🖤Theories of LOVE♥
♥Smile Honey Smile♥
♥ေခ်ာ့ရတဲ့ အဖိုးအခအျဖစ္ အျပံဳးေလးေတာ့ျပန္ေပး.....
♥အျပံဳးေတြနဲ႔ေခ်ာ့ျမႇဴျခင္းေတြကိုupgradeျမႇင့္ခ်င္လို႔.....
🖤♥🖤♥
ဒီေန႔ေဆးရံုကဆင္းတဲ့ေန႔......
လက္ကေက်ာက္ပတ္တီးကိုင္ထားတာလဲေျဖခဲ့ၿပီမို႔ ခုေတာ့ သူပုန္ေလးတေယာက္ ထႂကြေသာင္းက်န္း႐ွာၿပီ.......
🖤ကဲ baby စိတ္ဆိုးျခင္းေတြရဲ႕ ဆိုင္းငံ႔ကာလ ဒီမွာတင္ကုန္ဆံုးသြားပါၿပီ...
အဲ့ဒါေၾကာင့္ ခုကစၿပီး babyကိုအျပစ္ေပးမွာမို႔ စတင္စိတ္ဆိုးပါေတာ့မယ္ေနာ္
ေျပာၿပီးတာနဲ႔ မ်က္ႏွာခပ္တည္တည္နဲ႔လွည့္ထြက္လာေတာ့ မ်က္ႏွာငယ္ေလးနဲ႔က်န္ခဲ့႐ွာသည့္ baby.....
တခါမွ သူေခ်ာ့တာကိုမခံဖူးတဲ့အျပင္ ေနာက္ထပ္ကြၽန္ေတာ္႐ူးမတတ္စိုးရိမ္ရသည့္အျဖစ္မ်ိဳးသူထပ္မလုပ္ရဲေအာင္ပညာျပရမယ္ေလ.....
ၿပီးေတာ့ သူေခ်ာ့မဲ့ပံုစံေလးကိုလဲ မျမင္ခင္ကပင္ အသည္းယားေနမိတာမို႔ အေတြးနဲ႔တင္အရမ္းခ်စ္မိေနၿပီ.....
ကားစထြက္တာနဲ႔ လက္ညႇိဳးေလးနဲ႔လာတို႔လို႔ သူ႔ကိုၾကည့္လိုက္ေတာ့.......
ျဖဴေဖြးေနတဲ့သြား၃၂ေခ်ာင္းလံုးေပၚရံုသာမက မ်က္လံုးေလးေတြပါမွိတ္သည္အထိ မ်က္မွာခ်ိဳေသြးေနတဲ့ ကေလးေလး.......
ရယ္ခ်င္ျပံဳးခ်င္စိတ္ကို မတန္တဆခုခံကာကြယ္ရင္း မ်က္ႏွာခ်က္ခ်င္းလႊဲပစ္လိုက္ရသည္......
♥ကိုကိုစိတ္ဆိုးေျပနဲ႔ေနာ္ ခ်က္ခ်င္း babyက ခ်စ္စရာေကာင္းေအာင္ေခ်ာ့မွာ ေနာ္ ေနာ္.....
🖤ဘယ္လိုေခ်ာ့ေခ်ာ့ ေတာ္ရံုနဲ႔မေျပဘူး ပူမေနပါနဲ႔......
♥စိတ္ခ် babyေခ်ာ့တဲ့ပံုကိုျမင္ၿပီး ကိုကိုစိတ္ခ်မ္းသာလို႔ အသက္႐ွည္ရံုတင္မကဘူး အရပ္ပါ႐ွည္လာမွာ......
🖤ဘာာာာာာာ......
♥ဟီးဟီး ခ်စ္လို႔စတာကို ကိုကိုကလဲ စိတ္ႀကီးပဲ.......
ေျပာေျပာဆိုဆို ပါးကိုရႊတ္ခနဲလာနမ္းလိုက္ေတာ့ သူမသိပဲအသက္တဝက္ကထြက္သြားၿပီ.......
စိတ္ဆိုးျပမွတန္ကာက်မည္ဆိုၿပီး မနည္းတင္းထားရတာကို သူကလူကိုအမ်ိဳးမ်ိဳးရယ္ေအာင္ေျပာလိုက္ နမ္းလိုက္တို႔လိုက္နဲ႔.......
ခုေနကိုယ့္႐ုပ္ကိုမွန္နဲ႔ပင္ျပန္မၾကည့္ရဲ.....
ရယ္ခ်င္ျပံဳးခ်င္စိတ္ကိုမခ်ိမဆန္႔မ်ိဳသိပ္ေနရတဲ့မ်က္ႏွာကဘယ္လိုမွ လွေနမွာမဟုတ္......
တလမ္းလံုး ပါးကိုလာနမ္းလိုက္ ပုခံုးေပၚေခါင္းေလးမွီလိုက္နဲ႔ လူကုိအမ်ိဳးမ်ိဳးသတ္လာတာ အိမ္ေရာက္တဲ့ထိပင္........
အိမ္ေရာက္တာနဲ႔ လံုးဝသူ႔ကိုလွည့္မၾကည့္ပဲ အခန္းထဲတန္းေျပးရင္း အိမ္သာထဲဝင္ကာ တဟားဟားေအာ္ရယ္မိသည္အထိပင္......
🖤ခ်စ္လိုက္တာ babyရယ္ စိတ္ဆိုးခြင့္ေလးတရက္ေလာက္ေကာင္းေကာင္းေပးပါလားကြာ......
ခုန္ေနတဲ့ႏွလံုးသားကို လက္နဲ႔ဖိရင္း မ်က္ဝန္းေတြမွိတ္မိေတာ့ အဲ့ဒီေန႔ကျဖစ္ရပ္ကိုျပန္ျမင္ေယာင္လာေတာ့ အျပံဳးေတြကအလိုလိုရပ္တန္႔သြားရျပန္သည္.....
