အပိုင်း (၃၉၁) ကယ်တင်ခြင်း
သိပ်မကြာခင်က မီးခိုးငွေးများ ထူထပ်နေတာကြောင့် ကျန်းမြို့ရှိ မူလတန်းကျောင်း ၊ အလယ်တန်းကျောင်းနှင့် အထက်တန်ကျောင်းများအားလုံးကို နှစ်ရက်တာ ဆိုင်းငံ့ထားလိုက်ရပြီး ထိုအရာက ဖူကျို့၏ ဇီဝနာရီကို လွဲမှားသွားစေတော့သည်။
သူမသည် ထထိုင်လိုက်ပြီး ပျင်းရိစွာ သမ်းဝေလိုက်၏။ သူမသည် လှည့်ကြည့်လိုက်ချိန်တွင်တော့ ၈နာရီ ၁၀မိနစ်ရှိနေပြီ ဖြစ်လေသည်။
သူတို့၏ ပထမဆုံးအချိန်သည် ၈နာရီခွဲတင် စ၏။
ထို့အပြင် ဤစိတ်ပျက်ဖွယ် အမှတ် (၁)အလယ်တန်းကျောင်း၌ တစ်စုံတစ်ယောက်သည် ကျောင်းနောက်ကျခဲ့သည်ရှိသော် ကျောင်းစောင့်ဦးလေးကြီးက သူတို့၏နာမည်များကို မှတ်ထားတတ်၏။
နိုင်ငံ့တံခွန်စိုက်ပြိုင်ပွဲမှာ ၃ရက်သာလိုတော့သည်။
ထို့ကြောင့် သူမသည် ထိုအသေးအဖွဲကိစ္စကြောင့် အရည်အချင်းမပြည့်မီပါဟုတော့ အဖြစ်မခံလိုပေ။
ဖူကျို့သည် မိန်းကလေးတစ်ယောက်နှင့် လုံးဝမတူသည့် သူမ၏မျက်နှာကို မြန်မြန်ဆန်ဆန် သစ်လိုက်၏။ သူမသည် ကျောင်းယူနီဖောင်းကို လျင်လျင်မြန်မြန်ကောက်ဝတ်လိုက်၏။ သူမ၏စကိတ်ဘုတ်ကို စီးကာ လူအုပ်များနှင့် ယာဥ်ကြောကို မြန်မြန်သွက်သွက် ဖြတ်သွားလိုက်တော့သည်။
၁၀မိနစ်သာ ကျန်တော့သည်။
အချိန်ကို မှတ်ထားလိုက်ပြီး ဖူကျို့သည် စကိတ်ကို ရုတ်တရက် ရပ်လိုက်ကာ ကျောင်းရှိရာဘက်ကို လှမ်းကြည့်လိုက်၏။
အလွန်ဝေးသည့် အကွာအဝေးဖြစ်လေသည်။
သူမသည် ဖြတ်လမ်းမှ သွားရပေတော့မည်။
စက်ဘီးနှင့် ကျောင်းသွားနေသည့် အလယ်တန်းကျောင်းသားတစ်ယောက်လဲ ဆင်တူယူနီဖောင်း ဝတ်ထားသည့် ကောင်လေးတစ်ယောက်က သူ့ရှေ့မှာပင် ရုတ်တရက် ပြန်လှည့်ပြီး တခြားလမ်းကို သွားလိုက်သည်ကို မြင်လိုက်ရာ ဇဝေဇဝါဖြစ်သွားတော့သည်။
အတန်းစတော့မှာလေ။
ဒီကောင်က ဘယ်သွားမလို့လဲ။
မည်သို့ဆိုစေ သူသည် အရှိန်ဖြင့် ရှေ့မှပြေးထွက်သွားသည်ဖြစ်ရာ သူနာမည်ကိုပင် မမှတ်လိုက်ရပေ။
ဝှစ်။
ဖူကျို့သည် သူ့ခြေထောက်ကို ဆွဲပင့်ကာ စကိတ်ဘုတ်ကို ရပ်လိုက်၏။ ထို့နောက် သူမသည် ထိုနေရာတွင် သူမ၏ လှပသည့်ကျောပြင်ကို ခပ်မတ်မတ်ထားကာ ရပ်လိုက်၏။ သူမသည် ကျောင်းနံရံအမြင့်ကို စတင် တိုင်းတာလိုက်တော့သည်။
အမှန်ပင်။ ဖူကျို့သည် နံရံကို ကျော်တက်ပေတော့မည်။
ကျောင်းနံရံကိုကပ်ကာ ကန်စွန်းဥဖုတ်ရောင်းနေသည့် လူကြီးတစ်ယောက်ရှိနေ၏၊ သူသည် လူငယ်လေးက ထိုနေရာတွင် ရပ်လိုက်သည်ကို မြင်လိုက်ချိန်၌ စီးကရက်ကိုက်ထားသည့် သူ့နှုတ်ခမ်းသည် အနည်းငယ် တွန့်ချိုးသွားတော့သည်။
“ ဒီနေ့ခေတ်ကလေးတွေက တကယ်ပါပဲ....”
