🖤Theories of LOVE♥(Completed)

Par Mayti687

278K 21.7K 4.9K

အရောင်တွေနဲ့အချစ်တွေကိုအဓိပ္ပါယ်ဖွင့်ဆိုရင်းဘယ်သူကဘယ်လိုလွှမ်းမိုးမလဲဆိုတာကို ပြိုင်ဆိုင်ကြမဲ့ လူသား၂ဦး Plus

🖤Theories of LOVE♥
Part 1
Part..2- ♥EROS♥
💜Chaos Theory💜
💜Chaos theory 💜Chaos theory ရှင်းတမ်း💜💜
💜💜လိပ်ပြာတမန်တော်💜💜
💜Beautiful Chaos💜
💜💜ယနေ့ရှင်းတမ်း💜💜
💛Arrogant love💙
💛💛အဝါရောင်ရှင်းတမ်း💛💛
💚It's not easy being GREEN💚
💚J💙e💚a💙l💚o💙u💚s💙
Jealous meaning💚💙
💙Key for Heart💙
💙Love Ladder💙
💚Deception💚
💚Deception Vs Love♥
♥Sweet Love♥
🔶Agapic eros♥
💜Secret Butterfly💜
💙qui est amor💙
🖤♥
🌈Rainbow Love🌈
💙60 seconds in Heaven💙
💜Parallel Ego💜
🖤Love War♥
💛Yellow Temper💛
🖤Love Day♥
Colouring book🖤♥
🖤Special Chapter♥
❤Pinkish Storm Zone❤
❤Missing Zone❤
❤Miss you❤
🖤Angry Love Bird♥
🖤Angry Love Bird - 2♥
💙Blue Night💙
❤Message of comfort ❤
🖤Hold my hand♥
🖤Love & Cooking♥
🖤Love & Cooking -2♥
🖤♥Revenge🖤💜
🖤💜♥
🖤🖤မှောင်မိုက်သော🖤🖤
🖤🖤နာကျင်သော♥♥
🖤Eternal love♥
♥How can I not love you?♥
♥♥ပေးဆပ်ခြင်း♥♥
🖤Stay with me♥
♥Smile Honey Smile♥
🖤Stand by me♥
🖤Secret Project♥
🖤Day -2♥
🖤Day -3♥
🖤Day -4♥
🖤Day -5♥
🖤Day -6♥
🖤Day - 7♥
🖤D - Day♥
🖤A Thousand Years♥
🖤🖤ကျေးဇူးတင်လွှာ♥♥

💜Possessive Love💜

4.6K 354 69
Par Mayti687

🖤Theories of LOVE♥

💜Possessive Love💜



🖤♥🖤♥



























🖤♥🖤♥












🖤♥🖤♥










No......မင်းက ပေါ်တင်ငါ့အသည်းကိုဓားနဲ့စိုက်သွားတာအတွက်ရော ငါတခုခုပြန်လုပ်သင့်တယ်မထင်ဘူးလား....














ဝုန်းးးး.........


♥အားး.......သေပါပြီ ဟင်😨













♥ခွေးသူတောင်းစား.......






♥ဟင်...... ကိုကို















♥ခင်ဗျားနော်.......

ပြောလို့တောင်မဆုံးသေး အင်္ကျီ ကို ကော်လံစကနေဆွဲစုပ်ယူပြီး ဆွဲဖြဲခြင်းခံလိုက်ရသလို နူးညံ့ညင်သာမှုမရှိသော အနမ်းတွေကို ကြမ်းတမ်းစွာ ခံယူလိုက်ရလေသည်။








သူဆွဲဖြဲထားလို့ပြဲနေတဲ့အင်္ကျီကို ကျောပိုးအိတ်နဲ့ဖုံးကွယ်ရင်း အိမ်ထဲ ကမန်းကတန်းဝင်တော့ ရှက်စိတ်ကြောင့် လူကအော်ဟစ်ငိုချင်စိတ်ပင်ပေါက်လာပြီ။







🖤♥🖤♥










#Theoriesoflove
#May



(Unicode)

🖤Theories of LOVE♥

💜Possessive Love💜

💜အစွန်းတနေရာဆိုတာ ဖိအားပြင်းရင်ပဲ့ကြွေကျနိုင်မဲ့နေရာမျိုး

💜နှလုံးသားမှာ အချစ်နဲ့နတ်ဆိုးကိုတပြိုင်တည်းခိုနားခွင့်ပြုမိရင် ဘေးထွက်ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်.....