🖤ခုထိ အဲ့ေန႔ကစိုးရိမ္မႈေတြကအ႐ွိန္မေသေသးဘူး babyရယ္....
ဘာေျပာေျပာ ကိုကို႔စိတ္ကိုbabyသိေစခ်င္တယ္....
ဘယ္ေလာက္ထိစိုးရိမ္ေၾကာက္ရြံ႔ခဲ့ရသလဲဆိုတာကိုေပါ့.....🖤
🖤♥🖤♥
တလမ္းလံုး ရယ္ခ်င္တာကိုမ်ိဳသိပ္ထားရတဲ့ကိုကို႔မ်က္ႏွာကိုၾကည့္ရင္း ပိုၿပီးခြၽဲႏြဲ႔ကလိခ်င္စိတ္က တားမရခဲ့တာမို႔ ပါးကိုနမ္းလိုက္ ပုခံုးမွီလိုက္နဲ႔ ႏွိပ္စက္လာခဲ့တာ....
အိမ္ေရာက္ေတာ့ လူကိုလံုးဝလွည့္ေတာင္မၾကည့္ဘဲ အေပၚကိုတန္းတက္သြားတာမို႔ ရင္ထဲစိတ္မေကာင္းေတာ့ျဖစ္သြားရသည္....
♥သိပါတယ္ကိုကိုရယ္ ကိုကိုbabyအတြက္ ဘယ္ေလာက္စိုးရိမ္နာက်င္ခဲ့ရမွန္း....
စိတ္ဆိုးပါကိုကို babyကိုကိုစိတ္ေက်နပ္တဲ့ထိေခ်ာ့မွာ မို႔လို႔......
တအိမ္လံုးက P'Chenနဲ႔ ဝန္ထမ္းေတြရဲ႕ေႏြးေထြးတဲ့အျပံဳးေတြၾကားမွာ လူကယက္ကန္ယက္ကန္နဲ႔ ......
အေပၚထပ္က မသာေသးသည့္ ကြၽန္ေတာ့္လမင္းႀကီးကို လွမ္းေမ်ွာ္ၾကည့္ရင္း သူတို႔ေခၚရာေနာက္ ပါသြားရသည္ေလ....
🖤♥🖤♥
ေအာက္ထပ္မွာ ခဏေနၿပီးတာနဲ႔ အေပၚကိုခ်က္ခ်င္းေျပးတက္ခဲ့ေတာ့ အခန္းထဲမွာ ကိုကို႐ွိမေန.....
ဒါနဲ႔ပဲ စာၾကည့္ခန္းနားသြားကာ မေယာင္မလည္ တံခါးဖြင့္ကာ အသာေခ်ာင္းၾကည့္မိေတာ့ စာၾကည့္မ်က္မွန္ႀကီးတပ္ကာ အလုပ္လုပ္ေနသည့္ လူႀကီး......
သူအဲ့လိုစာၾကည့္မ်က္မွန္တပ္ထားတာကို အခုမွပထမဆံုးျမင္ဖူးတာမို႔ ၾကည့္ေကာင္းေကာင္းနဲ႔ တံခါးကိုမွီရင္းၾကည့္ေနမိတာ အေနာက္ကလူေရာက္လာတာပင္မသိ.....
"သား Saint...."
အေနာက္က႐ုတ္တရက္ ထြက္လာတဲ့ ေဖေဖ့ေခၚသံၾကားေတာ့ လူကလန္႔ဖ်ပ္ၿပီး တံခါးမွီထားရက္နဲ႔ေခ်ာ္လဲေတာ့ေမွာက္ရက္.....
"သားရယ္ ကေလးမဟုတ္သူငယ္မဟုတ္ ဘယ္လိုျဖစ္လို႔ ေခၚတာကိုအလန္႔တၾကားျဖစ္ရတာလဲ ထ ထ....."
ေဖေဖလာထူေပးေတာ့ ႐ွက္ကိုး႐ွက္ကန္း ထရပ္မိသည္.......
ကြၽန္ေတာ္ေခ်ာ္လဲတာေတာင္ ထိုင္ရာကမထ တခ်က္ပဲလွမ္းၾကည့္ရင္း အလုပ္လုပ္ေနသည့္ ကိုကို႔ကိုၾကည့္ကာ စိတ္ထဲမေကာင္းလာသည္မို႔....
ခ်က္ခ်င္းအခန္းထဲျပန္ဝင္ကာ အိပ္ေနမိေတာ့သည္......
♥စိတ္ဆိုးေနလဲ နည္းနည္းေတာ့ျပံဳးျပပါလား ကိုကိုရယ္.....
အဲ့လိုမ်က္ႏွာတည္တည္ႀကီးနဲ႔မစိမ္းကားပါနဲ႔လား.....
အိပ္ရာေပၚစိတ္မေကာင္းျခင္းမ်ားစြာနဲ႔ အေတြးေတြလြန္ရင္း အိပ္ေပ်ာ္သြားေတာ့သည္.....
🖤♥🖤♥
မ်က္ႏွာေလးမဲ့ကာ အခန္းထဲကထြက္သြားသည့္babyမ်က္ႏွာက မ်က္စိထဲကလံုးဝမထြက္......
စိတ္ဆိုးလက္စနဲ႔ရေအာင္ေနမည္ဟု စိတ္ပိုင္းျဖတ္ထားတာေၾကာင့္သာ....
လူကလံုးဝအလုပ္ဆက္လုပ္မရေတာ့.....
အခန္းတံခါးအသာေလးဟရင္းဝင္လာေတာ့ babyကအိပ္ရာေပၚမွာ ေကြးေကြးေလးအိပ္ေပ်ာ္ေနၿပီ.....
babyနား အသာဝင္ထိုင္ရင္း နဖူးေလးကိုငံု႔နမ္းေတာ့ မ်က္ခံုးေလးကတြန္႔ခ်ိဳးသြားသည္.....
