💜Chaos Theory💜

5.9K 408 71
                                    

🖤Theories of LOVE♥

💜Chaos Theory💜

♥Butterfly effect♥

💜Maniac eros💜

♥ကစဥ့်ကလျားသီအိုရီအရ ကမ္ဘာကြီးရဲ့တဖက်ခြမ်းကလိပ်ပြာတကောင်ရဲ့တောင်ပံတချက်ခတ်မှုဟာ ကမ္ဘာရဲ့တခြားဘက်ခြမ်းကိုကြီးမားတဲ့သက်ရောက်မှုရှိစေတယ်တဲ့♥

♥အချိန်ကာလကြာလဲ ဒါဟာတကယ်အကျိုးသက်ရောက်မှုရှိတဲ့ သီအိုရီတခုပါ♥

♥အခုလဲ ဒီအရိပ်ကိုထိုးဖောက်တော်လှန်ဖို့ ကာလဘယ်လောက်ကြာမယ်မသိပေမဲ့ ကိုယ့်ဘက်ကအတောင်တချက်ခတ်ရမဲ့အချိန်ကာလတော့ရောက်လာခဲ့ပြီ♥

♥Chaos theoryကို ဘယ်လိုသမာဓိနဲ့တောင့်ခံမလဲဆိုတာကတော့.....♥

🖤♥🖤♥

မျက်စိဖွင့်ဖွင့်ချင်း ခံစားရတဲ့အသိက နာကျင်မှုပင်။

တကိုယ်လုံးကိုင်ရိုက်ထားသလိုနာကျင်မှုကြောင့် မျက်နှာပေါ်ကအကြောတွေအကုန် တွန့်ချိုးကုန်ပြီး ညကအောင့်အီးထားရသမျှကို အသံထွက်ညီးညူခွင့်ပြုလိုက်မိတော့သည်။

♥အား.....ကျွတ်စ် သေမလိုပဲ ♥

အသံထွက်ညီးညူမိရင်း ဘေးကိုကြည့်မိတော့ ဟိုလူမရှိတော့။

အေးပေါ့လေ ချစ်လို့ကြိုက်လို့ယူထားကြတာမှမဟုတ်တာ။ သူ့သိက္ခာ သူ့အတ္တအတွက်ဒီအနှောင်အဖွဲ့ကို အေးစက်စက်လက်ခံခဲ့တဲ့လူမဟုတ်လား။

သူ့အကြောင်းတွေးတိုင်း မျက်နှာကအော်တိုမဲ့ပြုံးပြုံးမိသည်ချည်းပင်။

🖤မင်း နိုးလာပြီလား🖤

အလုပ်သွားဖို့ဝတ်စုံပြည့်နဲ့ အခန်းထဲဝင်လာတဲ့သူ

♥ခင်ဗျား အလုပ်မသွားသေးဘူးလား♥

🖤သွားမှာပါ ဒါပေမဲ့ တာဝန်နဲ့ဝတ္တရားအရ မင်းကိုမေးရမြန်းရဦးမယ်လေ မနေ့ကမှလက်ထပ်ပြီးတာကို ဒီနေ့ပစ်ထားတယ်လို့ ဖေဖေတို့တွေမြင်ကုန်မှာစိုးလို့🖤

♥ခင်ဗျားကို ကျွန်တော်ကအလုပ်မသွားပဲ အနားနေပေးပါလို့ပြောရင်ရောနေပေးမှာမို့လို့လား♥

🖤မင်းကရော ငါ့ကိုအဲ့လိုမေးမှာမို့လို့လား မဟုတ်ဘူးမှတ်လား🖤

🖤Theories of LOVE♥(Completed)Where stories live. Discover now