🖤Theories of LOVE♥
🖤Angry Love Bird part -1♥
🖤 စိတ္ဆိုးေနတဲ့အခ်စ္ဌက္ေလးအတြက္ ဒီရင္ခြင္က်ယ္ႀကီးကို ရက္ရက္ေရာေရာေပးလႉထားပါတယ္......
🖤နင္းလိုက နင္း...... ေခ်လိုက ေခ်........ႀကိဳက္သလိုျပဳမူပါ အခ်စ္ေရ......
🖤အလြယ္တကူခြင့္မလႊတ္ျခင္းျဖင့္ အျပစ္ေတြေၾကေအာင္ဆပ္ခြင့္ျပဳပါ ကေလးရယ္.......
🖤♥🖤♥
ကိုကို.......
အက်ယ္ႀကီးေအာ္ေခၚေနေပမဲ့ လွည့္ေတာင္မၾကည့္ Coralဆိုတဲ့တေယာက္နဲ႔လက္ခ်င္းခ်ိတ္ၿပီးလမ္းေလ်ွာက္ေနတာ......
ေျပးလိုက္ေပမဲ့ ေနရာကေနမေရြ႕ အသံကုန္ေအာ္ေသာ္လဲ မၾကား......
♥ဟင့္အင္း.....မဟုတ္ဘူး မဟုတ္ဘူး.....
ေရာက္ကတည္းက သူ႔လက္ေလးဆုပ္ကိုင္ရင္း သူ႔မ်က္ႏွာကိုမ်က္ေတာင္မခတ္စတမ္းေငးေနမိခဲ့တာ.....
အခုအိပ္မက္ဆိုးေတြမက္ေနျပန္သလားမသိ မ်က္ခံုးေလးေတြတြန္႔ခ်ိဳးရင္း မ်က္ရည္ေတြစီးက်လာျပန္ၿပီ......
ကိုယ့္ကိုယ္ကိုယ္အျပစ္တင္မဆံုးတဲ့စိတ္ေတြနဲ႔သာ babyကိုသိမ္းၾကံဳးေပြ႔ဖက္ထားလိုက္မိေတာ့သည္။
🖤babyရယ္ ကိုကိုအနားမွာ႐ွိေနတယ္ေလ အိပ္မက္ဆိုးေတြကေနႏိုးထလာပါေတာ့ babyရယ္.......
၄ ၅ ရက္ေလာက္အစာမစားတဲ့ဒဏ္ အိပ္ေရးပ်က္တဲ့ဒဏ္ေတြေၾကာင့္ ခုလိုbabyမူးလဲသြားရျခင္းဆိုတာၾကားရေတာ့ အျပစ္ေတြပိုပိုႀကီးလာသလိုခံစားရသည္။
သြင္းထားတဲ့ေဆးကုန္ရင္ အိမ္ျပန္ေခၚသြားဖို႔ပဲဆံုးျဖတ္လိုက္သည္။
အိမ္ေရာက္မွfamily doctorလက္ထဲအပ္ရင္း အနားကမခြာဘဲ ကိုယ္ဖိရင္ဖိျပဳစုေတာ့မည္။
🖤အဲ့ေလာက္ထိခံစားသြားရမယ္ဆိုတာကို မေတြးထင္ခဲ့မိတာ ကိုကို႔အမွားပါbabyရယ္.......
အိမ္ျပန္တဲ့တလမ္းလံုးလဲ ေရေတာင္မေသာက္ပဲ ထိထိခိုက္ခိုက္ခံစားေနရလို႔ ေျခာက္ေသြ႔အက္ကြဲေနတဲ့ ႏႈတ္ခမ္းေလးေတြကို ဖြဖြေလးနမ္းရင္း တန္ျပန္ဝဋ္ေႂကြးေတြကို ေက်ေက်နပ္နပ္ခံစားေနရသည္။
ရင္ခြင္ထဲမွာ အဝတ္တစလိုေပ်ာ့ေခြေနတဲ့babyကိုၾကည့္ရင္း ရင္ထဲမွာထိထိခိုက္ခိုက္ကိုခံစားရသည္.....
အကိုေလးကို သူအရမ္းလြမ္းေနခဲ့တာ.....ဒီေန႔လဲ ေက်ာင္းမွာNoနဲ႔ ျပႆနာအႀကီးအက်ယ္တက္တယ္လို႔ သူ႔သူငယ္ခ်င္းေတြကေျပာတယ္.....
🖤ဟုတ္လား P'Chen......ဘာလို႔တဲ့လဲ.....
ျပင္သစ္မွာ အကိုေလးနဲ႔ အမCoralတို႔ေတြ႔ေနတာျဖစ္ႏိုင္တယ္လို႔ Noက ေျပာလိုက္မိလို႔တဲ့.......
အရမ္းစိတ္ေတြဆိုးၿပီး အကိုေလးကအဲ့လိုလံုးဝမလုပ္ဘူးဆိုၿပီး Noကို ထိုးႀကိတ္ထားတာ အဲ့ေကာင္ေလးလဲေတာ္ေတာ္ထိသြားတယ္တဲ့.......
P'Chenစကားၾကားရေတာ့ မ်က္ရည္ေတြက babyမ်က္ႏွာေပၚက်ကုန္ၿပီ.....
🖤babyေလာက္ေတာင္ ကိုကိုမခ်စ္တတ္ပါလားbabyရယ္ ကိုကိုတကယ္အသံုးမက်တဲ့အလကားေကာင္ပါကြာ.....
ရင္ခြင္ထဲကbabyကို တင္းတင္းၾကပ္ၾကပ္ေပြ႔ဖက္ရင္း အသံမထြက္ေအာင္ႀကိတ္ငိုမိၿပီ.....
🖤ကိုကိုျပန္ေပးဆပ္ပါ့မယ္ babyခံစားနာက်င္သမ်ွအတြက္ ကိုကို႔ကိုအလြယ္တကူခြင့္မလႊတ္လိုက္နဲ႔ အလြယ္တကူစိတ္ဆိုးမေျပလိုက္ပါနဲ႔ babyရယ္......
🖤♥🖤♥
ဆရာဝန္ျပန္သြားၿပီးေတာ့ အိပ္ေပ်ာ္ေနဆဲျဖစ္တဲ့babyေဘးနားဝင္လွဲရင္း အနမ္းေတြပဲတဖြဖြေပးေနမိေတာ့သည္။
အခုသာနမ္းလို႔ရေနတာ ႏိုးလာတာနဲ႔သူ႔အနားကပ္လို႔မရဖို႔ကေသခ်ာေနၿပီေလ။
ေခ်ာင္က်သြားတဲ့မ်က္ႏွာေလးကိုၾကည့္ရင္း စိတ္မေကာင္းျဖစ္ရ...
Babyတကိုယ္လံုးေစ့ေစ့စပ္စပ္လိုက္ၾကည့္ရင္းလူက အ႐ူးလို ျပံဳးလိုက္မဲ့လိုက္...
