🖤Theories of LOVE♥(Completed)

By Mayti687

278K 21.7K 4.9K

အရောင်တွေနဲ့အချစ်တွေကိုအဓိပ္ပါယ်ဖွင့်ဆိုရင်းဘယ်သူကဘယ်လိုလွှမ်းမိုးမလဲဆိုတာကို ပြိုင်ဆိုင်ကြမဲ့ လူသား၂ဦး More

🖤Theories of LOVE♥
Part 1
Part..2- ♥EROS♥
💜Chaos Theory💜
💜Chaos theory 💜Chaos theory ရှင်းတမ်း💜💜
💜💜လိပ်ပြာတမန်တော်💜💜
💜Beautiful Chaos💜
💜💜ယနေ့ရှင်းတမ်း💜💜
💛Arrogant love💙
💛💛အဝါရောင်ရှင်းတမ်း💛💛
💚It's not easy being GREEN💚
💚J💙e💚a💙l💚o💙u💚s💙
Jealous meaning💚💙
💙Key for Heart💙
💙Love Ladder💙
💚Deception💚
💚Deception Vs Love♥
♥Sweet Love♥
🔶Agapic eros♥
💙qui est amor💙
🖤♥
🌈Rainbow Love🌈
💙60 seconds in Heaven💙
💜Possessive Love💜
💜Parallel Ego💜
🖤Love War♥
💛Yellow Temper💛
🖤Love Day♥
Colouring book🖤♥
🖤Special Chapter♥
❤Pinkish Storm Zone❤
❤Missing Zone❤
❤Miss you❤
🖤Angry Love Bird♥
🖤Angry Love Bird - 2♥
💙Blue Night💙
❤Message of comfort ❤
🖤Hold my hand♥
🖤Love & Cooking♥
🖤Love & Cooking -2♥
🖤♥Revenge🖤💜
🖤💜♥
🖤🖤မှောင်မိုက်သော🖤🖤
🖤🖤နာကျင်သော♥♥
🖤Eternal love♥
♥How can I not love you?♥
♥♥ပေးဆပ်ခြင်း♥♥
🖤Stay with me♥
♥Smile Honey Smile♥
🖤Stand by me♥
🖤Secret Project♥
🖤Day -2♥
🖤Day -3♥
🖤Day -4♥
🖤Day -5♥
🖤Day -6♥
🖤Day - 7♥
🖤D - Day♥
🖤A Thousand Years♥
🖤🖤ကျေးဇူးတင်လွှာ♥♥

💜Secret Butterfly💜

4.9K 391 63
By Mayti687

🖤Theories of LOVE♥

💜Secret Butterfly💜





🖤♥🖤♥






















🖤♥🖤♥

Ring~~~~~~~~








🖤ဟိတ်ကောင်လေး......🖤




♥ဘာကိုလဲ....♥


















♥သေချာရှင်းပြ......







🖤ဒါ ကိုယ့်ရဲ့အချစ်ပဲ......





🖤ချစ်တယ်........🖤


🖤♥🖤♥






♥ဘာများလဲ အကို.....♥








🖤♥🖤♥

No Pov.....

















"Are u ready??? Ok go"




" 5 4 3 2 1 stop"



ဆွံ့အနေမိတာ.....







#Theoriesoflove
#May


(Unicode)

🖤Theories of LOVE♥

💜Secret Butterfly💜

💜လူတိုင်းဘဝတိုင်းမှာ လျှို့ဝှက်သိုသိပ်တဲ့ ဘဝအစိတ်အပိုင်းတွေရှိကြတယ်💜

💜ကျွန်တော့်မှာလဲ ခရမ်းရောင်လွင်ပြင်တခုသီးသန့်ရှိတယ်💜

💜အစကတော့ တစုံတယောက်ရဲ့နှလုံးသားကို ကစဥ့်ကလျားဖြစ်စေဖို့ အသွင်ယူခဲ့တဲ့ လိပ်ပြာ........

💜အခုကတော့ ဒွိဟတွေကြားထဲက အဖြေကိုရှာဖွေတော့မဲ့ လျှို့ဝှက်လိပ်ပြာ........

