🖤Theories of LOVE♥(Completed)

By Mayti687

278K 21.7K 4.9K

အရောင်တွေနဲ့အချစ်တွေကိုအဓိပ္ပါယ်ဖွင့်ဆိုရင်းဘယ်သူကဘယ်လိုလွှမ်းမိုးမလဲဆိုတာကို ပြိုင်ဆိုင်ကြမဲ့ လူသား၂ဦး More

🖤Theories of LOVE♥
Part 1
Part..2- ♥EROS♥
💜Chaos Theory💜
💜Chaos theory 💜Chaos theory ရှင်းတမ်း💜💜
💜💜လိပ်ပြာတမန်တော်💜💜
💜💜ယနေ့ရှင်းတမ်း💜💜
💛Arrogant love💙
💛💛အဝါရောင်ရှင်းတမ်း💛💛
💚It's not easy being GREEN💚
💚J💙e💚a💙l💚o💙u💚s💙
Jealous meaning💚💙
💙Key for Heart💙
💙Love Ladder💙
💚Deception💚
💚Deception Vs Love♥
♥Sweet Love♥
🔶Agapic eros♥
💜Secret Butterfly💜
💙qui est amor💙
🖤♥
🌈Rainbow Love🌈
💙60 seconds in Heaven💙
💜Possessive Love💜
💜Parallel Ego💜
🖤Love War♥
💛Yellow Temper💛
🖤Love Day♥
Colouring book🖤♥
🖤Special Chapter♥
❤Pinkish Storm Zone❤
❤Missing Zone❤
❤Miss you❤
🖤Angry Love Bird♥
🖤Angry Love Bird - 2♥
💙Blue Night💙
❤Message of comfort ❤
🖤Hold my hand♥
🖤Love & Cooking♥
🖤Love & Cooking -2♥
🖤♥Revenge🖤💜
🖤💜♥
🖤🖤မှောင်မိုက်သော🖤🖤
🖤🖤နာကျင်သော♥♥
🖤Eternal love♥
♥How can I not love you?♥
♥♥ပေးဆပ်ခြင်း♥♥
🖤Stay with me♥
♥Smile Honey Smile♥
🖤Stand by me♥
🖤Secret Project♥
🖤Day -2♥
🖤Day -3♥
🖤Day -4♥
🖤Day -5♥
🖤Day -6♥
🖤Day - 7♥
🖤D - Day♥
🖤A Thousand Years♥
🖤🖤ကျေးဇူးတင်လွှာ♥♥

💜Beautiful Chaos💜

4.9K 449 110
By Mayti687

🖤Theories of LOVE♥






🖤♥🖤♥





🖤အမေ.........🖤









🖤ဘာပြောတယ်....🖤




🖤အဲ့လိုပြိုင်ဘက်ကောင်းရထားတာ အများကြီးဝမ်းသာပါတယ်နော်🖤






🖤♥🖤♥








♥မသိတော့ဘူးကွာ.....♥




🖤♥🖤♥
































🖤♥🖤♥









🖤♥🖤♥






🖤Saint.....🖤























ဒုန်းးး........
















🖤♥🖤♥









Saint POV....










🖤♥🖤♥








🖤အဲ့ဒါ မင်းကြောင့်.......🖤



Saint POV








🖤♥🖤♥







🖤♥🖤♥








#Theoriesoflove
#May





(Unicode)

🖤Theories of LOVE♥

🖤မှောင်မိုက်နေတဲ့အရိပ်ဆိုတာ တချိန်ကဖြူစင်ခဲ့ဖူးသေးတယ်ဆိုရင်.....🖤

🖤ဒဏ်ရာတွေထပ်မနက်ဖို့က ဘဝမှာအရေးအကြီးဆုံးလို့ ဒီအရိပ်တခုကသတ်မှတ်ထားတယ်ဆိုရင်.....🖤

🖤လွှမ်းမိုးခံမှာလား တွန်းထုတ်ပစ်မှာလား......🖤

💜တန်ပြန်သက်ရောက်မှုဟာ ဘယ်လိုအရာမျိုးမှာမဆိုသက်ရောက်စေနိုင်တယ်ဆိုတာသာ ကြိုသိခဲ့ရင်......💜

💜လိပ်ပြာအတောင်ပံခတ်သံတွေဟာ နှလုံးသားတွေကို ပြိုင်တူပဲ့တင်ထပ်စေနိုင်မလား......💜

🖤♥🖤♥

မှောင်မဲနေသော မိုးသည်းညမှာ အလင်းတွေပျောက်ကွယ်ခဲ့ရသော ကလေးငယ်တယောက်......