🖤သိလား babyရဲ႕ျဖစ္တည္မႈမွန္သမ်ွက ကိုကို႔ကို႐ူးေနေအာင္ျပဳစားႏိုင္တယ္.......
🖤အလုပ္ေတြလဲလက္စသတ္ခဲ့ၿပီ babyကိုအပီအျပင္ေခ်ာ့ဖို႔ေလ.......
🖤babyကိုေနာက္ဘယ္ေတာ့မွပစ္မထားရဲေအာင္ မွတ္ေလာက္ေအာင္စိတ္ဆိုးျပစမ္းပါ.....ေခ်ာ့ခ်င္လြန္းလို႔ ျမန္ျမန္ႏိုးလာပါေတာ့babyရယ္........
ထိုညကတညလံုးbabyကို တေယာက္တည္းစကားေတြေျပာရင္းအခ်ိန္ေတြကုန္ခဲ့ပါသည္။
🖤♥🖤♥
ညကbabyကိုရင္ခြင္ထဲထည့္ရင္းဘယ္ခ်ိန္အိပ္ေပ်ာ္သြားသည္မသိ........
ႏိုးလာေတာ့babyခုထိကိုယ့္ရင္ခြင္ထဲမွာ ႏိုးမလာေသး........
ႏႈတ္ခမ္းေလးကိုဖြဖြနမ္းမိတာက သူမ်ားခုခ်က္ခ်င္းႏိုးလာမလားဆိုတဲ့စိတ္ေလးနဲ႔......
🖤baby ရယ္ ႏိုးလာပါေတာ့ကြာ ကိုကိုအရမ္းလြမ္းေနၿပီကေလးေလးရဲ႕...
ၾကည့္ေနရင္း ရင္ခြင္ထဲမွာလူးလြန္႔လာတဲ့baby......
🖤baby.......ႏိုးၿပီလားဟင္ ကိုကိုေလ babyရဲ႕.......
မပြင့္တပြင့္မ်က္လံုးေလးေတြနဲ႔ေသခ်ာစိုက္ၾကည့္ခံရၿပီးေနာက္မွာ တံု႔ျပန္လိုက္တာက ကုတင္ေပၚကေနကန္ခ်ခံလိုက္ရျခင္းပင္.......
♥ခင္ဗ်ား.......ခင္ဗ်ား....ဘာလို႔ျပန္လာတာလဲ
🖤ဝမ္းသာလိုက္တာbabyရယ္ကိုကိုကbaby ထမင္းမစားညမအိပ္နဲ႔မို႔ အားျပန္မျပည့္မွာေတာင္စိုးရိမ္ေနတာ ေဆးေတြေတာ္ေတာ္ေကာင္းသားပဲ..
♥ခုခ်က္ခ်င္း ဒီအခန္းထဲကေနထြက္သြား....လံုးဝျပန္မဝင္လာနဲ႔ ခင္ဗ်ားမ်က္ႏွာမၾကည့္ခ်င္ဘူး.......သြား.....
လူကိုအားရပါးရေအာ္ဟစ္ၿပီးငိုခ်လိုက္တာျမင္ရေတာ့ ကုတင္ေအာက္ကေနကုတင္ေပၚခ်က္ခ်င္းေျပးတက္ရင္းေပြ႔ဖက္မိေတာ့လဲ အတင္းကို႐ုန္းကန္ေနတဲ့ကေလးေလး........
♥ငါ့အသားကိုမထိနဲ႔လို႔ လူယုတ္မာျကီးမုန္းတယ္ ခင္ဗ်ားကိုမုန္းတယ္ လႊတ္........
🖤ေသေအာင္ထု႐ိုက္ရတယ္ လႊတ္ေတာ့မလႊတ္ေပးဘူးbaby ငိုေနရင္အရမ္းပင္ပန္းမွာစိုးလို႔ပါမငိုပါနဲ႔babyရယ္....
♥အခုမွအခ်ိဳလာသပ္မေနနဲ႔ လူယုတ္မာႀကီး အလကား တကယ္မခ်စ္ပဲလူကိုပစ္တံုးကပစ္ထားၿပီးေတာ့........
ရန္ေတြ႔ေနတဲ့ႏႈတ္ခမ္းေလးကို ျမင္ၿပီး အူယားတာကမေနႏိုင္ေတာ့........
အတင္းခ်ဳပ္ၿပီးဖက္နမ္းပစ္ေတာ့ ဝူးဝူးဝါးဝါးနဲ႔ရန္ေတြ႔ေနေသး......
ႏႈတ္ခမ္းေလးကခ်ိဳျမေနတာပဲ လက္သီးနဲ႔ထိုးလဲေက်နပ္တယ္baby.......
နမ္းလို႔ဝမွလႊတ္ေပးလိုက္ေတာ့ ခ်က္ခ်င္းတည္သြားတဲ့မ်က္ႏွာေလး....
🖤baby......ဘာျဖစ္လို႔လဲဟင္ ကိုကို႔ကိုစိတ္ဆိုးရင္ႀကိဳက္တာလုပ္ကြာ အဲ့လိုေတာ့မေနပါနဲ႔ကြာ.......
♥ခင္ဗ်ားက ကြၽန္ေတာ့္ကိုအႏိုင္က်င့္ေနက်ပဲေလ လုပ္ပါ ခင္ဗ်ားလက္ခုပ္ထဲကေရပဲ.....ငိုေအာင္လုပ္ရင္ငိုမယ္ ရယ္ေအာင္လုပ္ရင္ရယ္မယ္..........
ခ်က္ခ်င္းေပြ႔ဖက္ထားတဲ့လက္ေတြပါလႊတ္ေပးလိုက္မိသည္ထိ ရင္ထဲ ဟာခနဲျဖစ္သြားသည္။
Babyစိတ္ထဲခုေလာက္ထိနာက်ည္းေနလိမ့္မယ္လို႔မထင္မိ....
ခ်က္ခ်င္းကုတင္ေပၚကေနေအာက္ကိုဆင္းကာ ဒူးေထာက္ထိုင္ခ်လိုက္ရင္း......
🖤baby ကိုိကိုေျပာတာ ေသခ်ာနားေထာင္ေပးေနာ္.......
ခုကစၿပီးbabyအေပၚမွာ ကိုကိုက်ဴးလြန္ခဲ့သမ်ွပစ္ထားမိသမ်ွအျပစ္ေတြအတြက္ စိတ္ေက်နပ္တဲ့ထိေတာင္းပန္မယ္ ေခ်ာ့မယ္.........တခုပဲ
♥ဘာလဲ.......ေတာင္းပန္ရံုနဲ႔စိတ္ဆိုးေျပရမွာလား ခြင့္လႊတ္ရမွာလား....
🖤ဟင့္အင္း လံုးဝခြင့္မလႊတ္နဲ႔စိတ္ဆိုးမေျပလိုက္နဲ႔လို႔ေျပာမလို႔ပါ.......