🖤♥🖤♥

ထောင်လျက်တမျိုး လှဲလျက်တဖုံ အရက်ပုလင်းကြားမှာနစ်မြုပ်နေသောကောင်လေးတယောက်.....

No.....ငါ့နောက်ကျောကိုဓားနဲ့ထိုးတာမဟုတ်ပဲ မင်းကရှေ့တည့်တည့်ကနေငါ့နှလုံးသားကိုဓားနဲ့စိုက်ခဲ့တာပဲSaintရယ်

ငါ့နှလုံးသားက တစစီကြေမွနေတာတောင် အဲ့ကြေမွနေတဲ့အစိတ်အပိုင်းတွေနဲ့ မင်းကိုငါချစ်မိနေတုံးပဲ......

နေ့တိုင်းအရက်ဘားကိုအိမ်လုပ်နေနေတာ သူကိုယ့်ရှေ့မှာတင် ကိုကို့ကိုချစ်ပါတယ်လို့ပြောခဲ့တဲ့ ညတည်းကပါ....

ခုတော့ ကိုယ်ချစ်ရတဲ့သူက သူချစ်ရသူရဲ့ရင်ခွင်မှာပျော်မြူးနေတာမြင်ရတာ အရှင်လတ်လတ်ငရဲကျနေသလိုပင်.....

ငရဲမီးလိုပူလောင်မှုတွေကို အရက်နဲ့ဆေးကြောနေတာတောင် မပြောင်နိုင်....

ချစ်တဲ့စိတ်ကဖုံးဖိမရနိုင် ပိုလို့တောင်ချစ်မိသွားတဲ့ခံစားချက်က ဒီဘဝသေပြီးနောက်ဘဝထိတောင် ကူးပြောင်းပါလာနိုင်တဲ့အထိများလား......

အရက်တခွက်ဆွဲပြီး ပါးစပ်နားရောက်ခါနီးမှာ ဟန့်တားလိုက်တဲ့လက်တစုံ......

💜ဘာလို့များ သူရဲဘောကြောင်နေရတာလဲ ကောင်လေးရယ်.....

ကိုယ့်လက်ထဲက အရက်တခွက်ကိုဆွဲယူပြီး တကျိုက်တည်းမော့ချလိုက်တဲ့ အမျိုးသမီးကိုကြည့်ပြီး မျက်လုံးတွေပါပြူးပြီး အမူးပါပြေချင်သလိုလိုဖြစ်သွားသည်။

ညှို့အားပြင်းသော အလှတရားတွေက မျက်လုံးတချက်ဝေ့ကြည့်ရုံနဲ့တင် ပေါ်လွင်နေတဲ့ မိန်းမလှမျိုး.....

No......ဒီက အမက ဘယ်သူလဲ ကျွန်တော့်ကိုသိလို့လား

💜အမနာမည်က coral မောင်လေးနဲ့ အခုလက်ရှိဘဝတူဆိုပါတော့ ဒါပေမဲ့ ခံစားချက်ချင်းတော့မတူဘူးနော်.....

No......နားမရှင်းဘူး ဘာကိုဘယ်လိုဘဝတူတာလဲ

💜မောင်လေးရဲ့ချစ်သူကိုအပိုင်သိမ်းထားတဲ့သူက အမချစ်ရတဲ့သူဖြစ်နေလို့လေ....

No.....ဘယ်လို အာ့ဆို ကိုကိုနဲ့ အမက

💜အမက Perthရဲ့အချစ်ဦးပါ ချစ်တယ်မပြောခဲ့ပဲ အချိန်ကာလတခုထိအတူတူရှိနေခဲ့ကြဖူးတဲ့ ချစ်သူမျိုးပေါ့.....

No.....အခု အမကျွန်တော့်ကိုလာတွေ့ရတဲ့အကြောင်းရင်းက.....

💜အမလူကိုအမပြန်ယူမှာမို့ မောင်လေးရဲ့ချစ်စရာကောင်းတဲ့ကောင်လေးကို မောင်လေးရအောင်စည်းရုံးဖို့ပြောချင်လို့ပါ....

