🖤Love Day♥

4.2K 379 95
                                    

🖤Theories of LOVE♥

🖤Love Day♥

🖤အချစ်ကရိုးရှင်းပါတယ် သူကျွန်တော့်ဘေးရှိနေရင် ဘဝကပြည့်စုံတာထက်ပိုပြီးပြည့်စုံတယ်

♥အချစ်က အချစ်ပါပဲ အချစ်ဆိုတဲ့နာမ်စားအောက်မှာ ဘာမှမကွဲပြားဘဲ တသားတည်းဖြစ်နေတာကို အချစ်လို့ပဲရိုးရိုးလေးခေါ်တွင်ပါတယ်

🖤♥🖤♥

🖤အ......နာတယ်babyရဲ့

♥နာလဲခဏလေးငြိမ်ခံပါ ကျွန်တော့်ကြောင့်ဖြစ်ရတာကျွန်တော်တာဝန်ယူရမှာပေါ့ ခဏလေးအောင့်ခံ....

🖤အရမ်းမဖိနဲ့babyရဲ့ နာတယ်.....

♥အမလေး အကဲပိုနေတာကို ကြည့်မရတော့ဘူး ဆောင့်ထိုးလိုက်ရ.....

🖤ဟားဟား babyရယ်သူများတွေကြားရင်တမျိုးထင်ကုန်တော့မှာပဲ....

♥အာ့ ခင်ဗျား အငြိမ်မနေတာလေ ခေါင်းက တခါတည်းကွဲသွားရမှာ ဟွန်း ဆေးတခါထည့်ပေးတာကို ဆူညံနေတာပဲ...

ဆေးထည့်ပေးနေတဲ့ babyမျက်နှာဖူးဖူးလေးကိုကြည့်ရင်း အသည်းတွေယားလို့ တမင်နာချင်ဟန်ဆောင်ပြီး စနေတာလေ.......

အနာပေါ် ဆေးထည့်ပြီး စပ်မှာစိုးလို့တဖူးဖူးမှုတ်ပေးနေတဲ့နှုတ်ခမ်းလေးကိုကြည့်ရင်း အာခေါင်တွေတောင်ခြောက်ချင်လာပြီ......

ဒါပေမဲ့လဲ သူ့အပေါ်ကြမ်းကြမ်းတမ်းတမ်းပြုမူမိခဲ့တာတွေကိုတွေးရင်းစိတ်မကောင်းလို့ နာကျင်အောင်မလုပ်ချင်တော့တာပါ........

🖤ကိုကို့ကို စိတ်ဆိုးနေသေးလား baby.....

♥ဆိုးတယ် အများကြီးဆိုးသေးတယ် ဒီညဖက်ခေါင်းအုံးခြားပြီး အိပ်မှာ.....

🖤ဆိုးပါဗျာ ဆိုးပါ ဒီကလဲ babyနားက တဖဝါးမခွာဘဲကို ချော့မှာ......

♥အလုပ်တောင်မသွားတော့ဘူးပေါ့ အဲ့လိုလား.....

🖤ကိုကို့အတွက်လက်ရှိအရေးကြီးဆုံးအလုပ်က babyစိတ်ဆိုးပြေအောင်ချော့ဖို့ပဲလေ အဲ့ဒါထက်အရေးကြီးတာလောကမှာ ဘာမှမရှိဘူး....

♥အဲ့လိုအပြောတွေနဲ့ခြွေချင်တာပေါ့ ဆုတောင်း အိပ်ပြီသိလား....

🖤Theories of LOVE♥(Completed)Hikayelerin yaşadığı yer. Şimdi keşfedin