To be a Heartthrob in a Horro...

بواسطة Kuro_Fuyu

441K 88.4K 4.7K

Original Author - Jiang Zhi Yu(姜之鱼) Chapters - 149+7 extras English Translator - Naeda / Kk translates [Zawgy... المزيد

Prologue
[Arc 1] Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
[Arc 1 END] Chapter 15
Chapter 16
Chapter 17
[Arc 2] Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
[Arc 2 END] Chapter 39
[Arc 3] Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
[Arc 3 END] Chapter 58
[Arc 4] Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
[Arc 4 END] Chapter 80
[Arc 5] Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
[Arc 5 END] Chapter 108
[Arc 6] Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114 [ဟောလိုးဝင်းအထူးသီးသန့်]
Chapter 115[ဟောလိုးဝင်းအထူးသီးသန့် End]
Chapter 116
Chapter 117
Chapter 118
Chapter 120
Chapter 121

Chapter 119

713 102 9
بواسطة Kuro_Fuyu


Chapter 119: စိတ်ပူပန်မှု

အပြင်ဘက်ကော်ရစ်ဒါသည် ပိန်းပိတ်အောင်မှောင်မိုက်နေပြီး အခန်းထဲရှိအလင်းရောင်တစ်ခုတည်းပင် ကော်ရစ်ဒါဘက်ဖြာထွက်နေ၏။

အထဲ၌အိပ်နေသောစုယင်းနိုးသွားမည်စိုး၍ စုမင်သိသိသာသာ အသံနိမ့်လိုက်သည်။ စုမင်တရုတ်ရုတ်ဖြင့် အသံမထွက်ချင်ပေ။

"ကိုယ်ကြည့်လို့မကောင်းဘူးလား?" ချန်စုမေး၏။

စုမင် "……..ကြည့်ကောင်းပါတယ်"

စုမင်မလိမ်ပေ။ ချန်စုသည် လက်တွေ့ကျကျ လမ်းလျှောက်သည့်ဟန်ပန်သည် ဖက်ရှင်ကျသည်။ ဘာပဲဝတ်ဝတ် သူ့အတွက် အံဝင်ခွင်ကျဖြစ်ပုံရသည်။

ချန်စုက ကို့ရ်ိုးကားရားမဖွယ်မရာတစ်ခုခု ဝတ်ထားရင်တောင် နာမည်ကြီး ဒီဇိုင်နာတစ်ယောက်ရဲ့ အဝတ်အစားနဲ့တူမယ်လို့ စုမင်သံသယရှိခဲ့တယ်။

ဤသည်မှာ ရုပ်ရည်ချောမောသော မျက်နှာရှိခြင်း၏ အကျိုးကျေးဇူးဖြစ်နိုင်သည်။

စုမင် တံခါးကိုမှီလိုက်ပြီး .."ဒီလောက်ညအချိန်နောက်ကျနေပြီကို ခင်ဗျားဘာလိုချင်လို့လဲ?"

ချန်စုက .."သေချာတာပေါ့……မင်းကိုလုပ်ဖို့"

စုမင် "ထွက်သွားစမ်း"

ချန်စုရယ်သွမ်းပြီး .."မင်းညီမအိပ်နေပြီလား?"

စုမင်အပြုံးလေးဖြင့် .."မင်းခန့်မှန်းတာမှားတယ် ... အဲ့ဒါ ငါ့သမီး ... မိသားစုနာမည်အတူတူပဲ"

သေချာပေါက် ချန်စုမယုံပေ။ သူသည် ရုပ်ရှင်ထဲတွင် အရာအားလုံးကို သိသူဖြစ်သောကြောင့် တစ်စုံတစ်ယောက်အကြောင်းသိရှိရန် သူ့အတွက် လွယ်ကူသောစွမ်းဆောင်ချက်တစ်ခုဖြစ်သည်။

သူက .."မင်းတို့အဖွဲ့ထဲကတစ်ယောက်က သေသွားပြီ"

စုမင်ခေါင်းငြိမ့်၏။ အမှန်တကယ်တော့ သူခန့်မှန်းပြီးသားပင်။ မဟုတ်လျှင် ဘယ်မှာသူရှိနိုင်မှာမို့လို့လဲ? .."ကျွန်တော်သိတယ်"

ချန်စုသည် ရုတ်တရက်အနားမကပ်ခင် ဇာတ်ကြောင်းကို စိတ်မရှည်စွာပြောသည်။ ယခု နှစ်ယောက်သား အလွန်နီးကပ်နေပြီဖြစ်သည်။
"မင်းဘယ်တော့ ကိုယ်နဲ့အတူနေမှာလဲ?"

သူ မစောင့်နိုင်တော့ပေ။

စုမင်ပြုံး၍ .."ခင်ဗျားဘယ်သူလဲ သိတဲ့အချိန်"

ချန်စုက .."ကိုယ့်နာမည်သိပြီးပြီ မဟုတ်ဘူးလား?"

သူ့ပခုံးပေါ် စုမင်လက်တင်ပြီး တည်ငြိမ်စွာပြော၏ .."ချန်စု ... ငါပြောတဲ့အဓိပ္ပာယ်ကို ခင်ဗျားကောင်းကောင်းသိသင့်တယ်"

ချန်စု တိတ်တိတ်လေးသက်မချလိုက်သည်။

သူ့လုပ်ရပ်ကနေ သူ့ခြေထောက်သူရိုက်ဖို့ မမျှော်လင့်ထားပေ။ ဒီအကြောင်းကို စောစောက သိခဲ့ရင် သူ အမှန်တရားကို ပြောပြပြီးနေပြီဖြစ်သောလည်း ဒါက သူအတွက်အဆင်မပြေပေ။

သူ့ကို စုမင်ကြည့်လိုက်ပြီး စွဲမက်ချင်ဖွယ်အသံဖြင့် .."အခုပြောလို့ရတယ်လေ ... နောက်မကျသေးပါဘူး၊ ဒါမှမဟုတ် ခင်ဗျားဘာသာဆက်စောင့်နေပေါ့"

ချန်စု သူ့မျက်ဝန်းများကိုကြည့်လိုက်ပြီး နောက်ခေါင်းခါ၍ .."ကိုယ်အခုပြောရင်တောင် မင်းဘာမှခံစားရမှာမဟုတ်ဘူး၊ မကြာခင်မင်းသိမှာပါ"

သူသည် အရာများကို အနည်းငယ် အရှိန်မြှင့်နိုင်ပေမည်။

ဒါကိုကြားသည့်အခါ စုမင်မျက်မှောင်ကျုံ့လိုက်သည်။ သူဘာကိုဆိုလိုလဲ စုမင်မသိသော်လည်း သူ(စုမင်)တစ်ခုခုမေ့လျော့နေသည်ကိုတော့ ခပ်ရေးရေး ပြောနိုင်သည်။

သူဘာကိုမေ့နေလဲ သူကိုယ်တိုင်တောင်မသိပေ။

စုမင် လွန်ခဲ့သည့်နှစ် နှစ်ဆယ်ကျော်အချိန်များကို လေးလေးနက်နက်ပြန်အမှတ်ရတွေးခေါ်သော်လလည်း ချန်စုနာမည်နှင့်သူကို လုံးဝရှာမရခဲ့ပေ။ သူ့အဖွား၏စကားတွေအရ တစ်ချိန်က ချန်စုဟုခေါ်သည့်သူတော့ရှိတာ သေချာ၏။

သူ့အဖွားသာမမှားဘူးဆိုလျှင် သူ့မှတ်ဉာဏ်မှာ တစ်ခုခုချို့ယွင်းနေသည်။

သေချာဂရုတစိုက်စဉ်းစားပြီးနောက် စုမင်သည် မှတ်ဉာဏ်၏ဘယ်အပိုင်းက ပြဿနာဖြစ်နေလဲ မပြောနိုင်ပေ။ သူဘယ်လောက်ပဲစဉ်းစား စဉ်းစား အရာအားလုံးက ပုံမှန်ပင်။