အခြားတပါးသောယောကျာ်းတယောက်နောက် ကောက်ကောက်ပါသွားတဲ့ မိခင်ကို အော်ဟစ်တမ်းတရင်း ငိုယိုကျန်ခဲ့သော ဘဝငယ်တခု......

ဒီအလင်းတွေနဲ့တသက်စာနွေးထွေးစေမယ်လို့ ယုံကြည်ထားမှုဟာ ဒီအမိုက်မှောင်ထဲမှာ ချုပ်ငြိမ်းခဲ့ရတဲ့ ဝမ်းနည်းနာကျည်းစရာ ခံစားချက်.......

နောက်ဆုံးအကြိမ်အဖြစ် အက်ကွဲနာကျင်တဲ့ တမ်းတသံက အမှောင်ထဲမှာရစ်ဝဲ ပဲ့တင်ထပ်လို့

🖤အမေ.........🖤

မှောင်မဲနေတဲ့အိပ်မက်ထဲကနေ လန့်နိုးလာတော့ မျက်နှာပေါ်က မျက်ရည်စီးကြောင်းတွေနဲ့....

ဒီအိပ်မက်တွေကို မေ့ပျောက်ပစ်ခဲ့တာကြာပြီ

အခုဘာလို့ ဒီလိုခြောက်ခြားစရာကောင်းအောင် ပြန်ရောက်လာခဲ့ရတာလဲ.....

မျက်နှာပေါ်ကမျက်ရည်စက်တွေကို ခပ်ကြမ်းကြမ်းပွတ်ပစ်လိုက်ရင်း ဘေးကိုကြည့်မိတော့ ကောင်လေးရှိမနေတော့........

မနေ့ညက စိတ်လွတ်ကိုယ်လွတ်နဲ့ ရူးသွပ်မှုတွေကို လွှတ်ပေးလိုက်မိတာတွေ ပြန်မြင်ယောင်လာပြီ......

အိပ်ရာပေါ် ငေါင်တောင်တောင်ထိုင်နေတုံး ရေချိုးခန်းထဲကနေ bathrobeခရမ်းရောင်လေးဝတ်ပြီး ထွက်လာတဲ့ကောင်လေး......

🖤ကျွတ်စ်........ လာပြန်ပြီ ဒီအရောင်🖤

♥ခင်ဗျား လူစိတ်ပြန်ဝင်လာပြီလား♥

🖤ဘာပြောတယ်....🖤

♥ခင်ဗျား မနေ့ညကသောင်းကျန်းထားတာ မမှတ်မိဘူးလား ခုမှရူးချင်ယောင်ဆောင်မနေနဲ့ ♥

🖤ဒါကတော့ မင်းကငါ့စိတ်ကိုလာဆွတာကိုး ထားပါတော့ ဒါတွေကမင်းနဲ့ငါ့ကြားထူးဆန်းတာတွေမှမဟုတ်တာ အခုရော အဆင်ပြေရဲ့လား🖤

♥မပြေလဲ ပြေရမှာပဲ ယောကျာ်းလေးတယောက်အနေနဲ့ မျက်ရည်ခံထိုးပြနေရအောင်လဲ မပျော့ညံ့သေးဘူး တယောက်ဘဝထဲတယောက်ဝင်ပြီး ပြိုင်ဆိုင်နေမှတော့ ဒါတွေက မဆန်းပါဘူး ခင်ဗျားပြောသလိုပဲပေါ့♥

🖤အဲ့လိုုပြိုင်ဘက်ကောင်းရထားတာ အများကြီးဝမ်းသာပါတယ်နော်🖤

ခေါင်းကိုအသာရမ်းရင်း ခပ်ဟဟရယ်ကာ ရေချိုးခန်းထဲသာဝင်လိုက်တော့သည်။

သူနဲ့ရန်ဖြစ်ရတာကမှ ဒီအသုံးမကျတဲ့အရောင်တွေနဲ့နပန်းလုံးရတာထက် အများကြီး.သာပါသေးသည်။

ဒါပေမဲ့လဲ မသိစိတ်ကမျှော်လင့်တောင့်တနေတဲ့ တောက်ပခြင်းတွေကိုချေဖျက်ဖို့အတွက်က ကိုယ်တတ်နိုင်တဲ့ အခြေအနေဟုတ်ပါ့မလားဆိုတာကတော့......

ရေပန်းတွေအောက် ခေါင်းထိုးထည့်ရင်း
အဖြေတွေရောဖြစ်နိုင်ခြေတွေကိုပါ မျှောပစ်လိုက်ပြီ။

ဘာကိုမှမသိပါရစေနဲ့....ဒီတခဏတော့....

