🖤Theories of LOVE♥(Completed)
By Mayti687
278K 21.7K 4.9K
အရောင်တွေနဲ့အချစ်တွေကိုအဓိပ္ပါယ်ဖွင့်ဆိုရင်းဘယ်သူကဘယ်လိုလွှမ်းမိုးမလဲဆိုတာကို ပြိုင်ဆိုင်ကြမဲ့ လူသား၂ဦး More
🖤Theories of LOVE♥
Part 1
Part..2- ♥EROS♥
💜Chaos theory 💜Chaos theory ရှင်းတမ်း💜💜
💜💜လိပ်ပြာတမန်တော်💜💜
💜Beautiful Chaos💜
💜💜ယနေ့ရှင်းတမ်း💜💜
💛Arrogant love💙
💛💛အဝါရောင်ရှင်းတမ်း💛💛
💚It's not easy being GREEN💚
💚J💙e💚a💙l💚o💙u💚s💙
Jealous meaning💚💙
💙Key for Heart💙
💙Love Ladder💙
💚Deception💚
💚Deception Vs Love♥
♥Sweet Love♥
🔶Agapic eros♥
💜Secret Butterfly💜
💙qui est amor💙
🖤♥
🌈Rainbow Love🌈
💙60 seconds in Heaven💙
💜Possessive Love💜
💜Parallel Ego💜
🖤Love War♥
💛Yellow Temper💛
🖤Love Day♥
Colouring book🖤♥
🖤Special Chapter♥
❤Pinkish Storm Zone❤
❤Missing Zone❤
❤Miss you❤
🖤Angry Love Bird♥
🖤Angry Love Bird - 2♥
💙Blue Night💙
❤Message of comfort ❤
🖤Hold my hand♥
🖤Love & Cooking♥
🖤Love & Cooking -2♥
🖤♥Revenge🖤💜
🖤💜♥
🖤🖤မှောင်မိုက်သော🖤🖤
🖤🖤နာကျင်သော♥♥
🖤Eternal love♥
♥How can I not love you?♥
♥♥ပေးဆပ်ခြင်း♥♥
🖤Stay with me♥
♥Smile Honey Smile♥
🖤Stand by me♥
🖤Secret Project♥
🖤Day -2♥
🖤Day -3♥
🖤Day -4♥
🖤Day -5♥
🖤Day -6♥
🖤Day - 7♥
🖤D - Day♥
🖤A Thousand Years♥
🖤🖤ကျေးဇူးတင်လွှာ♥♥
💜Chaos Theory💜
5.9K 408 71
By Mayti687
🖤Theories of LOVE♥
💜Chaos Theory💜
♥Butterfly effect♥
💜Maniac eros💜
🖤♥🖤♥
♥အား.....ကျွတ်စ် သေမလိုပဲ ♥
🖤မင်း နိုးလာပြီလား🖤
♥ခင်ဗျားဘာလုပ်တာလဲ အ...♥
🖤♥🖤♥
Ring~~~~~~
🖤အေး..Nick ပြော🖤
♥အင်း ဒါပဲမှတ်လား♥
🖤♥🖤♥
🖤♥🖤♥
🖤ကျွတ်စ်....အရေးထဲမှကွာ 🖤
Sorry.......
🖤♥🖤♥
♥clubမှာလေ ♥
🖤♥🖤♥
ရှပ်အင်္ကျီရင်ဘတ်ကဟပြဲ နဲ့ ဘေးကယောကျာ်းမိန်းမ မကျန်ဝိုင်းငမ်းနေတာမြင်ရတော့ ဒေါသကငယ်ထိပ်ထိတက်သည်။
♥ခင်ဗျား ဘာလုပ်တာလဲ ♥
🖤မင်းအိတ်ဘယ်မှာလဲ 🖤
♥ဟိုမှာ....♥
🖤အော် မနေ့ညကသိပ်မပင်ပန်းသေးလို့ခုလို ကဆုန်ပေါက်ပြီး ကခုန်နေနိုင်တာလေ အခုငါဆွဲခေါ်လာမှ နာတယ်ဖြစ်ရောလား🖤
နာလိုခံခက်မျက်နှာနဲ့ တဖက်လွှဲသွားတဲ့ အဲ့ကောင်လေးကိုကြည့်ရင်း ကားကိုတရမန်းကြမ်းမောင်းလာမိတာအိမ်တောင်ဘယ်လိုရောက်လာလဲမသိ
ဟင့်အင်း မဖြစ်ဘူး......