🖤ဘာေတြမ်ားအိပ္မက္ထဲမွာ အလိုမက်ျဖစ္ေနလဲ babyရယ္.....
မေနႏိုင္မထိုင္ႏိုင္ သူ႔ပါးေလးေတြနဲ႔ႏႈတ္ခမ္းရဲရဲေလးကို အိပ္ေပ်ာ္ေနတံုးအလစ္သုတ္ရတာလဲ အေမာ.....
🖤အဆိုးေလး ကိုကိုဘယ္ေလာက္ထိခ်စ္ရသလဲသိရဲ႕လားဟင္.....
အိပ္ေပ်ာ္ေနသည့္ကေလးေပါက္စကိုစကားေတြေျပာရင္း ထိုင္ေငးေနမိတာက ေန႔ခင္းထမင္းစားခ်ိန္ပင္ေရာက္လာၿပီ...
မျဖစ္ဘူး babyထမင္းစားခ်ိန္လြန္သြားလို႔မျဖစ္.....
ေနေကာင္းခါစမို႔အစားအေသာက္အခ်ိန္မွန္မွျဖစ္မွာ .......
မ်က္ႏွာကိုခ်က္ခ်င္းတည္လိုက္ရင္း
🖤baby ေဟ့ Saint ထ ထ ေန႔ခင္းထမင္းစားခ်ိန္ေရာက္ေနၿပီ.....
ေဆးေသာက္ရဦးမွာမွတ္လား....
♥ဟင္......အင္း........ထၿပီ ထၿပီ ကိုကို....
အပ်င္းေၾကာဆန္႔ကာ ပါးစပ္ကထၿပီေျပာရင္း တဖက္လွည့္အိပ္သြားျပန္တဲ့ ကေလးစုတ္ေလး.....
🖤ေအး..... တခါပဲႏိႈးမွာေနာ္......၂ခါမႏိႈးဘူး မထခ်င္ေန.....
အဲ့လိုေလသံခပ္မာမာေျပာေတာ့မွ ခ်က္ခ်င္းကုန္း႐ုန္းထရင္း ျပံဳးျပေနျပန္တဲ့ကြၽန္ေတာ့္နတ္သားေလး......
♥ကိုကို.......
ကိုကိုေခၚရင္း ရင္ခြင္ထဲတိုးဝင္လာတဲ့ babyေၾကာင့္ လူကအေတာင့္သားမတ္တပ္ရပ္ေနမိသည္.....
♥စိတ္ဆိုးခ်င္သေလာက္ဆိုးပါ ရပါတယ္.....ဒါေပမဲ့ေလ babyကို တခါေလာက္ေတာ့ ျပံဳးျပပါလား ကိုကိုရယ္.....
တေန႔ကိုတခါေလာက္ေတာ့ျပံဳးျပေပး....
အာ့မွbabyေခ်ာ့ရတာ ပိုအား႐ွိမွာ.....
တသက္လံုးစိတ္ဆိုးေနၾကမဲ့သူေတြမွမဟုတ္တာ......
စိတ္ဆိုးလို႔လွည့္မၾကည့္ဘဲေနမယ္ဆိုရင္ေတာင္ ျပံဳးျပေပးေနာ္....
🖤အလကားေတာ့မရဘူး ဒီလိုအခ်ိန္မွာ အျပံဳးတခုကတန္ဖိုးအျမင့္ဆံုးပဲ...
သိရဲ႕လား သူပုန္ေလး.....
ေျပာလိုက္တာနဲ႔ ကိုယ့္ႏႈတ္ခမ္းကိုစုပ္ယူနမ္း႐ိႈက္ရင္း လက္ကခါးကိုဖက္ထားရာကေန ကလိထိုးလိုက္ေတာ့ လူကသူနမ္းတာခံေနရင္းနဲ႔ကို မေနႏိုင္ပဲ ျပံဳးမိေတာ့သည္.....
♥လက္ေတြ႔စမ္းသပ္တာ အျပံဳးတခုရဖို႔ ကိုကို႔ႏွလံုးသားကို ကလိထိုးရမယ္ ဟုတ္တယ္......ကလိထိုးရမယ္...
အရမ္းခ်စ္တယ္ကိုကို.....
ေျပာၿပီး ေျပးထြက္သြားတဲ့babyကိုၾကည့္ရင္း ကိုယ့္မွာ ခါးေထာက္ရပ္ရင္းက်န္ခဲ့ေတာ့သည္.....
🖤လည္လိုက္တာလဲ မႊတ္လို႔ပါလား ကေလးစုတ္ေလး....
🖤♥🖤♥
ေန႔လည္ထမင္းစားၿပီးေတာ့ companyကိုသြားရသည္.....
အလုပ္ေတြကိုပစ္ထားရတာ ၾကာၿပီဆိုေတာ့ ခုမွအကုန္ျပန္လိုက္စစ္ေနရတာမို႔ ညေနပင္ေတာ္ေတာ္ေစာင္းသြားၿပီ....
နာရီၾကည့္ရင္း လက္ေတြဆန္႔ထုတ္ရင္းအေညာင္းေျဖရသည္.....
လူကေဆးရံုကေနျပန္ေရာက္တည္းကအိမ္မွာလဲမနားပဲလုပ္ ....
ထမင္းစားၿပီးတာနဲ႔ရံုးကိုတန္းလာရင္ူခုညေနေစာင္းတဲ့ထိမို႔ေတာ္ေတာ္ပင္ပန္းေနၿပီ.....