ခ်စ္တဲ့စိတ္နဲ႔ လြယ္လြယ္ခြင့္မလႊတ္လိုက္နဲ႔baby.......
ခ်စ္လို႔ခြင့္လႊတ္နားလည္တယ္ဆိုတာ ဒီေနရာအတြက္မဟုတ္ဘူးbaby.......
Baby ခံစားရသလိုကိုကိုထပ္တူထပ္မ်ွခံစားၾကည့္ခ်င္တယ္ ကိုကိုတခါေျပာဖူးတယ္ေလ ကိုကို႔အခ်စ္က ထပ္တူထပ္မ်ွခံစားရင္း နားလည္ေပးမဲ့အခ်စ္ဆိုတာ......
အဲ့ေတာ့ခုခ်ိန္မွာbabyရဲ႕ ခြင့္လႊတ္မႈေတြနဲ႔မတန္ေသးတာမို႔လို႔ စိတ္ေက်နပ္တဲ့ထိကိုကို႔ကိုစိတ္ဆိုးလို႔ရတယ္ေနာ္ baby...🖤
🖤ေနာက္မျဖစ္ေစရဘူးဆိုတဲ့ လြယ္လြယ္ကတိေတြနဲ႔ ထပ္ခါထပ္ခါနာက်င္ေစတဲ့လူမျဖစ္ခ်င္လို႔ပါ......
ေျပာရင္းေခါင္းငံု႔ခ်လိုက္မိေတာ့သည္။
ကိုယ့္ရင္ထဲ ကနာက်င္ျခင္းေတြသူ႔ကိုမကူးစက္ေစခ်င္ပါ.......
ႏူးညံ႔တဲ့ႏွလံုးသားကဒဏ္ရာေတြကဒီေလာက္ဆိုလံုေလာက္ေနၿပီမဟုတ္လား......
♥ခင္ဗ်ားစကားနဲ႔ ခင္ဗ်ားပဲေနာ္.......ခုကစၿပီး ကြၽန္ေတာ့္စကားကို ခင္ဗ်ားနားေထာင္ရမယ္......
🖤ဟုတ္နားေထာင္ပါ့မယ္ခင္ဗ်.......
♥အခုကစၿပီး ကြၽန္ေတာ့္ခြင့္ျပဳခ်က္မရပဲကြၽန္ေတာ့္ကိုလက္ဖ်ားနဲ႔ေတာင္မထိပါနဲ႔.......
က်န္တာေတာင္းဆိုပါလို႔ေျပာခ်င္ေပမဲ့ေျပာမထြက္.......
♥အနီးကပ္ေနရင္း ဂ႐ုစိုက္မႈကိုအသည္းအသန္ေမ်ွာ္လင့္ေတာင့္တရတဲ့ခံစားခ်က္က ဘာလဲဆိုတာသိေအာင္လုပ္ေပးမလို႔ေလ..
🖤အင္းပါ babyရယ္ကိုကိုႀကိဳးစားပါ့မယ္..
မနက္ခင္းကစလိုက္တဲ့ရာဇသံကို ဘယ္ခ်ိန္ထိလိုက္နာႏိုင္မလဲမေျပာတတ္
ခုေလာေလာဆယ္ ေတာ့ ငရဲက်ေနသလိုခံစားရသည္။
ေပြ႔ဖက္ေခ်ာ့ျမဴခ်င္စိတ္ကိုခ်ိဳးႏွိမ္ထားရတာတကယ့္ငရဲပါလားဆိုတာ အခုမွအ႐ွင္လတ္လတ္ခံစားမိေတာ့တာပါ......
🖤♥🖤♥
၂ရက္တိတိ သူ႔စကားအတိုင္းသူ႔အသားကိုမထိမိေအာင္ေအာင့္အီးသည္းခံေနခဲ့သည္။
အခုဒီေန႔က်ေတာ့ၾကည့္ အစားဝင္ေအာင္ေကြၽး ေဆးဝင္ေအာင္တိုက္ရတာကခက္တာထက္ သူ႔ကိုမထိမေတြ႔ပဲ ဘယ္လိုတိုက္ရမလဲေလ.........
ၾကက္နာႀကီးလည္လိမ္ထားသလိုျဖစ္ေနတဲ့ကို္ယ့္႐ုပ္ကိုၾကည့္ရင္း ခဏခဏထရယ္တဲ့ babyကိုျမင္ရျပန္ေတာ့လဲ ၾကည္ႏူးရတာပါပဲ.......
အခုလဲၾကည့္ စားၿပီးေဆးေသာက္ရမွာကို အခန္းထဲပတ္ေျပးေနတာသူ႔အသားကိုလဲမထိနဲ႔ဆိုေတာ့ဘယ္လိုလိုက္ဖမ္းမလဲေလ........
အဲ့ထက္ပိုခက္သည္က ကိုယ့္မ်က္စိထဲကမထြက္ေတာ့ေအာင္ ဆြဲေဆာင္ေနသည့္ သူ႔တင္ပါးလံုးလံုးေလး...
အခန္းထဲကေနသီးသန္႔ထုတ္ထားတဲ့လသာေဆာင္ကေန ေအာက္ကP'Chenကိုလွမ္းေအာ္ေခၚရင္း စကားေတြေျပာေနတာ ဖင္ေလးကိုကုန္းလို႔......
သိသိသာသာနာလန္ထူလာတာကိုေတာ့ ေက်းဇူးတင္ရသည္။
သူ႔မ်က္ႏွာတခ်က္ညႇိဳးရင္ကို ဘာမွန္းမသိလူကျပာယာခတ္ေနၿပီေလ.....
ခုလိုျမန္ျမန္ဆန္ဆန္ေနေကာင္းလာေတာ့လဲ စိတ္ခ်မ္းသာရသည္။
🖤အင္း babyရယ္ ဒီေန႔ ကိုကိုေတာင့္ခံမထားႏိုင္ရင္babyအျပစ္ပဲ....
တံေတြးေတြႀကိတ္မ်ိဳခ်ရင္း ေ႐ွ႕ကေနကုန္းကြလုပ္ျပေနတဲ့ အဲ့တင္ပါးလံုးလံုးေလးကို ႐ိုက္ပစ္ခ်င္စိတ္က အသည္းတယားယားနဲ႔........
🖤babyေရ သတ္ခ်င္လဲသတ္ေတာ့ အခ်စ္အတြက္အသက္ပင္ေသေသမရေတာ့ဘူး လြမ္းေနခဲ့တာၾကာၿပီ...
နွစ္ရက္ႀကီးမ်ားေတာင္ ဥပုသ္ေစာင့္ၿပီးၿပီေလထပ္ၿပီးမေစာင့္ပရေစနဲ႔ေတာ့.......