🖤♥🖤♥

အမြဲခက်ထန်မာကျောနေတဲ့ လူတယောက်ရဲ့ တခြားဖက်အခြမ်းကို ခုနကမှမြင်လိုက်ရတာ

အမေဆိုတဲ့ အော်ခေါ်သံက စူးစူးနင့်နင့်

ပြီးတော့ ဘယ်လိုမှသူနဲ့မလိုက်ဖက်တဲ့ မျက်ရည်တွေ

ဒီအရိပ်ဖြစ်တည်လာပုံက ဤသို့ဆိုလျှင်....

နောက်ခံအကြောင်းတရားကနာကျင်ဖွယ်အတိဖြစ်နေမယ်ဆိုရင်....

ဒီအစိုင်အခဲကို ဘယ်လိုစွမ်းအားမျိုးက ချေဖျက်နိုင်မှာလဲ......

ရူးသွပ်စေဖို့ဖန်တီးခဲ့ပေမဲ့ ဒိထက်မကရူးသွပ်ခဲ့ဖူးတယ်ဆိုရင်....

♥မသိတော့ဘူးကွာ.....♥

မှန်ထဲကကိုယ့်မျက်နှာကိုသာ စူးစူးစိုက်စိုက်ကြည့်ရင်း လူတယောက်ကိုဒုက္ခပေးဖို့ ကျဉ်းထဲကျပ်ထဲရောက်နေတဲ့စိတ်ကို မြင်ရတာက မသက်မသာ......

💜အနိုင်အရှုံးရှိမှသာ ဒီဘဝတွေက နေသားတကျဖြစ်လာမှာကတော့ အသေအချာပင်.....💜

💜ကစဥ့်ကလျားအနေအထားမှာ လိပ်ပြာတကောင်မသိမသာစတင်ပျော်ဝင်နေတာကိုတော့ ......💜

🖤♥🖤♥

အပိုအလိုမရှိ နိယာမအောက်မှာ ဟန်းနီးမွန်းခရီးစဉ်လဲ ဟန်ပြသာဖြစ်သွားသည်။

ချက်ချင်းပဲ ၂ဦးသဘောတူ ထပြန်လာကြပြီး အိမ်ပြန်ရောက်တော့ညပင်မိုးချုပ်နေပြီ။

ခရီးပန်းတဲ့ဒဏ်တွေနဲ့၂ယောက်လုံး လှုပ်ပင်မလှုပ်နိုင်တော့။လေယာဉ်ပေါ်မှာလဲ နာရီနဲ့ချီအညောင်းမိထားတာမို့

အခန်းထဲ ပြန်ရောက်တာနဲ့ကုတင်ပေါ်ခြေပစ်လက်ပစ်လှဲလိုက်မိတာကလဲ ပြိုင်တူ

မရည်ရွယ်ပဲ ၂ယောက်သား အပြန်အလှန်စိုက်ကြည့်မိကြတော့ တိတ်ဆိတ်ခြင်းကသာ လွှမ်းမိုးလို့......

🖤မင်းမျက်တောင်ခဏခဏခတ်နေတာ မျက်ကြောလိုက်နေတာလား🖤

♥ဘာ မျက်ကြောလိုက်ရမှာလဲ ခင်ဗျားလူကိုအတင်းလာစိုက်ကြည့်နေတော့..... ♥

🖤ဘာလဲ နေရထိုင်ရခက်တယ်ဆိုပါတော့🖤

♥နေရထိုင်ရခက်တာမဟုတ်ဘူး ခင်ဗျားကျွန်တော့်အကြည့်ဒဏ်တွေနဲ့ မူးမေ့သွားမှာစိုးလို့♥

အားရပါးရကို အော်ဟစ်ရယ်မောပစ်လိုက်မိသည်။

တကယ့်ကို သူပုန်မှသူပုန်အစစ်

ဆတ်ဆတ်ထိမခံတတ်တာက တခါတလေ ကလေးအရမ်းဆန်ပြီး တမျိုးတော့စိတ်ဝင်စားစရာကောင်းသား

🖤မဆိုးဘူး ကောင်လေး မင်းက ငါ့အတွက်အပျင်းတော့ပြေအောင်လုပ်ပေးနိုင်သားပဲ🖤

♥ခင်ဗျားကို တစက်မှမေတ္တာထားလို့မရတာ အဲ့လိုတွေကြောင့်ပဲ ကျွန်တော်က ခင်ဗျားအရုပ်မဟုတ်ဘူးဗျ ♥

🖤အဲ့ဒါဆိုလဲ တခါတလေ ကလေးဆန်တာလေးလျှော့ လေလုံးလေးလဲလျှော့🖤

♥အဲ့ဒါဆို အခုအကြည့်ချင်းပြိုင်မလား လာလေ♥

ပြောပြီးတာနဲ့ ထိလုမတတ်တိုးကပ်လာတဲ့ ကောင်လေးရဲ့ မျက်နှာ ပြီးတော့

စူးစူးစိုက်စိုက်ကြည့်လာတဲ့ မျက်ဝန်းတွေ

အဲ့မျက်ဝန်းတွေကိုမြင်တာနဲ့ တခုခုကဆွဲယူညှို့ငင်နေသလိုခံစားချက်တွေရယ် ခရမ်းရောင်လိပ်ပြာတွေရယ်.....

