💙Love Ladder💙

5K 399 147
                                    

🖤Theories of LOVE♥

💙အချစ်ဆီသွားဖို့ ခရီးကဝေးသလား နီးသလား💙

💙အချစ်ဟာ လှေကားထစ်တွေနဲ့တူတယ်ဆိုရင် တဆင့်ချင်းစီမှာ ခြေချော်လက်ချော်မဖြစ်အောင် ယုံကြည်မှုလက်ရန်းလေးတော့ လိုအပ်တာပဲမဟုတ်လား💙

🖤အချစ်တခုကို ချပြခွင့်တော့ပြု မင်းယုံတာမယုံတာ ငါ့တာဝန်ထား အချိန်ကာလနဲ့ပဲ ညှိယူမှာမို့ တချက်တော့စောင်းငဲ့ကြည့်ပေးပါ ချစ်သူ🖤

🖤♥🖤♥

🖤ချစ်တယ်လို့ ပြောပြီးသည့်နောက်ပိုင်းကစလို့ သူ့အလိုဆန္ဒမပါပဲ လက်ဖျားနဲ့တောင်မတို့ထိတော့ပါ🖤

🖤သူအိပ်ပျော်နေသည့်အချိန်တွေမှာသာ ရင်ခွင်ထဲပွေ့ဖက်ထားရင်း ခိုးနမ်းမိရုံနဲ့တင် အချစ်တွေတိတ်ဆိတ်စွာကြွေကျရသည်🖤

🖤ချစ်တတ်လာပြီးသည့်နောက်ပိုင်း သူ့မျက်နှာတချက်ပင်အညှိုးမခံနိုင်🖤

အခုလဲ ကျောင်းယူနီဖောင်းလဲနေတာ အိပ်ချင်မူးတူးရုပ်လေးနဲ့

🖤သူ့ဖြစ်တည်မှုကို တိတ်ဆိတ်စွာထိုင်ငေးရခြင်းကပင် ကျွန်တော့်အတွက်အရာရာပြည့်စုံနေသလိုပင်🖤

ကြည့်ပါဦး Necktieတခါချည်နေတာ မပြီးတော့ တဝါးဝါးနဲ့လဲသန်းနေသေး

🖤ကိုယ်လုပ်ပေးမယ်နော် ကျောင်းနောက်ကျတော့မှာမို့🖤

မဝံ့မရဲပြောရင်း သူ့မျက်နှာကြည့်တော့မတုန်မလှုပ်နဲ့မို့ လက်ခံသည်ဟုပဲယူဆကာ သူ့Necktieလေးကို သေချာကျနစွာချည်ပေးနေမိသည်။

♥ခင်ဗျားရဲ့ N'က ခုကျွန်တော်တို့အခန်းထဲရောက်လာပြီ ♥

🖤ဟုတ်လား ကိုယ်တောင်မသိပါလား သူကိုယ့်ကိုဘာမှမပြောဘူး🖤

♥မျက်စိနောက်တယ် ခင်ဗျားရောသူ့ကိုရော ကြည့်လို့ရတာမဟုတ်ဘူး ဘယ်ဘဝကရေစက်ဆိုးတွေမှန်းကိုမသိဘူး♥

တွတ်ပွတွတ်ပွနဲ့ ငါးပါးစပ်လေးကို ကြည့်ရင်း တံတွေးတွေမျိုချမိတာ ဘယ်နှစ်ခါမှန်းပင်မသိတော့...

သူစိတ်ဆိုးသွားမှာကြောက်နေလို့သာ မနည်းထိန်းချုပ်ထားရတာ

🖤Theories of LOVE♥(Completed)Where stories live. Discover now