🖤♥🖤♥

♥ခုဆိုရင် သူနဲ့ကျွန်တော့်ကြားမှာ သံယောဇဉ်နဲ့ရင်းနှီးမှုတွေကပိုပြီးတိုးလာတဲ့အနေအထား.....

♥ချစ်သူလိုထက် ညီအကိုလို သူငယ်ချင်းလိုမျိုး ကျွန်တော့်စိတ်ထဲကသူ့ကို မသိမသာပိုပြီးရစ်နှောင်တွယ်မိနေတာမျိုး....

♥မချစ်ဖူးလားဆိုတော့ ချစ်တယ် ဒါပေမဲ့ ခုထိပြောမထွက်သေးတာကဘာကြောင့်လဲတော့ ရေရေရာရာမပြောတတ်....

♥တွန်းအားတခုလိုနေသေးတယ်ဆိုရင် အဲ့ဒါ ဘာဖြစ်မလဲ......

♥ယုံကြည်မှုလား ပုံအပ်မှုလား......

♥အဲ့လိုမတင်မကျအနေအထားမှာ တစထက်တစပိုသိသာလာတာက Noဆိုတဲ့အကောင်ရဲ့အမူအရာတွေပဲ

ကျောင်းမှာလဲ ကျောင်းမှာမို့လို့ အိမ်မှာလဲအိမ်မှာမို့ဘယ်နေရာတွေ့တွေ့ လူနားကမခွာဘဲရန်စနေတာ တအားစိတ်ကုန်ဖို့ကောင်းသည်။

ကိုယ့်ကို ကယ်တင်ပေးထားတယ်ဆိုတာတခုနဲ့တင် သည်းခံနေတာ တကယ်တမ်းသူကျွန်တော့်အပေါ်ဆက်ဆံပုံကိုစိတ်ထဲကဘာလို့မှန်းမသိ လုံးဝမကြိုက်....

သူ့အကြည့်တွေကပြောတဲ့စကားကို နားလည်ဖို့ကြိုးစားတိုင်း အရောင်တွေပြောင်းပြောင်းသွားတဲ့မျက်ဝန်းတွေ မုန်းဖို့ကောင်းလွန်းပါသည်။

ဆေးရုံကဆင်းပြီးတည်းက သူနဲ့ခပ်ခွာခွာနေဖို့ကြိုးစားလေ သူကအနားပိုကပ်လေနဲ့ စိတ်ထဲက မသင်္ကာစရာတခုခုကို အနံ့ခံမိနေသလိုမျိုးခံစားနေရသည်။

♥ကျွန်တော့်လူကြီးကို သူလုယူသွားမှာစိုးတဲ့စိတ်က သူ့မျက်ဝန်းကဘာသာစကားကိုဖတ်ဖို့ တကယ့်အဟန့်အတားတခုပင်♥

အဲ့ဘာမှန်းမသိတာကိုတွေးမိတိုင်း ရင်မောလွန်းလှသည်။

♥ငါ တခုခုသိရဖို့ကြိုးစားသင့်လား♥

ခြေလှမ်းတွေက ဘယ်တော့မှအသုံးမပြုတော့ဟုဆုံးဖြတ်ကာသိမ်းထားသည့် ပစ္စည်းတခုဆီဦးတည်လို့

ကိုယ့်အဝတ်လဲခန်းထဲက အပေါ်ဆင့်မှာ ဘူးလေးနဲ့သေချာထည့်သိမ်းထားသည့် ခရမ်းရောင်လိပ်ပြာမျက်နှာဖုံးလေး

♥တောင်ပံခတ်ချိန်ရောက်ပြန်ပြီလို့ မထင်ဘူးလားဟင်♥

♥ကိုယ့်ရန်သူရဲ့ခံစားချက်တွေနှိုက်ထုတ်ဖို့ ငါမင်းကိုပြန်အသုံးပြုသင့်သလား♥

မျက်နှာဖုံးလေးကို ပွတ်သပ်ရင်း ကိုယ့်ဘာသာအမေးအဖြေလုပ်နေမိသည်။

♥လျှို့ဝှက်ချက်ဟာ ခင်ဗျားအတွက်ဖြစ်စေ ကျွန်တော့်အတွက်ဖြစ်စေ ကာကွယ်ရမဲ့တာဝန်ကျွန်တော့်မှာရှိတယ်♥

မျက်နှာဖုံးကို တပ်ရင်း မှန်ထဲကိုကြည့်လိုက်တော့ ရုန်းကြွနေတဲ့စွမ်းအင်တခုခုက မျက်နှာပေါ်မှာအထင်းသား....

