးမ်ားက  မ တိုး မက်ယ္ထြက္ေပၚလာကာ..တစ္ဆတ္ဆတ္တုန္ေနေသာ ကိုယ္လုံးေလးက.
ငါငိုေနတယ္လို႔..ေထာက္ျပေနသလို..။

ေရွာင္းက်န့္ဆိုေသာသူက..သူ႕မိခင္ရဲ႕ႏွစ္ပတ္လည္ေန႕မွာသာ မ်က္ရည္ကိုေဖာေဖာသီသီက်ၿပီး..လွိုက္လွိုက္လွဲလွဲနဲ႕ကိုငိုသည္..။ သို႔ေသာ္..ႏွစ္တိုင္းဒီလိုျမင္ကြင္းမ်ိဳးကို ယြမ္ရႈ မျမင္ရ..။

အဘယ္ေၾကာင့္ဆိုေသာ္..လူတစ္ရပ္နီးပါးရွိေသာ..ျမက္ရိုင္းမ်ားကပိတ္ကြယ္တားဆီးေန၍ျဖစ္သည္..။ သို႔ေသာ္..ဒီႏွစ္မွာေတာ့
ရီေပၚေလး.ေကာင္းမႈေၾကာင့္..ယခုလိုျမင္ကြင္းမ်ိဳးကို..ေတြ႕ရျခင္း..။

အေတာ္ၾကာမွ...ေနရာမွခပ္ျဖည္းျဖည္းထရပ္တာမို႔..ယြမ္ရႈအလ်င္အျမန္ပင္ထိန္းကိုင္ေပးလိုက္ရသည္..။ ခပ္ပါးပါးၿခဳံလႊာတစ္ခုကို..Sir ေပၚလႊမ္းၿခဳံေပးၿပီး..

"ေအးတယ္...
အိမ္ထဲဝင္ရေအာင္.."

ယိုင္တိုင္တိုင္ေျခလွမ္းမ်ားနဲ႕..ေရွာင္းက်န့္ပုံစံက..အစြယ္က်ိဳးေနေသာေႁမြတစ္ေကာင္ႏွယ္..။ အရင္က..ေရွာင္းက်န့္ပုံစံနဲ႕လုံးဝကိုကြဲျပားေနကာ...ဒီေန႕ဟာ..ငယ္ငယ္ကသူ႕ရဲ႕..သခင္ေလးေရွာင္းက်န့္အျဖစ္သာ။

"အင့္...ယြမ္ရႈ...
ငါ..အရမ္းပင္ပန္းတယ္..
*Sob* sob မား..ကိုအရမ္း
သတိရတာပဲ..၊ ငါ..ငါေလ..."

စကားေတြဆက္မေျပာနိုင္ဘဲ..ရင္ဘတ္ကိုဖိဆုပ္ကာ..သည္းထန္းစြာရွိုက္ငိုေနေသာေရွာင္းက်န့္ကို..ယြမ္ရႈမတားမိ..။
ဒီလိုေန႕မ်ိဳးမွာ..ဒီလူသားဟာေသေလာက္ေအာင္ငိုလိမ့္မည္..။
ေသေလာက္ေအာင္..ေပါက္ကြဲလိမ့္မည္..။
ဒါဟာ..အဆန္းမဟုတ္ေတာ့..။
ႏွစ္ပတ္လည္ေန႕တိုင္း..ဒီလိုျဖစ္ေနက်ပင္၊
ေနာက္ေန႕တြင္ေတာ့..အရာအားလုံးဟာပုံ
မွန္အတိုင္း..လည္ပတ္ေနလိမ့္မည္..။

"လမ္းေလွ်ာက္နိုင္လား...
ငါ့..ေက်ာေပၚတတ္.."

"မင္းကို..မေန႕က..ၾကာပြတ္နဲ႕ရိုက္မိေသးတယ္ေလ..၊ ေက်ာေတြနာေနမွာေပါ့.."

"ရတယ္..တက္လိုက္.."

