🖤Theories of LOVE♥(Completed)

By Mayti687

278K 21.7K 4.9K

အရောင်တွေနဲ့အချစ်တွေကိုအဓိပ္ပါယ်ဖွင့်ဆိုရင်းဘယ်သူကဘယ်လိုလွှမ်းမိုးမလဲဆိုတာကို ပြိုင်ဆိုင်ကြမဲ့ လူသား၂ဦး More

🖤Theories of LOVE♥
Part 1
Part..2- ♥EROS♥
💜Chaos Theory💜
💜Chaos theory 💜Chaos theory ရှင်းတမ်း💜💜
💜💜လိပ်ပြာတမန်တော်💜💜
💜Beautiful Chaos💜
💜💜ယနေ့ရှင်းတမ်း💜💜
💛Arrogant love💙
💛💛အဝါရောင်ရှင်းတမ်း💛💛
💚It's not easy being GREEN💚
Jealous meaning💚💙
💙Key for Heart💙
💙Love Ladder💙
💚Deception💚
💚Deception Vs Love♥
♥Sweet Love♥
🔶Agapic eros♥
💜Secret Butterfly💜
💙qui est amor💙
🖤♥
🌈Rainbow Love🌈
💙60 seconds in Heaven💙
💜Possessive Love💜
💜Parallel Ego💜
🖤Love War♥
💛Yellow Temper💛
🖤Love Day♥
Colouring book🖤♥
🖤Special Chapter♥
❤Pinkish Storm Zone❤
❤Missing Zone❤
❤Miss you❤
🖤Angry Love Bird♥
🖤Angry Love Bird - 2♥
💙Blue Night💙
❤Message of comfort ❤
🖤Hold my hand♥
🖤Love & Cooking♥
🖤Love & Cooking -2♥
🖤♥Revenge🖤💜
🖤💜♥
🖤🖤မှောင်မိုက်သော🖤🖤
🖤🖤နာကျင်သော♥♥
🖤Eternal love♥
♥How can I not love you?♥
♥♥ပေးဆပ်ခြင်း♥♥
🖤Stay with me♥
♥Smile Honey Smile♥
🖤Stand by me♥
🖤Secret Project♥
🖤Day -2♥
🖤Day -3♥
🖤Day -4♥
🖤Day -5♥
🖤Day -6♥
🖤Day - 7♥
🖤D - Day♥
🖤A Thousand Years♥
🖤🖤ကျေးဇူးတင်လွှာ♥♥

💚J💙e💚a💙l💚o💙u💚s💙

4.5K 392 116
By Mayti687

🖤Theories of LOVE♥

💚j💙e💚a💙l💚o💙u💚s💙

💚သဝန္တိုျခင္းကို ကိန္းဂဏန္းေတြနဲ႔တိုင္းတာလို႔မရႏိုင္ေပမဲ့ တံု႔ျပန္မႈေတြနဲ႔ေတာ့ တိုင္းတာလို႔ရႏိုင္ပါတယ္💚

💙ႏွလံုးသားထဲက ခံစားခ်က္ေတြကို jealousဆိုတဲ့လက္နက္နဲ႔ ႏိႈက္ထုတ္မွာမို႔ နည္းနည္းေတာ့နာမယ္💙

💚တကယ္ေတာ့ မခ်စ္ပဲနဲ႔ ဒီလိုခံစားခ်က္ေတြဖြဲ႔တည္ဖို႔မျဖစ္ႏိုင္တာကို မာနတရားေတြေဘးဖယ္ၿပီး ျမင္ၾကည့္ၾကရင္ေရာ......💚

🖤♥🖤♥

မနက္အေစာႀကီးတည္းက အိမ္ကို ဟိုက်က္သေရတံုးေကာင္ေလးေရာက္ေနၿပီ။

ကိုကိုခ်င္း ထပ္ N'ခ်င္း မိုးမႊန္ေနတဲ့ လူ၂ေယာက္ကို အာရံုေတြေနာက္လြန္းလို႔ ေက်ာင္းသြားဖို႔ေတာင္ အခန္းထဲကမထြက္ခ်င္

ကေလးဆန္ေနတာကိုယ့္ဟာကိုယ္သိေပမဲ့ သူျမင္ရတာမွမဟုတ္ပဲေလ။

ကုတင္ေပၚမွာ ဟိုဘက္လွိမ့္လိုက္ ဒီဘက္လွိမ့္လိုက္ႏွင့္ မေက်နပ္ခ်က္ေတြကို လူမသိသူမသိတိုက္စားေနရတာက တကယ္မလြယ္

အခုဆို ဟိုေကာင္ေလးက တေနကုန္မနက္မိုးလင္းကေန ညမိုးခ်ဳပ္ထိဟိုလူ႔အနားအခ်ိန္ျပည့္ကပ္ေနတာ

စမိမွေတာ့ ဆံုးခန္းတိုင္ေအာင္ဆက္ေလ်ွာက္ရမွာကိုယ့္အလုပ္ပဲမို႔ ဒီဒဏ္ကိုႀကိတ္ခံေနရတာ တကယ္မလြယ္ကူပါ။