#Theoriesoflove
#May
(Unicode)
🖤Theories of LOVE♥
💜Chaos Theory💜
♥Butterfly effect♥
💜Maniac eros💜
♥ကစဥ့်ကလျားသီအိုရီအရ ကမ္ဘာကြီးရဲ့တဖက်ခြမ်းကလိပ်ပြာတကောင်ရဲ့တောင်ပံတချက်ခတ်မှုဟာ ကမ္ဘာရဲ့တခြားဘက်ခြမ်းကိုကြီးမားတဲ့သက်ရောက်မှုရှိစေတယ်တဲ့♥
♥အချိန်ကာလကြာလဲ ဒါဟာတကယ်အကျိုးသက်ရောက်မှုရှိတဲ့ သီအိုရီတခုပါ♥
♥အခုလဲ ဒီအရိပ်ကိုထိုးဖောက်တော်လှန်ဖို့ ကာလဘယ်လောက်ကြာမယ်မသိပေမဲ့ ကိုယ့်ဘက်ကအတောင်တချက်ခတ်ရမဲ့အချိန်ကာလတော့ရောက်လာခဲ့ပြီ♥
♥Chaos theoryကို ဘယ်လိုသမာဓိနဲ့တောင့်ခံမလဲဆိုတာကတော့.....♥
🖤♥🖤♥
မျက်စိဖွင့်ဖွင့်ချင်း ခံစားရတဲ့အသိက နာကျင်မှုပင်။
တကိုယ်လုံးကိုင်ရိုက်ထားသလိုနာကျင်မှုကြောင့် မျက်နှာပေါ်ကအကြောတွေအကုန် တွန့်ချိုးကုန်ပြီး ညကအောင့်အီးထားရသမျှကို အသံထွက်ညီးညူခွင့်ပြုလိုက်မိတော့သည်။
♥အား.....ကျွတ်စ် သေမလိုပဲ ♥
အသံထွက်ညီးညူမိရင်း ဘေးကိုကြည့်မိတော့ ဟိုလူမရှိတော့။
အေးပေါ့လေ ချစ်လို့ကြိုက်လို့ယူထားကြတာမှမဟုတ်တာ။ သူ့သိက္ခာ သူ့အတ္တအတွက်ဒီအနှောင်အဖွဲ့ကို အေးစက်စက်လက်ခံခဲ့တဲ့လူမဟုတ်လား။
သူ့အကြောင်းတွေးတိုင်း မျက်နှာကအော်တိုမဲ့ပြုံးပြုံးမိသည်ချည်းပင်။
🖤မင်း နိုးလာပြီလား🖤
အလုပ်သွားဖို့ဝတ်စုံပြည့်နဲ့ အခန်းထဲဝင်လာတဲ့သူ
♥ခင်ဗျား အလုပ်မသွားသေးဘူးလား♥
🖤သွားမှာပါ ဒါပေမဲ့ တာဝန်နဲ့ဝတ္တရားအရ မင်းကိုမေးရမြန်းရဦးမယ်လေ မနေ့ကမှလက်ထပ်ပြီးတာကို ဒီနေ့ပစ်ထားတယ်လို့ ဖေဖေတို့တွေမြင်ကုန်မှာစိုးလို့🖤
♥ခင်ဗျားကို ကျွန်တော်ကအလုပ်မသွားပဲ အနားနေပေးပါလို့ပြောရင်ရောနေပေးမှာမို့လို့လား♥
🖤မင်းကရော ငါ့ကိုအဲ့လိုမေးမှာမို့လို့လား မဟုတ်ဘူးမှတ်လား🖤
🖤မေးလဲ နေပေးပါ့မယ်လို့မဖြေနိုင်ဘူး မင်းလိုအပ်တာမှန်သမျှဖြည့်ဆည်းပေးဖို့ အိမ်ကဝန်ထမ်းတွေအကုန်ငါမှာထားပြီးသား🖤
♥ခင်ဗျားပြောတော့ အချစ်အမုန်းကင်းကင်းနဲ့ တာဝန်ယူတတ်တဲ့လူပါဆို မနေ့ညကအတူနေတာ ခင်ဗျားရဲ့တာဝန်ဆိုရင် ဒီနေ့ကျွန်တော့်ကို ပြုစုဖို့ကခင်ဗျားတာဝန်မဟုတ်ဘူးလား♥
ရုတ်တရက်ရောက်လာတဲ့ အနမ်းတခုကိုမရှောင်နိုင်ခဲ့ဘူး။
မရှောင်နိုင်ခဲ့တာထက် အံ့သြမိသွားတာဆိုပိုမှန်မယ်။
ပြင်းပြင်းရှရှအနမ်းတွေအောက်၃စက္ကန့်လောက် အသိစိတ်လွတ်နေခဲ့ပြီးနောက်မှာတော့ ကျွန်တော်သူ့ရင်ဘတ်ကိုအားပြင်းပြင်းနဲ့ပဲတွန်းထုတ်လိုက်မိတော့တယ်။
♥ခင်ဗျားဘာလုပ်တာလဲ အ...♥
ပြောလို့ပင်စကားမဆုံးသေး လူကိုဆတ်ကနဲပွေ့ချီလိုက်တော့ ခါးရိုးတလျှောက် စူးခနဲအောင့်တက်နာကျင်မှုကြောင့် စကားပင်ဆက်မပြောနိုင်ပဲ သူပွေ့ချီရာပါသွားရတော့သည်။
လူကိုရေချိုးခန်းထဲထိပွေ့ချီပြီး ရေဖြည့်ပြီးသား Bathtub ထဲ ပစ်ချလိုက်တာက လုံးဝညင်သာမှုမရှိ။
နာကျင်နေတဲ့ခန္ဓာကိုယ်က မခံချင်စိတ်ကြောင့်ပို၍ပင် အထိနာသွားပြီ.....
