🖤Theories of LOVE♥(Completed)

By Mayti687

278K 21.7K 4.9K

အရောင်တွေနဲ့အချစ်တွေကိုအဓိပ္ပါယ်ဖွင့်ဆိုရင်းဘယ်သူကဘယ်လိုလွှမ်းမိုးမလဲဆိုတာကို ပြိုင်ဆိုင်ကြမဲ့ လူသား၂ဦး More

🖤Theories of LOVE♥
Part..2- ♥EROS♥
💜Chaos Theory💜
💜Chaos theory 💜Chaos theory ရှင်းတမ်း💜💜
💜💜လိပ်ပြာတမန်တော်💜💜
💜Beautiful Chaos💜
💜💜ယနေ့ရှင်းတမ်း💜💜
💛Arrogant love💙
💛💛အဝါရောင်ရှင်းတမ်း💛💛
💚It's not easy being GREEN💚
💚J💙e💚a💙l💚o💙u💚s💙
Jealous meaning💚💙
💙Key for Heart💙
💙Love Ladder💙
💚Deception💚
💚Deception Vs Love♥
♥Sweet Love♥
🔶Agapic eros♥
💜Secret Butterfly💜
💙qui est amor💙
🖤♥
🌈Rainbow Love🌈
💙60 seconds in Heaven💙
💜Possessive Love💜
💜Parallel Ego💜
🖤Love War♥
💛Yellow Temper💛
🖤Love Day♥
Colouring book🖤♥
🖤Special Chapter♥
❤Pinkish Storm Zone❤
❤Missing Zone❤
❤Miss you❤
🖤Angry Love Bird♥
🖤Angry Love Bird - 2♥
💙Blue Night💙
❤Message of comfort ❤
🖤Hold my hand♥
🖤Love & Cooking♥
🖤Love & Cooking -2♥
🖤♥Revenge🖤💜
🖤💜♥
🖤🖤မှောင်မိုက်သော🖤🖤
🖤🖤နာကျင်သော♥♥
🖤Eternal love♥
♥How can I not love you?♥
♥♥ပေးဆပ်ခြင်း♥♥
🖤Stay with me♥
♥Smile Honey Smile♥
🖤Stand by me♥
🖤Secret Project♥
🖤Day -2♥
🖤Day -3♥
🖤Day -4♥
🖤Day -5♥
🖤Day -6♥
🖤Day - 7♥
🖤D - Day♥
🖤A Thousand Years♥
🖤🖤ကျေးဇူးတင်လွှာ♥♥

Part 1

8.4K 532 48
By Mayti687

🖤Theories of LOVE♥

🖤VS♥






















🖤♥🖤♥🖤♥



🖤♥🖤♥🖤♥










🖤♥🖤♥🖤♥







🖤♥🖤♥🖤♥








🖤♥🖤♥🖤♥









မေးပုံကိုကအဆန်းပင်










#Theoriesoflove
#May

(Unicode)

🖤Theories of LOVE♥

🖤VS♥

♥လုံးဝသဘောမတူဘူး ဖေဖေ သားလုံးဝလက်မထပ်နိုင်ဘူး သားကအခုမှငယ်ငယ်လေးရှိသေးတာကို အခုမှတက္ကသိုလ်စတက်ကာစကို မယူဘူးဖေဖေလုံးဝပဲ♥

🖤ကျွန်တော်ကတော့ဖေဖေတို့သဘောအတိုင်းပါပဲ လူကြီးတွေစီစဉ်တာကိုလက်ခံရမှာပေါ့ အဓိကက ဖေဖေတို့စိတ်ချမ်းသာဖို့ပါ🖤

ထိုင်းနိုင်ငံ၏ Top 10စာရင်းဝင်ချမ်းသာကြွယ်ဝလှသော Black groupနှင့် Red groupမှ တဦးတည်းသောသား၂ယောက်၏ လက်ထပ်ပွဲအတွက်ဆွေးနွေးခန်းမှ ထွက်ပေါ်လာသောဆန့်ကျင်ဘက် စကားသံများဖြစ်သည်။