စကားေတြအေပၚနဲ႔ေအာက္ကို ဖင္ေလးကုန္းရင္းတရစပ္ေျပာေနတဲ့babyနားကို အသာေလးတိုးကပ္သြားရင္း စိတ္ထဲကႀကိတ္ၿပီးပစ္မွားေနတဲ့ အဲ့ဖင္လံုးလံုးေလးကိုအားရပါးရ တခ်က္႐ိုက္ပစ္လိုက္ေတာ့သည္။
Saint POV....
စိတ္ဆိုးေျပဖို႔ခက္ခဲေသးတဲ့အေနအထားမွာ ကိုယ့္ကိုမထိရလို႔ ေဝးေဝးကေနေငးေနတဲ့မီးေသြးခဲႀကီးမ်က္ႏွာကို ျမင္ရတာလဲအရသာ......
အခ်စ္ႀကီးေတာ့အမ်က္ႀကီးတယ္ဆိုတဲ့စကားကအလကားမွမဟုတ္တာေလ....
တကယ္လဲခုထိကိုယ္အရမ္းနာက်င္ခံစားခဲ့ရတာေတြကသိပ္မေပ်ာက္ေသး..
သူ႔ကိုအရမ္းခ်စ္သလိုအရမ္းလဲစိတ္ဆိုးတာမို႔ ခုထိကိုယ့္ကိုလာထိတာမ်ိဳးလံုးဝခြင့္မျပဳထား.
ခံစားၾကည့္ကြၽန္ေတာ့္လိုနာက်င္မႈမ်ိဳး.........
ခုလဲေဆးမေသာက္ခ်င္လို႔တမင္လသာေဆာင္ထြက္ၿပီး ျခံထဲမွာအလုပ္လုပ္ေနတဲ့P'Chenကို စကားေတြလွမ္းေျပာေနတာ......
အားရပါးရစကားေတြေျပာေနၿပီး ျဖန္းကနဲအသံနဲ႔ ပူထူသြားတဲ့ တင္ပါးတဖက္....
ခ်ာကနဲလွည့္ၾကည့္လိုက္ေတာ့ လက္ေနာက္ပစ္ၿပီးစပ္ၿဖီးၿဖီးရယ္ျပေနတဲ့ဟိုလူႀကီး..
🖤babyရယ္ ကိုကို ႏွစ္ရက္ႀကီးမ်ားေတာင္စကားနားေထာင္တယ္ေလေနာ္....
အခုေတာ့မရေတာ့လို႔ပါ babyကိုမထိရဘဲဆက္ေနရင္ေသသြားလိမ့္မယ္🖤
♥ေအး အခုလဲ ေသေစရမယ္......
🖤ေသမွာမေၾကာက္ေပမဲ့babyကို ကိုယ္ဖိရင္ဖိေခ်ာ့ရမွာမို႔ေျပးၿပီေနာ္........
တကယ္babyစိတ္ကိုသိတာမို႔ ေနာက္ကိုလွည့္မၾကည့္ဘဲအခန္းထဲပတ္ေျပးရာကေနခုျခံထဲေရာက္တဲ့ထိပင္....
♥ခင္ဗ်ားမရပ္ရင္ စိတ္ကပိုဆိုးသြားမွာေနာ္......
🖤အို အလြယ္တကူေတာင္စိတ္ဆိုးမေျပေစခ်င္တဲ့ဟာကို ရတယ္babyရဲ႕ အမေလး........လြန္မယ္ေနာ္ baby
Babyနဲ႔က်မွ လူတကာကေလးစားရတဲ့ဒိတ္ဒိတ္ၾကဲMr.Perthတေယာက္ လွည့္ပတ္ေျပးေနရတဲ့ ဘဝ......
ေနာက္ကလိုက္ေနရာကေန ႐ုတ္တရက္ထိုင္ခ်လိုက္ၿပီး မေက်မနပ္ေအာ္ငိုေသာbabyအသံေၾကာင့္ ခ်စ္လြန္းလွစြာ ေပြ႔ဖက္လိုက္မိေတာ့သည္။
♥ေဖေဖတို႔ေရ.......သားကိုဒီမွာ မညႇာမတာ႐ိုက္ေနပါတယ္လို႔ တသက္နဲ႔တကိုယ္သူမွမ႐ိုက္ဖူးတဲ့တင္ပါးကို သူ႔လက္ႀကီးနဲ႔လာ႐ိုက္ပါတယ္လို႔.......
ေပြ႔ဖက္ရင္း အဲ့ေအာ္ငိုၿပီးေျပာေနတဲ့ပါးစပ္ေလးကိုလဲအသည္းအသန္လွမ္းပိတ္ရေတာ့သည္။
ျခံထဲကP'Chenနဲ႔အလုပ္သမားေတြကႀကိတ္ရယ္လို႔...
မင္းအ႐ွက္ေတြလဲကြဲပါၿပီ Perthရယ္..
သူ႔ကိုေပြ႔ခ်ီၿပီးအိမ္ထဲအသည္းအသန္ေျပးဝင္မွပင္ မဟုတ္ရင္ ခုထက္မကအ႐ွက္ကကြဲေတာ့မည္မို႔.......
အခန္းထဲေရာက္တဲ့ထိ ေအာ္ဟစ္႐ုန္းကန္ရင္းပါလာတဲ့babyကို ကုတင္ေပၚအသာခ်ေပးရင္း ေပါက္တဲ့နဖူးမထူးသေဘာထားကာ အားရပါးရနမ္းပစ္လိုက္ေတာ့သည္။
🖤လြမ္းေနရတာ babyရယ္ ပါးႏုႏုေလးရယ္ႏႈတ္ခမ္းေလးရယ္ကိုေလ....
♥ခင္ဗ်ားကို စိတ္ဆိုးေသးတယ္ပိုစိတ္ဆိုး.......တယ္ အဟင့္..
🖤စိတ္ဆိုးရတယ္ ႀကိဳက္သေလာက္ဆိုး ကိုကိုကခုလိုေထြးေထြးေပြ႔ေပြ႔နဲ႔ေခ်ာ့ခ်င္တာ အၾကာႀကီးေနာ္......baby
🖤မနက္ျဖန္ကစၿပီး ေဟာ့ဒီကိုကို႔သူပုန္ေလးအတြက္ ေခ်ာ့ဖို႔planေတြဆြဲၿပီးၿပီ....
စိတ္ေက်နပ္တဲ့ထိေခ်ာ့မွာမို႔ အလြယ္တကူစိတ္ဆိုးမေျပဖို႔သာႀကိဳးစား.....
♥ဟင္း ဟင္း........အဲ့လိုလား......
ဒူးနဲ႔ေဆာင့္တိုက္ခ်လိုက္တာက ခ်က္ေကာင္းေနရာတည့္တည့္.....
အသံပင္မထြက္ႏိုင္ပဲသူ႔အေပၚအုပ္မိုးထားရာကေနေဘးကိုလွိမ့္ဆင္းၿပီးလူးလွိမ့္ေနရတဲ့ဘဝ......