တကိုယ်လုံးတဆတ်ဆတ်တုန်ရင်း bathtubထဲကနေ စကားသံပင်မထွက်နိုင်တော့ပဲ မီးတောက်နေသောမျက်လုံးများဖြင့်သာ စိုက်ကြည့်မိလိုက်တော့သည်။
🖤အဲ့ဒါ ငါ့ရဲ့၁၀၀ရာခိုင်နှုန်းအပြည့် ရေမရောတဲ့ အပိုမပါတဲ့ဂရုစိုက်မှုပဲ🖤
🖤ဘဝမှာအပိုအလုပ်တွေလုပ်ရတာငါအမုန်းဆုံးပဲ ပြီးတော့လိမ်တာညာတာကိုလဲ မုန်းတယ် ငါကိုယ်တိုင်လဲဘယ်တော့မှမလိမ်ဘူး ရန်သူတယောက်ကိုဆိုရင်တောင်မှပေါ့🖤
🖤အခုမင်းက ငါ့ရန်သူမဟုတ်ဘူး ငါတရားဝင်လက်ထပ်ယူထားတဲ့သူ ဒါ့အပြင်မင်းကလဲငါ့ကိုမချစ်သလို ငါကလဲမင်းကိုမချစ်ဘူး🖤
🖤မချစ်တဲ့သူတွေအကြားမှာ ကြင်နာမှုဆိုတာလုံးဝရှိမနေသင့်တဲ့အပိုသက်သက်ပဲ 🖤
🖤အထူးသဖြင့် တယောက်နဲ့တယောက်လွှမ်းမိုးမခံချင်တဲ့ငါတို့အတွက် အဲ့ကြင်နာယုယမှုဆိုတာ မိန်းမဆန်လွန်းတယ်မှတ်လား 🖤
🖤ကဲ ငါအလုပ်သွားပြီ ဆေးသောက်စရာရှိတာသောက်လိုက်ပါ ရေချိုးပြီးရင် တော်ကြာဖျားနေမှ အဖေတွေရှေ့မှာ အကျိုးနည်းတွေ ကြင်နာပြနေရရင် မင်းရောငါရောအသက်ရှူကျပ်နေမယ်မဟုတ်လား🖤
ထွက်သွားတဲ့သူရဲ့ကျောပြင်ကို မျက်တောင်မခတ်တမ်းလိုက်ကြည့်ရင်း အသက်ပါပါပြုံးလိုက်မိသည်။
♥ခင်ဗျားရဲ့ မာနထဲကို ကစဥ့်ကလျားဖြစ်စဉ်တွေထပ်ပေါင်းထည့်ပေးမှာမို့ ခင်ဗျားစောင့်နေပါ ♥
♥ခင်ဗျားအတွက် ကစဥ့်ကလျားသီအိုရီကိုဖန်ဆင်းပေးမဲ့လိပ်ပြာက ကျွန်တော်ကိုယ်တိုင်ပဲ ကမ္ဘာတဖက်ခြမ်းမှာမဟုတ်ဘဲ ခင်ဗျားဘေးမှာတင်ဆိုတော့ မုန်တိုင်းဝင်ပြီးကစဥ့်ကလျားဖြစ်ဖို့က အချိန်သိပ်မယူရပါဘူး♥
အချစ်ဆိုသောအရာသည် အရိပ်တခုကို ဖောက်ထွင်းဖို့ အရှိန်အဟုန်နဲ့စတင်လာလေပြီ။
🖤♥🖤♥
ကုမ္ပဏီရောက်သည်ထိ လူကစိတ်ထဲမှာတစုံတခုကို မတင်မကျဖြစ်နေသည်။
ကိုယ့်စိတ်နဲ့ကိုယ်သီးသန့်နေတတ်လို့မာနကြီးသည်ဆိုသော်လဲ ဘယ်သူတဦးတယောက်ကိုမှ အဲ့လောက်ပြင်းထန်တဲ့စကားတွေမသုံးခဲ့ဖူးပါ။
