အပိုင်း (၂၅၃) ပြဿနာတော့ ရောက်လာပြီ

741 72 0
                                    

အပိုင်း (၂၅၃) ပြဿနာတော့ ရောက်လာပြီ

တရားဝင် အွန်လိုင်း ဂိမ်းဝက်ဆိုက်က မမှန်ကန်ကြောင်း ငြင်းဆိုလိုက်သည်။

ဖန်များအတွက် သူတို့၏ အိုင်ဒေါစုံတွဲများကို တစ်ယောက်ယောက်နှင့် ညစ်ညစ်ညမ်းညမ်း စိတ်ကူးယဥ်သည်မှာ ပြဿနာမရှိသော်လည်း အွန်လိုင်း ဂိမ်းဝက်ဆိုက်သည် ဤကဲ့သို့အရာများကို လာဖော်ပြရန် နေရာမဟုတ်ပါ။

ဤဝက်ဆိုက်ပေါ်တွင် နောက်လာမည့် နိုင်ငံအဆင့် ဂိမ်းပြိုင်ပွဲများ အကြောင်းသာ ပြောကြသည်။

အသင်းတိုင်းသည် ပြိုင်ပွဲအတွက် အပြည့်အဝ ပြင်ဆင်နေကြသည်။ အစီရင်ခံသူများသည် ကစားသမား တစ်ဦးစီနှ င့်ပတ်သက်ပြီး ဝေဖန်ချက်ပေးခြင်း အားသာချက် အားနည်းချက်ကို ခွဲးခြားခြင်းများကို အထူးလုပ်ဆောင်နေကြသည်။

ဤကဲ့သို့ အဓိပ္ပာယ်ပြည့်ဝသော နည်းပညာဆိုင်ရာ ပိုစ့်များသည် စုံတွဲတစ်တွဲအကြောင်းရေးထားသော ပို့စ်ကြောင့် ဖုံးလွှမ်းခံလိုက်ရလေသည်။

အမှန်ပင် သည်ကိစ္စသည် ကစားသမားများ၏ မကောင်းသောခံစားချက်ကို ဆွဲထုတ်ပေးလိုက်တော့သည်။

ထိုစုံတွဲပို့စ်သည် ဖော်ပြရန်မလိုလောက်အောင် ထိပ်ဆုံးရှာဖွေမှု အကြောင်းအရာဖြစ်သွားတော့သည်။

နောက်ဆုံးတွင် တစ်စုံတစ်ယောက်က ထုတ်ပြောလာတော့သည်။

“ Spade Zကို ကြိုက်ကြတဲ့လူတွေရေ မင်းတို့တွေ ဒါကြီးကို တချိန်လုံး မတင်လို့ မရဘူးလား၊ အထူးသဖြင့် ဒီလို စုံတွဲအကြောင်းပိုစ့်မျိုးကိုပေါ့၊ ဒါက  နိုင်ငံအဆင့် အသင်းအားလုံးရဲ့ တရားဝင် ဂိမ်းဝက်ဆိုက်လေ၊ တခြားကစားသမားတွေရဲ့ ဖန်တွေလဲ ဒီမှာ အားလုံးရှိနေတဲ့ဟာကို ကျေးဇူးပြုပြီး လေးစားမှုလေးတော့ ထားကြပါဟ”

“ ပုံတင်တာက မှားတယ်လို့တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ချင် ရဲ့ ဖန်တစ်ယောက်အနေနဲ့ ဒီလို ဒရာမာမျိုးနဲ့ ပြသနာလုပ်ဖို့ ကြိုးစားနေတာတော့ နည်းနည်းလွန်သွားပြီ၊ Spade Zဖန်တွေကို ရပ်တန်းက ရပ်စေချင်ပြီ”

“ ငါတော့ ဒီကိစ္စကို ထပ်မဆွေးနွေးချင်တော့ဘူး၊ ငါ သိထားတဲ့ ကြီးမြတ်တဲ့သခင်လေးချင်က တစ်စုံတစ်ယောက်က သူ့ကို ခေါက်ဆွဲကျွေးတာကို သူ မလုပ်ချင်ဘဲ ခွင့်ပြုမဲ့သူ မဟုတ်ဘူး၊ ဒီလိုပို့စ်မျိုး လာတင်တာကိုက မှားတာပဲ”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Όπου ζουν οι ιστορίες. Ανακάλυψε τώρα