💜Possessive Love💜

4.6K 354 69
                                    

🖤Theories of LOVE♥

💜Possessive Love💜

💜အစွန်းတနေရာဆိုတာ ဖိအားပြင်းရင်ပဲ့ကြွေကျနိုင်မဲ့နေရာမျိုး

💜နှလုံးသားမှာ အချစ်နဲ့နတ်ဆိုးကိုတပြိုင်တည်းခိုနားခွင့်ပြုမိရင် ဘေးထွက်ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်.....

🖤♥🖤♥

ထောင်လျက်တမျိုး လှဲလျက်တဖုံ အရက်ပုလင်းကြားမှာနစ်မြုပ်နေသောကောင်လေးတယောက်.....

No.....ငါ့နောက်ကျောကိုဓားနဲ့ထိုးတာမဟုတ်ပဲ မင်းကရှေ့တည့်တည့်ကနေငါ့နှလုံးသားကိုဓားနဲ့စိုက်ခဲ့တာပဲSaintရယ်

ငါ့နှလုံးသားက တစစီကြေမွနေတာတောင် အဲ့ကြေမွနေတဲ့အစိတ်အပိုင်းတွေနဲ့ မင်းကိုငါချစ်မိနေတုံးပဲ......

နေ့တိုင်းအရက်ဘားကိုအိမ်လုပ်နေနေတာ သူကိုယ့်ရှေ့မှာတင် ကိုကို့ကိုချစ်ပါတယ်လို့ပြောခဲ့တဲ့ ညတည်းကပါ....

ခုတော့ ကိုယ်ချစ်ရတဲ့သူက သူချစ်ရသူရဲ့ရင်ခွင်မှာပျော်မြူးနေတာမြင်ရတာ အရှင်လတ်လတ်ငရဲကျနေသလိုပင်.....

ငရဲမီးလိုပူလောင်မှုတွေကို အရက်နဲ့ဆေးကြောနေတာတောင် မပြောင်နိုင်....

ချစ်တဲ့စိတ်ကဖုံးဖိမရနိုင် ပိုလို့တောင်ချစ်မိသွားတဲ့ခံစားချက်က ဒီဘဝသေပြီးနောက်ဘဝထိတောင် ကူးပြောင်းပါလာနိုင်တဲ့အထိများလား......

အရက်တခွက်ဆွဲပြီး ပါးစပ်နားရောက်ခါနီးမှာ ဟန့်တားလိုက်တဲ့လက်တစုံ......

💜ဘာလို့များ သူရဲဘောကြောင်နေရတာလဲ ကောင်လေးရယ်.....

ကိုယ့်လက်ထဲက အရက်တခွက်ကိုဆွဲယူပြီး တကျိုက်တည်းမော့ချလိုက်တဲ့ အမျိုးသမီးကိုကြည့်ပြီး မျက်လုံးတွေပါပြူးပြီး အမူးပါပြေချင်သလိုလိုဖြစ်သွားသည်။

ညှို့အားပြင်းသော အလှတရားတွေက မျက်လုံးတချက်ဝေ့ကြည့်ရုံနဲ့တင် ပေါ်လွင်နေတဲ့ မိန်းမလှမျိုး.....

No......ဒီက အမက ဘယ်သူလဲ ကျွန်တော့်ကိုသိလို့လား

💜အမနာမည်က coral မောင်လေးနဲ့ အခုလက်ရှိဘဝတူဆိုပါတော့ ဒါပေမဲ့ ခံစားချက်ချင်းတော့မတူဘူးနော်.....

🖤Theories of LOVE♥(Completed)Where stories live. Discover now