♥မွတ္ပလား အသားယူခ်င္ဦး လူယုတ္မာႀကီး......
မ်က္လံုးထဲ ၾကယ္ေတြလေတြသာမက စၾကဝဠာ တခြင္ပါ ျမင္လိုက္ရသလိုပင္..
🖤ခ်စ္တယ္ babyရဲ႕ ေသေလာက္ေအာင္ခ်စ္တယ္ဆိုတာဒါမ်ိဳး....
လူးလွိမ့္ေနရင္းကေနကိုရေအာင္ေအာ္လိုက္မိသည္။
ခ်စ္သူေပးတဲ့နာက်င္ျခင္းကအစ ခ်ိဳၿမိန္လြန္းပါသည္။
အသက္မထြက္ရံုတမယ္က လြဲလို႔ေပါ့..
မနက္ျဖန္မွာေတာ့ တကယ့္ဘဝၾကားထဲတိုးဝင္ရင္း ခ်စ္ရသူအတြက္အမွတ္တရေတြနဲ႔အတူေခ်ာ့ျမႇဴပါေတာ့မည္။
🖤အရမ္းခ်စ္တယ္ baby ထာဝရပါ
#Theoriesoflove
#May
ေက်နပ္ၾကလား အရပ္ကတို႔
ဒါကintroပဲ႐ွိေသးတယ္ ေနာက္ရက္ေတြပိုဆုိးမွာ😂😂😂
(Unicode)
🖤Theories of LOVE♥
🖤Angry Love Bird part -1♥
🖤 စိတ်ဆိုးနေတဲ့အချစ်ဌက်လေးအတွက် ဒီရင်ခွင်ကျယ်ကြီးကို ရက်ရက်ရောရောပေးလှူထားပါတယ်......
🖤နင်းလိုက နင်း...... ချေလိုက ချေ........ကြိုက်သလိုပြုမူပါ အချစ်ရေ......
🖤အလွယ်တကူခွင့်မလွှတ်ခြင်းဖြင့် အပြစ်တွေကြေအောင်ဆပ်ခွင့်ပြုပါ ကလေးရယ်.......
🖤♥🖤♥
ကိုကို.......
အကျယ်ကြီးအော်ခေါ်နေပေမဲ့ လှည့်တောင်မကြည့် Coralဆိုတဲ့တယောက်နဲ့လက်ချင်းချိတ်ပြီးလမ်းလျှောက်နေတာ......
ပြေးလိုက်ပေမဲ့ နေရာကနေမရွေ့ အသံကုန်အော်သော်လဲ မကြား......
♥ဟင့်အင်း.....မဟုတ်ဘူး မဟုတ်ဘူး.....
ရောက်ကတည်းက သူ့လက်လေးဆုပ်ကိုင်ရင်း သူ့မျက်နှာကိုမျက်တောင်မခတ်စတမ်းငေးနေမိခဲ့တာ.....
အခုအိပ်မက်ဆိုးတွေမက်နေပြန်သလားမသိ မျက်ခုံးလေးတွေတွန့်ချိုးရင်း မျက်ရည်တွေစီးကျလာပြန်ပြီ......
ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မဆုံးတဲ့စိတ်တွေနဲ့သာ babyကိုသိမ်းကြုံးပွေ့ဖက်ထားလိုက်မိတော့သည်။
🖤babyရယ် ကိုကိုအနားမှာရှိနေတယ်လေ အိပ်မက်ဆိုးတွေကနေနိုးထလာပါတော့ babyရယ်.......
၄ ၅ ရက်လောက်အစာမစားတဲ့ဒဏ် အိပ်ရေးပျက်တဲ့ဒဏ်တွေကြောင့် ခုလိုbabyမူးလဲသွားရခြင်းဆိုတာကြားရတော့ အပြစ်တွေပိုပိုကြီးလာသလိုခံစားရသည်။
သွင်းထားတဲ့ဆေးကုန်ရင် အိမ်ပြန်ခေါ်သွားဖို့ပဲဆုံးဖြတ်လိုက်သည်။
အိမ်ရောက်မှfamily doctorလက်ထဲအပ်ရင်း အနားကမခွာဘဲ ကိုယ်ဖိရင်ဖိပြုစုတော့မည်။
🖤အဲ့လောက်ထိခံစားသွားရမယ်ဆိုတာကို မတွေးထင်ခဲ့မိတာ ကိုကို့အမှားပါbabyရယ်.......
အိမ်ပြန်တဲ့တလမ်းလုံးလဲ ရေတောင်မသောက်ပဲ ထိထိခိုက်ခိုက်ခံစားနေရလို့ ခြောက်သွေ့အက်ကွဲနေတဲ့ နှုတ်ခမ်းလေးတွေကို ဖွဖွလေးနမ်းရင်း တန်ပြန်ဝဋ်ကြွေးတွေကို ကျေကျေနပ်နပ်ခံစားနေရသည်။
ရင်ခွင်ထဲမှာ အဝတ်တစလိုပျော့ခွေနေတဲ့babyကိုကြည့်ရင်း ရင်ထဲမှာထိထိခိုက်ခိုက်ကိုခံစားရသည်.....
အကိုလေးကို သူအရမ်းလွမ်းနေခဲ့တာ.....ဒီနေ့လဲ ကျောင်းမှာNoနဲ့ ပြဿနာအကြီးအကျယ်တက်တယ်လို့ သူ့သူငယ်ချင်းတွေကပြောတယ်.....
🖤ဟုတ်လား P'Chen......ဘာလို့တဲ့လဲ.....
ပြင်သစ်မှာ အကိုလေးနဲ့ အမCoralတို့တွေ့နေတာဖြစ်နိုင်တယ်လို့ Noက ပြောလိုက်မိလို့တဲ့.......
အရမ်းစိတ်တွေဆိုးပြီး အကိုလေးကအဲ့လိုလုံးဝမလုပ်ဘူးဆိုပြီး Noကို ထိုးကြိတ်ထားတာ အဲ့ကောင်လေးလဲတော်တော်ထိသွားတယ်တဲ့.......
P'Chenစကားကြားရတော့ မျက်ရည်တွေက babyမျက်နှာပေါ်ကျကုန်ပြီ.....
🖤babyလောက်တောင် ကိုကိုမချစ်တတ်ပါလားbabyရယ် ကိုကိုတကယ်အသုံးမကျတဲ့အလကားကောင်ပါကွာ.....
ရင်ခွင်ထဲကbabyကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ရင်း အသံမထွက်အောင်ကြိတ်ငိုမိပြီ.....
🖤ကိုကိုပြန်ပေးဆပ်ပါ့မယ် babyခံစားနာကျင်သမျှအတွက် ကိုကို့ကိုအလွယ်တကူခွင့်မလွှတ်လိုက်နဲ့ အလွယ်တကူစိတ်ဆိုးမပြေလိုက်ပါနဲ့ babyရယ်......