အလွန်ကိုသာမန်ဖြစ်လွန်း၍ တစ်ခုခုမှားနေပြီလို့ ခံစားရသည်။

စုမင်မှတ်ဉာဏ်ကောင်းပြီး အဲဒါကို သူသိတာကြာပြီ။ ငယ်ငယ်ကတည်းက စာလေ့လာတဲ့အခါ အများကြီး အထောက်အကူဖြစ်ခဲ့တယ်။

သို့သော် လူအနည်းငယ်မှလွဲ၍ မည်သူမျှ ၎င်းတို့၏ဘဝတစ်လျှောက်လုံး အသေးစိတ်အားလုံးကို မှတ်မိနိုင်မည်မဟုတ်ကြောင်းကိုလည်း သူကောင်းကောင်းသိသည်။

စုမင်သည် ထိုထူးခြားသည့်အဖွဲ့တွင် ပါဝင်သည်ဟု မခံစားရပေ။

ရံဖန်ရံခါတွင် အခန်းဖော်များက သူမမှတ်မိသည့်အရာတစ်ခုကို ပြောသောအခါ တစ်ခုခုကို သူမေ့သွားတတ်သည့် အခိုက်အတန့်များ ရှိတတ်သည်။ သို့သော် ထိုခဏတာလေးသည် လူတစ်ဦးလုံး၏ ဖြစ်တည်မှုကို ထည့်သွင်းရန် မလုံလောက်ပေ။

စုမင်အသိပြန်ဝင်လာပြီး ချန်စုသည် မျက်တောင်မခတ်သူ့ကိုစိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူလှမ်းပြီး သူ့မျက်နှာကိုထိကိုင်လိုက်သည်။

တကယ့်လူအစစ်ပင်။

"နောက်ခါတွေမှာရော ခင်ဗျား ဒီလိုမျိုးပဲပေါ်လာဦးမှာလား?" စုမင်မေး၏။

"ဘယ်ဟုတ်မလဲ" ချန်စုပြောသည်။

စုမင်ခေါင်းငြိမ့်သည်။ သူတစ်ခုခုပြောမည့်အချိန် ချန်စုဆွဲ၍ ပွေ့ဖက်လိုက်သည်။ သူခေါင်းသည် ချန်စုပခုံးတွင်မှီလျက်သားဖြစ်သွားသည်။

သူလည်ပင်းတွင် ချန်စုအသက်ရှူလေကိုခံစား‌ရပြီး သူ့နားရွက်ဖျားကိုပူလာစေသည်။ စုမင်နည်းနည်းသက်တောင့်သက်သာမရှိပေ။

ချန်စု "မလှုပ်နဲ့"

စုမင် ခဏတာ တောင့်တင်းသွားပြီး နောက်ဆုံးတွင် ပြေလျော့သွားသည်။ သူ့လက်ကို ဆန့်တန်းပြီး တံခါးဝမှာ နှစ်ယောက်သား တိတ်တိတ်လေး ရပ်နေခဲ့သည်။

ချန်စု ရှူရှိုက်လိုက်သည် ။

စုမင်၏ရနံ့သည် သူ့အတွက် အလွန်ထူးခြားသည်။ ဘိန်းကဲ့သို့ စွဲမက်ဖွယ်ကောင်းသော်လည်း အဆိပ်ပြင်းသည်။

ချန်စုက သူ့နှုတ်ခမ်းထောင့်နှိမ့်သွားပြီး စုမင်၏လည်ပင်းကောက်ကောက်မှာ သူ့ကိုယ်သူနှစ်မြှုပ်လိုက်တယ်။

အပြင်ဘက်ကော်ရစ်ဒါမှာ တိတ်ဆိတ်နေသည်။ သင်္ဘောကြီး၏အရွယ်အစားကြောင့် ယိမ်းနွဲ့သွားသည်ကို မခံစားရဘဲ အလွန်တည်ငြိမ်ခဲ့သည်။  လှိုင်းပုတ်သံတောင် မကြားရချေ။

ဘယ်လောက်ကြာမှန်းမသိသောအချိန်ကာလတစ်ခုလွန်သွားပြီးနောက် စုမင် ရုတ်တရက်တစ်ခုခုကို သတိရသွားသည်။ သူက .."ခင်ဗျားအခုလက်ရှိက သင်္ဘောသားလား?"

"မဟုတ်ဘူး ... ကိုယ်က ဘယ်သူဆိုတာ ကြိုက်သလိုယူလို့ရတယ်"

စုမင်သရော်ပြုံးကာ .."အတော်လေးစွမ်းအားကြီးတယ်ပေါ့"

ချန်စုရယ်သွမ်းလိုက်သည့်အခါ ရင်ဘတ်လှုပ်ခါသွားသည်ကို စုမင်ခံစားရသည် .."မကောင်းဘူးလား?"

စုမင်က .."ကောင်းပါတယ် ... ခင်ဗျားလိုလူကသာ အာဏာကို ကိုယ်ကျိုးအတွက် အသုံးချတာ ...  ရုပ်ရှင်ရုံမှာ ဘယ်သူမှ မပြောဝံ့တာကို ခင်ဗျားမမြင်ဘူးလား"

ချန်စုမဖြေသော်လည်း သူ၏လေ့လာစူးစမ်းမှုကို စိတ်ထဲသဘောတူခဲ့သည်။

ချန်စုသည် ရုပ်ရှင်လောကနှင့် ဆက်ဆံရေးပုံစံအချို့ရှိနေကြောင်း စုမင်က အချိန်အတော်ကြာ အတည်ပြုခဲ့သည်။ ဒီလိုမှမဟုတ်ရင် ရုပ်ရှင်ရုံရဲ့နှိုးဆော်သံကို မမြှင့်ဘဲနဲ့ ရုပ်ရှင်ထဲမှာ အကြိမ်ပေါင်းများစွာ ပါဝင်ဖို့ မဖြစ်နိုင်ပေ။

ဒီအတွက် တစ်ခုတည်းသော ဖြစ်နိုင်ချေကတော့ ချန်စုဟာ ရုပ်ရှင်ရုံမှ အပြစ်မပြုနိုင်တဲ့သူတစ်ယောက်ပင်။ ရာထူးကြီးသူဖြစ်စေ အထက်အရာရှိဖြစ်စေ ဝန်ထမ်းများ၏ သဘောထားသည် ဤအချက်ကို သက်သေပြခဲ့သည်။

ချန်စုလည်း ဘယ်တော့မှမငြင်းခဲ့ပေ။

စုမင်သည် ဆက်ပြောမည့်အချိန် သူ့အနောက်မှ တရှဲရှဲအသံကိုရုတ်တရက်ကြားလိုက်ရသည်။ ထို့နောက် သေးငယ်သောမိန်းမငယ်လေးအသံပျံ့လွင့်လာတယ် —–
"ဒယ်ဒီ ... သူနဲ့ဘာလုပ်နေတာလဲ?"

°
°
°
မနေ့ညကဖြစ်ရပ်များကြောင့် ဘယ်သူမှကောင်းကောင်းအိပ်မရခဲ့ပေ။

သေချာ‌တာပေါ့ ... စုမင်တော့မပါပေ။ ချန်စုထွက်သွားပြီးနောက် နှစ်ခြိုက်စွာအိပ်မောကျသွားခဲ့ပြီး ပုံမှန်အတိုင်းနိုးလာခဲ့သည်။

မျက်နှာသစ်ပြီးနောက် စုမင်မှန်ကြည့်ကာ မနေနိုင်ဘဲရယ်လိုက်မိသည်။

အပြင်ဘက်မှ စုယင်းတံခါးတွန်းဖွင့်ပြီး .."ဘယ်တွေရယ်နေတာလဲ?"

စုမင်လှည့်ကာ မေး၏ .."မနေ့ညက ဘာလို့အာ့လိုပြောရတာလဲ? ချန်စုရိုက်မှာ ကြောက်နေခဲ့တာ မဟုတ်ဘူးလား?"

