🖤Day -2♥

2.8K 307 91
                                    

🖤Theories of LOVE♥

🖤Secret Project♥

Day-2

ငါ့ရဲ့ချစ်ခြင်း မင်းအတွက်အလင်းတစဖြစ်ပါစေ ချစ်သူ......

🖤♥🖤♥

April -10

အိပ်ရာနိုးနိုးချင်း မျက်လုံးဖွင့်မိတော့ စူးကျိန်းနေတဲ့အဖြူရောင်အလင်းတွေကြောင့် မျက်စိတွေပြန်မှိတ်ထားရသည်.......

ဘေးကအိပ်နေတဲ့ ကလေးဆိုးလေးကတော့ ဟောက်သံသေးသေးလေးတောင်ကြားနေရသည်....

မှိတ်ထားတဲ့မျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်ရင်း ဒီနေ့ဒုတိယမြောက် အိမ်ကလေးအတွက်ကြိုတင်စဉ်းစားနေရပြီ.....

တရက်ချင်းစီအတွက် ခွေးတကောင်ချင်းစီကို သေချာလေ့ကျင့်ပေးထားသည့်ခွေးတွေကိုပဲ ရွေးချယ်ဝယ်ယူဖို့Nickကို မှာထားပြီးသား.....

အရောင်တွေကိုလဲ တရက်ချင်းစီအတွက် သေချာအကွက်ချပြီးစိတ်ကူးထဲကြိုတင်ပြင်ဆင်ပြီးသား.......

ဒါတွေအားလုံးက ကျွန်တော်ချစ်ရတဲ့ကျွန်တော့်ရဲ့အသည်းတုံးbabyလေးအတွက်လေ.....

အိပ်ပျော်နေတဲ့ အဖြူရောင်နတ်သားလေးကို အနမ်းဖွဖွတချက်ပေးရင်း အလုပ်သွားဖို့ရာပြင်ရပါဦးမည်....

🖤ဒီနေ့လဲ ကိုကို့အတွက်အလှဆုံးအိမ်ကလေးဆောက်ပေးပါဦး babyရေ....🖤

🖤♥🖤♥

ကိုကိုအလုပ်သွားတာနဲ့ သာယာတဲ့မနက်ခင်းလေးကို ဘယ်လိုအစပြုရင်ကောင်းမလဲစဉ်းစားရင်း.....

♥ဟုတ်ပြီ...... လမ်းထိပ်ဟိုနား ဒီနားစက်ဘီးလျှောက်စီးရမယ်.....

စက်ဘီးပေါ်တက်ခွမိတာနဲ့ လှမ်းအော်မေးလာတဲ့P'Chen......

"အကိုလေး ဘယ်သွားမလို့လဲ စက်ဘီးကြီးနဲ့..."

♥လမ်းထိပ်ဟိုနားဒီနားပါ P'Chen... အညောင်းအညာပြေ စက်ဘီးစီးချင်လို့....

ပြောပြီးတာနဲ့ စက်ဘီးကိုပေါ့ပါးစွာနင်းထွက်လာမိသည်.....

မနက်ခင်းနေခြည်နုထွေးထွေးမှာ လူသူကင်းရှင်းနေတဲ့လမ်းမပေါ် စက်ဘီးလွတ်လွတ်လပ်လပ်နင်းရတာလောက် ပေါ့ပါးတာမရှိ......

🖤Theories of LOVE♥(Completed)Waar verhalen tot leven komen. Ontdek het nu