ဘာလို့လဲဆိုတော့ ဒီပွဲမှာ အမဘာကိုမှသက်ညှာနေမှာမဟုတ်လို့ပဲ......

အမ ဘယ်အရာကိုပဲလုပ်လုပ်ခိုးကြောင်ခိုးဝှက်မလုပ်တတ်ဘူး.....

အမချစ်တဲ့သူကိုအမဘေးနားရောက်လာဖို့ကြိုးစားမဲ့ဒီပွဲမှာ အမဘက်ကပေါ်တင်အသိပေးစရာရှိတာပေးမှာပါ....

No.......ကြိုက်ပြီလေ ဟားဟား ကျွန်တော်ဘာကူညီရမလဲသာပြော....

💜အများကြီး မလိုပါဘူး သိပ်ချစ်နေကြတဲ့အချစ်တွေကို အစွန်းရောက်အောင်တွန်းအားပေးရုံလေးပါပဲ......

ဘေးထွက်ဆိုးကျိုး ရဲ့ သက်ရောက်မှုကို သူတို့လက်နဲ့ဖန်တီးမိတဲ့အထိပေါ့.....💜

အစွန်းတရားတွေကိုဖန်တီးတော့မဲ့ မျက်ဝန်း၂စုံကတော့ အမှောင်ရိပ်တွေနဲ့ တလက်လက်တောက်ပလို့.........

🖤♥🖤♥

♥ခင်ဗျားအတော်မကောင်းတဲ့လူဗျာ ကျွန်တော့်နှုတ်ခမ်းကြီး အခုလိုထော်နေကာမှ အိမ်ထပြန်ရပြီတဲ့လား အိပ်ရေးလဲမဝသေးတဲ့ဟာကို.....

အလုပ်ကိစ္စ အရေးကြီးလို့ သူ့ကိုအတင်းနှိုးပြီး ကားပေါ်တင်ခေါ်လာတာကို မကျေမချမ်းနဲ့တလမ်းလုံး ပေါက်ပေါက်ဖောက်နေတဲ့ ကျွန်တော့်ရဲ့babyပါ

🖤babyရယ် ကိုကို့babyက ထော်နေလဲလှတယ် သူများမြင်လဲဘာဖြစ်လဲ ဒါအချစ်ရဲ့အမှတ်အသားဆိုပြီး ဂုဏ်တောင်ယူရဦးမှာ........

♥ခင်ဗျား ကြွက်ကိုက်သလိုကိုက်ထားတာတကိုယ်လုံးပဲလေ အဲ့လိုရုပ်ပျက်ဆင်းပျက်ဆိုးရွားတဲ့အမှတ်အသားက အချစ်တဲ့လား ဟွန်း.....

🖤babyနော် သွားလေရာအိတ်ကပ်ထဲထည့်ခေါ်ချင်တဲ့ထိ ကိုကို့မှာချစ်ရစိတ်မချရဖြစ်နေတာ အဲ့လောက်လေးကို စိတ်ဆိုးမနေပါနဲ့ကွာ.....

Babyကိုကို့နားမှာ ဝိုင်းဝိုင်းလည်နေတဲ့ မိန်းမတွေကို သေချာမှမမြင်သေးတာ

Babyကိုကိုက မွေးရာပါအချောကြီးမို့လို့ ခုထိအနားလာလာကပ်နေလို့ခါချနေရတာ အဲ့လိုလူကို ယောကျာ်းတော်ထားရတာ ဂုဏ်ယူစမ်းပါ babyရယ်.....

♥အမလေး အန်တောင်အန်ချင်တယ်...

🖤ဟာတခါပဲ ချစ်ရသေးတာကို အန်ချင်ပြီတဲ့လား ပြစမ်း အဲ့ဗိုက်ကလေး....

♥ဂါးး.........လူယုတ်မာကြီး နှာဘူးကြီး မထိနဲ့ ပေါက်ကရတွေပဲ ပြောဖို့ချောင်းနေတာ....

စိတ်တိုတိုနဲ့ထုရိုက်အော်ဟစ်နေတဲ့ ကလေးလေးကိုကြည့်ရင်း အိမ်ပြန်လမ်းတလျှောက်လုံး ပါးစပ်ပင်မစိနိုင်ခဲ့ပါ။

🖤♥🖤♥

ကျောင်းခန်းထဲမှာ စာသာထိုင်လုပ်နေရတာ မနေ့ကဟိုလူကြီးပြောတဲ့စကားတွေကို နားထဲကပြန်ကြားယောင်နေမိတာ ခက်သား......