ျငင္းဆန္မႈမရွိ..၊ လြယ္လင္တကူသူ႕ေက်ာေပၚကုန္းတတ္ေသာေရွာင္းက်န့္ေၾကာင့္..
ယြမ္ရႈ ၿပဳံးလိုက္ရင္း...စိတ္ထဲတြင္ေတာ့

ငါက..တစ္ခ်က္တည္းအရိုက္ခံရတယ့္သူေလ..၊ ငါးခ်က္ေတာင္အရိုက္ခံရတယ့္..
ရီေပၚေလးအတြက္ေရာ..မင္းမေတြးမိဘူးလား...။

"ေကာင္ေလး..ေရာအဆင္ေျပရဲ႕လား..၊
ငါ့..စိတ္ေတြနည္းနည္းလြတ္သြားတယ္ကြာ၊
သူက..ငါ့ကိုေဒါသထြက္ေအာင္အရမ္းလုပ္တာပဲ..၊ မေန႕ကမင္းေရာက္တာျမန္လို႔..
မဟုတ္ရင္ဘာဆတ္ျဖစ္မလဲ..ငါ့ကိုယ္ငါ​ေတာင္မသိနိုင္ဘူး.."

ထိုသို႔တစ္ရွည္တစ္လ်ားရွင္းျပကာ..မိမိပုခုံးေပၚ..ေမးတင္ၿပီး..သိုင္းဖက္လာေသာေရွာင္းက်န့္လက္မ်ားေၾကာင့္..ယြမ္ရႈမတိုးမက်ယ္ေလသံႏွင့္...

"လသာေဆာင္ကို..သြားမွာမလား..."

"အင္း..."

တစ္ၿခံလုံး မာက်ဴရီမီးတိုင္မ်ားထိန္းလင္းေနတာမို႔..လမ္းကိုေတာ့ေကာင္းစြာျမင္ေနရသည္။ တစ္ဆတ္ဆတ္တုန္ေနေသာ..
ခႏၶာကိုယ္ႏွင့္..ပုခုံးေပၚစြန္းေပလာေသာမ်က္ရည္ပူမ်ားက..နာက်င္ျခင္းရဲ႕..ျပယုဒ္တစ္ခုေပလား..ယြမ္ရႈ မသိ..။

"မင္း..အဆင္ေျပရဲ႕လား"

"အင့္...."

ျပန္ေျဖသံမဟုတ္ပဲ..အင့္ခနဲ..ရွိုက္သံကသာအေျဖတစ္ခုလို..။ ယြမ္ရႈေျခလွမ္းမ်ားကိုအရွိန္ထပ္တင္လိုက္ၿပီး..အိမ္ႀကီးဆီသို႔
ခပ္ျမန္ျမန္ေလွ်ာက္ေနမိသည္..။

အိမ္ထဲ...ေျခခ်လိဳက္တာနဲ႕..ရီေပၚေလးနဲ႕
တန္းတိုးတာမို႔...ယြမ္ရႈ ႏႈတ္ခမ္းေရွ႕လက္ညွိုးေထာင္ျပကာ..ေခါင္းတစ္ခ်က္ၿငိမ့္ျပလိုက္ရသည္..။

ရီေပၚ..ေၾကာင္ေတာင္ေတာင္ျဖစ္ကာေနရာမွာရပ္ေနဆဲ..။ ေက်ာျပင္က..ဒဏ္ရာမ်ားေၾကာင့္တစ္ညနဲ႕တစ္မနက္လုံး..အခန္းထဲကမထြက္နိုင္ခဲ့တယ့္မိမိဘဝ...။

ထြက္လာျပန္ေတာ့လည္း..ျမင္လိုက္ရတာက...ဦးေလးယြမ္ရႈက..ဦးကို..ေက်ာပိုးလာသည္တယ့္..။
ထူးဆန္းတာက..ဦး..ပုံစံကႏြမ္းဖက္ေနကာ..မ်က္လုံးမ်ားကိုေစ့ပိတ္ထားေသးသည္..။သို႔ေသာ္..မ်က္ခမ္းစပ္မ်ားေယာင္ကာ..မ်က္ရည္စက္မ်ားက..စီးက်ေနဆဲမို႔..ရီေပၚ့ရင္ထဲ..ပု႐ြတ္ဆိတ္ကိုက္ခံရသလို..စစ္ခနဲ..စစ္ခနဲ..။

"ယြမ္ရႈ...မေရာက္ေသးဘူးလား..၊
ငါမအိပ္ဘူးေနာ္..ရိုးရာမဖ်က္နဲ႕.."