အစောနက သူမသည် သူရဲ့သမီးပါလို့ ချန်စုကိုပြောခဲ့သော်လည်း ချန်စုမယုံကြည့်ခဲ့ပေ။ သူ မထင်ထားတာက စုယင်းနိုးလာတဲ့အချိန် သူ့အတွေးတိုင်းထက်တူကျနေမည်လို့ပင်။

ချန်စုမျက်နှာအမူအရာကို သူမှတ်မိသေးသည်။

စုယင်း သူမမျက်နှာသူမ ကိုင်လိုက်ပြီး ပြုံးကာ .."သူလုပ်မှာမဟုတ်ဘူး၊ ညီမက အစ်ကို့ရဲ့ညီမလေးလေ ... နောက်ပြီး အစ်ကိုကသူရဲ့ချစ်ရတဲ့ရတနာလေ ... သေချာပေါက်သူရိုက်မှာမဟုတ်ဘူး"

စုမင်လှုပ်ရှားမှုရပ်တန့်သွားပြီး .."ဘာရတနာလဲ? အဲ့ဘာမဟုတ်တဲ့တီဗွီရှိုးတွေ မကြည့်နဲ့တော့ ... သူတို့ဆီက အကျင့်ဆိုးတွေပဲရလိမ့်မယ်"

စုယင်းသည် သူ့ကိုလျှာထုတ်ပြလိုက်သည်။

သဘာဝကျကျ ဘာတွေဖြစ်နေလဲဆိုတာ သူမသိခဲ့သည်။ 'ဒယ်ဒီ' လို့ခေါ်ခဲ့တာကလည်း တမင်ရည်ရွယ်ခဲ့တာဖြစ်သည်။ သူမသည် တအောင့်မျှနိုးနေခဲ့ပြီဖြစ်ကာ အပြင်၌ လူနှစ်ယောက်ကျီစယ်ကလူနေသည့်အသံကိုကြားနေရပြီး သူမကဲ့သို့စင်ဂယ်တစ်ကောင်အနေနဲ့ ဘယ်လိုမှဆက်ပြီးနားမထောင်နိုင်‌ခဲ့ပေ။

အကယ်၍ သူတို့တကယ်ပဲ အကြင်နာအနမ်းပေးနေပြီဆိုရင် သူမတည်ရှိမှုကို လစ်လျူရှုကြလိမ့်မည်။

ရေချိုးခန်းထဲက ထွက်လာသော စုမင်သည် စုယင်း၏ စိတ်ထဲမှာ ဤထူးဆန်းသော အတွေးများကို သတိမမူမိပေ။ ဘီရိုကိုဖွင့်ကြည့်လိုက်တော့ အရာအားလုံးပုံမှန်ဖြစ်နေပြီဆိုတာ မြင်လိုက်ရတော့ စိတ်သက်သာရာရသွားသည်။

အခန်းတိုင်းတွင် အင်္ကျီချိတ်များရှိတာကြောင့် မနေ့ညကကဲ့သို့ဖြစ်ရပ်က ဘယ်ချိန်မဆိုဖြစ်လာနိုင်သည်။

စုမင်သည်လည်း သဘာဝကျကျပင် လူသားအရေခွံတော့မဖြစ်ချင်ပေ။

ရုပ်ရှင်ကို‌မဖြေရှင်းနိုင်က ပြဿနာမဟုတ်။ ပြဿနာက သူသေလျှင် စိတ်မချမ်းမြေ့ဖွယ်နဲ့ နာနာကျင်ကျင်သေရလိမ့်မည်။ မည်သူတစ်ဦးမှ သေရလောက်တဲ့အထိ နှိပ်စက်ညှဉ်းပန်းခံရပြီး မသေချင်ပေ။

ထန်ရီရှုသည် လူသားအရေခွံအဖြစ်ပြောင်းခံခဲ့ရပြီး အလွန့်ကိုနာကျင်မည်ဖြစ်ကာ အသက်ထွက်မတတ်နာကျင်စွာအော်ခဲ့ပုံရသည်။

စုမင်သည် ထိုမြင်ကွင်းကို စိတ်ကူးရခက်နေခဲ့သည်။ ထို့အပြင် ထိတ်လန့်စက်ဆုပ်ဖွယ်လည်းကောင်းသည်။ သူ့အရိုးနဲ့အသားက ဘယ်ရောက်သွားတယ်ဆိုတာ ပဟေဠိဖြစ်နေတုန်းပင်။

ကပ္ပတိန်ဒီနေ့ယူလာတဲ့ အစားအစာကို ထန်ရီရှု၏အသားများဖြင့်လုပ်ထားမှာ သူစိုးရွံ့သည်။ ဒီလိုဆိုရင် ယခင်က ရုပ်ရှင်တွေထဲ ပြန်ဝင်သွားသလို ခံစားရသည်။

စုယင်းမျက်နှာသစ်ဆေးကြောပြီး ရေချိုးခန်းထဲကထွက်လာတယ်။

စုမင် ကုတင်ကိုခင်းကျင်းပြီးနောက် ထိုင်၏။

ခဏအကြာ စုယင်းက .."ရုပ်ရှင်ရုံရဲ့ဒီနေ့သဲလွန်စက ရေ တဲ့ ... ဒါက သင်္ဘော၊ ပင်လယ်က ညီမတို့အောက်မှာ ... အားလုံးကရေနဲ့သက်ဆိုင်နေတာပဲကို ... ဒီ့တော့ ဘာလုပ်ကြမလဲ?"

စုမင်က .."စိတ်မပူပါနဲ့ ... သဲလွန်စပေးတဲ့ရည်ရွယ်ချက်က တစ်စုံတစ်ယောက်က ရေကြောင့်သေတော့မယ်ဆိုတာပဲ ... မင်းဂရုစိုက်ဖို့ပဲလိုတယ်"

သူတို့နှစ်ဦးလုံးတော့ မဖြစ်နိုင်ပေ။

စုယင်း 'အို့' လို့အာမေဋိတ်ထွက်သွားပြီး .."ဒါဆိုအိုခေလေ"

တံခါးခေါက်သံထွက်ပေါ်လာပြီး ချင်းမုရင်အသံကြားလိုက်ရသည် .."စုမင် မင်းနဲ့မင်းညီမနိုးပြီလား?"

စုမင်တံခါးဖွင့်လိုက်ကာ .."ဘာဖြစ်လို့လဲ?"

ချင်းမုရင်ကောင်းကောင်းမအိပ်စက်ခဲ့ရပေ။ သူမျက်ဝန်းတစ်ဝိုက်၌ ညိုမဲနေလေ၏။ စုမင်တံခါးဖွင့်တာမြင်သည့်အခါ စိတ်သက်သာရာရသွားသည်။

သူရှင်းပြ၏ .."မနက်စာသွားစားရအောင် ... လမ်းမှာ ငါတို့ဖုန်းရှာလို့လည်းရနိုင်တယ်"

စုမင်က .."ကောင်းပြီ၊ ရှဟဲယင်းတို့ရော?"

"ငါသူတို့ကိုမခေါ်ရသေးဘူး" ချင်းမုရင်လှည့်ကာ ရှဟဲယင်းအခန်းတံခါးခေါက်လိုက်ပြီး .."ရှဟဲယင်း ... မင်းတို့နိုးပြီလား?"

ရှဟဲယင်းတံခါးဖွင့်လိုက်သည်။ သူမသည် ယခုမှနိုးလာတာဖြစ်ပြီး မျက်နှာမသစ်ရသေးပေ .."အိုခေ ခဏပဲစောင့်"

သူမရဲ့ခရီးဆောင်အိတ်တွေအကုန် ပင်လယ်၌ပျောက်သွားပြီဖြစ်၍ သူမမိတ်ကပ်မလိမ်းနိုင်ပေ။ သို့သော် သူမသည် ရုပ်ရှင်ထဲမှာရှိတာမို့ လှပနေဆဲပင်။

ခဏအကြာ ရှဟဲယင်းနှင့်စုန့်နျဉ်နျဉ်တို့အတူ ထွက်လာကြသည်။ ပင်ပန်းနွမ်းလျနေမှုသည် သူမတို့မျက်နှာ၌သက်သေပင်။ ထင်ရှားစွာ သူမတို့လည်း ကောင်းကောင်းအိပ်မပျော်ခဲ့ပေ။

သူတို့အပေါ်ထပ်တက်သည့်အချိန် အသံတွေကြားနိုင်သည်။

ချင်းမုရင်ပထမဆုံးတက်သွားသူဖြစ်ပြီး အားလုံးက သူတို့ကိုကြည့်လာကြကာ ရုတ်တရက်စကားပြောရပ်သွားခဲ့ကြသည်။

သူ နည်းနည်းမသက်မသာဖြစ်သွားသည် .."ဂွတ်မောနင်း"

သူတို့ထဲမှ မျက်မှန်နဲ့လူလတ်ပိုင်းအမျိုးသားက အရင်နှုတ်ဆက်၏ .."ဂွတ်မောနင်း ... မနေ့ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား?"