♥အဲ့စွမ်းအင်ဟာ ဒီအချစ်တခုကိုကာကွယ်ဖို့ပဲ ဖြစ်ပါလိမ့်မည်♥

🖤♥🖤♥

Ring~~~~~~~~

"Hello Nick ပြောနေပါတယ်"

♥Sawadee krub P'Nick ကျွန်တော်က Saintပါခင်ဗျ P'သူငယ်ချင်း Perthရဲ့ ....

"အာ......ညီလေး သိတာပေါ့ Perthရဲ့ အသည်းကျော် တဦးတည်းသောကောင်လေးဆိုတာ ပြော ညီလေးဘာကိစ္စရှိလို့လဲ"

♥ဟုတ် အကို့ကိုအရေးတကြီးတိုင်ပင်ရင်း အကူအညီတောင်းစရာရှိလို့ပါ ဒီနေ့ခင်း အကို့Barကို ကျွန်တော်လာခဲ့ပါ့မယ်♥

♥ဒါပေမဲ့လေ တခုတော့တောင်းဆိုပရစေ သူ့ကိုပြန်မပြောပါနဲ့နော်♥

"စိတ်ချပါ ညီ အကိုမပြောပါဘူး "

♥ကျေးဇူးပါ အကို အာ့ဆို see youနော်♥

🖤ဟိတ်ကောင်လေး......🖤

ဖုန်းကိုင်ပြီး ငေးနေတုံး ခါးကိုလာဖက်ရင်း ခေါ်လိုက်တဲ့အသံကြောင့် လန့်တောင်သွားရသည်။

♥လန့်လိုက်တာဗျာ.... ခင်ဗျားအလုပ်မသွားသေးဘူးလား♥

🖤သွားမှာပေါ့ Babyရဲ့ တခုယူစရာရှိသေးလို့🖤

♥ဘာကိုလဲ....♥

🖤ဟော့ဒီ babyပါးက စိမ့်ထွက်နေတဲ့ energyတွေ🖤

ပြောရင်း မေးစေ့ကိုဖမ်းညှစ်ပြီး ပါးကိုဖိနမ်းတော့ လူကနှုတ်ခမ်းအထော်သားနဲ့ မျက်စိတောင်ပြူးသည်။

ခါးကိုလဲနောက်ကနေဖက်ထားသေးတာမို့ လူကအသက်ရှူတောင်ခက်သည်။

♥အင်းး.......လွှတ် အွတ် သေတော့မယ် အင်း......♥

🖤babyပါးက သံလိုက်ဓာတ်ပါတယ် babyရဲ့ ကိုယ့်နှာခေါင်းထုတ်မရလို့ပါကွာ🖤

နမ်းရင်းပြောနေတာမို့ ပါးတွေလဲယားလိုက်တာ.....

မထူးတော့ ကြာရင်အသက်ထွက်လောက်သည်မို့ သူ့ခြေထောက်သာနောက်ပြန်ဆောင့်နင်းချလိုက်တော့မှ ပါးပေါ်ကသံလိုက်စက်ကွင်းက လွတ်တော့သည်။

🖤အား.....တန်တယ်baby ဟီးဟီး သေပါပြီ😣🖤

♥ခင်ဗျားအရင်ကနဲ့တခြားစီပဲ အခုဘယ်လိုတွေဖြစ်လို့မျက်နှာကပြောင်လာရတာလဲဟမ်♥

🖤Babyတယောက်တည်းနဲ့ပဲခုလိုနေတာပါကွာ ရုံးမှာလာကြည့်ပါလား ကိုယ့်ကိုမြင်ရင်အားလုံးငြိမ်သွားတာ🖤

🖤Babyနဲ့နေရတာ ပျော်တယ် ခုလိုရန်တွေ့ခံရတာကိုပျော်တယ် နာအောင်လုပ်ခံရလဲပျော်တယ် စိတ်ဆိုးအောင်စရတာလဲပျော်တယ် မျက်နှာမြင်နေရရင်ကိုပျော်နေတာ🖤