"ေအးပါ..လသာေဆာင္ကိုပို႔ေပးပါ့မယ္၊
ေလွကားေပၚတတ္ေနတာမို႔..ၿငိမ္ၿငိမ္ေနစမ္းပါ..၊အရင္ကလို 13ႏွစ္သားမွတ္ေနလား"

ေရွာင္းက်န့္ခြန္းတုန့္မျပန္ပဲ..မ်က္လုံးေတြျပန္မွိတ္ထားမိသည္..။ ပင္ပန္းတယ္..။
က်ေနာ္အရမ္းကို..ပင္ပန္းေနၿပီ မားရယ္။

"ေရာက္ၿပီ...ဆင္းေတာ့..."

ႏွစ္စဥ္ႏွစ္တိုင္း..မရိုးေသာအစီအစဥ္တစ္ခုပင္..။ လသာေဆာင္မွာ..Wine ပုလင္းနဲ႕
ခြက္ႏွစ္ခြက္က...ပနံသင့္စြာ..။
ေရွာင္းက်န့္..ထိုင္ခုံမွာပ်င္းတြဲတြဲမွီထိုင္လိုက္ၿပီး...

"Wine ငွဲ႕ေပး..."

ယြမ္ရႈလဲ..Wine တစ္ခြက္ငွဲ႕ေပးလိုက္ကာ
ေရွာင္းက်န့္ေရွ႕မွ..ထ္ိုင္ခုံမွာဝင္ထိုင္လိုက္ၿပီး မမူးဘဲရစ္မည့္စကားမ်ားကိုနားေထာင္ရန္..အဆင္သင့္..။

ေလအေသာ့မွာ..ေရွာင္းက်န့္စိတ္ေတြက..မီးေလာင္ရာေလပင့္သလို ။ခ်က္ခ်င္းပင္အသံတိတ္မ်က္ရည္မ်ားစီးက်ေနကာ..အေဝးကိုသာေငးၾကည့္ရင္း...

"ငါ...ေပ်ာ့ညံ့ေနလား...
အဟင္း.Ha Ha..No no မေပ်ာ့ညံ့ဘူး..
ေရွာင္းက်န့္ဆိုတယ့္..ငါက..အရမ္းကိုသန္မာတယ္..ဟုတ္တယ္မလား..."

ကိုယ့္ဘာသာေမးကာ..ကိုယ့္ဘာသာေျဖသည္..။ေနာက္ၿပီးသူ႕ဘက္လွည့္ကာ..
ေထာက္ခံမဲေတာင္းေနေသးသည္..။
ယြမ္ရႈ ေခါင္းကိုတစ္ဆတ္ဆတ္ၿငိမ့္ျပလိုက္ကာ....

"ဟုတ္တယ္...
မင္းက..အသန္မာဆုံးပဲ.."

"မွန္တယ္..မွန္တယ္..
သစၥာေဖာက္ေတြကိုဘာလုပ္သင့္လဲ"

"မင္းသေဘာအတိုင္းေလ...၊
မင္းပါးစပ္က ထြက္တယ့္စကားအတိုင္း
ငါက လုပ္ေပးမယ္"

"အဟြန္း...ေတာ္တယ္..၊
မင္းက အေတာ္ဆုံးပဲ..ယြမ္ရႈ.."