မထူးတဲ့အဆံုး မျမင္ခ်င္ေယာင္ေဆာင္ ေက်ာ္ခြၿပီး ေက်ာင္းသို႔သာထြက္လာခဲ့လိုက္ေတာ့သည္။

🖤♥🖤♥

မျမင္ခ်င္ေယာင္ေဆာင္ၿပီး ထြက္သြားတဲ့ေကာင္ေလးေက်ာျပင္ကို ေငးၾကည့္ရင္း ခပ္ယဲ့ယဲ့ျပံဳးလိုက္မိသည္။

🖤N' ခဏေနဦးေနာ္ ကိုကို အခန္းထဲမွာဖိုင္သြားယူလိုက္ဦးမယ္🖤

"N'လဲလိုက္မယ္ ကိုကို"

အခန္းထဲမွာ ဒီေန႔အစည္းအေဝးအတြက္ျပင္ၿပီးသားဖိုင္ အထပ္လိုက္ယူေနတံုး

"ကိုကို ဒီလက္စြပ္ေလးလွလိုက္တာ ကိုကို႔ဟာလားဟင္"

N'ျပေနတဲ့ လက္စြပ္က ကြၽန္ေတာ့္ကုတင္ေဘးက မီးအိမ္တင္ထားတဲ့ခံုေလးရဲ့အံဆြဲထဲက
ကြၽန္ေတာ္နဲ႔Saintရဲ႕ wedding ring

ကြၽန္ေတာ္ကအျမဲလူျမင္ကြင္းကိုေန႔တိုင္းသြားေနရတာမို႔ လက္ထပ္လက္စြပ္ကို အျမဲဝတ္ထားေပမဲ့ ဟိုသူပုန္ေလးက မဝတ္ထားဘူးေလ

႐ုတ္တရက္ ေခါင္းထဲအေတြးတခ်က္လက္လာတာမို႔လို႔....

🖤အင္း အဲ့ဒါ ကိုကို႔wedding ring N' ႀကိဳက္လို႔လား🖤

"ႀကိဳက္တယ္ေလ ငယ္တည္းက ကိုကိုနဲ႔အျမဲဆင္တူဝတ္ရတာသေဘာက်တာပဲဟာ"

🖤အာ့ဆို ယူမလား 🖤

"Wow ေပးတဲ့လူကေပးမွေတာ့ မယူစရာဘာအေၾကာင္း႐ွိလဲ "

ခ်က္ခ်င္း N'လက္မွာစြပ္ၿပီးသား ျဖစ္သြားတဲ့လက္စြပ္က ကိုယ့္စိန္ေခၚပြဲမွာ အေကာင္းဆံုးလက္နက္တခုျဖစ္သြားခဲ့ၿပီ...

🖤မင္းရင္ထဲက အခ်စ္ေတြပြင့္ထြက္လာဖို႔ အျပင္းထန္ဆံုးနည္းလမ္းကို ငါသံုးလိုက္ၿပီ Saint ရက္စက္တယ္လို႔မေျပာေၾကးလို႔ ငါႀကိဳေျပာခဲ့ၿပီးသားေနာ္🖤

🖤မင္း ဘယ္လိုတံု႔ျပန္မလဲ ငါအရမ္းသိခ်င္ေနၿပီ🖤

🖤♥🖤♥

ေက်ာင္းကျပန္ေရာက္ၿပီးတည္းက လူကႏံုးေခြေခြနဲ႔

အခန္းထဲတန္းဝင္ရင္း ကုတင္ေပၚလွဲခ်လိုက္ေတာ့ ကိုယ့္ေဘးကမီးအိမ္တင္ထားတဲ့စားပြဲေလးက အံဆြဲပြင့္လ်က္သား

ေျခရာလက္ရာ ပ်က္ေနတာသတိျပဳမိေတာ့ အေျပးအလႊား သတိရမိတာက လက္စြပ္

ဟိုလူနဲ႔ ကြၽန္ေတာ့္wedding ring....

သိမ္းထားတဲ့ဗူးေလးဖြင့္ၾကည့္ေတာ့ လက္စြပ္မ႐ွိေတာ့...

မစြပ္ခ်င္လို႔ဒီထဲမွတ္မွတ္ရရထည့္သိမ္းထားတာကို ေပ်ာက္စရာအေၾကာင္းမ႐ွိ

ေဖေဖတို႔ေ႐ွ႕ေတာ့ ဝတ္ျပဖို႔လိုအပ္တာမို႔ အခန္းထဲေဒါင္းေတာက္ေအာင္လိုက္႐ွာမိတာ လူကိုမူးေနာက္ေနေရာ.....

