အပိုင်း (၃၈၂) ကြီးမြတ်လှတဲ့သခင်လေးချင်ရဲ့ Triple Kill

289 35 0
                                    

အပိုင်း (၃၈၂) ကြီးမြတ်လှတဲ့သခင်လေးချင်ရဲ့ Triple Kill

သို့သော် နောက်တစ်စက္ကန့်တွင်တော့ ထိုကောင်လေးသည် လုံးဝရှော့ခ်ရသွားတော့သည်။

သူ့လက်ချောင်းများပင် တုန်ခါနေ၏။

စခရင်ပေါ်တွင် စားလုံးနှစ်လုံး အထင်းသားပေါ်လာတော့သည်။

K.O.

သူ့အသင်းသည် တစ်ဖက်အသင်း၏ ဖယ်ရှားခြင်းခံလိုက်သည် မဟုတ်ဘဲ သူ့အသင်းမှ တစ်စုံတစ်ယောက် သ-တ်လိုက်ခြင်းသာ ဖြစ်တော့သည်။

သူတို့ရဲ့ ပထမဆုံး killမလား။

ငါ့မျက်လုံးတွေပဲ အမြင်မှားသွားတာလား။

ကောင်လေးသည် သူ့မျက်လုံးကို ပွတ်လိုက်စဥ်တွင် ကျန်ကစားသမားသုံးယောက်သည်လည်း ဆွံ့အနေပုံပေါ်နေတော့သည်။

သို့သော် ထိုလေးယောက် မတုံ့ပြန်နိုင်ခင်မှဦပင် ဂိမ်းထဲမှာ အထူးပြုလုပ်ချက် အသံနောက်တစ်ခုကို ကြားလိုက်ရလေသည်။

Double –kill

“ အံ့ဩချက်”

ကောင်လေး၏မျက်လုံးများသည် ဝိုင်းစက်သွားပြီး ချင်မော့ဘက်သို့ ချက်ချင်း မော့ကြည့်လိုက်လေသည်။

အင်မတန်ချောမောလှသည့်ယောက်ျားသည် သူ့ဘက်ဖက်လက်ကို ရှေ့သို့ဖိရွှေ့လိုက်ပြီး တစ်ချိန်ထဲတွင် သူ့ညာဘက်လက်ချောင်းများသည် ပေါ့ပေါ့ပါးပါး လှုပ်ရှားသွားကာ စခရင်ပေါ်တွင် ပြီးပြည့်စုံသည့် ခုန်ပျံလှုပ်ရှားမှုတစ်ခုက နောက်မှပါလားပြီး ရန်သူကို အသေချေမွပစ်လိုက်တော့သည်။

K.O

Triple-kill

ကောင်လေးသည် ဆွံ့အသွားတော့၏။

ကျန်သုံးယောက်သည်လည်း ရှော့ခ်ရသွားတော့သည်။

သူတို့၏လက်ချောင်များကိုပင် လှုပ်ရှားရန် မေ့လျော့သွားကြတော့သည်။

သို့သာ် အခုလေးတင်သတ်လိုက်သူကတော့ တည်တည်ငြိမ်ငြိမ်ပင်။ သူသည် ဘယ်ဘက်သို့လှည့်ကာ စခန်းကို အမြန်ပြန်သွားလိုက်၏။ သူသည် သူတို့ကို ဝင်ပေါက်တွင်စောင့်နေပြီး လက်တစ်ဖက်ကိုလွှတ်ကာ ဘီယာတစ်ငုံကို သောက်လိုက်ရင်း ခံစားချက်မဲ့ကာ ပြောနေ၏။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now