🔶Agapic eros♥

5.3K 454 162
                                    

🖤Theories of LOVE♥

💛Storge+Eros♥>>>Agape🔶

🔶Agapic eros♥

💙စိမ်းပြာရောင်အဆင့်မှာ စစ်ထုတ်လိုက်တဲ့ရလဒ်က အချစ်ဆိုတာကွဲပြားသိမြင်ပြီးတဲ့နောက်မှာ.......

💛ချစ်သူလို ကလေးတယောက်လို ညီလေးလို သူငယ်ချင်းလို ဖြစ်တည်ပုံဆောင်လာသမျှအတိုင်း ကိုယ့်နှလုံးသားက သူ့ကိုချစ်ပေးဖို့ ဆုံးဖြတ်ခဲ့ပြီ......

♥တဆက်တည်းမှာပဲ သူဟာကိုယ့်ရဲ့ပိုင်ဆိုင်ခြင်းဆိုတာကို တရစ်ပြီးတရစ်သက်သေပြဖို့လဲ ကြိုးစားတော့မှာ.......

🔶အဆုံးသတ်လိုက်တော့လဲ ချစ်ခြင်းမေတ္တာဆိုတာ သူ့အပြုံးတွေဖန်ဆင်းရင်းနဲ့ အရာရာပြည့်စုံနေပြီဆိုတဲ့ ဒဿနတခုပါပဲ.......

🖤♥🖤♥

Ring~~~~~~~

♥Hello........အင်း ခင်ဗျား လာခေါ်မှာပေါ့ အဲ့ဒါဆို စောင့်နေမယ်လေ အင်း....အင်း.♥

ကျောင်းဆင်းခါနီး မီးသွေးခဲကြီးကဖုန်းဆက်တယ်လေ.......

ဒီညနေ N'ကိုသွားကြည့်ဖို့ သူဝင်ခေါ်မယ်တဲ့.......

တမျိုးကောင်းပါတယ်လေ သူပါတော့ကိုယ့်အတွက်လဲ အဆင်ပြေ သူ့လဲစိတ်ချရတာပေါ့.......

ခုတလော ဘယ်သွားသွား ဘာလုပ်လုပ် ဒီလူကြီးက မျက်စိအောက်ကအပျောက်မခံပဲ သည်းသည်းလှုပ်နေတော့ အနေရတောင်ခက်တယ်ဗျာ...

ဒါပေမဲ့ ကျွန်တော်ပျော်တယ် တကယ်ပျော်တာပါ

♥ သူ့လိုအစစအရာရာပြည့်စုံနေတဲ့ လူတယောက်ရဲ့ချစ်ခြင်းဆိုတာထက် သူ့အတွက်နောက်ထပ်ရှိမလာတော့မဲ့ ချစ်ခြင်းဆိုတာက ကျွန်တော့်ကိုပိုပြီး ပျော်ရွှင်စေတာပါ♥

ကျောင်းရှေ့ရောက်တာနဲ့ ကားကိုမီရင်း အဆင်သင့်ရပ်စောင့်နေတဲ့သူ့ကို တွေ့ရသည်။

တကျောင်းလုံးကကျောင်းသား ကျောင်းသူမှန်သမျှအာရုံက သူ့အပေါ်ပဲကျနေသလားမသိ ကြည့်ပါဦး.....

အနက်ရောင်စပို့ရှပ်နဲ့ ဂျင်းဘောင်းဘီက အပြဲနဲ့ ဂုဏ်သရေရှိCEOကြီး ဘယ်လိုတွေ ဘဝပြောင်းနေတာပါလိမ့်.....

🖤Theories of LOVE♥(Completed)Onde histórias criam vida. Descubra agora