နဂိုကမွ လူကေနမေကာင္းခ်င္ခ်င္ျဖစ္ေနပါတယ္ဆို ခုေတာ့ ေခါင္းေတြပါပိုမူးလာၿပီ

သံပုရာရည္တခြက္ေလာက္ေတာ့ ေသာက္ဦးမွပါေလ ဆိုၿပီး ေအာက္ထပ္ဆင္းလာေတာ့ ဟို၂ေယာက္စကားေျပာရင္း
အိမ္ထဲဝင္လာေနတာ ျမင္ရသည္။

အေပၚျပန္တက္ဖို႔ လွည့္မိၿပီးမွ မထင္မွတ္ဘဲ မ်က္စိကျမင္လိုက္ရတဲ့အရာေၾကာင့္ လူက ခ်ာခ်ာလည္သြားသလိုခံစားလိုက္ရသည္။

ဟိုေကာင္ေလးလက္မွာ ဝတ္ထားတာ ငါ့လက္စြပ္မဟုတ္လား

စကားကိုေျခဟန္လက္ဟန္နဲ႔အားရပါးရေျပာေနေတာ့ လက္စြပ္ကစိန္ပြင့္ေလးေတြက တဖ်တ္ဖ်တ္ေတာင္လက္လို႔

♥ရင္ထဲမွာ ဟာ ခနဲ ျဖစ္သြားတဲ့ခံစားခ်က္နဲ႔ ကိုယ့္ျဖစ္တည္မႈအတြက္ နာက်င္ျခင္းေတြက လူေရာစိတ္ပါ တခုခုထဲလြင့္ေမ်ာေနသလိုႀကီး♥

♥ေသခ်ာေပါက္ကို သူေျပာတဲ့အတိုင္းျဖစ္ေအာင္လုပ္ျပခဲ့တာပါ ဟင့္အင္း ပိုေတာင္ပိုပါေသးသည္♥

♥သဝန္တိုတာနဲ႔ ဟန္ေဆာင္ရတာ ဘယ္လိုငရဲလဲဆိုတာ အခုအ႐ွင္လတ္လတ္ခံစားေနရၿပီ♥

♥ဒီအရိပ္ေတြကိုေၾကာက္လို႔ ခ်စ္မိကာစအခ်စ္ေတြကို ျပန္ခ်ိဳးႏွိမ္ေနတာပါ♥

♥ခင္ဗ်ား ခုေလာက္ထိ ကြၽန္ေတာ့္ကိုထိုးႏွက္ႏိုင္လိမ့္မယ္လို႔ လံုးဝမထင္မိဘူး♥

ရင္ထဲကက်ယ္ေလာင္ေသာနာက်င္ေပါက္ကြဲသံေတြက အျပင္ကိုေတာ့ တစက္ကေလးမွထြက္မလာ

ဒိီေနရာမွာၾကာၾကာဆက္ရပ္ေနဖို႔ မျဖစ္ႏိုင္ေတာ့တာေၾကာင့္ အခန္းထဲသို႔သာ လွည့္ဝင္ေျပးခဲ့ေတာ့သည္။

♥ဘယ္လို ၾကမၼာဆိုးမ်ိဳးက ဒီလိုလူမ်ိဳးကို ခ်စ္မိေစခဲ့တာလဲမသိ♥

တခုခုကိုထိုး႐ိုက္ေပါက္ကြဲပစ္ခ်င္စိတ္ေတြက လံုးဝထိန္းမရေတာ့တာမို႔ အခန္းထဲ႐ွိ႐ွိသမ်ွ ပစၥည္းေတြကို စိတ္႐ွိလက္႐ွိလႊင့္ပစ္႐ိုက္ခြဲေနလိုက္ေတာ့သည္။

🖤♥🖤♥

ေလွကားမွာ မတ္တပ္ရပ္ေနတဲ့ေကာင္ေလးကို ျမင္သည္။

ကိုယ္ေတြ၂ေယာက္ကို ခဏေငးၾကည့္ေနၿပီး ျပန္လွည့္တက္သြားတာလဲ ျမင္လိုက္ၿပီ။

၃မိနစ္ေလာက္ၾကာေတာ့ အခန္းထဲကေန ဝုန္းဒိုင္းႀကဲ ေနတဲ့ အသံေတြလဲၾကားရသည္။

ဒီေလာက္ဆို လံုေလာက္ၿပီ....

ဒီေန႔သဝန္တိုျခင္း စစ္ေဆးမႈမွာ ေကာင္ေလးအမွတ္ျပည့္ရၿပီ.....

N'လဲ ႏႈတ္ဆက္ၿပီး ျပန္သြားၿပီ အေပၚထပ္ကလဲ တိတ္သြားၿပီမို႔ အခန္းထဲကေကာင္ေလးဆီသြားဖို႔ အခ်ိန္က်ၿပီပဲေလ။

အခန္းတံခါးကို အသာတြန္းဖြင့္ဝင္လိုက္ေတာ့ တခန္းလံုးကြဲေၾကက်ိဳးပ်က္ေနေသာ ပစၥည္း ေပါင္းစံုက ႀကိဳဆိုလ်က္

အခန္းထဲ မ်က္လံုးေဝ့ၾကည့္ေနတံုး ရိပ္ခနဲကိုယ့္ဆီဝင္လာတဲ့ အရာတခုကိုျမင္လိုက္ရေသာ္လဲ မေ႐ွာင္ႏိုင္ခဲ့....