ေျပာလဲေျပာ..၊ လက္ထဲကမွ..Wine ခြက္ကို..ေဇာက္ထိုးလုပ္ျပေနေသာ..ေရွာင္းက်န့္အမူအရာေၾကာင့္..ယြမ္ရႈေတာင္ရယ္ခ်င္သြားသည္..။ Wine ေလးတစ္ခြက္ဝင္သြားပါတယ္..။ ဘဝေတြပ်က္ၿပီး..အာေလးလွ်ာ​ေလးေတြျဖစ္လို႔။

"အမ္...ဘာရီတာလဲ..ဂ်စ္ပစီေလး..၊
သခင္ေလး..ကိုေလွာင္ေနတာလား..၊
ခု..ခ်က္ခ်င္းထ.."

"ငါ..က..."

ေရွာင္းက်န့္ကလက္ညွိုးတစ္ရမ္းရမ္းနဲ႕..

"မလိုခ်င္ဘူး...ငါက..ေတြ ဘာေတြလုပ္မေနနဲ႕..ခုခ်က္ခ်င္းထ.."

ယြမ္ရႈေခါင္းကိုတစ္ဗ်င္းဗ်င္းကုပ္ကာ..ေနရာမွထရပ္လိုက္ရသည္..။ေရွာင္းက်န့္က..ညွင္းသြဲ႕သြဲ႕ရယ္လိုက္ကာ..Wine
ပုလင္းကို..တစ္က်ိဳက္တည္းေကာက္ေမာ့
လိုက္တာမို႔...

"ဟာ..ေဟ့..အဲ့လိုမေသာက္နဲ႕ေလ..၊
အဲ့တာေရမဟုတ္ဘူး...."

"သိသယ္..သိသယ္...ငါ့ကို အ႐ူးထင္ေနတာလား..ေပါစမ္း.."

ေျပာေနတယ့္စကားသံေတြက..မပီသေတာ့၊
ဒီေန႕ဟာ..ေရွာင္းက်န့္..အတြက္ေတာ့လူစားထိုးခံရေသာ..ေန႕ဆိုလွ်င္မမွား..။

ယမကာ...မေသာက္နိုင္တယ့္လူမို႔..ပါးေတြ နားေတြ က..ရဲရဲနီေနကာ..၊ လည္ပင္းနဲ႕..အက်ီရင္ဘတ္ေတြမွာလည္း
Wine တို႔ျဖင့္စြန္းေပေနလ်က္..။

"အဲ့လိုျပဴးၾကည့္မေနနဲ႕...
ခုနက..ရယ္ ေနတယ္ဆိုတာ..
ဝန္ခံလ္ိုက္စမ္း..."

"ဟုတ္ပါတယ္ကြာ..
ငါရယ္မိပါတယ္..."

သူ႕ ဝန္ခံစကားေၾကာင့္..ေရွာင္းက်န့္က..လက္ခုပ္လက္ဝါးတီးကာ..တဟီးဟီး ထရယ္လိုက္ေတာ့..လက္ထဲမွ Wine ပုလင္းဟာလဲ..ၾကမ္းျပင္ေပၚဂြမ္းခနဲ...

"ဂြမ္း..."

ထိုတင္မကေသး..။
ပုလင္းကြဲစမ်ားကို..တတ္နင္းရန္ျပင္ေနေသာေရွာင္းက်န့္ေၾကာင့္..ယြမ္ရႈတစ္ေယာက္ျပာယာခတ္သြားကာ...ထိုကေလးဆိုးႀကီးအား..အျမန္ေပြ႕ခ်ီလိုက္ရသည္..။

"ေတာ္ပါေတာ့ေရွာင္းက်န့္ရာ...
ကေလးလဲ မဟုတ္ေတာ့ဘူး၊
မနက္ျဖန္..သြားစရာလဲရွိေသးတယ္"

ယြမ္ရႈရင္ခြင္ထဲမွ..ေရွာင္းက်န့္မွာေတာ့မ်က္လုံးမွိတ္လ်က္ေခါင္းတဆတ္ဆတ္ၿငိမ့္ေနကာ..