🖤♥🖤♥
ဆရာဝန်ပြန်သွားပြီးတော့ အိပ်ပျော်နေဆဲဖြစ်တဲ့babyဘေးနားဝင်လှဲရင်း အနမ်းတွေပဲတဖွဖွပေးနေမိတော့သည်။
အခုသာနမ်းလို့ရနေတာ နိုးလာတာနဲ့သူ့အနားကပ်လို့မရဖို့ကသေချာနေပြီလေ။
ချောင်ကျသွားတဲ့မျက်နှာလေးကိုကြည့်ရင်း စိတ်မကောင်းဖြစ်ရ...
Babyတကိုယ်လုံးစေ့စေ့စပ်စပ်လိုက်ကြည့်ရင်းလူက အရူးလို ပြုံးလိုက်မဲ့လိုက်...
🖤သိလား babyရဲ့ဖြစ်တည်မှုမှန်သမျှက ကိုကို့ကိုရူးနေအောင်ပြုစားနိုင်တယ်.......
🖤အလုပ်တွေလဲလက်စသတ်ခဲ့ပြီ babyကိုအပီအပြင်ချော့ဖို့လေ.......
🖤babyကိုနောက်ဘယ်တော့မှပစ်မထားရဲအောင် မှတ်လောက်အောင်စိတ်ဆိုးပြစမ်းပါ.....ချော့ချင်လွန်းလို့ မြန်မြန်နိုးလာပါတော့babyရယ်........
ထိုညကတညလုံးbabyကို တယောက်တည်းစကားတွေပြောရင်းအချိန်တွေကုန်ခဲ့ပါသည်။
🖤♥🖤♥
ညကbabyကိုရင်ခွင်ထဲထည့်ရင်းဘယ်ချိန်အိပ်ပျော်သွားသည်မသိ........
နိုးလာတော့babyခုထိကိုယ့်ရင်ခွင်ထဲမှာ နိုးမလာသေး........
နှုတ်ခမ်းလေးကိုဖွဖွနမ်းမိတာက သူများခုချက်ချင်းနိုးလာမလားဆိုတဲ့စိတ်လေးနဲ့......
🖤baby ရယ် နိုးလာပါတော့ကွာ ကိုကိုအရမ်းလွမ်းနေပြီကလေးလေးရဲ့...
ကြည့်နေရင်း ရင်ခွင်ထဲမှာလူးလွန့်လာတဲ့baby......
🖤baby.......နိုးပြီလားဟင် ကိုကိုလေ babyရဲ့.......
မပွင့်တပွင့်မျက်လုံးလေးတွေနဲ့သေချာစိုက်ကြည့်ခံရပြီးနောက်မှာ တုံ့ပြန်လိုက်တာက ကုတင်ပေါ်ကနေကန်ချခံလိုက်ရခြင်းပင်.......
♥ခင်ဗျား.......ခင်ဗျား....ဘာလို့ပြန်လာတာလဲ
🖤ဝမ်းသာလိုက်တာbabyရယ်ကိုကိုကbaby ထမင်းမစားညမအိပ်နဲ့မို့ အားပြန်မပြည့်မှာတောင်စိုးရိမ်နေတာ ဆေးတွေတော်တော်ကောင်းသားပဲ..
♥ခုချက်ချင်း ဒီအခန်းထဲကနေထွက်သွား....လုံးဝပြန်မဝင်လာနဲ့ ခင်ဗျားမျက်နှာမကြည့်ချင်ဘူး.......သွား.....
လူကိုအားရပါးရအော်ဟစ်ပြီးငိုချလိုက်တာမြင်ရတော့ ကုတင်အောက်ကနေကုတင်ပေါ်ချက်ချင်းပြေးတက်ရင်းပွေ့ဖက်မိတော့လဲ အတင်းကိုရုန်းကန်နေတဲ့ကလေးလေး........
♥ငါ့အသားကိုမထိနဲ့လို့ လူယုတ်မာကြီးမုန်းတယ် ခင်ဗျားကိုမုန်းတယ် လွှတ်........
🖤သေအောင်ထုရိုက်ရတယ် လွှတ်တော့မလွှတ်ပေးဘူးbaby ငိုနေရင်အရမ်းပင်ပန်းမှာစိုးလို့ပါမငိုပါနဲ့babyရယ်....
♥အခုမှအချိုလာသပ်မနေနဲ့ လူယုတ်မာကြီး အလကား တကယ်မချစ်ပဲလူကိုပစ်တုံးကပစ်ထားပြီးတော့........
ရန်တွေ့နေတဲ့နှုတ်ခမ်းလေးကို မြင်ပြီး အူယားတာကမနေနိုင်တော့........
အတင်းချုပ်ပြီးဖက်နမ်းပစ်တော့ ဝူးဝူးဝါးဝါးနဲ့ရန်တွေ့နေသေး......
နှုတ်ခမ်းလေးကချိုမြနေတာပဲ လက်သီးနဲ့ထိုးလဲကျေနပ်တယ်baby.......
နမ်းလို့ဝမှလွှတ်ပေးလိုက်တော့ ချက်ချင်းတည်သွားတဲ့မျက်နှာလေး....
🖤baby......ဘာဖြစ်လို့လဲဟင် ကိုကို့ကိုစိတ်ဆိုးရင်ကြိုက်တာလုပ်ကွာ အဲ့လိုတော့မနေပါနဲ့ကွာ.......
♥ခင်ဗျားက ကျွန်တော့်ကိုအနိုင်ကျင့်နေကျပဲလေ လုပ်ပါ ခင်ဗျားလက်ခုပ်ထဲကရေပဲ.....ငိုအောင်လုပ်ရင်ငိုမယ် ရယ်အောင်လုပ်ရင်ရယ်မယ်..........
ချက်ချင်းပွေ့ဖက်ထားတဲ့လက်တွေပါလွှတ်ပေးလိုက်မိသည်ထိ ရင်ထဲ ဟာခနဲဖြစ်သွားသည်။
Babyစိတ်ထဲခုလောက်ထိနာကျည်းနေလိမ့်မယ်လို့မထင်မိ....
ချက်ချင်းကုတင်ပေါ်ကနေအောက်ကိုဆင်းကာ ဒူးထောက်ထိုင်ချလိုက်ရင်း......
🖤baby ကိုကိုပြောတာ သေချာနားထောင်ပေးနော်.......
ခုကစပြီးbabyအပေါ်မှာ ကိုကိုကျူးလွန်ခဲ့သမျှပစ်ထားမိသမျှအပြစ်တွေအတွက် စိတ်ကျေနပ်တဲ့ထိတောင်းပန်မယ် ချော့မယ်.........တခုပဲ
♥ဘာလဲ.......တောင်းပန်ရုံနဲ့စိတ်ဆိုးပြေရမှာလား ခွင့်လွှတ်ရမှာလား....
