🖤Day -6♥

2.3K 262 69
                                    

🖤Theories of LOVE♥

🖤Secret Project♥

🍷Day - 6🍷

April - 14

ရောနှောပေါင်းစပ်ခြင်းတွေအားလုံးထဲမှာ နှလုံးသား၂ခုပေါင်းစပ်ခြင်းက အလှပဆုံးပါပဲ.....

နူးညံ့စွာကျရှုံးခြင်းဆိုတဲ့ အချစ်ဆိုတဲ့ဝေါဟာရကို မွေးထုတ်ပေးနိုင်တာက ထပ်တူကျနေတဲ့နှလုံးသားပေါင်းစပ်ခြင်းကြောင့်ပဲ မဟုတ်လား....

🖤♥🖤♥

ဖန်ခွက်ထဲက ကြက်သွေးရင့်ရောင် ဝိုင်တကို ငေးစိုက်ကြည့်ရင်း တွေတွေလေးငေးနေမိတာ ဘာလို့ပါလိမ့်.....

အနက်နဲ့အနီလှပစွာရောစပ်ခြင်းကြောင့် ဖြာကျလာတဲ့အရောင်က နီဆွေးဆွေးထဲ လေးနက်ခြင်းတွေပေါင်းစပ်ပျော်ဝင်နေတာလား.....

ဝိုင်ခွက်ဘေးမှာတော့ ပွစာကျဲနေတဲ့ crayonတွေနဲ့စာရွက်ဖြူလေးတရွက်.....

စာရွက်ပေါ်မှာတော့ အရောင်ပေါင်းစုံရေးခြစ်ရောစပ်ထားတာ ကြောင်ကုတ်ထားတဲ့အလား......

ဝိုင်ခွက်ကိုကြည့်ရင်း စိတ်ကူးပေါ်လာတဲ့အတိုင်း အနီနဲ့အနက်ရောလိုက်တော့ ဝိုင်ခွက်ထဲက ကြက်သွေးရောင်နဲ့နီးစပ်တဲ့
အရောင်လေးတခုပေါ်လာတော့ အပြုံးတွေကရေးရေးထင်လာပြီ.....

♥ဟုတ်ပြီ....ငါရှာနေတာ ဒီအရောင်ပဲ♥

ဝိုင်ခွက်ကို လှပကျနစွာကိုင်ပြီး ဂုဏ်သရေရှိအမျိုးသားတယောက်ရဲ့ စတိုင်အပြည့်နဲ့ ခမ်းနားစွာတငုံမော့သောက်လိုက်ချိန်မှာပဲ......

"မိုးမလင်းသေးဘူး ပြဇာတ်ကနေတာလား ဟေ့ကောင်"

ဖြီး.........

ရုတ်တရက်ဘေးနားက ထွက်လာတဲ့အသံကြီးကြောင့် ပါးစပ်ထဲကဝိုင်တွေထွေးထုတ်လိုက်မိသည်အထိကို ထိတ်လန့်သွားခဲ့ရတာပါ.....

"အံမယ် ခုနက ဝိုင်သောက်နေတဲ့ရုပ်က ကိန်းကြီးခမ်းကြီးပုံနဲ့ ဘာလို့ထွေးထုတ်တာတုံး"

♥ဖေဖေကလဲဗျာ အသံလေးဘာလေးမပေးတော့ သားက လန့်သွားတာပေါ့♥

"ခုမှ မနက်၎နာရီပဲရှိသေးတယ် မင်းဘာဖြစ်နေတာလဲ ငါ့ပြောဦး ဝိုင်သောက်ပြီးပုံဆွဲနေရအောင်လဲ မင်းအရွယ်မင်းပြန်ကြည့်ဦး"

🖤Theories of LOVE♥(Completed)Where stories live. Discover now