♥ချစ်မိတာရဲ့နောက်ကွယ်မှာ ပိုင်ဆိုင်လိုစိတ်က ကပ်ပါလာတာသဘာဝပဲလေ

သူကကျွန်တော့်အပိုင် ကျွန်တော့်ရဲ့လူဆိုတာထက်ကို ပိုပြီးပိုင်ဆိုင်အနိုင်လိုချင်နေမိတာ.....

အရမ်းကလေးများဆန်နေသလား......

မသိဘူးကွာ ချစ်လို့ပဲဟာကို အဲ့လောက်တော့ပိုင်ဆိုင်ကြောင်းပြရမှာပဲ....♥

ကိုယ့်အတွေးနဲ့ကိုယ်ကြိတ်ပြုံးနေတုံး ဘေးကိုအတင်းတိုးပြီးဝင်ထိုင်လာတဲ့ No

No.......မင်း အရမ်းပျော်နေတာပဲနော်

♥ငါ့မှာမပျော်စရာအကြောင်းမှမရှိတာ ပျော်ရမှာပဲလေ......

နောက်ကျောဓားနဲ့ထိုးမခံရခင် အချိန်မီသိလိုက်ရတာကလဲ ပျော်စရာအကြောင်းပဲမှတ်လား.....♥

No......မင်းက ပေါ်တင်ငါ့အသည်းကိုဓားနဲ့စိုက်သွားတာအတွက်ရော ငါတခုခုပြန်လုပ်သင့််တယ်မထင်ဘူးလား....

♥မင်းကဘာဖြစ်ချင်လို့လဲ ဒဲ့ပြော......ငါ့အသက်ကိုအရောင်ပေါင်းစုံဆိုးထားတဲ့မင်းစိတ်နဲ့ တခါကယ်ခဲ့ဖူးတဲ့ကျေးဇူးကြောင့်သာ မင်းနဲ့ခုလိုစကားပြောနေတာ......

No...... ငါလိုချင်တာ အစကနေ အဆုံးထိ မင်းပဲ ဖြစ်နေမှာ နေ့တိုင်း မင်းစိတ်ထဲမှာ နည်းပေါင်းစုံနဲ့နေရာယူဖို့ငါကြိုးစားတော့မှာ.....

ငါ့ဘက်ကတရားဝင်ကြေညာပြီးမှ စိန်ခေါ်တာနော် မကြောက်ကြေးပေါ့ကွာ.....

♥နေ့တိုင်း မုန်းပေးနေရမှာငါ့အတွက်အပန်းမကြီးပါဘူးကွာ ပါးပါးလေးပါ....

No......အင်းပါ ကျောင်းပြန်မှမင်းကိုလက်ဆောင်ပေးလိုက်ဦးမယ် ခုတော့ ဒီလောက်ပဲနော်

အနားကနေထထွက်သွားမှပဲ အသက်ရှူရချောင်သလိုခံစားရသည်။

ဒီအချစ်ရူးတကောင်နဲ့တော့ အသက်ရှုရနည်းနည်းကြပ်ဦးမှာပါပဲလေ

ကိုယ့်ဘက်ကပုံမှန်နေတတ်ဖို့ပဲလိုတာပါ...

တနေကုန် စာလုပ်လိုက် ဟိုလူကြီးဆီစာခိုးပို့လိုက်နဲ့ သူ့ကိုအနှောင့်အယှက်ပေးရတာကို ပျော်နေမိတာပါ။

ကျောင်းဆင်းတဲ့ထိ သူ့ကိုလှမ်းစနောက်တဲ့စာတွေပို့နေတုံး.....

မအားတဲ့ကြားက သူပြန်ပို့တဲ့စာတွေဖတ်ပြီး ကြည်နူးရတာလဲမနိုင်.....

.ဟေး မရှောင်ရင် တိုက်မိမယ်နော် ဘေးကိုနော်...