ရူးရူးသွပ်သွပ် ကစဥ့်ကလျားနဲ့ လုပ်လိုက်မိတာက အဲ့မျက်ဝန်းတွေကို နှုတ်ခမ်းနဲ့ အသာတို့ထိလိုက်မိခြင်းပင်.....

စက္ကန့်ပိုင်းမျှသာပေမဲ့ နှလုံးသားကနွေးထွေးမှုကို ခံစားရသလိုပင်.....

ချက်ချင်းပဲ ဖိကပ်ထားတဲ့နှုတ်ခမ်းတွေကိုခွာရင်း

🖤စကားကြီးစကားကျယ် တွေပြောမနေနဲ့ မင်းအကြည့်လောက်ကတော့ နှုတ်ခမ်းနဲ့အသာလေးပိတ်ရုံပဲ🖤

♥လူယုတ်မာ အကျင့်မကောင်းတဲ့လူ ခင်ဗျားက...♥

ပွစိပွစိ ကျိန်ဆဲသံတွေကို တဟားဟားအော်ရယ်ပစ်ရင်း ရေချိုးခန်းထဲဝင်ကာတံခါးပိတ်ရင်း ထိုင်ချလိုက်မိသည်။

🖤နွေးထွေးမှုတွေကို မင်းဘဝမှာရှင်သန်ခွင့်မင်းကိုယ်တိုင်မပေးထားတာ မသိဘူးလားPerth🖤

ကိုယ့်အသိနဲ့ကိုယ်တပ်လှန့်ရင်း မှောင်မိုက်နေသောလူသားတယောက်ကအထဲမှာ...

အပြင်က ကုတင်ပေါ်မှာတော့.....

♥မင်းရဲ့ရည်ရွယ်ချက်အောင်မြင်တော့မှာမို့ ပျော်နေရမှာမဟုတ်ဘူးလား Saint♥

💜ခရမ်းရောင်လိပ်ပြာကထကြွသောင်းကျန်းနေသလောက် ခံစားချက်တွေရှုပ်ထွေးနေတဲ့ ကောင်လေးတယောက်💜

အချစ်တွေ ဘယ်ရွေ့ဘယ်မျှထိ ခြားနားခြင်းခံရမလဲ မသိနိုင်တော့ပါ........

🖤♥🖤♥

ဒီနေ့ အဖေ၂ယောက်အလည်လာမယ်ဆိုလို့ သူရောကိုယ်ပါအလုပ်မသွားကျောင်းမသွားပဲ အိမ်မှာနေတဲ့နေ့

🖤ဖေဖေတို့ရှေ့ ဘယ်လိုနေရမယ်ဆိုတာ ငါသင်ပေးစရာမလိုပါဘူးနော်🖤

♥ကျွန်တော်အဲ့လောက် မတုံးဘူး ခင်ဗျားသာမျက်နှာကြောလေးလျှော့ထား ♥

🖤မင်း နဲ့ငါ့ကြား အခေါ်အဝေါ်လေးတခုခုတော့ သူတို့ရှေ့ရှိမှဖြစ်မယ်ထင်တယ်နော်🖤

♥ကိုကိုနဲ့ကလေးလို့ သေချာပေါက်ခေါ်ရမယ်ဆိုတာသိပေမဲ့ လျှာယားလွန်းလို့♥

🖤ငါကလဲ ခေါ်ပြီးတာနဲ့ ရေနဲ့ပလုတ်ကျင်းပစ်မှာပါ ပူမနေနဲ့🖤

ချစ်စရာအခေါ်အဝေါ်နာမ်စားတွေဟာ ဒီလူသား၂ဦးနဲ့ကျမှ ရေနဲ့ဆေးချခံရမဲ့အဖြစ်....

အသက်တွေသာရှိနေလျှင် စိတ်မကောင်းဖြစ်ကြမည်မှာအသေအချာပင်....

🖤♥🖤♥

သားအဖတွေနေ့လည်စာစားပြီးလို့ ခြံထဲလက်ဖက်ရည်ထိုင်သောက်နေကြချိန်မှာ.....