ေခါင္းကပူခနဲ ခံစားလိုက္ရၿပီး မ်က္ႏွာေပၚထိစီးက်လာတာကို လက္နဲ႔စမ္းၾကည့္မိေတာ့ ေသြးေတြ.....

♥အဲ့ဒါ ကြၽန္ေတာ့္ရဲ႕ျဖစ္တည္မႈကို ေစာ္ကားတဲ့ခင္ဗ်ားကို အျပစ္ေပးတာ♥

♥ဒီထက္မက စိတ္႐ွိတိုင္းဆို ခင္ဗ်ားကိုအေသသတ္ပစ္ခ်င္တာ ♥

♥ႀကိဳက္သလို စိန္ေခၚလို႔ရတယ္ ၿပိဳင္ဆိုင္လို႔ရတယ္ ဒါေပမဲ့ လက္စြပ္တကြင္းကို ေပးခ်င္တဲ့လူေပးပစ္ရေအာင္ ကြၽန္ေတာ္ကအေပါစားမဆန္ဘူး♥

🖤ဒါေပမဲ့ မင္းသဝန္တိုတယ္မဟုတ္လား အခုကိုဟန္မေဆာင္ႏိုင္တာ ျမင္ေနရၿပီပဲေလ🖤

♥ခုခ်ိန္မွာ ျဖစ္ေနတဲ့ခံစားခ်က္ကတခုတည္းပဲ႐ွိတယ္ အဲ့ဒါခင္ဗ်ားကို မုန္းတယ္ဆိုတဲ့ခံစားခ်က္ပဲ♥

🖤မင္း လိမ္ေနတာ ငါကလိမ္တာမုန္းတယ္လို႔ေျပာၿပီးသားေနာ္🖤

ေျပာရင္းနဲ႔ေျခတလွမ္းခ်င္းသူ႔ဆီတိုးသြားေတာ့ သူကလဲေနာက္ကိုတလွမ္းခ်င္းဆုတ္လို႔

♥ခင္ဗ်ား ကြၽန္ေတာ္နဲ႔ေဝးေဝးမွာေနပါ နီးကပ္ေနရင္ ခင္ဗ်ားနဲ႔ကြၽန္ေတာ္၂ေယာက္ထဲကတေယာက္ေသလိမ့္မယ္ထင္တယ္ ♥

🖤ေသမယ္ဆိုလဲ တူတူေသၾကတာေပါ့ကြာ 🖤

🖤မင္းရင္ထဲကခံစားခ်က္ကိုေတာ့ ငါကမရရေအာင္ထုတ္ယူရမွာပဲ🖤

♥ခင္ဗ်ားကလူယုတ္မာ အတၱအရမ္းႀကီးတဲ့လူ♥

ခ်က္ခ်င္းပဲ သူ႔အနားကပ္ရင္း တကိုယ္လံုးလႈပ္မရေအာင္ ခ်ဳပ္ၿပီး ဖက္ထားလိုက္မိေတာ့ ထိန္းမရေအာင္ကို ႐ုန္းကန္ေနတာပါ....

♥ခင္ဗ်ားကို မုန္းတယ္ ကြၽန္ေတာ့္ကိုလႊတ္ေပးေတာ့ အခုလႊတ္ ထပ္ၿပီးခင္ဗ်ားနားမွာမေနႏိုင္ေတာ့ဘူး♥

🖤လံုးဝမလႊတ္ဘူး မင္းကငါ့အပိုင္လို႔ ငါေျပာၿပီးသား🖤

ခ်က္ခ်င္းၿငိမ္က်သြားတဲ့ ခႏၶာကိုယ္ေၾကာင့္ စိတ္ထဲ ထိတ္ကနဲျဖစ္သြားရသည္။

ၿပီးေတာ့ပုခံုးေပၚက စိုစိစိအထိအေတြ႔

♥ဒီေန႔ ကြၽန္ေတာ့္ကိုေစာ္ကားတဲ့အျပစ္ကိုတေန႔ခင္ဗ်ားျပန္ဆပ္ရမယ္ကြၽန္ေတာ့္အသက္နဲ႔ရင္းၿပီး သစၥာဆိုတယ္♥

နားထဲတလံုးခ်င္းတိုးဝင္လာတဲ့ စကားသံက ႏွလံုးသားကို အစိမ္းလိုက္ျဖတ္သြားသလိုပင္....

မာနအရင္းခံၿပီး သူ႔ခံစားခ်က္ကိုငဲ့မၾကည့္ပဲ လုပ္လိုက္မိတာက ခုလိုထိဆိုးဝါးသြားလိမ့္မယ္လို႔မထင္.....