အျပန္လမ္းမွာလဲ ေနာက္ခန္းမွာထိုင္ရင္းအိပ္ေပ်ာ္သြားတာ အိမ္ေရာက္လို႔ ဒ႐ိုင္ဘာႏိႈးမွပဲ ႏိူးေတာ့သည္.....
အိမ္ေရာက္တာနဲ႔ဘာမွစဥ္းစားမေနေတာ့ပဲ ေရခ်ိဳးခန္းတန္းဝင္ရင္း ေရကိုအားရပါးရခ်ိဳးလိုက္မိသည္....
Babyေပါက္စလဲ ဘယ္ေခ်ာင္ကပ္ေနမွန္းကိုမသိ.....
ဝင္လာတည္းကမေတြ႔.....
အဝတ္အစားလဲၿပီး ေအာက္ထပ္ဆင္းဖို႔ျပင္ေတာ့ အခန္းဝမွာ စာရြက္အဝါေရာင္ေလးတရြက္.....
Sticky note ေလးေပၚမွာ လက္နဲ႔ဆြဲထားတဲ့ smiling faceပံုေလးနဲ႔
Smile Honey Smile ဆိုတဲ့စာေလး....
ေ႐ွ႕ဆက္သြားမိေတာ့ ေလွကားတထစ္စီတိုင္းမွာ စာရြက္ကေလးေတြကပ္ထားတာတန္းစီလို႔....
စာရြက္တိုင္းမွာ smiling faceေလးနဲ႔ Smile Honey Smileဆိုတဲ့စာသားေလးေတြခ်ည္း.....
ျမင္ရပါမ်ားေတာ့ လူကအလိုလိုျပံဳးမိရသည့္အျဖစ္.....
စာရြက္ကပ္ထားရာေနာက္ ေတာက္ေလ်ွာက္လိုက္ေတာ့ ျခံထဲထိပင္....
ျခံထဲကသစ္သားစားပြဲခံုေလးနားအေရာက္မွာ ကြၽန္ေတာ္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကို ျပံဳးလိုက္မိသည္အထိပင္....
ၾကည့္ပါဦး babyရယ္ေလ.....
ယုန္နားရြက္ပါတဲ့ ဦးထုပ္ေလးေဆာင္း Apronေလးဝတ္ကာ ကြၽန္ေတာ့္ကိုမနက္ကလို ႐ွိသမ်ွသြားအကုန္ေပၚေအာင္ျပံဳးျပရင္း ခံုေလးကိုဆြဲယူကာဝင္ထိုင္ဖို႔ လက္ဟန္ေျခဟန္လုပ္ျပေနတာ.....
သူဆြဲေပးထားတဲ့ခံုေပၚ အလိုက္သင့္ဝင္ထိုင္ေတာ့ ေ႐ွ႕ကပန္းကန္ျပားထဲမွာက
ပန္ကိတ္ေလးတခ်ပ္ smiling faceေလးပါ ပန္ကိတ္ေလးေပၚ ပံုေဖာ္ထားေသး......
♥စိတ္ပင္ပန္းရင္ အခ်ိဳစားေပးရတယ္လို႔လူႀကီးေတြေျပာတာၾကားဖူးလို႔ babyကိုယ္တိုင္ လုပ္ေပးထားတာ စားၾကည့္ေနာ္......
တဇြန္းဖဲ့ရင္း စားၾကည့္ေတာ့ တကယ္ကိုခ်ိဳဆိမ့္လို႔.....
♥ခ်ိဳလား ဟင္ ....
🖤အင္း......
♥ခ်ိဳမွာေပါ့ babyက အခ်စ္ေတြထည့္လုပ္ထားတာ အမ်ားႀကီးမွအမ်ားႀကီး......
🖤တန္ေဆးလြန္ေဘးတဲ့ ဘယ္အရာမဆိုေတာ္သင့္ရံုပဲေကာင္းတယ္ခင္ဗ်.....
♥ႏွလံုးသားအတြက္အခ်ိဳဓာတ္မ်ားေလ ပိုေကာင္းေလပါ ကိုကိုရဲ႕.......
ကိုကို႔အက်ိဳးအတြက္babyကေျပာေနရတာ စိတ္အၾကာႀကီးဆိုးရင္မေကာင္းဘူး ႐ုပ္ရင့္တယ္ .......
ဒါမဲ့ ကိုကို႔စိတ္ကေတာ္ေတာ္နဲ႔မေျပမွာသိလို႔ ေန႔တိုင္းျပံဳးဖို႔ေတာ့သတိေပးေနမိမွာ....
ဖ်တ္ကနဲသူ႔လက္ကိုဆြဲလိုက္ေတာ့ ေပါင္ေပၚအလိုက္သင့္ပါလာတဲ့baby.....
🖤တျခား ဘယ္ေနရာကေနေရာ အခ်ိဳဓာတ္ရႏိုင္ဦးမလဲ......
သူ႔ႏႈတ္ခမ္းေလးကိုလက္နဲ႔ပြတ္ဆြဲရင္းေမးေတာ့ မ်က္ႏွာေလးကရဲလို႔.....
♥အခ်စ္ေတြျပည့္ေနတဲ့ႏႈတ္ခမ္းတစံုကေနလဲ ရႏိုင္ပါတယ္ကိုကို....
သူ႔ဂုတ္ကေနဆြဲကိုင္ကာႏႈတ္ခမ္းစိုအိအိေလးကေပးတဲ့အခ်ိဳဓာတ္ကိုအရသာခံေနမိသည္......
အသက္႐ႈရပ္မတတ္ျဖစ္လာေတာ့ သူ႔လက္ေတြကရင္ဘတ္ကိုလာတြန္းေတာ့သည္......
အနမ္းေတြကိုရပ္ရင္းလႊတ္ေပးလိုက္ေတာ့.....
♥အခ်ိဳဓာတ္ေတြအရသာအျပည့္အဝခံၿပီးရင္.....