♥ဖေဖေ သား မေးချင်တာရှိလို့♥

Perthရဲ့အဖေကို စိတ်ဝင်တစားအကြည့်တွေနဲ့စကားစလာတဲ့Saint

မေးလေ သားရဲ့ ဘာမေးမလို့လဲ

♥ကိုကို့ မေမေအကြောင်းပါ♥

🖤Saint.....🖤

မင်းကလဲကွာ ကလေးသိချင်တာကို ဘာဖြစ်လဲ ဖြေပေးရမှာပေါ့

🖤ကျွန်တော်ကတော့လုံးဝမကြားချင်တာမို့ သက်တောင့်သက်သာ နေရစ်ကြပါ🖤

ပြောပြီးတာနဲ့ ချက်ချင်းထထွက်သွားတဲ့ Perthရဲ့ကျောပြင်ကို ငေးရင်း ငုတ်တုတ်ကျန်ခဲ့တဲ့ လူ၃ဦး

ဒီလိုသားရဲ့ သားကိုကိုက သူ့အမေကိုအရမ်းချစ်တာ

သူ့အမေရဲ့အချစ်တွေဟာ သူ့အတွက်ငယ်စဉ်တည်းက စံပြလို့သူကသတ်မှတ်ခဲ့တာ

ဒါပေမဲ့ သူ့အမေကပဲ သူ့ရဲ့ယုံကြည်မှုတွေကိုရိုက်ချိုးဖျက်ဆီးသွားခဲ့တာ

ဖေဖေနဲ့သူ့အမေကွာရှင်းပြတ်စဲခဲ့ရတာဟာ သူ့အမေရဲ့ ဖောက်ပြန်မှုကြောင့်ပဲလေ....

မေတ္တာတွေကြားမှာ မသန့်စင်တဲ့အချစ်တွေရောထွေးလာတော့ ဖေဖေတို့မိသားစုဘဝလေး တစစီကြေမွခဲ့ရတာ

အဲ့အချိန်ကစပြီး သားကိုကိုရဲ့စိတ်က တခြားလူတယောက်အဖြစ်ကို ပြောင်းလိုက်သလိုပဲ

ဘယ်သူ့ကိုမှမချစ်တော့ဘူး ဘယ်သူ့ကိုမှလဲ အလွယ်တကူမယုံကြည်တော့ဘူး

မသိတဲ့သူတွေက ခက်ထန်တယ်မာနကြီးတယ်ထင်နေကြပေမဲ့ ဖေဖေ့သားက. တကယ်တော့ စိတ်ဒဏ်ရာရှိခဲ့ဖူးတဲ့ သနားစရာကလေးပါကွယ်

ဒါနဲ့ သားက ဘာလို့မေးတာလဲ

♥ဟိုတလောက သူအိပ်မက်မက်ရင်း အမေလို့ယောင်ခေါ်တာလေ ပြီးတော့ သူငိုတာလဲအဲ့တော့မှ ပထမဆုံးမြင်ဖူးတာမို့မေးမိတာပါ အဲ့လိုမှန်းသိ သားမမေးပါဘူး♥

အော် စိတ်မကောင်းမဖြစ်ပါနဲ့ သားငယ်ရယ်.....

တယောက်အကြောင်း တယောက်သိထားရင် ပိုပြီး ဖေးမကူညီလို့ရတာပေါ့ ဒါမကောင်းတဲ့ကိစ္စမှမဟုတ်တာ

♥ဟုတ် ဖေဖေတို့ သောက်နှင့်ကြနော် သားသူ့နောက်လိုက်သွားဦးမယ်♥

တကယ်ပါ  ဘယ်လိုပင်အနိုင်လိုချင်သည်ဆိုသော်ငြား လူသားဆန်တဲ့စိတ်တော့ ကျွန်တော့်မှာရှိပါသည်။

အခန်းထဲဝင်သွားတော့ မရှိ အဲ့ဒါနဲ့ပဲ စာကြည့်ခန်းထဲဝင်သွားတော့ စားပွဲပေါ်မှာအလုပ်တွေလုပ်နေတဲ့သူ

သူ့နားတိုးကပ်သွားမိတော့.....

🖤ဘယ်လိုလဲ ငါ့ကိုလှောင်ပြောင်စရာရပြီဆိုပြီး အောင်ပွဲလာခံတာတော့မဟုတ်ပါဘူးနော်🖤

စိတ်ထဲမှာဖျဉ်းကနဲ နာကျင်သွားသည်။

♥မသိလို့မေးမိတာတောင်မှ ခင်ဗျားအပေါ်အားနာစိတ်နဲ့တောင်းပန်မလို့ ဒါပေမဲ့ခင်ဗျားက သနားစရာတစက်မှမကောင်းတဲ့လူပဲ♥

ဒုန်းးး........