ချင်းမုရင် "……..အဆင်ပြေပါတယ်"

တစ်ဖက်လူက စိတ်ပူစွာ .."ကြည့်ရတာ မင်းကောင်းကောင်းမအိပ်ခဲ့ရတဲ့ပုံပဲ ... ဒီကအခန်းက မကောင်းလို့လား?"

ချင်းမုရင်သည် .."ကိုယ်ရေးကိုယ်တာကိစ္စကြောင့်ပါ"

ထန်ရီရှုအကြောင်းနဲ့ပတ်သတ်ပြီး ဘာမှမပြောရဲပေ။ မနေ့ညက သူအသက်ရှင်နေဦးမည်ဟု မျှော်လင့်ခဲ့သော်လည်း အခုလုံးဝလက်လျှော့လိုက်ပေသည်။

ချင်းမုရင် ဤနေရာမှထွက်သွားချင်ခဲ့သည်။

ရှဟဲယင်းနဲ့ စုန့်နျဉ်နျဉ်ထွက်လာသည့်အချိန်မှာလည်း အခြားသူများဆီမှ စိတ်ပူမှုများနဲ့အာရုံစိုက်မှုများရရှိလေသည်။ တစ်ဦးပြီးတစ်ဦးကို သူတို့မုသားများဖြင့် ဖြေပေးခဲ့၏။

စုမင်တို့အလှည့်ရောက်တဲ့အခါ ဘယ်သူမှစိတ်ပူတာမျိုးမပြခဲ့ပေ။ ထို့အပြင် သူရော စုယင်းရော ကောင်းကောင်းအိပ်ခဲ့ရသည်။ အခြားသူများက သူတို့ကိုဒီတိုင်းနှုတ်ဆက်ခဲ့သည်။

အပေါ်ယံဆက်ဆံရေးကို ဆက်ထိန်းရန်အတွက် စုမင်ပြန်လည်နှုတ်ဆက်ခဲ့သည်။

ဤလူအုပ်စုသည် စိတ်ထဲ၌ဘာတွေတွေးနေလဲဆိုတာ သူတို့(စုမင်တို့)မသိသော်လည်း သူတို့အားလုံးသည် စိတ်ပူပန်သလိုဟန်ဆောင်နေကြသည်။ သူတို့ရဲ့ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်ကို သူတို့ကိုယ်တိုင်သာသိသည်။

"ဒီမှာမနက်စာရလား မေးချင်လို့ပါ"
ချင်းမုရင်မေး၏။

မနေ့ညက သူတို့သိပ်မစားခဲ့ရသလို ယခုလည်းနောက်ကျနေပြီဖြစ်တာမို့ သူတို့အတန်ငယ်ဗိုက်ဆာနေကြသည်။ သူတို့ဘယ်လောက်စိတ်ပူပါစေ သူတို့အစာအိမ်ကိုတော့ ဖြည့်ဆည်း‌သင့်သည်။

စုမင်အင်္ကျီစကို စုယင်းဆွဲဆုတ်လိုက်သည်။

ဆံပင်တိုတိုအမျိုးသမီးကို စုမင်လှမ်းကြည့်လိုက်သည်။

ဆံပင်တိုတိုအမျိုးသမီးက သူ့ကိုပြုံးပြကာ စုယင်းထံရောက်နေသည့်အကြည့်များလွှဲသွားပြီး .."ကပ္ပတိန်မနက်စာပြင်နေတယ် ... မကြာခင်ရတော့မှာပါ"

"ကျေးဇူးတင်ပါတယ်" ချင်းမုရင်ပြော၏။

မနေ့ညက မှောင်လွန်းပြီး ယနေ့တွင် မိုးအုံ့နေသေးသော်လည်း မြင်နိုင်စွမ်းပိုကောင်းလာသည်။ သူသည် ဖုန်းရှာဖို့ ရည်မှန်းထားသည်။

စုန့်နျဉ်နျဉ်နဲ့ ရှဟဲယင်းတို့ အချင်းချင်း လေသံတိုတိုးလေးနဲ့ဆွေးနွေးနေကြသည်။

ရှဟဲယင်းမျက်မှောင်အနည်းငယ်ကျုံ့သွားပြီး အသံတိုးတိုးလေးဖြင့် .."သူတို့အားလုံးကြည့်ရတာ အရမ်းကြင်နာကြတယ် ... ဒါပေမဲ့ ငါမသွားရဲဘူး"

အခြားသူတွေမကြားအောင် သူမအသံကိုတိုးနိုင်သလောက် တိုးတိုးလေးပြောသည်။

"ဒီ့တော့ နင်လည်းအဲ့လိုပဲခံစားရတာပေါ့" စုန့်နျဉ်နျဉ်ပါးစပ်အုပ်လိုက်ပြီး .."ငါတစ်ယောက်တည်းပဲ ခံစားရတယ်လို့ ထင်ခဲ့တာ ... အဲ့ဒါကြောင့် ငါဘာမှမပြောခဲ့တာ"

သူမလှမ်းကြည့်သည့်အချိန်တိုင်း တစ်စုံတစ်ယောက်က သူမကိုစိုက်ကြည့်နေသည်ကို တွေ့ရတတ်သည်။ အချိန်တိုင်းလိုလို စိုက်ကြည့်နေသည့်သူတွေသာ ပြောင်းသွားသော်လည်း ခံစားချက်ကအတူတူပင်။

စုန့်နျဉ်နျဉ်ဟာ အမြဲတမ်းသက်တောင့်သက်သာမဖြစ်နေတာကို အတိအကျ မပြောနိုင်ဘဲ ဘာကြောင့် ဒီလိုခံစားရတာလဲဆိုတာ သူမကိုယ်တိုင်ပဲ ထိန်းထားနိုင်ခဲ့သည်။

***********

Sorry for misspelling
Thanks all for waiting

April 30, 2024
-----------------------------------------------------------------------------------------------------------------------







Chapter 119: စိတ္ပူပန္မႈ

အျပင္ဘက္ေကာ္ရစ္ဒါသည္ ပိန္းပိတ္ေအာင္ေမွာင္မိုက္ေနၿပီး အခန္းထဲ႐ွိအလင္းေရာင္တစ္ခုတည္းပင္ ေကာ္ရစ္ဒါဘက္ျဖာထြက္ေန၏။

အထဲ၌အိပ္ေနေသာစုယင္းႏိုးသြားမည္စိုး၍ စုမင္သိသိသာသာ အသံနိမ့္လိုက္သည္။ စုမင္တ႐ုတ္႐ုတ္ျဖင့္ အသံမထြက္ခ်င္ေပ။

"ကိုယ္ၾကည့္လို႔မေကာင္းဘူးလား?" ခ်န္စုေမး၏။

စုမင္ "……..ၾကည့္ေကာင္းပါတယ္"

စုမင္မလိမ္ေပ။ ခ်န္စုသည္ လက္ေတြ႕က်က် လမ္းေလွ်ာက္သည့္ဟန္ပန္သည္ ဖက္႐ွင္က်သည္။ ဘာပဲဝတ္ဝတ္ သူ႕အတြက္ အံဝင္ခြင္က်ျဖစ္ပုံရသည္။

ခ်န္စုက ကို႔ရ္ိဳးကားရားမဖြယ္မရာတစ္ခုခု ဝတ္ထားရင္ေတာင္ နာမည္ႀကီး ဒီဇိုင္နာတစ္ေယာက္ရဲ႕ အဝတ္အစားနဲ႔တူမယ္လို႔ စုမင္သံသယ႐ွိခဲ့တယ္။

ဤသည္မွာ ႐ုပ္ရည္ေခ်ာေမာေသာ မ်က္ႏွာ႐ွိျခင္း၏ အက်ိဳးေက်းဇူးျဖစ္ႏိုင္သည္။

စုမင္ တံခါးကိုမွီလိုက္ၿပီး .."ဒီေလာက္ညအခ်ိန္ေနာက္က်ေနၿပီကို ခင္ဗ်ားဘာလိုခ်င္လို႔လဲ?"