♥Saint ဖေဖေသားအတွက်လုပ်ပေးခဲ့သမျှတွေဟာ ဘယ်တုံးကများအကျိုးမရှိဖြစ်ခဲ့ဖူးလို့လဲ အမြဲသားဘဝအတွက်ကောင်းတာတွေပဲစီစဉ်ပေးခဲ့တာ သားငြင်းဖို့လုံးဝမကြိုးစားနဲ့ သား♥

♥ဖေဖေကလဲ ဗျာ မိန်းမပေးစားရင်တောင်မငြင်းဘူး ခုဟာကယောကျာ်းပေးစားတာလေသားနေရာကနေကိုယ်ချင်းစာကြည့်ပါဦး♥

♥တော်တော့ Saint မင်းပါးစပ်ပိတ်ထားလိုက်တော့ ကလေးဆန်နေတာတွေလဲရပ်လိုက်တော့♥

🖤အန်ကယ် ဖြစ်နိုင်ရင်လေ သူနဲ့ကျွန်တော့်ကိုအခုအချိန်ခဏလောက်ပေးလို့ရမလားဟင် ကျေနပ်စေမဲ့အဖြေတခုရအောင်ကျွန်တော်ညှိပေးမှာမို့လို့ပါ🖤

♥ကောင်းပြီလေ သားတို့အရင်စကားပြောကြပေါ့ လာသူငယ်ချင်းငါတို့ chess သွားကစားရအောင်♥

ဖခင်၂ယောက်ထွက်သွားပြီးချိန်မှာတော့..

🖤ခြံထဲမှာသွားပြောရအောင်🖤

ပြောပြီးတာနဲ့ စမတ်ကျကျခြေလှမ်းတွေနဲ့ထွက်သွားတဲ့လူရဲ့ကျောပြင်ကိုကြည့်ရင်း ရင်ထဲကမခံချိမခံသာခံစားချက်တွေကအလုံးအရင်းနဲ့ကို တလိပ်လိပ်တက်လာပြီ။

ခြံထဲရောက်တော့ ကျွန်တော့်မျက်နှာကိုကြည့်ရင်းတည့်တည့်ပြောလိုက်တဲ့စကားက သူနဲ့ကျွန်တော့်ကြားကအမုန်းတရားတွေအစပျိုးရာဖြစ်လာခဲ့ပြီ။

🖤မင်းငါ့ကိုလက်ကိုလက်ထပ်ရမယ် Saint အဲ့လိုပြောလို့ ငါမင်းကိုလက်ထပ်ချင်လွန်းနေတယ်လို့လုံးဝမထင်လိုက်နဲ့နော် 🖤

🖤ငါ့နာမည်ကBlack အရာအားလုံးအပေါ်လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အစွမ်းအစရှိတယ် မင်းလိုကလေးသာသာကောင်လေးမျိုးကို ငါသေချာပေါက်အနားခေါ်ထားပြီးပုံသွင်းပေးချင်တာမို့လို့ပဲ🖤

♥ဘာ ခင်ဗျားစော်ကားလှချည်လား ကျွန်တော့်ကိုအရုပ်များမှတ်နေလားလူဗျလူ အနားခေါ်ပြီးပုံသွင်းပေးချင်ရအောင် ခင်ဗျားကဘယ်လိုသဘောထားနေတာလဲ ဒဲ့ပြော♥

🖤ငါ့ဘဝမှာအငြင်းခံရတယ်ဆိုတာလုံးဝမရှိသေးလို့ပဲ
အဲ့တော့မင်းနဲ့တွေ့မှငါ့သမိုင်းကိုရာဇဝင်ရိုင်းမခံနိုင်ဘူး🖤

♥မှတ်ထား ကျွန်တော့်နာမည်ကလဲRed ခုချိန်ထိဒူးထောက်အရှုံးပေးရတယ်ဆိုတာ ဘယ်တုံးကမှမရှိခဲ့ဖူးဘူး နောက်လဲရှိလာမှာမဟုတ်ဘူး♥

♥ခင်ဗျားကပဲ ကျွန်တော့်ဘဝကိုအမှောင်ကျစေမှာလား ကျွန်တော်ကပဲ ခင်ဗျားအရိပ်ကိုထိုးဖောက်မှာလား စောင့်ကြည့်ပေါ့ဗျာ♥