ကိုယ့်အတွေးနဲ့ကိုယ်လမ်းဘေးကပ်လျှောက်နေတာတောင်မှ နောက်ကနေအသံဆိုးကြီးနဲ့ အော်သံကြားလို့ လှည့်ကြည့်မိတော့

ဝုန်းးးး.........

ဘာနဲ့မှန်းမသိ ဝင်တိုက်ခံလိုက်ရပြီး လူတယောက်နဲ့လုံးထွေးကာ ကတ္တရာလမ်းပေါ်ဘယ်နှစ်ပတ်လောက် လိမ့်မိသလဲကိုမသိ......

♥အားး.......သေပါပြီ ဟင်😨

ကိုယ့်ရင်ဘတ်ပေါ်မျက်နှာအပ်ရင်း ကိုယ့်တကိုယ်လုံးပေါ်မှောက်ရက်ဖြစ်နေတဲ့လူ.....

ကျောင်းဆင်းချိန်မို့ လမ်းမလယ်ခေါင်မှာ ကျောင်းသားတွေကျောင်းသူတွေက ကွက်ကြည့်ကွက်ကြည့်

No......မွှေးနေတာပဲ ယုန်လေးရယ်

♥ဟင် မင်း......ဖယ်စမ်း ငါ့ပေါ်က

ဒေါသနဲ့အားကုန်ဆောင့်တွန်းပစ်လိုက်ရင်း ကုန်းရုန်းထတော့မှ ညာဘက်လက်ဖဝါးနဲ့ တံတောင်ဆစ်မှာ ပွန်းပဲ့သွေးစို့နေတာ နည်းတာမဟုတ်

No......ငါပြောသားပဲ နေ့တိုင်းမင်းငါ့ကိုသတိရနေအောင်လုပ်မှာပါလို့

♥မင်း အောက်တန်းကျလှချည်လား

No.....အို့ အို ငါစက်ဘီးဘဲလ်တီးလာတာပဲလေ မင်းမှမဖယ်တာ

♥ငါလမ်းဘေးကပ်လျှောက်နေတာ အလွတ်ကြီးကွ မင်းတမင်အကျင့်ယုတ်မှန်းသိတယ် အပိုတွေလာပြောမနေနဲ့.....

No........ဘာပဲပြောပြော ငါပေးတဲ့ဒဏ်ရာလေးတွေက တပတ်ဆယ်ရက်လောက်မင်းအသားပေါ်မှာရှိနေမှာ .....

အဲ့ဒဏ်ရာတွေမြင်တိုင်းလဲငါ့ကိုသတိရနေမှာ ငါ့ဘက်ကအရှုံးမရှိဘူး...

စကားမစပ် မင်းရင်ဘတ်လေးနမ်းလိုက်ရတာ အရသာရှိတယ်နော် မွှေးနေတာပဲ....

♥ခွေးသူတောင်းစား.......

ဒေါသစိတ်ထက်လက်ကမြန်သည်မို့ အဲ့အကောင်မျက်နှာထက်လက်ကပြေးဝင်သွားပြီး သူလဲဖင်ထိုင်ရက်ကိုလဲကျသွားသည်အထိပင်

No....... မင်းလက်သီးကြောင့်ရတဲ့ဒဏ်ရာကို ငါကတယုတယမွေးမြူထားဦးမှာသိလား......

ကိုကိုကမေးရင်ပြောလိုက်ပါဦး မင်းဒဏ်ရာတွေငါ့ကြောင့် ဘယ်လိုရခဲ့တယ်ဆိုတာကိုပေါ့......

ဆက်နေနေရင် ထပ်ပြီးမြင်မကောင်းရှုမကောင်းဒေါသထွက်နေမိတော့မှာမို့ တောက်တချက်ခေါက်ရင်း အိမ်ကလာကြိုတဲ့ကားဆီသို့သာ ခြေလှမ်းသွက်သွက်လှမ်းလိုက်မိတော့သည်.....

🖤အဲ့ဒါ ဘယ်လိုတွေဖြစ်နေကြတာလဲ baby....

♥ဟင်...... ကိုကို

🖤အခုချက်ချင်း ကားပေါ်တက်....