ျပံဳးပါ ကိုကို......
♥Smile Honey Smile♥
ဒီတရက္စာ ေခ်ာ့ရတဲ့အဖိုးအခအျဖစ္ အျပံဳးတခုလက္ေဆာင္ေပးပါ...
ဒုတိယအႀကိမ္ေပါင္းစည္းမိတဲ့အနမ္းေတြမွာေတာ့ အျပံဳးကိုယ္စီခ်ိတ္ဆြဲလို႔.....
ႏွလံုးသားကိုျပန္ဆြဲေဆာင္ဖို႔အျပံဳးတခုနဲ႔ စတင္ခဲ့ၿပီ.....
အေၾကာက္တရားေတြ႐ွိရင္ေတာင္ ႏူးညံ႔တဲ့အျပံဳးေတြနဲ႔ေက်ာ္လႊားၾကရေအာင္ပါ....
အျပံဳးဆိုတာ ကမာၻေပၚက ဘာသာမဲ့တဲ့ ခ်စ္ျခင္းေမတၱာတခုပါ.....
#Theoriesoflove
#May
ကမန္းကတန္း မို႔ သိပ္မဆြိရင္ ခြင့္လႊတ္ပါ ခ😁
(Unicode)
🖤Theories of LOVE♥
♥Smile Honey Smile♥
♥ချော့ရတဲ့ အဖိုးအခအဖြစ် အပြုံးလေးတော့ပြန်ပေး.....
♥အပြုံးတွေနဲ့ချော့မြှူခြင်းတွေကိုupgradeမြှင့်ချင်လို့.....
🖤♥🖤♥
ဒီနေ့ဆေးရုံကဆင်းတဲ့နေ့......
လက်ကကျောက်ပတ်တီးကိုင်ထားတာလဲဖြေခဲ့ပြီမို့ ခုတော့ သူပုန်လေးတယောက် ထကြွသောင်းကျန်းရှာပြီ.......
🖤ကဲ baby စိတ်ဆိုးခြင်းတွေရဲ့ ဆိုင်းငံ့ကာလ ဒီမှာတင်ကုန်ဆုံးသွားပါပြီ...
အဲ့ဒါကြောင့် ခုကစပြီး babyကိုအပြစ်ပေးမှာမို့ စတင်စိတ်ဆိုးပါတော့မယ်နော်
ပြောပြီးတာနဲ့ မျက်နှာခပ်တည်တည်နဲ့လှည့်ထွက်လာတော့ မျက်နှာငယ်လေးနဲ့ကျန်ခဲ့ရှာသည့် baby.....
တခါမှ သူချော့တာကိုမခံဖူးတဲ့အပြင် နောက်ထပ်ကျွန်တော်ရူးမတတ်စိုးရိမ်ရသည့်အဖြစ်မျိုးသူထပ်မလုပ်ရဲအောင်ပညာပြရမယ်လေ.....
ပြီးတော့ သူချော့မဲ့ပုံစံလေးကိုလဲ မမြင်ခင်ကပင် အသည်းယားနေမိတာမို့ အတွေးနဲ့တင်အရမ်းချစ်မိနေပြီ.....
ကားစထွက်တာနဲ့ လက်ညှိုးလေးနဲ့လာတို့လို့ သူ့ကိုကြည့်လိုက်တော့.......
ဖြူဖွေးနေတဲ့သွား၃၂ချောင်းလုံးပေါ်ရုံသာမက မျက်လုံးလေးတွေပါမှိတ်သည်အထိ မျက်မှာချိုသွေးနေတဲ့ ကလေးလေး.......
ရယ်ချင်ပြုံးချင်စိတ်ကို မတန်တဆခုခံကာကွယ်ရင်း မျက်နှာချက်ချင်းလွှဲပစ်လိုက်ရသည်......
♥ကိုကိုစိတ်ဆိုးပြေနဲ့နော် ချက်ချင်း babyက ချစ်စရာကောင်းအောင်ချော့မှာ နော် နော်.....
🖤ဘယ်လိုချော့ချော့ တော်ရုံနဲ့မပြေဘူး ပူမနေပါနဲ့......
♥စိတ်ချ babyချော့တဲ့ပုံကိုမြင်ပြီး ကိုကိုစိတ်ချမ်းသာလို့ အသက်ရှည်ရုံတင်မကဘူး အရပ်ပါရှည်လာမှာ......
🖤ဘာာာာာာာ......
♥ဟီးဟီး ချစ်လို့စတာကို ကိုကိုကလဲ စိတ်ကြီးပဲ.......
ပြောပြောဆိုဆို ပါးကိုရွှတ်ခနဲလာနမ်းလိုက်တော့ သူမသိပဲအသက်တဝက်ကထွက်သွားပြီ.......
စိတ်ဆိုးပြမှတန်ကာကျမည်ဆိုပြီး မနည်းတင်းထားရတာကို သူကလူကိုအမျိုးမျိုးရယ်အောင်ပြောလိုက် နမ်းလိုက်တို့လိုက်နဲ့.......
ခုနေကိုယ့်ရုပ်ကိုမှန်နဲ့ပင်ပြန်မကြည့်ရဲ.....
ရယ်ချင်ပြုံးချင်စိတ်ကိုမချိမဆန့်မျိုသိပ်နေရတဲ့မျက်နှာကဘယ်လိုမှ လှနေမှာမဟုတ်......
တလမ်းလုံး ပါးကိုလာနမ်းလိုက် ပုခုံးပေါ်ခေါင်းလေးမှီလိုက်နဲ့ လူကိုအမျိုးမျိုးသတ်လာတာ အိမ်ရောက်တဲ့ထိပင်........
အိမ်ရောက်တာနဲ့ လုံးဝသူ့ကိုလှည့်မကြည့်ပဲ အခန်းထဲတန်းပြေးရင်း အိမ်သာထဲဝင်ကာ တဟားဟားအော်ရယ်မိသည်အထိပင်......
