Part 1

8.4K 532 48
                                    

🖤Theories of LOVE♥

🖤VS♥

♥လုံးဝသဘောမတူဘူး ဖေဖေ သားလုံးဝလက်မထပ်နိုင်ဘူး သားကအခုမှငယ်ငယ်လေးရှိသေးတာကို အခုမှတက္ကသိုလ်စတက်ကာစကို မယူဘူးဖေဖေလုံးဝပဲ♥

🖤ကျွန်တော်ကတော့ဖေဖေတို့သဘောအတိုင်းပါပဲ လူကြီးတွေစီစဉ်တာကိုလက်ခံရမှာပေါ့ အဓိကက ဖေဖေတို့စိတ်ချမ်းသာဖို့ပါ🖤

ထိုင်းနိုင်ငံ၏ Top 10စာရင်းဝင်ချမ်းသာကြွယ်ဝလှသော Black groupနှင့် Red groupမှ တဦးတည်းသောသား၂ယောက်၏ လက်ထပ်ပွဲအတွက်ဆွေးနွေးခန်းမှ ထွက်ပေါ်လာသောဆန့်ကျင်ဘက် စကားသံများဖြစ်သည်။

♥Saint ဖေဖေသားအတွက်လုပ်ပေးခဲ့သမျှတွေဟာ ဘယ်တုံးကများအကျိုးမရှိဖြစ်ခဲ့ဖူးလို့လဲ အမြဲသားဘဝအတွက်ကောင်းတာတွေပဲစီစဉ်ပေးခဲ့တာ သားငြင်းဖို့လုံးဝမကြိုးစားနဲ့ သား♥

♥ဖေဖေကလဲ ဗျာ မိန်းမပေးစားရင်တောင်မငြင်းဘူး ခုဟာကယောကျာ်းပေးစားတာလေသားနေရာကနေကိုယ်ချင်းစာကြည့်ပါဦး♥

♥တော်တော့ Saint မင်းပါးစပ်ပိတ်ထားလိုက်တော့ ကလေးဆန်နေတာတွေလဲရပ်လိုက်တော့♥

🖤အန်ကယ် ဖြစ်နိုင်ရင်လေ သူနဲ့ကျွန်တော့်ကိုအခုအချိန်ခဏလောက်ပေးလို့ရမလားဟင် ကျေနပ်စေမဲ့အဖြေတခုရအောင်ကျွန်တော်ညှိပေးမှာမို့လို့ပါ🖤

♥ကောင်းပြီလေ သားတို့အရင်စကားပြောကြပေါ့ လာသူငယ်ချင်းငါတို့ chess သွားကစားရအောင်♥

ဖခင်၂ယောက်ထွက်သွားပြီးချိန်မှာတော့..

🖤ခြံထဲမှာသွားပြောရအောင်🖤

ပြောပြီးတာနဲ့ စမတ်ကျကျခြေလှမ်းတွေနဲ့ထွက်သွားတဲ့လူရဲ့ကျောပြင်ကိုကြည့်ရင်း ရင်ထဲကမခံချိမခံသာခံစားချက်တွေကအလုံးအရင်းနဲ့ကို တလိပ်လိပ်တက်လာပြီ။

ခြံထဲရောက်တော့ ကျွန်တော့်မျက်နှာကိုကြည့်ရင်းတည့်တည့်ပြောလိုက်တဲ့စကားက သူနဲ့ကျွန်တော့်ကြားကအမုန်းတရားတွေအစပျိုးရာဖြစ်လာခဲ့ပြီ။

🖤မင်းငါ့ကိုလက်ကိုလက်ထပ်ရမယ် Saint အဲ့လိုပြောလို့ ငါမင်းကိုလက်ထပ်ချင်လွန်းနေတယ်လို့လုံးဝမထင်လိုက်နဲ့နော် 🖤

🖤Theories of LOVE♥(Completed)Where stories live. Discover now