💚Deception💚

4.7K 386 79
                                    

🖤Theories of LOVE♥

💚Deception💚

💚ဥပါယ်တံမျဉ်ဆိုတာ လိမ်ညာလှည့်ဖျားခြင်းကို သကာအုပ်ထားတဲ့စကားလုံးပဲ💚

💚လူတွေဟာ လိမ်ညာလှည့်ဖျားခြင်းကိုပဲ ချိုမြိန်စွာစားသုံးရင်းအသက်ရှင်မှန်းမသိရှင်နေကြရတာလား?💚

💚လှပသော ဥပါယ်တံမျဉ်တခုက မကြာခင်မုန်တိုင်းထန်စေပါတော့မယ်💚

🖤♥🖤♥

ဝုန်းကနဲ ကိုယ့်ဘေးခုံကိုပစ်တင်လိုက်သောကျောပိုးအိတ်ကြောင့် မော့ကြည့်မိတော့ ဟိုNoဆိုတဲ့ ကောင်လေး

"ငါဒီမှာထိုင်မယ်နော် ရတယ်မှတ်လား မရလဲထိုင်မှာပဲ"

♥ဖြစ်နိုင်ရင် မထိုင်စေချင်ဘူး ကျက်သရေတုံးလို့ ဒါပေမဲ့ ငါ့ဘက်ကလိပ်ပြာလုံတဲ့အတွက် မင်းမျက်နှာမပူတတ်ရင်လဲ ထိုင်ပေါ့♥

"လက်စွပ်တကွင်းအတွက်နဲ့ အဲ့လိုဖြစ်နေတာလား ယုန်ကလေးရာ"

♥ဘာ......မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တယ်♥

"ယုန်ကလေးလို့ခေါ်လိုက်တာလေ မင်းကတကယ်တော့ဖြူဖြူစင်စင်နဲ့ ရိုးရိုးသားသားလေးပဲဟာ"

♥မင်းနဲ့ငါက ရှေ့ဆက်ပတ်သတ်နေလို့လဲ ဘာမှကောင်းလာစရာမရှိတဲ့အခြေအနေပဲ အဲ့တော့ ငါ့နားလူပဲနေပါ စိတ်တွေတော့ဝေးဝေးမှာပဲထား ဟုတ်ပြီလား♥

"ငါကလဲ ကိုကိုနဲ့ပဲ နီးနီးနေမှာပါ မင်းနဲ့ကတော့ ကိုကိုနဲ့လက်ထပ်ထားတဲ့သူမို့လို့ ဒီလိုပဲ "

♥ဝေးလေ ကောင်းလေပဲ♥

သူ့ကြောင့် မနေ့က ဟိုလူနဲ့ပြဿနာတက်ရတာမို့ လူကဒေါသထွက်နေတာပါ

အခန်းထဲမှာမို့လို့သာ စိတ်မနည်းထိန်းနေရတာ ဒီလို ယောကျာ်းကြာကူလီပြောရမလား စနိုက်ကြော်ပြောရမလား

အဲ့လိုကောင်မျိုးနဲ့ လေတောင် ဘေးချင်းကပ်ပြီး အတူတူမရှူချင်ဘူး ရွံလွန်းလို့

ထွက်သွားတဲ့ကောင်လေးရဲ့ကျောပြင်ကိုငေးရင်း ကျေနပ်နေတာက No

"မင်း တအားဆွဲဆောင်မှုရှိလွန်းတယ်ကွာ ခက်တာက ငါကလဲအဲ့လိုခက်ခဲတဲ့အရာကိုမှလိုချင်တာ ဘယ်လိုလုပ်မလဲယုန်ကလေး"

🖤Theories of LOVE♥(Completed)Wo Geschichten leben. Entdecke jetzt