သူတို့တွေက ကျောင်းသွားပြီဆိုတာနဲ့ ရိုးသားမှုတောင်မရှိကြတော့ဘူး။
နံရံသည် အနည်းငယ် မြင့်နေ၏။ ကနဦးခန့်မှန်းချက်ထုတ်လိုက်ပြီးနောက် ဖူကျို့သည် ခြေကန်အားချနိုင်သည့် နေရာတစ်ခုကို စတင်ရှာလိုက်တော့သည်။
“ ကျောင်းအုပ်ကြီး မိသွားအုံးမယ် သတိထားအုံး”
ဦးလေးကြီးသည် ဖူကျို့ကို သတိပေးလိုက်၏။
သူမသည် နှုတ်ခမ်းထောင့်များကို ကွေးကာ ပြုံးပြလိုက်ပြီး နာရီကို ကြည့်လိုက်လေသည်။
၅မိနစ်ကျန်သေးတယ်။ အချိန်မီပါတယ်။
လှလှပပဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်ကို နှောင့်ယှက်နေကြသည့် အမှတ်(၂)အလယ်တန်းကျောင်းသားများ ၃၊ ၄ ယောက်ခန့်ရှိနေ၏။
ထိုမိန်းကလေးသည် အလွန်ရင်းနှီးဟန်ဖြစ်နေသည်။
သူမက သူ့ကို မနေ့က တွေ့ခဲ့၏။
ဖူကျို့သည် ဘယ်ဖက်ခြမ်းက နံရံကို တစ်ချက်ပြန်မော့ကြည့်လိုက်သည်။ တစ်ချိန်ထဲတွင် သူမသည် ထိုနေရာက အဖြစ်အပျက်ကိုလဲ လေ့လာလိုက်သည်။
နောက်ဆုံးတွင် သူမသည် ပြတ်ပြတ်သားသား လှည့်သွားလိုက်တော့သည်။
သူမဘေးမှ ဦးလေးသည် အံ့အားသင့်သွား၏။
“ အယ် ဘာလို့ နံရံပေါ်မတက်တော့တောလဲ”
သူသည် ကောင်လေးအောက်ပြန်ကျလာမည်ကို စောင့်နေခြင်းဖြစ်လေသည်။
ဖူကျို့သည် လက်ခါပြလိုက်ပြီး
“ကျွန်တော် နောက်မှ တက်တော့မယ်၊ မိန်းကလေးကို အရင်ကယ်ခွင့်ပြုအုံး”
အမှန်အတိုင်းပြောရလျှင် ဖူကျို့သည် မိန်းကလေး၏ကိစ္စကို ဝင်ပါရခြင်းမှာ ကြီးမြတ်လှသည့် သခင်လေးကြောင့်သာ ဖြစ်လေသည်။
မနေ့ကအဖြစ်အပျက်များကိုကြည့်လျှင် ထိုမိန်းကလေး၏ ဟန်မျိုးရိုးနာမည်သည် ကြီးမြတ်လှသည့်သခင်လေး၏ သူငယ်ချင်းတစ်ယောက်ဖြစ်၏။