စကားခပ်ပြတ်ပြတ်ပြောပြီး ကားပေါ်တက်သွားတာမို့ ကိုယ်လဲကမန်းကတန်းလိုက်တက်ရသည်။

♥ကိုကိုလာကြိုမယ်လို့ မထင်ထားဘူး

🖤အဲ့လိုမထင်ထားလို့ N'Noနဲ့ အဲ့လိုတွေဖြစ်နေတာလား

♥အဲ့လိုပြောရအောင် ကျွန်တော်နဲ့သူဘာဖြစ်နေတာကိုမြင်လို့လဲပြော

🖤ငါမြင်တာတော့ လမ်းပေါ်မှာလုံးထွေးနေတာပဲ မြင်တယ်လေ.....

♥ အစအဆုံးသေချာဘာမှမသိပဲနဲ့ လူတဖက်သားကိုအဲ့လိုစော်ကားရတာပျော်လား

🖤babyကရော ကိုယ့်ကိုချစ်ပါတယ်လို့ပြောထားတဲ့ကောင်လေးနဲ့ အဲ့လိုနေရတာပျော်သလား

♥ခင်ဗျား ရူးနေတာလားဟမ်

🖤ဟုတ်တယ် ရူးနေတာ မင်းကိုချစ်လွန်းလို့ ငါရူးနေတာ ရူးသွားတာ မင်းရဲ့တကိုယ်လုံး ငါကလွဲလို့ဘယ်သူမှထိတွေ့နေတာမျိုးငါမကြိုက်ဘူး အခုငါ့စိတ်ကိုငါမနည်းထိန်းနေရတာ လူသတ်ချင်နေတာနော်......

♥အဲ့လိုပိုင်စိုးပိုင်နင်းပြောရအောင် ကျွန်တော်ကလူဗျ အရုပ်မဟုတ်ဘူး

🖤မင်းကငါတရားဝင်လက်ထပ်ယူထားတဲ့ ယောကျာ်းလေ ငါ့မှာသဝန်တိုပိုင်ခွင့်အပြည့်အဝရှိတယ်

♥ခုကခင်ဗျားက ကျွန်တော့်ကိုစော်ကားနေတာလေ သဝန်တိုနေတာမှမဟုတ်တာ

🖤တကယ့်စော်ကားတာအစစ်ကဘာလဲဆိုတာ ခုလက်တွေ့ပြရမလား

♥ခင်ဗျားနော်.......

ပြောလို့တောင်မဆုံးသေး အကျႌ ကို ကော်လံစကနေဆွဲစုပ်ယူပြီး ဆွဲဖြဲခြင်းခံလိုက်ရသလို နူးညံ့ညင်သာမှုမရှိသော အနမ်းတွေကို ကြမ်းတမ်းစွာ ခံယူလိုက်ရလေသည်။

♥ကျွန်တော့်ကို အဲ့လိုအတင်းမလုပ်နဲ့ မုန်းတယ်လို့....

ရုန်းရင်းကန်ရင်း လက်ကဒဏ်ရာတွေကိုထိမိတာကြောင့်သွေးတွေကပိုလို့ပင်ထွက်လာပြီ။

🖤မင်းရဲ့ဆံစကနေခြေဖျားအထိ ငါပဲပိုင်တာ နားလည်လား ဟမ်....

ဒဏ်ရာထက် ရင်ထဲကပိုနာလာသည်မို့ ငိုချလိုက်မိတော့မှ သူ့ရဲ့ကြမ်းတမ်းမှုတွေဆီက လွတ်မြောက်တော့သည်။

အသက်ရှူသံပြင်းပြင်းနဲ့ ဒေါသတကြီးမောင်းလာတဲ့ကားပေါ်မှာ လူကနာကျင်စိတ်နဲ့ တလမ်းလုံး မျက်ရည်ကကျလာမိသည်။

အိမ်ရောက်တာနဲ့ ဝုန်းဒိုင်းကြဲပြီး ကားပေါ်ကဆင်းသွားတာ လူကိုလုံးဝလှည့်မကြည့်

♥ကျွန်တော့်ကိုချစ်တဲ့လူကြီးဘယ်ရောက်သွားပြီလဲ အခုလူကြီးကိုတော့ကျွန်တော်ကြောက်တယ်😢

သူဆွဲဖြဲထားလို့ပြဲနေတဲ့အကျႌကို ကျောပိုးအိတ်နဲ့ဖုံးကွယ်ရင်း အိမ်ထဲ ကမန်းကတန်းဝင်တော့ ရှက်စိတ်ကြောင့် လူကအော်ဟစ်ငိုချင်စိတ်ပင်ပေါက်လာပြီ။