သူနဲ့စတွေ့တည်းက စိတ်ရောလူပါတခုခုချုပ်ကိုင်ထားသလိုခံစားနေရသည်။
ဒီကလေးသာသာကောင်လေးဆီက လွှမ်းမိုးမှုတစုံတရာကိုမှလက်ခံရယူလိုစိတ်မရှိတာကပဲသူနဲ့ကိုယ့်ကြားအပြန်အလှန်လွှမ်းမိုးမှုတွေ ဖြစ်စေသည်လား မပြောတတ်ပေ။
Ring~~~~~~
အတွေးတွေနဲ့ပိတ်လှောင်နေတုံး တဦးတည်းသောသူငယ်ချင်း Nickဆီက ဖုန်းဝင်လာတာတွေ့တော့ ကောက်ကိုင်လိုက်ရင်း....
🖤အေး..Nick ပြော🖤
ဒီည ငါ့Barမှာ Mask partyရှိတယ်ကွ အာ့လှမ်းပြောတာ မင်းမလာတာတော်တော်ကြာနေပြီနော် ဒီညမင်းရဲ့အသစ်စက်စက်ယောကျာ်းလေးကိုပါ ခေါ်ခဲ့ပါလား....
🖤နေပါကွာ ငါတယောက်တည်းပဲလာခဲ့ပါ့မယ် သူနေသိပ်မကောင်းဘူး🖤
ဟာ.....မင်းကွာကလေးကို ညှာမှပေါ့နည်းနည်းပါးပါး
🖤ခွေးကောင် ပေါက်ကရတွေပြောမနေနဲ့. ဒါပဲမှတ်လားဖုန်းချတော့မယ်ညကျမှဆက်ပြော🖤
ဖုန်းချပြီးတာနဲ့ အိမ်က ဟိုသူပုန်အသေးစားဆီဖုန်းချက်ချင်းဆက်ခေါ်မိသည်။
အချစ်အမုန်းကင်းသော်လည်းပဲ ကိုယ့်တန်ဖိုးမလျော့စေချင်လျှင် သူ့တန်ဖိုးကိုလဲမေ့လျော့ဖို့မဖြစ်တာမို့ တာဝန်အရဖုန်းဆက်အသိပေးရခြင်းပင်.....
🖤Hello အေး....ငါပါ ဒီညသူငယ်ချင်းနဲ့ခဏတွေ့စရာရှိတာမို့ အပြန်နောက်ကျမယ် အာ့လှမ်းပြောတာ 🖤
♥အင်း ဒါပဲမှတ်လား♥
ကျသွားသောဖုန်းသံတတီတီက သူနဲ့ကိုယ့်ကြားအပိုလုံးဝမရှိဘူးဆိုတဲ့ သက်သေပင်။
🖤♥🖤♥
ဖုန်းကိုယ့်ဘက်ကအရင်ချလိုက်ပြီး ကိုယ့်အဝတ်အစားတွေချည်းပဲ သီးသန့်ထည့်ထားတဲအခန်းထဲဝင်ရင်း တစုံတရာကိုအပြေးအလွှားရှာဖွေမိသည်။
တွေ့ပါပြီ လိပ်ပြာပုံသဏ္ဍာန်မျက်နှာဖုံးလေး
ဒီမျက်နှာဖုံးက ကိုယ့်Missionအတွက်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ရမှာပါ.....
