Colouring book🖤♥

4.4K 356 72
                                    

တကယ်ကို ရေးရင်း ငိုရင်းကြည်နူးရင်း ကျယ်မနတ်ပြည်အရင်တက်သွားပါပြီ

ကတိအတိုင်uးpပေးတဲ့အတွက် စာမေးပွဲဖြေမဲ့ကလေးတွေ ဖတ်ပြီးရင်စာကျက်ကြပါ

နတ်ပြည်ကနေစောင့်နေပါ့မယ်🖤♥🖤♥

🖤Theories of LOVE♥

Colouring book🖤♥

♥အချစ်ဆိုတာ ချစ်သူအတွက်လိုအပ်ချိန်မှာ လိုသလိုအသွင်ပြောင်း ဖြည့်ဆည်းပေးနိုင်တဲ့အရာတခုပဲ

♥ပထမတကြိမ်တုံးက သက်တံ့ရောင်စုံနဲ့ အချစ်ညလေးတခုဖန်တီးပေးခဲ့တယ်ဆိုတော့

♥ဒုတိယအကြိမ်မှာလဲ ချစ်သူအတွက်ရင်ခုန်စရာလေးဖန်တီးပေးရမှာပေါ့

♥အပြန်အလှန်ဖြည့်ဆည်းပေးဆပ်ခြင်းနဲ့ပဲ အချစ်တခုကို သက်တမ်းရင့်စေလိုပါသည်.......

🖤♥🖤♥

ခုတလော စိတ်တွေကလုံးဝမကြည်....

အလုပ်ထဲမှာလဲ အလုပ်တွေတပုံတပင်နဲ့မို့ ပြဿနာအကြီးအကျယ်မရှိသော်ငြား stressတွေတော်တော်ပိနေပြီ.....

အိမ်ပြန်ရောက်လို့babyရင်ခွင်ထဲတိုးဝင်ရင်း ကိုယ့်စိတ်ထွက်ပေါက်အဖြစ်သူ့အပေါ်ပုံချလိုက်ချင်ပေမဲ့လဲ မလုပ်ရက်......

ကိုယ့်စိတ်မငြိမ်သက်မှုတွေ ဖိစီးမှုတွေကို အရိပ်ကလေးတခုတောင် ချစ်ရသူအပေါ်မသက်ရောက်စေလိုပါ......

ကားပေါ်ကနေဆင်းတာနဲ့ ကိုယ့်ရဲ့လေးပင်ဖိစီးမှုတွေကိုချန်ထားခဲ့ပြီး တက်ကြွတဲ့ခြေလှမ်းတွေနဲ့ babyရှိရာဆီလှမ်းခဲ့တော့သည်။

🖤ကိုကို့ babyလေးလာပါဦး အမောပြေဖက်ထားချင်လို့.....

ခေါ်နေလဲလာမှာမဟုတ်တာသိနေလို့ ကိုယ်ပဲသူ့အနားသွားရင်း ပွေ့ဖက်ထားရင်း  သက်ပြင်းမောတွေကြိတ်ချရသည်။

♥ပင်ပန်းလာတာလား မီးသွေးခဲကြီး....

🖤babyရာ ချောကလက်တုံးကြီးလို့ပြောင်းခေါ်ရင် babyလိုချင်တာဝယ်ပေးမယ် နော် ပြောင်းခေါ်ကြည့်.....

♥ကျွန်တော်လိုချင်တာလဲ အဲ့ မီးသွေးခဲကြီးလို့ခေါ်ရတာကိုပဲ.....

🖤Theories of LOVE♥(Completed)Where stories live. Discover now