♥ခင်ဗျား ကျွန်တော့်ကိုချစ်လား♥

ချက်ချင်းတည်ငြိမ်သွားတာများ ခုနကနဲ့တခြားစီ

🖤ချစ်တယ်အရမ်းချစ်တယ်လို့ပြောတာက စကားလုံးသက်သက်ပဲ

🖤စိတ်ထဲကbabyကိုချစ်တယ်လို့ခံစားရသမျှအတိုင်း အားလုံးပုံဖော်ပြီးချစ်နေပေးတာတောင် ပြည့်စုံတယ်လို့မထင်ဘူး

🖤အလိုရှိတာမှန်သမျှဖြည့်ဆည်းပေးမဲ့အချစ်မဟုတ်ဘူး Baby

🖤လိုအပ်ချက်တွေကို ထပ်တူလိုက်ခံစားပေးမဲ့အချစ်မျိုး

♥သေချာရှင်းပြ......

🖤Babyက မိုးရွာနေတယ်ဆိုရင် ထီးဝယ်ပေးမဲ့အချစ်မဟုတ်ဘူး

🖤ကိုယ်ပါ မိုးရေထဲလိုက်လျှောက်မဲ့အချစ်မျိုး.....

🖤ဆိုလိုချင်တာက babyကတခုခုတောင်းဆိုရင် ဘာ့ကြောင့် ဒါလိုအပ်တာလဲလို့ ထပ်တူလိုက်ခံစားပေးမဲ့အချစ်မျိုး...

🖤နောက်တခါ ထပ်တောင်းဆိုစရာမလိုအောင် တူတူလိုက်ခံစားရင်းသိအောင်လုပ်မဲ့အချစ်မျိုး.....

🖤အလိုက်သိခြင်း မသိခြင်းဆိုတာ ပုံအောဖြည့်ဆည်းပေးရုံနဲ့ ပြည့်စုံတာမဟုတ်ဘူး baby....

🖤ချစ်ရသူရဲ့စိတ်ကို အမှန်တကယ်နားလည်နိုင်မြင်နိုင်တာကမှ အလိုက်သိတယ်လို့ခေါ်တယ်......

🖤ဒါ ကိုယ့်ရဲ့အချစ်ပဲ......

ရင်ထဲကနေလှိုက်တက်လာတဲ့ခံစားချက်ကြောင့် သူ့Necktieကနေဆွဲကာ သူ့နှုတ်ခမ်းကို နမ်းလိုက်မိသည်။

သူကတော့ မျက်လုံးအပြူးသားနဲ့.....

ထိကပ်ထားတယ်ဆိုရုံလေးနဲ့ ဒီဘဝကပြည့်စုံသလို ခံစားရသည်။

♥အချစ်နဲ့ပတ်သက်လို့ တန်ဖိုးရှိတဲ့အတွေးတွေပေးနိုင်လို့ ဆုချတာ♥

🖤ချစ်တယ်........🖤

အဲ့မနက်က သူ့နှုတ်ခမ်းတွေကျွန်တော့်နှုတ်ခမ်းပေါ်ကခွာဖို့ မနည်းကြိုးစားယူလိုက်ရပါသည်။

🖤♥🖤♥

Nick....ညီလေး အစစအရာရာ အဆင်ပြေပါစေလို့ အကိုဆုတောင်းပေးတယ်နော်

♥ခုလိုကူညီပေးတာ အများကြီးကျေးဇူးတင်ပါတယ် အကို♥

Nick.....မလိုပါဘူး ညီရာ ပြီးတော့ အကိုကိုယ်တိုင်တောင် အရမ်းစိတ်ဝင်စားနေပြီ ညီလေးရဲ့ mission ကို

♥မတင်မကျဖြစ်နေတာကို အဖြေထုတ်ချင်တာပါ အကို သူ့ရဲ့ဦးတည်ချက်ကဘယ်သူလဲဆိုတာကိုပေါ့♥

Nick.....အကို ဒီပွဲကနေမျှော်လင့်မိတာတခုပဲ အကို့သူငယ်ချင်းအတွက်ပါ

♥ဘာများလဲ အကို.....♥

Nick.....သူ စောင့်နေတယ် ညီ ညီ့ဆီက ချစ်တယ်ဆိုတဲ့စကားကို သူအရမ်းမျှော်လင့်နေတယ်လို့ အကို့ကိုနေ့တိုင်း သူရင်ဖွင့်နေတာ