သူသွားနေကျ သူ့သူငယ်ချင်းရဲ့Barဆိုတာ ကိုယ့်သူငယ်ချင်းတွေနဲ့တခါတော့ရောက်ခဲ့ဖူးသည့်နေရာပင်
လူကုံထံအဝန်းအဝိုင်းသာထိုင်တတ်ကြသည်မို့ အဲ့Barရဲ့နာမည်ကျော်Mask Partyကလဲ နာမည်ကြီးလှသည်။
မျက်နှာဖုံးတွေတပ်ပြီး သီးသန့်တက်ရောက်ရသောပွဲ ကြေးကြီးသောလောင်းကစားဝိုင်းတွေအပြင် တက်ရောက်သည့်သူတွေကလဲ တကယ့်နိုင်ငံ့ထိပ်တန်းအစိုးရပိုင်းမှလူများပါ တခါတလေပါတတ်သည်ဟု သိရသည်။
တက်ချင်တိုင်းတက်မရသောပွဲအတွက် member cardတခုကို သူငယ်ချင်းဆီကကြိုတင်ရယူထားနှင့်ပြီးသား
♥ခင်ဗျား ကျွန်တော့်ကိုလျှော့တွက်ရင် အမှားကြီးမှားသွားမယ် Mr.Perth♥
သူနဲ့ကိုယ့်ကြားကစိန်ခေါ်မှုစတင်တည်းက သူ့အမူအကျင့်စရိုက်တချို့နဲ့သူ့ပတ်ဝန်းကျင်ကိုလေ့လာထားမိတာက ကိုယ့်ရဲ့မွေးရာပါစေ့စပ်သေချာမှုပင်
ပြိုင်ဆိုင်တိုင်းဘယ်တော့မှမရှုံးခဲ့တဲ့ဘဝအတွက် ဒီတကြိမ်ကပို၍ပင် ကြေးကြီးပါသည်။
လိပ်ပြာမျက်နှာဖုံးကို မျက်နှာမှာတပ်ရင်း မျက်တောင်တချက်ခတ်မိသည်ကပင် စိန်ခေါ်မှုစတင်ခြင်းမည်ပါသည်။
♥ပွဲကဒီညစပြီမို့ သွေးမကြောင်ကြေး♥
🖤♥🖤♥
မရောက်တာကြာသောMask Partyမို့ သိမ်းထားတာကြာနေပြီဖြစ်တဲ့ အနက်ရောင်Devilမျက်နှာဖုံးကို ဖုန်ခါပြီးကောက်တပ်လာခြင်းပင်။
Waiterလာပေးတဲ့ ကော့တေးတခွက်ယူသောက်ရင်း သူငယ်ချင်းနဲ့ ရေပက်မဝင်အောင်ကို စကားတွေပြောနေလိုင်သည်။
စကားပြောရင်း ကြာလာတော့ Toiletဝင်ချင်စိတ်ဖြစ်လာသည်မို့ သန့်စင်ခန်းရှိရာဘက် လျှောက်လာရင်း လမ်းထောင့်တနေရာအရောက်တွင် ရုတ်တရက်မီးမှောင်ကျသွားလေသည်။
🖤ကျွတ်စ်....အရေးထဲမှကွာ 🖤
Surprise eventတခုခုလုပ်နေချိန်မို့ မီးမှောင်ခဏချထားလိုက်ခြင်းဖြစ်မည်ထင်သည်။
အရေးပေါ်မီးသီးနီကျင်ကျင်လေးတွေသာရှိသည်မို့ ဖုန်းမီးသုံးဖို့ ဖုန်းထုတ်နေတုံး
ကိုယ့်ဆီတိုးဝင်လာသော လူတယောက်......
သူလဲမှောင်မှောင်မဲမဲမှာမို့ မမြင်မစမ်းဝင်တိုက်မိသည့်ပုံပင်
တိုက်မိတာကမဆန်း ထူးဆန်းတာက တိုက်မိသည့်အရှိန်ကြောင့် ၂ယောက်လုံးကြမ်းပေါ်လဲကျတာက ထပ်လျက်သား....
နှုတ်ခမ်းတစုံကပါ ထပ်တူကျလျက်သား.....
ကျွန်တော့်မျက်ဝန်းတည့်တည့်ကိုစိုက်ကြည့်နေတဲ့ မှိန်ပြပြမီးရောင်အောက်မှာတောင် ခရမ်းပြာရောင်တောက်ပနေတဲ့မျက်လုံးတွေ
လိပ်ပြာမျက်နှာဖုံးအောက်က အရမ်းလှသည့်မျက်လုံးတစုံ....
