အပိုင်း (၃၇၇) အစ်ကိုကြီးက ညီလေးကိုအနိုင်ကျင့်နေတာလား
“ထွက်ပြေးချင်တာလား”
ချင်မော့သည် သူ့မျက်ခုံးများကို ပင့်ရင်း ကိုယ်ကို ညွှတ်လိုက်ရာ ဖူကျို့တွင် ပြေးပေါက်မရှိတော့ပေ။
သူသည် လှုပ်ရှားလိုက်သည်နှင့် အရက်နံ့များသည် ထွက်လာပြီး စန္ဒကူးနံ့တို့နှင့် ရောနှောသွားလေသည်။
ဖူကျို့သည် သည်တစ်ကြိမ်တွင်တော့ သူမ ကံဆိုးသွားပြီကို သိလိုက်လေသည်။
ကြီးမြတ်လှတဲ့သခင်လေး မူးနေတဲ့အချိန်မှာမှ သူ့ကို သွားအီစီကလီတာတော့ ငါလေး ရူးသွားတာပဲ ဖြစ်ရမယ်။
ကြီးမြတ်လှသည့် သခင်လေးသည် သူ၏ သာမန်ပုံစံကဲ့သို့ ဆင်ခြင်နိုင်စွမ်းရှိလွန်းသည့် အနေအထားမျိုးကို လုံးဝမတွေ့ရပေ။
သူသည် ကောင်လေး၏ပခုံးကို ဖိထားရန် လက်တစ်ဖက်ကို လွှတ်ထားပြီး သူ့ကို ပညာပေးချင်နေ၏။ သို့ရာတွင် သူ့အောက်က ကောင်လေး၏မျက်နှာကို မြင်လိုက်ရပြီးနောက် သူ့ဦးနှောက်တစ်ခုလုံးသည် ဗလာဖြစ်ကာ ခြောက်သွေ့သွားတော့သည်။
ကျန်ခဲ့သည့်တစ်ခုတည်းသောအရာမှာ သူ့မှတ်ဉာဏ်၏ အနက်ဆုံးတစ်နေရာတွင် နစ်မြှုပ်နေသည့် နွေးထွေးသည့် ခံစားမှုအာရုံသာ ဖြစ်တော့သည်။
ဒီလောက် ပျော့ပြောင်းတဲ့အထိအတွေ့နဲ့သာဆို သူ့နှုတ်ခမ်းတွေ နဲ့ထိလိုက်ရင် ဘယ်လိုများ ခံစားရမလဲ။
ဒါမှမဟုတ် သူ့ဇဝနဉာဏ်တွေ ကုန်သွားလို့ သူထွက်ပြေးတော့မှာကိုပဲ ကြည့်ချင်နေတာများလား။
သူ့အကျင့်စရိုက်တွင် ရှိနေသည့် ဖျက်ဆီးလိုစိတ်သဘာဝသည် ထိုဆွယ်တာကို သူထိလိုက်မိသည့် အခိုက်အတန့်တွင် ပိုပြင်းထန်လာတော့သည်။ သူ့မျက်လုံးများသည် ညဥ့်နက်သန်းခေါင်ယံကဲ့သို့ နက်မှောင်နေ၏။
ချင်မော့သည် ခံ့ညားထည်ဝါစွာ အမှန်ပင် ချောမောနေတော့သည်။
သို့သော် သူ့နောက်ခံတွက်တော့ အလွန်ပင် ကြမ်းတမ်းခက်ထန်နေ၏။
ထိုထောင့်ကျသည့် ဘေးဘက်မျက်နှာသည် သူ့၏ယောက်ျားဆန်မှုတို့ကို ထုတ်ပြနေပြီး အမျိုးသမီးတိုင်း၏ ခြေထောက်များကို အားပျော့သွားစေလေသည်။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်