အပိုင်း ( ၃၈၀) ကြီးမြတ်လှတဲ့သခင်လေးက ကစားမယ်
ကလေး လေးယောက်သည် အမှန်အကန် ပိုက်ဆံများ စုနေကြတော့သည်။
“ အစ်ကို ဒါတော့ မဟုတ်သေးပါဘူး”
ကောင်လေးသည် သူ့အိတ်ကပ်ကို ရှာဖွေရင်း ဖြူဖျော့လာတော့သည်။
“ ငါ တခြားလူကို ကူညီတုန်းကဆို ဘယ်တုန်းကမှ ဘာမှ မတောင်းခဲ့ဖူးဘူး၊ ဒါမှာ ညီအစ်ကိုလို့ခေါ်တာလေ”
ဖူကျို့သည် အသာရယ်လိုက်၏။
“ ငါက အမှတ်(၁)အလယ်တန်းကျောင်းကလေ၊ ပြီးတော့ ငါ့ကျောင်းကို ပြန်ချရမှာဆိုတော့ အပြစ်ရှိသလို ခံစားရတယ်၊ ညီအစ်ကိုအကြောင်းပြောရမယ်ဆိုရင်တော့ ငါလေး နင်တို့ကို မကူညီတာပဲကောင်းပါတယ်”
“...”
အဲအကြောင်းပြောရင်လည်း နည်းနည်းလောက်တော့ အပြစ်ရှိတဲ့ပုံလေး ဟန်ဆောင်လို့ မရဘူးလား။ အပြစ်ရှိသလို ခံစားရပုံလဲ နည်းနည်းလေးမှ မပေါ်ဘူး။
ထိုအမှတ် (၂)အလယ်တန်းကျောင်းမှာ ကျောင်းသားလေးယောက်သည် ယွမ် ၈၀ စုလိုက်ပြီး ထိုပိုက်ဆံကို စားပွဲထောင့်တွင် တင်ထားလိုက်၏။
“ ဒါ ငါတို့မှာရှိတာအကုန်ပဲ၊ ငါတို့စားထားတာလဲ ရှင်းရအုံးမယ်”
ဖူကျို့သည် သူတို့မှာထားသည်များကို ရေတွက်လိုက်၏။ ယွမ်၈၀မှာ လောက်ငှပေသည်။ ထို့နောက် သူမသည် ပေါ့ပေါ့းပါးပါး ပြုံးလိုက်၏။
“ ငါ့ကို ဖုန်းတစ်လုံးလောက်ပေး၊ စ,ကြမယ်”
“မင်းမှာ ဆဲလ်ဖုန်းလေးတစ်လုံးတောင် မရှိဘူးလား၊ မင်း ဘယ်လိုကစားမှာလဲ”
သူတို့သည် သူတို့၏ဆံပင်များကို စိတ်ရှုပ်ရှုပ်နှင့် ဆွဲဆုပ်ကာ ပြောလိုက်တော့သည်။
ဖူကျို့သည် မျက်ခုံးကို ပင့်လိုက်၏။
“ ငါလေးအတွက် ပိုင်ရှင်အန်တီရဲ့ဖုန်းသွားငှားပေး”
“ ပိုင်ရှင်အန်တီရဲ့ဖုန်းက Nokiaကြီး၊ မင်း အဲဒါနဲ့ ဆော့လို့မရဘူး”
ပုံမှန်ဖောက်သည်များဖြစ်သည်နှင့်အညီ သူတို့သည် ပိုင်ရှင်အမျိုးသမီး၏ဖုန်းအမျိုးအစားကိုပင် သိကြ၏။
![](https://img.wattpad.com/cover/345632392-288-k252940.jpg)
ESTÁS LEYENDO
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်