နှုတ်ခမ်းတွေထိကပ်လျက်သားနဲ့ပင် ၂ယောက်လုံးကြောင်အစွာ ငေးနေမိချိန်မှာ
အဲ့ခရမ်းပြာရောင်တောက်ပနေသောမျက်ဝန်းတွေက မျက်တောင်တချက်ခတ်လိုက်သည်။
🖤ကျွန်တော့်ရင်ထဲ အမျိုးအမည်မသိတဲ့ အရှိန်အဟုန်တခုဝင်ဆောင့်လိုက်သလိုပင် ရင်ခုန်သံတွေက အဲ့မျက်တောင်တချက်ခတ်ချိန်မှာ ပရမ်းပတာဖြစ်သွားခဲ့တာ🖤
🖤ထိတွေ့နေတဲ့ ခန္ဓာကိုယ်အနေအထားအရ ယောကျာ်းလေးတယောက်ဆိုတာကိုလဲသိသည် ဒါပေမဲ့ မျက်ခွံတွေပေါ်ကတဖျတ်ဖျတ်လတ်နေတဲ့ခရမ်းပြာရောင်မျက်ဝန်းတစုံရယ် လိပ်ပြာမျက်နှာဖုံးရယ်က ကျွန်တော့်စိတ်ဝိညာဉ်ကို ခဏတာအပိုင်သိမ်းယူလိုက်တာတော့ အသေအချာပင်🖤
Sorry.......
Sorry တခွန်းပြောပြီး ချက်ချင်းလူပော်ကထကာ ပြေးထွက်သွားတဲ့လိပ်ပြာတကောင်ကို ကျွန်တော်ဝေဝါးစွာ ကြည့်နေမိဆဲပင်.....
🖤♥🖤♥
သန့်စင်ခန်းဝင်ပြီးတော့ သူငယ်ချင်းကိုနှူတ်ဆက်ကာတခါတည်းထွက်လာခဲ့သည်။
ကားမောင်းနေစဉ်လဲ အဲ့မျက်ဝန်းတွေကိုပဲ ပြန်မြင်ယောင်နေမိတာက ဘယ်ကြည့်ကြည့်ခရမ်းရောင်တွေဖုံးလွှမ်းနေသလိုပင်
ထိုအချိန်မှာပဲ အိမ်ကလုံခြုံရေးခေါင်းဆောင်ဆီက ဖုန်းဝင်လာသည်။
အကိုလေး အကိုလေးSaintအခုထိအိမ်ပြန်မရောက်သေးပါဘူး။ အပြင်ခဏဆိုပြီးထွက်သွားလို့ ကျွန်တော်လွှတ်ပေးလိုက်မိတာ အဲ့ဒါ
🖤အေး........ သေချာစောင့်ရှောက်ထားဖို့ကြည့်ထားဖို့မှာခဲ့ရက်နဲ့ကွာ ထားလိုက်တော့ ငါဖုန်းဆက်လိုက်မယ်🖤
ချက်ချင်းဖုန်းခေါ်တာမကိုင် ၃ခါမြောက်ကျမှ ကိုင်သည်။ အသံတွေကလဲဆူညံလို့
🖤Saint မင်းအခုဘယ်မှာလဲ🖤
♥clubမှာလေ ♥
🖤ဘာ မင်းငါ့ခွင့်ပြုချက်မရှိဘဲ သွားတာလား🖤
♥အပိုတွေမလိုဘူးဆို ပြောချင်စိတ်မရှိလို့မပြောတာလေ ခင်ဗျားကအာရုံပဲဗျာ ဒါပဲ♥
ဒေါသကထိန်းမရအောင်ကိုထွက်သွားခဲ့ပြီ။
ကိုယ်ကတောင်မမေ့မလျော့ အသိပေးခဲ့တာကို သူကသောက်ဂရုတောင်တစက်မှမစိုက်ဖူးတဲ့လား။
ကိုယ်ကျင်လည်ရတဲ့စီးပွားရေးအဝန်းအဝိုင်းကစိန်ခေါ်မှုတွေများသည်မို့ သူ့ကိုတစုံတရာမထိခိုက်အောင်စောင့်ရှောက်ရမှာကိုယ့်တာဝန်ဖြစ်သလို အပိုလူအာရုံစိုက်စရာသတင်းတွေမဖြစ်အောင်ထိန်းသိမ်းရမှာလဲ ကိုယ့်အလုပ်ပင်
GPS phone trackerကနေသူ့တည်နေရာကိုရှာပြီး သူ့ကိုသွားခေါ်ရမှာလဲ ကျွန်တော့်အလုပ်ပင်
🖤♥🖤♥
ဆူညံလှသောသီချင်းသံတွေကြား မီးရောင်စူးစူးတွေကြားမှာ တွေ့လိုက်ရပါပြီ
Dancing floorမှာ sexyကျကျ က နေတဲ့ကောင်လေးကို
ရှပ်အကျႌရင်ဘတ်ကဟပြဲ နဲ့ ဘေးကယောကျာ်းမိန်းမ မကျန်ဝိုင်းငမ်းနေတာမြင်ရတော့ ဒေါသကငယ်ထိပ်ထိတက်သည်။
ဒေါသစိတ်နဲ့ သူ့လက်ဆောင့်ဆွဲခေါ်တော့အတင်းရုန်းသည်
♥ခင်ဗျား ဘာလုပ်တာလဲ ♥
🖤ဒါ မင်းအခုရှိနေရမဲ့နေရာမဟုတ်ဘူး.အိမ်ပြန်မယ်🖤
♥ပြန်မယ်ဆိုလဲ ကျွန်တော့်အိတ်ယူပရစေဦးဗျ♥
🖤မင်းအိတ်ဘယ်မှာလဲ 🖤
♥ဟိုမှာ....♥
သူလက်ညှိုးထိုးရာနေရာကိုသွားပြီးအိတ်ကိုဆောင့်ဆွဲယူကာ သူ့ပါဆွဲခေါ်လာပြီး ကားထဲအတင်းသွင်းလိုက်မိတာက အားနဲ့မို့..