ခ်န္စုက .."ေသခ်ာတာေပါ့……မင္းကိုလုပ္ဖို႔"

စုမင္ "ထြက္သြားစမ္း"

ခ်န္စုရယ္သြမ္းၿပီး .."မင္းညီမအိပ္ေနၿပီလား?"

စုမင္အျပဳံးေလးျဖင့္ .."မင္းခန္႔မွန္းတာမွားတယ္ ... အဲ့ဒါ ငါ့သမီး ... မိသားစုနာမည္အတူတူပဲ"

ေသခ်ာေပါက္ ခ်န္စုမယုံေပ။ သူသည္ ႐ုပ္႐ွင္ထဲတြင္ အရာအားလုံးကို သိသူျဖစ္ေသာေၾကာင့္ တစ္စုံတစ္ေယာက္အေၾကာင္းသိ႐ွိရန္ သူ႕အတြက္ လြယ္ကူေသာစြမ္းေဆာင္ခ်က္တစ္ခုျဖစ္သည္။

သူက .."မင္းတို႔အဖြဲ႕ထဲကတစ္ေယာက္က ေသသြားၿပီ"

စုမင္ေခါင္းၿငိမ့္၏။ အမွန္တကယ္ေတာ့ သူခန္႔မွန္းၿပီးသားပင္။ မဟုတ္လွ်င္ ဘယ္မွာသူ႐ွိႏိုင္မွာမို႔လို႔လဲ? .."ကြၽန္ေတာ္သိတယ္"

ခ်န္စုသည္ ႐ုတ္တရက္အနားမကပ္ခင္ ဇာတ္ေၾကာင္းကို စိတ္မ႐ွည္စြာေျပာသည္။ ယခု ႏွစ္ေယာက္သား အလြန္နီးကပ္ေနၿပီျဖစ္သည္။
"မင္းဘယ္ေတာ့ ကိုယ္နဲ႔အတူေနမွာလဲ?"

သူ မေစာင့္ႏိုင္ေတာ့ေပ။

စုမင္ျပဳံး၍ .."ခင္ဗ်ားဘယ္သူလဲ သိတဲ့အခ်ိန္"

ခ်န္စုက .."ကိုယ့္နာမည္သိၿပီးၿပီ မဟုတ္ဘူးလား?"

သူ႕ပခုံးေပၚ စုမင္လက္တင္ၿပီး တည္ၿငိမ္စြာေျပာ၏ .."ခ်န္စု ... ငါေျပာတဲ့အဓိပၸာယ္ကို ခင္ဗ်ားေကာင္းေကာင္းသိသင့္တယ္"

ခ်န္စု တိတ္တိတ္ေလးသက္မခ်လိုက္သည္။

သူ႕လုပ္ရပ္ကေန သူ႕ေျခေထာက္သူ႐ိုက္ဖို႔ မေမွ်ာ္လင့္ထားေပ။ ဒီအေၾကာင္းကို ေစာေစာက သိခဲ့ရင္ သူ အမွန္တရားကို ေျပာျပၿပီးေနၿပီျဖစ္ေသာလည္း ဒါက သူအတြက္အဆင္မေျပေပ။

သူ႕ကို စုမင္ၾကည့္လိုက္ၿပီး စြဲမက္ခ်င္ဖြယ္အသံျဖင့္ .."အခုေျပာလို႔ရတယ္ေလ ... ေနာက္မက်ေသးပါဘူး၊ ဒါမွမဟုတ္ ခင္ဗ်ားဘာသာဆက္ေစာင့္ေနေပါ့"

ခ်န္စု သူ႕မ်က္ဝန္းမ်ားကိုၾကည့္လိုက္ၿပီး ေနာက္ေခါင္းခါ၍ .."ကိုယ္အခုေျပာရင္ေတာင္ မင္းဘာမွခံစားရမွာမဟုတ္ဘူး၊ မၾကာခင္မင္းသိမွာပါ"

သူသည္ အရာမ်ားကို အနည္းငယ္ အ႐ွိန္ျမႇင့္ႏိုင္ေပမည္။

ဒါကိုၾကားသည့္အခါ စုမင္မ်က္ေမွာင္က်ံဳ႕လိုက္သည္။ သူဘာကိုဆိုလိုလဲ စုမင္မသိေသာ္လည္း သူ(စုမင္)တစ္ခုခုေမ့ေလ်ာ့ေနသည္ကိုေတာ့ ခပ္ေရးေရး ေျပာႏိုင္သည္။

သူဘာကိုေမ့ေနလဲ သူကိုယ္တိုင္ေတာင္မသိေပ။

စုမင္ လြန္ခဲ့သည့္ႏွစ္ ႏွစ္ဆယ္ေက်ာ္အခ်ိန္မ်ားကို ေလးေလးနက္နက္ျပန္အမွတ္ရေတြးေခၚေသာ္လလည္း ခ်န္စုနာမည္ႏွင့္သူကို လုံးဝ႐ွာမရခဲ့ေပ။ သူ႕အဖြား၏စကားေတြအရ တစ္ခ်ိန္က ခ်န္စုဟုေခၚသည့္သူေတာ့႐ွိတာ ေသခ်ာ၏။

သူ႕အဖြားသာမမွားဘူးဆိုလွ်င္ သူ႕မွတ္ဉာဏ္မွာ တစ္ခုခုခ်ိဳ႕ယြင္းေနသည္။

ေသခ်ာဂ႐ုတစိုက္စဥ္းစားၿပီးေနာက္ စုမင္သည္ မွတ္ဉာဏ္၏ဘယ္အပိုင္းက ျပႆနာျဖစ္ေနလဲ မေျပာႏိုင္ေပ။ သူဘယ္ေလာက္ပဲစဥ္းစား စဥ္းစား အရာအားလုံးက ပုံမွန္ပင္။

အလြန္ကိုသာမန္ျဖစ္လြန္း၍ တစ္ခုခုမွားေနၿပီလို႔ ခံစားရသည္။

စုမင္မွတ္ဉာဏ္ေကာင္းၿပီး အဲဒါကို သူသိတာၾကာၿပီ။ ငယ္ငယ္ကတည္းက စာေလ့လာတဲ့အခါ အမ်ားႀကီး အေထာက္အကူျဖစ္ခဲ့တယ္။

သို႔ေသာ္ လူအနည္းငယ္မွလြဲ၍ မည္သူမွ် ၎တို႔၏ဘဝတစ္ေလွ်ာက္လုံး အေသးစိတ္အားလုံးကို မွတ္မိႏိုင္မည္မဟုတ္ေၾကာင္းကိုလည္း သူေကာင္းေကာင္းသိသည္။

စုမင္သည္ ထိုထူးျခားသည့္အဖြဲ႕တြင္ ပါဝင္သည္ဟု မခံစားရေပ။

ရံဖန္ရံခါတြင္ အခန္းေဖာ္မ်ားက သူမမွတ္မိသည့္အရာတစ္ခုကို ေျပာေသာအခါ တစ္ခုခုကို သူေမ့သြားတတ္သည့္ အခိုက္အတန္႔မ်ား ႐ွိတတ္သည္။ သို႔ေသာ္ ထိုခဏတာေလးသည္ လူတစ္ဦးလုံး၏ ျဖစ္တည္မႈကို ထည့္သြင္းရန္ မလုံေလာက္ေပ။

စုမင္အသိျပန္ဝင္လာၿပီး ခ်န္စုသည္ မ်က္ေတာင္မခတ္သူ႕ကိုစိုက္ၾကည့္ေနသည္ကို ေတြ႕လိုက္ရ၏။ သူလွမ္းၿပီး သူ႕မ်က္ႏွာကိုထိကိုင္လိုက္သည္။

