♥Sweet Love♥

5.3K 415 86
                                    

🖤Theories of LOVE♥

♥Sweet Love♥

🖤ယုံကြည်မှုလက်ရန်းတွေဆုပ်ကိုင်မိမှတော့ ရှေ့ဆက်လှမ်းဖို့ နောက်တွန့်မနေတော့ဘူး🖤

♥ခင်ဗျားနင်းလိုက်တဲ့ လှေကားထစ်တွေကျွံကျသွားမှာမစိုးရိမ်ပဲ ရဲရဲကြီးသာ ဖြတ်နင်းခဲ့ ကျွန်တော့်ယုံကြည်ခြင်းတွေက ခင်ဗျားဘေးမှာအမြဲရှိနေမှာမို့လို့♥

"ငါ့နားမှာ မင်းကိုရှိစေချင်လို့ ငါတမင်မင်းကိုကာကွယ်ပေးခဲ့တာလေ အခု မင်းနဲ့ကိုကို့ကို ပိုနီးစပ်စေဖို့ဖြစ်သွားပြီတဲ့လား"

"မရရအောင်မင်းလက်ကိုဆုပ်ကိုင်ဖို့ငါကြိုးစားမှာ ငါက ချိုမြိန်ခြင်းတွေကို မုန်းတယ် ယုန်ကလေး"

🖤♥🖤♥

နေရောင်ခြည်တွေဖြာကျနေသော နံနက်ခင်းမှာ ချစ်ရသူကိုရင်ခွင်ထဲထည့်ရင်း နိုးထလာခဲ့သည်။

ရင်ခွင်ထဲမှာ ကလေးလေးလိုအိပ်ပျော်နေတဲ့ ချစ်ရသူရဲ့မျက်နှာကိုကြည့်ပြီး ကျွန်တော့်ကမ္ဘာကြီးလင်းချင်းသွားသည်။

ထော်နေတဲ့နှုတ်ခမ်းလေးကိုကြည့်ရင်း ရင်ခုန်သံရစ်ခ်ျတာစကေးတွေ တိုင်းလို့ကိုမရတော့

🖤ရှေ့လျှောက်တော့ အရာရာကိုထိန်းချုပ်နေတော့မှာမဟုတ်ဘူး မင်းရဲ့အစိတ်အပိုင်းသေးသေးလေးတွေကအစ ငါ့ကိုချစ်အောင်ပြုစားနေတာ ကောင်ဆိုးလေး🖤

အဲ့ထော်နေတဲ့နှုတ်ခမ်းလေးကို ဆွဲငုံမိတော့ အင်း..အဲ အသံပြုရင်း နိုးလာသည်။

♥အင်း....အွန်း....လွှတ်ဦး♥

မချင့်မရဲလွှတ်ပေးလိုက်တော့ နဂါးမျက်စောင်းကဒိုင်းခနဲ.....

♥ခင်ဗျား....... ဘယ်လိုဖြစ်လို့ သူများအိပ်နေတာကို အတင်းနမ်းနေတာလဲ အိပ်ရေးမဝသေးပါဘူးဆိုမှ♥

🖤ချစ်တယ်........🖤

🖤ချစ်တာမို့လို့.........🖤

သူ့မျက်နှာကိုဖောက်ထွင်းလုမတတ်စိုက်ကြည့်ရင်း ချစ်တဲ့အကြောင်းပြောတော့ အနီရောင်ဆေးပုံးကြီးမှောက်ကျထားတဲ့အတိုင်းပဲ ရဲတက်လာတဲ့ မျက်နှာလေး........

🖤Theories of LOVE♥(Completed)Where stories live. Discover now