♥ခင်ဗျား ဘီလူးစိတ်ပေါက်နေတာလား သေပါပြီဘယ်လိုဖြစ်နေတာလဲ♥
🖤အော် မနေ့ညကသိပ်မပင်ပန်းသေးလိူ့ခုလို ကဆုန်ပေါက်ပြီး ကခုန်နေနိုင်တာလေ အခုငါဆွဲခေါ်လာမှ နာတယ်ဖြစ်ရောလား🖤
♥ခင်ဗျားစကားကိုကြည့်ပြောနော် ♥
🖤မင်းပါးစပ်ပိတ်ပြီးအခုအိမ်လိုက်ခဲ့မလား ဒါမှမဟုတ် လမ်းပေါ်မှာပဲရှင်းမလား🖤
နာလိုခံခက်မျက်နှာနဲ့ တဖက်လွှဲသွားတဲ့ အဲ့ကောင်လေးကိူကြည့်ရင်း ကားကိုတရမန်းကြမ်းမောင်းလာမိတာအိမ်တောင်ဘယ်လိုရောက်လာလဲမသိ
ကားရပ်ပြီးတာနဲ့ ကားပေါ်ကနေဆွဲချပြီး ခြံထဲကိုဆွဲခေါ်လာမိတော့
♥ခင်ဗျား လွှတ်ဗျာ လွှတ်တော့♥
🖤မင်းက ဘာလဲ ငါ့တင်မကဘူး အဖေတွေမျက်နှာပါအိုးမဲသုတ်ချင်လို့ခုလိုသွားချင်တိုင်းသွားနေတာလား ငါတောင်မင်းကိုဘယ်သွားမယ်ဆိုတာ ဖုန်းဆက်အကြောင်းကြားပေးတယ်လေ 🖤
♥မချစ်တဲ့လူတွေကြားမှာ အပိုတွေဘာမှမလိုဘူးဆို အဲ့အသိပေးရခြင်းဟာကျွန်တော့်အတွက်အပိုပဲ အဲ့ဒါကြောင့်တမင်မပြောတာ♥
🖤အဟက် ဘာလဲ မင်းက မနေ့ညကလိုမျိုး ငါ့ကိုထပ်လုပ်စေချင်တာလား မထနိုင်အောင် အပြစ်ပေးမှ မင်းခြေငြိမ်မယ်ထင်တယ်နော်🖤
ဒေါသစိတ်နဲ့အံကြိတ်ပြောရင်းသူ့ဆီတလှမ်းချင်းတိုးမိတော့ အဲ့ကောင်လေးနောက်ဆုတ်နောက်ဆုတ်နဲ့
♥ခင်ဗျားက တဏှာရူးလား ဟမ် ဒါမျိုးကိုလဲ တာဝန်အရလို့ ခေါင်းစဉ်တပ်ဦးမှာလား ကျွန်တော်ခင်ဗျားအရုပ်မဟုတ်ဘူးနော်♥
🖤ဒီနေရာမှာတင် မင်းကငါ့ရဲ့တရားဝင်ယောကျာ်းပါဆိုတာကို သက်သေပြဖို့ငါဝန်လေးနေမှာမဟုတ်ဘူးဆိုတာ မင်းသဘောပေါက်ဖို့ကောင်းတယ်🖤
ဒေါသနဲ့သူ့မျက်နှာကိုကြည့်ရင်း ပုခုံး၂ဖက်ကိုကိုင်ကာအားရပါးရဆောင့်တွန်းလိုက်မိတော့ နောက်ကရေကန်ထဲခြေပစ်လက်ပစ်ကို ကျသွားရှာသည်။
ရေကန်ထဲကနေ အော်ဟစ်ရန်တွေ့နေမဲ့ ကောင်လေးကို ခါးထောက်ပြီးရပ်စောင့်နေမိသော်လဲ ကျသွားပြီးတည်းက ခေါင်းပင်ပြန်ပေါ်မလာတာမို့စိုးရိမ်စိတ်က ငယ်ထိပ်တက်ဆောင့်ပြီ။
သူရေကူးတတ်တယ်လို့လဲသိထားပါတယ် ဒါကိုဘာလို့
ဟင့်အင်း မဖြစ်ဘူး......
