💙Key for Heart💙

5.3K 418 145
                                    

🖤Theories of LOVE♥

💙Turquoise@Key for heart💙

💙မုန်တိုင်းထန်ပြီးကာစပျက်စီးကြေမွနေတဲ့နှလုံးသားထဲမှာ အကောင်းပကတိရှင်ကျန်နေခဲ့တာ ချစ်ခြင်းတရားဆိုရင်💙

💙နှလုံးသားတွေကို ချိတ်ဆက်ဖို့တံတားတခု💙

💙ပိတ်ဆို့ထားတဲ့ တံတိုင်းတွေကိုဖြိုချတွန်းလှန်နိုင်မဲ့စွမ်းအား💙

💙နှလုံးသားခြင်းစည်းမခြားစေဖို့ ထပ်တူကျစေမဲ့သော့တချောင်းလိုစကားလုံးတွေ💙

💙ပြဿနာတွေကြားထဲမှာတရွေ့ရွေ့လွန့်လူးသွားတော့မဲ့ ချစ်ခြင်းတရားကို ခုကစပြီးမြင်နိုင်ပါပြီ💙

🖤♥🖤♥

ကျွီ......

ကားဘရိတ်အုပ်သံ ကျယ်ကျယ်လောင်လောင်ကြောင့် နာကျင်လွင့်မျောနေသောစိတ်ကပစ္စုပ္ပန်သို့ပြန်ရောက်လာခဲ့သည်။

ခြေသံပြင်းပြင်းနဲ့ဝင်ရောက်လာကြတာကဖခင်၂ဦး

"ပြောစမ်းပါဦး အိမ်ကလူတွေဖုန်းဆက်ခေါ်မှပဲသိတော့တယ် ဟမ် မင်းတို့ဘယ်လောက်ထိပြဿနာတွေတက်နေကြတာလဲ"

ဖေဖေ့ရဲ့စိုးရိမ်တကြီးမေးသံတွေနဲ့ကျွန်တော့်ခေါင်းကို လာထိတွေ့တဲ့ လက်တစုံ

"Saint မင်းဆင်းခဲ့ဦး"

ဒေါသတကြီးအော်ခေါ်နေတဲ့ သူ့ဖေဖေကြောင့် အိမ်ပေါ်ကနေအပြေးအလွှားဆင်းလာရင်း သူ့အဖေရင်ခွင်ထဲတိုးဝင်လာတဲ့ကောင်လေး

"ဟင် သား ဘာဖြစ်တာလဲဟင်ဘာဖြစ်လို့လဲ"

♥သားကိုဒီကနေခေါ်သွားပေးပါ သားမနေချင်တော့ဘူး သူနဲ့အတူမနေချင်တော့ဘူး♥

ကလေးတယောက်လိုပင် ဝမ်းပန်းတနည်းငိုရှိုက်ကာပြောနေသောသူ့ကိုကြည့်ရင်း ကျွန်တော်ပါမျက်ရည်တွေကျလာသည်။

🖤ကျွန်တော့်အပြစ်ပါ ဖေဖေ Saintရဲ့wedding ringကို သား N'No ကိုပေးလိုက်မိလို့ပါ🖤

ဘာ..........

ဖခင်၂ဦးရဲ့အံ့သြတကြီးအာမေဋိတ်သံအဆုံးမှာ ကျွန်တော့်မျက်နှာထက်ရောက်လာတဲ့ ဖေဖေ့ရဲ့လက်သီးတချက်

🖤Theories of LOVE♥(Completed)Where stories live. Discover now