ဒီmissionကနေ ညီလေးအဖြေတခုခုသိရရင် ဘာအဖြေပဲ ဖြစ်ဖြစ် အကို့သူငယ်ချင်းအတွက်တော့ စဉ်းစားပေးပါ ညီလေးရယ်

♥ကျွန်တော်ခုလိုလုပ်ဖို့ဆုံးဖြတ်တာက အဓိကကသူ့ကြောင့်ပါ အကို ကျွန်တော်သူ့ကိုလုံးဝအဆုံးရှုံးမခံနိုင်လို့ပါ♥

Nick.....wow တကယ်ကြီးလား ညီ ကျေးဇူးပါ ညီရာ  အကို့သူငယ်ချင်းကိုယ်စားတကယ်ကျေးဇူးအများကြီးတင်တယ်

♥လုံးဝ သူမသိပါစေနဲ့ဦးနော် အကို အရေးကြီးလို့ပါ ♥

Nick.....စိတ်ချ ညီ အပြည့်အဝလိုအပ်တာမှန်သမျှအကုန် အကိုကူညီမှာမို့လို့

♥ကျေးဇူးအများကြီး တင်ပါတယ် အကို♥

🖤♥🖤♥

No Pov.....

ဘန်ကောက်မြို့ရဲ့နာမည်ကြီး Mask partyဆိုတာကို ခုမှပဲရောက်ဖူးတော့သည်။

ဒီနေ့ပွဲက Member အသစ်တွေအတွက် မို့လို့လူငယ်တွေပဲပိုများနေတာတွေ့ရသည်။

ဒီပွဲကို ကိုကိုတခါတလေတက်တယ်လို့တော့ ကြားဖူးသည်။

ခုပွဲကတော့ ကိုကို့ကိုတွေ့ရမှာမဟုတ်တာသေချာသည်။

ဘာလို့ဆိုတော့Member အသစ်တွေအတွက်ဖြစ်တဲ့အပြင် ဒါက youth zoneသီးသန့်မို့ ဂိမ်းတွေပဲပိုများသည်လေ။

အနေနီးပြီး စိတ်ချင်းဝေးနေရတဲ့ဘဝမှာ ထွက်ပေါက်တခုကမရှိမဖြစ်လိုအပ်နေပြီမို့ ဒီနေရာကိုအဖော်မပါဘဲတယောက်တည်းရောက်လာခြင်းပါ.

သိပ်ချစ်ရတဲ့ချစ်သူက သူတပါးရင်ခွင်ထဲမှာ......

ကိုကိုနဲ့သူ့ကိုတွဲပြီးတွေ့ရတိုင်း တကိုယ်လုံးမီးတောက်နေသလိုပူလောင်ပင်ပန်းလွန်းသည်။

တတ်နိုင်သမျှချုပ်ထိန်းရင်း မျက်လုံးကဘာသာစကားတွေသူမမြင်အောင်ဖုံးကွယ်ထားရတာ ပင်ပန်းလှပြီ။

ခုလဲ မျက်နှာဖုံးတပ်ရတဲ့ပွဲကိုမှ တမင်ရွေးလာမိတာက ကိုယ့်ရဲ့ကျရှုံးမှုကို လူမမြင်သူမမြင်ဖုံးကွယ်ချင်စိတ်က ကြီးစိုးနေမိလို့ပါ...

အနက်ရောင်လိပ်ပြာမျက်နှာဖုံးက ဒီကျရှုံးမှုတွေနဲ့ လားလားမှမသက်ဆိုင်သလိုခံစားရစေသည်မို့ တမင်ရွေးတပ်ခဲ့ခြင်းပင်....