သူ႔ကိုလႊတ္ေပးလိုက္ၿပီး အသိစိတ္ကင္းမဲ့သူလိုပင္ အခန္းျပင္ျပန္ထြက္လာခဲ့ေတာ့သည္။

ေခါင္းကဒဏ္ရာကိုလဲမသိ ဘာဆိုဘာမွမသိ သိေနတာက ရင္ထဲကနာက်င္မႈတခုတည္း

မာနကို သတ္ပစ္ရမဲ့အစား ကိုယ့္ကိုယ္ကိုယ္သတ္ေသခ်င္စိတ္သာေပါက္လာခဲ့သည္။

🖤ငါ့ရင္ထဲက ခံစားခ်က္အစစ္အမွန္ဆိုတာေလးကို နည္းနည္းေလာက္ပဲ ျမင္ေပးၾကည့္ပါလား ေကာင္ေလးရယ္🖤

ထိုညက ရင္ထဲကခံစားခ်က္ေတြကိုထုတ္မျပပဲ တိတ္ဆိတ္စြာငိုေႂကြးေနေသာ ႏွလံုးသား၂ခု႐ွိေလသည္။

🖤♥🖤♥

လက္မွာစြပ္ထားတဲ့ လက္စြပ္ေလးကို တသသပြတ္သပ္ရင္း ေကာင္ေလးတေယာက္ ေက်နပ္ပီတိျဖာေနေလသည္။

"အခုမင္းရဲ႕လက္စြပ္ေလးကို ငါအပိုင္သိမ္းခဲ့ၿပီ"

"တျဖည္းျဖည္းနဲ႔ မင္းကို.ငါအပိုင္ယူမွာမို႔ ေစာင့္ေနပါ"

တခ်ိဳ႕ေသာ မီးစေတြသည္ မထင္မွတ္ေသာ အခ်ိန္တည္းကပင္ ျဖစ္တည္ခဲ့ၿပီး ေလာင္ၿမိဳက္ေစဖို႔ အဆင္သင့္ျဖစ္ေနသည့္အေနအထားကို ေရာက္႐ွိေနခဲ့ၿပီဆိုတာကိုေတာ့.....

#Theoriesoflove
#May

အေရာင္ေတြရဲ႕အေျပာင္းအလဲေတြၾကားမွာ ႐ူးသြပ္ၾကပါကုန္

Upဆိုလို႔upေပးတာပါ သာသာ့ကို အျပစ္မေျပာရ😁

(Unicode)

🖤Theories of LOVE♥

💚j💙e💚a💙l💚o💙u💚s💙

💚သဝန်တိုခြင်းကို ကိန်းဂဏန်းတွေနဲ့တိုင်းတာလို့မရနိုင်ပေမဲ့ တုံ့ပြန်မှုတွေနဲ့တော့ တိုင်းတာလို့ရနိုင်ပါတယ်💚

💙နှလုံးသားထဲက ခံစားချက်တွေကို jealousဆိုတဲ့လက်နက်နဲ့ နှိုက်ထုတ်မှာမို့ နည်းနည်းတော့နာမယ်💙

💚တကယ်တော့ မချစ်ပဲနဲ့ ဒီလိုခံစားချက်တွေဖွဲ့တည်ဖို့မဖြစ်နိုင်တာကို မာနတရားတွေဘေးဖယ်ပြီး မြင်ကြည့်ကြရင်ရော......💚

🖤♥🖤♥

မနက်အစောကြီးတည်းက အိမ်ကို ဟိုကျက်သရေတုံးကောင်လေးရောက်နေပြီ။

ကိုကိုချင်း ထပ် N'ချင်း မိုးမွှန်နေတဲ့ လူ၂ယောက်ကို အာရုံတွေနောက်လွန်းလို့ ကျောင်းသွားဖို့တောင် အခန်းထဲကမထွက်ချင်

ကလေးဆန်နေတာကိုယ့်ဟာကိုယ်သိပေမဲ့ သူမြင်ရတာမှမဟုတ်ပဲလေ။

ကုတင်ပေါ်မှာ ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်နှင့် မကျေနပ်ချက်တွေကို လူမသိသူမသိတိုက်စားနေရတာက တကယ်မလွယ်

အခုဆို ဟိုကောင်လေးက တနေကုန်မနက်မိုးလင်းကနေ ညမိုးချုပ်ထိဟိုလူ့အနားအချိန်ပြည့်ကပ်နေတာ

စမိမှတော့ ဆုံးခန်းတိုင်အောင်ဆက်လျှောက်ရမှာကိုယ့်အလုပ်ပဲမို့ ဒီဒဏ်ကိုကြိတ်ခံနေရတာ တကယ်မလွယ်ကူပါ။

မထူးတဲ့အဆုံး မမြင်ချင်ယောင်ဆောင် ကျော်ခွပြီး ကျောင်းသို့သာထွက်လာခဲ့လိုက်တော့သည်။

🖤♥🖤♥

မမြင်ချင်ယောင်ဆောင်ပြီး ထွက်သွားတဲ့ကောင်လေးကျောပြင်ကို ငေးကြည့်ရင်း ခပ်ယဲ့ယဲ့ပြုံးလိုက်မိသည်။

🖤N' ခဏနေဦးနော် ကိုကို အခန်းထဲမှာဖိုင်သွားယူလိုက်ဦးမယ်🖤

"N'လဲလိုက်မယ် ကိုကို"