တကယ့္လူအစစ္ပင္။

"ေနာက္ခါေတြမွာေရာ ခင္ဗ်ား ဒီလိုမ်ိဳးပဲေပၚလာဦးမွာလား?" စုမင္ေမး၏။

"ဘယ္ဟုတ္မလဲ" ခ်န္စုေျပာသည္။

စုမင္ေခါင္းၿငိမ့္သည္။ သူတစ္ခုခုေျပာမည့္အခ်ိန္ ခ်န္စုဆြဲ၍ ေပြ႕ဖက္လိုက္သည္။ သူေခါင္းသည္ ခ်န္စုပခုံးတြင္မွီလ်က္သားျဖစ္သြားသည္။

သူလည္ပင္းတြင္ ခ်န္စုအသက္႐ွဴေလကိုခံစား‌ရၿပီး သူ႕နား႐ြက္ဖ်ားကိုပူလာေစသည္။ စုမင္နည္းနည္းသက္ေတာင့္သက္သာမ႐ွိေပ။

ခ်န္စု "မလႈပ္နဲ႔"

စုမင္ ခဏတာ ေတာင့္တင္းသြားၿပီး ေနာက္ဆုံးတြင္ ေျပေလ်ာ့သြားသည္။ သူ႕လက္ကို ဆန္႔တန္းၿပီး တံခါးဝမွာ ႏွစ္ေယာက္သား တိတ္တိတ္ေလး ရပ္ေနခဲ့သည္။

ခ်န္စု ႐ွဴ႐ိႈက္လိုက္သည္ ။

စုမင္၏ရနံ႔သည္ သူ႕အတြက္ အလြန္ထူးျခားသည္။ ဘိန္းကဲ့သို႔ စြဲမက္ဖြယ္ေကာင္းေသာ္လည္း အဆိပ္ျပင္းသည္။

ခ်န္စုက သူ႕ႏႈတ္ခမ္းေထာင့္ႏွိမ့္သြားၿပီး စုမင္၏လည္ပင္းေကာက္ေကာက္မွာ သူ႕ကိုယ္သူႏွစ္ျမႇဳပ္လိုက္တယ္။

အျပင္ဘက္ေကာ္ရစ္ဒါမွာ တိတ္ဆိတ္ေနသည္။ သေဘၤာႀကီး၏အ႐ြယ္အစားေၾကာင့္ ယိမ္းႏြဲ႕သြားသည္ကို မခံစားရဘဲ အလြန္တည္ၿငိမ္ခဲ့သည္။  လိႈင္းပုတ္သံေတာင္ မၾကားရေခ်။

ဘယ္ေလာက္ၾကာမွန္းမသိေသာအခ်ိန္ကာလတစ္ခုလြန္သြားၿပီးေနာက္ စုမင္ ႐ုတ္တရက္တစ္ခုခုကို သတိရသြားသည္။ သူက .."ခင္ဗ်ားအခုလက္႐ွိက သေဘၤာသားလား?"

"မဟုတ္ဘူး ... ကိုယ္က ဘယ္သူဆိုတာ ႀကိဳက္သလိုယူလို႔ရတယ္"

စုမင္သေရာ္ျပဳံးကာ .."အေတာ္ေလးစြမ္းအားႀကီးတယ္ေပါ့"

ခ်န္စုရယ္သြမ္းလိုက္သည့္အခါ ရင္ဘတ္လႈပ္ခါသြားသည္ကို စုမင္ခံစားရသည္ .."မေကာင္းဘူးလား?"

စုမင္က .."ေကာင္းပါတယ္ ... ခင္ဗ်ားလိုလူကသာ အာဏာကို ကိုယ္က်ိဳးအတြက္ အသုံးခ်တာ ...  ႐ုပ္႐ွင္႐ုံမွာ ဘယ္သူမွ မေျပာဝံ့တာကို ခင္ဗ်ားမျမင္ဘူးလား"

ခ်န္စုမေျဖေသာ္လည္း သူ၏ေလ့လာစူးစမ္းမႈကို စိတ္ထဲသေဘာတူခဲ့သည္။

ခ်န္စုသည္ ႐ုပ္႐ွင္ေလာကႏွင့္ ဆက္ဆံေရးပုံစံအခ်ိဳ႕႐ွိေနေၾကာင္း စုမင္က အခ်ိန္အေတာ္ၾကာ အတည္ျပဳခဲ့သည္။ ဒီလိုမွမဟုတ္ရင္ ႐ုပ္႐ွင္႐ုံရဲ႕ႏိႈးေဆာ္သံကို မျမႇင့္ဘဲနဲ႔ ႐ုပ္႐ွင္ထဲမွာ အႀကိမ္ေပါင္းမ်ားစြာ ပါဝင္ဖို႔ မျဖစ္ႏိုင္ေပ။

ဒီအတြက္ တစ္ခုတည္းေသာ ျဖစ္ႏိုင္ေခ်ကေတာ့ ခ်န္စုဟာ ႐ုပ္႐ွင္႐ုံမွ အျပစ္မျပဳႏိုင္တဲ့သူတစ္ေယာက္ပင္။ ရာထူးႀကီးသူျဖစ္ေစ အထက္အရာ႐ွိျဖစ္ေစ ဝန္ထမ္းမ်ား၏ သေဘာထားသည္ ဤအခ်က္ကို သက္ေသျပခဲ့သည္။

ခ်န္စုလည္း ဘယ္ေတာ့မွမျငင္းခဲ့ေပ။

စုမင္သည္ ဆက္ေျပာမည့္အခ်ိန္ သူ႕အေနာက္မွ တ႐ွဲ႐ွဲအသံကို႐ုတ္တရက္ၾကားလိုက္ရသည္။ ထို႔ေနာက္ ေသးငယ္ေသာမိန္းမငယ္ေလးအသံပ်ံ႕လြင့္လာတယ္ —–
"ဒယ္ဒီ ... သူနဲ႔ဘာလုပ္ေနတာလဲ?"

°°°°°°

မေန႔ညကျဖစ္ရပ္မ်ားေၾကာင့္ ဘယ္သူမွေကာင္းေကာင္းအိပ္မရခဲ့ေပ။

ေသခ်ာ‌တာေပါ့ ... စုမင္ေတာ့မပါေပ။ ခ်န္စုထြက္သြားၿပီးေနာက္ ႏွစ္ၿခိဳက္စြာအိပ္ေမာက်သြားခဲ့ၿပီး ပုံမွန္အတိုင္းႏိုးလာခဲ့သည္။

မ်က္ႏွာသစ္ၿပီးေနာက္ စုမင္မွန္ၾကည့္ကာ မေနႏိုင္ဘဲရယ္လိုက္မိသည္။

အျပင္ဘက္မွ စုယင္းတံခါးတြန္းဖြင့္ၿပီး .."ဘယ္ေတြရယ္ေနတာလဲ?"

စုမင္လွည့္ကာ ေမး၏ .."မေန႔ညက ဘာလို႔အာ့လိုေျပာရတာလဲ? ခ်န္စု႐ိုက္မွာ ေၾကာက္ေနခဲ့တာ မဟုတ္ဘူးလား?"