Partyကျင်းပရာနေရာရောက်သည်နှင့် အကျဉ်းကျနေသလိုစိတ်တွေ ပေါ့ပါးသွားသလိုခံစားရသည်။

မီးရောင်မမှိန်မဖျော့အောက်မှာ မျက်နှာဖုံးကိုယ်စီနဲ့ အယောင်ဆောင်လူသားများစွာကိုတွေ့လိုက်ရတော့

သူတို့လဲ ငါ့လိုပါပဲလားဟူ၍သာ တချက်ပြုံးလိုက်မိတော့သည်။

ထိုအချိန်မှာပဲ ရုတ်တရက်မီးတွေအကုန်မှိတ်ကျသွားပြီး အသံတသံထွက်လာသည်။

"ကဲ မီးမှိတ်နေတဲ့၁၅စက္ကန့်အတွင်းမှာ partnerရှာရပါမယ် ဒီဂိမ်းက အခု youth zoneရဲ့အရေးကြီးတဲ့အဆင့်ပါ ဘာလို့ဆိုတော့ တပတ်တခါ youth zone mask partyရဲ့ ဂိမ်းတွေကို ခုညရထားတဲ့partnerတွေနဲ့ပဲ တွဲဆော့ရမှာမို့လို့ပါ"

"Are u ready??? Ok go"

ရုတ်ရုတ်သဲသဲအသံတွေကြားမှာ ကိုယ်လဲဘာလုပ်လို့လုပ်ရမှန်းမသိ အဲ့အချိန်မှာ ဖြတ်ကနဲ ကိုယ့်လက်ကို လာရောက်ဆုပ်ကိုင်တဲ့လက်.....

ဆုပ်ကိုင်လိုက်တဲ့လက်တစုံကြောင့် ရင်ထဲမှာလျှပ်စီးကြောင်းတခုစီးဝင်သွားသလိုခံစားချက်မျိုး.....

အံ့သြမင်သက်စွာတွေငေးမိနေတုံးမှာပဲ

" 5 4 3 2 1 stop"

အားလုံးအပြေးအလွှားရပ်လိုက်ကြပြီး မီးတွေလင်းလာတော့ ကိုယ့်ဘေးက partnerကိုကြည့်ရင်း အသံပေါင်းစုံထွက်လာကြသည်။

အဲ့အသံပေါင်းစုံကြားမှာ ကျွန်တော်တယောက်တည်း တိတ်ဆိတ်နေမိတာ

ဆွံ့အနေမိတာ.....

ကျွန်တော့်လက်ကို ကိုင်ထားတဲ့လက်ပိုင်ရှင်က လိပ်ပြာလေးတကောင်.....

အရောင်တွေတောက်ပလွန်းတဲ့ခရမ်းရောင်လိပ်ပြာလေးတကောင်.....

ခရမ်းရောင်လိပ်ပြာမျက်နှာဖုံးအောက်က တဖျတ်ဖျတ်လက်နေတဲ့ မျက်လုံးတွေက ပြုံးပြနေသည့်အလား.....

အဲ့မျက်တောင်တွေခတ်လိုက်ချိန်ထိ အသေးစိတ်ကအစငေးမောကြည့်ရင်း ကျွန်တော်အံ့သြမင်သက်နေမိတော့သည်။

ရင်ထဲမှာ မုန်တိုင်းထန်သလိုခံစားရတာ ဒီမျက်ဝန်းတွေကြောင့်လား

💜ခရမ်းရောင်လိပ်ပြာတကောင်ရဲ့ တောင်ပံခတ်သံတွေကတော့ လူတဦးရဲ့နှလုံးသားကအဖြေကို စတင်ဆင့်ခေါ်နေပါပြီ💜

#Theoriesoflove
#May

😁ဘာဆက်ဖြစ်လဲ တအားသိချင်နေကြပြီမှတ်လား
😁ကျွန်မလဲ မသိသေးပါဘူးလို့😂

Continue Reading

You'll Also Like

77.8K 5.7K 20
'အင်္ကျီနဲ့အတူ မောင့်နှလုံးသားလေးပါသွားတာ အန်တီပြန်မထည့်ပေးထားဘူး ရပါတယ် ယူထားပါ မောင်နေ့တိုင်းလာတောင်းလှည့်မယ်' 'အဲ့တာဘာစကားဆိုတာလဲ' 'အင်း..ချစ်စကား...
1.1M 25.8K 90
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
363K 34.7K 101
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...