Part 28
" ဂျိုကာ!...ဂျိုကာ "
" မြေးလေး...မြေးလေးသတိရလာပြီလား! "
ကျွန်တော်နိုးနိုးခြင်း ကျွန်တော်ကိုစိတ်ပူစွာ
ကြည့်နေတဲ့အဖိုးကို မြင်ရသည်။
" ဖိုးဖိုး ဂျိုကာရော့ သေသွားပြီလား. "
" မသေပါဘူး မြေးလေးရဲ့ သူနေကောင်းပါတယ် "
" အဲ့ဒါဆိုခေါ်ပြပါ .....သွားခေါ်ပေး...
ဂျိုကာကိုခေါ်ပေး "
kit မယုံနိုင်စွာပြောလိုက်သည်။
" အဖိုးခေါ်ပေးမယ် မြေးလေး
စိတ်သိပ်မလှုပ်ရှားနဲ့ "
အ်ိမ်တော်ထိန်းကိုသွားပြီး ချက်ခြင်းခေါ်ခိုင်း
လိုက်တော့ ကောင်လေးလိုက်လာသည်။
" Boss!....Boss! "
ကောင်လေးကို မြင်တာနဲ့ မြေးလေး ချက်ခြင်းထထိုင်သည်။ ကောင်လေးက မြေးလေးလက်ကို ကိုင်တာနဲ့ မြေးလေးကကောင်လေးကို ဆွဲဖက်ထားသည်။
" အဟင့်....ဟင့်...ဂျိုကာ ဘာမှမဖြစ်ဘူးနော် ကျွန်တော်က...သေသွားပြီးမှတ်နေတာ..
.တော်သေးတယ် "
ကျွန်တော်ကိုဖက်ထားပြီး ရှိုက်သံပါအောင်ငိုနေတာကြောင့် ကျွန်တော် Bossကျောကို လက်နဲ့ ပုတ်ပေးကာ
" ကျွန်တော်ဘာမှမဖြစ်ပါဘူး ...Boss! "
Boss ငိုနေရင်းမောပန်းစွာပြန်အိပ်ပျော်သွားသည် သူဌေးကြီးက ဆရာဝန်ကိုခေါ်ပြီး စမ်းသပ်ခိုင်းတော့
" ကျွန်တော်မြေးလေးအခြေအနေ ဘယ်လိုလဲ
သူစိတ်ဖီစီးပြီး အရင်လို့ပြန်ဖြစ်သွားလို့ မဖြစ်ဘူး "
" သိပ် စိတ်မပူပါနဲ့ ဥက္ကဌ! သူဌေးလေးကကောင်းကောင်း မနိုးသေးလို့ပါ ကျွန်တော်တစ်ခုစိုးရိမ်တာက သူမေ့ထားတဲ့ သူအမေဆုံးသွားတဲ့ အဖြစ်အပျက်ကို ပြန်ပြန်သတိရနေမှာ ဆိုးတယ်
ဒီချိန်မှာ သူပါးပါးကို လှမ်းခေါ်လိုက်ပါ့လား "
" ဒေါက်တာအကြံပေးတာကို ကျေးဇူးတင်ပါတယ် "
ဒေါက်တာတွေထွက်သွားတော့ ဦးလေးက သူဌေးကြီးကို အတင်းပြန်နားခိုင်းပေမဲ့ သူဌေးကြီး ခေါင်းမာနေတာကြောင့်
" ကျွန်တော်ရှီနေပေးမှာပါ ဘေးနားကနေ တစ်ဖါဝါးမှမကွာပဲ ရှီနေပေးမှာပါ ခဏလေးတော့ ပြန်နားလိုက်ပါနော် သူဌေးကြီး "
" ဖိုးဖိုးလို့ပဲခေါ်ပါ ကောင်လေး "
" ဗျာ ..."