ဒုန်းခနဲ စားပွဲကိုထုချလိုက်တဲ့လက်သီးနဲ့ မတ်တပ်ထရပ်ရင်း လူနားရောက်လာကာ မျက်နှာကို လာညှစ်လိုက်တဲ့လက်အစုံ

🖤မင်း မသေချင်ရင် ငါ့ကိုသနားစရာကောင်းတယ်ဆိုတဲ့စကား လုံးဝမပြောနဲ့🖤

🖤အချစ်တွေ မေတ္တာတွေရမှ ငါ့ဘဝကရှင်သန်ရမှာမဟုတ်ဘူး အပိုတွေပဲ အဲ့ဒါအပိုတွေပဲ မင်းနားလည်လား🖤

ဒေါသတကြီးညှစ်ထားတဲ့သူ့လက်တွေကြားမှာ မေးရိုးတွေပါကျိုးကြေမတတ်နာကျင်နေပြီ

အဲ့ဒါထက် ရင်ထဲကပါအရမ်းနာကျင်နေပြီ

♥ဟက်....... ခင်ဗျားကဆေးမမီတော့ဘူးပဲ ကိုယ့်ကိုယ်ကိုယ်လိမ်နေတဲ့လူအတွက် လောကမှာ ကုစရာဆေးမရှိဘူး အင့်.....♥

နာကျင်နေတဲ့ကြားကနေပဲ အပြန်အလှန်ထိုးနှက်နေမိတဲ့အဖြစ်က ပို၍ပင် အမှောင်ထဲတိုးဝင်နေကြသလိုမျိုး.....

♥ခင်ဗျားကို မုန်းတယ် ဟင့်.....♥

နာကျင်မှုပေါင်းစုံကိုခံနိုင်ရည်မရှိတော့တာမို့ မျက်ဝန်းထဲကမျက်ရည်တွေပါ စီးကျလာခဲ့ပြီ။

ဒါ လောကမှာ လူတဦးတယောက်အတွက် ပထမဆုံးကျတဲ့မျက်ရည်ပါ.....

ဆုပ်ကိုင်ထားတဲ့လက်ကအားတွေပြေလျော့သွားမှန်းခံစားလိုက်မိတာနဲ့ သူ့ကိုအားကုန်ဆောင့်တွန်းရင်း ပြေးထွက်လာခဲ့မိတော့သည်။

အခန်းထဲဝင်ပြီး ကုတင်ပေါ်ထိုင်ချကာ ပါးစပ်ကိုလက်နဲ့အုပ်ရင်း နာကျင်မှုတွေကိုအသံတိတ်လွှတ်ချမိသည်။

💜စီးဆင်းသွားတဲ့မျက်ရည်တွေဟာ လိပ်ပြာတကောင်ရဲ့နာကျည်းမှုကို ဖော်ညွှန်းသည်ဆိုလျှင် ဘယ်လိုမုန်တိုင်းတွေပြင်းထန်ဦးမလဲ💜

ကျန်နေခဲ့တဲ့ကောင်လေးဆီက စီးကျလာတဲ့မျက်ရည်တွေကိုသာ ကောင်လေးမြင်ခဲ့ရင်ရော ဘယ်လိုခံစားရမှာလဲ......

အဖြေတွေကတော့ လူမသိသူမသိပျောက်ရှခဲ့ပြီ......

🖤♥🖤♥

ခရမ်းရင့်ရောင် အိပ်မက်တွေအစပျိုးရာ Mask partyကိုရောက်ခဲ့ပြန်ပြီ။

ဒါပေမဲ့ ဒီတခါ အနက်ရောင်Devilမျက်နှာဖုံးအောက်က မျက်ဝန်းတစုံကတော့ နက်မှောင်နေတဲ့အငွေ့အသက်တွေနဲ့ ဖုံးလွှမ်းနေသည်။

သိပ်မကြာလိုက်တဲ့အချိန်မှာ မီးရောင်မှိန်ပျပျအောက်မှာ ကောင်မလေးတယောက်နဲ့ ယှဉ်တွဲလျှောက်လာတဲ့ ကျွန်တော့်ရဲ့ခရမ်းရင့်ရောင်လိပ်ပြာ

🖤အချစ်နဲ့စာနာခြင်းကို မုန်းတီးလွန်းလို့ လူတယောက်ကိုနာကျင်စေခဲ့ပြီမဟုတ်လား🖤

🖤အတုအယောင်အချစ်တွေကို ငါ မုန်းတယ်🖤

🖤အခု ဒီခရမ်းရင့်ရောင်လိပ်ပြာလေးတကောင်က အချစ်ဖြစ်ဖြစ် စွဲလမ်းမှုဖြစ်ဖြစ် ငါဆိုတဲ့ကောင်က မရရအောင် ချိုးဖျက်ပစ်မှာပဲ🖤

ခရမ်းရောင်မျက်ဝန်းလှလှလေးတွေကို ဥပေက္ခာ ပြုရင်း ဘေးမှာစကားလာပြောရင်း အီနေတဲ့ကောင်မလေးနှုတ်ခမ်းတွေကို တရှိုက်မတ်မတ်နမ်းလိုက်မိသည်။

အဲ့မြင်ကွင်းကို မြင်လိုက်ရတဲ့ လိပ်ပြာလေးတကောင်ကတော့ အံ့သြမင်သက်စွာငေးရင်း....