အခန်းထဲမှာ ဒီနေ့အစည်းအဝေးအတွက်ပြင်ပြီးသားဖိုင် အထပ်လိုက်ယူနေတုံး

"ကိုကို ဒီလက်စွပ်လေးလှလိုက်တာ ကိုကို့ဟာလားဟင်"

N'ပြနေတဲ့ လက်စွပ်က ကျွန်တော့်ကုတင်ဘေးက မီးအိမ်တင်ထားတဲ့ခုံလေးရဲ့အံဆွဲထဲက
ကျွန်တော်နဲ့Saintရဲ့ wedding ring

ကျွန်တော်ကအမြဲလူမြင်ကွင်းကိုနေ့တိုင်းသွားနေရတာမို့ လက်ထပ်လက်စွပ်ကို အမြဲဝတ်ထားပေမဲ့ ဟိုသူပုန်လေးက မဝတ်ထားဘူးလေ

ရုတ်တရက် ခေါင်းထဲအတွေးတချက်လက်လာတာမို့လို့....

🖤အင်း အဲ့ဒါ ကိုကို့wedding ring N' ကြိုက်လို့လား🖤

"ကြိုက်တယ်လေ ငယ်တည်းက ကိုကိုနဲ့အမြဲဆင်တူဝတ်ရတာသဘောကျတာပဲဟာ"

🖤အာ့ဆို ယူမလား 🖤

"Wow ပေးတဲ့လူကပေးမှတော့ မယူစရာဘာအကြောင်းရှိလဲ "

ချက်ချင်း N'လက်မှာစွပ်ပြီးသား ဖြစ်သွားတဲ့လက်စွပ်က ကိုယ့်စိန်ခေါ်ပွဲမှာ အကောင်းဆုံးလက်နက်တခုဖြစ်သွားခဲ့ပြီ...

🖤မင်းရင်ထဲက အချစ်တွေပွင့်ထွက်လာဖို့ အပြင်းထန်ဆုံးနည်းလမ်းကို ငါသုံးလိုက်ပြီ Saint ရက်စက်တယ်လို့မပြောကြေးလို့ ငါကြိုပြောခဲ့ပြီးသားနော်🖤

🖤မင်း ဘယ်လိုတုံ့ပြန်မလဲ ငါအရမ်းသိချင်နေပြီ🖤

🖤♥🖤♥

ကျောင်းကပြန်ရောက်ပြီးတည်းက လူကနုံးခွေခွေနဲ့

အခန်းထဲတန်းဝင်ရင်း ကုတင်ပေါ်လှဲချလိုက်တော့ ကိုယ့်ဘေးကမီးအိမ်တင်ထားတဲ့စားပွဲလေးက အံဆွဲပွင့်လျက်သား

ခြေရာလက်ရာ ပျက်နေတာသတိပြုမိတော့ အပြေးအလွှား သတိရမိတာက လက်စွပ်

ဟိုလူနဲ့ ကျွန်တော့်wedding ring....

သိမ်းထားတဲ့ဗူးလေးဖွင့်ကြည့်တော့ လက်စွပ်မရှိတော့...

မစွပ်ချင်လို့ဒီထဲမှတ်မှတ်ရရထည့်သိမ်းထားတာကို ပျောက်စရာအကြောင်းမရှိ

ဖေဖေတို့ရှေ့တော့ ဝတ်ပြဖို့လိုအပ်တာမို့ အခန်းထဲဒေါင်းတောက်အောင်လိုက်ရှာမိတာ လူကိုမူးနောက်နေရော.....

နဂိုကမှ လူကနေမကောင်းချင်ချင်ဖြစ်နေပါတယ်ဆို ခုတော့ ခေါင်းတွေပါပိုမူးလာပြီ

သံပုရာရည်တခွက်လောက်တော့ သောက်ဦးမှပါလေ ဆိုပြီး အောက်ထပ်ဆင်းလာတော့ ဟို၂ယောက်စကားပြောရင်း
အိမ်ထဲဝင်လာနေတာ မြင်ရသည်။

အပေါ်ပြန်တက်ဖို့ လှည့်မိပြီးမှ မထင်မှတ်ဘဲ မျက်စိကမြင်လိုက်ရတဲ့အရာကြောင့် လူက ချာချာလည်သွားသလိုခံစားလိုက်ရသည်။

ဟိုကောင်လေးလက်မှာ ဝတ်ထားတာ ငါ့လက်စွပ်မဟုတ်လား

စကားကိုခြေဟန်လက်ဟန်နဲ့အားရပါးရပြောနေတော့ လက်စွပ်ကစိန်ပွင့်လေးတွေက တဖျတ်ဖျတ်တောင်လက်လို့

♥ရင်ထဲမှာ ဟာ ခနဲ ဖြစ်သွားတဲ့ခံစားချက်နဲ့ ကိုယ့်ဖြစ်တည်မှုအတွက် နာကျင်ခြင်းတွေက လူရောစိတ်ပါ တခုခုထဲလွင့်မျောနေသလိုကြီး♥