"မအံသြပါနဲ့ ကောင်လေးအတွက်ကြောင့် ဒီလိုဖြစ်တယ်လို့ ဖိုးဖိုးပြောမိတာ ခွင့်လွှတ်ပါ တကယ်တော့ ကောင်လေးမကယ်ရင် အဖိုးမြေးလေးအဖြစ်က မတွေးရဲစရာပဲ "
" ကျွန်တော်ကြောင့်ဖြစ်သွားတာ မှန်ပါတယ် သူဌေး ကျွန်တော်ကြောင့်ပါ "
Boss ဒီလိုဖြစ်တာ သူအပြစ်မကင်းပေ။
" ကိုယ့်ကိုကိုယ့်အပြစ်မတင်ပါနဲ့ အဖိုးလို့ပဲ ခေါ်လို့ ပြောထားတယ်လေ "
" ဟုတ်ကဲ့ ခဏလောက်ပြန်နားလိုက်ပါနော် အဖိုး "
Mohကပါ
" ကျွန်တော်လည်း အချိန်ပြည့် စောင့်ပေးမှာပါ
အဖိုးကလဲ ပြန်နားလိုက်ပါ "
အဖိုးကို အတင်းပြောနေတာကြောင့် အဖိုး ပြန်သွားနားသည် အခန်းထဲမှာ ကျွန်တော်နဲ့ မတည့်တဲ့ Moh နဲ့ ကျွန်တော်အကြည့်ချင်းဆုံပြီး
" ခင်ဗျား! "
" မင်း! "
နှစ်ယောက်သားပြိုင်တူပြောမိတာကြောင့်
" မင်းအရင်ပြော! "
" ခင်ဗျားအရင်ပြော! "
ထပ်ပြီး ပြိုင်တူပြောမိတာကြောင့်
" ငါအရင်ပြောမယ် မင်းလဲ နားချင်ရင်သွားနား "
"ကျွန်တော်က Kirstငယ်ငယ်ကတည်း ကဖျားရင်
သူဘေးနားမှာနေနေကျ ခင်ဗျားသာ ပြန်သွားနား "
" ဟုတ်လား ဒါပေမဲ့ ငါထင်တယ်နော် Boss နိုးလာရင် ငါနာမည်ကိုပဲ အရင်ခေါ်လိမ့်မယ် "
" ခင်ဗျား..."
ကျွန်တော်ပြောလိုက်တော့ ဒေါသဖြစ်သွားတဲ့ ကောင်လေး
" စတာပါ Moh ငါက မင်းကိုအဝေးကြီး သွားနားခိုင်းတာ မဟုတ်ပါဘူး ဆိုဖာပေါ်မှာ ခြေထောက်ဆန့်ပြီး နားပါ မင်းလဲ ပင်ပန်းမှာပေါ့ "
" ခင်ဗျားက ခေါင်းထိထားတာလေ ခင်ဗျားပဲနားပါ "
ဒီလိုဆိုတော့ ဒီကောင်လေး စိတ်ထားကောင်းပြီး
ကြင်နာတက်သားပဲ။ Bossနားမှာ ဒီကောင်လေး
နှစ်တွေအကြာကြီးရှီနေတာ သူရဲ့ကောင်းမွန်တဲ့
စိတ်ထားကြောင့်ပဲ
"ကော်ဖီသောက်ချင်တယ်
ကော်ဖီသွားဝယ်ပေးပါ့လား
Moh ! "
" သွားဝယ်ပေးမယ်လေ "
Moh ထွက်သွားတော့ ကျွန်တော် baby boss မျက်နှာကို ပြန်ကြည့်နေသည်။ အိပ်နေတာလေးကိုးက အရမ်းချစ်စရာ ကောင်းလိုက်တာ နေမကောင်းလို့ အိပ်နေတယ်ဆိုပေမဲ့ အိပ်နေတာကိုးက နှုတ်ခမ်းထော်လေးနဲ့ ချစ်ဖို့ကောင်းပြီး အသဲယားတာနဲ့ ကျွန်တော်အမှတ်မရှီ အဲ့ဒီနှုတ်ခမ်းကို ထပ်နမ်းလိုက်သည်။
"အဟမ်း! "
ချောင်းဟန့်တာကြားလို့ နမ်းနေရာက နေခွာပြီး
အလန့် တကြား နောက်လှည့်ကြည့်လိုက်တော့
" Yorch! "