Saint POV....

ဒီကစဥ့်ကလျားအဖြစ်ကို စတင်အသက်သွင်းခဲ့တာက ကိုယ်

ဒါပေမဲ့ အခုရှုံးနိမ့်မှုကို လက်ခံလိုက်ရတော့မဲ့အနေအထားလား

လူကိုသေချာကြည့်ပြီးမှ တခြားမိန်းမတယောက်ကို တပ်တပ်မက်မက်နမ်းပြနေတဲ့ နှုတ်ခမ်းတွေမှာ ကျွန်တော့်မျှော်လင့်ချက်တွေပါကြေမွကုန်ပြီ

နာလိုခံခက် ဒေါသတွေနဲ့ ရင်ထဲတလှပ်လှပ်တုန်လာတာက ရပ်တည်နိုင်စွမ်းပင်မရှိတော့တာမို့ အယောင်ယောင်အမှားမှား ပြေးထွက်လာခဲ့မိသည်။

အခု ရူးသွပ်သွားတာ သူမဟုတ်ပဲ ကျွန်တော်တဲ့လား

ကိုယ်ဖန်တီးတဲ့ ကစဥ့်ကလျားသီအိုရီထဲမှာ ကိုယ်ပြန် ကျရှုံးရတာက

အချစ်ကိုကစားလို့ရတဲ့ ပြစ်ဒဏ်လား

အိမ်ကိုဘယ်လိုပြန်ရောက်လာမှန်းပင်မသိတော့

ရေပန်းတွေအောက် ခေါင်းနှစ်ရင်း လွင့်စင်သွားတဲ့ ရှုံးနိမ့်မှုတွေကို တစစီခြေရာကောက်နေမိသည်။

🖤♥🖤♥

အသိစိတ်လေးတွေပြန်စုစည်းရင်း ရေချိုးခန်းထဲကထွက်အဝတ်အစားလဲပြီး ကုတင်ပေါ်မှာ ဘာရည်ရွယ်ချက်မှမရှိပဲ ငုတ်တုတ်

အခန်းထဲ ဝင်လာတဲ့ခြေသံတွေကိုကြားသော်လဲ စိတ်နဲ့လူကမကပ်

ရုတ်တရက်တကိုယ်လုံးကို လာပွေ့ဖက်တာခံလိုက်ရပြီး သူ့ရင်ခွင်ထဲတကိုယ်လုံးနစ်မြုပ်သွားတော့ လူကအတောင့်လိုက်

ရုန်းထွက်မိတော့ ကိုယ့်ပုခုံးပေါ်ကို ကျလာတဲ့ ပူနွေးတဲ့မျက်ရည်စက်တွေ

🖤ငါတခါမှ မချစ်ဖူးဘူး ဘယ်သူ့ကိုမှမချစ်မိအောင်နေခဲ့တာ ငါ ငါကြောက်လို့🖤

🖤ပြီးတော့ အနိုင်ယူလိုစိတ်နဲ့ဖြစ်တည်လာတဲ့လွှမ်းမိုးမှုကို ငါမလိုချင်ဘူး🖤

🖤တရားတာ မတရားတာ ငါမသိပေမဲ့အဲ့လွှမ်းမိုးမှုကိုငါရိုက်ချိုးပစ်ခဲ့ပြီ🖤

🖤အဲ့ဒါ မင်းကြောင့်.......🖤

🖤မင်းကိုတော့ ငါကတဘဝလုံးငါ့အရိပ်အောက်မှာပဲထားမှာမို့ မင်းကငါ့အပိုင်မို့ တခြား ဘယ်သူ့ကိုမှ ငါချစ်တာစွဲလမ်းတာမျိုးဘယ်တော့မှမဖြစ်စေရဘူး🖤

🖤မင်းကငါ့အနားမှာပဲ တသက်လုံးရှိနေရမှာ🖤

Saint POV

ဘယ်လိုလှပတဲ့ရှုံးနိမ့်မှုမျိုးလဲ လောကကြီးရယ်.....