🖤သေချာတာတခုက ငါမင်းကိုလုံးဝချစ်လာမှာမဟုတ်ဘူး
ငါ့အဘိဓာန်မှာငါကချစ်တယ်ဆိုတာမရှိဘူး
ငါ့အရိပ်ထဲမှာပဲအဲ့အချစ်ဆိုတာကိုပွေ့ပိုက်ပြီး အကျရှုံးခံတဲ့လူတွေပဲရှိတာ
အဲ့တော့မင်းလုံးဝငါ့ကိုလွှမ်းမိုးနိုင်မယ်လို့စိတ်ကူးတောင်မယဉ်မိစေနဲ့🖤

♥ကြိုက်တယ် ဒါမျိုးကို ကျွန်တော်ဒီလက်ထပ်ပွဲကိုလက်ခံတယ် အချစ်ကိုသက်သေထားပြီး စိန်ခေါ်ကြတာပေါ့♥

♥ဘယ်သူကအနင်းခံဖြစ်မလဲ
ဘယ်သူကလွှမ်းမိုးခံဖြစ်မလဲ
ဘယ်သူကအဲ့အချစ်မှာကျရှုံးမှာလဲဆိုတာ ယှဉ်ပြိုင်ကြည့်ကြတာပေါ့♥

🖤♥🖤♥🖤♥

ဖခင်၂ယောက်၏ စီးပွားရေးအင်အားပူးပေါင်းလိုမှုနဲ့ငယ်စဉ်ကကတိတွေကြောင့်ဒီမင်္ဂလာပွဲဖြစ်မြောက်လာသည်ဟု လူအများကထင်မြင်နေကြသည်။

ဒါပေမဲ့ တကယ့်တကယ် ဖြစ်လာရခြင်းအကြောင်းတရားကိုတော့ ကာယကံရှင်၂ဦးသာအသိဆုံးဖြစ်ပါသည်။

🖤♥🖤♥🖤♥

တနိုင်ငံလုံး မီဒီယာတွေကပါကျွန်တော်တို့မင်္ဂလာပွဲကိုအသားပေးဖော်ပြနေမှုကြောင့် ကျွန်တော်ခုရက်ပိုင်းကျောင်းပင်မသွားဖြစ်တော့ပါ။

နိုင်ငံရဲ့အင်အားကြီးစီးပွားရေးလုပ်ငန်းစုကြီး၂ခု၏ပေါင်းစည်းမှုအပြင် အသက်၂၀ကျော်နှင့် Group ၂ခု၏ CEOဖြစ်နေသည့် Perthကြောင့် လူတကာစိတ်ဝင်စားနေကြသည်ကလဲ အဆန်းမဟုတ်ပါ။

ကျွန်တော်ကတော့ဘဝမှာ ပထမဆုံးစော်ကားခံလိုက်ရခြင်းအတွက် ကျွန်တော့်ခံယူချက်ဗီဇအရ မျက်စိစုံမှိတ်ပြီး ဒီစိန်ခေါ်ပွဲကိုလက်ခံခဲ့ခြင်းသာ

မြင်မြင်သမျှအနီလွှမ်းနေသောအခန်းထဲမှာထိုင်ရင်း ဒီအရောင်နဲ့matchဖြစ်လွန်းသော ကိုယ့်ဟာကိုယ်တွေးရင်း ကျေနပ်နေမိသည်။

♥တောက်ပတဲ့အချစ်နဲ့ ပြင်းရှတဲ့ဒေါသကိုယ်စားပြုက အနီရောင်လေ♥

♥မွေးကတည်းက လူတကာအချစ်ခံအာရုံစိုက်ခံဘဝနဲ့ကြီးပြင်းလာခဲ့ရတဲ့ဘဝက အဲ့လိုအရိပ်တခုလွှမ်းမိုးတာကိုအလွယ်တကူခံမှာတဲ့လား ခင်ဗျားရယ်♥

♥ခင်ဗျားနှလုံးသားက ကျွန်တော်မှကျွန်တော်မရှိမဖြစ်ဆိုတဲ့အနေအထားမျိုးဖြစ်ကိုဖြစ်လာစေရမယ်♥