အေစာနက သူမသည္ သူရဲ႕သမီးပါလို႔ ခ်န္စုကိုေျပာခဲ့ေသာ္လည္း ခ်န္စုမယုံၾကည့္ခဲ့ေပ။ သူ မထင္ထားတာက စုယင္းႏိုးလာတဲ့အခ်ိန္ သူ႕အေတြးတိုင္းထက္တူက်ေနမည္လို႔ပင္။

ခ်န္စုမ်က္ႏွာအမူအရာကို သူမွတ္မိေသးသည္။

စုယင္း သူမမ်က္ႏွာသူမ ကိုင္လိုက္ၿပီး ျပဳံးကာ .."သူလုပ္မွာမဟုတ္ဘူး၊ ညီမက အစ္ကို႔ရဲ႕ညီမေလးေလ ... ေနာက္ၿပီး အစ္ကိုကသူရဲ႕ခ်စ္ရတဲ့ရတနာေလ ... ေသခ်ာေပါက္သူ႐ိုက္မွာမဟုတ္ဘူး"

စုမင္လႈပ္႐ွားမႈရပ္တန္႔သြားၿပီး .."ဘာရတနာလဲ? အဲ့ဘာမဟုတ္တဲ့တီဗြီ႐ိႈးေတြ မၾကည့္နဲ႔ေတာ့ ... သူတို႔ဆီက အက်င့္ဆိုးေတြပဲရလိမ့္မယ္"

စုယင္းသည္ သူ႕ကိုလွ်ာထုတ္ျပလိုက္သည္။

သဘာဝက်က် ဘာေတြျဖစ္ေနလဲဆိုတာ သူမသိခဲ့သည္။ 'ဒယ္ဒီ' လို႔ေခၚခဲ့တာကလည္း တမင္ရည္႐ြယ္ခဲ့တာျဖစ္သည္။ သူမသည္ တေအာင့္မွ်ႏိုးေနခဲ့ၿပီျဖစ္ကာ အျပင္၌ လူႏွစ္ေယာက္က်ီစယ္ကလူေနသည့္အသံကိုၾကားေနရၿပီး သူမကဲ့သို႔စင္ဂယ္တစ္ေကာင္အေနနဲ႔ ဘယ္လိုမွဆက္ၿပီးနားမေထာင္ႏိုင္‌ခဲ့ေပ။

အကယ္၍ သူတို႔တကယ္ပဲ အၾကင္နာအနမ္းေပးေနၿပီဆိုရင္ သူမတည္႐ွိမႈကို လစ္လ်ဴ႐ႈၾကလိမ့္မည္။

ေရခ်ိဳးခန္းထဲက ထြက္လာေသာ စုမင္သည္ စုယင္း၏ စိတ္ထဲမွာ ဤထူးဆန္းေသာ အေတြးမ်ားကို သတိမမူမိေပ။ ဘီ႐ိုကိုဖြင့္ၾကည့္လိုက္ေတာ့ အရာအားလုံးပုံမွန္ျဖစ္ေနၿပီဆိုတာ ျမင္လိုက္ရေတာ့ စိတ္သက္သာရာရသြားသည္။

အခန္းတိုင္းတြင္ အက်ႌခ်ိတ္မ်ား႐ွိတာေၾကာင့္ မေန႔ညကကဲ့သို႔ျဖစ္ရပ္က ဘယ္ခ်ိန္မဆိုျဖစ္လာႏိုင္သည္။

စုမင္သည္လည္း သဘာဝက်က်ပင္ လူသားအေရခြံေတာ့မျဖစ္ခ်င္ေပ။

႐ုပ္႐ွင္ကို‌မေျဖ႐ွင္းႏိုင္က ျပႆနာမဟုတ္။ ျပႆနာက သူေသလွ်င္ စိတ္မခ်မ္းေျမ့ဖြယ္နဲ႔ နာနာက်င္က်င္ေသရလိမ့္မည္။ မည္သူတစ္ဦးမွ ေသရေလာက္တဲ့အထိ ႏွိပ္စက္ညႇဥ္းပန္းခံရၿပီး မေသခ်င္ေပ။

ထန္ရီ႐ႈသည္ လူသားအေရခြံအျဖစ္ေျပာင္းခံခဲ့ရၿပီး အလြန္႔ကိုနာက်င္မည္ျဖစ္ကာ အသက္ထြက္မတတ္နာက်င္စြာေအာ္ခဲ့ပုံရသည္။

စုမင္သည္ ထိုျမင္ကြင္းကို စိတ္ကူးရခက္ေနခဲ့သည္။ ထို႔အျပင္ ထိတ္လန္႔စက္ဆုပ္ဖြယ္လည္းေကာင္းသည္။ သူ႕အ႐ိုးနဲ႔အသားက ဘယ္ေရာက္သြားတယ္ဆိုတာ ပေဟဠိျဖစ္ေနတုန္းပင္။

ကပၸတိန္ဒီေန႔ယူလာတဲ့ အစားအစာကို ထန္ရီ႐ႈ၏အသားမ်ားျဖင့္လုပ္ထားမွာ သူစိုး႐ြံ႕သည္။ ဒီလိုဆိုရင္ ယခင္က ႐ုပ္႐ွင္ေတြထဲ ျပန္ဝင္သြားသလို ခံစားရသည္။

စုယင္းမ်က္ႏွာသစ္ေဆးေၾကာၿပီး ေရခ်ိဳးခန္းထဲကထြက္လာတယ္။

စုမင္ ကုတင္ကိုခင္းက်င္းၿပီးေနာက္ ထိုင္၏။

ခဏအၾကာ စုယင္းက .."႐ုပ္႐ွင္႐ုံရဲ႕ဒီေန႔သဲလြန္စက ေရ တဲ့ ... ဒါက သေဘၤာ၊ ပင္လယ္က ညီမတို႔ေအာက္မွာ ... အားလုံးကေရနဲ႔သက္ဆိုင္ေနတာပဲကို ... ဒီ့ေတာ့ ဘာလုပ္ၾကမလဲ?"

စုမင္က .."စိတ္မပူပါနဲ႔ ... သဲလြန္စေပးတဲ့ရည္႐ြယ္ခ်က္က တစ္စုံတစ္ေယာက္က ေရေၾကာင့္ေသေတာ့မယ္ဆိုတာပဲ ... မင္းဂ႐ုစိုက္ဖို႔ပဲလိုတယ္"

သူတို႔ႏွစ္ဦးလုံးေတာ့ မျဖစ္ႏိုင္ေပ။

စုယင္း 'အို႔' လို႔အာေမဋိတ္ထြက္သြားၿပီး .."ဒါဆိုအိုေခေလ"

တံခါးေခါက္သံထြက္ေပၚလာၿပီး ခ်င္းမုရင္အသံၾကားလိုက္ရသည္ .."စုမင္ မင္းနဲ႔မင္းညီမႏိုးၿပီလား?"

စုမင္တံခါးဖြင့္လိုက္ကာ .."ဘာျဖစ္လို႔လဲ?"

ခ်င္းမုရင္ေကာင္းေကာင္းမအိပ္စက္ခဲ့ရေပ။ သူမ်က္ဝန္းတစ္ဝိုက္၌ ညိဳမဲေနေလ၏။ စုမင္တံခါးဖြင့္တာျမင္သည့္အခါ စိတ္သက္သာရာရသြားသည္။

သူ႐ွင္းျပ၏ .."မနက္စာသြားစားရေအာင္ ... လမ္းမွာ ငါတို႔ဖုန္း႐ွာလို႔လည္းရႏိုင္တယ္"

စုမင္က .."ေကာင္းၿပီ၊ ႐ွဟဲယင္းတို႔ေရာ?"

"ငါသူတို႔ကိုမေခၚရေသးဘူး" ခ်င္းမုရင္လွည့္ကာ ႐ွဟဲယင္းအခန္းတံခါးေခါက္လိုက္ၿပီး .."႐ွဟဲယင္း ... မင္းတို႔ႏိုးၿပီလား?"

႐ွဟဲယင္းတံခါးဖြင့္လိုက္သည္။ သူမသည္ ယခုမွႏိုးလာတာျဖစ္ၿပီး မ်က္ႏွာမသစ္ရေသးေပ .."အိုေခ ခဏပဲေစာင့္"

သူမရဲ႕ခရီးေဆာင္အိတ္ေတြအကုန္ ပင္လယ္၌ေပ်ာက္သြားၿပီျဖစ္၍ သူမမိတ္ကပ္မလိမ္းႏိုင္ေပ။ သို႔ေသာ္ သူမသည္ ႐ုပ္႐ွင္ထဲမွာ႐ွိတာမို႔ လွပေနဆဲပင္။

ခဏအၾကာ ႐ွဟဲယင္းႏွင့္စုန္႔ႏ်ဥ္ႏ်ဥ္တို႔အတူ ထြက္လာၾကသည္။ ပင္ပန္းႏြမ္းလ်ေနမႈသည္ သူမတို႔မ်က္ႏွာ၌သက္ေသပင္။ ထင္႐ွားစြာ သူမတို႔လည္း ေကာင္းေကာင္းအိပ္မေပ်ာ္ခဲ့ေပ။

သူတို႔အေပၚထပ္တက္သည့္အခ်ိန္ အသံေတြၾကားႏိုင္သည္။

ခ်င္းမုရင္ပထမဆုံးတက္သြားသူျဖစ္ၿပီး အားလုံးက သူတို႔ကိုၾကည့္လာၾကကာ ႐ုတ္တရက္စကားေျပာရပ္သြားခဲ့ၾကသည္။

သူ နည္းနည္းမသက္မသာျဖစ္သြားသည္ .."ဂြတ္ေမာနင္း"

သူတို႔ထဲမွ မ်က္မွန္နဲ႔လူလတ္ပိုင္းအမ်ိဳးသားက အရင္ႏႈတ္ဆက္၏ .."ဂြတ္ေမာနင္း ... မေန႔ညက ေကာင္းေကာင္းအိပ္ေပ်ာ္ရဲ႕လား?"