"ဟုတ္ဒယ္..သြားခ်ာ..ရွိတယ္ေရာ္..၊
အိပ္ခန္းထဲ ရိုက္ပို႔ေပး လြမ္ရႈ.."

မူးေနေသာေရွာင္းက်န့္ စကားမ်ားေၾကာင့္..ယြမ္ရႈေတာင္ၿပဳံးစိစိျဖစ္သြားရသည္.။

မၿပဳံးနိုင္..မရယ္နိုင္ျဖစ္ေနသူကေတာ့..
ေလွကားထိပ္မွာ..ပုန္းကာ..ကြယ္ကာ​ျဖင့္ထိုျမင္ကြင္းကို..အစအဆုံးေခ်ာင္းၾကည့္ေနေသာေကာင္ေလးတစ္ေယာက္..။

ဦး..ကိုေက်ာပိုးတယ္..။
ခုလဲ..ေပြ႕ခ်ီထားျပန္ၿပီ..။
ဦးကလဲ..ဦေလးယြမ္ရႈလည္ပင္းေတြကိုျပန္ဖက္ထားတယ္..။

ကေလးေလးရီေပၚတစ္ေယာက္..စိတ္အႀကီးႀကီးညစ္ကာ..ေအာက္ထပ္သို႔ျပန္ဆင္းလာခ့ဲသည္..။စိတ္ပ်က္ပ်က္နဲ႕ထပ္ခါတလဲလဲေရ႐ြတ္ေနသည္က...

"သား..အသက္အျမန္ႀကီးခ်င္တယ္"ဟုသာ။
.
.
.
.
.
.
.
.
.
.
.
.
.

.
.
ဒီေန႕မနက္မွာေတာ့..ေနအေတာ္ျမင့္မွကေလးေလးရီေပၚ..နိုးလာသည္..။
ခါတိုင္းဆို..ေစာေစာနိုးေသာ္လည္း..မေန႕က..မဟုတ္တာေတြေရာ..၊ ဟုတ္တာေတြေရာေတြးေနကာ..ညဥ့္နက္မွအိပ္ေပ်ာ္သြားခ့ဲျခင္း..။

အခန္းထဲမွ..ထြက္လာေတာ့အိမ္ႀကီးတစ္ခုလုံးတိတ္ဆိတ္ေနတာကိုသတိျပဳမိသည္။
မ်က္လုံးေတြကလဲ ဟိုၾကည့္ ဒီၾကည့္ ။

"ရီေပၚေလး..အိပ္လွခ်ည္လားကြ.."

ေလွကားေပၚမွ..အေလာတႀကီးေျပးဆင္းလာေသာဦးေလးယြမ္ရႈေၾကာင့္..ရီေပၚစူးစမ္းသလိုၾကည့္လိုက္ကာ..

"ဘယ္သြားမို႔လဲ...ဦးေလးယြမ္ရႈ.."

"Company မွာ..Meeting ရွိတယ္ေလကြာ...၊ Sir ထြက္သြားတာနာရီပိုင္းပဲရွိေသးတယ္..၊ ျပသာနာေတြက တန္းစီေနေတာ့တာပဲ..."

"ထြက္သြားတယ္..၊
ဦး..က..ဘယ္သြားတာလဲ.."

ဦးေလးယြမ္ရႈက..လက္မွနာရီကိုတစ္ခ်က္ငုံ႕ၾကည့္လိုက္ၿပီး..

"အာ...ဟုတ္သား..
ရီေပၚေလးကိုမေျပာရေသးဘူးပဲ..၊
Sir က..Canada ကိုအလုပ္ကိစၥနဲ႕..ခရီးထြက္သြားတယ္..."

"ဗ်ာ..."

ရီေပၚ...ဗ်ာ..ခနဲျဖစ္သြားကာ လူကေက်ာက္႐ုပ္တစ္႐ုပ္လို..။ မေန႕ကမွ.ကေလးတစ္ေယာက္လို..Wine ေသာက္ၿပီးမူး႐ူးေနတာေလ..။ ခုေတာ့..
Canada ကိုထြက္သြားၿပီတယ့္..၊

"အီး...အင့္.."