🖤ချစ်လိုက်တာ babyရယ် စိတ်ဆိုးခွင့်လေးတရက်လောက်ကောင်းကောင်းပေးပါလားကွာ......
ခုန်နေတဲ့နှလုံးသားကို လက်နဲ့ဖိရင်း မျက်ဝန်းတွေမှိတ်မိတော့ အဲ့ဒီနေ့ကဖြစ်ရပ်ကိုပြန်မြင်ယောင်လာတော့ အပြုံးတွေကအလိုလိုရပ်တန့်သွားရပြန်သည်.....
🖤ခုထိ အဲ့နေ့ကစိုးရိမ်မှုတွေကအရှိန်မသေသေးဘူး babyရယ်....
ဘာပြောပြော ကိုကို့စိတ်ကိုbabyသိစေချင်တယ်....
ဘယ်လောက်ထိစိုးရိမ်ကြောက်ရွံ့ခဲ့ရသလဲဆိုတာကိုပေါ့.....🖤
🖤♥🖤♥
တလမ်းလုံး ရယ်ချင်တာကိုမျိုသိပ်ထားရတဲ့ကိုကို့မျက်နှာကိုကြည့်ရင်း ပိုပြီးချွဲနွဲ့ကလိချင်စိတ်က တားမရခဲ့တာမို့ ပါးကိုနမ်းလိုက် ပုခုံးမှီလိုက်နဲ့ နှိပ်စက်လာခဲ့တာ....
အိမ်ရောက်တော့ လူကိုလုံးဝလှည့်တောင်မကြည့်ဘဲ အပေါ်ကိုတန်းတက်သွားတာမို့ ရင်ထဲစိတ်မကောင်းတော့ဖြစ်သွားရသည်....
♥သိပါတယ်ကိုကိုရယ် ကိုကိုbabyအတွက် ဘယ်လောက်စိုးရိမ်နာကျင်ခဲ့ရမှန်း....
စိတ်ဆိုးပါကိုကို babyကိုကိုစိတ်ကျေနပ်တဲ့ထိချော့မှာ မို့လို့......
တအိမ်လုံးက P'Chenနဲ့ ဝန်ထမ်းတွေရဲ့နွေးထွေးတဲ့အပြုံးတွေကြားမှာ လူကယက်ကန်ယက်ကန်နဲ့ ......
အပေါ်ထပ်က မသာသေးသည့် ကျွန်တော့်လမင်းကြီးကို လှမ်းမျှော်ကြည့်ရင်း သူတို့ခေါ်ရာနောက် ပါသွားရသည်လေ....
🖤♥🖤♥
အောက်ထပ်မှာ ခဏနေပြီးတာနဲ့ အပေါ်ကိုချက်ချင်းပြေးတက်ခဲ့တော့ အခန်းထဲမှာ ကိုကိုရှိမနေ.....
ဒါနဲ့ပဲ စာကြည့်ခန်းနားသွားကာ မယောင်မလည် တံခါးဖွင့်ကာ အသာချောင်းကြည့်မိတော့ စာကြည့်မျက်မှန်ကြီးတပ်ကာ အလုပ်လုပ်နေသည့် လူကြီး......
သူအဲ့လိုစာကြည့်မျက်မှန်တပ်ထားတာကို အခုမှပထမဆုံးမြင်ဖူးတာမို့ ကြည့်ကောင်းကောင်းနဲ့ တံခါးကိုမှီရင်းကြည့်နေမိတာ အနောက်ကလူရောက်လာတာပင်မသိ.....
"သား Saint...."
အနောက်ကရုတ်တရက် ထွက်လာတဲ့ ဖေဖေ့ခေါ်သံကြားတော့ လူကလန့်ဖျပ်ပြီး တံခါးမှီထားရက်နဲ့ချော်လဲတော့မှောက်ရက်.....
"သားရယ် ကလေးမဟုတ်သူငယ်မဟုတ် ဘယ်လိုဖြစ်လို့ ခေါ်တာကိုအလန့်တကြားဖြစ်ရတာလဲ ထ ထ....."
ဖေဖေလာထူပေးတော့ ရှက်ကိုးရှက်ကန်း ထရပ်မိသည်.......
ကျွန်တော်ချော်လဲတာတောင် ထိုင်ရာကမထ တချက်ပဲလှမ်းကြည့်ရင်း အလုပ်လုပ်နေသည့် ကိုကို့ကိုကြည့်ကာ စိတ်ထဲမကောင်းလာသည်မို့....
ချက်ချင်းအခန်းထဲပြန်ဝင်ကာ အိပ်နေမိတော့သည်......
♥စိတ်ဆိုးနေလဲ နည်းနည်းတော့ပြုံးပြပါလား ကိုကိုရယ်.....
အဲ့လိုမျက်နှာတည်တည်ကြီးနဲ့မစိမ်းကားပါနဲ့လား.....
အိပ်ရာပေါ်စိတ်မကောင်းခြင်းများစွာနဲ့ အတွေးတွေလွန်ရင်း အိပ်ပျော်သွားတော့သည်.....
🖤♥🖤♥
မျက်နှာလေးမဲ့ကာ အခန်းထဲကထွက်သွားသည့်babyမျက်နှာက မျက်စိထဲကလုံးဝမထွက်......
စိတ်ဆိုးလက်စနဲ့ရအောင်နေမည်ဟု စိတ်ပိုင်းဖြတ်ထားတာကြောင့်သာ....
လူကလုံးဝအလုပ်ဆက်လုပ်မရတော့.....