ယခုမူ သူတို့သည် သူငယ်ချင်းများ ဖြစ်နေသည်ကို သိနေတာကြောင့် သူမသည် သူ့ကိုအရင်ကယ်ရပေတော့မည်။
ထိုအခိုက်အတန့်တွင် ဟန်စုစုသည် အစ်ကိုကျန်း၏ ဖအေတူမအေကွဲ ဝဝတုတ်တုတ် ညီမကို အစ်ကိုကျန်းနှင့် ပတ်သက်ပြီး ဘာအတွေးမှ မထားရန် လာသတိပေးခြင်းဖြစ်၏။ ထို့ကြောင့် သူမသည် မည်သူ့ကိုမှ အဖော်ခေါ်မလာခဲ့ပေ။ သူမသည် ဤသို့သောအခြေအနေဖြစ်လာမည်ကို မျှော်လင့်မထားခဲ့ပေ။
“ သွားကြ၊ ငါ ဘယ်သူလဲ ဆိုတာ သိရဲ့လား၊ နင်တို့တွေ ငါ့ကို ဒီလိုဆက်ဆံရလောက်အောင် အတင့်ရဲလှချည်လား”
“ အလှလေးရယ် ငါတို့က ဘာဖြစ်နေလို့လဲ၊ ငါတို့က မင်းလေးနဲ့ ပျော်ချင်ရုံပါနော်”
ထိုသို့ပြောပြီးနောက် ထိုလူသည် ဟန်စုစုလက်ကို လှမ်းဆွဲလိုက်၏။
သို့သော် သူသည် လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် သူ့နောက်တွင် လေပြင်းတစ်ချက် ရောက်လာတော့သည်။
သူ့ကို အံ့ဩသွားရစေသည့် တစ်စုံတစ်ခုသည် နောက်မှရောက်လာတော့သည်။
သူသည် ဖူကျို့ကို ကြည့်ကာ ပျော်သွားတော့သည်။
“ကြည့်ပါအုံး၊ ဘယ်သူရောက်လာတာလဲမှတ်တာ နောက်မှပေါက်တဲ့ရွှေကြာလေးပဲ၊ သူ ငါတို့ကို ပိုက်ဆံထပ်လာပေးတာဖြစ်မယ်”
ဖူကျို့သည် ထိုလူကို သေချာ သိပေသည်။ သူမသည် အတိတ်တုန်းက အကြိမ်ကြိမ်ငွေပေးရန် ဖိအားပေးခံခဲ့ရဖူးသည်။
သူတို့သည် အရင်က ပြဿနာများရှိခဲ့ကြ၏။ ထို့ကြောင့် ဘာမှ ထပ်ပြောစရာပင်မလိုတော့ပေ။
“ လာလေ၊ ငါ့မှာ အချိန်အများကြီးမရှိဘူး၊ ၃မိနစ်ပဲ ကျန်တယ်”
...