🖤ဟင့်အင်း လုံးဝခွင့်မလွှတ်နဲ့စိတ်ဆိုးမပြေလိုက်နဲ့လို့ပြောမလို့ပါ.......
ချစ်တဲ့စိတ်နဲ့ လွယ်လွယ်ခွင့်မလွှတ်လိုက်နဲ့baby.......
ချစ်လို့ခွင့်လွှတ်နားလည်တယ်ဆိုတာ ဒီနေရာအတွက်မဟုတ်ဘူးbaby.......
Baby ခံစားရသလိုကိုကိုထပ်တူထပ်မျှခံစားကြည့်ချင်တယ် ကိုကိုတခါပြောဖူးတယ်လေ ကိုကို့အချစ်က ထပ်တူထပ်မျှခံစားရင်း နားလည်ပေးမဲ့အချစ်ဆိုတာ......
အဲ့တော့ခုချိန်မှာbabyရဲ့ ခွင့်လွှတ်မှုတွေနဲ့မတန်သေးတာမို့လို့ စိတ်ကျေနပ်တဲ့ထိကိုကို့ကိုစိတ်ဆိုးလို့ရတယ်နော် baby...🖤
🖤နောက်မဖြစ်စေရဘူးဆိုတဲ့ လွယ်လွယ်ကတိတွေနဲ့ ထပ်ခါထပ်ခါနာကျင်စေတဲ့လူမဖြစ်ချင်လို့ပါ......
ပြောရင်းခေါင်းငုံ့ချလိုက်မိတော့သည်။
ကိုယ့်ရင်ထဲ ကနာကျင်ခြင်းတွေသူ့ကိုမကူးစက်စေချင်ပါ.......
နူးညံ့တဲ့နှလုံးသားကဒဏ်ရာတွေကဒီလောက်ဆိုလုံလောက်နေပြီမဟုတ်လား......
♥ခင်ဗျားစကားနဲ့ ခင်ဗျားပဲနော်.......ခုကစပြီး ကျွန်တော့်စကားကို ခင်ဗျားနားထောင်ရမယ်......
🖤ဟုတ်နားထောင်ပါ့မယ်ခင်ဗျ.......
♥အခုကစပြီး ကျွန်တော့်ခွင့်ပြုချက်မရပဲကျွန်တော့်ကိုလက်ဖျားနဲ့တောင်မထိပါနဲ့.......
ကျန်တာတောင်းဆိုပါလို့ပြောချင်ပေမဲ့ပြောမထွက်.......
♥အနီးကပ်နေရင်း ဂရုစိုက်မှုကိုအသည်းအသန်မျှော်လင့်တောင့်တရတဲ့ခံစားချက်က ဘာလဲဆိုတာသိအောင်လုပ်ပေးမလို့လေ..
🖤အင်းပါ babyရယ်ကိုကိုကြိုးစားပါ့မယ်..
မနက်ခင်းကစလိုက်တဲ့ရာဇသံကို ဘယ်ချိန်ထိလိုက်နာနိုင်မလဲမပြောတတ်
ခုလောလောဆယ် တော့ ငရဲကျနေသလိုခံစားရသည်။
ပွေ့ဖက်ချော့မြူချင်စိတ်ကိုချိုးနှိမ်ထားရတာတကယ့်ငရဲပါလားဆိုတာ အခုမှအရှင်လတ်လတ်ခံစားမိတော့တာပါ......
🖤♥🖤♥
၂ရက်တိတိ သူ့စကားအတိုင်းသူ့အသားကိုမထိမိအောင်အောင့်အီးသည်းခံနေခဲ့သည်။
အခုဒီနေ့ကျတော့ကြည့် အစားဝင်အောင်ကျွေး ဆေးဝင်အောင်တိုက်ရတာကခက်တာထက် သူ့ကိုမထိမတွေ့ပဲ ဘယ်လိုတိုက်ရမလဲလေ.........
ကြက်နာကြီးလည်လိမ်ထားသလိုဖြစ်နေတဲ့ကိုယ့်ရုပ်ကိုကြည့်ရင်း ခဏခဏထရယ်တဲ့ babyကိုမြင်ရပြန်တော့လဲ ကြည်နူးရတာပါပဲ.......
အခုလဲကြည့် စားပြီးဆေးသောက်ရမှာကို အခန်းထဲပတ်ပြေးနေတာသူ့အသားကိုလဲမထိနဲ့ဆိုတော့ဘယ်လိုလိုက်ဖမ်းမလဲလေ........
အဲ့ထက်ပိုခက်သည်က ကိုယ့်မျက်စိထဲကမထွက်တော့အောင် ဆွဲဆောင်နေသည့် သူ့တင်ပါးလုံးလုံးလေး...
အခန်းထဲကနေသီးသန့်ထုတ်ထားတဲ့လသာဆောင်ကနေ အောက်ကP'Chenကိုလှမ်းအော်ခေါ်ရင်း စကားတွေပြောနေတာ ဖင်လေးကိုကုန်းလို့......
သိသိသာသာနာလန်ထူလာတာကိုတော့ ကျေးဇူးတင်ရသည်။
သူ့မျက်နှာတချက်ညှိုးရင်ကို ဘာမှန်းမသိလူကပြာယာခတ်နေပြီလေ.....
ခုလိုမြန်မြန်ဆန်ဆန်နေကောင်းလာတော့လဲ စိတ်ချမ်းသာရသည်။
🖤အင်း babyရယ် ဒီနေ့ ကိုကိုတောင့်ခံမထားနိုင်ရင်babyအပြစ်ပဲ....
တံတွေးတွေကြိတ်မျိုချရင်း ရှေ့ကနေကုန်းကွလုပ်ပြနေတဲ့ အဲ့တင်ပါးလုံးလုံးလေးကို ရိုက်ပစ်ချင်စိတ်က အသည်းတယားယားနဲ့........
🖤babyရေ သတ်ချင်လဲသတ်တော့ အချစ်အတွက်အသက်ပင်သေသေမရတော့ဘူး လွမ်းနေခဲ့တာကြာပြီ...
နှစ်ရက်ကြီးများတောင် ဥပုသ်စောင့်ပြီးပြီလေထပ်ပြီးမစောင့်ပရစေနဲ့တော့.......
စကားတွေအပေါ်နဲ့အောက်ကို ဖင်လေးကုန်းရင်းတရစပ်ပြောနေတဲ့babyနားကို အသာလေးတိုးကပ်သွားရင်း စိတ်ထဲကကြိတ်ပြီးပစ်မှားနေတဲ့ အဲ့ဖင်လုံးလုံးလေးကိုအားရပါးရ တချက်ရိုက်ပစ်လိုက်တော့သည်။
Saint POV....
စိတ်ဆိုးပြေဖို့ခက်ခဲသေးတဲ့အနေအထားမှာ ကိုယ့်ကိုမထိရလို့ ဝေးဝေးကနေငေးနေတဲ့မီးသွေးခဲကြီးမျက်နှာကို မြင်ရတာလဲအရသာ......