အခန်းတံခါးအသာလေးဟရင်းဝင်လာတော့ babyကအိပ်ရာပေါ်မှာ ကွေးကွေးလေးအိပ်ပျော်နေပြီ.....
babyနား အသာဝင်ထိုင်ရင်း နဖူးလေးကိုငုံ့နမ်းတော့ မျက်ခုံးလေးကတွန့်ချိုးသွားသည်.....
🖤ဘာတွေများအိပ်မက်ထဲမှာ အလိုမကျဖြစ်နေလဲ babyရယ်.....
မနေနိုင်မထိုင်နိုင် သူ့ပါးလေးတွေနဲ့နှုတ်ခမ်းရဲရဲလေးကို အိပ်ပျော်နေတုံးအလစ်သုတ်ရတာလဲ အမော.....
🖤အဆိုးလေး ကိုကိုဘယ်လောက်ထိချစ်ရသလဲသိရဲ့လားဟင်.....
အိပ်ပျော်နေသည့်ကလေးပေါက်စကိုစကားတွေပြောရင်း ထိုင်ငေးနေမိတာက နေ့ခင်းထမင်းစားချိန်ပင်ရောက်လာပြီ...
မဖြစ်ဘူး babyထမင်းစားချိန်လွန်သွားလို့မဖြစ်.....
နေကောင်းခါစမို့အစားအသောက်အချိန်မှန်မှဖြစ်မှာ .......
မျက်နှာကိုချက်ချင်းတည်လိုက်ရင်း
🖤baby ဟေ့ Saint ထ ထ နေ့ခင်းထမင်းစားချိန်ရောက်နေပြီ.....
ဆေးသောက်ရဦးမှာမှတ်လား....
♥ဟင်......အင်း........ထပြီ ထပြီ ကိုကို....
အပျင်းကြောဆန့်ကာ ပါးစပ်ကထပြီပြောရင်း တဖက်လှည့်အိပ်သွားပြန်တဲ့ ကလေးစုတ်လေး.....
🖤အေး..... တခါပဲနှိုးမှာနော်......၂ခါမနှိုးဘူး မထချင်နေ.....
အဲ့လိုလေသံခပ်မာမာပြောတော့မှ ချက်ချင်းကုန်းရုန်းထရင်း ပြုံးပြနေပြန်တဲ့ကျွန်တော့်နတ်သားလေး......
♥ကိုကို.......
ကိုကိုခေါ်ရင်း ရင်ခွင်ထဲတိုးဝင်လာတဲ့ babyကြောင့် လူကအတောင့်သားမတ်တပ်ရပ်နေမိသည်.....
♥စိတ်ဆိုးချင်သလောက်ဆိုးပါ ရပါတယ်.....ဒါပေမဲ့လေ babyကို တခါလောက်တော့ ပြုံးပြပါလား ကိုကိုရယ်.....
တနေ့ကိုတခါလောက်တော့ပြုံးပြပေး....
အာ့မှbabyချော့ရတာ ပိုအားရှိမှာ.....
တသက်လုံးစိတ်ဆိုးနေကြမဲ့သူတွေမှမဟုတ်တာ......
စိတ်ဆိုးလို့လှည့်မကြည့်ဘဲနေမယ်ဆိုရင်တောင် ပြုံးပြပေးနော်....
🖤အလကားတော့မရဘူး ဒီလိုအချိန်မှာ အပြုံးတခုကတန်ဖိုးအမြင့်ဆုံးပဲ...
သိရဲ့လား သူပုန်လေး.....
ပြောလိုက်တာနဲ့ ကိုယ့်နှုတ်ခမ်းကိုစုပ်ယူနမ်းရှိုက်ရင်း လက်ကခါးကိုဖက်ထားရာကနေ ကလိထိုးလိုက်တော့ လူကသူနမ်းတာခံနေရင်းနဲ့ကို မနေနိုင်ပဲ ပြုံးမိတော့သည်.....
♥လက်တွေ့စမ်းသပ်တာ အပြုံးတခုရဖို့ ကိုကို့နှလုံးသားကို ကလိထိုးရမယ် ဟုတ်တယ်......ကလိထိုးရမယ်...
အရမ်းချစ်တယ်ကိုကို.....
ပြောပြီး ပြေးထွက်သွားတဲ့babyကိုကြည့်ရင်း ကိုယ့်မှာ ခါးထောက်ရပ်ရင်းကျန်ခဲ့တော့သည်.....
🖤လည်လိုက်တာလဲ မွှတ်လို့ပါလား ကလေးစုတ်လေး....
🖤♥🖤♥
နေ့လည်ထမင်းစားပြီးတော့ companyကိုသွားရသည်.....
အလုပ်တွေကိုပစ်ထားရတာ ကြာပြီဆိုတော့ ခုမှအကုန်ပြန်လိုက်စစ်နေရတာမို့ ညနေပင်တော်တော်စောင်းသွားပြီ....
နာရီကြည့်ရင်း လက်တွေဆန့်ထုတ်ရင်းအညောင်းဖြေရသည်.....
လူကဆေးရုံကနေပြန်ရောက်တည်းကအိမ်မှာလဲမနားပဲလုပ် ....
ထမင်းစားပြီးတာနဲ့ရုံးကိုတန်းလာရင်ူခုညနေစောင်းတဲ့ထိမို့တော်တော်ပင်ပန်းနေပြီ.....
အပြန်လမ်းမှာလဲ နောက်ခန်းမှာထိုင်ရင်းအိပ်ပျော်သွားတာ အိမ်ရောက်လို့ ဒရိုင်ဘာနှိုးမှပဲ နိူးတော့သည်.....
အိမ်ရောက်တာနဲ့ဘာမှစဉ်းစားမနေတော့ပဲ ရေချိုးခန်းတန်းဝင်ရင်း ရေကိုအားရပါးရချိုးလိုက်မိသည်....
Babyပေါက်စလဲ ဘယ်ချောင်ကပ်နေမှန်းကိုမသိ.....