Zawgyi
အပိုင္း (၃၉၁) ကယ္တင္ျခင္း
သိပ္မၾကာခင္က မီးခိုးေငြးမ်ား ထူထပ္ေနတာေၾကာင့္ က်န္းၿမိဳ႕ရွိ မူလတန္းေက်ာင္း ၊ အလယ္တန္းေက်ာင္းႏွင့္ အထက္တန္ေက်ာင္းမ်ားအားလုံးကို ႏွစ္ရက္တာ ဆိုင္းငံ့ထားလိုက္ရၿပီး ထိုအရာက ဖူက်ိဳ႕၏ ဇီဝနာရီကို လြဲမွားသြားေစေတာ့သည္။
သူမသည္ ထထိုင္လိုက္ၿပီး ပ်င္းရိစြာ သမ္းေဝလိုက္၏။ သူမသည္ လွည့္ၾကည့္လိုက္ခ်ိန္တြင္ေတာ့ ၈နာရီ ၁၀မိနစ္ရွိေနၿပီ ျဖစ္ေလသည္။
သူတို႔၏ ပထမဆုံးအခ်ိန္သည္ ၈နာရီခြဲတင္ စ၏။
ထို႔အျပင္ ဤစိတ္ပ်က္ဖြယ္ အမွတ္ (၁)အလယ္တန္းေက်ာင္း၌ တစ္စုံတစ္ေယာက္သည္ ေက်ာင္းေနာက္က်ခဲ့သည္ရွိေသာ္ ေက်ာင္းေစာင့္ဦးေလးႀကီးက သူတို႔၏နာမည္မ်ားကို မွတ္ထားတတ္၏။
နိုင္ငံ့တံခြန္စိုက္ၿပိဳင္ပြဲမွာ ၃ရက္သာလိုေတာ့သည္။
ထို႔ေၾကာင့္ သူမသည္ ထိုအေသးအဖြဲကိစၥေၾကာင့္ အရည္အခ်င္းမျပည့္မီပါဟုေတာ့ အျဖစ္မခံလိုေပ။
ဖူက်ိဳ႕သည္ မိန္းကေလးတစ္ေယာက္ႏွင့္ လုံးဝမတူသည့္ သူမ၏မ်က္ႏွာကို ျမန္ျမန္ဆန္ဆန္ သစ္လိုက္၏။ သူမသည္ ေက်ာင္းယူနီေဖာင္းကို လ်င္လ်င္ျမန္ျမန္ေကာက္ဝတ္လိုက္၏။ သူမ၏စကိတ္ဘုတ္ကို စီးကာ လူအုပ္မ်ားႏွင့္ ယာဥ္ေၾကာကို ျမန္ျမန္သြက္သြက္ ျဖတ္သြားလိုက္ေတာ့သည္။
၁၀မိနစ္သာ က်န္ေတာ့သည္။
အခ်ိန္ကို မွတ္ထားလိုက္ၿပီး ဖူက်ိဳ႕သည္ စကိတ္ကို ႐ုတ္တရက္ ရပ္လိုက္ကာ ေက်ာင္းရွိရာဘက္ကို လွမ္းၾကည့္လိုက္၏။
အလြန္ေဝးသည့္ အကြာအေဝးျဖစ္ေလသည္။
သူမသည္ ျဖတ္လမ္းမွ သြားရေပေတာ့မည္။
စက္ဘီးႏွင့္ ေက်ာင္းသြားေနသည့္ အလယ္တန္းေက်ာင္းသားတစ္ေယာက္လဲ ဆင္တူယူနီေဖာင္း ဝတ္ထားသည့္ ေကာင္ေလးတစ္ေယာက္က သူ႕ေရွ႕မွာပင္ ႐ုတ္တရက္ ျပန္လွည့္ၿပီး တျခားလမ္းကို သြားလိုက္သည္ကို ျမင္လိုက္ရာ ဇေဝဇဝါျဖစ္သြားေတာ့သည္။
အတန္းစေတာ့မွာေလ။
ဒီေကာင္က ဘယ္သြားမလို႔လဲ။
မည္သို႔ဆိုေစ သူသည္ အရွိန္ျဖင့္ ေရွ႕မွေျပးထြက္သြားသည္ျဖစ္ရာ သူနာမည္ကိုပင္ မမွတ္လိုက္ရေပ။
ဝွစ္။
ဖူက်ိဳ႕သည္ သူ႕ေျခေထာက္ကို ဆြဲပင့္ကာ စကိတ္ဘုတ္ကို ရပ္လိုက္၏။ ထို႔ေနာက္ သူမသည္ ထိုေနရာတြင္ သူမ၏ လွပသည့္ေက်ာျပင္ကို ခပ္မတ္မတ္ထားကာ ရပ္လိုက္၏။ သူမသည္ ေက်ာင္းနံရံအျမင့္ကို စတင္ တိုင္းတာလိုက္ေတာ့သည္။
အမွန္ပင္။ ဖူက်ိဳ႕သည္ နံရံကို ေက်ာ္တက္ေပေတာ့မည္။
ေက်ာင္းနံရံကိုကပ္ကာ ကန္စြန္းဥဖုတ္ေရာင္းေနသည့္ လူႀကီးတစ္ေယာက္ရွိေန၏၊ သူသည္ လူငယ္ေလးက ထိုေနရာတြင္ ရပ္လိုက္သည္ကို ျမင္လိုက္ခ်ိန္၌ စီးကရက္ကိုက္ထားသည့္ သူ႕ႏႈတ္ခမ္းသည္ အနည္းငယ္ တြန့္ခ်ိဳးသြားေတာ့သည္။
“ ဒီေန႕ေခတ္ကေလးေတြက တကယ္ပါပဲ....”