ချက်ချင်း ရေကန်ထဲဆင်းပြီး သူ့ကိုလိုက်ဆွဲတင်ကာ ကန်ဘောင်ပေါ်ရောက်အောင် မနည်းလုပ်ယူရသည်။
အပေါ်ရောက်တော့သူ့ဘေးနားဒူးထောက်ထိုင်ချရင်း နှုတ်ခမ်းချင်းတေ့ကာ လေမှုတ်သွင်းလိုက်တော့မှပဲ ရေတွေအန်ကာ သတိရလာတော့သည်။
သို့သော်လဲ ပွင့်လာတဲ့မျက်လုံးသည် ခဏသာဖြစ်သည်။ ချက်ချင်း ပြန်သတိလစ်သွားတာမို့ သူ့ကိုယ်လုံးကိုကောက်ပွေ့ကာအခန်းထဲအပြေးအလွှားဝင်ရင်း ဆရာဝန်ဖုန်းဆက်လှမ်းခေါ်ရတော့သည်။
ရေစိုဝတ်တွေလဲပေးပြီး ဆရာဝန်ရောက်လာတော့ ပင်ပန်းတဲ့အရှိန်နဲ့ရောအအေးမိတာပါပေါင်းပြီး ဖျားသည်ဟုဆိုသည်။
မနက်ကလဲရေချိုးခန်းထဲကိုယ်ပစ်ထားခဲ့မိတာမို့ ဆေးလဲသေချာမတိုက်ခဲ့မိတာမို့ စိတ်တော့မကောင်းပါ။
ခြစ်ခြစ်တောက်ပူနေသော သူ့ကိုယ်လေးကိုစောင်သေချာခြုံနဖူးပေါ်ရေခဲဝတ်လေးကပ်ပေးရင်း မျက်နှာကိုသေချာငေးကြည့်နေမိသည်။
အဖျားရှိန်ကြောင့် ရဲတက်နေတဲ့နှုတ်ခမ်းလေးက ခရမ်းရောင်လိပ်ပြာလေးကို အမှတ်မထင်သွားသတိရမိစေသည်။
ရည်ရွယ်ချက်မယ်မယ်ရရမရှိပဲ ပူနွေးနေသောနှုတ်ခမ်းလေးကို အသာထိကပ်နမ်းမိတော့ ပွင့်လာတဲ့မျက်ဝန်းလေးတွေက မျက်တောင်တချက်ခတ်လိုက်တာမြင်ရတော့
ရင်ထဲကခရမ်းရောင်လိပ်ပြာက ထကြွလာပြန်ပြီ
အဲ့ဘာမှန်းမသိတဲ့ခံစားချက်တွေကို မုန်းပါသည်။
မျက်တောင်တချက်ခတ်ပြီးသူကပြန်အိပ်ပျော်သွားပေမဲ့ ကျွန်တော့်ညကတော့ ခရမ်းရောင်ရင့်နေတော့မှာသေချာပါသည်။
💜အဲ့ခရမ်းပြာရောင်လိပ်ပြာတကောင်ဟာ ကစဥ့်ကလျားရူးသွပ်မှုတွေဆီလမ်းပြခေါ်ဆောင်သွားမယ်ဆိုတာကို သိနေသောကောင်လေးကတော့ အိပ်နေတာတောင်ပြုံးလို့ပင်💜
#Theoriesoflove
#May
Continue Reading
You'll Also Like
406K 11.7K 29
တော်ဝင်ဂုဏ် + ရှေးဆန်သူ
2M 104K 32
The entire story line and character names are just the imagination of the author.
1.9M 91.4K 57
251K 4.9K 36
ဟန်ဆောင်မယ်ဆိုပြီးကြွေးကြော်ထားတဲ့ ဦးနေ တစ်ယောက်လိပ်ပြာကိုချစ်မိသွားတဲ့အချိန် ဘာဖြစ်လာမလဲ... အချေကိုယ်တော်ကြီးက သဝန်တိုတဲ့နေရာမှာလဲပထမ😑😑 ဟန်ဆောင်မယ...