"ဟာ...ဘာလို႔..ငိုတာလဲ..ရီေပၚ.ရာ၊
စိတ္ရႈပ္ရတယ့္အထဲ..မင္းကတစ္မ်ိဳး.."

ရီေပၚက...ငိုရွိုက္ရင္းႏွင့္ပင္...

"သား..သားကိုဒီအတိုင္းထားခဲ့တယ္..၊
ႏႈတ္ေတာင္မဆတ္သြားဘူး..."

ယြမ္ရႈက..ေခါင္းခါျပလိုက္ကာ..

" ေရွာင္းက်န့္က..မင္းကိုဘယ္လိုသေဘာထားလဲ မင္းအသိဆုံးပါ..၊ အဲ့လိုလူကမင္းကို..တကူးတက ႏႈတ္ဆတ္ပါ့မလား။ "

ဦးေလးယြမ္ရႈက လိုရင္းတိုရွင္းကိုေျပာကာ
သူ႕ေရွ႕မွခပ္သုတ္သုတ္ထြက္သြားတာမို႔...
ဧည့္ခန္းထဲမွာ...ရီေပၚတစ္ေယာက္တည္း။

"သိတယ္...
အားအားရွိ..ဓားစာခံဆိုတယ့္စကားပဲ..
ဦး ေျပာေနတာ..၊
သား က ဘာေတြလုပ္ျပမွ သာမန္လူတစ္
ေယာက္လိုျမင္နိုင္မွာလဲ.."

ထိုသို႔..က်ယ္ေလာင္စြာ ေအာ္ဟစ္ၿပီး အားရပါးရ ငိုရွိုက္သံေတြက အိမ္ေတာ္ထဲတြင္ ပဲ့တင္ျမည္ဟီးလ်က္..။

"ဦး က မုန္း ဖို႔ ေကာင္း တယ္ ၊
ဦး က အရမ္း ရက္ စက္ တယ္ ၊
ဦး တစ္ေယာက္တည္း ေဒါသ ထြက္တတ္တာလား...??
ဦး စကားေတြေၾကာင့္..အႀကိမ္ႀကိမ္ေသေနတယ့္..သား အျဖစ္ကိုလဲ တစ္ခ်က္ေလာက္ငဲ့ၾကည့္ပါအုံး..."

ရီေပၚ့မွာေတာ့...ထိုသို႔တစ္ေယာက္တည္းေပါက္ကြဲေနကာ...
ေလယာဥ္ေပၚက...ေရွာင္းက်န့္မွာေတာ့..
စာအုပ္ဖတ္ၿပီး..ငိုက္ျမည္းေနလ်က္..။

"ကြၽတ္..ယြမ္ရႈကေတာ့ကြာ..။
ငါ့အေၾကာင္းေျပာေနလားမသိဘူး..၊
အရမ္း အိပ္ငိုက္တာပဲ.."

_____________________________

1974 Words(16.10.2019)7:00PM

Thank you for Reading

Sanay Moe Swe

______________________________

Continue Reading

You'll Also Like

81.9K 4.8K 12
Xiao Zhan ♥ Wang Yibo
592K 37.6K 75
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
53.5K 2.4K 9
မ​ေရးတတ္​​ေရးတတ္​နဲ႔ အရမ္​း​ေရးခ်င္​လို႔သာ ​ေရးလိုက္​တာပါ အမွားပါရင္​လဲ ခြင္​့လႊတ္​ပါ​ေနာ္​
974 115 6
ရက်စက်ကြမ်းတမ်းလှပါသော ဘ၀တံတားရယ် အကျွန်ုပ်၏ စိတ်ဝိဉာဉ်အစုံကိုလွတ်မြောက်ခွင့် ပေးလိုက်ပါလော့။ OTP-HOONKI The Devil's bridge ဆိုတာလေးကိုဖတ်မိပြီး စိ...