အခန်းထဲရောက်တော့ ကုတင်ပေါ်အရုပ်ကြိုးပြတ်ထိုင်ချမိရင်း အားရပါးရကိုငိုမိတော့သည်။

♥အလကား မချစ်ပဲလိမ်နေတာ လူယုတ်မာကြီး 😭😭😭😭

သူ့အချစ်တွေနဲ့လူကိုရူးအောင် သူ့ကိုအရမ်းချစ်မိသွားအောင်လုပ်ပြီးမှ ခုလိုပထမဆုံးရန်ဖြစ်ရတဲ့ခံစားချက်က အရမ်းကိုနာကျင်ရသည်။

♥ဖြစ်ချင်ရာဖြစ် ဒဏ်ရာလဲဆေးမထည့်တော့ဘူး မုန်းတယ်ခင်ဗျားကို

တယောက်တည်းအော်ချင်ရာအော်ပြီးငိုရင်း မောလာတဲ့အထိကို လူကပင်ပန်းနာကျင်လွန်းသည်။

♥အချစ်ကိုရူးသွပ်ပေမဲ့ အတ္တတွေကိုကြောက်တယ်.....

🖤♥🖤♥

အိမ်ပြန်ရောက်တည်းကသူ့ကိုလှည့်ပင်မကြည့်မိဘဲ အိမ်ကbarမှာ ဝိုင်ပုလင်းလိုက်ကိုထိုင်မော့နေမိတာပါ။

🖤အတ္တကြီးပြီး ဒေါသတွေပါသွားတာသိပေမဲ့ သူ့ကို ကိုယ့်ဆီကနေဘယ်သူကများလုယူသွားမှာလဲဆိုတဲ့အတွေးက နေ့တိုင်းခြောက်လှန့်နေတာသူမသိပါ.....

🖤babyရယ် ကိုကို့ကို အရမ်းစိတ်မဆိုးပါနဲ့ကွာ babyကို အဲ့လိုမြင်လိုက်ရတော့ လုံးဝမခံစားနိုင်လို့ပါကွာ....

သူ့ကိုဆုံးရှုံးရမှာကြောက်တဲ့စိတ်ကို ဒေါသတွေနဲ့ဖုံးအုပ်လိုက်မိတော့ သူ့ကိုအကြမ်းဖက်လိုက်မိသလိုဖြစ်သွားတာပါ....

သူငိုတာမြင်ရတော့ ကျွန်တော့်နှလုံးသားကပါလိုက်ငိုနေတာ သူမှမမြင်နိုင်တာ.......

🖤အရမ်းချစ်လွန်းလို့ babyကို ရှေ့ဆက်ပြိး အပိုင်သိမ်းထားဖို့ပဲ ကြိုးစားမှာ baby ချစ်လွန်းလို့ပါ babyရယ်

မျက်စိတွေကိုစုံမှိတ်ချလိုက်တော့ စိုးရိမ်မှုတွေနဲ့လောင်မြိုက်နေတဲ့မျက်ရည်စတွေက စီးကျလာသည်။

🖤babyကိုကို့အနားမှာရှိနေဖို့ အတ္တကြီးသင့်ရင်ကြီးရမှာပါပဲ babyရယ် ကိုကို့ကိုနားလည်ပေးပါ...

အတ္တနဲ့ယှဉ်တဲ့ပိုင်ဆိုင်ခြင်းတွေဟာ ဘယ်လောက်ထိများ ဒီလူသား၂ဦးကို လောင်မြိုက်စေဦးမှာလဲ ဆိုတာကတော့...........

#Theoriesoflove
#May

မုန်တိုင်းအစပျိုးရုံပဲရှိပါသေးတယ်နော်😁

နောက်အပိုင်းတွေ စောင်ကိုက်ရင်းမျက်ရည်နဲ့မျက်ခွက်ဖြစ်နိုင်ပါတယ်လို့ 😂.....

Continuer la Lecture

Vous Aimerez Aussi

481K 11.5K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
995K 32.6K 37
အငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်
847K 39.8K 25
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023
Elegant Par JE Rain

Roman d'amour

214K 21.4K 81
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)