♥သူ့ဘဝကိုလွှမ်းမိုးချုပ်ကိုင်ချင်မှတော့သူ့ဘဝထဲ ထဲထဲဝင်ဝင်အရင်နေရာယူမှဖြစ်မှာလေ အဲ့အတွက်ဒီလောက်တော့ရင်းရမှာပဲမဟုတ်လား♥

အနီရောင်လွှမ်းသောအပြုံးတွေက ပြိုင်ဆိုင်မှုပြင်းထန်တော့မည့် ရှေ့ပြေးလက္ခဏာတရပ်ပင်ဖြစ်ပါသည်။

🖤♥🖤♥🖤♥

🖤ဘဝမှာငြင်းပယ်ခံရခြင်းနဲ့ကိုယ်ဟာ ဘယ်တုံးကမှမရင်းနှီးခဲ့ဖူးဘူး🖤

🖤အချစ်ဆိုတာကို လုံးဝအယုံအကြည်မရှိသလိုချစ်လဲမချစ်ချင်တာမို့ အချစ်တွေနဲ့ဝေးဝေးပဲနေသည်🖤

🖤မွေးကတည်းက အနက်ရောင်ကိုပဲတမ်းတမ်းစွဲနှစ်ခြိုက်သဘောကျတဲ့စိတ်က အရာရာကိုကိုယ်ကပဲရိပ်မိုးချုပ်ကိုင်လိုစိတ်တွေမွေးဖွားပေးခဲ့လေသလားမသိ🖤

🖤အခုလဲ ကိုယ့်ဘဝထဲဝင်ရောက်လာမည့်ကလေးတယောက်ကို စိတ်အလိုအရကိုယ့်အရိပ်အောက်မှာပဲရှိနေစေချင်စိတ်တွေပြည့်နေသည်🖤

🖤ဘယ်လောက်တောက်ပနိုင်မှာလဲ တသက်လုံးအရိပ်လိုမင်းကိုလွှမ်းမိုးသွားမှာမို့လို့ရသလောက်အားနဲ့ကြိုးစားကြည့်ပေါ့ကောင်လေးရေ🖤

🖤အချစ်အမုန်းကင်းစွာနဲ့ငါ့နှလုံးသားခံယူချက်အတိုင်းနေတာမို့လို့ အသည်းနှလုံးမရှိဘူးလို့မပြောကြေးပေါ့ကွာ🖤

🖤♥🖤♥🖤♥

ကင်မရာမီးရောင်တဖျတ်ဖျတ်အောက်ကလက်ထပ်မင်္ဂလာပွဲတခု

ချောမောခန့်ညားမှုနှင့် ချစ်စရာကောင်းမှုတွေအပြိုင်ဖြစ်တည်နေသော သတို့သား၂ဦး

အပြန်အလှန်လက်စွပ်ဝတ်ပေးကြပြီးဆုပ်ကိုင်ထားသောလက်အစုံဟာ တသက်တာတူတူဖြတ်သန်းကြမဲ့ကတိလို့ လူအများရှေ့ထင်မြင်စရာဖြစ်ကောင်းဖြစ်နေပေမဲ့ သူတို့ရဲ့မျက်လုံးတွေကတော့စကားတွေအများကြီးပြောနေသည်လေ။

🖤အခုကစပြီး ငါ့ရဲ့လွှမ်းမိုးမှုအောက်မှာနေပါ မင်းစိတ်ချမ်းသာစေရမယ်လို့ အနည်းဆုံးတော့ကတိပေးနိုင်ပါတယ်🖤

♥အခုကစပြီး ကျွန်တော့်ဘက်ကလဲကတိပေးတယ် ခင်ဗျားဘဝကြီးအနည်းဆုံးတော့ မှောင်မဲနေတော့မှာမဟုတ်ဘူးဆိုတာကိုပေါ့♥