ဝင်လာတည်းကမတွေ့.....
အဝတ်အစားလဲပြီး အောက်ထပ်ဆင်းဖို့ပြင်တော့ အခန်းဝမှာ စာရွက်အဝါရောင်လေးတရွက်.....
Sticky note လေးပေါ်မှာ လက်နဲ့ဆွဲထားတဲ့ smiling faceပုံလေးနဲ့
Smile Honey Smile ဆိုတဲ့စာလေး....
ရှေ့ဆက်သွားမိတော့ လှေကားတထစ်စီတိုင်းမှာ စာရွက်ကလေးတွေကပ်ထားတာတန်းစီလို့....
စာရွက်တိုင်းမှာ smiling faceလေးနဲ့ Smile Honey Smileဆိုတဲ့စာသားလေးတွေချည်း.....
မြင်ရပါများတော့ လူကအလိုလိုပြုံးမိရသည့်အဖြစ်.....
စာရွက်ကပ်ထားရာနောက် တောက်လျှောက်လိုက်တော့ ခြံထဲထိပင်....
ခြံထဲကသစ်သားစားပွဲခုံလေးနားအရောက်မှာ ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်ကို ပြုံးလိုက်မိသည်အထိပင်....
ကြည့်ပါဦး babyရယ်လေ.....
ယုန်နားရွက်ပါတဲ့ ဦးထုပ်လေးဆောင်း Apronလေးဝတ်ကာ ကျွန်တော့်ကိုမနက်ကလို ရှိသမျှသွားအကုန်ပေါ်အောင်ပြုံးပြရင်း ခုံလေးကိုဆွဲယူကာဝင်ထိုင်ဖို့ လက်ဟန်ခြေဟန်လုပ်ပြနေတာ.....
သူဆွဲပေးထားတဲ့ခုံပေါ် အလိုက်သင့်ဝင်ထိုင်တော့ ရှေ့ကပန်းကန်ပြားထဲမှာက
ပန်ကိတ်လေးတချပ် smiling faceလေးပါ ပန်ကိတ်လေးပေါ် ပုံဖော်ထားသေး......
♥စိတ်ပင်ပန်းရင် အချိုစားပေးရတယ်လို့လူကြီးတွေပြောတာကြားဖူးလို့ babyကိုယ်တိုင် လုပ်ပေးထားတာ စားကြည့်နော်......
တဇွန်းဖဲ့ရင်း စားကြည့်တော့ တကယ်ကိုချိုဆိမ့်လို့.....
♥ချိုလား ဟင် ....
🖤အင်း......
♥ချိုမှာပေါ့ babyက အချစ်တွေထည့်လုပ်ထားတာ အများကြီးမှအများကြီး......
🖤တန်ဆေးလွန်ဘေးတဲ့ ဘယ်အရာမဆိုတော်သင့်ရုံပဲကောင်းတယ်ခင်ဗျ.....
♥နှလုံးသားအတွက်အချိုဓာတ်များလေ ပိုကောင်းလေပါ ကိုကိုရဲ့.......
ကိုကို့အကျိုးအတွက်babyကပြောနေရတာ စိတ်အကြာကြီးဆိုးရင်မကောင်းဘူး ရုပ်ရင့်တယ် .......
ဒါမဲ့ ကိုကို့စိတ်ကတော်တော်နဲ့မပြေမှာသိလို့ နေ့တိုင်းပြုံးဖို့တော့သတိပေးနေမိမှာ....
ဖျတ်ကနဲသူ့လက်ကိုဆွဲလိုက်တော့ ပေါင်ပေါ်အလိုက်သင့်ပါလာတဲ့baby.....
🖤တခြား ဘယ်နေရာကနေရော အချိုဓာတ်ရနိုင်ဦးမလဲ......
သူ့နှုတ်ခမ်းလေးကိုလက်နဲ့ပွတ်ဆွဲရင်းမေးတော့ မျက်နှာလေးကရဲလို့.....
♥အချစ်တွေပြည့်နေတဲ့နှုတ်ခမ်းတစုံကနေလဲ ရနိုင်ပါတယ်ကိုကို....
သူ့ဂုတ်ကနေဆွဲကိုင်ကာနှုတ်ခမ်းစိုအိအိလေးကပေးတဲ့အချိုဓာတ်ကိုအရသာခံနေမိသည်......
အသက်ရှုရပ်မတတ်ဖြစ်လာတော့ သူ့လက်တွေကရင်ဘတ်ကိုလာတွန်းတော့သည်......
အနမ်းတွေကိုရပ်ရင်းလွှတ်ပေးလိုက်တော့.....
♥အချိုဓာတ်တွေအရသာအပြည့်အဝခံပြီးရင်.....
ပြုံးပါ ကိုကို......
♥Smile Honey Smile♥
ဒီတရက်စာ ချော့ရတဲ့အဖိုးအခအဖြစ် အပြုံးတခုလက်ဆောင်ပေးပါ...
ဒုတိယအကြိမ်ပေါင်းစည်းမိတဲ့အနမ်းတွေမှာတော့ အပြုံးကိုယ်စီချိတ်ဆွဲလို့.....
နှလုံးသားကိုပြန်ဆွဲဆောင်ဖို့အပြုံးတခုနဲ့ စတင်ခဲ့ပြီ.....
အကြောက်တရားတွေရှိရင်တောင် နူးညံ့တဲ့အပြုံးတွေနဲ့ကျော်လွှားကြရအောင်ပါ....
အပြုံးဆိုတာ ကမ္ဘာပေါ်က ဘာသာမဲ့တဲ့ ချစ်ခြင်းမေတ္တာတခုပါ.....
#Theoriesoflove
#May
ကမန်းကတန်း မို့ သိပ်မဆွိရင် ခွင့်လွှတ်ပါ ခ😁