💜Secret Butterfly💜

4.8K 391 63
                                    

🖤Theories of LOVE♥

💜Secret Butterfly💜

💜လူတိုင်းဘဝတိုင်းမှာ လျှို့ဝှက်သိုသိပ်တဲ့ ဘဝအစိတ်အပိုင်းတွေရှိကြတယ်💜

💜ကျွန်တော့်မှာလဲ ခရမ်းရောင်လွင်ပြင်တခုသီးသန့်ရှိတယ်💜

💜အစကတော့ တစုံတယောက်ရဲ့နှလုံးသားကို ကစဥ့်ကလျားဖြစ်စေဖို့ အသွင်ယူခဲ့တဲ့ လိပ်ပြာ........

💜အခုကတော့ ဒွိဟတွေကြားထဲက အဖြေကိုရှာဖွေတော့မဲ့ လျှို့ဝှက်လိပ်ပြာ........

🖤♥🖤♥

♥ခုဆိုရင် သူနဲ့ကျွန်တော့်ကြားမှာ သံယောဇဉ်နဲ့ရင်းနှီးမှုတွေကပိုပြီးတိုးလာတဲ့အနေအထား.....

♥ချစ်သူလိုထက် ညီအကိုလို သူငယ်ချင်းလိုမျိုး ကျွန်တော့်စိတ်ထဲကသူ့ကို မသိမသာပိုပြီးရစ်နှောင်တွယ်မိနေတာမျိုး....

♥မချစ်ဖူးလားဆိုတော့ ချစ်တယ် ဒါပေမဲ့ ခုထိပြောမထွက်သေးတာကဘာကြောင့်လဲတော့ ရေရေရာရာမပြောတတ်....

♥တွန်းအားတခုလိုနေသေးတယ်ဆိုရင် အဲ့ဒါ ဘာဖြစ်မလဲ......

♥ယုံကြည်မှုလား ပုံအပ်မှုလား......

♥အဲ့လိုမတင်မကျအနေအထားမှာ တစထက်တစပိုသိသာလာတာက Noဆိုတဲ့အကောင်ရဲ့အမူအရာတွေပဲ

ကျောင်းမှာလဲ ကျောင်းမှာမို့လို့ အိမ်မှာလဲအိမ်မှာမို့ဘယ်နေရာတွေ့တွေ့ လူနားကမခွာဘဲရန်စနေတာ တအားစိတ်ကုန်ဖို့ကောင်းသည်။

ကိုယ့်ကို ကယ်တင်ပေးထားတယ်ဆိုတာတခုနဲ့တင် သည်းခံနေတာ တကယ်တမ်းသူကျွန်တော့်အပေါ်ဆက်ဆံပုံကိုစိတ်ထဲကဘာလို့မှန်းမသိ လုံးဝမကြိုက်....

သူ့အကြည့်တွေကပြောတဲ့စကားကို နားလည်ဖို့ကြိုးစားတိုင်း အရောင်တွေပြောင်းပြောင်းသွားတဲ့မျက်ဝန်းတွေ မုန်းဖို့ကောင်းလွန်းပါသည်။

ဆေးရုံကဆင်းပြီးတည်းက သူနဲ့ခပ်ခွာခွာနေဖို့ကြိုးစားလေ သူကအနားပိုကပ်လေနဲ့ စိတ်ထဲက မသင်္ကာစရာတခုခုကို အနံ့ခံမိနေသလိုမျိုးခံစားနေရသည်။

♥ကျွန်တော့်လူကြီးကို သူလုယူသွားမှာစိုးတဲ့စိတ်က သူ့မျက်ဝန်းကဘာသာစကားကိုဖတ်ဖို့ တကယ့်အဟန့်အတားတခုပင်♥

🖤Theories of LOVE♥(Completed)Where stories live. Discover now