♥သေချာပေါက်ကို သူပြောတဲ့အတိုင်းဖြစ်အောင်လုပ်ပြခဲ့တာပါ ဟင့်အင်း ပိုတောင်ပိုပါသေးသည်♥

♥သဝန်တိုတာနဲ့ ဟန်ဆောင်ရတာ ဘယ်လိုငရဲလဲဆိုတာ အခုအရှင်လတ်လတ်ခံစားနေရပြီ♥

♥ဒီအရိပ်တွေကိုကြောက်လို့ ချစ်မိကာစအချစ်တွေကို ပြန်ချိုးနှိမ်နေတာပါ♥

♥ခင်ဗျား ခုလောက်ထိ ကျွန်တော့်ကိုထိုးနှက်နိုင်လိမ့်မယ်လို့ လုံးဝမထင်မိဘူး♥

ရင်ထဲကကျယ်လောင်သောနာကျင်ပေါက်ကွဲသံတွေက အပြင်ကိုတော့ တစက်ကလေးမှထွက်မလာ

ဒီနေရာမှာကြာကြာဆက်ရပ်နေဖို့ မဖြစ်နိုင်တော့တာကြောင့် အခန်းထဲသို့သာ လှည့်ဝင်ပြေးခဲ့တော့သည်။

♥ဘယ်လို ကြမ္မာဆိုးမျိုးက ဒီလိုလူမျိုးကို ချစ်မိစေခဲ့တာလဲမသိ♥

တခုခုကိုထိုးရိုက်ပေါက်ကွဲပစ်ချင်စိတ်တွေက လုံးဝထိန်းမရတော့တာမို့ အခန်းထဲရှိရှိသမျှ ပစ္စည်းတွေကို စိတ်ရှိလက်ရှိလွှင့်ပစ်ရိုက်ခွဲနေလိုက်တော့သည်။

🖤♥🖤♥

လှေကားမှာ မတ်တပ်ရပ်နေတဲ့ကောင်လေးကို မြင်သည်။

ကိုယ်တွေ၂ယောက်ကို ခဏငေးကြည့်နေပြီး ပြန်လှည့်တက်သွားတာလဲ မြင်လိုက်ပြီ။

၃မိနစ်လောက်ကြာတော့ အခန်းထဲကနေ ဝုန်းဒိုင်းကြဲ နေတဲ့ အသံတွေလဲကြားရသည်။

ဒီလောက်ဆို လုံလောက်ပြီ....

ဒီနေ့သဝန်တိုခြင်း စစ်ဆေးမှုမှာ ကောင်လေးအမှတ်ပြည့်ရပြီ.....

N'လဲ နှုတ်ဆက်ပြီး ပြန်သွားပြီ အပေါ်ထပ်ကလဲ တိတ်သွားပြီမို့ အခန်းထဲကကောင်လေးဆီသွားဖို့ အချိန်ကျပြီပဲလေ။

အခန်းတံခါးကို အသာတွန်းဖွင့်ဝင်လိုက်တော့ တခန်းလုံးကွဲကြေကျိုးပျက်နေသော ပစ္စည်း ပေါင်းစုံက ကြိုဆိုလျက်

အခန်းထဲ မျက်လုံးဝေ့ကြည့်နေတုံး ရိပ်ခနဲကိုယ့်ဆီဝင်လာတဲ့ အရာတခုကိုမြင်လိုက်ရသော်လဲ မရှောင်နိုင်ခဲ့....

ခေါင်းကပူခနဲ ခံစားလိုက်ရပြီး မျက်နှာပေါ်ထိစီးကျလာတာကို လက်နဲ့စမ်းကြည့်မိတော့ သွေးတွေ.....

♥အဲ့ဒါ ကျွန်တော့်ရဲ့ဖြစ်တည်မှုကို စော်ကားတဲ့ခင်ဗျားကို အပြစ်ပေးတာ♥

♥ဒီထက်မက စိတ်ရှိတိုင်းဆို ခင်ဗျားကိုအသေသတ်ပစ်ချင်တာ ♥

♥ကြိုက်သလို စိန်ခေါ်လို့ရတယ် ပြိုင်ဆိုင်လို့ရတယ် ဒါပေမဲ့ လက်စွပ်တကွင်းကို ပေးချင်တဲ့လူပေးပစ်ရအောင် ကျွန်တော်ကအပေါစားမဆန်ဘူး♥

🖤ဒါပေမဲ့ မင်းသဝန်တိုတယ်မဟုတ်လား အခုကိုဟန်မဆောင်နိုင်တာ မြင်နေရပြီပဲလေ🖤

♥ခုချိန်မှာ ဖြစ်နေတဲ့ခံစားချက်ကတခုတည်းပဲရှိတယ် အဲ့ဒါခင်ဗျားကို မုန်းတယ်ဆိုတဲ့ခံစားချက်ပဲ♥