ကိုယ်ကသူ့ကိုရူးသွပ်စေဖို့အချစ်တခုဖန်တီးပေးခဲ့ပေမဲ့

သူကရအောင်ရုန်းထွက်နိုင်ခဲ့တယ်

အဲ့လိုရုန်းထွက်ခဲ့တာကလဲ ကျွန်တော့်အပေါ်ထားတဲ့အတ္တကြောင့်တဲ့လား

♥ကျွန်တော်လက်မခံချင်ပေမဲ့ ဒီအရှုံးကိုလက်ခံလိုက်ရပြီ♥

♥ဒီအတ္တတွေထဲမှာ အချစ်ဆိုတာကို ကျွန်တော်ဘယ်တော့များမှရှာတွေ့နိုင်မှာတဲ့လဲ♥

♥သူဟာ ကျွန်တော့်ဘဝကိုလွှမ်းမိုးဖို့မွေးဖွားလာတဲ့အရိပ်တခုဆိုလျှင် သနားသဖြင့်တော့ အချစ်ရိပ်လေး ထည့်ပေးပါဦးတဲ့လား♥

🖤♥🖤♥

ရင်ခွင်ထဲမှာ ငြိမ်သက်ရင်း အိပ်ပျော်သွားတဲ့ကောင်လေးမျက်နှာပေါ်က မျက်ရည်စီးကြောင်းတွေကို နှုတ်ခမ်းနဲ့သုတ်ပေးလိုက်ရင်း

🖤အရမ်းဆိုးတဲ့ လိပ်ပြာလေးကို တကယ့်အချစ်ကဘာဆိုတာပြရမယ်မှတ်လား🖤

🖤လိမ်တာ ကိုယ်အရမ်းမုန်းတယ် လိပ်ပြာလေးရဲ့ အဲ့တော့ငါ့အနားမှာငြိမ်ငြိမ်လေးနဲ့ ချစ်စရာကောင်းအောင်ဆွဲဆောင်ပါ🖤

🖤နှလုံးသားကလာတဲ့အချစ်ကိုပဲ ငါလက်ခံပရစေ ကောင်လေးရယ်🖤

ချစ်စရာကောင်းတဲ့ကောင်လေးကို ရင်ခွင်ထဲဖက်ရင်း နှုတ်ခမ်းတွေကို တစိမ့်စိမ့်နမ်းနေမိတာက တညလုံးပင်

အလင်းရောင်တိုးဝင်ဖို့ လမ်းတခုဖွင့်ပေးလိုက်တာကို ကောင်လေးသိစေဖို့မျှော်လင့်ရင်းနဲ့ပေါ့

🖤♥🖤♥

အဝတ်အစားလဲခန်းထဲမှာတပ်ထားတဲ့CCTVအကြောင်းသာသိရင် ကောင်လေးတယောက် ဒေါသတွေအလိပ်လိုက်ထွက်နေမှာ မြင်ယောင်ပါသည်။

ကောင်လေးရဲ့ အဝတ်အစားတွေချည်းသီးသန့်ထားတဲ့အခန်းထဲကို ကျွန်တော်အသာသွားရင်း ခရမ်းရောင်လိပ်ပြာမျက်နှာဖုံးလေးကို အသာလေးတို့ထိနေမိသည်။

🖤အချစ်စစ်ဟာ တကယ့်ကို ကစဥ့်ကလျားနဲ့ပဲနော် အရှိတိုင်းလေးပဲ အချစ်ကိုအချစ်အတိုင်းလေးပဲ ငါသိအောင်ပြပါကောင်လေးရယ်🖤

🖤ငါ့မာနကို မင်းအချစ်နဲ့အရည်ဖျော်မဲ့နေ့ကို ငါမျှော်နေတာကို မင်းတနေ့သိလာမှာပါ🖤

💕အရှုံးအနိုင်ကင်းမဲ့တဲ့ အချစ်တခုက လူ၂ဦးရဲ့ရင်ကို ကျိန်းသေပေါက်ရိုက်ခတ်နိုင်ပါသည်💕

💕မာနက ဘယ်ချိန်ထိ အချစ်ကို လွှမ်းမိုးနေမှာလဲ💕

💕ရင်ထဲကလာတဲ့အချစ်နဲ့ အဲ့မာနကိုချေဖျက်ဖို့ ကောင်လေးကရော စွမ်းဆောင်နိုင်မှာလားဆိုတာ.......💕

#Theoriesoflove
#May

နောက်ပိုင်းအခန်းတွေက ပိုပြီးစိတ်ဝင်စားစရာကောင်းလာမှာပါနော်😌😌😌

၂ယောက်လုံးက ချစ်စရာကောင်းကောင်းလာကြတာကိုး

ရေးတဲ့လူကလဲ ချစ်စရာကောင်းနေမှတော့😝😝😝

အပန်းမကြီးရင်Feedback ပေးကြပါဦးနော် 😁

Continue Reading

You'll Also Like

215K 21.4K 81
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)
996K 32.6K 37
အငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်
330K 18.1K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"