💚It's not easy being GREEN💚

4.5K 434 102
                                    

🖤Theories of LOVE♥

💚It's not easy being GREEN💚

💚သဝန်တိုခြင်းသက်သက်တခုနဲ့ အချစ်လို့ခေါ်သလား💚

💚သဝန်တိုတာလေးကို အရောင်နည်းနည်းထပ်ပေါင်းကြည့်ချင်တယ်💚

💚ဘယ်လိုဓာတ်ပေါင်းမျိုးထွက်လာမလဲလို့ပေါ့💚

🖤♥🖤♥

မျက်စိဖွင့်လိုက်တာနဲ့ မြင်လိုက်ရတာက ညကကိုယ်အိပ်နေတဲ့အခန်းမဟုတ်။

အပျင်းဆန့်ချင်သည့်အကြောတွေပင် ကျုံ့သွားလောက်အောင် မျက်မှောင်ကုပ်ရင်း စဉ်းစားခန်းဝင်လိုက်သည်။

♥ငါ ညက ဟိုဘက်ခန်းမှာသွားအိပ်တာလေ အဲ့ဒါဘယ်လိုဖြစ်လို့ ဒီအခန်းထဲ ပြန်ရောက်နေတာတုံး♥

♥အားး....မသိတော့ဘူး တော်ပြီ♥

ဆက်တွေးနေလဲ ဟိုလူကြီးကခေါင်းထဲဝင်လာဦးမည်။

အတတ်နိုင်ဆုံး လူရောစိတ်ပါသူနဲ့ဝေးဝေးရှောင်ဖို့ပဲစဉ်းစားထားပြီးသားမို့....

လူကအနားရှိနေရင်တောင် စိတ်ကတော့ လွင့်ချင်ရာလွင့်လို့ရသည် မဟုတ်လား.....
🖤♥🖤♥

ကျောင်းသွားဖို့ပြင်ဆင်ပြီးစီးတော့ အောက်ထပ်ဆင်းလာရင်း ထမင်းစားခန်းထဲဝင်လိုက်တော့ ထမင်းစားခန်းထဲ အခန့်သားကော်ဖီထိုင်သောက်နေတဲ့ ဟိုလူ....

မရှိသလိုပဲမသိချင်ယောင်ဆောင်ရင်း ခုံကိုဆွဲကာဝင်ထိုင်ရင်း ကော်ဖီဌဲ့သောက်နေလိုက်သည်။

🖤Morning သူပုန်လေး🖤

မင်္ဂလာမရှိသောနှုတ်ဆက်ခြင်းမျိုးနဲ့ သတင်းစာဖတ်နေရာကကုန်းထကာ နဖူးကိုအားနဲ့တောက်ခြင်းခံလိုက်ရသည်။

ကော်ဖီသောက်နေတုံး နဖူးကိုအားပြင်းပြင်းတောက်ခံလိုက်ရတာမို့ ကော်ဖီပင် သီးသွားရသည်။

♥အဟွတ် လူယုတ်...အဟွတ် မာ  Yaaaaaa ဒီမှာ ကော်ဖီ အဟွတ်..... သောက်နေတာကို သေမို့နဖူးလာတောက် တာလား♥

🖤မနက်ခင်းနှုတ်ဆက်အနမ်းလို့သဘောထားပေါ့ကွာ ငါတကယ်နမ်းရင် ဒီထက်ပိုနာနေဦးမယ်🖤

တခုခုပြန်လုပ်ချင်စိတ်က လူကိုမနေနိုင်မထိုင်နိုင်အောင်ပင်...

🖤Theories of LOVE♥(Completed)Where stories live. Discover now