အပြန်အလှန်တီးတိုးစကားသံတွေအပြီးမှာ ထပ်တူကျလိုက်တဲ့နှုတ်ခမ်းတွေဟာ ရှေ့ဆက်အသက်ဝင်လာတော့မဲ့ စိန်ခေါ်မှုတွေကို အတည်ပြုပေးလိုက်ခြင်းသက်သက်ပင်

မင်္ဂလာပွဲလာပရိသတ်တွေရဲ့လက်ခုပ်သံတွေက ဒီစိန်ခေါ်မှုကိုမသိမသာအသိအမှတ်ပြုလိုက်မှန်း သူတို့ကိုယ်တိုင်ပင်သိမည်မထင်ပါ။

🖤♥🖤♥🖤♥

မင်္ဂလာပွဲပြီးလို့ သီးသန့်ခွဲနေမည့်အိမ်သို့ ၂ဦးသားရောက်လာခဲ့ကြသည်။

အိမ်ရောက်တာနဲ့ ရေချိုးခန်းထဲတန်းဝင်သွားသောကောင်လေး

ခုထိစကားတလုံးမှ ဟဟမပြောဖြစ်ကြသေး

ကိုယ်လဲစိတ်ရောလူပါမသိမသာနုံးနေတာမို့ သူအပြီးကိုစောင့်မနေတော့ဘဲ ဘေးအခန်းကရေချိုးခန်းကိုသာ အသုံးပြုလိုက်တော့သည်။

ရေမိုးချိုးပြီး Bathrobeဝတ်ကာ အခန်းထဲအဝတ်အစားလဲရန်ဝင်လာခဲ့တော့
ကုတင်ပေါ်မှာကိုယ့်လိုပင် Bathrobeလေးပဲဝတ်ထားပြီး ခြေထောက်ချိတ်ထိုင်နေတဲ့ကောင်လေး

စသတိထားမိတာက နီဆွေးနေတဲ့နှုတ်ခမ်းဖူးဖူးလေး လှပါသည်ဆိုသောမိန်းမတယောက်တောင်မမီနိုင်အောင်ကို လှသည့်ကောင်လေး

ခဏရပ်ကြည့်ပြီး အဝတ်ဗီရိုရှိရာသွားတော့ သူ့ဆီကစကားသံထွက်လာသည်။

♥ခင်ဗျားနဲ့တခန်းတည်းတူတူအိပ်ရမှာလား ဘယ်မှာအိပ်ရမှာလဲ♥

မေးပုံကိုကအဆန်းပင်

🖤မင်းကရော ဘယ်မှာအိပ်ချင်လို့လဲ🖤
ပြောရင်း တလှမ်းချင်းသူ့အနားတိုးသွားတော့ အကြောက်တရား ကင်းမဲ့စွာကြည့်လိုက်တဲ့မျက်လုံးတွေက အရိုင်းဆန်လွန်းသည်။

♥ခင်ဗျားနဲ့တူတူတော့မအိပ်ချင်ပါဘူး ♥

အရိုင်းဆန်တဲ့စကားသံတွေရယ်အကြည့်တွေရယ်က နဂိုဗီဇစိတ်ကို တမင်ဆွပေးနေသလိုပင်

ရုတ်တရက်သူ့ကိုပုခုံးကနေကိုင်ကာ ကုတင်ပေါ်လှန်ချပြီး အပေါ်ကနေအုပ်မိုးလိုက်ရင်း

🖤မင်းပြောတော့ငါ့ကိုလွှမ်းမိုးကြည့်ချင်တယ်ဆို ခုတည်းကရှောင်ပြေးနေရင် ပွဲကလှပါ့မလားကွာ🖤

ဝိုင်းစက်တောက်ပနေသောမျက်လုံးတွေက အဖြေတစုံတရာ ပြန် ရှာနေသလိုမျိုး

အဲ့အဖြေကိုကိုယ်ပါအပြေးအလွှားရှာဖွေနေမိသည့်အဖြစ်.....

Saint လက်ခံလား လက်မခံဘူးလားဆိုတာကတော့.......

😁Feedbackလေးတွေလိုချင်ပါတယ်နော်

#Theoriesoflove
#May

Continue Reading

You'll Also Like

352K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
908K 60.7K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် (22.11.2020)
404K 3.8K 5
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
2.5M 157K 100
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...