ခ်င္းမုရင္ "……..အဆင္ေျပပါတယ္"

တစ္ဖက္လူက စိတ္ပူစြာ .."ၾကည့္ရတာ မင္းေကာင္းေကာင္းမအိပ္ခဲ့ရတဲ့ပုံပဲ ... ဒီကအခန္းက မေကာင္းလို႔လား?"

ခ်င္းမုရင္သည္ .."ကိုယ္ေရးကိုယ္တာကိစၥေၾကာင့္ပါ"

ထန္ရီ႐ႈအေၾကာင္းနဲ႔ပတ္သတ္ၿပီး ဘာမွမေျပာရဲေပ။ မေန႔ညက သူအသက္႐ွင္ေနဦးမည္ဟု ေမွ်ာ္လင့္ခဲ့ေသာ္လည္း အခုလုံးဝလက္ေလွ်ာ့လိုက္ေပသည္။

ခ်င္းမုရင္ ဤေနရာမွထြက္သြားခ်င္ခဲ့သည္။

႐ွဟဲယင္းနဲ႔ စုန္႔ႏ်ဥ္ႏ်ဥ္ထြက္လာသည့္အခ်ိန္မွာလည္း အျခားသူမ်ားဆီမွ စိတ္ပူမႈမ်ားနဲ႔အာ႐ုံစိုက္မႈမ်ားရ႐ွိေလသည္။ တစ္ဦးၿပီးတစ္ဦးကို သူတို႔မုသားမ်ားျဖင့္ ေျဖေပးခဲ့၏။

စုမင္တို႔အလွည့္ေရာက္တဲ့အခါ ဘယ္သူမွစိတ္ပူတာမ်ိဳးမျပခဲ့ေပ။ ထို႔အျပင္ သူေရာ စုယင္းေရာ ေကာင္းေကာင္းအိပ္ခဲ့ရသည္။ အျခားသူမ်ားက သူတို႔ကိုဒီတိုင္းႏႈတ္ဆက္ခဲ့သည္။

အေပၚယံဆက္ဆံေရးကို ဆက္ထိန္းရန္အတြက္ စုမင္ျပန္လည္ႏႈတ္ဆက္ခဲ့သည္။

ဤလူအုပ္စုသည္ စိတ္ထဲ၌ဘာေတြေတြးေနလဲဆိုတာ သူတို႔(စုမင္တို႔)မသိေသာ္လည္း သူတို႔အားလုံးသည္ စိတ္ပူပန္သလိုဟန္ေဆာင္ေနၾကသည္။ သူတို႔ရဲ႕ဖုံးကြယ္ထားတဲ့ရည္႐ြယ္ခ်က္ကို သူတို႔ကိုယ္တိုင္သာသိသည္။

"ဒီမွာမနက္စာရလား ေမးခ်င္လို႔ပါ"
ခ်င္းမုရင္ေမး၏။

မေန႔ညက သူတို႔သိပ္မစားခဲ့ရသလို ယခုလည္းေနာက္က်ေနၿပီျဖစ္တာမို႔ သူတို႔အတန္ငယ္ဗိုက္ဆာေနၾကသည္။ သူတို႔ဘယ္ေလာက္စိတ္ပူပါေစ သူတို႔အစာအိမ္ကိုေတာ့ ျဖည့္ဆည္း‌သင့္သည္။

စုမင္အက်ႌစကို စုယင္းဆြဲဆုတ္လိုက္သည္။

ဆံပင္တိုတိုအမ်ိဳးသမီးကို စုမင္လွမ္းၾကည့္လိုက္သည္။

ဆံပင္တိုတိုအမ်ိဳးသမီးက သူ႕ကိုျပဳံးျပကာ စုယင္းထံေရာက္ေနသည့္အၾကည့္မ်ားလႊဲသြားၿပီး .."ကပၸတိန္မနက္စာျပင္ေနတယ္ ... မၾကာခင္ရေတာ့မွာပါ"

"ေက်းဇူးတင္ပါတယ္" ခ်င္းမုရင္ေျပာ၏။

မေန႔ညက ေမွာင္လြန္းၿပီး ယေန႔တြင္ မိုးအုံ႔ေနေသးေသာ္လည္း ျမင္ႏိုင္စြမ္းပိုေကာင္းလာသည္။ သူသည္ ဖုန္း႐ွာဖို႔ ရည္မွန္းထားသည္။

စုန္႔ႏ်ဥ္ႏ်ဥ္နဲ႔ ႐ွဟဲယင္းတို႔ အခ်င္းခ်င္း ေလသံတိုတိုးေလးနဲ႔ေဆြးေႏြးေနၾကသည္။

႐ွဟဲယင္းမ်က္ေမွာင္အနည္းငယ္က်ံဳ႕သြားၿပီး အသံတိုးတိုးေလးျဖင့္ .."သူတို႔အားလုံးၾကည့္ရတာ အရမ္းၾကင္နာၾကတယ္ ... ဒါေပမဲ့ ငါမသြားရဲဘူး"

အျခားသူေတြမၾကားေအာင္ သူမအသံကိုတိုးႏိုင္သေလာက္ တိုးတိုးေလးေျပာသည္။

"ဒီ့ေတာ့ နင္လည္းအဲ့လိုပဲခံစားရတာေပါ့" စုန္႔ႏ်ဥ္ႏ်ဥ္ပါးစပ္အုပ္လိုက္ၿပီး .."ငါတစ္ေယာက္တည္းပဲ ခံစားရတယ္လို႔ ထင္ခဲ့တာ ... အဲ့ဒါေၾကာင့္ ငါဘာမွမေျပာခဲ့တာ"

သူမလွမ္းၾကည့္သည့္အခ်ိန္တိုင္း တစ္စုံတစ္ေယာက္က သူမကိုစိုက္ၾကည့္ေနသည္ကို ေတြ႕ရတတ္သည္။ အခ်ိန္တိုင္းလိုလို စိုက္ၾကည့္ေနသည့္သူေတြသာ ေျပာင္းသြားေသာ္လည္း ခံစားခ်က္ကအတူတူပင္။

စုန္႔ႏ်ဥ္ႏ်ဥ္ဟာ အၿမဲတမ္းသက္ေတာင့္သက္သာမျဖစ္ေနတာကို အတိအက် မေျပာႏိုင္ဘဲ ဘာေၾကာင့္ ဒီလိုခံစားရတာလဲဆိုတာ သူမကိုယ္တိုင္ပဲ ထိန္းထားႏိုင္ခဲ့သည္။

***********

Sorry for misspelling
Thanks all for waiting

April 30, 2024
-----------------------------------------------------------------------------------------------------------------------

واصل القراءة

ستعجبك أيضاً

151K 948 8
تحذير:-القصة منحرفة +18 (القصة مكتملة)
610K 7.9K 32
Lost, Lose (Loose Trilogy #1) She's a girl of hope, Lisianthus Yvonne Vezina. A teen-year-old girl who focused on her goal... to strive. But everyth...
177K 8.7K 42
After going through a number of disasters I realized that actually I am reborn as the villainess character, more of a brat, Chloe Bourgeois, in a chi...
15.8K 297 23
"I like shiny things but I'd marry you with paper rings." Or in which Ophelia and Ricky are childhood best friends turned into lovers. Ricky Bowen au...