သူတို႔ေတြက ေက်ာင္းသြားၿပီဆိုတာနဲ႕ ရိုးသားမႈေတာင္မရွိၾကေတာ့ဘူး။
နံရံသည္ အနည္းငယ္ ျမင့္ေန၏။ ကနဦးခန့္မွန္းခ်က္ထုတ္လိုက္ၿပီးေနာက္ ဖူက်ိဳ႕သည္ ေျခကန္အားခ်နိဳင္သည့္ ေနရာတစ္ခုကို စတင္ရွာလိုက္ေတာ့သည္။
“ ေက်ာင္းအုပ္ႀကီး မိသြားအုံးမယ္ သတိထားအုံး”
ဦးေလးႀကီးသည္ ဖူက်ိဳ႕ကို သတိေပးလိုက္၏။
သူမသည္ ႏႈတ္ခမ္းေထာင့္မ်ားကို ေကြးကာ ၿပဳံးျပလိုက္ၿပီး နာရီကို ၾကည့္လိုက္ေလသည္။
၅မိနစ္က်န္ေသးတယ္။ အခ်ိန္မီပါတယ္။
လွလွပပဝတ္ဆင္ထားသည့္ မိန္းကေလးတစ္ေယာက္ကို ေႏွာင့္ယွက္ေနၾကသည့္ အမွတ္(၂)အလယ္တန္းေက်ာင္းသားမ်ား ၃၊ ၄ ေယာက္ခန့္ရွိေန၏။
ထိုမိန္းကေလးသည္ အလြန္ရင္းႏွီးဟန္ျဖစ္ေနသည္။
သူမက သူ႕ကို မေန႕က ေတြ႕ခဲ့၏။
ဖူက်ိဳ႕သည္ ဘယ္ဖက္ျခမ္းက နံရံကို တစ္ခ်က္ျပန္ေမာ့ၾကည့္လိုက္သည္။ တစ္ခ်ိန္ထဲတြင္ သူမသည္ ထိုေနရာက အျဖစ္အပ်က္ကိုလဲ ေလ့လာလိုက္သည္။
ေနာက္ဆုံးတြင္ သူမသည္ ျပတ္ျပတ္သားသား လွည့္သြားလိုက္ေတာ့သည္။
သူမေဘးမွ ဦးေလးသည္ အံ့အားသင့္သြား၏။
“ အယ္ ဘာလို႔ နံရံေပၚမတက္ေတာ့ေတာလဲ”
သူသည္ ေကာင္ေလးေအာက္ျပန္က်လာမည္ကို ေစာင့္ေနျခင္းျဖစ္ေလသည္။
ဖူက်ိဳ႕သည္ လက္ခါျပလိုက္ၿပီး
“ကြၽန္ေတာ္ ေနာက္မွ တက္ေတာ့မယ္၊ မိန္းကေလးကို အရင္ကယ္ခြင့္ျပဳအုံး”
အမွန္အတိုင္းေျပာရလွ်င္ ဖူက်ိဳ႕သည္ မိန္းကေလး၏ကိစၥကို ဝင္ပါရျခင္းမွာ ႀကီးျမတ္လွသည့္ သခင္ေလးေၾကာင့္သာ ျဖစ္ေလသည္။
မေန႕ကအျဖစ္အပ်က္မ်ားကိုၾကည့္လွ်င္ ထိုမိန္းကေလး၏ ဟန္မ်ိဳးရိုးနာမည္သည္ ႀကီးျမတ္လွသည့္သခင္ေလး၏ သူငယ္ခ်င္းတစ္ေယာက္ျဖစ္၏။