🖤မင်း လိမ်နေတာ ငါကလိမ်တာမုန်းတယ်လို့ပြောပြီးသားနော်🖤

ပြောရင်းနဲ့ခြေတလှမ်းချင်းသူ့ဆီတိုးသွားတော့ သူကလဲနောက်ကိုတလှမ်းချင်းဆုတ်လို့

♥ခင်ဗျား ကျွန်တော်နဲ့ဝေးဝေးမှာနေပါ နီးကပ်နေရင် ခင်ဗျားနဲ့ကျွန်တော်၂ယောက်ထဲကတယောက်သေလိမ့်မယ်ထင်တယ် ♥

🖤သေမယ်ဆိုလဲ တူတူသေကြတာပေါ့ကွာ 🖤

🖤မင်းရင်ထဲကခံစားချက်ကိုတော့ ငါကမရရအောင်ထုတ်ယူရမှာပဲ🖤

♥ခင်ဗျားကလူယုတ်မာ အတ္တအရမ်းကြီးတဲ့လူ♥

ချက်ချင်းပဲ သူ့အနားကပ်ရင်း တကိုယ်လုံးလှုပ်မရအောင် ချုပ်ပြီး ဖက်ထားလိုက်မိတော့ ထိန်းမရအောင်ကို ရုန်းကန်နေတာပါ....

♥ခင်ဗျားကို မုန်းတယ် ကျွန်တော့်ကိုလွှတ်ပေးတော့ အခုလွှတ် ထပ်ပြီးခင်ဗျားနားမှာမနေနိုင်တော့ဘူး♥

🖤လုံးဝမလွှတ်ဘူး မင်းကငါ့အပိုင်လို့ ငါပြောပြီးသား🖤

ချက်ချင်းငြိမ်ကျသွားတဲ့ ခန္ဓာကိုယ်ကြောင့် စိတ်ထဲ ထိတ်ကနဲဖြစ်သွားရသည်။

ပြီးတော့ပုခုံးပေါ်က စိုစိစိအထိအတွေ့

♥ဒီနေ့ ကျွန်တော့်ကိုစော်ကားတဲ့အပြစ်ကိုတနေ့ခင်ဗျားပြန်ဆပ်ရမယ်ကျွန်တော့်အသက်နဲ့ရင်းပြီး သစ္စာဆိုတယ်♥

နားထဲတလုံးချင်းတိုးဝင်လာတဲ့ စကားသံက နှလုံးသားကို အစိမ်းလိုက်ဖြတ်သွားသလိုပင်....

မာနအရင်းခံပြီး သူ့ခံစားချက်ကိုငဲ့မကြည့်ပဲ လုပ်လိုက်မိတာက ခုလိုထိဆိုးဝါးသွားလိမ့်မယ်လို့မထင်.....

သူ့ကိုလွှတ်ပေးလိုက်ပြီး အသိစိတ်ကင်းမဲ့သူလိုပင် အခန်းပြင်ပြန်ထွက်လာခဲ့တော့သည်။

ခေါင်းကဒဏ်ရာကိုလဲမသိ ဘာဆိုဘာမှမသိ သိနေတာက ရင်ထဲကနာကျင်မှုတခုတည်း

မာနကို သတ်ပစ်ရမဲ့အစား ကိုယ့်ကိုယ်ကိုယ်သတ်သေချင်စိတ်သာပေါက်လာခဲ့သည်။

🖤ငါ့ရင်ထဲက ခံစားချက်အစစ်အမှန်ဆိုတာလေးကို နည်းနည်းလောက်ပဲ မြင်ပေးကြည့်ပါလား ကောင်လေးရယ်🖤

ထိုညက ရင်ထဲကခံစားချက်တွေကိုထုတ်မပြပဲ တိတ်ဆိတ်စွာငိုကြွေးနေသော နှလုံးသား၂ခုရှိလေသည်။

🖤♥🖤♥

လက်မှာစွပ်ထားတဲ့ လက်စွပ်လေးကို တသသပွတ်သပ်ရင်း ကောင်လေးတယောက် ကျေနပ်ပီတိဖြာနေလေသည်။

"အခုမင်းရဲ့လက်စွပ်လေးကို ငါအပိုင်သိမ်းခဲ့ပြီ"

"တဖြည်းဖြည်းနဲ့ မင်းကို.ငါအပိုင်ယူမှာမို့ စောင့်နေပါ"

တချို့သော မီးစတွေသည် မထင်မှတ်သော အချိန်တည်းကပင် ဖြစ်တည်ခဲ့ပြီး လောင်မြိုက်စေဖို့ အဆင်သင့်ဖြစ်နေသည့်အနေအထားကို ရောက်ရှိနေခဲ့ပြီဆိုတာကိုတော့.....

#Theoriesoflove
#May

အရောင်တွေရဲ့အပြောင်းအလဲတွေကြားမှာ ရူးသွပ်ကြပါကုန်

Upဆိုလို့upပေးတာပါ သာသာ့ကို အပြစ်မပြောရ😁

Continue Reading

You'll Also Like

2.5M 157K 100
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
339K 35.4K 174
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
251K 37.4K 89
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
331K 18.1K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"