အချစ်ကြီးတော့အမျက်ကြီးတယ်ဆိုတဲ့စကားကအလကားမှမဟုတ်တာလေ....
တကယ်လဲခုထိကိုယ်အရမ်းနာကျင်ခံစားခဲ့ရတာတွေကသိပ်မပျောက်သေး..
သူ့ကိုအရမ်းချစ်သလိုအရမ်းလဲစိတ်ဆိုးတာမို့ ခုထိကိုယ့်ကိုလာထိတာမျိုးလုံးဝခွင့်မပြုထား.
ခံစားကြည့်ကျွန်တော့်လိုနာကျင်မှုမျိုး.........
ခုလဲဆေးမသောက်ချင်လို့တမင်လသာဆောင်ထွက်ပြီး ခြံထဲမှာအလုပ်လုပ်နေတဲ့P'Chenကို စကားတွေလှမ်းပြောနေတာ......
အားရပါးရစကားတွေပြောနေပြီး ဖြန်းကနဲအသံနဲ့ ပူထူသွားတဲ့ တင်ပါးတဖက်....
ချာကနဲလှည့်ကြည့်လိုက်တော့ လက်နောက်ပစ်ပြီးစပ်ဖြီးဖြီးရယ်ပြနေတဲ့ဟိုလူကြီး..
🖤babyရယ် ကိုကို နှစ်ရက်ကြီးများတောင်စကားနားထောင်တယ်လေနော်....
အခုတော့မရတော့လို့ပါ babyကိုမထိရဘဲဆက်နေရင်သေသွားလိမ့်မယ်🖤
♥အေး အခုလဲ သေစေရမယ်......
🖤သေမှာမကြောက်ပေမဲ့babyကို ကိုယ်ဖိရင်ဖိချော့ရမှာမို့ပြေးပြီနော်........
တကယ်babyစိတ်ကိုသိတာမို့ နောက်ကိုလှည့်မကြည့်ဘဲအခန်းထဲပတ်ပြေးရာကနေခုခြံထဲရောက်တဲ့ထိပင်....
♥ခင်ဗျားမရပ်ရင် စိတ်ကပိုဆိုးသွားမှာနော်......
🖤အို အလွယ်တကူတောင်စိတ်ဆိုးမပြေစေချင်တဲ့ဟာကို ရတယ်babyရဲ့ အမလေး........လွန်မယ်နော် baby
Babyနဲ့ကျမှ လူတကာကလေးစားရတဲ့ဒိတ်ဒိတ်ကြဲMr.Perthတယောက် လှည့်ပတ်ပြေးနေရတဲ့ ဘဝ......
နောက်ကလိုက်နေရာကနေ ရုတ်တရက်ထိုင်ချလိုက်ပြီး မကျေမနပ်အော်ငိုသောbabyအသံကြောင့် ချစ်လွန်းလှစွာ ပွေ့ဖက်လိုက်မိတော့သည်။
♥ဖေဖေတို့ရေ.......သားကိုဒီမှာ မညှာမတာရိုက်နေပါတယ်လို့ တသက်နဲ့တကိုယ်သူမှမရိုက်ဖူးတဲ့တင်ပါးကို သူ့လက်ကြီးနဲ့လာရိုက်ပါတယ်လို့.......
ပွေ့ဖက်ရင်း အဲ့အော်ငိုပြီးပြောနေတဲ့ပါးစပ်လေးကိုလဲအသည်းအသန်လှမ်းပိတ်ရတော့သည်။
ခြံထဲကP'Chenနဲ့အလုပ်သမားတွေကကြိတ်ရယ်လို့...
မင်းအရှက်တွေလဲကွဲပါပြီ Perthရယ်..
သူ့ကိုပွေ့ချီပြီးအိမ်ထဲအသည်းအသန်ပြေးဝင်မှပင် မဟုတ်ရင် ခုထက်မကအရှက်ကကွဲတော့မည်မို့.......
အခန်းထဲရောက်တဲ့ထိ အော်ဟစ်ရုန်းကန်ရင်းပါလာတဲ့babyကို ကုတင်ပေါ်အသာချပေးရင်း ပေါက်တဲ့နဖူးမထူးသဘောထားကာ အားရပါးရနမ်းပစ်လိုက်တော့သည်။
🖤လွမ်းနေရတာ babyရယ် ပါးနုနုလေးရယ်နှုတ်ခမ်းလေးရယ်ကိုလေ....
♥ခင်ဗျားကို စိတ်ဆိုးသေးတယ်ပိုစိတ်ဆိုး.......တယ် အဟင့်..
🖤စိတ်ဆိုးရတယ် ကြိုက်သလောက်ဆိုး ကိုကိုကခုလိုထွေးထွေးပွေ့ပွေ့နဲ့ချော့ချင်တာ အကြာကြီးနော်......baby
🖤မနက်ဖြန်ကစပြီး ဟော့ဒီကိုကို့သူပုန်လေးအတွက် ချော့ဖို့planတွေဆွဲပြီးပြီ....
စိတ်ကျေနပ်တဲ့ထိချော့မှာမို့ အလွယ်တကူစိတ်ဆိုးမပြေဖို့သာကြိုးစား.....
♥ဟင်း ဟင်း........အဲ့လိုလား......
ဒူးနဲ့ဆောင့်တိုက်ချလိုက်တာက ချက်ကောင်းနေရာတည့်တည့်.....
အသံပင်မထွက်နိုင်ပဲသူ့အပေါ်အုပ်မိုးထားရာကနေဘေးကိုလှိမ့်ဆင်းပြီးလူးလှိမ့်နေရတဲ့ဘဝ......
♥မှတ်ပလား အသားယူချင်ဦး လူယုတ်မာကြီး......
မျက်လုံးထဲ ကြယ်တွေလတွေသာမက စကြဝဠာ တခွင်ပါ မြင်လိုက်ရသလိုပင်..
🖤ချစ်တယ် babyရဲ့ သေလောက်အောင်ချစ်တယ်ဆိုတာဒါမျိုး....
လူးလှိမ့်နေရင်းကနေကိုရအောင်အော်လိုက်မိသည်။
ချစ်သူပေးတဲ့နာကျင်ခြင်းကအစ ချိုမြိန်လွန်းပါသည်။
အသက်မထွက်ရုံတမယ်က လွဲလို့ပေါ့..
မနက်ဖြန်မှာတော့ တကယ့်ဘဝကြားထဲတိုးဝင်ရင်း ချစ်ရသူအတွက်အမှတ်တရတွေနဲ့အတူချော့မြှူပါတော့မည်။
🖤အရမ်းချစ်တယ် baby ထာဝရပါ
#Theoriesoflove
#May
ကျေနပ်ကြလား အရပ်ကတို့
ဒါကintroပဲရှိသေးတယ် နောက်ရက်တွေပိုဆိုးမှာ😂😂😂