ယခုမူ သူတို႔သည္ သူငယ္ခ်င္းမ်ား ျဖစ္ေနသည္ကို သိေနတာေၾကာင့္ သူမသည္ သူ႕ကိုအရင္ကယ္ရေပေတာ့မည္။
ထိုအခိုက္အတန့္တြင္ ဟန္စုစုသည္ အစ္ကိုက်န္း၏ ဖေအတူမေအကြဲ ဝဝတုတ္တုတ္ ညီမကို အစ္ကိုက်န္းႏွင့္ ပတ္သက္ၿပီး ဘာအေတြးမွ မထားရန္ လာသတိေပးျခင္းျဖစ္၏။ ထို႔ေၾကာင့္ သူမသည္ မည္သူ႕ကိုမွ အေဖာ္ေခၚမလာခဲ့ေပ။ သူမသည္ ဤသို႔ေသာအေျခအေနျဖစ္လာမည္ကို ေမွ်ာ္လင့္မထားခဲ့ေပ။
“ သြားၾက၊ ငါ ဘယ္သူလဲ ဆိုတာ သိရဲ႕လား၊ နင္တို႔ေတြ ငါ့ကို ဒီလိုဆက္ဆံရေလာက္ေအာင္ အတင့္ရဲလွခ်ည္လား”
“ အလွေလးရယ္ ငါတို႔က ဘာျဖစ္ေနလို႔လဲ၊ ငါတို႔က မင္းေလးနဲ႕ ေပ်ာ္ခ်င္႐ုံပါေနာ္”
ထိုသို႔ေျပာၿပီးေနာက္ ထိုလူသည္ ဟန္စုစုလက္ကို လွမ္းဆြဲလိုက္၏။
သို႔ေသာ္ သူသည္ လႈပ္ရွားလိုက္သည္ႏွင့္တစ္ၿပိဳင္နက္ သူ႕ေနာက္တြင္ ေလျပင္းတစ္ခ်က္ ေရာက္လာေတာ့သည္။
သူ႕ကို အံ့ဩသြားရေစသည့္ တစ္စုံတစ္ခုသည္ ေနာက္မွေရာက္လာေတာ့သည္။
သူသည္ ဖူက်ိဳ႕ကို ၾကည့္ကာ ေပ်ာ္သြားေတာ့သည္။
“ၾကည့္ပါအုံး၊ ဘယ္သူေရာက္လာတာလဲမွတ္တာ ေနာက္မွေပါက္တဲ့ေ႐ႊၾကာေလးပဲ၊ သူ ငါတို႔ကို ပိုက္ဆံထပ္လာေပးတာျဖစ္မယ္”
ဖူက်ိဳ႕သည္ ထိုလူကို ေသခ်ာ သိေပသည္။ သူမသည္ အတိတ္တုန္းက အႀကိမ္ႀကိမ္ေငြေပးရန္ ဖိအားေပးခံခဲ့ရဖူးသည္။
သူတို႔သည္ အရင္က ျပႆနာမ်ားရွိခဲ့ၾက၏။ ထို႔ေၾကာင့္ ဘာမွ ထပ္ေျပာစရာပင္မလိုေတာ့ေပ။
“ လာေလ၊ ငါ့မွာ အခ်ိန္အမ်ားႀကီးမရွိဘူး၊ ၃မိနစ္ပဲ က်န္တယ္”
...